Tuesday, October 30, 2012

အစိုးရ နှင့် KIO ဆွေးနွေးပွဲ မြင်ကွင်း ဓါတ်ပုံများ နှင့် နောက်ဆုံးရ သတင်း


အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က  ကျောင်းသူမိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှတရားခံကိုအခင်း ဖြစ်ချိန်မှစတင်ပြီးအချိန် ၆ နာရီ အကြာ၌ ပဲခူးအမှတ် (၂) ရဲတပ်  ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။

ဘတ်စ်ကားစီးပြည်သူများ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ အဖြစ်များ ပြေလည်ရေး

ရန်ကုန်မြို့တော်ရှိ ဘတ်စ်ကားစီး ခရီးသွားပြည်သူလူထုကြီး နေ့စဉ်တွေ့ကြုံ ခံစားနေကြရသည့် စိတ်ဆင်းရဲ၊ကိုယ်ဆင်း ရဲဒုက္ခများနှင့် စပ်လျဉ်းပြီး သတင်းစာများ၊ ဂျာနယ်များတွင် ရေးသားသည့် ဆောင်း ပါးများ၊ အယ်ဒီတာထံပေးစာများကို မ ကြာခဏ ဖတ်ရှုလေ့လာခဲ့ရပါတယ်။ နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်၏ ၂၀၁၂

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

သီတင်းကျွတ်ည ရွှေတိဂုံစေတီတော်ရင်ပြင် မြင်ကွင်းတခု (ဓာတ်ပုံ – theglobeandmail.com)
ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ သီတင်းကျွတ်ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြသူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်

ရန်ကုန် ၊ အောက်တိုဘာ ၃
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။

၂၀၁၂ခုနှစ် အောက်တိုဘာ၃၀ရက် သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော် နံနက်အရုဏ်ဦးပုံရိပ်များ (Photo -CJ Myanmar)


အစိုးရ နှင့် KIO ဆွေးနွေးပွဲ သဘောထား တင်းမာသည့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်ခဲ့ပြီး KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIO/KIA အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တက်ရောက်ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မရှိပေ။
ကိုးကား -ElevenMediaGroup

ကျောက်ဆည်မြို့ မှ ရိုးရာ ဆင်ရုပ် အလှပြပွဲတော် မြင်ကွင်းများ ( Photo -CJ Myanmar)


အမေရိကန်မှာ စန္ဒီ မုန်တိုင်း တိုက်ခိုက်မှု့ မြင်ကွင်းဓါတ်ပုံများ


ရိုးရာများကပြောတဲ့ ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ပြောကြတိုင်း တင်ပြစရာ ကိစ္စတခု ပေါ်လာလေ့ရှိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လာရင် ပညာရပ်တခု ဘာသာရပ်တခုလို စနစ်တကျ စုစည်းထားရှိမှု ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တိုးတက်ပြီးသား နိုင်ငံတွေ၊ တိုးတက်မှု အလားအလာကောင်းနေတဲ့ နိုင်ငံတွေ မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဘာသာရပ်တခု အနေနဲ့ ကျောင်းသားတွေကို သင်ကြားပေးလာခြင်း ဆိုတာဖြစ်ပါတယ်။ အနောက်နိုင်ငံက ပညာရေးစနစ် တွေမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဗေဒ

KIO နဲ့ဆွေးနွေးဖို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ရွှေလီကို ထွက်ခွာ


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ မနက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဦးအောင်မင်းခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကြားမှာ အရင်က အလွတ်သဘော တွေ့ဆုံခဲ့ကြဖူးပေမဲ့ အခုတခါကတော့ တရားဝင် ပထမဦးဆုံး တွေ့ဆုံပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို သတင်းယူဖို့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီငြိမ်းကလည်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါသွားပါတယ်။ အခု ရွှေလီမြို့မှာ ရောက်နေတဲ့ ဦးရော်နီငြိမ်းကို ဘန်ကောက်ရုံး ကနေ မစုမြတ်မွန်ကနေ ဆက်သွယ်မေးမြန်းပြီးတော့ မနက်ဖြန်ဆွေးနွေးကြမယ့် အစီအစဉ်အကြောင်းကို မေးတော့ ဦးရော်နီငြိမ်းက အခုလိုစဖြေပါတယ်။