Monday, October 14, 2013
ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန် မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
အမေရိကန်သွားမယ့် မြန်မာဒုက္ခသည်တွေ ကြန့်ကြာမှုနဲ့ကြုံ
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေ က မြန်မာဒုက္ခသည်တွေအပါအ၀င် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စု ကို ပြောင်းရွှေ့ အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်း တချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အစီအစဉ်တွေမှာလည်း အခက်အခဲတွေ ရှိလာနေတဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မနန္ဒာချမ်းကတင်ပြပေး ထားပါတယ်။
ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည်
အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ
ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။
ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ် ပစ္စည်း လုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး
၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့
၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး
ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတားအနီး လူသတ် ပစ္စည်းလုခဲ့သည့်
ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့်
ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို
ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား
စုံစမ်းချက်များအရ သိရသည်။
နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို
နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ
၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က
ပြောကြားသည်။
အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့် အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။
၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်၊ မထောင် ယခုနှစ်ကုန်ပိုင်း ဆုံးဖြတ်မည်
၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင်
ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။
လျော်ကြေးထုတ်ယူမထားသော မြေယာများပေါ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေမှုကို ဒေသခံတောင်သူများ တားဆီးရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ပွားနေ စဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းဆည်းခံခဲ့ရသော
လယ်ယာမြေများ အတွက် လျော်ကြေးငွေထုတ် ယူခြင်း မပြုလုပ်ခဲ့သော
ယာမြေများပေါ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုးများ ခတ်ခြင်း၊
နှမ်းခင်းများကို ဘူဒိုဇာဖြင့်ထိုး၍ မြေညှိခြင်းတို့ကို အောက်တိုဘာ ၁၂
ကုန်းတွင်းလုပ်ကွက်များတွင် တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း အကျိုးအမြတ် ခွဲဝေမှု ပုံစံအား ကန့်သတ်ထားမှု မရှိ
စွမ်းအင်ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်
ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေနှင့်
မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်
ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မျှော်လင့်
ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင်
အာဆီယံ ခေါင်းဆောင် များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို
ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့် မည်ဟု
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။
Subscribe to:
Posts (Atom)