Thursday, May 16, 2013

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

Photo: ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

မုန်တိုင်း၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်ရှားအလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက်လက်ရွေ့လျားမည် ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည်ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်းကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင်ထားသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

Ref: AP, The Daily Star/ ANN

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)
စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)
မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်း အဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

ဒေးဗစ်ဘက်ကမ်း ဘောလုံးက အနားယူမယ်လို့ ကြေညာ


ဒေးဗစ်ဘက်ကမ်း ဘောလုံးက အနားယူမယ်လို့ ကြေညာ

၁၆.၅.၂၀၁၃၊ ကြာသပတေးနေ့

အင်္ဂလန် နဲ့ မန်ယူ ဘောလုံး ကစားသမားဟောင်း ဒေးဗစ် ဘက်ကမ်းက အခု ဘောလုံး ရာသီ အကုန်မှာ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။

သူဟာ အခုလက်ရှိ ပြင်သစ်က PSG အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

BBC Burmese
အင်္ဂလန် နဲ့ မန်ယူ ဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ကမ်းက အခု ဘောလုံးရာသီအကုန်မှာ အနား

မဟာစန် မုန်တိုင်းနောက်ဆုံးသတင်း

မိုးလေ၀သဌာနက ညွှန်ကြားရေးမှူး ဦချစ်ကျော်ကို မြန်မာစံတော်ချိန် ညနေ ၅နာရီမှာ ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကုန်းတွင်းဖြတ်ကျော် ၀င်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆတ်မှာ လေယာဉ် ပြေးလမ်းချော်၊ ၂ ဦး ဒဏ်ရာရ

မိုဘိုင်းဖုန်းဖြင့် ရိုက်ယူပြီး အင်တာနက် လူမှုကွန်ရက် ဖေ့ဘွတ်တွင် တင်ထားသော လမ်းချော်လေယာဉ် (ဓာတ်ပုံ – Than Win / Facebook)


မေလ ၁၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဟဲဟိုးမှမိုင်းဆတ်သို့ ပျံသန်း လာသော မြန်မာ့လေကြောင်း လေ ယာဉ်ခရီးစဉ် အမှတ် ၆၄၅ လေယာဉ်သည် မိုင်းဆတ်လေဆိပ်သို့ ဆင်းသက်စဉ် စက်ချို့ယွင်း မှုကြောင့် ပြေးလမ်းချော်ကာ ဘယ်ဘက်လေယာဉ်တောင်ပံနှင့် ဘီးများပျက်စီးခဲ့ပြီး ခရီးသည် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ

Photo: ရခိုင်ပြည်နယ် မုန်တိုင်း အန္တရာယ်မှ ကင်းလွှတ်သွားပြီ
Thursday, May 16, 2013

မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှိတော့သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။

လာမည့် လေးနာရီ (သို့မဟုတ်) ငါးနာရီခန့် အကြာတွင် စစ်တကောင်းနှင့် န၀ါခါလီမြို့ အကြားမှ မုန်တိုင်း ဖြတ်ကျော် ၀င်ရောက်မည်ဟု ဆိုသည်။

သို့အတွက် ရခိုင်ပြည်နယ်သည် ယခုအခါ မဟာစင် မုန်တိုင်း ဘေးအန္တရာယ်မှ ကင်းလွှတ်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

narinjara
မဟာစင် မုန်တိုင်းသည် ယခုအခါ အထူး အားပျော့သွားပြီး တစ်နာရီ ၂၅ ကီလိုမီတာ အဆင့်တွင်သာ ရှိတော့ သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနက ပြောသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၄ နာရီ ၅ မိနစ်

ဆိုင်ကလုန်းမဟာစင်၏ ဗဟိုချက် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဘင်္ဂလေားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ ကုန်းတွင်း ဖြတ်ကျော်ဝင်ရောက်မည်

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မင်းပြား (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်)

မင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူ သောင်းနီးပါးခန့် အကူအညီ လို အပ်နေကြောင်း သိရှိရမင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူများနှင့် ကျေးရွာ များတွင် ရောက်ရှိနေသော ပြည်သူ သောင်းနီးပါးခန့်မှာ အကူအညီ လိုအပ်နေကြောင်း သိရှိရပါသည်။

မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင် ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင်လှုံ့ဆော်နေသူများရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်း ပြန် ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

စစ်တွေမြို့တွင် လေပြင်းတိုက်ခတ်ပြီး ပျက်ဆီးမှုများ

From...Eleven
Photo: မေလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ကမ်းခြေအနီတွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအချို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော သတင်းများ၊ မောင်တော (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်)

မောင်တောမြို့တွင် ယခုအချိန်၌ လေငြိမ်နေပြီး မိုးစဲသွားပြီဖြစ်ကာ မိုးလည်း အနည်းငယ်အုံ့နေကြောင်း၊ ဒီရေ သုံးပေ၀န်းကျင် တက်လာကြောင်း Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့သည်။

“ယနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်တွင် ကုန်းတွင်းပိုင်းသို့ မဟာစင် ဖြတ်ကျော်ဝင်ရောက်မည်”

“ယနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်တွင် ကုန်းတွင်းပိုင်းသို့ မဟာစင် ဖြတ်ကျော်ဝင်ရောက်မည်”

(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်-အနောက်မြောက်ဘက် မိုင်(၁၀၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် (၁၀) မိုင်မှ (၁၅) မိုင်နှုန်းဖြင့် ရွေ့လျားလျက်ရှိပြီး မုန်တိုင်းဗဟိုချက်သည် နောက် (၆) နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာအနီရောင် အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ
ခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက် သို့ ရွေ့လျား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်-အနောက်မြောက်ဘက် မိုင်(၁၀၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ၊ မြန်မာစံတော်ချိန် နံနက် ၁၂း၂၄နာရီရခိုင်ပြည်နယ်စပ်သို့ မုန်တိုင်းဝင်ရောက်နေပြီဖြစ်

                                                      မေလ ၁၆ရက်၊ ၂၀၁၃ခုနှစ်
                                                      Photo From Satelite

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော သတင်း၊ မောင်တော (မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ)

မောင်တောတွင် မုန်တိုင်း၏ သက်ရောက်မှုအဖြစ် နံနက် ၅ နာရီခန့်တွင် လေပြင်းများ စတင်တိုက်ခတ်ခဲ့ပြီး ၆ နာရီခွဲတွင် မိုးခြိမ်းကာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့ကြောင်း Eleven Media Group သတင်းထောက် ၏ ပေးပို့ ချက်အရ သိရှိရသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ၊ မေလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၀ မိနစ်

စစ်တွေမြို့ စစ်တွေဟိုတယ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ယနေ့နံနက် ၆ နာရီခန့် အချိန်က လေ ဆင်နှာမောင်း တိုက်ခက်ခဲ့မှုကြောင့် ကမ်းခြေအနီးရှိ ဆိုင်ခန်း ၂၀ မှ ၃၀ အတွင်း ပျက်စီးသွားခဲ့ကြောင်း သိရှိ ရပါသည်။

မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး


Photo: မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး


မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ်သည်။ အဆိုပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကျေညာသည်။

ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

အိမ်ပြိုသွားသွားသောကျေးရွာများမှာ အဆိုပါ ခရိုင်အတွင်းရှိ ခါဆူဇူရာ ရွာ၊ ခါဝါဂေါရာ၊ မေလာပါရာ၊ ခေါင်ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။

ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။

လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လ ခရိုင်တို့တွင် လျှပ်စစ်မီး ပြတ်တောက်သွားပြီဟု သိရသည်။

အေးချမ်းမွန် Credit & Copy From > Narinjara <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ၊ မြန်မာစံတော်ချိန် နံနက် ၁၀း၂၉နာရီ ရခိုင်ပြည်နယ်စစ်သို့ မုန်တိုင်းဝင်ရောက်နေပြီဖြစ်

Thit Htoo Lwin blog 
မေလ ၁၆ရက်၊ ၂၀၁၃ခုနှစ် 
Photo From Navy
မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ

မေလ ၁၆ရက်၊ ၂၀၁၃ခုနှစ်

မြန်မာစံတော်ချိန် နံနက် ၁၀း၂၉နာရီ
ရခိုင်ပြည်နယ်စစ်သို့ မုန်တိုင်းဝင်ရောက်နေပြီဖြစ်။

Photo From Navy

ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၄၇၄၆၆၁ သေဆုံးခဲ့

Photo: ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၄၇၄၆၆၁ သေဆုံးခဲ့
Thursday, May 16, 2013

၁၉၆၅ ခုနှစ်ကနေ  ၂၀၀၉ ခုနှစ် အတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်း (၉) အကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( Disaster Management Department) က ပြောပါတယ်။

အဲဒီ ဌာနရဲ့ ၀က်ဆိုက်မှာ ဖေါ်ပြထားရာမှာ ၁၉၆၅ ကနေ ၂၀၀၉ ခုနှစ် အတွင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ခုလို လူတွေ အများအပြား သေဆုံးတာကတော့ မုန်တိုင်းနဲ့ အတူ ဒီရေတွေ လိုက်တက်လာရာကနေ လူနေဒေသတွေကို ဖုံလွှမ်းသွားတဲ့ အတွက်  သေဆုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ် နိုဝင်္ဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်းဟာ တစ်နာရီကို (၂၂၄) ကီလို မီတာနုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၁၀ မီတာထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဆိုင်ကလုန်မုန်တိုင်းမှာ လူပေါင်း(၃)သိန်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

၁၉၉၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ တစ်နာရီကို ကီလိုမီတာ ( ၂၃၀) နုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၇ ဒဿမ ၆ မီတာထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းမှာ လူပေါင်း ၁၃၈၈၈၂ ဦး  သေဆုံးခဲ့ပါတယ်။

၁၉၆၅ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းမှာ လူပေါင်း ၁၉၂၇၉ ဦး သေဆုံးခဲ့ပြီး တစ်နာရီ (၁၆၀) ကီလိုမီတာနုန်းနဲ့ တိုက်ခတ်ပြီး ဒီရေက ၃ ဒဿမ ၇ ကနေ ၇ ဒဿမ ၆ထိ မြှင့်တက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့မှာလည်း ဒုတိ အကြိမ် တစ်နာရီ (၂၁၇) ကီလိုမီတာနုန်းနဲ့  မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၈၇၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

၂၀၀၇ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်းဒါ ( Sidr) လို့ အမည်ရတဲ့ မုန်တိုင်းဟာ ပြင်းအား  တစ်နာရီ (၂၂၃) ကီလိုမီတာ ရှိပြီး လူပေါင်း ၃၃၆၃ သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ အိုင်လာ ( Aila) မုန်တိုင်းဟာ လူပေါင်း ၁၉၀ သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ မုန်တိုင်း တိုက်ပေမယ့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ အသေအပျောက် နည်းလာတာဟာ လူတွေအနေနဲ့ ကြိုတင်ကာကွယ်မူတွေကို ပြုလုပ်လာတဲ့ အတွက် ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ တလျှောက်မှာ ရေတွေ ကျော်မ၀င် နိုင်အောင် တာတမံတွေကို ခိုင်ခန့်အောင်တည်ဆောက်တဲ့ အပြင် ကျေးရွာတိုင်းလိုလိုမှာ မုန်တိုင်းလာရင် ခိုလုံနိုင်အောင် ဧရာမ အဆောက်အအုံကြီးတွေ ဖြစ်တဲ့ ဆိုင်ကလုန် စင်တာတွေ တည်ဆောက်ထားတဲ့ အတွက် ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံးမှာ ဆိုင်ကလုံစင်တာ သုံးထောင်ကျော်ရှိတယ်လို့ အစိုးရ စာရင်း ဇယားအရ သိရပါတယ်။ မုန်တိုင်းဒဏ်ကို နှစ်စဉ်လိုလို ခံနေရတဲ့ မြန်မာပြည်က ရခိုင်ဒေသမှာတော့ ခုအချိန်ထိ မုန်တိုင်းလာရင် ခိုလုံနိုင်တဲ့ ဆိုင်ကလုန် စင်တာဆိုတာ  တစ်လုံးမှ မရှိသေးဘူးလို့ သိရပါတယ်။

နိရဉ္စရာ

ဆိုင်ကလုန် စင်တာတွင် ခိုလုံရန် သွားနေကြသော ဘင်္ဂလီ ဒေသခံများ။
ဆိုင်ကလုန် စင်တာတွင် ခိုလုံရန် သွားနေကြသော ဘင်္ဂလီ ဒေသခံများ။
၁၉၆၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်း (၉) အကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံးလူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( Disaster Management Department) က ပြောပါတယ်။

ရခိုင် ပြည်နယ်တွင် မုန်တိုင်း ကျရောက် လာပါက တပ်မတော် ရိက္ခာ များကို အရေးပေါ် အသုံးပြုမည်

ရခိုင် ပြည်နယ်တွင် မုန်တိုင်း ကျရောက် လာပါက တပ်မတော် ရိက္ခာ များကို အရေးပေါ် အသုံးပြုမည်

ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ကျရောက်လာပါက ပြည်နယ်အတွင်းရှိ တပ်မတော်၏ ရိက္ခာများကို အရေးပေါ်အသုံးပြုမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောကြားသည်။

ရခိုင်ပြည်နယ်မှာ သဘာဝဘေး ဖြစ်လာလျှင် ဒုက္ခသည်များအတွက် တပ်မတော်ရဲ့ ရိက္ခာများနဲ့ ထောက်ပံ့မှာပါ။ တပ်မတော်ရဲ့ တစ်နှစ်စာ ရိက္ခာရှိပါတယ်။ ပြည်သူတွေအတွက် လုံလောက်မယ် ထင်ပါတယ် ဟု ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားရာတွင် နိုင်ငံတော် အနေနဲ့ သဘာဝ ဘေးအန္တရာယ် များအတွက် အသုံးပြုရန် သိန်း ၉၀၀၀ ကျော်ကို ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ ဒုက္ခသည် များအတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ တပ်မတော် ရိက္ခာများကို အသင့်ပြင် ထားပြီးဖြစ်ပါကြောင်း ထပ်မံ ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ကျရောက်လာပါက ပြည်နယ်အတွင်းရှိ တပ်မတော်၏ ရိက္ခာများကို အရေးပေါ်အသုံးပြုမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောကြားသည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ၊ မေလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်

စစ်တွေမြို့တွင် လက်ရှိအချိန်ကျင်၌ မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှုများ ရှိနေကြောင်း၊ မြို့ပေါ်တွင် ဆိုင် များနှင့် ဈေးများ ဖွင့်လှစ်မှု မရှိတော့ သလောက်ဖြစ်ကြောင်း Eleven Media Group ၏ သတင်းထောက် က သတင်းပေးပို့ခဲ့သည်။

ရန်ကုန် ကို လူ ၁၀ သန်း နေ ထိုင်နိုင်အောင် ဆောက် မည်

Photo: ရန်ကုန်ကို လူ ၁၀ သန်း နေထိုင်နိုင်အောင် ဆောက်မည်

အစိုးရတာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ဆောက် လုပ်ရေးကုမ္ပဏီများက ရန်ကုန်မြို့တော်ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့် “မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်ကြသည်။ ၂၀၄၀ ရောက်ချိန်၌ ရန်ကုန်မြို့တွင် လက်ရှိ လူဦးရေ၏ နှစ်ဆ ရှိနေမည်ဟု ခန့်မှန်းထားသည်။

ယခုအပတ်အတွင်း ကျင်းပခဲ့သည့် ကွန်ဖရင့်၌ ရန်ကုန်မြို့ကို အာရှ၏ မြို့တော်ကြီးတခုအဖြစ် ပြန်လည်တည်ဆောက်ရန် တင်ပြခဲ့သော စီမံကိန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်မည့် ကြီးမားသည့် စက်မှုဇုံများ၊ အလတ်တန်းစား အိမ်ယာစီမံကိန်းများ နှင့် ရန်ကုန်မြို့၏ သမိုင်းဝင် အသွင်အပြင်များကို ဆက်လက်ထိန်းသိမ်းရေး တို့ပါဝင်သည်။

ရန်ကုန်မြို့၏ စိတ်လှုပ်ရှားဖွယ်ရာ စီးပွားရေး အလားအလာများကြားထဲတွင် ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်မလာကြသေးခြင်းနှင့် အခြား အရေးပါသည့် ကိစ္စရပ်တခုဖြစ်သော စီမံကိန်းနယ်မြေများတွင် မူလနေထိုင်သူများနှင့် မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ရှိနေခြင်း တို့ကို ကွန်ဖရင့်တွင် ဆွေးနွေးမှု မပြုခဲ့ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှုဌာန လက်ထောက်ဌာနမှုး ဦးတိုးအောင်က ကွန်ဖရင့်၌ ပြောကြား ရာတွင်ယခုအချိန်တွင် ခန့်မှန်းလူဦးရေ ၅.၁၄ သန်းခန့်ရှိသော ရန်ကုန်မြို့ သည် လာမည့် နှစ် ၃၀ အတွင်းတွင် နေထိုင်သူ ၁၀ သန်းကျော်ရှိသည့် မဟာမြို့ကြီးဖြစ်လာမည်ဟု ဆိုသည်။

အစိုးရအနေဖြင့် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ရေးဆွဲပေးသည့် ကားလမ်းသစ်များ၊ ရထားလမ်းသစ်များ၊ လေဆိပ်တခု၊ ကြီးကျယ်သော အိမ်ယာစီမံကိန်းများနှင့် အစိမ်းရောင်နယ်မြေ ဖွံ့ဖြိုးမှု အစီအစဉ်များ ပါဝင်သော မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရန်ကုန်မြို့ပြင် ကီလိုမီတာ အနည်းငယ်အကွာ သီလ၀ါတွင် အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဦးတိုးအောင်က ပြောသည်။

အဆိုပါမြို့ပြစီမံကိန်းများ ထဲမှ အချို့အတွက် ဂျပန်အစိုးရက ငွေကြေးပံ့ ပိုးပေးနေသည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ၊ မြန်မာအစိုး ရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကာ သီလ၀ါ အထူးစီးပွားရေးဇုံ စီမံကိန်းကို ဆောင်ရွက်နေသည်။

ရန်ကုန်မြို့၏ တောင်ဖက် ၂၅ကီလိုမီတာ အကွာတွင်ရှိသော ထိုစီမံကိန်း တွင် ရေနက်ဆိပ်ကမ်းတခု၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည့် စက်ရုံများနှင့် ကြီးမားသည့် အိမ်ယာစီမံကိန်းများလည်းပါဝင်သည်။ စီမံကိန်း၏ ၅၁ ရာခိုင်နှုန်းကို မြန်မာဖက်မှ ပိုင်ဆိုင်ပြီး ဧက ၆၀၀၀ မျှ ကျယ်ဝန်း သည့် မြေပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

ထုထည်ကြီးမားသည့် ထိုစီမံကိန်းကြောင့် လာမည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်မြို့၏ စီးပွားရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဟု စီမံကိန်း တာဝန်ခံများက ဆိုသည်။

“စီမံကိန်းရဲ့ အပိုင်းလေးပိုင်းလုံး ပြီးသွားတဲ့အခါ အလုပ်အကိုင်နေ ရာ နှစ် သိန်းလောက် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျနော် တို့ မျှော်လင့်ထားပါတယ်။ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီစီမံကိန်းက အရေးပါပါတယ်။ သီလ၀ါက ရန်ကုန်မြို့ အတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ ပေး ပါလိမ့်မယ်” ဟု (UMFCCI) ၏ သီလ၀ါ ကော်မရှင် အမှုဆောင်အဖွဲ့ဝင် တယောက်ဖြစ်သော ဦးသူရိန်အောင်က ပြောသည်။

စီမံကိန်းတခုလုံး၏ ပမာဏ နှင့်ကုန်ကျမည့်ငွေကို တွက်ချက်ဆဲဖြစ်ပြီး မြေ အကျယ်အ၀န်း ဧက ၁၀၀၀ ခန့် ပေါ်တွင် တည် ဆောက်မည့် ပထမအဆင့် ကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သူကပြောသည်။

နောက်ထပ် အိမ်ယာစီမံကိန်း နှစ်ခုကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသူရိန်အောင်က ဆိုသည်။ ဧက ၁၂၀ ကျယ်ဝန်းမည့် ဧရာဝဏ် စီမံကိန်းနှင့် ဧက ၁၀၀ ရှိသော ရတနာ စီမံကိန်း များတွင် နေအိမ်ခန်း ပေါင်း ၁၇၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ပန်းခြံ၊ စီးပွားရေးနေ ရာများနှင့် အခြား အခြေခံအဆောက်အဦး များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဦးသူရိန်အောင်က အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးတိုး တက်မှု၏ ပြယုဂ် ဖြစ်လာမည်ဟု ဆိုသည်။ ၎င်းတိုက်ခန်းများသည် တခန်းလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၈၀ ခန့်) တန်ကြေးရှိသည်။

အစိုးရကလည်း စီမံကိန်းများအတွက် အခြေခံ အဆောက်အဦလုပ်ငန်းများ တွင် အထောက်အပံများ ပေးနေသည့် စီမံကိန်း များကို မြန်မာဆောက် လုပ်ရေး ကုမ္ပဏီ ၂၄ ခုက အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းတို့ ထဲတွင် ဦးသူရိန်အောင်၏ Dagon International Ltd၊ Shwe Taung Development နှင့် IGE Development တို့လည်း ပါဝင်သည်။ ထိုကုမ္ပဏီ များသည် ယခင်စစ်အစိုးရ အာဏာပိုင်များနှင့် အလွန်နီးကပ်သော ဆက်သွယ်ပတ်သက်မှုရှိသည့် ကုမ္ပဏီများဖြစ်သည်ဟု အများက အသိအမှတ်ပြုထားကြသည်။

Dagon International Ltd သည် ဆောက်လုပ်ရေးလုပ်ငန်းအပြင် သစ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုပါ လုပ်ကိုင်သည့် လုပ်ငန်းစုကြီး တခုဖြစ်သည်။ ဦးသူရိန်အောင်၏ ဖခင်ဖြစ်သူ (UMFCCI) ၏ ဥက္ကဌ မြန်မာ လုပ်ငန်းရှင် သူဌေးကြီး ဦးဝင်းအောင် က ပိုင်ဆိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်သံရုံးမှ ပေါက်ကြားခဲ့သည့် သတင်းများအဖြစ် Wikileaks က ဖေါ်ပြရာတွင် ဦးဝင်းအောင်ကို ဆောက်လုပ်ရေးနှင့် အဆင့်မြင့် အိမ်ယာ စီမံကိန်းများကို အထူးပြုလုပ် ကိုင်သည့် အာဏာရှင်လက်စွဲ ခရိုနီ တဦးအဖြစ် ဖော်ပြခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးနောက်ပိုင်း ဆင်းရဲမွဲတေမှု များနှင့် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် မြို့ပြလူနေ မှုဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင်လိုသော အစိုးရ အနေဖြင့် သီလ၀ါ ကဲ့သို့ အထူးစီးပွားရေးဇုန်ကြီးများနှင့် ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ တွင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ဤကဲ့သို့သော စီမံကိန်းများသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများကို အခွင့်အ လမ်းကောင်းများ ပေးနိုင်လိမ့်မည်ဟုဆိုသည်။ “ ဒါက ကြီးမားတဲ့ ဆောက် လုပ်ရေး လုပ် ငန်းပါ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလို့ ဆိုပေမယ့် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်လို့ ပြောရင် ပိုနီးစပ်ပါတယ်” ဟု သူကပြောသည်။
သို့သော်လည်း ယခုချိန်ထိ မြန်မာနိုင်ငံတွင်းသို့ရောက် လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အစိုးရ မျှော်မှန်းထားသည်ထက် နည်းနေသေးသည်ဟု သိရသည်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာ နှေးလွန်း တယ်၊ မြန်မြန် ဆန်ဆန် ဖြစ်ဖို့လိုတယ်။ ကြီးကြီးကျယ်ကျယ် လုပ်ရမယ့် စီမံကိန်းတွေက လည်း ငယ်နေသေးတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး ဆောင်ရွက်နေသော စီမံကိန်းကြီးများသည် မြေ ယာ အငြင်းပွားမှုများ ဖြစ်ပေါ်လာဖွယ်ရှိပြီး အဆိုပါကိစ္စသည် မြန်မာနိုင်ငံတွင် တနေ့ထက်တနေ့ ပိုများလာနေသည်။

 အစိုးရ ကျောထောက်နောက်ခံပေးထားသော အဆက်အသွယ်ကောင်းသည့် ကုမ္ပဏီကြီးများ၏ မြေယာလုယူမှုကို ၎င်းတို့အနေဖြင့် တွန်းလှန်နိုင်စွမ်း မရှိကြောင်း ဒေသခံ ပြည်သူများက ပြောကြသည်။

သီလ၀ါ စီမံကိန်းသည်လည်း ရာနှင့်ချီသည့် ဒေသခံ တောင်သူ လယ်သမား များ ၏ စိုက်ပျိုးမြေများကို ပျက်စီးဆုံးရှုံးစေခဲ့ သည်ဆိုသည့် အငြင်းပွား မှုများနှင့် ကြုံတွေ့နေရသည်။ စစ်အစိုးရက ၁၉၉၀ နှစ်များအတွင်းတွင် ထိုဧရိယာအတွင်းရှိ ကျယ်ပြန့်သော သီးနှံစိုက်ပျိုးမြေများကို နိုင်ငံ ပိုင်အဖြစ် သိမ်းယူခဲ့သည်။ စစ်အစိုးရက စီစဉ်ခဲ့သော စက်မှုဇုန်စီမံကိန်း ပျက်ပြယ်သွားသည့်အခါ ဒေသခံများက ၎င်းတို့၏ လယ်မြေများတွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စီမံကိန်းကို ပြန်လည်စ တင်ရန် ဖြစ်လာသည့်အခါ ဒေသခံများကို ထွက်ခွာပေးရန် စေခိုင်းမှု များရှိလာသည်။ သို့သော်လည်း လက်ရှိအချိန်တွင် မြေဈေးများ အဆမတန်မြင့်တက်နေပြီး တဧကလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ (မြန်မာကျပ်ငွေ ၃၆ သိန်းနီးပါး) အထိ ရောက်ရှိနေသည့်အတွက် ဒေသခံ လယ်သမား များက ၎င်းတို့၏ မြေအတွက် များပြားသောလျော်ကြေးငွေ ရရှိလိုကြသည်။

သို့သော်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်တွင် မြေယာအငြင်းပွားမှု ကိစ္စများအတွက် အချိန်အနည်းငယ်မျှသာ ဆွေးနွေးခဲ့ကြပြီး “ကျူးကျော် ကိစ္စ” ဟုသာ ခပ်တိုတို ရည်ညွှန်းပြောဆိုခဲ့သည်။

ဧရာဝတီက Dagon International Ltd မှ ဦးသူရိန်အောင် နှင့် တွေ့ဆုံေ မးမြန်း ခဲ့ ရာတွင် မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်တိုင်း မလွှဲမရှောင်သာ တွေ့ရတတ်သည့် ကိစ္စမျိုးသာဖြစ်သည်ဟု ခပ်ပေါ့ပေါ့ မှတ်ချက်ပေးခဲ့သည်။ “ စီမံကိန်းရှိ တဲ့ နေရာတိုင်းကို ခင်ဗျား သွားကြည့်ပါ၊ ဒီလို ကျူးကျော်ကိစ္စမျိုးတွေ တခုမဟုတ်တခု ရှိနေမှာပဲ” ဟု သူကဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုံမှ မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍လည်း အလွန်မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ချဉ်းကပ်မှုမျိုးဖြင့် ဖြေရှင်းဆောင် ရွက်လျှက်ရှိကြောင်း ဦးသူရိန်အောင်ကပြောသည်။ ဂျပန်အစိုးရကိုယ်တိုင် ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျဆောင်ရွက်သွားမည်မှာ သေချာကြောင်း သူက ထပ်ပြော သည်။

ဦးသူရအောင်က ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသော အိမ်ယာစီမံကိန်းနှစ်ခု၌ လည်း “ကျူးကျော်သူ” အချို့ ရှိနေကြောင်းပြော သည်။ “ဒီဟာကိုလည်း သတိထားပြီး ကိုင်တွယ်ဆောင်ရွက်နေပါတယ်၊ သူတို့ အခိုင်အမာ ပြောနေကြတဲ့ မြေနေရာကို အမှန်တကယ် တရားဝင် ပိုင်ဆိုင်သူရှိသလားဆိုတာကို စစ်ဆေးပြီး သေချာအောင် လုပ်နေပါတယ်” ဟု သူက ဆိုသည်။
 အစိုးရတာဝန်ရှိသူများ၊ မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ဆောက် လုပ်ရေးကုမ္ပဏီများက ရန်ကုန်မြို့တော် ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့် “မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်ကြသည်။

နောက်ဆုံးစက္ကန့်အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဖလား ရရှိ

Photo: နောက်ဆုံးစက္ကန့်အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဖလား ရရှိ
========================================

ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပိုအတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ (မေလ ၁၆ ရက်၊ ကြာဿပတေးနေ့) နံနက်အစောပိုင်းက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ အမ်စတာဒမ်အရီနာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးက ဘင်ဖီကာအသင်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ယခုနှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးရရှိသွားသည်။ ချယ်လ်ဆီးနှင့် ဘင်ဖီကာတို့၏ ပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိ သရေရလဒ်ဖြစ်ခဲ့သည်။

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၅၉ မိနစ်တွင် ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ဖာနန်ဒို တောရက်စ်က သွင်းယူခဲ့သည်။ ပွဲကစားချိန် ၆၈ မိနစ်တွင်မူ ပင်နယ်တီဧရိယာအတွင်း ချယ်လ်ဆီးနောက်ခံလူက ဘောလုံးဖျက်ထုတ်ရာတွင် လက်နှင့်ထိမိသောကြောင့် ဘင်ဖီကာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့သည်။ ပင်နယ်တီကို တိုက်စစ်မှူး ကာဒိုဇိုက အမှားအယွင်းမရှိ ကန်သွင်းကာ ဘင်ဖီကာအတွက် ချေပဂိုး ရယူပေးခဲ့သည်။

ထို့နောက် နှစ်သင်စလုံး အနိုင်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့သော်လည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဂိုးစီ သရေရလဒ်သာဖြစ်နေခဲ့သည်။ သို့သော် ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပို ၃ မိနစ်အတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယူရိုပါလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့သည်။

planet
ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပိုအတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်း ယူခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ

Photo: နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ

မေလ ၁၆ ရက် ၂၀၁၃ 

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။

“အခု ဆွေးနွေးပြီး မူကြိုတန်း တတန်း ထပ်တိုးဖို့ လုပ်နေပါတယ်။ အခြေအနေပေါ် မူတည်ပြီးတော့ ၂ဝ၁၄ မှာ တိုးဖို့ ရည်ရွယ်ထားပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာထွေးကပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ထို၁၂တန်းစနစ်သို့ပြောင်းလဲ ကျင့်သုံးရေးနှင့်ပတ်သက်၍   မန္တလေး နှင့် ရန်ကုန်တွင် ဆွေးနွေးပွဲပြုလုပ်မည်ဟု ဆိုသည်။

သူငယ်တန်းရှေ့တွင် မူကြိုတန်း တတန်းဖြည့်လိုက်ပါက နိုင်ငံတကာပညာရေးစနစ်ကဲ့သို့ ၁၂တန်းဖြစ်သွားမည်။

မူလတန်းအဆင့်တွင် မူကြိုမှ စတုတ္ထတန်းထိ စုစုပေါင်း ၆ တန်း၊
အလယ်တန်းအဆင့်တွင် ပဉ္စမတန်းမှအဌမတန်းထိ စုစုပေါင်း ၄ တန်း၊
အထက်တန်းအဆင့်တွင် နဝမတန်းနှင့်ဒသမတန်း စုစုပေါင်း ၅ တန်းဖြင့် ၆-၄-၂ စနစ် ဖြစ်သည်။

၆-၄-၂ ရဲ့ အားနည်းချက်
၆-၄-၂ စနစ်တွင် အားနည်းချက်များရှိနိုင်ပြီး ထိုစနစ်သည် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်ခက်ခဲကြောင်း NLD ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က သုံးသပ်သည်။

“အဲဒီစနစ်ကို သဘောမကျပါဘူး။ ဒီစနစ်ကို ကျင့်သုံးရင် ကျောင်းအဆောက်အအုံတွေ တိုးချဲ့ရမယ်။ တစ်နိုင်ငံလုံးဖြစ်နိုင်မလား။ ဝန်ကြီးဌာနအနေနဲ့ ပေါ်လစီရှင်းလင်းဖို့ လိုတယ်။
ခေါင်းဆောင်တစ်ယောက်တက် စနစ်တစ်ခုပြောင်းပြီး ပညာရေးစမ်းသပ်တာတွေ မဖြစ်သင့်တော့ဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်သင့်တယ်” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။

၅-၄-၃စနစ်ကို ပိုမိုဖြစ်စေချင်ကြောင်း  ဒေါက်တာသိန်းလွင်က ဆက်လက်ပြောကြားသည်။

ဘက ကျောင်း ဆရာတော်ရဲ့ အယူအဆ

အစိုးရကျောင်းများတွင် မူလတန်းအဆင့် ၁တန်းထပ်တိုးပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင်ပါ ထပ်တိုး သင်ကြားရမည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်အထက်တန်းကျောင်းမှ ဆရာတော်ဦးနာယက၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“၂ဝ၁၄ မှာ သင်ရမယ်လို့တော့  ညွှန်ကြားထားတာ မရှိသေးဘူး။ ဘုန်းဘုန်းတို့လည်း လိုက်လုပ်ရမှာပေါ့။ ဦးဉ္စင်းတို့ ကိုယ်တိုင် ၁၂ တန်း ဖြစ်စေချင်ပါတယ်။
ဒါပေမဲ့ မူလတန်းတိုးမှာထက်စာရင် အထက်တန်းဆို ပိုအဆင်ပြေတာပေါ့။ လွယ်လွယ်ကူကူ ၁၂တန်းအဖြစ် ပြောင်းလို့ရသွားတာပေါ့”

လက်ရှိမြန်မာနိုင်ငံ အခြေခံ ပညာရေးအဆင့်တွင် သူငယ်တန်း(Grade-1)မှ ၁ဝ တန်း (ခေါ်) တက္ကသိုလ်ဝင်တန်း(Grade-11) အထိ  အတန်းခွဲထားသည်။

စာရေးဆရာကြည်မင်းရဲ့ အမြင်

၁၉၆၄ခုနှစ်မတိုင်ခင်အထိ အစိုးရစာသင်ကျောင်းများတွင် ကကြီးတန်း(သူငယ်တန်းလေး)၊ သူငယ်တန်းကြီး၊ ပထမတန်းဟူ၍ အတန်းစဉ်လိုက်ရှိသည်၊
ခရစ်ယာန်သာသနာပြုကျောင်းများတွင် သူငယ်တန်းလေး၊ သူငယ်တန်းလတ်၊ သူငယ်တန်းကြီး ၃ နှစ် တက်ပြီးမှ ပထမတန်းသို့ရောက်ရှိသည်။

၈ တန်း အောင်မြင်သောကျောင်းသားများသည် မတ်ထရစ်တန်းကို ဆက်လက်တက်ရောက်နိုင်ပြီး မတ်ထရစ်တန်းအောင်ပါက တက္ကသိုလ်တက်နိုင်သည်။

ထိုစဉ်က ပညာရေးစနစ်မှာ အရည်အချင်းပြည့်မီပါက အတန်းကျော်တက်ရောက်နိုင်သည်။

 ထိုစနစ်ကိုမီခဲ့သော စာရေးဆရာကြည်မင်းက “ကျောင်းတက်တုန်းက  သူငယ်တန်းလေးမှာ ၁ပတ်ပဲ သင်ခဲ့ရတယ်။ နောက် စာမေးပွဲစစ်တော့ အောင်တော့ အတန်းကျော်တက်ရတယ်။
အဲဒီလို အတန်းကျော်လိုက်တာ ၂တန်းကို၁နှစ်ထဲနဲ့အောင်ခဲ့တယ်။ ၁၉၆၄ မှာ ဦးနေဝင်းက စနစ်သစ်ပညာရေးဆိုပြီး အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ အခု ၁၂တန်းဖြစ်မယ်ဆိုတော့
နိုင်ငံတကာလို အဆင့်မီအောင်လုပ်စေချင်တယ်။ ဒီအတိုင်းပဲဆိုရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်မယ်” ဟုဆိုသည်။

ဧရာဝတီBlog
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။

မုန်တိုင်းကြောင့် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ထောင်နှင့်ချီသော ဒေသခံများ ခိုလုံရောက်ရှိ

မုန်တိုင်းကြောင့် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ထောင်နှင့်ချီသော ဒေသခံများ ခိုလုံရောက်ရှိ
Thursday, May 16, 2013

ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ကျေးလက်ဒေသ မြေနိမ့်ပိုင်း ကျေးရွာများမှ ထောင်နှင့် ချီသော ဒေသခံများ ခိုလုံရန် ရောက်ရှိနေကြသည်ဟု သတင်း ရရှိသည်။

ပေါက်တောမြို့ပေါ်သို့ လူပေါင်း ၃၀၀၀ ကျော် ရောက်ရှိနေပြီး သူတို့အား ပေါက်တောာမြို့မ ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဗိမာန် ကျောင်းနှင့် ပေါက်တော အခြေခံ မူလတန်းကျောင်းတွင် နေရာချထားပေးသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပေါက်တောမြို့နယ်ရုံးမှာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုကျော်ကျော်ခိုင်က ပြောသည်။

ယခု ခိုလုံရန် ရောက်ရှိလာကြသူများမှာ အလယ်ကျွန်း၊ ပုဏ္ဍားကြီး၊ ပုဏ္ဍားချေ၊ ဆင်ပိုက်၊ ပြင်ခေါင်၊ ကံချောင်း၊ ချောင်းတော်ကြီး၊ စားကျက်၊ ကျင်းပလေ၊ သစ်ပုတ် စသည့် ကျေးရွာများမှ ဖြစ်ကြောင်း သူက ပြောသည်။

“ စားရေးသောက်ရေးကို တာဝန်ယူတဲ့ အဖွဲ့အစည်းတွေ မရှိဘူး။ မြို့ပေါ်က စေတနာရှင်တွေက ကူညီနေတာတွေဘဲ ရှိပါတယ်။ အာဏာပိုင်တွေဘက်ကတော့ စာရင်းလာကောက်တာတော့ ရှိနေပါတယ်” ဟု သူက ဆိုသည်။

အလားတူ မင်းပြားမြို့ပေါ်သို့လည်း ကျေးလက်တောရွာများမှ ထောင်နှင့် ချီသော ပြည်သူများ တက်ရောက် ခိုလုံနေကြသည်ဟု မင်းပြားမြို့ပေါ်မှ ကယ်ဆယ်ရေး လုပ်နေသူ  အရာရှိ တစ်ဦးက ပြောသည်။

လက်ရှိ  ပြောင်းရွေ့လာကြသည့်ကျေးရွာသားများမှာ ကျွဲတက်၊ အိုင်ဝန်း၊ မညင်းပြင်၊ ခေါင်းလောင်း ချောင်းနှင့် ကျောက်ခေါင်းစသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

သူတို့အာား မြို့တော်ခန်းမ၊ ဓမ္မာရုံကြီးနှင့် တောင်ကျောင်း ဘုန်းတော်ကြီး ကျောင်းများတွင် နေရာ ချပေးထားသည်။

မင်းပြားမြို့နှင့် အလှမ်းဝေးသည့် ကြပ်စင်တောင်ရှိ ကျေးရွားများသို့လည်း ပင်လယ်ကမ်းခြေနှင့် နီးသည့် ဒေသများမှ လူပေါင်း ၃၆၀၀ ကျော် ခိုလုံရန် ရောက်ရှိနေသည်ဟု  သူက ပြောသည်။

ထိုသို့ ရောက်ရှိနေကြသူများမှာ  ကျောက်ခေါင်းရွာတွင် ၄၈၉ဦး၊ သာယာ ကုန်းရွားမှာ ၁၆၀ဦး၊ ညောင်းချောင်းရွာတွင် ၅၅၆ဦး၊ စာအင်းရွာသစ် ၁၁၄ဦး၊ စားအင်းရွာဟောင်း ၁၁၉ဦး၊ ရန်တိုင်ရွာတွင် ၄၅၆ဦး၊ လေးတောင်ရွာမှာ ၁၅ ဦး၊ သစ်ပုတ်တောင်မှာ ၄၀၁ ဦး၊ တောင်ချေရွာ ၅၄ ဦး၊ ကိုင်းကျွန်း ၁၃ ဦးတို့ ဖြစ်သည်။

စုစုပေါင်း အရေအတွက်မှာ  ၃၈၈၄ ယောက်ရှိပြီး စားတပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သူက ပြောသည်။

“  သူတို့အတွက် မနေ့ကတော့ မြို့က စေတနာရှင် တွေနဲ့ အဖွဲ့အစည်းတွေကလှူတဲ့ ဆန်အိပ် ၂၅ ပို့ထားပါတယ်။ ဒီနေ့မနက်ကလည်း ဆန် ၂၅ အိပ် ပို့ထား တာရှိပါတယ်” ဟု ဆိုသည်။

၎င်းပြင် မုန်တိုင်း အန္တရာယ်ကို စိုးရိမ်သဖြင့် ကျွဲတက်ရွာဘက်မှ ရွာသားတချို့ မင်းပြားမြို့ပေါ်ကို တက်လာနေကြောင်း သူကပြောသည်။

အလားတူ စစ်တွေမြို့နယ် ကျေးတောရွာဘက်မှ ရွာသားတချို့မှာလည်း စစ်တွေမြို့ အာဂျိတ် တော်ကုန်းကို ပြောင်းရွေ့နေကြပြီး ပလ္လင်ပြင်ဘက်မှ ကျေးရွာသားများလည်း အာဂျိတ်တော်ကုန်းရှိ အဓိဌာန် ဘုန်းတော်ကြီး ကျောင်းတွင် ရောက်ရှိနေကြောင်း သိရသည်။

၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသည့် မြေပုံမြို့နယ် ကျွန်းသာယာမှ ရွာသားများမှာလည်း ရွာထဲမှဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု  ဒေသခံ အမျိုးသမီးတစ်ဦးက  ပြောသည်။

“ အခုတော့ လေနည်းနည်းတိုက်နေပါတယ်။ ပစ္စည်းတွေကိုလည်း လွတ်ကင်းနိုင်တဲ့နေရာတွေကို ပြောင်းနေ ပါ တယ်။ မြစ်နဲ့နီးတဲ့ရွာတွေက လူတွေကိုလည်း နွားလှည်းတွေနဲ့တင်ပြီး ရွာထဲဘက်ကို ပြောင်းနေကြပါတယ်။ အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြောင်းနေကြတာ့ပါ ကယ်ဆယ်ရေးအဖွဲ့တို့ အစိုးရဌာနဆိုင် ရာတို့တော့ အခုထိ ရောက်တာမတွေ့ရသေးဘူး။”

မောင်တောမြို့တွင်လည်း မြေနိမ့်ပိုင်း ကျေးရွာသားများမှ လူများကို ယမန်နေ့နံနက်က စပြီး ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ် တစ်စီး ယမန်နေ့ မွန်းလည်းပိုင်းကတည်းက ရောက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

ကျောက်ဖြူမြို့တွင်လည်း ပြင်ဖြူမော်ကျေးရွာမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အို ၂၀၀ ကျော်ကို မူလာရာမ ဘုန်းကြီးကျောင်းသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးခဲ့သည်ဟု ဦးသန္တာမောင်က ပြောသည်။


နိရဉ္စရာ

မုန်တိုင်းခိုလှုံရန် စစ်တွေမြို့သို့ ရောက်ရှိလာသူများ (ဓါတ်ပုံ) ကိုတူတူချေ ဖေ့စ်ဘုတ်
ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ကျေးလက်ဒေသ မြေနိမ့်ပိုင်း ကျေးရွာ များမှ ထောင်နှင့်ချီသော ဒေသခံများ ခိုလုံရန်ရောက်ရှိနေကြသည်ဟု သတင်း ရရှိသည်။

ဟောင်ကောင် မှာ မြန်မာ ရင်းနှီးမြှုပ်နှံ မှု ညီလာခံ ကျင်းပ

Photo: ဟောင်ကောင်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံ ကျင်းပ

မေလ ၁၆ ရက် ၂၀၁၃ 

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။
 
အခုလို ပြည်ပကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရင်ဘောင်တန်း လုပ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းရှင်တွေကို အမြန်ဆုံး တိုးတက်အောင် မြန်မာအစိုးရက အားပေးဖို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းကဏ္ဍ အတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ပါ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
 
Beacon စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးနဲ့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ချုပ်တို့ ကြီးမှူးပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံကို တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်ကြီးတွေက ပွင့်လင်းမြင်သာမှု အခုထက်ပိုပြီး ရှိဖို့အတွက် တောင်းဆိုခဲ့ကြပေမဲ့ လက်ရှိ အနေအထားမှာပဲ မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ အားသန်နေတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းက တွဲဘက်အတွင်းရေးမှူး ဦးအေးလွင် က ပြောပါတယ်။
 
“Administration Reform ကို သူတို့ တအား ကြိုဆိုပါတယ်။ ဒီ့ထက်ပိုပြီးတော့ ပိုကောင်းမွန်တဲ့ မြင်သာထင်သာရှိအောင် တောင်းဆိုတာပဲရှိမယ်။ ကျနော့်အနေနဲ့ လောလောဆယ် ရင်းနှီးမြှုပ်နှံမှုကတော့ အားတက်သရော လာမှာပါ။ လက်ရှိ အနေအထားမှာရှိတဲ့ infrastructure အရ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကိုလည်း သူတို့ တွေ့ထားတယ်။ တချို့လည်း တော်တော်များများ စလုပ်နေပြီ။ အထူးသဖြင့် ဂျပန်ပေါ့နော်။ ဂျပန်ဘက်ကပြောတဲ့ ပုဂ္ဂိုလ်ဆိုရင် ဂျပန် ၃ ယောက် လာပြောပါတယ် ဒီမှာ။ သူတို့တွေက မည်သည့်နည်းနဲ့မဆို မြန်မာနိုင်ငံမှာ သေးသေးပဲ ရင်းရရင်းရ၊ ကြီးကြီးပဲ ရင်းရရင်းရ စတင် ရင်းနှီးဖို့ သူတို့ဘက်က ဆုံးဖြတ်ပြီးပြီ။ အဲ့ဒီအတွက် သူတို့တွေက မြန်မာအစိုးရနဲ့ လိုအပ်နေတာတွေကို မြန်မာနိုင်ငံ အစိုးရက ဖြည့်ဆည်းပေးဖို့ ဒေါ်လာ သန်း ၈၀၀ တွေ၊ အတိုးတွေ လျှော့ပေးတာ၊ အကြွေးတွေ လျှော့ပေးတာ၊ ODA Loan တွေ ပေးမှာမျိုးတွေ ထပ်တလဲလဲ ပြောသွားပါတယ်။ အဲ့ဒါတွေအားလုံး ပြီးသွားမယ်ဆိုရင် တချို့ နိုင်ငံခြားသားတွေ ဝေဖန်တဲ့ လျှပ်စစ်မီး မလုံလောက်တဲ့ ကိစ္စတွေလည်း သည်းညည်းခံ စောင့်စားပေးဖို့ မြန်မာနိုင်ငံ ကိုယ်စားတောင်မှ သူတို့က အဓိက ဦးဆောင်ပြီး ဆွေးနွေးတာဖြစ်တဲ့အတွက် လက်ရှိ အနေအထားကို အားလုံး လက်ခံပါတယ်။”
 
မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကံဇော်နဲ့ အကြံပေးအရာရှိ ဒေါ်မြသူဇာတို့ပါ တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းက စိန်ခေါ်မှု ပြဿနာတွေကိုပါ နိုင်ငံရပ်ခြားက လာရောက် ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ဆွေးနွေးခဲ့ကြတာပါ။
 
“လိုအပ်တဲ့ infrastructure အားနည်းချက်တွေ ရှိသေးကြောင်း နောက်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကျော်ကတည်းက စီးပွားရေး ပိတ်ဆို့မှုဒဏ်ကို ခံရတယ်။ အဲ့ဒီအနှစ် ၂၀ အရှေ့ကနေ ဆိုရှယ်လစ်စနစ်အောက်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးပိတ်ဆို့တာတစ်ခု၊ နိုင်ငံတကာက ပိတ်ဆို့တာတစ်ခု အဲ့ဒီနှစ်ခုကြားထဲမှာ လက်ရှိ ရုတ်ချည်းအပြောင်းအလဲမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေ ကိုက်အောင်လို့ တိုင်းပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေက လိုက်နိုင်အောင်လို့ တော်တော် ကြိုးစားဖို့ လိုပါသေးတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ ဆိုတဲ့အကြောင်း လောလောဆယ် လတ်တလောဖြစ်ပေါ်နေတဲ့ ဘာသာရေး လူမျိုးရေး ပြဿနာတချို့ကိုလည်း investor တွေအနေနဲ့ ရှေ့လျှောက် ပိုပြီး ဂရုတစိုက်နဲ့ လုပ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းပေါ့”
 
ဒါ့အပြင် ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ အခုထိ မပြဌာန်းရသေးတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး အားမလို အားမရ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
 
“FDI Law ကလည်း ၂၀၁၂ ခု နိုဝင်ဘာ ၂ ရက်နေ့ကနေပြီးတော့ လွှတ်တော်က အတည်ပြုပြီး၊ ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ Rule and Regulation တွေကိုလည်း ကြေညာပြီးပြီဆိုတာကိုလည်း သူတို့ နားလည်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထက်တောင်မှ ဂရုစိုက် လေ့လာနေပါတယ်။ ဒါပေမဲ့ ခုနပြောသလိုပေါ့ နိုင်ငံတကာ စံနှုန်းနဲ့ နည်းနည်းလေး ဟနေတဲ့အတွက် ဒီဥပဒေတွေအပေါ်မှာ တချို့အပိုင်းတွေကိုတော့ အားမလို အားမရဖြစ်တဲ့ အချက်တွေကို သူတို့ ဆွေးနွေးတာရှိပါတယ်။ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပြည်တွင်းက Partner တွေ ကောင်းကောင်းမရဘဲနဲ့ ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲနိုင်တဲ့အကြောင်း သူတို့ ထပ်တလဲလဲ ပြောတာတွေ့ရပါတယ်။”
 
အခု ပြည်တွင်းမှာ လက်တွဲလုပ်ဆောင်နိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်ကောင်းကောင်း ရှာမရတဲ့ ပြဿနာတွေနဲ့အတူ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ ရှိနေတာကို သိကြတဲ့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ ပွဲလန့်တုန်း ဖျာလာခင်းတဲ့ အနေအထားလို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
 
“ဖျာလာခင်းတဲ့အဆင့်ထက် သူတို့သည် ရုံးခန်းတွေ လာဖွင့်ပြီးတော့ လုပ်နိုင်သမျှဘက်က စတင်လုပ်ဆောင်ဖို့ သူတို့ ပြင်ဆင်နေတာကိုတော့ တွေ့လည်း တွေ့နေရပါတယ်။ ဒီ့ထက်ပိုပြီးတော့ ကောင်းအောင်လို့ ကျနော်တို့ထဲက လူတွေက ၀ိုင်းလုပ်ပေးဖို့ပဲ လိုပါတယ်။ စောစောကပြောသလို ဖျာလာခင်းတဲ့သူတွေလည်း ရှိကောင်းရှိသလို၊ ဒီအပေါ်မှာ အခွင့်အရေးတရပ်အနေနဲ့ လာတဲ့ နိုင်ငံခြားသားဆိုတာလည်း ရှိမှာပဲ။ ဒါပေမဲ့ တကယ် ရင်းနှီးမြှုပ်နှံမှု သူတို့တွေရဲ့ Industry တွေပြောင်းလဲဖို့၊ တရုတ်ပြည်ကနေ ရှိနေတဲ့ စက်ရုံတွေ ဒီဘက်ရွှေ့ချင်တာတို့ ဒါတွေက ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့တော့ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကလည်း International Practice တွေကို ကျင့်ရမှာပေါ့နော်။ တိုင်းရင်းသားတွေရှိတဲ့ စွမ်းအင်ဆိုင်ရာ Industry တွေ အမြန်ဆုံး တိုးတက်ဖို့တော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ အစိုးရကတော့ မြန်မြန်လေးကို အားပေးတဲ့အဆင့် လုပ်မှပဲ ကျနော်တို့တွေက သူတို့နဲ့ လိုက်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။”
 
မြန်မာနိုင်ငံထဲ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဥက္ကဌပေါင်းများစွာက နှစ်ပေါင်းများစွာ နေရာယူပြီး ကိုယ်ကျိုးရှာနေတာမျိုးတွေကို ပြန်လည် စိစစ်ဖို့အတွက် လိုအပ်နေသလို၊ Private Sector လို့ခေါ်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

VOA
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။

ပဒူတုပ်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

Photo: ပဒူတုပ်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

မေလ ၁၆ ရက် ၂၀၁၃ 

တနင်္လာနေ့နံနက်က  ကျန်းမာရေးအတွက် လမ်းလျှောက်နေသော အမျိုးသားတဦး ပဒူကောင်များ ဝိုင်းတုပ်ခံရသဖြင့် သေဆုံးသွားကြောင်း
ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

 လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ နေအိမ်တွင် သေဆုံးသူ  ဦးစောဘတင့် (ခ) ဦးတားတာက မျက်နှာရှေ့တွင် ပျံဝဲနေသော ပဒူတကောင်ကို လက်ဖြင့် ပုတ်လိုက်ရာမှ ပဒူများ ရောက်လာပြီး ဝိုင်းတုပ်ခြင်းဖြစ်ကြောင်း၊  ဆေးရုံတွင်  ဆေးကုသမှု ခံယူစဉ် သေဆုံးသွားကြောင်း   ကြေးမုံ သတင်းစာတွင် ရေးထားသည်။

ဝင်ရောက်ကူညီသူ ၂ ဦးလည်း ပဒူတုပ်ခံရသဖြင့်  ကုသမှု ခံယူနေကြကြောင်း သိရသည်။

ဧရာဝတီBlog
တနင်္လာနေ့နံနက်က ကျန်းမာရေးအတွက် လမ်းလျှောက်နေသော အမျိုးသားတဦး ပဒူကောင်များ ဝိုင်းတုပ် ခံရသဖြင့် သေဆုံးသွားကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ဘာသာရေး ပဋိ ပက္ခဖြစ်အောင် လှုံ့ဆော် သူ ၅၀၅(ခ) နဲ့ အရေးယူ

မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းသတင်း

မုန်တိုင်းသတင်း

01B MAHASEN ရဲ့ ပြည်တော်ဝင်...
ရက်၊ ၁၆-၅-၂၀၁၃
အချိန်။ နံနက် (၅း၁၅)နာရီ

မင်္ဂလာပါ။
ကျန်းမာတော်မူကြပါစခင်ဗျာ။

အားလုံး under control ပါဘဲ။ ခန့်မှန်းထားတဲ့အတို်င်း ဖြစ်နေခဲ့ပါတယ်။ 
ဘင်္ဂလားဒေ့ရှ်ဖက်ပိုရောက်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဖက်မှာ အများကြီး သက်သာရာ ရပါလိမ့်မယ်။

နောက်ဆုံးအခြေအနေတွေကတော့...

(၁) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ (၁၆-၅-၂၀၁၃)ရက နံနက် (၃)နာရီခွဲအချိန်တိုင်းတာချက်များအရ အီန္ဒိယနိုင်ငံ၊ KOLKATA မြို့ရဲ့ အရှေ့တောင်ဖက် မိုင်(၂၂၀)အကွာ ပင်လယ်ပြင်ကိုဗဟိုပြုရောက်ရှိနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်အရှေ့ယွန်းယွန်း (North Northeastwards 030°) ဦးတည်ရာဖက်အတိုင်းရွေ့လျှားလာခဲ့ပါတယ်။ 

(၃) ဒီကာလအတွင်း မုန်တိုင်းရဲ့ တိမ်ဖွဲ့စည်းမှုဟာ ပိုမိုစုစည်းလာခဲ့ပြီး အနည်းငယ် ပိုမိုအားကောင်းလာခဲ့ပါတယ်။ 

(၄) ဆိုင်ကလုန်းမုန်တိုင်းဟာ နောက်(၁၈)နာရီအတွင်း အရှေ့မြောက် ယွန်းယွန်းကိုဘဲ ဆက်လက်ရွေ့လျှားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို (၁၆-၅-၂၀၁၃)ရက်နေ့ နံနက် (၃)နာရီခွဲ မှ နောက်(၁၈)နာရီအတွင်း (၁၆-၅-၂၀၁၃ရက် ည ၉ နာရီခွဲ အတွင်း) စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ပါလိမ့်မယ်။

(၄) ကမ်းကိုဝင်ရောက်စဉ် အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၆၅) မိုင်ခန့်ရှိနိုင်ပါတယ်။ အဲဒီလေတိုက်နှုန်းကို ဗဟိုချက်ရှိရာ စစ်တကောင်းမြို့ အနီးပတ်ဝန်းကျင်တွင် ပိုမိုကြုံတွေ့ ရနိုင်ပြီး မောင်တောမြို့ဖက်မှာ လေတိုက်နှုန်းဟာ အဲဒီထက်လျော့နည်းနိုင်ပါတယ်။

(၅) ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် အောက်ခံကုန်းမြေများရဲ့ ကြမ်းတမ်းမှုကြောင့် (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ (၁၇-၅-၂၀၁၃)ရက် နံနက်(၉)နာရီခွဲ အချိန်အထိ (၁၂)နာရီအတွင်း ကုန်းပေါ်မှာဘဲ အားပျော့ပြောက်ပျယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

(၆) မုန်တိုင်းရဲ့အရှိန်ကြောင့် (၁၅-၅-၂၀၁၃)ရက်နေ့ ညသန်းကောင်ယံအချိန် တိုင်းတာချက် များအရ မုန်တိုင်းဗဟိုချက် အနီးရှိ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၂)ပေရှိနေပါတယ်။

(၇) မုန်တိုင်းရဲ့အရှိန်ကြောင့် မုန်တိုင်းဒီရေ တက်ရောက်ခြင်း မရှိနိုင်ပါ။ (အလွန်အကျွံဖြစ်ရင် ၁ ပေထက် မပိုပါဘူး) (45° Northeast ဆိုရင် မောင်တောဖက်ကို မုန်တိုင်းဗဟို ပိုနီးလာ မှာဖြစ်ပါတယ်။) 

ဒေါက်တာထွန်းလွင်(MCCW)

01B MAHASEN ရဲ့ ပြည်တော်ဝင်...

မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်

မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက် ပြီဖြစ်ကြောင်း မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား

Photo: မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား

မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားရာ ၈၅ ဦးအထိ ရှိပြီး ၎င်းတို့အား အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်စစ်aဆးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က Eleven Media သို့ မေ ၁၅ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူဟု သံသယရှိသဖြင့် လက်ရှိအချိန်ထိ ဖမ်းဆီးထားသူ ၈၅ ဦးအား လူသတ်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ လုယက်မှု၊ နာကျင်မှု၊ အကျိုးဖျက်ဆီးမှု၊ နာကျင်စေမှု အစရှိသည့် ပုဒ်မများနှင့် စပ်ဆက်ပုဒ်မ ၅ မှုတို့ဖြင့် မိတ္ထီလာခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က "လက်ရှိထိတော့ သူတို့ကို စစ်ဆေးနေဆဲပါပဲ။ တရားလိုပြ အဆင့်တွေတော့ ပြီးခါနီးပါပြီ" ဟု ပြောကြားခဲ့သည်။

ယင်းအပြင် မိတ္ထီလာမြို့အတွင်း ဘုန်းကြီးတစ်ပါး အသတ်ခံမှု ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၁ ဦးကို ယခုလ ၂၁ ရက်နေ့တွင် အမိန့်ချသွားမည်ဟု သိရသည်။

မိတ္ထီလာမြို့မှာ လက်ရှိအချိန်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ဖြစ်သဖြင့် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလအတွင်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။

မတ် ၂၀ ရက် ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သော ကော်မရှင်၏ ရလဒ်မှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း မည်သည့် အဖွဲ့ အစည်း လုပ်ဆောင်သည်ကို အသိပေးကြေညာရန် မရှိသေးကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ မန္တလေးတိုင်း နယ်စပ်ရေးရာ ၀န်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

"ဖမ်းဆီးဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီအတွက်ကြောင့် ဘယ်အဖွဲ့အစည်းလည်း ဆိုတာ ထုတ်ပြောလို့ မရနိုင်သေးပါဘူး" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

(မိတ္ထီလာ ပဋိပက္ခတွင် သံဃာသတ်ဖြတ်မှု၌ ပါဝင်သူများအား ရုံးထုတ်လာသည်ကို မိတ္ထီလာ တရားရုံးရှေ့တွင် တွေ့ရစဉ်) 
(ဓာတ်ပုံ-၀ဏ္ဏ)
(မိတ္ထီလာ ပဋိပက္ခတွင် သံဃာသတ်ဖြတ်မှု၌ ပါဝင်သူများအား ရုံးထုတ်လာသည်ကို မိတ္ထီလာ တရားရုံးရှေ့တွင် တွေ့ရစဉ်)
မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူဟု သံသယရှိသူများအား ဖမ်းဆီးထားရာ ၈၅ ဦးအထိရှိပြီး ၎င်းတို့အားအမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်စစ်aဆးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က Eleven Media သို့ မေ ၁၅ ရက်က ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန် မေ ၂၀ တွင် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်၌ မိန့်ခွန်းပြောမည်

အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်မည့် သမ္မတ ဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ၀ါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ Advanced International Studies ကျောင်းနှင့် အမေရိကန် ကုန်သည်ကြီးများအသင်း ရုံးတို့တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ အစည်းနှစ်ခုမှ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ မေလ ၁၆ရက်၊ မြန်မာစံတော်ချိန် နံနက် ၇း၅၈နာရီ ရခိုင်ပြည်နယ်၏ မိုင် ၁၀၀အတွင်းသို့ရောက်ရှိနေပြီဖြစ်

Thit Htoo Lwin blog 
Photo From Wunder Map
မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ

မေလ ၁၆ရက်၊ ၂၀၁၃ခုနှစ်

မြန်မာစံတော်ချိန် နံနက် ၇း၅၈နာရီ
ရခိုင်ပြည်နယ်၏ မိုင် ၁၀၀အတွင်းသို့ရောက်ရှိနေပြီဖြစ်။

Photo From Wunder Map

မူဆလင် ဒုက္ခသည် ၅၀ ခန့် ပျောက်ဆုံးနေဆဲ

Photo: မူဆလင် ဒုက္ခသည် ၅၀ ခန့် ပျောက်ဆုံးနေဆဲ 

မေလ ၁၃ ရက်နေ့ညက ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေ စီးလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ ဒီကနေ့အထိ လူ ၄၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို အတည်ပြု ပြောကြားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူ လူဦးရေးစာရင်း အတိအကျကိုတော့ လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ဘင်္ဂလီဒုက္ခသည်စခန်းက မူဆလင်ဒုက္ခသည်တွေဟာ စက်လှေ ၇ စီးနဲ့ မုန်တိုင်းအန္တရာယ်ကာကွယ်ဖို့ ဆင်တက်မော်ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းစဉ် ၇ စီးထဲက ၁ စီးဟာ တောင်ဦးမော် ကျေးရွာအနီးမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီစက်လှေပေါ်မှာ လူဦးရေ ၉၀ ကျော်ပါရှိပြီး ပျောက်ဆုံးနေတဲ့သူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

ပြည်နယ်အစိုးရက မုန်တိုင်းကြိုတင် ကာကွယ်ရေးအတွက် မေလ ၁၂ ရက်နေ့ကစတင်ပြီး ပင်လယ်ပြင်ထဲ ထွက်ခွာတာမျိုး မလုပ်ဖို့ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 
ငှက်ချောင်း ဒုက္ခသည်စခန်းက မူဆလင် ဒုက္ခသည်တွေဟာ မုန်တိုင်းရှောင်ဖို့အတွက် စခန်းနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ ကံဆိပ်တောင်ခြေကို ပြောင်းရွှေ့ဖို့ အစိုးရဖက်က စီစဉ်ပေးတာကို ငြင်းဆန်ပြီး ဆင်တက်မော် ဒုက္ခသည်စခန်းဆီကို မိမိတို့သဘောဆန္ဒနဲ့ ပြောင်းရွှေ့သွားစဉ် လှေနစ်မြုပ်တာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
မေလ ၁၃ ရက်နေ့ညက ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေ စီးလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ ဒီကနေ့အထိ လူ ၄၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို အတည်ပြု ပြောကြားပါတယ်။

မဟာစင် မုန်တိုင်း အခြေအနေ ( မေ ၁၆ မနက် ၇း၀၀ )


မုန်တိုင်းသတိပေးချက်၊ ၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ၊မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက် မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။