Saturday, September 8, 2012

၈-၉-၂၀၁၂ ရက်နေ့သတင်းများ

- မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ၂၂ ဦး တရားစွဲဆိုခံရ click
- လက်ပန်းတောင်းတောင်စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ click
- ဇေကမ္ဘာက သိမ်းသွားသော လယ်များအတွက် ဆန္ဒပြ click
- လူထုအကြား ဒီမိုကရေစီအကြောင်း ချပြနိုင်ဖို့ KNPP နှင့် BCES စုပေါင်းသင်တန်းပေး click
- လိုင်ဗားရေလှောင်တမံ ဆက်စပ်ဒေသနှင့် ဇိန်မှုတောင်အား ဘေးမဲ့တော သတ်မှတ်ရေး ကွင်းဆင်းမည် click
- မြန်မာဆိုးသွမ်းပရိသတ်ကြောင့် ဒဏ်ငွေဆောင်ရ click
- ၅,၀၀၀ တန် ဖုန်းဂယက် လူတန်းစားပေါင်းစုံ ရိုက်ခတ် - ၁ (ရုပ်သံ) click
- ၅,၀၀၀ တန် ဖုန်းဂယက် လူတန်းစားပေါင်းစုံ ရိုက်ခတ် - ၂ (ရုပ်သံ) click
- သမ္မတ အိုဘားမား ပါတီညီလာခံမှာ မိန့်ခွန်းပြော click
- အိုဘားမားနဲ့ ရွန်မနေ အပြန်အလှန် တိုက်ခိုက် click
- ဘာသာရေးစော်ကားမှုနဲ့ ဖမ်းဆီးခံရသူ ပြန်လွတ် click
- အီရန်နဲ့ ဆက်ဆံရေး ကနေဒါ ဖြတ်တောက် click
- ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ click 
- စားကျက်မြေ ဧက၂၉၀ အား ဌာနဆိုင်ရာမှ ပုဇွန်ကန်ပြုလုပ်သဖြင့် ကျွဲ၊ နွားများ အခက်ကြုံနေရ click 
- တိုးတက်လာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ စိန်ခေါ်မှုများ click 
- မင်္ဂလာဒုံမြို့နယ် လယ်သမား ၇၅ ဦး ဆန္ဒထုတ်ဖော် click 
- Myue နဲ့ Soe အထည်ချုပ်အလုပ်သမားများ ဆန္ဒပြ click
- လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆို click 
- နိုင်ငံရေး အရင်ဆွေးနွေးဖို့ လိုတယ်လို့ ကေအိုင်အို ပြော click  

ရခိုင်ပြည်သူများအတွက်နေ့စဉ်ဆေးကုသခြင်းများဆောင်ရွ

From- မြ၀တီ

Photoစစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ်လှည့်လည် ဆောင်ရွက် ပေးလျက်ရှိရာ စစ်တွေမြို့ မရမာကြီးကျောင်းတိုက်နှင့် ဂြစ်ဘက်ကျောင်းတိုက်များရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ပြည်သူ များကို ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင် များ ဖြန့်ဝေခြင်းနှ င့် ခြင် ခိုအောင်း နိုင်သော နေရာများတွင် ခြင်ဆေး ဖျန်းခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။


အမေရိကန်လွှတ်တော်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ သို့ထွက်ခွာ

အမေရိကန်လွှတ်တော်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ သို့ထွက်ခွာ

"" ကိုမိုးသီးဇွန်Facebook မှ တစ် ဆင့် လူထုကို ဘာတွေပြောလဲ""

From- ရွှမြန်မာ

အခုတလော Facebook တွေမှာရောသတင်းဌာနတွေမှာပါ ကိုမိုးဇွန်း အကြောင်း ကောင်း တာရော မကောင်းတာရော တော်တော် များများပြန့် နေတာတွေ့ ရပါတယ်။

သူကမနာ လို သူများ ၏ သွေး ထိုး မှု နားမယောင် ရန် ကိုမိုးသီး Facebook မှ တစ် ဆင့် ပြောလူထူကိုအခု ပြောပြထားပါတယ်။

ဆူဖီမူဆလင်ညီနောင် အဖွဲ့ခေါင်းဆောင် အား အမျိုးသမီးတစ်ဦး အသေခံ ဗုံးခွဲတိုက်ခိုက်

From- ရွှေမြန်မာ

မတည်ငြိမ်သော ကော့ကေးဆပ် ဒေသတွင်၊ အစွန်းရောက် အစ္စလာမ် မ္မစ် များနှင့် အစွန်းမရောက်သည့် မူဆလင်များအကြား  ကာလကြာကြာ မတည်ငြိမ် ထိပ်တိုက် ရင်ဆိုင်နေရ မှုကို ပိုမိုဆိုးရွားစေသည့်အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်အဖြစ် ဩဇာ အာဏာ ကြီးမားသည့် မူဆလင်ခေါင်းဆောင်တစ်ဦးကို သတ်လိုက်သည့် အသေခံ ဗုံးဖောက်ခွဲသူ အမျိုးသမီးကို မည်သူမည်ဝါဖြစ်ကြောင်းရုရှားရဲတို့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကရင်နီအမျိုးသား အာဇာနည်နေ့ ပြည်တွင်းတွင် စတင်ကျင်းပ

From- ktimes

ကရင်နီအမျိုးသားတို့ရဲ့  အာဇာနည်နေ့ကို ယနေ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက မြလဲရွာမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ကြ တယ်လို့ သိရပါတယ်။

နိုင်ငံရေးအသွင် ကူးပြောင်းနေတဲ့ကာလအတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)  နဲ့ အစိုးရတို့ အပစ်အခတ် ရပ်စဲထားတဲ့ချိန်မိုလို့ ဒီနေ့အာဇာနည်နေ့ကို ကျင်းပနိုင်ရခြင်းဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု

From- သစ်ထူးလွင်


ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား လွမ်းသူ့ပန်းခွေ ကပ်လှုကြစဉ် ဓါတ်ပုံ - သန်းလှိုင်  Eleven Media Group
လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့(ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ေ ကြာင်း သတင်းရရှိပါသည်။

မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

From- သစ်ထူးလွင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေး ရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့နယ်တွင် ပညာသင်ကြားရာမှာ ဆရာ/ဆရာမများ ငှားရမ်းမှုအခက်အခဲဖြစ်

From- KDN


စစ်ကိုင်းတိုင်းဒေသကြီး၊က သာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ မံအင်-မင်းကုန်းအုပ်စုရှိ အရှေ့ ကုန်းကျေးရွာမှ (ခွဲ) အလယ်တန်း ကျောင်း သည် ကျောင်းသားဦးရေ များပြားလာသည့် အတွက် လက် ရှိတွင် အငှားဆရာ၊ ဆရာမ လုပ် ကိုင်ချင်ကြသူများ မရှိသည့်အ တွက် အခက်အခဲဖြစ်နေရကြောင်း ယင်းဒေသခံများထံကသိရသည်။

မြန်မာမှတင်သွင်းလာသော စိတ်ကြွဆေးပြား တာကာ သိန်း ၄၀ ကျော်ဖိုး နတ်မြစ်အတွင်း ဖမ်းဆီး

From- KDN

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရခိုင်ပြည်နယ် မောင်တောမှ သယ်ယူလာသော တာကာ သိန်း၄၀ကျော်ဖိုးရှိစိတ်ကြွဆေးပြားများကို ဘင်္ဂလားဒေ့ခ်ျနယ် စပ်အနီး နစ်မြစ်အတွင်း ဘင်္ဂလာ အာဏာပိုင်များ ကဖမ်းဆီး ရမိသည်ဟု ဒေသတင်းအရ သိရ သည်။

ပဋိပက္ခကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ထူးဆောင်ဆုချီးမြှင့်

From- သစ်ထူးလွင်

လူ ၉၀ နီးပါး သေဆုံးခဲ့သော ပဋိပက္ခ အတွင်း သေဆုံးခဲ့သည့် ရခိုင် တိုင်းရင်းသားများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နေ့လည်က ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှု သုံးလပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ယင်းသို့ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း  စစ်တွေမြို့အခြေစိုက် ဝံလက် ဒေသ
ဖွံဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးအောင်ကျော်ဝင်းက ဆိုသည်။

အုပ်ချုပ်ရေးနှင့် မည်သည့် ပြဿနာမျှ မရှိဟု သူရဦးရွှေမန်း ပြောဆို

From- သစ်ထူးလွင်

အုပ်ချုပ်ရေးနှင့် လွှတ်တော်များ အကြားတွင် မည်သည့် ပြဿနာမျှ မရှိဘဲ ဒီမိုကရေစီ အနှစ်သာရ အရ အချင်းချင်း အပြန်အလှန် ထိန်းညှိနေခြင်းသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။

တရားဥပဒေ စိုးမိုးရေး တရားရုံး သုံးခုကို ဒေါ်အောင်ဆန်းစုကြည် ကွင်းဆင်းလေ့လာမည်

From-  The Voice Weekly

တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့် တစ်စိတ်တစ်ပိုင်း အဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အနေနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရားရုံး သုံးခုကို ကွင်းဆင်း လေ့လာ သွားမည်ဖြစ် ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ကိုးရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ကျေအေးပြီးဆုံး

From- RFA

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုပွဲဟာ အဓိကတောင်းဆိုချက် ဖြစ်တဲ့ အခြေခံလစာကို အလုပ်ရှင်ဘက်က မတိုးပေးပေမယ့် တခြားတောင်းဆိုချက်နဲ့ အခွင့်အရေးတွေ အားလုံးနီးပါး ဖြည့်ဆည်း ပေးလိုက်တဲ့အတွက် အလုပ်သမားတွေဘက်ကသဘောတူ ကျေအေးပေးလိုက်တာကြောင့် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပြီလို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားအတွက် သရုပ်ဆောင်သစ်တစ်ဦး ထပ်မံရွေးချယ်

From- RFA 

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင် မယ့်သူ ရွေးချယ်ပွဲကို ဒီကနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်မှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ ရုံးဖြစ်ပါသည်။
ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့်သူ နှစ်ဦးကို ရွေး ချယ်ခဲ့ပြီး ဖြစ်ပေမဲ့ အဲဒီ အထဲက အဓိက သရုပ်ဆောင် မောင်ကျောက် ခဲ ပြီးခဲ့တဲ့ သြဂုတ်လက နှုတ်ထွက် သွားခဲ့တဲ့အတွက် သရုပ်ဆောင် သစ် တစ်ဦး ထပ်မံရွေးချယ်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်


From- RFA
 

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
 (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ 
(နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ စစ်ဆေးရုံကြီးမှာ အသည်း အသန် နာမကျန်းဖြစ်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ေ ဟာင်း ကျော်ဇောက ရွေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း ပြောကြား တာကို ကြားသိရပြီးနောက် သမ္မတ ဦးသိန်းစိန်က သူ့ကို မြန်မာပြ ည်ပြန်လာဖို့ ဖိတ်ကြားလိုက်ပါတယ်။

ဝန်ကြီး အသစ် ၁၁ ဦး ခန့်အပ်ရာတွင် အရပ်သားများ အများအပြား ပါဝင်

From- ရွှေမြန်မာ


သမ္မတ ဦးသိန်းစိန်မှ ၀န်ကြီးသစ်  ၁၁ ဦးအား ခန့်အပ်လိုက်ရာ အရပ်သား ၀န်ကြီး အများအပြား ပါဝင်နေသဖြင့် ပြည်သူများက အကောင်းဘက်က မြင်နေကြသည်ဟုသတင်း ရရှိသည်။

စက်တင်္ဘာလ ၇ ရက်နေ့က ၀န်ကြီးသစ် ၁၁ ဦးတွင်အရပ်ဘက် ပညာရှင် အများ အပြား ပါဝင်ပြီး သူတို့အား  ပြည်ထောင်စု လွှတ်တော်က အတည် ပြုပေးလိုက်ပြီး နောက်ပိုင်းတွင် ၀န်ကြီးများသည် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေးကို အစိုးရ ဖက်ကသာ မျက်ကွယ်ပြု နေသည်ဟု UNFC ကဆို

From-  ရွှေဟင်္သာသတင်းဌာန 

Aung_sa_su_kyi_meet_forigenတောင်အာဖရိကနိုင်ငံ အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ တာဝန်ရှိသူ မစ္စတာ ဟန်နက် နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဇင်းမယ် အခြေစိုက် တိုင်းရင်းသား အရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့  WGEC (Working Group for Ethnic Co-ordinating)နှင့် ယမန်နေ့တွင် လာရောက် တွေ့ ဆုံပြီး အမြင် ဖလှယ်မှုနှင့် အဆို ပြုမှုများ အကြံပြု ဆွေးနွေး သွားခဲ့ သည်ဟု စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်း ရေးမှူး နိုင်ဟံ သာက ဆိုပါသည်။

ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို

From- သစ်ထူးလွင်

တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီး ဟောင်းများ၊ ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက် နေ့လည် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေ ပညာရှင်ကြီးများ တက်ရောက်ကြသည်။

ရခိုင်သူရဲကောင်းများ ဂုဏ်ပြုပွဲ


ခရောင်းလမ်းက ပန်းပွင့်များ

From- irrawaddy

၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် အကျဉ်းထောင်မှ လွတ်မြောက် လာစဉ်မြန်မာပြည်၏ နိုင်ငံရေးခရီးကား ကြမ်းတမ်းလှ၏။ လူအများ ကမ္ပည်းတပ်ကြသည်ကား မုန်တိုင်းထန်သော ခရီးကြမ်းတဲ့။ တခြားကြမ်း တမ်းသော လမ်းတွေမရှိ မဟုတ်၊ ရှိပင်ရှိငြားသော်လည်း ကိုယ်က မကျွမ်းဝင်။ ဒီတော့ ကိုယ်ကျွမ်းဝင်ရာကိုသာ ရွေးပြောရတော့မည်။

ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတယ်

From- irrawaddy

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် သျှီ
လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဂန္ဓာရီဆိုတဲ့ တေးစီးရီးနဲ့ အမျိုးသမီး ရော့ခ်ကာတဦးအဖြစ် ဂီတလောကထဲ စတင်ဝင်ရောက် လာခဲ့တဲ့ အဆိုတော် သျှီဟာ ရော့ခ်သီချင်း တေးစီးရီးပေါင်း ၈ ခွေ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး လူမှုရေးဘက်တွေ မှာလည်း အားတက်သရော ပါဝင်လုပ်ဆောင်လာခဲ့သူပါ။

အရေးအခင်းတွင် ကျဆုံးသူ သံတော်လီ ဥက္ကဌဟောင်းအား ဂုဏ်ပြု ကျောက်တိုင် စိုက်ထူ

From- narinjara

ရခိုင်ပြည်နယ် အရေးအခင်းအတွင်း ခုခံယင်း ရှေ့တန်းမှ ကျဆုံးသွားခဲ့သူ သံတော်လီ ဥက္ကဌဟောင်း ဦးကျော်သိန်းအား ဂုဏ်ပြု ကျောက်တိုင် တစ် ခု စိုက်ထူခဲ့ကြသည်ဟု သတင်း ရရှိသည်။ဆွမ်းကျွေး အမျှဝေနေစဉ်။
ကျောက်တိုင် စိုက်ထူပွဲကို အခမ်းအနားဖြင့်  စစ်တွေ-ကျေးတောတွင် စက်တင်ဘာ ၇ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရခိုင်တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစုမှ လူငယ်တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။

အရေးအခင်းတွင် ကျဆုံးသူ သံတော်လီ ဥက္ကဌဟောင်းအား ဂုဏ်ပြု ကျောက်တိုင် စိုက်ထူ

From- narinjara

ရခိုင်ပြည်နယ် အရေးအခင်းအတွင်း ခုခံယင်း ရှေ့တန်းမှ ကျဆုံးသွားခဲ့သူ သံတော်လီ ဥက္ကဌဟောင်း ဦးကျော်သိန်းအား ဂုဏ်ပြု ကျောက်တိုင် တစ် ခု စိုက်ထူခဲ့ကြသည်ဟု သတင်း ရရှိသည်။ဆွမ်းကျွေး အမျှဝေနေစဉ်။
ကျောက်တိုင် စိုက်ထူပွဲကို အခမ်းအနားဖြင့်  စစ်တွေ-ကျေးတောတွင် စက်တင်ဘာ ၇ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရခိုင်တိုင်းရင်းသား ကိုယ်ခံပညာရှင်များ အင်အားစုမှ လူငယ်တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။

လူထုအကြား ဒီမိုကရေစီအကြောင်း ချပြနိုင်ဖို့ KNPP နှင့် BCES စုပေါင်းသင်တန်းပေး

From- ktimes

အပစ်ခတ်ရပ်စဲရေးကာလ ငြိမ်းချမ်းရေး လုပ်နေတဲ့လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နေချိန်မှာ လူထုတွေ အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်နားလည် နိုင်ဖို့အတွက် KNPP ကနေပြီး သင်တန်းတရပ်ပြုလုပ်ပေးတယ် လို့သိရပါတယ်။

ပိဋကသုံးပုံနှုတ်ငုံဆောင်ဆရာတော်၉ပါးတို့၏အထူးတရားပွဲကျင်းပမည်

From- Popular Myanmar News Journal
ရန်ကုန် စက်တင်ဘာ ၈ ရက် ပိဋကသုံးပုံနှုတ်ငုံဆောင်ထားသည့် “တိပိဋကဓရ တိပိဋက ကောဝိဒ တိပိဋကဓမ္မဘဏ္ဍာဂါရိက သုတဗုဒ္ဓ”ဆရာတော် ၉ပါးတို့၏ “သုတဗုဒ္ဓ”အထူးတရားပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ညစဉ် ၇း၃၀ တွင်ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်၊တံတားလေးလမ်းဝ ရှိ ဇမ္ဗူသီရိဗိမာန်တော် ၌ကျင်းပမည်ဖြစ်သည်။

မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက်

From- 7Day News Journal
မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office. gov.mm/ တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့်မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်တော့မည်ဖြစ်သည်။

မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက်

From- 7Day News Journal
မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office. gov.mm/ တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့်မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်တော့မည်ဖြစ်သည်။

ကူးတို့လှေနစ်မြုပ်မှုကြောင့် လူ ၁၃ ဦးသေဆုံး

From- သစ်ထူးလွင်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကျောချောင်း ၊ ကမ်းပါးဖြူ လှေဆိပ် မှ အခြားတစ်ဖက်သို့ ဖြတ်ကူးသည့် ကူးတို့လှေတစ်စီး တိမ်းမှောက် မှုကြောင့် လှေပေါ်ပါသူ ခရီးသည် ၄၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့သည်။

တောင်တွင်းကြီးမြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကားလမ်း ၊ ရထားလမ်းတချို့ ပျက်စီး

From- သစ်ထူးလွင်

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့ နယ်တွင်း စက်တင်ဘာလ ၄ ရက်နေ့ မှ ၇ ရက်နေ့ အထိ နေ့ စဉ် မိုး ဆက်တိုက် ရွာသွန်းမှု ကြောင့် မီးရထားလမ်းနှင့် ကားလမ်းတချို့ ရေတိုက်စားခံရပြီး ပျက်စီးခဲ့ကြောင့် Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။

ကျပ်ငွေ (၂၇၂၆) သိန်းနဲ့ စေတနာ ၀သန် ရန်ပုံငွေပွဲ

From- irrawaddy



၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ စေတနာဝသန်ဂီတဖျော်ဖြေပွဲအတွင်း ဂစ်တာ လေလံတင်ရောင်း ချရငွေ အပါအ၀င် အလှူငွေ စုစုပေါင်း (၂၇၂၆) သိန်း ရရှိခဲ့သည်နှင့်ပတ်သက်ပြီး သတင်း စာရှင်းလင်းပွဲ ကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း တွင်ပြု လုပ်ခဲ့ပါတယ်။

နောက်ပြန် လန်မကျရေးနှင့် မြန်မာ့စီးပွား

From- The Voice Weekly

မြန်မာ့ အပြောင်းအလဲကို နိုင်ငံတကာက စိတ်ဝင်တစား လက်ခုပ်တီး အားပေးကာ အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်၊ NGO၊ ကမ္ဘာလှည့် ခရီးသွားများ နေ့ညမဟူ ဝင်လာမစဲ တသဲသဲ၊ နိုင်ငံတကာ သတင်း မီဒီယာများတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သမျှ မည်သည့် အရာမဆို သတင်းဖြစ်နေချိန်၊ အချိန်ကောင်းတွင် ပြုပြင်လက်စ စီးပွားရေးကို ယခုထက် အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ချိန် တန်နေပြီ။

အမှိုက်ကင်းစင်သည့် စံပြမြို့တော် ဆောင်ရွက်မှု ၆၀ ရာခိုင်နှုန်း အောင်မြင်လျက်ရှိ

From- MRTV-4

မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် ဆောင်ရွက်တဲ့ စီမံကိန်းဟာ လက်ရှိမှာ ၆၀ ရာခိုင်နှုန်း အောင်မြင် လျက် ရှိတယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် စတင် ဆောင်ရွက်မှု ကိုတော့ ပြီးခဲ့တဲ့ ဧပြီလက စတင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ပိုဆိုးလာတဲ့ ကချင်ပြည် နယ်(ပေးစာ)


KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာ ဖော်ပြနေတဲ့ လူပြောသူပြော များတဲ့ ကချင်ပြည်နယ် ဘက်ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာ ကျောက်လုပ်နေ တဲ့ ကျွန်တော့် ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေ ကြည့်ရင်း ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေး အခြေအနေ မကောင်းလို့ ခဏရပ်ထားရတယ်။  ဟိုရောက်မှပဲ ကြောက်ရ ကောင်းမှန်း သိတော့တယ်ဗျာ။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှုစီမံကိန်း အကောင်အထည် ဖော်မည်

From- mizzima

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှု စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ယင်းကို အကောင်အထည်ဖော်မည့် FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။

ဒီမိုကရေစီရေးအတွက် ဦးခေါင်းငိုက်၍ ခါးတောင်းကြိုက်မဖြုတ်ကြပါနှင့်

From- Hot News

မကြာမီရက်များအတွင်းက စာရေး  သူ၏ မိတ်ဆွေဌာနတစ်ခုမှာ ညွှန်မှူး အဆင့်တာဝန်ထမ်းဆောင်နေသူ နယ်မှ  ရန်ကုန်သို့လာရင်း လမ်းကြုံ သဖြင့် အိမ် သို့ရောက်လာသည်။ဟိုအကြောင်းသည် အကြောင်းေ ဆွးနွေးကြရာမှ သူ့ထက် အဆင့်မြင့်သည့်အရာရှိက သူ့အား ယနေ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့်ကာလ မျိုးတွင် ထားရှိရမည့် သဘောထားရပ် တည်ချက်မှာ အရပ်ရှစ်မျက်နှာတွင် မျက်နှာရှစ် မျိုးထားရန်လိုကြောင်းပြော သည့် အကြောင်းကိုသိခဲ့ရသည်။

ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ


Photo: ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"မြန်မာနိုင်ငံကို လွမ်းလို့ပြန်လာတာပါ။ လွမ်းတာကတော့ ကြာလှပါပြီ။ အခု ပြန်ရောက်စဆိုတော့ ဒီကအကြောင်းတွေ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အစောကြီးကတည်း ကျွန်တော် သိထားတာတွေလည်း အများကြီးပါ။ ကျွန်တော် ၀ါသနာပါတဲ့ အနုပညာတွေနဲ့လည်း မပြတ်သလို မီဒီယာကလူဖြစ်တဲ့အတွက်လည်း ကိုယ်တိုင် မြန်မာပြည်မှာ မရှိတာကလွဲရင် အခြေအနေတွေတော့ သိနေရတာပါပဲ။ အခုလာတာ အနားယူဖို့ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေက လုပ်ရ ဦးမှာပါ။ ပန်းချီရေးမယ်၊ စာရေးမယ်ပေါ့။ ဒီမှာဘဲ အခြေချနေထိုင်သွားဖို့လည်း စိတ်ကူးရှိပါတယ်။ အခု ဇနီးက ဟိုမှာကျန်ခဲ့ပြီး ဒူးခွဲစိတ်ရမှာဖြစ်လို့ သူခွဲစိတ်ရမယ့် အချိန်တော့သမီးနဲ့ ကျွန်တော် ဟိုကိုပြန်ရဦးမှာပါ"ဟု ဒါရိုက်တာ ဦးဝင်းဖေက ဆိုပါသည်။

ဦးဝင်းဖေသည် မန္တလေးပန်တျာ ကျောင်းအုပ်ကြီးအဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့ "မပြိုသည့်မိုး" ဇာတ်ကားဖြင့် စတင်ဝင် ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် " နှင်းဆီနီ အိပ်မက်" ရုပ်ရှင်ဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ဟောလီဝုဒ်နှင့် UCLA တို့တွင် ရုပ်ရှင်ပညာများ သွားရောက်သင်ကြားရင်း အမေရိကန်နိုင်ငံတွင် အခြေချခဲ့သည်။ RFA အသံလွှင့်ဌာနတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Senior Editor အဖြစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် VOA အသံလွှင့်ဌာန၌ လုပ်ကိုင်လျက်ရှိသည်။

မီမီဝင်းဖေကလည်း မြန်မာပြည်တွင် ရှိနေစဉ် ကာလအတွင်း အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်သွားရန် အစီအစဉ်ရှိကြောင်း ဆိုပါသည်။ 

Ref:EMG
Posted By Admin-KMOပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

စုံစမ်းရေး ကော်မရှင်အဖွဲ့ စစ်တွေမြို့ ပထမဆုံးအကြိမ် ရောက်ရှိ

From- ရွှေမြန်မာ

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းကရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
 အဲဒီအဖွဲ့ထဲမှာ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနက ဒေါက်တာ မျိုးမြင့်၊ စာရေးဆရာ၊သတင်းစာဆရာ ဆရာ မောင်ဝံသ အပါအဝင် အဖွဲ့ဝင် (၂၀) ကျော် ပါဝင်ပါတယ်။

ရေဘေးသင့် ပုသိမ်ပြည်သူတို့အတွက် အဆိုတော်ရင်ဂို ဂီတဖြင့် ကူညီမည်

From- mizzima

ရန်ကုန် (မဇ္ဈိမ)။        ။ ပုသိမ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ငွေကြေးထောက်ပံ့မှု ပေးအပ် ကူညီနိုင်ရန် အဆိုတော် ရင်ဂို ဦးဆောင်၍ ဂီတ ရန်ပုံငွေပွဲတခု တနင်္ဂနွေနေ့ ပုသိမ်မြို့ မန်းဆန်သူ လဘ္ဘက်ရည်ဆိုင်တွင် ပြုလုပ်မည်ဟု ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်စိုးက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က ဟင်္သာတမြို့တွင် ၈လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတ မိသားစုများတွေ့ဆုံပွဲ ကျင်းပပြုလုပ်

From- Eleven Media Group

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က ၈ လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတမိသားစု များ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဦးသိန်းစိန် က ပြည်သူ့အသံ နားထောင်ဖို့အတွက် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ အစီအစဉ်တခု လုပ်ထားပါတယ်။

From- irrawaddy



သမ္မတ ဦးသိန်းစိန် က ပြည်သူ့အသံ နားထောင်ဖို့အတွက် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ အစီအစဉ် တခု လုပ်ထားပါတယ်။ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ၊ အကြံပြုချက်တွေကို အင်တာနက်ကတဆင့် သမ္မတ ဆီကို ပေးပို့နိုင်ပါပြီ။

ပေါက်မြို့၊ ကမ်းမဖြူဆိပ်ကျောချောင်းအတွင်း စက်လှေမှောက်ရာတွင် စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ထပ်မံသိရှိရ

From- Eleven Media Group
ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များ တင်ဆောင် ဖြတ်ကူးလာသော ကူးတို့လှေတစ်စင်းသည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့သို့သွားရာ ကမ်းမဖြူဆိပ်အနီး ကျောချောင်းလယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က တောင်ကျရေကြောင့် နစ်မြုပ်ခဲ့ပြီး ခရီးသည်နှင့် လှေသမားစုစုပေါင်း ၄၁ဦးပါရှိကာ ၁၃ဦးသေဆုံးပြီး ၂၈ ဦး အသက်ရှင် ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိပါသည်။သေဆုံးသူ ၁၃ဦးတွင် ကျောင်းဆရာမ လေးဦး၊ ခရီးသွားသုံးဦးနှင့် လှေသမား ခြောက်ဦးဖြစ်ကြောင်း သိရသည်။

ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာနေသောအာရှပစိဖိတ်နိုင်ငံများ ငြိမ်းချမ်းရေးရှေးရှုကြရန် ဟူဂျင်တောင်တိုက်တွန်း

From- The Voice Weekly
ပိုင်နက်အငြင်းပွားမှုများကြောင့် တင်းမားမှုမြင့်တက်လျက်ရှိသော အာရှပစိဖိတ်နိုင်ငံများအနေဖြင့် ဒေသတွင်း၌ ငြိမ်းချမ်းရေးခိုင်မြဲအောင်တည်ဆောက်ကြရန် တရုတ်သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။

လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ

From- mizzima

နယူးဒေလီ (မဇ္ဈိမ)။      ။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်းတောင်းတောင်ကိုဖြို၍ ကြေးနီ ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဟူ သည့် စွပ်စွဲချက် များဖြင့် ထိုလုပ်ငန်း လုပ်ဆောင်နေမှု ရပ်တန့်ပေးရန် ဒေသခံ ၈၀၀ ခန့် သောကြာနေ့တွင် ထပ်မံ ဆန္ဒပြ တောင်းဆိုကြသည်။

အလုပ်သမားဝန်ကြီးနှင့် ပြည်တော်ပြန် အလုပ်သမားခေါင်းဆောင် ဆွေးနွေး

From- mizzima

ရန်ကုန် (မဇ္ဈိမ) ။        ။ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးနိုင်ရန် လုပ်သားများကို လုပ်ငန်းခွင်နှင့် သက်ဆိုင် သည့် သင်တန်းများပေးရန်၊ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးရန် တို့ကို ပြည်ပ အခြေစိုက် အတိုက်အခံ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် အလုပ်သမားရေးဝန်ကြီး ဦးမောင်မြင့်တို့ သောကြာနေ့ တွင် ဆွေးနွေး ခဲ့ကြသည်။

နှစ်ခြောက်ဆယ်ကျော်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်

From- mizzima

ရန်ကုန် (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင် သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာ ရာ နှစ်ပေါင်းခြောက် ဆယ်ကျော် တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။

 တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့သော မန္တလေး-မြစ်ကြီးနားရထားလမ်း၌ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ

From- Eleven Media Group

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့  ရပ်နားခဲ့ရာ၌ လက်ရှိတွင် ပုံမှန် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

စေတနာဝသန် ဂီတဖျော်ဖြေပွဲ သတင်းစာရှင်းလင်းပွဲ

From- Burma VJ Media Network
၈၈ မျိုးဆက် ရန်ပုံငွေပွဲဖြစ်သော "စေတနာဝသန် ဂီတဖျော်ဖြေပွဲ" ၏ သတင်းစာရှင်းလင်းပွဲ ကို စက်တင်ဘာလ ၈ရက်နေ့ နံနက် ၁၁း၃၀ ချိန်တွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ မီဒီယာ (၂၀)ခန့် ရှိကြောင်း သတင်းရရှိပါသည်။ 

သမ္မတလောင်း ရွေးချယ်မူ အိုဘားမား လက်ခံ

From-  VOA

အမေရိကန် ပြည်သူတွေ မဲပေးကြတဲ့အခါ နိုင်ငံအတွက်
 မတူညီတဲ့ လမ်းကြောင်းနှစ်ခု အကြား တစ်ခုကို
 ရွေးချယ်ရမှာဖြစ်ပြီး ဒီအချိန်ဟာ ရှင်းရှင်းလင်းလင်းနဲ့ အပြတ်သားဆုံး ရွေးချယ်နိုင်မယ့် အချိန် ဖြစ်တယ်လို့ အိုဘားမားကပြောပါတယ်။
နျူကလီးယားလက်နက် ပျံ့ပွားမှု ဟန့်တားနိုင်ဖို့ ကမ္ဘာတ ၀ှမ်း နှစ်ရှည် မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပြန်လည် ခိုင်မာအောင် တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှု သစ်တွေ လုပ်ဆောင်နေသလို မြန်မာ ကနေ လစ်ဗျား၊ ဆူဒန် စတဲ့ နိုင်ငံတွေအထိ ကမ္ဘာတ၀ှမ်း အမျိုးသား အမျိုးသမီး၊ ခရစ်ယာန်၊ မူစလင်၊ ဂျူး စတဲ့ လူမျိုးဘာသာမရွေး လူသား အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင် အမေရိကန်က ကြိုးပမ်းနိုင်ခဲ့ တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက မနေ့က ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

တရုတ်ငလျင် အနည်းဆုံး လူ၆၀ သေဆုံး

From- VOA
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင် ဆက်တိုက်
 လှုပ်ခဲ့လို့ အနည်းဆုံး လူ၆၀ ယောက် သေဆုံးပြီး
အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ငလျင် ဆက်တိုက် လှုပ်ခဲ့တာမှာ အနည်းဆုံး လူ၆၀ ယောက် သေဆုံးပြီး အတော် များများ ဒဏ်ရာရခဲ့ကြ တယ်လို့ တရုတ်အစိုးရ သတင်း က ဖော်ပြထားပါတယ်။ ယူနန် နဲ့ ဂူအီကျုံး (Guizhou) နယ်တွေ မှာ ဒီကနေ့ ၅.၇ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ပြီး တဲ့နောက် နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ တာကြောင့် အဲဒီ ဒေသတွေက အိမ်ခြေ ၄ သောင်း ထိခိုက် ပျက်ဆီးခဲ့တယ်လို့ အစိုးရပိုင် Xinhua သတင်းအေဂျင်စီက ဆိုပါတယ်။

ဒုတိယ၀န်ကြီး ဒုတိယအကြိမ် သာပေါင်းမြို့နယ်သို့ ရေဘေးအတွက် လှူဒါန်း

Fron- Hot News

စက်မှုဝန်ကြီးဌာန ဒုတိယ၀န်  ကြီးဦးသိန်းအောင်သည် စက်တင် ဘာလ (၁) ရက် နေ့လည် (၁၁း၃၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အဆင့်မြင့်စက္ကူ စက်ရုံ (သာပေါင်း)သို့ရောက်ရှိ ပြီး စက်ရုံမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းသိန်း၊ ဦးစောလေးတောနှင့် ခေတ္တမြို့နယ်  အုပ်ချုပ်ရေးမှူးဦးကျော်သူတို့လိုက် ပါလျက် နေ့လည် (၂) နာရီတွင် သာပေါင်းဆိပ်ကမ်း၌ ရေဘေး သင့် ပြည်သူများအတွက် လှူဒါန်းမည့် ဆန်အိတ်များအားစက်လှေများ ဖြင့် တင်ပို့နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တွေ့ဆုံပွဲ ကျင်းပ

From-  Eleven Media Group

စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက် အအုံ၌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေ၀န်ကြီးဌာန ၊ တရာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ရှေ့နေများတွေ့ဆုံပွဲကို ကျင်းပနေကြောင်း သိရှိရသည်။

ဇေကမ္ဘာက သိမ်းသွားသော လယ်များအတွက် ဆန္ဒပြ

From- mizzima

ရန်ကုန် (မဇ္ဈိမ)  ။   ။ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်များရှိ လယ်သိမ်းခံရသော လယ်သမား ၇၅ ဦးက ထိုက်သင့်သော လျော်ကြေးမပေဘဲ ၄င်းတို့၏ လယ်ယာမြေသိမ်းယူခဲ့သော   ဇေကမ္ဘာကုမ္ပဏီ ကို ဆန္ဒဖော် ထုတ်ခြင်းကို  သြဂုတ်လ ၇ရက်နေ့က ထောက်ကြန့်မြို့နယ်တွင် ဆန္ဒပြခဲ့ကြသည်။

သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေ စိုးမိုးရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ

From- Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်ကအမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူအများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခောတ် အဆက် ၂ ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော

APEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ရုရှားသမ္မတ သီးခြားတွေ့ဆုံမည်

From- မြ၀တီ 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် APEC ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံ့ အကြီးအကဲ များနှင့် ထိပ်သီး ဆွေးနွေးပွဲ ပြင်ပ၌ သီးခြားတွေ့ဆုံ သွားမည်ဖြစ်ကြောင်း ၄င်း၏ လက်ထောက် ဖြစ်သူက သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။ သမ္မတပူတင်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှ ဝန်ကြီး ချုပ်များ အပါအဝင် နိုင်ငံပေါင်း ၁၅နိုင်ငံမှ ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းသိရသည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ အတိုက်အခံအဖွဲ့ထံသို့ ငွေကြေးနှင့် လက်နက်အကူအညီများ ပြင်သစ်အစိုးရပေးပို့

From- မြ၀တီ

ပြင်သစ်အစိုးရသည် ဆီးရီးယား နိုင်ငံအတွင်းရှိ အစိုးရ အတိုက်အခံအဖွဲ့များ သိမ်းပိုက်ထားသည့် ဒေသ များသို့ ငွေကြေး အကူအညီများ၊ လက်နက်များနှင့် လေယာဉ်ပစ် လက်နက်များ ကူညီထောက်ပံ့ ပေး ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ရွှေပြုံး ငွေပြုံး ပျော်ရွှင်မဆုံး ကျမတို့ တောင်ပြုန်း

From -  irrawaddy

‘‘တောင်ပြုန်းပွဲများ ရောက်ပြီဆိုရင်လေ ကျမတော့ သိပ်ပျော်တာဘဲ။ ဟောဒီလိုပွဲမျိုးဆိုတာ တနှစ်မှ တခါလောက်သာ ပျော်ရတာ။ အဲလို ပျော်ရဖို့ အတွက်လည်း တနှစ်လုံး အလုပ်လုပ်ရတာ လူကို ဖတ်ဖတ်မော လို့။ လူမောစိတ်မောနဲ့ လုပ်ခဲ့သမျှ အလုပ်တွေကို ဒီပွဲမှာဘဲ ခ၀ါချကြရတာလေ။ ကျမတော့ ဟောဒီပွဲကို တနှစ်မှ မလာရရင်မနေနိုင်ပါတော်…”

ဟင်္သာတဗုံးကွဲမှု နောက်ဆက်တွဲ

From -  irrawaddy

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲခဲ့ပြီး ဆက်သွယ်ရေးစခန်း အနီးမှာလည်း မပေါက် ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့မှုတွေအတွက် တရားခံ ဖြစ်သူလို့ စွပ်စွဲခံထားရတဲ့ ABSDF အဖွဲ့ ဝင် ဖားကန့်မြို့ က သန်းကိုဦး(ခ) မင်းဇော် (ခ) သန်းကိုသူ(ဘ) ဦးစောထက် (ခ) ဦးမုန်းဖိုး ဆိုသူကို ဖမ်းမိပြီး တရားရုံးကို တင် ထားပါတယ်။

ယာဉ်မယ် - အမျိုးသမီးတို့အတွက် အလုပ် အခွင့်အလမ်း

From -  irrawaddy


ယာဉ်မယ် သို့မဟုတ် အဝေးပြေးကားတွေထဲ ခရီးသည် ၀န်ဆောင်မှုပေးတဲ့ အမျိုးသမီးဝန်ထမ်းအလုပ်ကို စိတ်ဝင်စား သူများပြားလာနေပြီး ကားလိုင်းတွေများလည်း ယာဉ်မယ်ခန့်ထားမှုနှုန်းတိုးလာပါပြီ။

ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေပညာရှင် များတွေ့ဆုံပွဲ

From- Popular Myanmar News Journal
 
ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေပညာရှင် များတွေ့ဆုံပွဲ ကို မကြာမီတွင် ကျင်းပတော့မည် ဖြစ်သည်။

"ရှမ်းပြည်နယ် ဖယ်ခုံ ဘိုးဘွားပိုင် ယာမြေများတွင် သစ်မာပင် စိုက်ပျိုးခြင်းမှာ ၀န်ကြီးဌာန၏ စီမံကိန်း အကောင်အထည်ဖော်ခြင်းသာဖြစ်သည်ဟု ဆို"

From- Popular Myanmar News Journal

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်မိုးကျေးရွာမှ ဘိုးဘွားပိုင် ယာမြေများကို တက်လမ်းကုမ္ပဏီမှ သိမ်းယူ၍ သစ်မာပင်များ စိုက်ပျိုးနေခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၏ စီမံကိန်းအကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ၄င်းဒေသ၌ ပရဟိတလုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးနေသော တက်လမ်းကုမ္ပဏီ တာဝန်ခံ ဦးသော်ဟိန်းက ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ် (၁)

From- မြ၀တီ
 
ရခိုင်ပြည်နယ်၏ ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ် ဖြတ်မှုများအား ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက် ရေးကို စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် “ စုံစမ်းစစ်ဆေးရေး ကော်မရှင် ” ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

နယ်နှင်ခံထားရတဲ့ ရာဇ၀တ်သားတွေမဟုတ်ဘူး

From- Hot News

၂၀၁၁ နှစ်လည်လောက်တုန်းက  နိုင်ငံတော်သမ္မတကြီးက ပြည်နိုင်ငံခြားကို  အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာ သွားကြသူတွေပြန်လာကြမယ်ဆိုရင် ပြန် လက်ခံသွားမှာပါလို့ ကြေညာလိုက်တော့ နိုင်ငံတကာ မှာ ရောက်ရှိနေကြ တဲ့ မြန်မာ  နိုင်ငံ သားတွေ တော်တော်ပဲဝမ်းသာသွား  ကြပါတယ်တဲ့။
ဒါပေမယ့် ခုချက်ချင်းကြီးပြန်လာကြ    ဖို့၊မလာကြဖို့ကတော့ ကိုယ်ရေး ကိုယ်တာ   အခက်အခဲတွေက ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိနေကြသေးတာ ဆိုတော့ ရုပ်ရှင် တံခါးပေါက်ဖွင့်လိုက်သလို ၀ုန်းခနဲတော့ အားရ၀မ်း သာပြေးဝင်လာလို့ မရကြသေး တာတွေလည်း ရှိကြတာပေါ့။

ဗန်းမောက်မြို့နယ် ဆင်ကန်ကျေးရွာ နှင့် ထိန်ဆုံ ကျေးရွာတွင် ပျဉ်းကတိုး စိုက်ခင်းများ စိုက်ပျိုးလာကြ

From- Hot News

စစ်ကိုင်းတိုင်းဒေသကြီး၊ က သာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြို့နယ် သစ်တောဦးစီးဌာနမှ ဒေ သခံပြည်သူများအတွက် ဒေသ လိုအပ် ချက်ဖြစ်သော သစ်၊ တိုင်၊ မျှောအစရှိသည့် အခြေခံလိုအပ် ချက်များသိရှိခံစားနားလည်သဘော ပေါက်စေရန် ရည်ရွယ်၍ လစဉ် တရားမ၀င် သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ် ငန်းများကို ဒေသခံများ သိရှိ အောင်စည်း ရုံးပညာပေးဟော ပြော ဆွေးနွေးမှုကြောင့် ဆင်ကန် ကျေးရွာနှင့် ထိန်ဆုံကျေးရွာတို့ရှိ ဒေသခံများမှ ကျေးရွာပိုင် ပျဉ်းက တိုးစိုက်ခင်း တစ်ဧကစီ တည် ထောင် စိုက်ပျိုးလျက်ရှိကြောင်း ဦးစီးအရာရှိ ဦးနေမျိုးအောင်က ရှင်းလင်းပြောကြားသည်။

MCC ခန်းမတွင် ကားနှင့် လူသုံးကုန်ပစ္စည်းများ အရစ်ကျ စနစ်ဖြင့် ရောင်းချမှုကြောင့် ဝယ်ယူသူများ အဆင်ပြေ

From- The Voice Weekly
ရန်ကုန်မြို့တော် ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ ၆ရက်နေ့က ကျင်းပသော ကားနှင့် လူသုံးကုန် ပစ္စည်းပြပွဲတွင် ဘဏ်ငွေသွင်း စနစ်ဖြင့် အရစ်ကျ ရောင်းချပေးမှုကြောင့် ဝယ်ယူသူများ ယခင်ထက် အဆင်ပြေစွာ ဝယ်ယူနိုင်ကြကြောင်း ကမ္ဘောဇဘဏ် လက်ထောက် အထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဟာင်း ကျော်ဇော ရွှေတိဂုံဘုရားဖူးခွင့်ရပြီ

From- KDN


တရုတ် နိုင်ငံမှာ ရှိနေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျောဇော်ကို ပြည်တော်ပြန်ခွင့်ရပြီး ရွှေတိဂုံ ဘုရားလည်းဖူးခွင့် ရပြီလို့ သိရပါတယ်။

KIA က မိုင်းထောင်ရုံတင်မက မိုင်းနင်းတဲ့သူဆီက လျော်ကြေးပါတောင်းနေ

From- KDN

လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဦးရီမူချမ်းဆိုသူ သည် နွားပျောက်လိုက်ရှာရင်း ကောင်းဆာရွာအနီးတွင် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်း မိပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတမဲဆွယ်ပွဲမှာ ဖေ့စ်ဘုတ်အရေးပါ

From- KDN

အမေရိကန် သမ္မတ ဘာရက် အိုးဘာမားဟာ ဖေ့စ်ဘုတ် အသုံးပြု တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေထဲက တဦးဖြစ်ပါတယ်။ သူ ဘယ်လို အသုံးပြုသလဲ၊ ဘာကြောင့် သုံးသလဲ။

သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို ဒီနှစ် ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲ ကမ်ပိန်းအတွက် ဖွင့်လှစ်ထားရှိပြီး သူကိုယ်တိုင်လည်း တခါ တရံ ဓာတ်ပုံတွေကိုလည်း တင်ပါတယ်တဲ့။

KIA မှ ကံဆီးရွာသားများအား ဖားကန့်မြို့ပေါ်သို့နှင်ထုတ်နေ

From- KDN

ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ လဒွဲသည် စက်တင်ဘာလ (၆)ရက်တွင် ကံဆီးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုခေါ်ယူပြီး ရွာသားများအား စက်တင်ဘာလ (၇)ရက်နေ့အပြီး ဖားကန့်မြို့ပေါ်သို့ ထွက်ခွာသွားရန်နဲ့ KIA တပ်ဖွဲ့ ၀င်မိသားစုများအား ကျန်ခဲ့ရန် ပြောကြားခဲ့ပါတယ်။

ဗန်းမော်မြို့နယ်တွင် ပညာသင်ကြားရာ၌ ဆရာ ၊ ဆရာမများ ဌားရမ်းမှုအခက်အခဲဖြစ်

From-  Hot News

စစ်ကိုင်းတိုင်းဒေသကြီး၊က သာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ မံအင်-မင်းကုန်းအုပ်စုရှိ အရှေ့ ကုန်းကျေးရွာမှ (ခွဲ) အလယ်တန်း ကျောင်း သည် ကျောင်းသားဦးရေ များပြားလာသည့်အတွက် လက် ရှိတွင်အငှားဆရာ၊ ဆရာမ လုပ် ကိုင်ချင်ကြသူများ မရှိသည့်အ တွက် အခက်အခဲဖြစ်နေရကြောင်း ယင်းဒေသခံများထံကသိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ ကျင်းပမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် New Myanmar Investment Summit 2012 အမည်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံ တခုကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံကို Parkroyalဟိုတယ် ၌ လာမည့် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တူ တူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ လယ် ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေး စသည့်စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိကြောင်း နည်းပညာဆိုင်ရာ အင်တာနက် စာမျက်နှာ cmt.com ၌ ဖော်ပြထားသည်။

လက်ပန်းတောင်းတောင်အရေး မုံရွာမြို့လူထုပါဝင်လာ

မြန်မာ ဆန္ဒပြ သတင်းများ  စက်တင်ဘာ ၀၈၊ ၂၀၁၂


လက်ပန်းတောင်းတောင်အရေး မုံရွာမြို့လူထုပါဝင်လာ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ မနေ့က ညနေက ပြုလုပ်ခဲ့ပါတယ်။ 



လက်ပံတောင်း ကြေးနီစီမံကိန်းအရေး တင်းမာဆဲ

စစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ်သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။



လိုင်သာယာစက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ 

လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားခ လစာ တိုးမြင့်ပေးဖို့နဲ့ တခြား အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် သူတို့ အလုပ်ရုံတွေကနေ မရမ်းကုန်းမြို့မှာရှိတဲ့ အလုပ်သမားရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။သူတို့အနေနဲ့ ရတဲ့လစာနဲ့ နေထိုင် စားသောက်စားရိတ် မလောက်ငတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်လို့သိရပါတယ်။



ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို မနေ့က မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။



လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆို

ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခလစာတွေ ဖြတ်တောက်ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို မနေ့က သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။



မင်္ဂလာဒုံမြို့နယ် လယ်သမား (၇၅) ဦး ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ မနေ့က နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။



ကျူးကျော် နေသူများကို အင်အားသုံးရှင်းမည်ဟု စည်ပင်အရာရှိ ပြော

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့်ကျသည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောဆိုလိုက်သည်။မန္တလေးမြို့တော်ခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ဦးတင်ထွဋ်ကျော်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော် မြေကွက်များတွင် လက်ရှိ လူ နှစ်ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

LWIN PWIN
NLABR 
Web-site: 			www.nlabr.com
Blog: 			http://wanna23-23.blogspot.com/ 
Facebook: 			Sa Maung စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ မနေ့က ညနေက ပြုလုပ်ခဲ့ ပါတယ်။

Bangkok Airways မန္တလေးသို့ ပြေးဆွဲရန် စိတ်ဝင်စား

အာဆီယံ ဒေသတွင်း၌ စရိတ်သက်သာစွာဖြင့် ပြေးဆွဲမည့် အစီအစဉ် အတွက် Bangkok Airways လေကြောင်း လိုင်းက မြန်မာနိုင်ငံ ကိုလည်း ထည့်သွင်း ရည်ရွယ်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံကိုလည်း စိတ်ဝင်စားမှုရှိကြောင်း၊ အထူးသဖြင့် ပွင့်လင်းစပြု လာသည့် မြန်မာကို ပိုမို စိတ်ဝင်စားနေကြောင်း၊ လာမည့်နှစ်တွင် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် လာအို နိုင်ငံ ဗီယန်ကျင်းမြို့ကို ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အ၀န်း အစိတ်အပိုင်း တခုအနေဖြင့် မျှော်မှန်းချက် ဖြစ်ကြောင်း The Nation သတင်းစာ၌ ရေးသားထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စည်းဝေးပွဲ ပြန်စ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ အဓိကရုဏ်းတွေ ဖြစ်ပွားတဲ့ ဇူလိုင်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်း ထားတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တွေရဲ့ လစဉ်ဆွေးနွေးပွဲကို ယခုလ ၅ ရက်နေ့မှာ ပြန်လည် စတင်ခဲ့ကြောင်း သိရပါတယ်။

ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများ အား သောကြာနေ့တွင် တောင်းပန်လိုက်သည်။

ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင် ရောက်ရှိမည်

From- thithtoolwin

ကနေဒါ လေကြောင်း လိုင်းတွင် အသုံးပြု နေသည့် Embraer E-190 လေယာဉ် တစ်စင်းကို တွေ့ရစဉ်။
ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့လေ ကြောင်းမှ သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ် သစ်များ အစားထိုး ပျံသန်းပြေးဆွဲ ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ လာမည့်နိုဝင် ဘာလတွင် ဘရာဇီးလ် နိုင်ငံမှ ၀ယ်ယူ ထားသည့် လေယာဉ် သစ်နှစ်စင်း ရောက်ရှိမည်ဖြစ် သည်။

ဆင်ဖုံ ၊ သင်္ဃန်းကျွန်းကြီး ၊ ချစ်တီးကုန်း ရွာသားများ ဆန္ဒပြတဲ့ သတင်း

ဆင်ဖုံ နဲ့ သဃ်န်းကျွန်းကြီးရွာသားတွေ ဟာ သူတို့ပိုင် လယ်ယာ မြေတွေ ကို သိမ်းဆည်းခံရပြီး အဲဒီ လယ်ယာ မြေတွေပေါ် မှာ ဇေကမ္ဘာ ကုမ်ပဏီအနေနဲ့ စက်မှုဇုန် (၁)(၂)(၃) ဆိုပြီး ထူထောင်ပါတယ် ။ လမ်းတွေ မီးတိုင်တွေ နဲ့ စက်ရုံ အနည်းငယ်ကလွဲပြီး လယ်ကွင်းတွေ အတိုင်း တည်ရှိနေပါတယ် ။
1997 ခုလောက်ကတည်းက ထူထောင်ထားတဲ့စက်မှုဇုန်ဟာအခုထိ......
...စက်ရုံတွေအစီအရီ ဖြစ်ထွန်း မလာတဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေမဖန်တီးနိုင်ပါဘူး ။