Tuesday, June 3, 2014

ကမ္ဘာထက် ၁၇ ဆ ပိုမိုကြီးမားတဲ့ ကမ္ဘာအကြီးစားတစ်ခုကို ရှာဖွေတွေ့ ရှိ

Photo: ကမ္ဘာထက် ၁၇ ဆ ပိုမိုကြီးမားတဲ့ ကမ္ဘာအကြီးစားတစ်ခုကို ရှာဖွေတွေ့ ရှိ
Tuesday, June 3, 2014

Angel on 2014-06-03 12:36 
‘ကမ္ဘာအကြီးစား’ လို့ နာမည်ပေးထားတဲ့ ကျောက်ဆောင်ထူထပ်တဲ့ ဂြိုလ်သစ်တစ်လုံးကို အလှမ်းကွာတဲ့ ကြယ်စနစ်တစ်ခုအတွင်းမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ဒီဂြိုလ်ဟာ ကမ္ဘာထက် ၁၇ ဆ ပိုမို ထုထည်ကြီးမားတယ်လို့ လည်းဆိုပါတယ်။

သက်ရှိတွေရှိနိုင်တယ်လို့ ယူဆရတဲ့ ကျောက်ဆောင်ထူထပ်တဲ့ဂြိုလ်တွေဟာ မူထထင်ထားတာထက် ပိုမို ပေါများနေပြီး တစ်ချို့ ဂြိုလ်တွေဟာ တော်တော်ကြီးကို သက်တမ်းရင့်နေပြီလို့ ဒီလေ့လာတွေ့ ရှိမှုကနေ တင်ပြခဲ့ပါတယ်။

ယခုဂြိုလ်တည်ရှိနေတဲ့ Kepler-10 ကြယ်စနစ် ဟာ သက်တမ်း နှစ်ပေါင်း ၁၁ ဘီလီယံလောက်ရှိပြီလို့  ခန့် မှန်း ထားပြီး ကျွန်တော်တို့ စကြာဝဋာကြီးကို မွေးဖွားပေးခဲ့တဲ့ Big Bang ပေါက်ကွဲမှုမဖြစ်ခင် နှစ်ပေါင်း ၃ ဘီလီယံ လောက်မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အီတလီလျံဂယ်လီလီယိုအမျိုးသားတယ်လီစကုပ်အဖွဲ့ အစည်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဒီဂြိုလ်ဟာ ကမ္ဘာထက် ထုထည် ၁၇ ဆ ပိုမိုကြီးမားလေးလံတယ်လို့ သိရပါတယ်။

ဒီအချက်ကြောင့် ဒီဂြိုလ်ဟာ ကမ္ဘာမြေလိုပဲ သိပ်သည်းတဲ့ကျောက်ဆောင်တွေနဲ့ ဖွဲ့ စည်းထားတယ်လို့  ယူဆရပါတယ်။

Ref: Mirror.co.uk
Trend Myanmar
 ‘ကမ္ဘာအကြီးစား’ လို့ နာမည်ပေးထားတဲ့ ကျောက်ဆောင်ထူထပ်တဲ့ ဂြိုလ်သစ်တစ်လုံးကို အလှမ်းကွာတဲ့ ကြယ်စနစ်တစ်ခုအတွင်းမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ဒီဂြိုလ်ဟာ ကမ္ဘာထက် ၁၇ ဆ ပိုမို ထုထည်ကြီးမားတယ်လို့ လည်းဆိုပါတယ်။

သက်ရှိတွေရှိနိုင်တယ်လို့ ယူဆရတဲ့ ကျောက်ဆောင်ထူထပ်တဲ့ဂြိုလ်တွေဟာ မူထထင်ထားတာထက် ပိုမို ပေါများနေပြီး တစ်ချို့ ဂြိုလ်တွေဟာ တော်တော်ကြီးကို သက်တမ်းရင့်နေပြီလို့ ဒီလေ့လာတွေ့ ရှိမှုကနေ တင်ပြခဲ့ပါတယ်။

ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှုတွင် အနုပညာရှင်များပါဝင်လာ

ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ တွင် ပြုလုပ်မည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးညီလာခံ ကို ကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးသမား၊ တက်ကြွ လှုပ်ရှားသူများနှင့် အနုပညာရှင် များပါဝင်သော ပညာရေးအစီ အစဉ်ကို ဗြိတိန်သံရုံးကဆောင် ရွက်လျက်ရှိသည်။

အိုင်းရင်းခရော့ခ်တေးဂီတ အဖွဲ့မှ ချစ်စမ်းမောင်နှင့် မျိုးကြီး တို့အပါအ၀င် နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူ ၁၁ ဦးသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက် မှုရပ်တန့်ရေးအစီအစဉ်တွင် မေတ္တာဖြင့် ပါဝင်ကူညီကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ မျက်နှာကိုအက်စစ်လောင်း ဖျက်ဆီးမှု ဖြစ်ပွား

မုဒိမ်းကျင့်ခံရသည့် ဆယ်ကျော်သက် မိန်းကလေး ၂ ဦး သရက်ပင်တွင် ဆွဲကြိုးချ သေဆုံးရာ ဥတ္တာပရာဒေ့ရ်ျပြည်နယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ဆန္ဒပြနေစဉ် (REUTERS)
လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီ အစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ် အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ပုသိမ်ပြန်ကြားရေး တာဝန်ခံ ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဗီဒီယို ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကိုတွင် ဗီဒီယိုလုပ်ငန်း လိုင်စင် မရှိသည့်အတွက် မေလ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ပုသိမ်မြို့မ ရဲစခန်းထံမှ သိရသည်။

ဦးမြင့်ကိုတွင် လုပ်ငန်းလိုင်စင် ရှိခဲ့သော်လည်း သက်တမ်းပြည့်သည်မှာ ၁၇ လကျော် ရှိပြီ ဖြစ်ကြောင်း၊ ယင်းသို့ သက်တမ်းပြည့်ပြီး တစ်နှစ်ကျော်လျှင် လုပ်ငန်းလိုင်စင် ပျက်ပြယ်သည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းက သတ်မှတ်ထားခြင်းကြောင့် တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု တိုင်းဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှက ပြောဆိုသည်။

ကိုယ်အလေးချိန် လျှော့ချရာတွင် ကျန်းမာရေး မထိခိုက်စေရန် ပရိုတင်းများများ မှီဝဲပါ

ပရိုတင်းဓာတ် များတဲ့ အစာတွေက ကြွက်သား တည်ဆောက် မှုမှာ အရေးပါ တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ကိုလည်း ပြည့်စေ ပါတယ်။
ပရိုတင်းဆိုတာ အင်ဇိုင်း ဖြစ်ပေါ်ရေး အတွက် အရေးပါတဲ့ အပြင် အရေပြား၊ အရိုး၊ အရိုးနုနဲ့ သွေးတွေထဲမှာ အရေးကြီးတဲ့ ပါဝင် ပစ္စည်းတစ် မျိုးဖြစ်သလို ကိုယ်တွင်း ဆဲလ်နဲ့ တစ်သျှူး တွေ တည်ဆောက် ပြုပြင်ရေး အတွက်လည်း အရေးပါ ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချတဲ့အခါ ကျန်းမာရေး ထိခိုက်မှု မရှိစေဖို့ရာ အတွက် အောက်ပါ ပရိုတင်း ဓာတ်ပါတဲ့ အစားအသောက် တွေကို ထည့်စား သင့်ပါတယ်။
ပင်လယ်စာ

လူမျိုးခြားသမ္မတဖြစ်မည့် ပုဒ်မ ၅၉(စ)ကို မပြင်သင့်ဟု ဒီမိုကရက်တစ်(မြန်မာ) ဆို

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုက်မည်ဆိုလျှင် လူမျိုးခြားဘာသာခြားများ သမ္မတဖြစ်လာနိုင်သည့်အတွက် အခြေခံဥပဒေပုဒ်မ ၅၉ (စ)ကို မပြင်ဆင်သင့်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မဇ္ဈိမကို ပြော သည်။
“အခြေခံဥပဒေပုဒ်မ၄၃၆မှာ ၅၉(စ)က ထိပ်ဆုံးကပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ၅၉ (စ) က အဓိက မကျဘူး။ ၅၉(စ)ကို အဓိကထား မပြင်သင့်ဘူး။ ဘယ်သူကိုမှ ဖြစ်စေချင်တာ၊ မဖြစ်စေချင်တာ မရှိပါဘူး။

ဒေါ်လာ ၃၀၀ တန် ဖုန်းကို ဆယ်ရင်း အမေနဲ့သား အသက်ပျောက်သွား


 

ဖြစ်ရပ်က ငိုရခက် ရယ်ရခက်လေးပါ။ ဝမ်းနည်းစရာ သတင်းလေး တစ်ခုပါပဲ။ မိလ္လာတွင်းထဲ ပြုတ်ကျသွားတဲ့ ဟန်းဆက် ကို ဆယ်ဖို့ ကြိုးစားရင်း သား အမိ နှစ်ယောက် စလုံး တွင်းထဲမှာ သေဆုံးသွားတဲ့ သတင်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။ အမေ ဖြစ်သူက အသစ် ဝယ်ထားတဲ့ ဟန်းဆက်ကို အိမ်သာတက်ရင်းနဲ့ သုံးပါ တယ်။ ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၃၀၀ ရှိတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သုံးနေရင်း ဖုန်းက တွင်းထဲ ကျသွားပါတယ်။ ဒါနဲ့ သားဖြစ်သူကို က အခြား အပေါက် တစ်ခုကနေ ဝင်ဆယ် ပေးပါတယ်။ အထဲ ရောက်ပြီး မိနစ် ပိုင်း မှာပဲ မူးမေ့သွားပါတယ်။ မိလ္လာတွင်း အနက်က ဒူးခေါင်း အကျော်လေးပဲ

၁-၆-၂၀၁၄ မှ ၇ -၆-၂၀၁၄ အထိ ၇ရက် သား ၊ သမီးဟောစာတမ်း


အတွေးတွေ များနေမည်။ ဆုံးဖြတ်ချက်တွေ အခါခါ ချမိမည်။ အခက်အခဲ တစ်ခု ၊ အတိုက်အခံ တစ်ခု ရင်ဆိုင်ကျော်လွှားရလိမ့်မည်။ သို့သော် သင်ကား ရှုံးနိမ့် သူ မဟုတ်ပါ။ အောင်နိုင်သူ မုချဖြစ်လိမ့်မည်။ ဆုငွေ (သို့) မရည်ရွယ်သော နေရာမှ ရသော ငွေဝငလာမည်။ အချစ်နှင့် မိသားစု တိုက်ပွဲ တစ်ခု ဆင်နွှဲရသလို ကြုံလိမ့်မည်။ သင်စာမေးပွဲအောင်မည်။ ရုတ်တရက် ခရီးတစ်ခု ထွက်ရမည်။  
အကျိုးပေးဂဏန်း - ၁၊ ၀၊ ၂။

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို

အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။

မေလ ၃၁ ရက်က ကျင်းပသော တော်ဝင်မိသားစု၏ အလက(၄)စမ်းချောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲတွင် တွေ့ဆုံစဉ် မုဒိတာတန်ဖိုးနည်းအိမ်ရာ (၃) စီမံကိန်းဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ မဇ်္ဈိမ၏ မေးမြန်းမှုကို ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

တရုတ်ချေးငွေ အတိုးနှုန်းမြင့်မား၍ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းသေချာမှု မရှိဟုဆို

ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းတွင် ပါဝင်သော ၅၃၉ ဒသမ ၁၉ မိုင်ရှည်လျားသည့် ကျောက်ဖြူ- မူဆယ် ရထားလမ်းကို တရုတ်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံ၏ ချေးငွေများမှာ အတိုးနှုန်း မြင့်မားလျက်ရှိခြင်းကြောင့် ယင်းရထားလမ်းဖောက်လုပ်ရေးကိစ္စမှာ သေချာမှု မရှိသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ၂ ရက်တွင် မဇ်္ဈိမကို ပြောသည်။ 

စပါးကြီး မြွေလေးကောင်က လူကိုနှိပ်နယ်ပေး

ဆီဘူး- ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့ရဲ့အပန်းဖြေတိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေအတွက် ထူးခြားတဲ့ အနားယူနိုင်စရာ အခွင့်အရေးအနေနဲ့ စပါးကြီြးေ>ွမ လေးကောင်က အညောင်းပြေနှိပ်နယ်ပေးနေတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါတိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ စပါးကြီြးေ>ွမများရဲ့အမည်ကတော့Michelle, Walter, EJ နဲီ့Daniel လို့ သိရပြီး သူတို့တွေဟာ ဥယျာဉ်ကိုလာရောက်တဲ့ ဧည့်သည်များကို အန္တရာယ်မပြုဘဲ အညောင်းညာပြေအောင် နှိပ်နယ်ပေး ပါတယ်။ အဆိုပါစပါးကြီြးေ>ွမများရဲ့အလေး ချိန်ကတော့ ပေါင်၅၅ဝခန့်ရှိကြ တယ်လို့ တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းများက ပြောဆိုခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သိမ်းဆည်းခံ လယ်မြေများအတွက် ကျိန်စာတိုက်ပွဲ ကျင်းပ

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သိမ်းဆည်းခံ လယ်မြေများအတွက် ကျိန်စာတိုက်ပွဲ ကျင်းပ

တောင်ငူ၊ ဇွန် ၂

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ လမ်းဘေး တစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ဖြူးမြို့နယ် ဒေသခံ တောင်သူများက တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် မြေစောင့် နတ်မင်းကြီးတို့က မြေယာသိမ်းဆည်းသူများကို အပြစ်ပေး ဒဏ်ခတ်ပေးရန် ဆုတောင်း ကျိန်စာတိုက်ပွဲကို ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါပွဲကို ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက်ပိုင်းတွင် တောစောင့်နတ်၊ တောင်စောင့်နတ်များကို အမြန်းလမ်း မိုင်တိုင်အမှတ် ၁၁၅ နံဘေးရှိ ညောင်ပင်တွင် ပူဇော်ပွဲထိုးပြီး မွန်းလွဲ ၁၂ နာရီတွင် သိမ်းဆည်းခံ တောင်သူများ ကိုယ်တိုင် အဆိုပါ လယ်မြေများသည် မိဘဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင် စားသောက်ခဲ့သည်မှာ မှန်ကန်ပါကြောင်း ကတိသစ္စာ တိုင်တည်ပြီး မြေသိမ်းသူများကို ကျိန်စာတိုက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၄-၂၀၀၅ ခုနှစ် တစ်ဝိုက် အမြန်လမ်း တည်ဆောက်စဉ် အင်ဂျင်နီယာတပ်မှ အရာခံအဆင့် တပ်မတော်သားတစ်ဦးက အကြောင်းပြချက် မရှိဘဲ လယ်ယာမြေ ၂ ဒသမ ၂၂ ဧက သိမ်းဆည်းခံခဲ့ရသူ ဒိုင်းတရာ ကျေးရွာနေ ဒေသခံတောင်သူ ဦးဝင်းကိုက ပြောကြားသည်။

“ကျွန်တော်တို့ ဒုက္ခရောက်ခဲ့ကြသလို သူတို့လည်း ကျွန်တော်တို့ကို မတရားလုပ်တဲ့ အကျိုးဆက်ကြောင့် ကုန်းသွားရင် ကုန်းဘေး၊ ရေသွားရင် ရေဘေးတွေ့ပါစေ ဆိုတာကို ဆုတောင်း ကျိန်စာတိုက်ခဲ့ကြပါတယ်။ တကယ်ကို ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတာပါ” ဟု ၎င်းကဆိုသည်။ 

လက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်း တည်ဆောက်ရာတွင် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများအတွက် လယ်တစ်ဧက ငွေကျပ် ၄၀၀,၀၀၀ နှုန်းဖြင့် နစ်နာကြေးပေးရန် ကမ်းလှမ်းထားပြီး ဒေသခံတောင်သူများက ကျောက်တံခါးမြို့နယ်အတွင်း ပေးလျှော်သည့် တစ်ဧက ငွေကျပ် ၁၂ သိန်းအတိုင်း ပေးရန် တင်ပြထားသည်ကို အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲနေကြောင်း ဒေသခံတောင်သူများက ဆိုသည်။

သို့သော် တောင်သူ ၈၆ ဦး အမည်ပေါက် ပိုင်ဆိုင်သော အဆိုပါ သိမ်းဆည်းခံ မြေဧက ၁၃၃ ဒသမ ၆၂ ဧကအတွက် နစ်နာကြေးငွေ ၅၃,၄၄၈,၀၀၀ ကျပ် (ငါးရာ သုံးဆယ့်လေးသိန်း လေးသောင်း ရှစ်ထောင်ကျပ်) ကို ထုတ်ယူခြင်း မရှိပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံးတွင် ပြန်လည်အပ်နှံရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ဖြူးမြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က လယ်သမားများထံ ထုတ်ပြန်ထားသော အကြောင်းကြားစာအရ သိရသည်။

“ကျွန်တော်တို့မှာ လုပ်ကိုင် စားသောက်စရာ လယ်ယာမြေလည်း မရှိတော့ဘူး။ နစ်နာကြေးလည်း မရရှိဘူး။ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်လှိုင်ကလည်း လုပ်နိုင်သလောက် လုပ်ပေးပေမယ့် လက်ရှိအထိ မထူးခြားတော့ အခုလို ကျိန်စာတိုက်တဲ့ အလုပ်ကို မလုပ်ချင်ဘဲ လုပ်ရတာပါ” ဟု လယ်ယာမြေ ရှစ်ဧကနီးပါး သိမ်းဆည်းခံထားရသူ ဦးထွန်းခင်က ဆိုသည်။

ဖြူးမြို့နယ် မင်းဂံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာအနီး လယ်ယာမြေများသည် ၂၀၀၄-၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း တည်ဆောက်အချိန်၌ လမ်းမြေတွင် ပါဝင်ခြင်း၊ ရုံဆောက်လုပ်ရန် သိမ်းဆည်းခြင်းနှင့် အမြန်လမ်း ယာဉ်ရပ်နားစခန်း ဆောက်လုပ်ခြင်းတို့ကြောင့် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် အပြင် နောက်ပိုင်း အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းရှင်များက သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ဧကပေါင်း ၁၀၀၀ နီးပါး ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ 
ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ လမ်းဘေး တစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာများ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် ဖြူးမြို့နယ် ဒေသခံ တောင်သူ များက တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် မြေစောင့် နတ်မင်းကြီးတို့က မြေယာသိမ်းဆည်းသူများကို အပြစ်ပေး ဒဏ်ခတ်ပေးရန် ဆုတောင်း ကျိန်စာတိုက်ပွဲကို ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါပွဲကို ဦးဆောင်ကျင်းပသူ တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးမှု NLD တန်ပြန် ကြေညာချက်ထုတ်

Photo: ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးမှု NLD တန်ပြန် ကြေညာချက်ထုတ်
Tuesday, June 3, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက် သတိပေးခြင်းမှာ လုံးဝ သင့်လျော်မှု မရှိဟု NLD ပါတီက ဇွန်လ ၂ ရက်နေ့တွင် တန်ပြန် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီက ပြုလုပ်လျက်ရှိသော အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်လွန်သော ဟောပြောမှုများ မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ သတိပေးစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်ပေါ်လာရေးအတွက် ဦးတည်ပြီး ဟောပြောတာကို ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက်ပြောခွင့် မရှိပါဘူး” ဟု NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်တွင် မပါရှိသော တာဝန်များကို ဆောင်ရွက်ခွင့် မရှိကြောင်း NLD ပါတီ၏ အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်သည် ရွေးကောက်ပွဲကော်မရှင်သို့ ဦးတည် ပေးပို့ခြင်း မရှိသောကြောင့် အစည်းအဝေး ပြုလုပ်ပြီးမှသာ မှတ်ချက်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

“ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို အကြောင်းကြားစာ မပို့ဘဲနဲ့ သူတို့ဘာသာ ကြေညာချက် ထုတ်တာပါ။ အဲဒီအပေါ်မှာ မှတ်ချက် မပေးနိုင်ပါဘူး။ ကော်မရှင်က ယခင် သဘောထား အတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခြေခံဥပဒေကို လေးစားရန် ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်သည်ဟု တွေ့ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများကို ညွှန်ကြားချက် ထုတ်ပြန် အသိပေးနိုင်သည့် အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ပါတီကို သုံးနှစ် ဆိုင်းငံ့ထားခြင်းနှင့် ပါတီမှတ်ပုံတင် ပယ်ဖျက်ခြင်းတို့ဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်းနှင့် ပုဒ်မ ၄၀၆ တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားချက်များနှင့်အညီ ဟောပြော ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အခြေခံဥပဒေကို ဘောင်ကျော်ခြင်း မရှိကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် အာဏာနှင့် အထူးအခွင့်အရေးကို မက်မောခြင်းကြောင့် နိုင်ငံရေးလုပ်ခြင်း မဟုတ်ကြောင်း သက်သေပြရန် စိန်ခေါ်ကြောင်း မေလ ၁၈ ရက်နေ့ မန္တလေးမြို့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် အခြေခံဥပဒေက ခွင့်ပြုထားသော ဘောင်ကို ကျော်လွန်နေသည် ဆိုသော အချက်ပါရှိသည့် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သတိပေး ညွှန်ကြားချက် တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီသို့ ပေးပို့ခဲ့သည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ ဥပဒေ ပြင် ဆင်ရေး ဟောပြောမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဝင်ရောက် သတိပေးခြင်းမှာ လုံးဝ သင့်လျော်မှု မရှိဟု NLD ပါတီက ဇွန်လ ၂ ရက်နေ့တွင် တန်ပြန် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီက ပြုလုပ်လျက်ရှိသော အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော် လွန်သော ဟောပြောမှုများ မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်း စုကြည်ထံ သတိပေးစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်ကို ၉၀ အမတ်များ ဝေဖန်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားပြုမှု၊ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်တို့ကို ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံ အမတ်ဟောင်းများက ဝေဖန်ပြောဆိုလိုက်သည်။
“၉၀ တုန်းက ကော်မရှင်က တချို့အပိုင်းတွေမှာ အပေါ်က ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပေမယ့် မှန်မှန်ကန် ကန်ရပ်တည်တယ်။ သူတို့သိက္ခာမကျအောင်အတွက် တင်းလည်းမတင်းသလို လျော့လည်းမလျော့ပါဘူး”ဟု ယင်းကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အဖြစ်ရပ်တည်ခဲ့သူ ဦးခင်မောင်ဆွေ (ယခု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ)က ပြောသည်။

ဒုတိယ ဒေါ်အောင်ဆန်းစုကြည် ပေါ်လာနိုင်ဟု ဦးတင်ဦး ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီးခေါင်းဆောင် တစ်ဦး ထပ်မံပေါ်ထွက်လာနိုင်ခြေရှိသည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဇွန် လ ၂ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

“လူကြီးတွေက နေရာဖယ်နေပါပြီ။ လူငယ်တွေ ပါဝင်လာနေကြပါပြီ။ အဲဒီထဲမှာ ဒုတိယဒေါ်အောင်ဆန်း စုကြည်လည်း ပေါ်ပေါက်လာနိုင်မယ်” ဟု ဦးတင်ဦးက ပြောသည်။

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် ၁၅ဝဝဝ ခန့်ရှိ


Photo: ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် ၁၅ဝဝဝ ခန့်ရှိ
Tuesday, June 3, 2014 

ဝေးလ်- ဝေလမြောက်ပိုင်းရှိ Glyndwr တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာဝီ လီယံက ဗြိတိန်မှာ သွေးစုပ်ဖုတ်ကောင် မြေအောက်ကွန်ရက်အဖွဲ့အစည်း တစ်ခုရှိနေပြီး သွေးသောက်သုံးသူ ၁၅ဝဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေကျေနပ်နပ်သွေး လှူသူ ၃ဝဝဝဝခန့်ရှိနေတယ်လို့လည်း သိရ ပါတယ်။ ဒေါက်တာဝီလီယံဟာ သွေးစုပ် ဖုတ်ကောင်များကို သုတေသနပြုလုပ်လေ့ လာနေသူတစ်ဦးဖြစ်ပြီး သူတို့တွေကို စိတ် ပိုင်းဆိုင်ရာပုံမှန်မဟုတ်သူ ဒါမှမဟုတ် ရူး သွပ်နေသူများလို့ မယူဆဘူးလို့ ဆိုပါတယ်။ ဒေါက်တာဝီလီယံဟာ သွေးစုပ်ဖုတ်ကောင် များရဲ့ ဆက်သွယ်မှုကွန်ရက်ကို သုတေသန ပြုလုပ်လိုပြီး သူတို့တွေကို အန္တရာယ်ရှိသူ အဖြစ် မသတ်မှတ်ဖို့နဲ့ နားလည်မှုပေးပြီး လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုပေး ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာဝီလီယံက သူတို့ရဲ့ အပြုအမူဟာ ဘာသာရေးဆိုင်ရာယုံကြည် မှုတစ်ခုဖြစ်ပြီး လူတိုင်းမှာ မတူညီတဲ့ယုံ ကြည်ချက်တွေရှိကြတယ်လို့ ဆိုပါတယ်။ ဒေါက်တာဝီလီယံက သွေးသောက်သူများ ဟာ နိုင်ငံတိုင်းမှာရှိကြပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုများတယ်လို့ဆို ပါတယ်။ သူတို့ဟာ အစုအဖွဲ့လိုက်ရှိပြီး သူ များဆီက သွေးကိုသောက်သုံးပြီး အင်အား ရယူကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ မှာ ဥပဒေစည်းမျဉ်းရှိပြီး ဘယ်သူ့ဆီက သွေးကို ယူသင့်တယ်၊ မယူသင့်ဘူးဆိုတဲ့ ကန့်သတ်ချက်များရှိတယ်လို့ ဆိုပါတယ်။ 

တချို့သွေးသောက်သူများဟာ ကြည်ကြည်ဖြူဖြူ သွေးလှူသူများရဲ့သွေး ကိုသာ သောက်သုံးကြပြီး သွေးလှူသူရဲ့ ခန္ဓာကိုယ် တချို့အစိတ်အပိုင်းတွေကသာ သွေးထုတ်ယူနိုင်ပြီး အလွန်တရာရယူခြင်း ကိုလည်း တားမြစ်ထားခြင်းရှိတယ်လို့ သိရပါတယ်။ မြေအောက်သွေးစုပ်ဖုတ် ကောင်(သွေးသောက်သုံးသူများ) အသိုင်း အဝိုင်းဟာ အလွန်လျှို့ဝှက်စွာ သိုသိပ်နေ ထိုင်ကြပြီး ချဉ်းကပ်ဖို့ခက်ခဲပေမယ့် သူ့ အနေနဲ့ သုတေသနပြုလုပ်လိုခြင်းကို သွေး စုပ်ဖုတ်ကောင်များ စိတ်ဝင်စားနိုင်တယ် လို့ ယုံကြည်တယ်လို့ ဝီလီယံကဆိုပါတယ်။

Ref: Daily Mirror 
ဝေးလ်- ဝေလမြောက်ပိုင်းရှိ Glyndwr တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာဝီ လီယံက ဗြိတိန်မှာ သွေးစုပ် ဖုတ်ကောင် မြေအောက်ကွန်ရက်အဖွဲ့အစည်း တစ်ခုရှိနေပြီး သွေးသောက်သုံးသူ ၁၅ဝဝဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းတွင် ဝန်ကြီးဌာန၏အကျင့်ပျက်ခြစားမှုများ လက်ရှိအချိန်ထိ တွေ့နေရဆဲ

 လက်ပံတောင်းတောင် စီမံကိန်းပတ်ဝန်းကျင် ရွာငါးရွာမှစစ်တမ်းကောက်ယူခဲ့သည့် အစီရင်ခံစာအရ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ အကျင့်ပျက်ခြစားမှုကို ယနေ့တိုင် တွေ့နေရဆဲဖြစ်ကြောင်း ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျူ့အဖွဲ့၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင် ခံစာတွင် ဇွန်လ ၂ ရက်ကထုတ်ပြန်လိုက်သည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားခဲ့သည့် ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျူ့အဖွဲ့က အစီ ရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ထို့နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ စာနယ်ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။

အနည်းဆုံး လုပ်ခနှုန်းထား စက်တင်ဘာတွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၌ လုပ်ငန်း နယ်ပယ်စုံတွင် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ်မည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်ပြဋ္ဌာန်းကာ လာမည့် ဒီဇင်ဘာလတွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်က ဇွန်လ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုကော်မတီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မတီတို့က သက်ဆိုင်ရာ

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

Photo: ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း
Tuesday, June 3, 2014 

ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။ 

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။ 
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။ 

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။ 

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။ 

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

ကမ္ဘာ့ ဖလား အ ဖွင့် ပွဲ တွင် နိုင်ပွဲ စတင်မည့် ဘရာဇီး

Photo: ကမ္ဘာ့ ဖလား အ ဖွင့် ပွဲ တွင် နိုင်ပွဲ စတင်မည့် ဘရာဇီး
Tuesday, June 3, 2014 

အကြိမ်(၂ဝ)မြောက် ကျင်းပမည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အိမ်ရှင် ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး လက်တင်အမေရိကနှင့် တောင်အမေရိက ဒေသကြီး နှစ်ခု၌ ဧရိယာအကျယ် ဆုံး နိုင်ငံဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘောလုံးလောက၏ စူပါပါဝါ ဘရာဇီးသည် အဝါရောင်တွင် အစိမ်းနှင့် အပြာ ရောယှက်ထားသည့် ဝတ်စုံက ၎င်းတို့၏ သင်္ကေတ ဖြစ်သည်။ ပေါ်တူဂီ ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် သုံးစွဲပြီး တစ်နိုင်ငံ လုံးက ဘောလုံးကို အရူးအမူး အားပေးကြသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံ ကျင်းပသည့် ဘရာဇီးသည် အုပ်စု(အေ)တွင် ပါဝင်ပြီး အဖွင့်ပွဲစဉ်ကို ဆော်ပေါ်လိုမြို့ရှိ အသစ်ပြန်လည် တည်ဆောက် ထားသော ပရိသတ် ၆ဝဝဝဝကျော်ဆံ့ အရီနာ ကိုရီရမ် သီရမ်ကွင်း၌ ဇွန် ၁၃ရက် မြန်မာ စံတော်ချိန် နံနက် ၂နာရီခွဲတွင် ခရိုအေးရှား အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

ဘရာဇီး အသင်းတွင် အားထားရသော ဆီဆာ၊ သီယာဂို ဆေးဗား၊ ဒေးဗစ်လူးဝစ်၊ မာဆယ်လို၊ ရာမီးရက်စ်၊ အော်စကာ၊ ဝီလီယံ၊ ဟော့စ်နှင့် နေမာ တို့ကို အဓိက ထားပွဲထွက် လာဖွယ် ရှိသည်။

၂ဝ၁၃ ခုနှစ်အတွင်း ခြေစမ်းပွဲ ၁၄ပွဲ ကစားထားရာ ရှစ်ပွဲနိုင်၊ လေးပွဲသရေ နှစ်ပွဲရှုံး ထားသည်။ ဘရာဇီးကို ၂ဝဝ၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့သော တစ်ကျော့ပြန် နည်းပြ စကိုလာရီကလည်း ချန်ပီယံဆု ထပ်ယူပေးမည်ဟု ကြွေးကြော် ထားပေ သည်။

ခရိုအေးရှား အသင်းသည် ယူဂိုဆလား ဗီးယားမှ ခွဲထွက်ပြီး စတင် ယှဉ်ပြိုင်သည့် ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တတိယ ဆုကို ရယူသွားခဲ့သည်။ ၂ဝဝ၂၊ ၂ဝဝ၆ ပြိုင်ပွဲတွင် အောင်မြင်မှု မရသလို ၂ဝ၁ဝ ကမ္ဘာ့ဖလား၌ ခြေစစ်ပွဲ မအောင်ခဲ့ပေ။ သို့သော် ခရိုအေးရှား အသင်းကို ဘောလုံး လောကတွင် တိုးတက်မှု အမြန်ဆုံးဟု အားလုံးက သတ်မှတ်ထားကြသည်။ ခြေစစ်ပွဲ ၁၂ပွဲ ဖြတ်သန်းလာမှုတွင် ခြောက်ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံး ထား သည်။ အဓိက ကွင်းလယ် ကစားသမား မိုဒရစ်၊ ကိုဗာချစ်၊ ရာကီတစ်နှင့် တိုက်စစ်မှူး မန်ဇူးကစ်တို့ ဦးဆောင်မှုဖြင့် နည်းပြနီကိုကို ဗစ်၏ လူငယ် ဦးစားပေး အခင်း အကျင်း နှင့် အိမ်ရှင် အသင်းကို ရင်ဆိုင်မည် ဖြစ်သည်။

ခရိုအေးရှားနှင့် ဘရာဇီး အသင်းသည် နှစ်ကြိမ်သာ ဆုံဖူးရာ ၂ဝဝ၅ခုနှစ် ခြေစမ်းပွဲတွင် တစ်ဂိုးစီသရေ၊ ၂ဝဝ၆ ဂျာမနီ ကမ္ဘာ့ဖလား အုပ်စုအဆင့်၌ ၁ဂိုး- ဂိုးမရှိဖြင့် ဘရာဇီး နိုင်ထားသော မှတ်တမ်း ရှိနေသည်။ ကမ္ဘာ့ ဖလားဟု ဆိုလိုက်သည်နှင့် အမြဲတမ်းထိပ်ဆုံး၌ ရပ်တည်နေသော ဘရာဇီးသည် အဝါရောင် ပရိသတ်များ လွှမ်းခြုံ နေမည့် အဆိုပါ အဖွင့်ပွဲတွင် နိုင်ပွဲဖြင့် စတင်ကာ တာထွက်ကောင်းရေး စွမ်းဆောင်သွားမည် ဖြစ်ပါသည်။ ။

အောင်ချိုငြိမ်း
မြ၀တီ
အကြိမ်(၂ဝ)မြောက် ကျင်းပမည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အိမ်ရှင် ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး လက်တင်အမေရိကနှင့် တောင် အမေရိက ဒေသကြီး နှစ်ခု၌ ဧရိယာအကျယ် ဆုံး နိုင်ငံဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘောလုံးလောက၏ စူပါပါဝါ ဘရာဇီးသည် အဝါရောင်တွင် အစိမ်းနှင့် အပြာ ရောယှက်ထားသည့် ဝတ်စုံက ၎င်းတို့၏ သင်္ကေတ ဖြစ်သည်။ ပေါ်တူဂီ ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် သုံးစွဲပြီး တစ်နိုင်ငံ လုံးက ဘောလုံးကို အရူးအမူး အားပေးကြသည်။

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်

Photo: သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်
Tuesday, June 3, 2014 

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    
အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။
    
ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံဆည်များသို့ သံလွင်မြစ်ရေထည့်သွင်းနိုင်မည့် တူးမြောင်း၏ အရှည်မှာ ၈၈ ကီလိုမီတာရှိမည်ဖြစ်သည်။ သံလွင်ရေကို တူးမြောင်းဖြင့် ထိုင်းနိုင်ငံ Yuam River တွင်ရှိသော Maw Lama Laung ဆည်သို့ပေးပို့၍ ယင်းဆည်မှတစ်ဆင့် Chaoph ara ပေါ်ရှိ ဘူမိဘောဆည်သို့ ပေးပို့မည်ဖြစ်သည်။ ထိုသို့ပေးပို့မည့် သံလွင်ရေသည် တစ်စက္ကန့်လျင် ကုဗမီတာ ၃၀၀၀ ပမာဏဖြင့် စီးဆင်းမည်ဖြစ်သည်။ ယခုလက်ရှိ သံလွင်မြစ်၏ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၄၈၇၆ နှုန်းဖြင့် စီးဆင်းနေသည်။ ရေလွှဲမြောင်းဖြင့် လွှဲပေးရသော သံလွင်ရေသည် ဘူမိဘောဆည်သို့ တစ်စက္ကန့်တွင် ကုဗမီတာ ၃၀၀၀ နှုန်းဖြင့် စီးထွက်မည်ဖြစ်ပြီး ယင်းစီးထွက်နှုန်းမှာ ရေအားလျှပ်စစ်ပင်ထုတ်ယူနိုင်သည့် ပမာဏတွင်ရှိနေကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
"သံလွင်မြစ်ရေကို ထိုင်းကိုပို့ပြီး ရောင်းချမယ်ဆိုတာကို ၂၀၀၈ ခုနှစ်လောက်ကတည်းက နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တယ်။ သံလွင်နဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေမှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သိခဲ့ရတယ်။ ဒါပေမဲ့ အစိုးရဘက်က တရားဝင်ဖြေကြားမှုမရှိဘူး။ လွှတ်တော်မှာဖြေတော့လည်း ဆည်စီမံကိန်း ခြောက်ခုပဲပါတယ်။ အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ဖို့လိုတယ်။ ဟတ်ကြီးဆည်မှာ EIA, SIA ကို  ချူလာလောင်ကွန်က လုပ်ထားတာရှိတယ်။ ကွမ်းလုံမှာဆို SIA လုပ်တာ မရှိသလောက်ဖြစ်နေတယ်။ ဟတ်ကြီးဆည်စီမံကိန်းမှာဆိုရင် မြန်မာနိုင်ငံအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းပဲရမှာဖြစ်ပြီး ထိုင်းနိုင်ငံက ၈၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ယူသွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်တွေက ခွဲယူရမယ့်အချိန်မှာ ဒီပမာဏက အရမ်းနည်းနေတယ်" ဟု ပါမောက္ခဦးညိုမောင်ကဆိုသည်။
    
ထိုသို့ လုပ်ဆောင်သည့်အတွက် သံလွင်မြစ်အောက်ပိုင်းထိခိုက်မှုမှာ မတွေးရဲစရာဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါစီမံကိန်းကို မည်သည့်ရည်ရွယ်ချက်နှင့် လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းလုပ်ဆောင်ပါက ပြင်ဆင်ရန်လိုအပ်နေပြီး မှားနေပါလျက် ပြင်ဆင်နိုင်မှုမရှိပါက ဆိုးကျိုးများစွာကို အကျိုးဆက်ရလဒ်အဖြစ်ခံရမည်ဖြစ်ပြီး ယင်းလုပ်ရပ်မှာ မြန်မာနိုင်ငံအတွက် အမျိုးသားရေးအန္တရာယ်အဖြစ် ကာကွယ်ရန်လိုအပ်ကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
"သံလွင်မြစ်ရေကို ထိုင်းဘက်ကို လွှဲပို့တယ်ဆိုတာနဲ့ မြစ်ကြောင်းထိခိုက်မှာက တော်တော့်ကိုထိခိုက်မှာပါ။ ကမ္ဘာပေါ်မှာ ရေချိုရှိတာက သုံးရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီပမာဏက ရေခဲတောင်ကနေရမဲ့ပမာဏပါ။ ဒီလိုရမယ့်ရေက ရာသီဥတုကြောင့် ကုန်ခမ်းသွားမယ်။ ဒီတော့ ကျွန်တော်တို့ထိန်းသိမ်းရမယ့် ရေချိုက မြစ်ချောင်းတောတောင်တွေကနေ စီးဆင်းလာမယ့်ရေချိုကိုပဲ ထိန်းသိမ်းရမှာပါ။ နောက်ဆိုရင် ကမ္ဘာမှာ ရေချိုရှားတဲ့ပြဿ     နာကို ရင်ဆိုင်ရမှာမို့လို့ ဒီရေချိုသွယ်တန်းမဲ့ကိစ္စကို နိုင်ငံ့ထိပ်တန်းအနေနဲ့ထည့်ထားတာ။ ဒီလိုအနေအထားမှာ ကျွန်တော်တို့က ရေကိုပေးသွယ်ဆိုရင် ရေပုံမှန်ရနေတဲ့ ဘီလူးကျွန်းတို့လိုနေရာတွေမှာ ဆားငန်ရေပေါက်မယ်။ ဆားငန်ရေပေါက်ပြီဆိုတာနဲ့ စိုက်ပျိုးရေးတွေပျက်ပြီး စားစရာမရှိဖြစ်သွားမယ်။ ဆားငန်ရေ၀င်လာတဲ့အတွက်ကြောင့် ရေချိုပျောက်သွားမယ်။ ရေချိုပျောက်သွားပြီဆိုတာနဲ့ ဘီလူးကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်ကလူတွေနဲ့ မော်လမြိုင်မှာရှိတဲ့လူတွေ စုစုပေါင်း တစ်သန်းကျော်လောက်ရှိတယ်။ အဲ့ဒီပြဿ     နာကို ဘယ်သူဖြေရှင်းပေးမလဲ။ ဒီစီမံကိန်း အကျိုးအမြတ်က အစိုးရကရမယ်။ ထိခိုက်မှာက ပြည်သူတွေကထိခိုက်မယ်။ ဒီလိုမျိုး ရေချိုမရ၊ စားသောက်စရာအတွက် စိုက်ပျိုးလို့မရတဲ့ ပြဿ     နာကြောင့် လူတွေအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေးပြဿ     နာတွေ ဖြစ်လာမယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြဿ     နာပါ။ ထိခိုက်မှာသေချာပါတယ်" ဟု စောသာဘိုးကဆိုသည်။
    
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်း၍ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာရေအားလျှပ်စစ်စီမံကိန်းများအား ပြန်လည်သုံးသပ်သင့်ကြောင်း Karen Rivers Watch အဖွဲ့မှ စောသာဘိုးနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြားသည်။    
    
"ဒီကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူး။ အစိုးရအနေနဲ့ စီမံကိန်းတစ်ခုပဲလုပ်လုပ် ဘာပဲလုပ်လုပ် EIA, SIA လုပ်ရမယ်။ ဒီလိုမလုပ်ခင်မှာလည်း လူထုရဲ့သဘောထားအမြင်ကို ကောက်ခံရမယ်။ ဒီလိုလုပ်မယ့်အပေါ်မှာ လူထုက သဘောတူသလားဆိုတာကို စစ်တမ်းကောက်ရမယ်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့်သူတွေက သဘောတူပြီဆိုမှ ဒုတိယအဆင့်ဖြစ်တဲ့ EIA, SIA လုပ်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်မလဲ၊ မြစ်ကြောင်းပြောင်းလဲမှုကို ဘယ်လောက်အထိ ဆိုးရွားစေမလဲ။ လူဦးရေဘယ်လောက်အထိ ထိခိုက်မလဲ။ ထိခိုက်မယ့်လူတွေရဲ့ စိတ်ခံစားမှုက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်လဲဆိုတဲ့ သုတေသနကို သေသေချာချာလုပ်ရပါမယ်။ ဒီလိုလုပ်ပြီးလို့ အဆင်ပြေပြီ ထိခိုက်မှုကနည်းတယ်။ နိုင်ငံအတွက် အကျိုးအမြတ်အရမ်းများတယ်ဆိုမှ လုပ်သင့်တယ်။ လုပ်တော့မယ်ဆိုရင် လူတွေက ရွှေ့ပြောင်းရဦးမယ်။ ဒီလိုမျိုးရွှေ့ပြောင်းတော့မယ်ဆိုရင် ရွှေ့ပြောင်းခံရမယ့်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ကို ရေရှည်အဆင်ပြေအောင် ဖန်တီးပေးနိုင်ဖို့လိုတယ်။ ဒီလို အားလုံးလုပ်ပြီးရင် ကမ္ဘာမှာ ရေကာတာဆောက်လုပ်မယ့်ကုမ္ပဏီတိုင်း လိုက်နာရမယ့် RASG Policy ဆိုတာရှိတယ်။ သူ့ရဲ့ မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ရေကာတာက ဘာမှထိခိုက်စရာမရှိဘူး။ သူတို့က အဲ့ဒီလိုမလုပ်ဘဲနဲ့ တိုးတိုးတိတ်တိတ်လုပ်တယ်။ ဘူမိဘောကို ရေပို့မယ့် ဟက်ကြီးစီမံကိန်းကိုလည်း ပြည်သူကိုထုတ်မပြောဘဲ မြှုပ်ထားတယ်။ ဒီလိုမြှုပ်ထားပြီး ဘွားခနဲပေါ်လာပြီး ဒီစီမံကိန်းကို လုပ်မယ်ဆိုတာမျိုးက လူထုကိုမလေးစားဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံဆိုပေမယ့် မပွင့်လင်းဘူးဆိုတာကို သူတို့ဒီဟာနဲ့သက်သေပြတာပါ" ဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် KESAN သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။
    
ကီလိုမီတာ ၂၈၂၀ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ခ)မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာတို့ဖြစ်ကြောင်း သိရသည်။
    
အဆိုပါစီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation ၊ China Three Corporation ၊ China Datang Over Seas Investment၊ Sinohytro ၊  ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
    
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းခြောက်ခုမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အားအနည်းငယ်ကို မည်သို့ဖြန့်ဝေသုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့် အစီအစဉ်မရှိသည့်အပြင် ပြည်သူလူထု မည်မျှအကျိုးခံစားရမည် မည်သို့ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်းမရှိကြောင်း သဘာဝပတ်ဝန်းကျင်အရေးများအား လုပ်ဆောင်နေသည့် သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်ကဆိုသည်။
    
အထက်ပါ စီမံကိန်းများအနက် ကရင်ပြည်နယ်တွင် အဆိုပြုထားဆဲဖြစ်သည့် ဒင်းဝက်ဆည်နှင့် ၀ဲကြီးဆည်မပါဝင်သေးဘဲ လတ်တလောတွင် ရှမ်းပြည်နယ်အထက် သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအား မြန်မာပြည်သူများနှင့် အမှန်တကယ်ထိခိုက်မည့် သံလွင်မြစ်အား မှီခိုနေရသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဒေသခံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမှုမရှိဘဲ Asia World  နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Hanergy Group Holding Ltd တို့အား လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။  

Eleven Media Group 

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ် 
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။

နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး

Photo: နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး
Tuesday, June 3, 2014

နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ် များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက 
ယခု တိုက်ခိုက်မှု ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

သို့သော်လည်း Channel News Asia သတင်းဌာနကမူ ဗုံးပေါက်ကွဲမှုမှာ အာဒါမာဝါပြည်နယ်ရှိ၊ မူဘီမြို့မှ ဘောလုံးကွင်းတစ်ခုတွင် ဖြစ်ပွားခြင်းဟု ရေးသားထားခဲ့သည်။

အာဒါမာဝါသည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသ၌ ဘိုကိုဟာရမ်တို့ အဓိက လှုပ်ရှားနေသည့် ပြည်နယ်(၃)ခုအနက် (၁)ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက နိုက်ဂျီးရီးယား တစ်နိုင်ငံလုံးတွင် ဘိုကိုဟာရမ်တို့၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ(၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။ “တနင်္ဂနွေနေ့ ညနေပိုင်းက မူဘီမှာ ဗုံးပေါက်ကွဲပါတယ်။ ဘောလုံးကွင်း တစ်ကွင်းနားမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ(၄၀)လောက် သေဆုံးသွားပါတယ်”ဟု မြို့၏ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက အမည်ဖော်မပြဘဲ ပြောဆိုသွားသည်။

မူဘီ ရဲတပ်ဖွဲ့ကမူ ဗုံးထောင်ထားသူသည် ဒေသတွင်း ကလပ်အသင်းအဆင့် ပွဲစဉ်တစ်ခုကို ကြည့်ရှုပြီး ဘောလုံးကွင်းမှ ပြန်ထွက်လာသည့် ပရိသတ်များကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ သေဆုံးသူများအနက် ဘောလုံးသမားများ ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆေးရုံနှင့် ရဲဘက်မှ တာဝန်ရှိသူများက ထိခိုက်သူ အများစုသည် ပရိသတ်များသာဖြစ်ကြောင်း အတည်ပြုထားပြီး အမျိုးသမီးနှင့် ကလေးအချို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Planet News Myanmar
နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ် များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက 
ယခု တိုက်ခိုက်မှု ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

သို့သော်လည်း Channel News Asia သတင်းဌာနကမူ ဗုံးပေါက်ကွဲမှုမှာ အာဒါမာဝါပြည်နယ်ရှိ၊ မူဘီမြို့မှ ဘောလုံးကွင်းတစ်ခုတွင် ဖြစ်ပွားခြင်းဟု ရေးသားထားခဲ့သည်။

ပုတီးကုန်းအထက်တန်းကျောင်း၌ ဝရန်တာအောက်ရက်မ ကျိုးကျခဲ့သဖြင့် ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာရ ခါးရိုးဆစ်ကျိုးသွားသည့် ကျောင်းသူတစ်ဦးအပါအဝင် အတွင်းလူနာ ၇ ဦး၊ ပြင်ပလူနာ ၁၀ ဦး ဆေးဝါးကုသမှုခံယူလျက်ရှိ

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်မောင်းနှင်ပါက ယာဉ်မောင်းအပြင် အုံနာများပါ အရေးယူခြင်းခံရမည်

Photo: ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်မောင်းနှင်ပါက ယာဉ်မောင်းအပြင် အုံနာများပါ အရေးယူခြင်းခံရမည်
Tuesday, June 3, 2014 

Credit to MOI

ရွှေတြိဂံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိကအကြောင်းကြောင့် ဖြစ်ကြောင်း TNI Report တွင်ဖော်ပြ

Photo: ရွှေတြိဂံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိကအကြောင်းကြောင့် ဖြစ်ကြောင်း TNI Report တွင်ဖော်ပြ 
Tuesday, June 3, 2014 

ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများ နှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်းလည်း (Transnational Institute -TNI) ၏ Bouncing back relapse in the golden triangle Report တွင်ဖော်ပြထားချက်များအရ သိရသည်။               

အလားတူ ရွှေတြိဂံဒေသအတွင်းရှိ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံများအနက် မြန်မာနှင့် လာအိုနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်မှစ၍ နှစ်ဆမြင့်တက်လာခဲ့ကြောင်း အဆိုပါ Report တွင်ဖော်ပြ ထားချက်များ အရသိရသည်။ ၂၀၁၃ ခုနှစ်အတွက် UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံတည်း၏ ထုတ်လုပ်မှု ဟက်တာ ၅၇၀၀၀ ရှိပြီး၊ လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၄၀၀၀ နှင့် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၂၆၀ ဖြစ်ကြောင်း သိရသည်။                

အဆိုပါ စစ်တမ်းအတွင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ၊ ထိုင်း၊ လာအိုတို့ ချိတ်ဆက်နေသော ရွှေတြိဂံဒေသနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်တိုးတက် လာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာသည့် အနေအထားသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့နှင့် ချိတ်ဆက်ပြီး တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြင့်တက်လာသည့် အနေအထားသည် ဒေသတွင်း ကျင့်သုံးနေသော မူးယစ်ဆေး ထိန်းချုပ်ရေးမူဝါဒနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ချမှတ်ထားသော မူဝါဒဖြစ်သည့် ၂၀၁၅ တွင် မူးယစ်ဆေးဝါး ကင်းရှင်းသည့်ဒေသ (drug free zone) ဖြစ်ပေါ်လာရေးဆိုသည့် မူဝါဒများအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာကြောင်းလည်း အဆိုပါ စစ်တမ်းတွင် သုံးသပ်တင်ပြထားသည်။ အထူးသဖြင့် ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါးဈေးကွက် ကြီးထွားလာမူသည် အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်၍ ကြီးထွားလာခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း၏ စိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာပြည်မှ လိုအပ်ချက်နှင့် ချိတ်ဆက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံသည် ဘိန်းဖြူထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများကို အဓိက ထောက်ပံ့ပေးနေသော နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် လိုအပ်သော (ATS- Amphetaminetype Stimulants) တို့ကို ထုတ်လုပ်ပေးနေ သောကြောင့်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ရွှေတြိဂံဒေသသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက်ရှိပြီး TNI နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီတို့မှ ရရှိထားသော ကိန်းဂဏန်းများအရ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း သိသိသာသာ တိုးတက်လာကာ အထူးသဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသသည် အများဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများနှင့် ကချင်ပြည်နယ် တို့တွင်လည်း စိုက်ပျိုးမှုများရှိကြောင်း သိရသည်။

UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့၏ စုစုပေါင်း ထုတ်လုပ်မှုသည် ၂၀၀၆ ခုနစ်တွင် ၂၄၀၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၅၈၀၀၀ အထိရှိလာကြောင်း ယင်းအနက် ထိုင်းနိုင်ငံထုတ်လုပ်မှုမှာ ဟက်တာ ၂၀၀ မှ ၃၀၀ အထိသာရှိကြောင်း သိရသည်။ အရှေ့တောင်အာရှ ဒေသသည် ၁၀ စုနှစ်ကြာ ကျဆင်းခဲ့သည့် အနေအထားမှ ယခုတစ်ဖန် ပြန်လည်မြင့်တက်လာပြီး ၂၀၁၂ ခုနှစ်အတွက် UNODC ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံး ထုတ်လုပ်မှု ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံသည်  အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြင့်တက်နေရသည့် အကြောင်းရင်းမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး တိုင်းရင်းသား ဒေသများ တွင် ပဋိပက္ခများ မြင့်တက်နေမှုနှင့်၊ မူးယစ်ဆေးဝါးဈေးကွက်ရှိနေမှု၊ ရာဇ၀တ်မှုများနှင့် အကျင့်ပျက်ခြစားမှု၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒေသတွင်း အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တရုတ်နိုင်ငံရဲ့ ဘိန်းဖြူလိုအပ်ချက်ကို မလျှော့ချနိုင်ဘူးဆိုရင် ဒေသတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားစရာ အကြောင်းမရှိပါဘူး” ဟု အဆိုပါ စစ်တမ်းအား ဦးဆောင်ရေးသားသူ Tom Kramer က ပြောကြားခဲ့သည်။

Eleven Media Group
ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများ နှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်းလည်း (Transnational Institute -TNI) ၏ Bouncing back relapse in the golden triangle Report တွင်ဖော်ပြထားချက်များအရ သိရသည်။