Sunday, September 16, 2012

အမေရိကန်၏ သွင်းကုန်ပိတ်ဆို့ အရေးယူမှုမရှိသင့်တော့ ကြောင်း ဦးတင်ဦးပြော

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ဆို့ အရေးယူမှု သည် ယခု လက်ရှိအခြေအနေတွင် မရှိသင့်တော့ဟု မိမိအနေဖြင့် ယူဆထားကြောင်း NLD နာယက ဦးတင်ဦးကပြောသည်။
အမေရိကန်သို့ 
ထွက်ခွာ မည့် ဒေါ်အောင်ဆန်းစုကြည် အား လေဆိပ်တွင်လာရောက်နှုတ်ဆက်သော ဦးတင်ဦးက " ဒါ ( ပိတ်ဆို့ မှု ) ဟာ သူတို့ ( အမေရိကန် ) ရဲ့ မူမဟုတ်ဘူး။ အခြေအနေတွေ အကြောင်းကြောင်းတွေကြောင့်သာ ပိတ်ဆို့ မှု ချမှတ်ထားရတာ။ အခုအခြေ အနေက ဆက်ပြီးကောင်းဖို့ ပဲရှိတော့တာ ဆိုတော့ မရှိသင့်တော့ဘူးလို့ ကျွန်တော်ကတော့ ယူဆတယ်။ " ဟုပြောသည်။

သင့်ဝမ်း (မစင်) က ပြောပြနိုင်သည့် သင့်ကျန်းမာရေး


တချို့လူတွေမှာ တစ်နေ့ ဝမ်းနှစ်ကြိမ်သွားတာ ပုံမှန်ဖြစ်နေပေမယ့် တချို့လူတွေမှာ တစ်ပတ် နှစ်ကြိမ်သာ ဝမ်းသွားတာလည်း ပုံမှန်ပါပဲ။  ဇီဝရုပ် ဖြစ်ပျက်နှုန်း နှေးသူတွေဟာ အူမကြီး လှုပ်ရှားမှုလည်း နှေးကွေးတာကြောင့် ဝမ်းသွားတဲ့ အကြိမ်ရေလည်း နည်းတတ်ပါတယ်။ သင်ရဲ့ ပုံမှန်ဝမ်းသွားတဲ့ အကျင့်ဟာ ဘာလဲဆိုတာ သင်သိထားဖို့ လိုအပ်ပြီး ပြောင်းလဲမှုတွေကို သတိထားရပါမယ်။

ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလားနှင့် မြန်မာတို့ မူးယစ်ဆေးဝါးနှိမ်နင်းရန် ပျက်ကွက်ဟု ဝါရှင်တန်ပြောကြား

(Business Recorder မှ 15 September 2012 ရက်စွဲပါ“ Bolivia Myanmar, Venezoela Failing drug wav:US” သတင်းကို ဘာသာပြန်ဆိုသည်)
အမေရိကန်ပြည်ထောင်စုက မြန်မာ၊ ဘိုလစ်ဗီးယားနှင့် ဗင်နီဇွဲလားနိုင်ငံများကို မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့်ပတ်သက်သည့် နာမည်ပျက်စာရင်းတွင် ဆက်လက်ထည့်သွင်းထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနယ်ပယ်တွင် အကူအညီရယူရန် စိတ်ဝင်စားမှုကိုပြသနေသည်ဟု သောကြာနေ့က ပြောကြားလိုက်သည်။

 အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ

7504
တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ ခဲ့ကြောင်း တိုင်ကြား ခဲ့သည့် မိသားစုဝင် များ၏  ပြောကြား ချ က်အရ သိရှိရသည်။
စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင် ဆေးကုခ န်းရှေ့ ရှိ မြန်မာ့ရိုးရာ ထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်ြး ဖစ်သူ ကိုတင်မောင်ဆွေ(အသက် ၃၆ နှစ်)ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် နေ့ည ၁၁ နာရီအချိန်ခန့်တွင် လူကိုးဦးခန့်က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်

ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား

၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး သေနတ်ပစ် ခံရသောကြောင့် သေဆုံးသည့်ဖြစ်ရပ်ဖြစ်သည်။

မြန်မာနှင့်ဆက်ဆံရေးရင်းနှီးစေရန် တရုတ်အားထုတ်

(UPI သတင်းမှ 14 Sept 2012 ရက်စွဲပါ  “China seeks Closer Relation with Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်ထိပ်တန်းလွှတ်တော်အမတ် က နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက် ကောင်းမွန်စေရန် အဆိုပြုချက်များ ကမ်းလှမ်းထားသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သည်။တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဌ ဝူဘန်ဂူက နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကြိုးပမ်းမှုများနှင့် နှစ်နိုင်ငံ အကြား ဖက်စပ်စီမံကိန်းကြီးများချောချောမွေ့မွေ့  ဖြစ်ထွန်းရေးကို တောင်းဆို တိုက်တွန်းခဲ့သည်ဟု Xinhva သတင်းက ဆိုသည်။

နိုင်ငံရေးဇာတ်ခုံပေါ်က ဓမ္မနှင့် အဓမ္မ

ထက်မြတ်
စက်တင်ဘာ ၁၅ ရက်နေ့ထုတ် First Weeklt Journal မှ ဆောင်းပါးရှင်ထက်မြက်ဆောင်းပါးမှ ကောက်နှုတ်ချက်
ဂရိဒဿနိကပညာရှင်အရစ္စတိုတယ်က လူသည်နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်ဟု သူ၏ နိုင်ငံရေးဆိုသောကျမ်း တွင် ရေးသားခဲ့ဖူးသလို ဂျာမန် နိုင်ငံရေးသမားလည်းဖြစ် ၀န်ကြီးချုပ်လည်းဖြစ်ခဲ့ဖူးသော ဘစ်စမတ် က ၁၈၈၄ ခု မတ်လ ၁၅ ရက်တွင် “နိုင်ငံရေးသည် သိပ္ပံပညာတစ်ခု မဟုတ်၊ နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်သည်ဟု ရစ်ခ်ျစတတ်လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့ဖူးလေသည်။ လူ့သမိုင်းဖြစ်ပေါ်မှုတွင် နိုင်ငံများ ပေါ်ပေါက်လာခြင်း လူတို့၏ အသိရေချိန်တိုးတက်လာခြင်း စသောဖြစ်ထွန်းတိုးတက်မှုများအောက်၌ နိုင်ငံရေးစတင်ဆောင်ရွက်လာသည်။ နိုင်ငံရေး ဆိုသော ဝေါဟာရ

ပာားဗက်တက္ကသိုလ်၏အမျိုးသားပြန်လည်သင့်မြတ်ရေးဆု နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိမည်

အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော် ပာားဗက်တက္ကသိုလ်မှ ကျောင်းသားပောာင်းများဖြင့် တည်ထောင်ထားသည့် TranNhan Tong အကယ်ဒမီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ အားအမျိုးသား ပြန်လည်သင့်မြတ်ရေးဆုကို ပူးတွဲပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

အမေရိကန်နိုင်ငံကို ရက်အတန်ကြာ သွားမယ့် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဒီညနေ ၇ နာရီ မထိုးခင် ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပါတယ်။



မြန်မာအစိုးရက ဦးခွန်ထွန်းဦးကို ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဝင် အဖြစ် အမည်စာရင်းတင်သွင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာအစိုးရက အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ-၁၆ကမာရွတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဟံသာရိပ်မွန်အိမ်ရာ၊ စံပယ်မာဃလမ်းရှိ ခြောက်ထပ်တိုက်၊ ခြောက်လွှာနောက်ဖေးအရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍
ယနေ(့စက်တင်ဘာ ၁၆ရက်)ညနေသုံးနာရီခွဲခန့်က အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

ပျူမြို့များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မဝင်ဆုံးဖြတ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅ မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ် သည့် ပျူ မြို့ ဟောင်းများ ကို ၂၀၁၄ ဇွန်၊ ဇူလိုင်လတွင် UNESCO မှဦးစီး ကျင်းပမည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်း အဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း စက်တင်ဘာ ၁၅ ရက် နေ့တွင် ကျင်းပသော ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရေး အတွက် ကြီးကြပ် ညှိုနိ
ှုင်းရေး အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရန် ရေးသားထားသော မူကြမ်းကို ညှိုနှိုင်း စီစစ် အတည် ပြုနိုင် ရန်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးစီးသော ပြည် တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များက လိုအပ် သည် များကို ပြင်ဆင်တည်းဖြတ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်းပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ထပ်လောင်း ပြောကြားသည်။

iPhone 5 ပြည်တွင်းမှာ အသုံးပြုလို့ မရ

iPhone 5မှာ အသုံးပြုထားတဲ့ Nano-SIM cardဟာ ယခု လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Standard SIM cardထက် ၄၀ ရာခိုင်နှုန်း ပိုမို သေးငယ်သွားပါတယ်။ Mirco Simလို Cutterနှင့်ညှပ်ပြီးတာေ တာင် ၁၅% ပိုထူနေသေးသည့်အတွက်ကြောင့် ပိုမို ကျဉ်းမြောင်းလာသည့် SIM card ထည့်သွင်း အသုံးပြုရမည့် နေရာနှင့် အဆင်ပြေမည်မဟုတ်ဟု ဆိုပါသည်။ ထို့အတွက် iPhone 5ကို မြန်မာပြည်မှာ ၀ယ်ယူ သုံးစွဲမယ်ဆိုရင်တောင်မှ SIM card ထည့်သုံးဖို့အတွက် အခက်အခဲ ဖြစ်မှာမို့လို့ မြန်မာ့ဆက်သွယ်ရေးမှ Nano-SIM cardကို ထုတ်လုပ်မှသာ iPhone 5ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ iPhone 5ကို အသုံးပြုလို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် iPhone 5ကို စဉ်းစားချင့်ချိန် ၀ယ်ယူသင့်ကြောင်း အသိပေး ပြောကြားလိုက်ပါတယ်။
သတင်း-Myanmar ICT Journal
Posted By Admin-KMO

အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ

အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ စက်တင်ဘာလ ၁၆ ည ၇ နာရီ တွင် ထွက်ခွာမည့် ပြည်ပခရီးစဉ် အား ပို့ ဆောင် နှုတ်ဆက်မည့် သူများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့  ညနေ ၆ နာရီ မိနစ် ၂၀ ခန့် တွင်တွေ့ ရစဉ်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ ထောက်လှမ်းရေးအဖွဲ့

စစ်အစိုးရခေတ်က black list ခေါ် အမည်မည်းစာရင်းထဲမှာ ထည့်ထားသူ ၆၀၀၀ ကျော်ထဲက ၂၀၀၀ ကျော်ကို စာရင်းက ပယ်ဖျက်လိုက်ကြောင်း လွန်ခဲ့တဲ့ လနှောင်းပိုင်းက အစိုးရက ကြေညာပါတယ်။ မိမိလက်လှမ်းမမှီတဲ့ နိုင်ငံခြားနေပုဂ္ဂိုလ်တွေကို အမည်မည်းစာရင်းမှာ ထည့်သွင်းတာ စစ်ထောက်လှမ်းရေးဌာနရဲ့  အလုပ်တခု ဖြစ်ပါတယ်။ စစ်အစိုးရခေတ်က ဖိနှိပ်ညှဉ်းပမ်းရေး ယန္တယားထဲမှာ စစ်ထောက်လှမ်းရေးဟာ အဓိကပါဝင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ ထောက်လှမ်းရေးဟာ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်ပြုတ်သွားတဲ့အထိ စစ်တပ်နိုင်ငံရေးမှာ အချက်အခြာနေရာက ပါဝင်ခဲ့ပါတယ်။

တွစ်တာခေတ်ကို ဆောင်းပါးရှည်တွေအသားပေးဖော်ပြတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ထူထောင်နိုင်ဖို့ ကြိုးစားလာကြ


Noah Rosenberg ကို ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဒေသတွင်း သတင်းစာတွေ ပျက်သုဉ်း လုနီး ဖြစ်လာတဲ့အချိန်မှာ တွစ် တာခေတ်ဟာ ဆောင်းပါးရှည်တွေ ဇာတ်သိမ်းသွားအောင်များ လုပ်နေ ပြီလား။ နယူးယော့ခ်တိုင်း(မ်)က သတင်းထောက်လေးတစ်ယောက် ကတော့ ဆောင်းပါးရှည်တွေအသားပေးဖော်ပြတဲ့ ၀က်ဘ် ဆိုက်တစ်ခု ကို ထူထောင်နေပါတယ်။

အနုပညာကိုဗန်းပြပြီး လိမ်လည်သူများ ရှိနေသည်ဟု အစည်းအရုံးဥက္ကဋ္ဌပြော

ရုပ်ရှင်၊ ဗီဒီယိုလောကထဲတွင် အနု ပညာလုပ်ငန်းကို ဗန်းပြကာ လိမ်လည် ငွေတောင်းနေသည့် ဒါရိုက်တာများ ရှိနေသည်ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌမှ ပြောသည်။ လိမ်လည်သူများသည် သရုပ်ဆောင် ဖြစ်လိုသူများကို ပညာပေးဇာတ်လမ်းများ ရိုက်ကူး ပေးမည်ဟုဆိုပြီး ဆွဲဆောင် ခဲ့ကြခြင်းဖြစ်သည်ဟု ဦးဇင်ဝိုင်းမှ ပြောသည်။

ဘူးသီးတောင် - မောင်တောမြို့နယ်တွင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် (၃) ရက်ကြာ မေးမြန်းစစ်ဆေး

ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က အကြမ်းဖက် စတင်ဖြစ်ပွားခဲ့သော အခြေအနေမှန်ကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားခဲ့သော (၂၇) ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ တနင်္လာနေ့က ဘူးသီးတောင်-မောင်တောမြို့နယ်သို့ ဆိုက်ရောက်လာပြီး ရခိုင်-ဘင်္ဂလီအကြား (၃) ရက်တိုင်တိုင် မေးမြန်းမှုများအား ပြုလုပ်ခဲ့ပြီး မှတ်တမ်းများ ယူဆောင်သွားခဲ့ကြောင်း မောင်တောမှ သတင်းပေးပို့သည်။

့ စိတ်ဝေဒနာရှင် တစ်ဦးကြောင့် အမျိုးသမီးတစ်ချို့ ကာယိအိနြေ္ဒပျက်

ရန်ကုန်၊ စက်တင်ဘာ ၁ ရက်  ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်တို့တွင် ယခုလ ၁၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစ၍ အသက်၃၀ကျော် အရွယ် စိတ်ဝေဒနာရှင် တစ်ဦး ရောဂါဖောက်ကာ သောင်းကျန်းခဲ့၍ ခရီးသွား အမျိုးသမီး နှစ်ဦးထက် မနည်း ကာယိအိနြေ္ဒ ပျက်ယွင်း ခဲ့ရကြောင်း ယင်းလမ်းနေသူ မျက်မြင်များနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန စည်
ပင် ဝန်ထမ်းများက ပြောကြားသည်။

Myanmar National ရုပ်သံလိုင်းကို အောက်တိုဘာလတွင် ထုတ်လွှင့်မည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံ အနှံ့အပြားသို့ Skynet အမည်ဖြင့် ရုပ်သံလိုင်း အများအပြား ထုတ်လွှင့် ပြသနေသောရွှေသံလွင် ကုမ္ပဏီ လီမိတက်က Myanmar National ရုပ်သံလိုင်းသစ်ကို free to air စနစ်အဖြစ် အောက်တိုဘာလတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဖြစ်သူ ဦးသက်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ညနေ ၇ နာရီ ၅၀ မိနစ်တွင်ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ြ

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ညနေ ၇ နာရီ ၅၀ မိနစ်တွင် ထိုင်းအဲဝေးလေကြောင်းလိုင်း TG 306 လေယာဉ်ဖြင့် အမေရိကန်ခရီးစဉ်အတွက် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်သည်။ ထိုင်းအဲဝေးလေကြောင်းလိုင်းတွင် Business Class တန်းမှ စီးနင်းလိုက်ပါမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
From -7DayNewsJournal

ကိုယ်မေ့နေတဲ့ ကိုယ့်အခွင့်အရေး


ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူများက စားသုံးသူတွေရဲ့ အခွင့်အရေးအတွက် စဉ်းစားကြရဲဖို့ ဥပဒေတရပ် လိုအပ်နေပါပြီ။
စားသုံးသူတွေ မေ့နေတဲ့ထဲမှာ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ မြန်မာနိုင်ငံမှာ မပေါ်ပေါက်သေးဘူး ဆိုတဲ့ အချက် ဖြစ်ပါလိမ့်မယ်။လွှတ်တော်အစည်းအဝေးတွေပြန်ကျင်းပတဲ့အခါ ဒီဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး ဆောင်ရွက်သင့်တယ်လို့ ပညာရှင် တဦးက ပြောလိုက်ပါတယ်။

အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်

အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့  ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန် သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း  တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ် ယူ လိုက်ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ
ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင်  လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ဘာသာရေး သင့်မြတ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပြဿနာတွေ ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်အတွက် လက်ဘနွန် နိုင်ငံဟာ စံနမူနာ တခုအဖြစ် ပြသဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဲဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး စနေနေ့က ကြွလာတဲ့ Beirut မြို့မှာတော့ လူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး သမ္မတ နန်းတော်မှာ လက်ဘနွန် အစိုးရ တာဝန်ရှိသူတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

နော်ဝေးက အကျဉ်းထောင် အကြောင်း

 
ဓါတ်ပုံကြည့်ရုံနဲ့ အကျဉ်းထောင်ပါ လို့ ပြောရင် ယုံဖို့ မလွယ်ပါ။ တကယ်ပါ... ဒီပုံဟာ လူဦးရေ ငါးသန်းပဲ ရှိတဲ့ နော်ဝေး နိုင်ငံက အကျဉ်းထောင်ထဲက လှုပ်ရှားမှု ဓါတ်ပုံ တွေ ဖြစ်ပါတယ်။ ထောင် ဆိုတာထက် တက္ကသိုလ် ကျောင်းဆောင်လို ဖြစ်နေတဲ့ ဒီထောင်မှာ မနှစ်က လူ ၇၀ ကျော် သတ်လိုက်တဲ့ လူသတ်သမား ၂၁ နှစ်လုံးလုံး သွားနေမဲ့ အကျဉ်းထောင်ပါ။သိပ်ကြာကြာ နေချင်လဲ နေလို့ မရပါဘူး။ နော်ဝေးမှာ အမြင့်ဆုံး ထောင်ဒဏ်က ၂၁ နှစ်ပါ။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်မှာကျင်းပ

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့စဉ် တက်ရောက် လာခဲ့ကြ တဲ့ မြန်မာ့လွှတ်တော် အမတ်များ။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၁)။ ၂၀၁၂ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကို နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခမ်းမမှာ ဒီကနေ့ ပြုလုပ် ပါတယ်။ ပြည်ထောင်စု လွှတ်တော် နယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ

မူစလင်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကို စစ်ဆေးမေးမြန်း

မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ သူလို့ စွပ်စွဲခံနေသူ Nakoula Basseley Nakoula ကို လော့စ်အိန်ဂျဲလိစ် မြို့ ရဲတပ်ဖွဲ့က စစ်ဆေးရန် နေအိမ်ကနေ လာရောက် ခေါ်ယူစဉ်။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ လော့စ်အိန်ဂျဲလိ စ် (Los Angeles) မြို့ရဲတပ်ဖွဲ့က မူစလင်ကမ္ဘာမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူလို့ စွပ်စွဲခံနေသူကို သူ့ရဲ့နေအိမ်ကနေ ခေတ္တခေါ်ယူ မေးမြန်းခဲ့ပါတယ်။ 

အလှပျက်စေတဲ့ အဆီပိုများ


အမျိုးသမီးများသည် လူအများ ကြားတွင်အလှအပနှင့် ယုံကြည်မှု ရှိစွာရပ်တည်နိုင်ရန် အများအားဖြင့် မိမိ မျက်နှာပြင်အား  တတ် နိုင်သည့် နည်းအမျိုးမျိုးဖြင့် လှပ ကြည့်ကောင်းစေရန်  ကြိုးစားကြ လေ့ရှိသည်။    သို့သော် အလှအပဟူသည် မျက်နှာပြင် တစ်ခု တည်း လှပနေ စေရန်မဟုတ်ဘဲ  ကျန်းမာသော ခန္ဓာကိုယ်တစ်ခုပါ   ပိုင်ဆိုင်လျှင်ပိုမိုပြီးပြည့်စုံသော   အလှတစ်ခုအား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။