Friday, May 30, 2014

မေလ ၃၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်


weather31
မေ ၃၀ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မေ ၃၁ ရက်နေ့

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရန် ဦးသိန်းညွန့်၏ အဆို လွှတ်တော် ဆိုင်းငံ့

အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းသည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့လိုက်ကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာသည်။
နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ မေလ ၂၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရ

တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးနှင့် အပြောင်းအရွှေ့ကိစ္စ ၀န်ကြီးနှင့်ဆွေးနွေးသော်လည်း အဖြေမထွက်

တက္ကသိုလ်ဆရာ/ဆရာမများ၏     ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့ကိစ္စများ ကို အမြန်ဆုံးကြေညာ ချက်ထုတ် ပြန်ပေးရန်တက္ကသိုလ်ဆရာများ အသင်းက တောင်းဆိုလိုက်သည်။
ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဒေါက်တာခင် စန်းရီ၊ အဆင့်မြင့်ပညာရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ချုပ်များ၊ ဒုပါမောက္ခချုပ်များနှင့် အထက်မြန်မာပြည်ရှိ တက္ကသိုလ် များမှ ကိုယ်စားလှယ်များမေလ၂၈ ရက်တွင် တက္ကသိုလ် စိန်ရတု ခန်းမ၌ တွေ့ဆုံခဲ့သော်လည်းအဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တိကျ စွာပြောကြားခြင်းမရှိကြောင်း သ တင်းရရှိသည်။

အစိုးရနှင့် ကေအိုင်အို နှစ်ဖက်အဖွဲ့ဝင်များ ပါဝင်သည့် ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုတို့၏ မေလ ၁၃ ရက် ဆွေးနွေးပွဲအပြီး ဖွဲ့စည်းလိုက်သည့် ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့မှ နှစ်ဖက် အဖွဲ့ဝင်များ မေလ ၂၈ ရက်က ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့ ကေအိုင်အို နည်းပညာရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်းဆန်အောင်က ပြောကြားသည်။

နှစ်ဖက်အဖွဲ့ဝင်များ ပါဝင်သည့် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွင် လက်ရှိပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကိစ္စများကို ဆွေးနွေးနိုင်ရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အဖွဲ့ဝင်တစ်ဦး ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့တွင် ထပ်မံပါဝင်နိုင်ရေးနှင့် နှစ်ဖက် အဖွဲ့ဝင်များကြား ဆက်သွယ်ရေး ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြပြီး အခြားထူးခြား ဖြစ်စဉ် ဆွေးနွေးမှု မရှိကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ၎င်းက ဆက်လက်ပြော ကြားသည်။

တီအီးကားတစ်စီး ကျောင်းဆရာမ ကြိတ်မိပြီး မောင်းနှင်ထွက်ပြေး

အောင်ဇေယျလမ်းအတိုင်း မောင်းနှင်လာသည့် တီအီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ ဆိုင်ကယ် တစ်စီးကို နောက်မှဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ကားကြိတ်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
“သေတဲ့အမျိုးသမီးက အောင်ပန်းစိန်ရွာမှာရှိတဲ့ အထကခွဲ ကျောင်းအလယ်တန်းပြ ဆရာမလေး၊ သူစီးလာ တဲ့ ဆိုင်ကယ်ကို နောက်က၀င်တိုက်တော့ သူက ကားရှေ့ဘီးနဲ့ငြိပြီး တရွတ်တိုက်ပါသွားပြီး ကြိတ်မိတာ။ ယာဉ်မောင်းကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ” ဟု သုံးခွမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦး က ပြောသည်။

အမြန်လမ်းခရီးသည်တင် ယာဉ်မောင်းများ မွမ်းမံသင်တန်း တက်ရမည်ဟုဆို

မော်တော်ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန် လမ်းမပေါ် ဖြတ်သန်း ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းအားလုံး ရန်ကုန်မြို့တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံတွင် တစ်ရက်တာ မွမ်းမံသင်တန်း မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
တစ်ရက်ကြာ အဆိုပါ သင်တန်းကို မေလ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မော်တော်ယာဉ်လိုင်းများ အခက်အခဲ မရှိစေရန် အတွက်လည်း ညှိနှိုင်းဆွေးနွေးပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“မထသတို့ အဝေးပြေးယာဉ်လိုင်း တို့နဲ့ ညှိနှိုင်းပြီးသွားပါပြီ။ ခရီးသည်တင်ယာဉ်လိုင်းတွေအတွက်ပါပဲ။ ကိုယ်ပိုင် ယာဉ်မောင်းတွေမပါဘူး” ဟု ၎င်းင်းကပြော ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ဆက်လက်မြင့်တက်နေ

မိုးဦးကာလသို့ရောက်ရှိနေသော် လည်း ခရမ်းလွန်ရောင်ခြည်ဆက် လက် မြင့်တက်နေဆဲဖြစ်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောကြားသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းအခြေအနေသည်လွန်ကဲအဆင့် ရှိသည့် ၁၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှလွဲ၍ မြန်မာတစ်နိုင်ငံလုံး သို့ကျရောက်နိုင်ကြောင်း၊ ယခုလ ၃ဝရက်အတွက် ခန့်မှန်းချက်များ အနေဖြင့် ကော့သောင်း ၁၂ ဒသမ ၂၊ ထားဝယ် ၁၂ ဒသမ ၄၊ မော် လမြိုင် ၈ ဒသမ ၄၊ ရန်ကုန် ၈ ဒသမ ဝ၊ နေပြည်တော် ၁၂ ဒသမ ၅၊ မကွေး ၁၂ ဒသမ ၆၊ မန္တလေး ၁၂ ဒသမ ၃နှင့် မြစ်ကြီး နားတွင် ၁၈ ဒသမ ၈ဖြစ်ကြောင်း ဦးထွန်းလွင်ကခန့်မှန်းထားသည်။

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သဘာဝအခြေခံ ခရီးသွားဒေသအဖြစ် အကောင်အထည်ဖော်သွားမည်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သဘာဝအခြေခံ ခရီးသွားဒေသသစ်အဖြစ် ဖွံ့ဖြိုးလာရန်အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများရှိသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က မဇိ္ဈမကို ပြောသည်။

မြန်မာ့ခရီးသွားပင်မစီမံကိန်း (Myanmar Tourism Master Plan)အရ ဓနုဒေသကို နိုင်ငံတကာ ခရီးသွား ဆိုင်ရာ အဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် စီမံကိန်းတစ်ရပ်ကို အကောင်အထည် ဖော်ရန် ဆွေးနွေးစီစဉ်နေခြင်း ဖြစ်သည်။ 

ကုန်ဈေးနှုန်းနှင့် အသုံးစရိတ်မြင့်မားမှုကြောင့် ယူနီဆက် အခက်ကြုံ

ရန်ကုန်၊ မေ ၂၈ - မြန်မာနိုင်ငံ အား စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်း ပြီးနောက် မြန်မာနိုင်ငံ ပွင့်လင်းလာ ခဲ့ကာ ကလေးများအတွက် အကျိုး အမြတ် များစွာရရှိခဲ့သည်။ သို့ရာ တွင် ကုန်ဈေးနှုန်းများ၊ အသုံးစရိတ် မြင့်မား လာခြင်းကြောင့် ကုလသမဂ္ဂ အေဂျင်စီနှင့် တခြားအကူအညီပေးရေး အဖွဲ့များ အခက်ကြုံနေကြရသည်။

စရိတ်ကြီးမြင့်မှုကြောင့် ဆင်းရဲ သားများတွင် အခက်ကြုံနေကြရ သည်။ သုံးစွဲမှု မလောက်မင ဖြစ်နေ ကြရသည်။ အထူးသဖြင့် ရန်ကုန်မြို့ မှ အိမ်၊ ခြံ၊ မြေဈေးတို့ ကြီးမားနေ သည်။ ယူနီဆက်ဖ်၏ အရင်းအနှီးများ တွင် ယူနီဆက်ဖ်၏ ငှားရမ်းခများမှာ ယခင်သုံးနှစ်ခန့်ကထက် နှစ်ဆဈေး ကြီးလာခဲ့သည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်

Photo: ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်
Friday, May 30, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတိုတအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

“အဲဒီအုပ်စုကတော့ ၄ သင်းစလုံးက သိပ်မကွာဘူး။ တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းက သိပ်ကွာတဲ့ အသင်းမဟုတ်ဘူး။ ကစားပုံတွေကတော့ ဒေသတခုချင်းစီက ကစားပုံတွေ ကွာတယ်။ ဒီအုပ်စုမှာ အမေရိကတိုက်ကို အခြေစိုက်တဲ့ ကိုလံဘီယာရယ်၊ အာဖရိကကို အခြေစိုက်တဲ့ အိုင်ဗရီကို့စ်ရယ်က ကျနော့်စိတ်ထင်က ဂရိနဲ့ ဂျပန်ထက် နည်းနည်းသာမယ်လို့ ထင်တယ်။ ထုံးစံအတိုင်းပေါ့ ကစားမယ့် မြေအနေထားရယ်၊ ကစားရမယ့် အချိန်အနေအထား ရယ်တွေက စကားပြောသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တချက်စောင့်ကြည်ရမှာက ဂရိပေါ့။ 

ဂရိက ဒီရာသီမှာ ခြေစစ်ပွဲအောင်လာတဲ့ အနေအထားက ခံစစ်ကို အားပြုပြီးတော့ အောင်လာတဲ့ အသင်းတသင်းဖြစ်တယ်။ ဒီခံစစ်အားနဲ့ သူတို့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ ကျနော့်စိတ်ထင်တော့ အဲဒီအုပ်စုက အုပ်စု ပထမနေရာကို ကိုလံဘီယာ ရဖို့များပြီးတော့ ဒုတိယနေရာကိုတော့ အိုင်ဗရီကို့စ်နဲ့ ဂရိ တသင်းသင်း လုလိမ့်မယ်လို့ ထင်တယ်။”

ဒီအုပ်စုမှာ ပရိသတ်စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အိုင်ဗရီကို့စ်က ယာယာတိုရေးနဲ့ ဒရော့ဘာတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန် ၁၄ ရက်မှာ ကိုလံဘီယာနဲ့ ဂရိ၊ အိုင်ဗရီကို့စ်နဲ့ ဂျပန်တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ီDVB TV News
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတို တအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

အမြန်လမ်း အရှိန်နှုန်းတိုင်း ကင်မရာနှင့် လမ်းနံရံထိန်း တင်ဒါလျှောက်ထားသူ ကုမ္ပဏီ ၂၁ ခုရှိ

ယာဉ်မတော်တဆမှုကြောင့် ခရီးသည် ၃၈၀ ဦး သေဆုံးခဲ့ပြီ ဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည် လုံခြုံရေးအတွက် အရှိန်နှုန်းတိုင်း ကင်မရာနှင့် လမ်းနံရံထိန်း (Guard Rail) တို့ တပ်ဆင်ရန် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၂၁ ခုခန့် ရှိကြောင်း နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

အိတ်ဖွင့်တင်ဒါတွင် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများမှာ အရှိန်နှုန်းတိုင်း ကင်မရာအတွက် သိန်း ၁၀၀ နှင့် လမ်းနံရံထိန်းအတွက် သိန်း ၂၀၀ စပေါ် တင်ရမည် ဖြစ်ပြီး အရှိန်နှုန်းတိုင်း ကင်မရာ လေးခုနှင့် လမ်းနံရံထိန်း အရှည် ၄၀ ဒသမ ၃ မိုင်ကို လမ်းပိုင်းအလိုက် တပ်ဆင်ရမည် ဖြစ်ကြောင်း အဆိုပါဌာန၏ တင်ဒါခေါ်ယူမှု အချက်အလက်များအရ သိရသည်။

ဟူးကောင်းဒေသ သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးမရဟုဆို

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟူးကောင်းဒေသရှိ ကျေးရွာများမှ လယ်ယာမြေများကို ၂၀၀၆ ခုနှစ် ဝန်းကျင်တွင် ယုဇနကုမ္ပဏီက သိမ်းယူထားရာတွင် ယနေ့ထက်တိုင် လျော်ကြေးငွေနှင့် အစားထိုး လယ်ယာမြေများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဟူးကောင်းဒေသခံ တောင်သူများက ပြောကြားသည်။

ပီလောပီနံ စိုက်ခင်းများ တည်ထောင်ရန် ယုဇနကုမ္ပဏီက လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို သိမ်းယူခဲ့သည့်အတွက် ဒေသခံတောင်သူများက ၂၀၀၈ ခုနှစ်က တရားစွဲဆိုခဲ့ရာ လယ်တစ်ဧကလျှင် ကျပ် ၈၀၀၀၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်ကို မကျေနပ်၍ ကချင်ပြည်နယ် တရားရုံးသို့ ထပ်မံ တင်ပြရာတွင်လည်း ပလပ်ခံခဲ့ရကြောင်း ဘန်ကောက်ကျေးရွာမှ တောင်သူ ဒေါ်ခေါ်နော်က ပြောဆိုသည်။

နိုင်ငံရေးနှင့် ကင်းကင်းနေရန် အစိုးရဝန်ထမ်းများကို လယ်/ဆည်ဝန်ကြီး သတိပေး

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ထမ်းများကို နိုင်ငံရေးလှုပ်ရှားမှုများနှင့် ကင်းကင်းနေရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မေ ၂၆ ရက် ဌာနတွင်း အစည်းအဝေး၌ သတိပေးပြောဆိုခဲ့သည်ဟု ပြန်တမ်းဝင်အရာရှိတစ်ဦးက မဇိ္ဈမကို အတည်ပြုပြောဆိုလိုက်သည်။
“၀န်ကြီးက ဟောပြောပွဲတွေ မသွားရောက်ဖို့တားမြစ်ခဲ့တာ၊ ဘယ်လို အပြစ်ပေးမယ်လို့တော့ မပြောပါ ဘူး” ဟု မေ ၂၉ ရက်တွင် ၀န်ကြီးဌာနလက်အောက် ဌာနခွဲတစ်ခု၏ အရာရှိတစ်ဦးက ပြောသည်။ ထိုသို့ ဦမြင့်လှိုင်၏ တားဆီးမှုကို ၀န်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပံ္ပဌာနခွဲ ညွှန်ကြားရေးမှူးရုံးက

ယခုနှစ် လိုင်စင်မဲ့ ကားအစီး ၇၀ ကျော်ဖမ်းမိ

car7
အခုနှစ် ၅ လနီးပါးကာလအတွင်း ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကား အစီး ၇၀ ကျော် စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီး အများစုဟာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေရဲ့ မော်တော်ယာဉ် မှတ်ပုံတင်ခွင့် ခွင့်ပြုချက် အတုကိုင်ဆောင်ထားတဲ့ ကားတွေ ဖြစ်တယ်လို့ ရန်ကုန်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ တနှစ်လုံးမှာ လိုင်စင်မဲ့ကား အစီး ၆၀ ကျော် ဖမ်းမိခဲ့ပြီး အများစုဟာလည်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့ တံဆိပ်ကပ်ထားတဲ့ ကားတွေဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

"ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ"


ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်းထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။
လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။

မေ့လျော့ ခံအားကစား

ခပ်လှမ်းလှမ်းမှအရှိန်ဖြင့် ပြေးလာပြီး ခုံပြားစောင်းလေးပေါ်မှ တစ်ဆင့်  လေထဲသို့ ပေ အနည်းငယ် ခန့် မြောက်တက်သွားချိန်ခြေချော်ကာ မြေပေါ်လဲကျသွားသည့်လူငယ်က  နာကျင်ဟန် မပြဘဲ ပြန်ထလာသည်။ အသက် (၁၇)နှစ်ရှိပြီဖြစ်သည့် ထိုလူငယ်လေးက နောက်တစ်ကြိမ်    ထပ်မံစမ်းသပ်လေ့ကျင့်ရန်  အ သင့်ဖြစ်နေသည်။
သူ့ခြေထောက်အောက်တွင် စကိတ်ဘုတ်တစ်ခုရှိသည်။ အဆို ပါစကိတ်ဘုတ်ကို ကျွမ်းကျင် ပိုင် နိုင်စွာစီးရင်း အဆင့်တစ်ခုပြီးတစ် ခု ကျော်ဖြတ်နိုင်ရန်   လေ့ကျင့် နေခြင်းဖြစ်သည်။ ညနေ ၅ နာရီမှ ည ၉ နာရီခန့်အကြားလေ့ကျင့်နေ သည့် လူငယ်များကို ဝဲယာတစ် ဖက်တစ်ချက်ရှိ ဖြတ်သွားဖြတ် လာ လူများက အထူးအဆန်းငေး မောလျက်။

အိန္ဒိယမြောက်ပိုင်းတွင် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုဖြင့် ရဲတစ်ဦးအပါအဝင် လူသုံးဦးအားဖမ်းဆီး

နယူးဒေလီ- အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သစ်ပင်တွင်ချိတ်ဆွဲကာ ဆွဲကြိုးချသတ်ဖြတ်ခဲ့မှုဖြင့် ရဲအရာရှိတစ်ဦးအပါအဝင် အနည်းဆုံးလူသုံးဦးခန့်ကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

အာဏာပိုင်များသည် ယခုအခါ နောက်ထပ်သံသယရှိသူတစ်ဦးနှင့် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း အမှုနှင့်ပတ်သက်၍ ရှာဖွေနေသည်။ သေဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများက ၎င်းတို့သည် ရဲတပ်ဖွဲ့ထံသို့ အသက် (၁၄)နှစ်နှင့် (၁၆)နှစ်အရွယ်ရှိ ထိုမိန်းကလေးများပျောက်ဆုံးခြင်းကို အကြောင်းကြားသော်လည်း ရှာပေးရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

သေနတ်တစ်ချက် မဖောက်ရဘဲ မြန်မာနိုင်ငံနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်လာနိုင်ဟု အိုဘားမားပြော

မြန်မာနိုင်ငံသည် နောက်ကြောင်းပြန်မလှည့်ဘဲ အောင်မြင်ခဲ့လျှင် အမေရိကန်သည် သေနတ်တစ်ချက်မျှ မဖောက်လိုက်ရဘဲ လုပ်ဖော်ကိုင်ဖက်အသစ်ရလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ အိုဘားမားက ကြုံးဝါးလိုက်သည်။
“အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းလာဖို့အတွက်၊ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှတွေ၊ ချော့ပြီးစည်းရုံးတာတွေနဲ့ တစ်ခါတစ်ရံမှာ လူသိရှင်ကြားဝေဖန်တာမျိုးတွေ ပြုလုပ်ပြီး၊ ကူညီထောက် ပံ့နေ ပါတယ်။ တိုးတက်မှုဟာ နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အောင်မြင်သွားမယ်ဆိုရင် ကျွန်တော်တို့ဟာ သေနတ်တစ်ချက်မှမဖောက်လိုက်ရဘဲ မိတ်ဆွေ နိုင် ငံသစ်တစ်ခု ရလာပါလိမ့်မယ်” ဟု အိုဘားမားက ပြောသည်။

သစ်တောများ အပြောင်ရှင်းခုတ်နေ ဆိုသော စွပ်စွဲမှု သစ်တောဒုဝန်ကြီး ပယ်ချ

မြန်မာနိုင်ငံတွင် သစ်တောများ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်မှုများရှိနေသည်ဆိုသော စွပ်စွဲချက်များသည် မှန်ကန်မှု မရှိဘဲ အစိုးရ အနေဖြင့် သစ်ထုတ်လုပ်မှုကို လျော့ချခြင်းဖြင့် သစ်တောများကို ကာကွယ် လျက်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တော ရေးရာ ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးအေးမြင့်မောင်က ပြောဆိုလိုက်သည်။
မေလ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက

ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်ဖြစ်ပါက စစ်တမ်းကောက်ယူမည်

Photo: ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်ဖြစ်ပါက စစ်တမ်းကောက်ယူမည်
Friday, May 30, 2014

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါ လီများကို   သန်းခေါင်
စာရင်း ကောက်ယူရန်    ဇွန်လလယ်ထိ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး ထိုကာလ 
 ကျော်လွန်သွားပါက စစ်တမ်းအနေဖြင့်
 ကောက်ယူ သွားမည်ဖြစ်ကြောင်း ပြည်သူ့ 

အင်အားဦးစီးဌာနမှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၏ ကျန်ရှိနေ သည့်နေရာများတွင် သန်းခေါင် စာရင်းကောက်ယူရန် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း   အားလုံးကို ကောက်ခံရန်   ယနေ့အချိန်ထိ လက်မခံသေးကြောင်း   ပြည်သူ့ အင်အားဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။

‘‘ဘင်္ဂါလီက အဆင်မပြေသေးဘူးပေါ့။ နယ်မြေမှာသွားကောက်ရင် လက်မခံဘူး။ ရန်ကုန်က ခေါင်းဆောင်တွေကို ပြောလို့ ပြောတယ်။ ရန်ကုန်က ခေါင်း ဆောင်တွေနဲ့ပြောတော့ ခေါင်း ဆောင်အဆင်ပြေတယ်။ လာ ကောက်တော့ အိမ်တိုင်းစေ့လက် မခံဘူး၊   ပုတ်ထုတ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။

သန်းခေါင်စာရင်းကောက် ယူရန် တိုးမြှင့်ထားသည့် ရှစ်ပတ် အတွင်းအစိုးရက ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်ရှိ ကျန်ရှိသော နေရာများတွင် ကောက်ယူရန် ထုတ်ပြန်ထားသည်။ ရှစ်ပတ်ပြည့်ရန် နှစ်ပတ်သာလိုသည့်ကာလအ တွင်း ကချင်ပြည်နယ်ရှိ ကျန်ရှိနေ သော ကျေးရွာ ၉၇ ရွာတွင် ကောက်ယူရန် ကေအိုင်အေနှင့် သဘောတူညီမှုရရှိခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ကောက်ယူမှု ကိစ္စမှာ ယနေ့အချိန်ထိ ညှိနှိုင်း နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်၏ လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုပုံ စံသည် ကိုယ့်သဘောနှင့်ကိုယ် ကောက်ခံလိုသည့်   ဘင်္ဂါလီလူ မျိုးက    အကြောင်းကြားမှသာ ကောက်ယူနေခြင်းဖြစ်ပြီး   ခရိုင်အဆင့်ကောက်ယူမှုကို ယနေ့အချိန်ထိ မပြုလုပ်သေးကြောင်း သ တင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ကျန်ရှိ နေသည့် နေရာများသည် ၎င်းတို့ ကို ရိုဟင်ဂျာဟု ထည့်သွင်းမှသာ ကောက်ခံမည်ဟု တောင်းဆိုနေ သောနေရာများဖြစ်သည်။ ရိုဟင် ဂျာသတ်မှတ်မှုကို   တောင်းဆို သည့်အပေါ် အစိုးရ၏ ရပ်တည် ချက်မှာ ပြောင်းလဲမည်မဟုတ် ပေ။  ထိုသို့  တောင်းဆိုသောသူ များကို   လူမျိုးအမည်မဖော်ပြ ခြင်းဖြင့် ကောက်ယူရန် အစိုးရက ညှိနှိုင်းနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင် ဂျာဟုထည့်သွင်းမှ အကောက်ခံ မည်ဟု     ပြောဆိုထားသဖြင့် ကောက်ယူရန် အဆင်မပြေသည့် ခရိုင်သုံးခုရှိသည်။ ဘင်္ဂါလီဟုဖြေ ဆိုသဖြင့် ရခိုင်ပြည်နယ်ရှိ ခရိုင်နှစ် ခုတွင်ကောက်ခံရာ လူဦးရေတစ် သောင်းခန့်ကောက်ခံပြီးစီးပြီဖြစ် ကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် နေထိုင်သည့် ဘင်္ဂါလီစာရင်းကိုကောက်ယူ ထားကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနက   သတင်းထုတ်ပြန်ထား သည်။

ယခင်ကောက်ယူထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ၁ ဒသမ ၃၃ မီလီယမ်ရှိ သည့်အနက် ရခိုင်ပြည်နယ်တွင် ၁ဒသမ၀၅ သန်းနေထိုင်သည်ဟု သတင်းရရှိသည်။

7 Day News Daily
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါ လီများကို သန်းခေါင်စာရင်း ကောက်ယူရန် ဇွန်လလယ်ထိ ဆွေးနွေးညှိနှိုင်း သွားမည်ဖြစ်ပြီး ထိုကာလ ကျော်လွန်သွားပါက စစ်တမ်းအနေဖြင့်ကောက်ယူ သွားမည်ဖြစ်ကြောင်း ပြည်သူ့ အင်အားဦးစီးဌာနမှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်၏ ကျန်ရှိနေ သည့်နေရာများတွင် သန်းခေါင် စာရင်းကောက်ယူရန် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အားလုံးကို ကောက်ခံရန် ယနေ့အချိန်ထိ လက်မခံသေးကြောင်း ပြည်သူ့ အင်အားဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။

အိန္ဒိယတွင်ညီအစ်မနှစ်ဦးအုပ်စုဖွဲ့အဓမ္မကျင့်အသတ် ခံရပြီးနောက် သရက်ပင်တွင် ကြိုးကွင်းစွပ်ထားခဲ့

Photo: အိန္ဒိယတွင်ညီအစ်မနှစ်ဦးအုပ်စုဖွဲ့အဓမ္မကျင့်အသတ် ခံရပြီးနောက် သရက်ပင်တွင် ကြိုးကွင်းစွပ်ထားခဲ့
Friday, May 30, 2014

ဆယ်ကျော်သက်အရွယ် ညီအစ်မနှစ်ဦးကိုအုပ်စုဖွဲ့ အဓမ္မကျင့်သတ်ပစ်ပြီးနောက် သရက်ပင်တွင် ကြိုးကွင်းစွပ်၍ ထားခဲ့သည့် ဖြစ်စဉ်တွင် ရဲအရာရှိနှစ်ဦးအပါအ၀င် သံသယရှိသည့်အမျိုးသားသုံးဦးအား ဖမ်းဆီးလိုက်ကြောင်း 
အိန္ဒိယနိုင်ငံမြောက်ပိုင်း အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။

၎င်း သေဆုံးမှုက နိုင်ငံတ၀န်းလိင်အကြမ်းဖက်မှုအပေါ် ဒေါသထွက်နေကြသော လူအများ၏ ဒေါသကို အသစ်ပြန်လည်ဖြစ်စေခဲ့သည်။

ရွာသားများက မိန်းကလေးများ၏ အလောင်းကို ဗုဒ္ဓဟူးနေ့က အူတာပရာဒက်ရှ်ပြည်နယ်၊ ကာတြာရွာရှိ ၄င်းတို့အိမ်အနီး ကွင်းပြင်တွင် ပျောက်ဆုံးပြီး နာရီများစွာကြာပြီးနောက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးဖြစ်သူ အာတူဆာဇီနာက ပြောသည်။ ၄င်းမိန်းကလေးများမှာ အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ရှိပြီး ၄င်းတို့အိမ်တွင် အိမ်သာမရှိသည့်အတွက် အပေါ့အပါးစွန့်ရန် ယင်းနေရာသို့ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရာနှင့်ချီသော ကျေးရွာသားများက ယင်းအမှုတွင် ရဲများ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ တစ်နေ့လုံး တိတ်ဆိတ်စွာ ကန့်ကွက်ခဲ့ကြသည်။ အိန္ဒိယတီဗွီချန်နယ်များက တွဲလောင်းဖြစ်နေသော မိန်းကလေးများ၏ အလောင်းများအောက်တွင် ရွာသားများက ထိုင်လျက် သံသယဖြစ်သူများကို မမိမချင်း အာဏာပိုင်များက အလောင်းများ ယူဆောင်ခြင်းအား တားမြစ်ပုံကို ပြသခဲ့သည်။

ရဲများက ထိုနေ့တွင် သံသယရှိသူ သုံးဦးကို ဖမ်းဆီးခဲ့ပြီး ဆက်လက်၍ လေးဦးထက်ပိုသော သံသယရှိသူ များကို ရှာဖွေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

အလောင်းစစ်ဆေးသူများက မိန်းကလေးများမှာ အုပ်စုလိုက်အဓမ္မပြုကျင့်ခံရကာ လည်ပင်းညှစ်သတ်ခံရပြီးနောက် ကြိုးကွင်းစွပ်ထားခံရခြင်းဖြစ်ကြောင်းကို အတည်ပြုပေးခဲ့သည်ဟု ဆာဇီနာက ပြောကြားသည်။

အင်္ဂါနေ့ညက မိန်းကလေးများ၏ ဖခင်ဖြစ်သူက မိန်းကလေးများပျောက်ဆုံးနေကြောင်း တိုင်ကြား ခဲ့သော်လည်း ဒေသခံရဲစခန်းအကြီးအကဲက လျစ်လျူရှုခဲ့သည့်အတွက် ရွာသားများက ဒေါသထွက်ခဲ့ကြသည်။ ၄င်းရဲစခန်းအကြီးအကဲကိုလည်း တာဝန်မှရပ်စဲထားသည်ဟု သိရသည်။
မိသားစုများမှာ ထိကိုင်လို့မရသူများဟု ခေါ်သော ဒါးလစ် လူ့အဖွဲ့အစည်းမှ ဖြစ်ပြီး အိန္ဒိယဇာတ် အနိမ့်အမြင့်စနစ်တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။

အိန္ဒိယတွင် လိင်အကြမ်းဖက်မှုဥပဒေကို တင်းကျပ်လိုက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအတွက် သေဒဏ်အထိ ပြန်ဋ္ဌာန်းထားသည်။ ဥပဒေသစ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသည်အထိ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုကို နိုင်ငံတ၀န်းဆန့်ကျင်ကန့်ကွက် ခဲ့ပြီးနောက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

မှတ်တမ်းများအရ လူဦးရေ ၁.၂ ဘီလီယံရှိသည် အိန္ဒိယတွင် ၂၂ မိနစ်လျှင် မုဒိန်းမှုတစ်ခု ဖြစ်ပွားနေသည်ဟု ဆိုသည်။ တက်ကြွှလှုပ်ရှားသူများက အမှန်တကယ်ဖြစ်ပျက်နေသည့်အရေ အတွက်မှာ ၄င်းထက်များနိုင်ကြောင်း၊

 ရှေးရိုးဆန်သည် ယဉ်ကျေးမှုကြောင့် လိင်အကြမ်းဖက်မှုများကို မတိုင်ကြားကြကြောင်း၊ အနိုင်ကျင့်ခံရသည့် မိသားစုနှင့် ရဲများက တိတ်ဆိတ်စွာနေရန်သာ တိုက်တွန်း ပေးကြကြောင်း၊ တိုင်ကြားလျှင်လည်း မှားယွင်းစွပ်စွဲမှုနှင့် လူမှုရေးပြဿနာများအဖြစ် ငြင်းဆန်ကြကြောင်း ပြောသည်။

မျက်ရှင် ၀က်ဆတ်စ် စာမျက်မှာ ကူးယူဖော်ပြသည်။

ရွှေမြန်မာ
ဆယ်ကျော်သက်အရွယ် ညီအစ်မနှစ်ဦးကိုအုပ်စုဖွဲ့ အဓမ္မကျင့်သတ်ပစ်ပြီးနောက် သရက်ပင်တွင် ကြိုးကွင်းစွပ်၍ ထားခဲ့သည့် ဖြစ်စဉ်တွင် ရဲအရာရှိနှစ်ဦးအပါအ၀င် သံသယရှိသည့်အမျိုးသားသုံးဦးအား ဖမ်းဆီးလိုက်ကြောင်းအိန္ဒိယနိုင်ငံမြောက်ပိုင်း အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။

၎င်း သေဆုံးမှုက နိုင်ငံတ၀န်းလိင်အကြမ်းဖက်မှုအပေါ် ဒေါသထွက်နေကြသော လူအများ၏ ဒေါသကို အသစ်ပြန်လည်ဖြစ်စေခဲ့သည်။

အိန္ဒိယမှာ ညီအစ်မ ၂ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပြန်

Photo: အိန္ဒိယမှာ ညီအစ်မ ၂ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပြန်
Friday, May 30, 2014

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအမ နှစ်ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ရဲ ၂ ဦး အပါအဝင် လူအတော်များများကို လုပ်ဖော်ကိုင်ဖက် ရဲတွေက တရားစွဲဆို လိုက်ပါတယ်။

အဲဒီ မိန်းကလေးတွေဟာ ဒါးလစ် ဇာတ်နိမ့် အမျိုးအနွယ်ဝင်တွေ ဖြစ်ပြီး မနေ့က မနက် လင်းအားကြီး အချိန်မှာ သရက်ပင် တစ်ပင်မှာ ကြိုးကွင်းစွပ်လျက် တန်းလန်း သေဆုံးနေကြတာ တွေ့ရပါတယ်။

ကနဦးတုန်းက ဒီအမှုကို စုံစမ်း စစ်ဆေးဖို့ ရဲတွေက ငြင်းဆန်ခဲ့ကြပြီး ရွာသားတွေက တောင်းဆို ဆန္ဒပြခဲ့ကြတော့မှ သဘောတူခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ လိင်ကိစ္စ အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေတွေကို အစိုးရက မကြာသေးခင်ကပဲ တင်းကျပ် ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အဓမ္မ ပြုကျင့်မှုတွေအနက် အနည်းအပါး လောက်ကိုသာ ရုံးတင် တရားစွဲတာမျိုး ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ပုံစာ- အမှုကို စစ်ဆေးဖို့ ဒါးလစ် မျိုးနွယ်ဝင် အမျိုးသမီးတွေ ဆန္ဒပြကြစဉ်။

BBC
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအမ နှစ်ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ရဲ ၂ ဦး အပါအဝင် လူအတော်များများကို လုပ်ဖော်ကိုင်ဖက် ရဲတွေက တရားစွဲဆို လိုက်ပါတယ်။

အဲဒီ မိန်းကလေးတွေဟာ ဒါးလစ် ဇာတ်နိမ့် အမျိုးအနွယ်ဝင်တွေ ဖြစ်ပြီး မနေ့က မနက် လင်းအားကြီး အချိန်မှာ သရက်ပင် တစ်ပင်မှာ ကြိုးကွင်းစွပ်လျက် တန်းလန်း သေဆုံးနေကြတာ တွေ့ရပါတယ်။

ပညာရေး ဝန်ကြီးဌာန ညွှန်ကြားချက်များ စာရွက်ပေါ်တွင်သာရှိဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား

အခြေခံပညာ ကျောင်းအချို့ စည်းကမ်းလိုက်နာမှု အားနည်းနေသဖြင့် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များမှာ စာရွက်ပေါ်တွင်သာ ရှိနေရာ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမများ တွေ့ဆုံကာ ရှင်းပြသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် မေလ ၂၉ ရက်နေ့က ကျင်းပသည့် ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့်

ဖမ်းဆီးခံထားရသော SNLD ကျေးရွာပါတီ ဥက္ကဋ္ဌ ပြန်လွတ်

ရှမ်းတိုင်းရင်းသားများဒီ မိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ မှ မတရားအသင်းဆက်သွယ်မှု ဖြင့် ဖမ်းဆီးခံထားရသူကျေးရွာပါ တီဥက္ကဋ္ဌကို ဖမ်းဆီးထားပြီး ၂၄ ရက်အကြာ မေလ ၂၉ ရက် ညနေ တွင် ကျိုင်းတုံရဲစခန်းက အမှု ရုပ်သိမ်း၍ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

နိုင်ငံတော်သမ္မတက စိုင်း အိုက်ကိန်ကို ဖမ်းဆီးထားခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပြန် လွှတ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးကို ပြောကြားပြီးတစ် ပတ်ခန့် အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော SNLD ကျေးရွာပါတီ ဥက္ကဋ္ဌ ပြန်လွတ်

ရှမ်းတိုင်းရင်းသားများဒီ မိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ မှ မတရားအသင်းဆက်သွယ်မှု ဖြင့် ဖမ်းဆီးခံထားရသူကျေးရွာပါ တီဥက္ကဋ္ဌကို ဖမ်းဆီးထားပြီး ၂၄ ရက်အကြာ မေလ ၂၉ ရက် ညနေ တွင် ကျိုင်းတုံရဲစခန်းက အမှု ရုပ်သိမ်း၍ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

နိုင်ငံတော်သမ္မတက စိုင်း အိုက်ကိန်ကို ဖမ်းဆီးထားခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပြန်လွှတ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးကို ပြောကြားပြီးတစ် ပတ်ခန့် အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

မှတ်ထားကြပါအုံးနော်

Photo: မှတ်ထားကြပါအုံးနော်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကြား အခြေအနေတင်းမာ

မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ ၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီးကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

Photo: လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး
Friday, May 30, 2014

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန်အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေးစီမံကိန်း(Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန်အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ်လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

7Day Daily
တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ ပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင် အာရှနိုင်ငံ များသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

မြောက်ကိုရီးယား မြန်မာ စစ်ရေး ဆက်ဆံမှု အမေရိကန် စိုးရိမ်ဆဲ

Photo: မြောက်ကိုရီးယား မြန်မာ စစ်ရေး ဆက်ဆံမှု အမေရိကန် စိုးရိမ်ဆဲ
Friday, May 30 , 2014

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီယားနဲ့ စစ်ရေး
ဆက်ဆံမှုတွေ လုံးလုံး မပြတ်သေးဘူးဆိုတဲ့
သဘော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

 မြန်မာအစိုးရအနေနဲ့ လက်နက် မပြန့်ပွားရေး ဆိုင်ရာ လိုက်နာရမယ့် နိုင်ငံတကာဆုံးဖြတ်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်ဆက်မပြတ် သတိပေး တိုက်တွန်းနေတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေကို Email က တဆင့် ပေးပို့ အကြောင်းပြန်ခဲ့တာပါ။

 မြောက်ကိုရီယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို မြန်မာ အနေနဲ့ လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ သမ္မတအိုဘားမား ပြောရာမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာ လာပြီလို့တော့ ချီးကျူးထားပါတယ်။ သမ္မတအိုဘားမားရဲ့ အခုလို ပြောဆိုချက် အပြီး နောက်တနေ့မှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဌာနက အခုလို ထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လေးစား လိုက်နာပါ့မယ်လို့ 
သမ္မတဦးသိန်းစိန်က လူသိရှင်ကြား ကတိပေးပြောခဲ့ သလိုပဲ၊ မြန်မာအစိုးရအနေနဲ့ ဒီ ကတိက၀တ်အတိုင်း လိုက်နာဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ဒုံးလက်နက်အစီအစဉ်တွေ ရှေ့တိုးဆောင်ရွက်လို့မရဖို့၊ လက်နက်ပြန့်ပွားမှုတွေ မဖြစ်လာအောင်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် လိုက်နာအကောင်အထည်ဖော်ရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အခြားမိတ်ဖက်နိုင်ငံတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာန
ကြေညာချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိသွားနေတဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ချီးကျူးပြောနေကြသလို တချိန်တည်းမှာပဲ ဒီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့ တိုက်တွန်းလျှက်ရှိပါတယ်။

ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား စစ်ရေးဆက်ဆံမှုတွေ မပြတ်သေးဘူးဆိုတဲ့ သတင်းတွေအပေါ်မှာ၊ အမေရိကန်အစိုးရပိုင်းရော လွှတ်တော်မှာပါ မကြာမကြာ စိုးရိမ်မကင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

VOA (မြန်မာပိုင်း)
မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ လုံးလုံး မပြတ်သေးဘူးဆိုတဲ့သဘော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ လက်နက် မပြန့်ပွားရေး ဆိုင်ရာ လိုက်နာရမယ့် နိုင်ငံတကာဆုံးဖြတ်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်ဆက်မပြတ် သတိပေး တိုက်တွန်းနေတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေကို Email က တဆင့် ပေးပို့ အကြောင်းပြန်ခဲ့တာပါ။

မောင်တောမှ နာမည်ကြီးဘင်္ဂါလီဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

 
 
 
 
 
 
မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂ
လားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေခံပစ္စည်းများနှင့်


အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

လူငယ်များ နိုင်ငံရေးအတွက် အနစ်နာခံမှု လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ဟု ဦးစိုးသိန်း ပြောကြား

Photo: လူငယ်များ နိုင်ငံရေးအတွက် အနစ်နာခံမှု လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ဟု ဦးစိုးသိန်း ပြောကြား
Friday, May 30 , 2014

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသော အစိုးရသစ် လက်ထက်တွင် လူငယ်များ နိုင်ငံရေးအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်လှုပ်ရှားမှု ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
နိုင်ငံရေး လုပ်ဆောင်မှုများတွင် လူငယ်များ စွန့်လွှတ် အနစ်နာခံသည်ကို တွေ့ရှိရသော်လည်း မှားယွင်းနေသော လမ်းကြောင်းအတွင်း ဝင်ရောက်သွားမည်ကို စိုးရိမ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
“ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့အချိန်မှာ တိုင်းပြည်က ကျွန်တော့်အတွက် ဘာလုပ်ပေးမလဲ မတောင်းဆိုနဲ့။ တိုင်းပြည်အတွက် ဘာလုပ်ပေးမလဲကိုပဲ စဉ်းစားရမယ့် အချိန်ပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးသင်တန်းကျောင်းများ ဖွင့်လှစ်ရေးကို အားပေးနေသော်လည်း သင်ကြားမှုများသည် နိုင်ငံတော် တည်ဆောက်ရေးအတွက် ဖြစ်သင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် လူငယ်များ ပါဝင် ဆောင်ရွက်နေသည်ကို တွေ့ရှိရသော်လည်း စွမ်းရည်မြှင့်တင်ရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ယင်းသို့ လူငယ်များ နိုင်ငံရေးနယ်ပယ်တွင် ကျယ်ပြန့်စွာ ပါဝင်ရေးအတွက် အစိုးရက လမ်းဖွင့်ပေးရန် လိုအပ်ပြီး အတားအဆီး ဖြစ်နေသော ဥပဒေများကို ပြင်ဆင်ပေးရန် လိုအပ်ကြောင်း Generation Wave မှ ဦးမိုဃ်းသွေးက ပြောကြားသည်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အမှန်တကယ် လုပ်ဆောင်နေတဲ့ သူတွေကိုတော့ လမ်းကြောင်းမှား ရောက်နေတယ်လို့ ပြောလို့ မရပါဘူး” ဟု ၎င်းကဆိုသည်။

လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန်အတွက် အမျိုးသားလူငယ်စင်တာ (National Youth Center) ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း မတ်လ တတိယပတ်အတွင်း ပြုလုပ်သော အာဆီယံလူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ထားပြီး အရပ်ဘက် လူငယ်အဖွဲ့အစည်းများ ပါဝင်သော လူငယ်စင်တာ တည်ထောင်ရေး ယာယီကော်မတီကို မေလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းထားသည်။

The Voice Weekly 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသော အစိုးရသစ် လက်ထက်တွင် လူငယ်များ နိုင်ငံရေး အတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြု လုပ်သော နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်လှုပ်ရှားမှု ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။

ဂျပန်ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲ

Photo: ဂျပန်ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲ
Friday, May 30 , 2014

ဂျပန်နိုင်ငံ အနောက် တောင်ကမ်းရိုးတန်း ဟီမီဂျီဆိပ် ကမ်းအနီးတွင် မေလ ၂၉ ရက်က ရေနံတင်သင်္ဘောတစ်စီး မီး လောင်ပေါက်ကွဲခဲ့ရာ သင်္ဘော ကပ္ပတိန် ပျောက်ဆုံးနေသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ဂျပန်ရေနံတင်သင်္ဘော ရှိုကိုမာရူပေါ်တွင် သင်္ဘောသားရှစ်ဦး လိုက်ပါလာပြီး မီးလောင်ပေါက် ကွဲမှုကြောင့် သင်္ဘောကပ္ပတိန် ပျောက်ဆုံးနေကာ လူလေးဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က မေလ ၂၉ ရက်တွင် ပြောသည်။

ကမ်းခြေစောင့်သင်္ဘောများ သည် မီးလောင်နေသော သင်္ဘော ကို ရေများပက်၍ ငြှိမ်းသတ်နေ စဉ် အခင်းဖြစ်ပွားရာနေရာမှ ဗီဒီ ယိုများနှင့် ဓာတ်ပုံများတွင် မီးခိုး လုံးများ ထွက်နေသည့် မြင်ကွင်း များကို ဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသော သင်္ဘော ကပ္ပတိန်ကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်သည်ဟု NHK သတင်းက ဖော်ပြသည်။

မီးလောင်ပေါက်ကွဲရသည့် အကြောင်းရင်းမှာ မရှင်းလင်း သေးကြောင်းနှင့် ပေါက်ကွဲမှုဖြစ် ပွားချိန်တွင် သင်္ဘောသားများသည် သင်္ဘောကုန်းပတ်ပေါ်၌ အလုပ်လုပ်နေကြကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျီတာကာရာဒါက ပြော သည်။
—Ref: AP
7 Day 
 ဂျပန်နိုင်ငံ အနောက် တောင်ကမ်းရိုးတန်း ဟီမီဂျီဆိပ် ကမ်းအနီးတွင် မေလ ၂၉ ရက်က ရေနံတင်သင်္ဘောတစ်စီး မီး လောင်ပေါက်ကွဲခဲ့ရာ သင်္ဘော ကပ္ပတိန် ပျောက်ဆုံးနေသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ဂျပန်ရေနံတင်သင်္ဘော ရှိုကိုမာရူပေါ်တွင် သင်္ဘောသားရှစ်ဦး လိုက်ပါလာပြီး မီးလောင်ပေါက် ကွဲမှုကြောင့် သင်္ဘောကပ္ပတိန် ပျောက်ဆုံးနေကာ လူလေးဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က မေလ ၂၉ ရက်တွင် ပြောသည်။

ပုသိမ်မြို့ ရှောပြာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကြွက်များသေဆုံးမှုမှာ လူကို အန္တရာယ်မဖြစ်စေနိုင်

Photo: ပုသိမ်မြို့ ရှောပြာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကြွက်များသေဆုံးမှုမှာ လူကို အန္တရာယ်မဖြစ်စေနိုင် 
Friday, May 30 , 2014

ပုသိမ်မြို့ ရှောပြာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပုံမှန်မဟုတ်သောကြွက် အများအပြားသေဆုံးမှုသည် ဒေသတွင် နေထိုင်သည့်လူများ၏ ကျန်းမာရေးအတွက် တစ်စုံတစ်ရာအန္တရာယ်မရှိကြောင်း သုတေသန စစ်ဆေးချက်များ၏ရလဒ်အရ ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ပြောကြားသည်။
 
“ကျွန်မတို့ အဲဒီဒေသကို သွားရောက်ပြီးဖြစ်စဉ်တွေကို စုံစမ်းခဲ့တယ်။ ကြွက် အသေတွေကိုလည်း ကွင်းပြင်ရယ်၊ ရပ်ကွက်ထဲရယ် နေရာနှစ်နေရာခွဲပြီး ဓာတ်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကြွက် အမျိုးမျိုးရှိတဲ့ အထဲက သေတဲ့ကြွက်တွေ အမျိုးအစားက ကြွက်ဖလောင်းမြီးရှည် မျိုးပါ။ သူတို့ကို ရင်ခွဲစစ်ဆေးတယ်။ ကိုယ်ပေါ်မှာရှိတဲ့ သန်းတွေကို စစ်ဆေးတယ်။ သူတို့မှာ ကပ်ပါးပိုးမရှိဘူး။ပုလိပ်ရောဂါဖြစ်စေမယ့် သန်းမတွေ့ရဘူး။ ဓာတုဗေဒ အဆိပ်သင့်မှု မတွေ့ရဘူး။ ကြွက်တွေသေဆုံးမှုဟာ လူတွေကို အန္တရာယ်ဖြစ်စေလောက်တဲ့ ပိုးမွှားမရှိတော့ လူတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာညိုမီထွေးက ရှင်းပြသည်။
 
အရွယ်အစားအားဖြင့် နှစ်လက်မ အရွယ်အစားခန့်သာရှိပြီး အလေးချိန်အားဖြင့် အများဆုံး ၁၄ ဂရမ်သာရှိသည့် ကြွက်ဖလောင်းများသည် ပုသိမ်မြို့ ရှောပြာကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာသုံးရွာတွင် မေ ၂၁ ရက်မှစ၍ ယနေ့ထိ ကောင်ရေတစ်ထောင်ကျော်ခန့် သေဆုံးခဲ့ပြီးနောက် သက်ဆိုင်ရာစိုက်ပျိုးရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ လူအများအန္တရာယ် ရှိ၊ မရှိ အား ကွင်းဆင်းစစ်ဆေးပြီး ရရှိလာသည့်တွေ့ရှိချက် ဖြစ်သည်။
 
“ဒီကြွက်တွေကို တစ်ခါမှ ဒီလောက်များများစားစား မတွေ့ဖူးပါဘူး။ အိမ်နဲ့အနီးပတ်ဝန်းကျင်မှာ ဒီကြွက်မျိုးတွေ တစ်ကောင်တလေကလွဲလို့ မရှိပါဘူး။ ထူးခြားတာက ကြွက်တွေရဲ့လည်ကုပ်အပေါ်ဘက်မှာ သွေးစို့နေတဲ့ အပေါက်သေး တစ်ပေါက်နှစ်ပေါက် စီတွေ့ရတယ်။ စဖြစ်တဲ့နေ့က အကောင် ၉ဝ လောက်တွေ့ရပေမယ့် နောက်နေ့မှာ တစ်ကောင်နှစ်ကောင်ပဲ တွေ့ရတယ်”ဟု ရှောပြာကျေးရွာမှ ကိုဘဦးက ဆိုသည်။
 
ကြွက်များသေဆုံးမှုသည် ရှောပြာကျေးရွာရှိ နေအိမ်တိုင်းတွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ကွင်းနှင့်နီးသည့်ရပ်ကွက်ရှိ နေအိမ်အချို့တွင်သာ သေဆုံးခဲ့ခြင်းဟု သိရသည်။ အဆိုပါ ကြွက်သေများအား ကြောင်နှင့်အခြားသတ္တဝါများမှ စားသုံးခြင်းမရှိဟု သိရသည်။
 
“ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေဖြစ်တော့ စိုးရိမ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြောင့်လား၊ အစာအဆိပ်သင့်မှုလား၊ ဒါမှမဟုတ် ရောဂါပိုးကြောင့်လားဆိုတာ ဘာမှသဲသဲကွဲကွဲ မသိရသေးဘူး။ ကျောင်းထဲမှာ ကြွက်တွေသေတာရှိတော့ ကလေးတွေအတွက် စိုးရိမ်တယ်။ စိတ်ချရတဲ့အနေအထားတွေ ဆောင်ရွက်မပြီးမချင်း ကျောင်းမဖွင့်ဖို့ရက် ရွှေ့ဆိုင်းထားတယ်”ဟု ရှောပြာ အထကမှ ကျောင်းအုပ်ကြီး ဦးဗိုလ်ဟိန်းက ပြောကြားသည်။

Eleven
ပုသိမ်မြို့ ရှောပြာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပုံမှန်မဟုတ်သောကြွက် အများအပြားသေ ဆုံးမှုသည် ဒေသတွင် နေထိုင်သည့်လူများ၏ ကျန်းမာရေးအတွက် တစ်စုံတစ်ရာအန္တရာယ်မရှိကြောင်း သုတေသန စစ်ဆေးချက်များ၏ရလဒ်အရ ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ပြောကြားသည်။

“ကျွန်မတို့ အဲဒီဒေသကို သွားရောက်ပြီးဖြစ်စဉ်တွေကို စုံစမ်းခဲ့တယ်။ ကြွက် အသေတွေကိုလည်း ကွင်းပြင်ရယ်၊ ရပ်ကွက်ထဲရယ် နေရာနှစ်နေရာခွဲပြီး ဓာတ်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကြွက် အမျိုးမျိုးရှိတဲ့ အထဲက သေတဲ့ကြွက်တွေ အမျိုးအစားက ကြွက်ဖလောင်းမြီးရှည် မျိုးပါ။ သူတို့ကို

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဇွန်လအတွင်း စတင်ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အတားအဆီး ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီတွင် ဇွန်လ ဒုတိယပတ်အတွင်း စတင်ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက The Voice သို့ ပြောကြားသည်။

သာသနာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း)ကို အမြင်ကွဲလွဲမှုများရှိနေ

ရန်ကုန်၊ မေ ၂၈- သာသနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် ပတ်သက် ၍ အမြင်အမျိုးမျိုးကွဲပြားလျက်ရှိ ကြောင်း သိရသည်။ မေ ၂၇ ရက်က နိုင်ငံပိုင် သတင်း စာများတွင် ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်သူ့အကြံပြုချက်ရယူ ရန် အခန်း(၇)ခန်းပါ ဥပဒေကြမ်း ဖော်ပြထားမှုအပေါ် ယင်းသို့ပြောဆို ကြခြင်း ဖြစ်သည်။
အမျိုးဘာသာသာသနာစောင့် ရှောက်ရေး(ဗဟို)ဥက္ကဋ္ဌ ဆရာတော် ကြီး အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာ ဘိဝံသက ''အခု ဒီဥပဒေကို အကြမ်း ဖျင်းဖတ်ထားတာ ရည်မှန်းထားတာ အားလုံးမဟုတ်ရင်တောင် မှ တော် တော်လေးကို အသက်ဝင်တယ်။ မြန်မာစံ လူ့အခွင့်အရေးစံတွေနဲ့ညီ အောင် ရေးဆွဲထားတယ်လို့ မြင် တယ်။ ဥပဒေဆိုတာ လိုအပ်လို့ လုပ် တာ။ ဒီဟာက မြန်မာတစ်မျိုးသားလုံး တိုင်းရင်းသားအားလုံးရဲ့ အရေးပဲ။ အခုကန့်ကွက်နေတဲ့ သူတွေက မြန်မာ အရေးကို တကယ်လိုလားတယ်ဆိုရင် ဟန့်တားစရာမလိုဘူးလို့ ထင်တယ်။ အခုအချိန်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာသာသနာက အရေးကြီးဆုံး လို့မြင်တယ်။ ဒီထက် နောက်ကျသွား ရင် ဘာမှလုပ်လို့မရတော့ဘူး''ဟု မိန့်ကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် လက်မှတ်ထိုးသည့် စာရင်းများအား ရဲစခန်းက တောင်းယူ

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ယနေ့(မေလ ၂၉ရက်)က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် လက်မှတ်ရေးထိုးစဉ်။ (ဓာတ်ပုံ - မြင့်မြင့်စိန်၊ NLD)
 
ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက မဇ္ဈိမကို ပြောသည်။

တောင်သူ ၅ ဦး ရိုက်နှက်ခံရမှု အရေးယူပေးဖို့ သမဂ္ဂ တောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ ကြေငြာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

တောင်သူ ငါးဦးကို ရိုက်နှက်ခဲ့သူတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ မစုစုနွေးက အခုလို ပြောပါတယ်။

RCSS/SSA နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံခဲ့ရသည့် SNLD ကျိုင်းတုံတာဝန်ခံ ပြန်လည်လွတ်မြောက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးပြီး တရားစွဲခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကျိုင်းတုံမြို့နယ် တာဝန်ခံကို မေ ၂၉ ရက် ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံတာဝန်ခံ စိုင်းအိုက်ကျိန်(ခ) အိုက်ကျိမ်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားရုံးတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့် ကျိုင်းတုံမြို့မရဲစခန်းမှ မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် အမှုပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် ညနေပိုင်းတွင် တရားရုံးမှ အပြီးသတ်ပြန်လည် လွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ

ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်ပွားပုံမှာ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာရှိ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်တွင် မြေသြဇာနှင့် မျိုးစေ့ စုစုပေါင်းကျပ် နှစ်သိန်းခွဲကျော်ဖိုးဝယ်ယူခဲ့ပြီး ပစ္စည်း တန်ဖိုးပေးချေသည့်ငွေများထဲတွင် ၅၀၀၀ တန်ငွေစက္ကူအတု (၅)ရွက် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။