Friday, November 1, 2013

မိုးစက်ဝိုင် ပေါ်ပြူလာ ဖြစ်နေသော မယ်စကြာဝဠာ ပြိုင်ပွဲကြီးစတင်

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၂၀၁၃)ခုနှစ်၊ မယ်စကြာဝဠာ ပြိုင်ပွဲအတွက် နိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု အလှမယ်အားလုံး စုံလင်စွာ ရောက်ရှိလာပြီဟု သိရှိရသည်။ အစောပိုင်းက မယ်စကြာဝဠာ ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွင် မမျှတကြောင်း ဝေဖန်စကားများ ပြောဆိုခဲ့သည့်အတွက် ဒုတိယဆုရ အလှမယ်နှင့် အစားထိုးမည်ဟု သတင်းထွက်ခဲ့သည့် ဂါနာကိုယ်စားပြု ဟာနီရယ်လ် ဂျာမင်သည်လည်း မော်စကိုသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ သူမသည် အခြားသော နိုင်ငံ(၈၅)ခုမှ ကိုယ်စားပြု အလှမယ်များနှင့် ပူးပေါင်းခွင့် ရခဲ့သည်။

အသတ်ခံရသူအမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာလ ၃၁

လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။

ကမ္ဘာနှင့်တူသော ဂြိုလ် Kepler-78b

ကမ္ဘာနှင့်တူသော ဂြိုလ် Kepler-78b 

ကမ္ဘာနဲ့ အသွင်အားဖြင့် အနီးစပ်ဆုံးတူတဲ့ ဂြိုလ် အဖြစ် Kepler-78b ကို အသိအမှတ်ပြုထားပါတယ်။ သို့ပေမယ့် သူက Extrasolar Planet ပါ။ မီး၊ချော်ရည်မြစ်တို့ ဂြိုလ်တစ်ခုလုံး စီးဆင်းနေလို့ ဖြစ်ပါတယ်။ 

ဂြိုလ်ပေါ်မှာ အပူချိန်က ၂၀၃၀ ဒီဂရီ စင်တီဂရိတ်ကနေ ၂၈၃၀ အထိ မြင့်မားလို့ ဖြစ်ပါတယ်။ သူက နေနဲ့ ပိုနီးလို့ပါ။ ကြယ် Kepler-78 ကို လည်ပတ်နေတဲ့ ဂြိုလ် ဖြစ်ပါတယ်။ ကမ္ဘာဂြိုလ်ထပ် အရွယ်အားဖြင့် ၁.၈၆ ဆသာ ကြီးပြီး radius က 1.16 ဆသာ ကြီးတာ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ မတိမ်းမယိမ်း အရွယ်အစားပါပဲ။ သို့ပေမယ့် ကမ္ဘာထက် အပူချိန် သိသိသာသာ များနေတာတော့ ငြင်းလို့မရပါဘူး။ ယခု ၂၀၁၃ ခုနှစ်အတွင်းမှာပဲ တွေ့ရှိတဲ့ ဂြိုလ်တစ်လုံး ဖြစ်ပါတယ်။ 

ဂြိုလ်ပေါ်မှာ လူသားတို့ နေထိုင်နိုင်ခြင်း ရှိမရှိကို သေချာ စစ်ဆေး ပြုလုပ် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( TSJ Team )

.
ကမ္ဘာနဲ့ အသွင်အားဖြင့် အနီးစပ်ဆုံးတူတဲ့ ဂြိုလ် အဖြစ် Kepler-78b ကို အသိအမှတ်ပြုထားပါတယ်။ သို့ပေမယ့် သူက Extrasolar Planet ပါ။ မီး၊ချော်ရည်မြစ်တို့ ဂြိုလ်တစ်ခုလုံး စီးဆင်းနေလို့ ဖြစ်ပါတယ်။

iPhone 5S ရဲ့ Touch ID ကို ယုံကြည်သင့်ပြီလား

စက်တင်ဘာ ၁၀ ရက် နေ့တုန်းက Cupetrino ကနေ iPhone အသစ်တွေ ဖြစ်တဲ့ iPhone 5C နဲ့ iPhone 5S တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် iPhone တွေနဲ့ ပတ်သက်တဲ့ ပြောစရာစကားတွေ အများအပြား ထွက်ပေါ်လာခဲ့ကြပါတယ်။ iPhone 5 ကိုပဲ ဒီအတိုင်း အဆင့်မြှင့်တင် ထားတာလား၊

အချိန်ပို ခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာ ဆွေးနွေး

Photo: အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာဆွေးနွေး
Friday, 01 November 2013 

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က
 အောက်တိုဘာ ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု
လွှတ်တော်မှာ ပြည်ထောင်စုလွတ် တော်နာယက ဦးခင်အောင်မြင့် ဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး မျှတရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့ အလုပ်ရှင်အလုပ်သမားနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု
လွှတ်တော်ရဲ့ အစီရင်ခံစာမှာရှိတဲ့ အပိုင်းတွေကို ပြောတာက အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီးပါ၊ ကျနော်တို့က အစီရင်ခံစာ တင်ထားတာပေါ့နော်၊ အလုပ်ရှင် အလုပ်သမားနဲ့ ပတ်သက်လို့ အစီရင်ခံစာအပေါ် မူတည်ပြီးတော့ သူတို့က ဘယ်လို ဆောင်ရွက်ထား
ပါတယ် ဆိုတာကို ဖြေကြားတာပါ။ အဓိကတော့ အလုပ်သမားဟာ အခြေခံလစာ နည်းနေတော့ အချိန်ပိုလုပ်အားခဟာ သူတို့ ပြောသလို သူတို့ခိုင်းချင်သလို ခိုင်းလို့ရတဲ့ အခြေအနေမျိုးဖြစ်နေတာ။”

အလုပ်သမားတွေ အချိန်ပို လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ပုံမှန်လုပ်ငန်းတွေ
အတွက် တနေ့ ၃နာရီနဲ့ စနေနေ့မှာ ၅နာရီ တပတ်မှာ အချိန်ပို ၂၀နာရီသာ အလုပ်ခိုင်းစေရမဲ့အကြောင်း၊ အဆက်မပြတ်လုပ်ငန်းတွေအတွက် တနေ့ ၂နာရီ ၄၀မိနစ်နဲ့ ၆ရက်မှာ ၁၆နာရီသာ အချိန်ပို အလုပ်ခိုင်းစေရမယ်လို့ ပါရှိပါတယ်။

အချိန်ပို အလုပ်ခိုင်းစေမယ်ဆိုရင်လည်း အလုပ်သမားတွေရဲ့ သဘောတူညီချက်လက်မှတ်ကို တင်ပြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အလုပ်ရှင်ကို အရေးယူသွားမယ်လို့ ပြောပါတယ်။

အလုပ်သမား အလုပ်ရှင်ပြဿနာတွေ၊ အချိန်ပို အလုပ်ကိစ္စနဲ့ အနိမ့်ဆုံး လုပ်အားခတွေသတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ်ရေးဆွဲရေး
အတွက်လည်း ကြိုးစားနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်
စီစစ်နေပြီလို့ ဦးဖုန်းမြင့်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အကြာကြီး
လုပ်ကြရပြီး လုပ်အားခ အနည်းငယ်သာ ရရှိနေတဲ့အခြေအနေတွေကို အလုပ်သမားရေးဆောင်ရွက်နေသူတွေက စစ်တမ်းကောက်ယူပြီး ခေတ်သစ်
ကျွန်သဘောက်လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တဲ့
အကြောင်းလည်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

ABC
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ် ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ် သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က အောက်တိုဘာ ၃၀ရက်နေ့ မှာ ပြောကြားခဲ့ ပါတယ်။

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ

  Photo: ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ 

01-11-2013

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

သွေးစုပ်ဖုတ်ကောင် Vampire

သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။
သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။

Vampire
သွေးစုပ်ဖုတ်ကောင် Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။ ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ ဖြစ်နိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ယနေ့ဆုံးဖြတ်ချက်ချမည်

ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေး ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း က အောက်တိုဘာ ၃၁ ရက် အစည်းအဝေးပြီးနောက် သတင်းမီဒီယာများကို ပြောသည်။

Facebook ၏ အန္တရာယ်

လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက်ထဲမှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံကလူတွေကို မိတ်ဆွေဟောင်းတွေ နဲ့ပြန်ဆက် သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ်တွေရရှိစေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင် ပေးနေပါတယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....

သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ

ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက် နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ

၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင်

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုမှာ ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ ကိုသာ ထိခိုက်မည်ဟု လျှပ်စစ်တာဝန်ရှိသူ ပြောကြား

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ (၀ ဒသမ ၃၉ ရာခိုင်နှုန်း) သာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဇေကမ္ဘာ စက်မှုဇုန်တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရှင်းလင်း ပြောကြားသည်။

အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်



Photo: အပစ်ရပ်စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည်
Friday, November 1, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ဘုံသဘောထားကို ဆွေးနွေးနိုင်ရန်အတွက် ဘုံသဘောထား ရေးဆွဲရေး ကော်မတီတစ်ရပ်ကိုလည်း အောက်တိုဘာ ၃၁ ရက် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်း ပြီး ထိုကော်မတီက ဘုံသဘောထား ရေးဆွဲကာ နိုဝင်ဘာ ၁ ရက် ဆွေးနွေးပွဲ၌ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုခဲ့ပြီး ဒုတိယနေ့ ဆွေးနွေးမှုတွင်လည်း အပစ်အခတ် ရပ်စဲရေးအတွက် အဖြေထွက်ခဲ့ခြင်း မရှိသောကြောင့် ကော်မတီဖွဲ့စည်းပြီး ဘုံသဘောထား ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များထံသို့ ပေးပို့သည့် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း' တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲပြီး ဧပြီလအတွင်းက ထုတ်ပြန်ထားသော Comprehensive Union Peace and Ceasefire Agreement မူကြမ်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ရေးဆွဲထားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထား ရပ်တည်ချက်နှင့် ၂၀၁၂ ခုနှစ် တိုင်းရင်းသား ညီလာခံက ရေးဆွဲထားသည့် သဘောထားမူကြမ်း အစရှိသဖြင့် မူကြမ်းလေးခု ရှိနေသဖြင့် မူကြမ်းအားလုံး တစ်ခုတည်း ဖြစ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ကော်မတီဖွဲ့ပြီး ရေးဆွဲပြီး ခေါင်းဆောင်များက ဆုံးဖြတ်ချက်ချရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။

''WGEC က ဦးဆောင်ရေးဆွဲထားတဲ့မူ၊ UNFC က ရေးဆွဲထားတဲ့ ဘုံသဘောထား ရပ်တည်ချက်၊ နောက် ဦးလှမောင်ရွှေတို့ ပြင်ဆင်ထားတဲ့ အဲဒီသုံးခုကို ဖတ်လိုက်တော့ ကောင်းတာတွေလည်းပါတယ်။ ပယ်ချင်တာတွေလည်း ပါတယ်။ ဒီနေ့ တစ်ရက်တည်းက မပြီးပြတ်ဘူး။ မပြီးပြတ်တော့ ကောင်းတာတွေယူ၊ မကြိုက်တာပယ်၊ အချောတစ်ခုကို ရေးဖို့ ကော်မတီ ဖွဲ့လိုက်တယ်'' ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဘုံသဘောထား ရေးဆွဲမည့် ကော်မတီကို တိုင်းရင်းသား လူမျိုးများ ကောင်စီ(ENC) ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဦးဆောင်မည်ဖြစ်ပြီး လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်ဟု သိရသည်။ ထိုကော်မတီ၏ သက်တမ်းမှာ တစ်ရက်သာ ကြာမြင့်မည်ဖြစ်ပြီး ကော်မတီက ရေးဆွဲသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။

''ဘုံသဘောထားကို ရေးဆွဲပြီးတော့ မနက်ကိုးနာရီမှာ တင်ပြဖို့ ကြိုးစားမယ်။ အဲဒါကို ဒီကခေါင်းဆောင်တွေက အားလုံးပြန်စဉ်းစားပြီးတော့ သူတို့တင်ပြမှာပေါ့။ ဆုံးဖြတ်ချက်ကို သူတို့ချမှတ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယနေ့ ဆွေးနွေးမှု အပြီးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားခဲ့သည်။

ဘုံသဘောထားအပေါ် ခေါင်းဆောင်များ၏ ဆွေးနွေးမှု ရလဒ်မှာလည်း အကောင်းဆုံး ဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဘုံသဘောထား ရေးဆွဲခြင်းကို KNU နှင့် RCSS တို့အပြင် ကျန်ရှိသော အဖွဲ့အားလုံးက လက်ခံကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားခဲ့သည်။

Eleven Media Group 

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် မူကြမ်းလေးခု ရှိနေသဖြင့် မူတစ်ခုတည်းဖြစ်ရန် ညှိနှိုင်းပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက် (ယနေ့) တွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နေ့စဉ်ထွက် အမှိုက်များမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို ၁ ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်ဝယ်၍ စက်မှုဇုန်များသို့ အဓိကဖြန့်ဖြူးမည်

8.1.1
ရန်ကုန်မြို့အတွင်း စည်ပင်သာယာမှ အမှိုက်သိမ်းလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည် တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုအား ရွေးချယ်ခဲ့ပြီး ယင်းကုမ္ပဏီများမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့မှ ပြန် ၀ယ်ပြီး စက်မှုဇုန်များသို့ အဓိကပြန်လည် ဖြန့်ဖြူးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး က အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။