Monday, August 19, 2013

အစ္စလာမ်ဘာသာအရေးအဖွဲ့မှ ကြီးမှူး၍ သံဃာတော်များကို တောင်ကြီးတွင် ဆွမ်းကပ်



Photo: အစ္စလာမ်ဘာသာအရေးအဖွဲ့မှ ကြီးမှူး၍ သံဃာတော်များကို တောင်ကြီးတွင် ဆွမ်းကပ်
Monday, August 19, 2013

ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးအဖွဲ့က ကြီးမှူးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်များကို အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ဆွမ်းကပ်လှူဒါန်းခဲ့သည်။

“ကျွန်တော်တို့ မွတ်ဆလင်ဘာသာဝင်များရဲ့ ၀ါကျွတ်အီးစ်ဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သာသနာရေး ကောင်စီရယ်၊ မွတ်စလင်
အမျိုးသားရေးရာအဖွဲ့ရယ်၊ စုပေါင်းပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ ဘာသာဝင်အားလုံးဟာ ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဦးတည်ပြီးတော့ ဆရာတော်တွေ၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်တယ်”ဟု ရှမ်းပြည်နယ် အိုလမာအဖွဲ့ အတွင်းရေးမှူး ဦးသန်းအောင်က မဇ္ဈိမကို ပြောသည်။

ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းကို တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များကို အစ္စလာမ်ဘာသာဝင်များက ဆွမ်းကပ်ခြင်းမှာ တောင်ကြီးမြို့တွင် ပထမဦးဆုံးပြုလုပ်ခြင်းလည်း ဖြစ်သည်။

အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကမကထပြုလုပ်ပြီး ကျင်းပသည့် ဆွမ်းဆပ်ကပ်ပွဲကို ကြွရောက်ချီးမြှင့်ပေးသည့်အတွက် သံဃာတော်များကို ကျေးဇူးတင်ရှိသည်ဟု ဦးသန်းအောင်က ဆိုသည်။ ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သူ ဦးအောင်ဆန်း ကလည်း ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့ အေးချမ်းစွာ နေထိုင်ရန် ဆန္ဒရှိသည်ဟုလည်း ဆိုသည်။

“အင်မတန် ၀မ်းသာပါတယ်။ အခုလို ရောနှောပြီးတော့ အေးချမ်းစွာ နေထိုင်သွားရင် ပဋိပက္ခတွေ မရှိနိုင်တော့ ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဆွမ်းဆပ်ကပ် လှူဒါန်းသည်ကို တောင်ကြီးမြို့ပေါ်ရှိ သိမ်တောင်၊ ဘုရားကြီးအနောက် ဓာတ်တော်ကြို၊ မြို့ဦး၊ ဓမ္မသုခ၊ စူဠာမုနိ၊ ဇေတ၀န်၊ လောကမာန်အောင်၊ မင်းကျောင်းတိုက်တို့မှ မြို့နယ်သံဃာမဟာနာယက ဆရာတော်များ၊ ထေကြီးဝါကြီး ဆရာတော်များ ရဟန်းသံဃာတော်များ စုစုပေါင်း၂၈ပါး ကြွရောက် ကာ နေ့ဆွမ်း ဘုန်းပေးခဲ့ကြပြီး ဗုဒ္ဓအဆုံးအမ တရားတော်များ ချီးမြှင့်ပေးခဲ့ကြသည်။

“အခုလို ရဟန်း သံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းတာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ မြင်ကွင်းပါ။ ဗုဒ္ဓဘာသာဝင်
တစ်ယောက်အနေနဲ့ ပြောလိုတာကတော့ အားလုံးကို လူသားတွေလို့ပဲ မြင်ပါတယ်” ဟု ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ခရစ်ယာန်လူငယ်များအသင်း YMCA၊ ဟိန္ဒူဘာသာဝင်များ၊ မွတ်ဆလင်ဘာသာဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့သည်။
===========================================
ပုံစာအညွှန်း = ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးအဖွဲ့က ကြီးမှူးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်များကို အစ္စလာမ် ဘာသာဝင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ဆွမ်းကပ်လှူဒါန်းစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)

Mizzima - News in Burmese
ရှမ်းပြည်နယ် အစ္စလာမ်ဘာသာရေးအဖွဲ့က ကြီးမှူးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်များကို အစ္စလာမ် ဘာသာဝင်တို့၏ ၀ါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ဆွမ်းကပ်လှူဒါန်းခဲ့သည်။

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး 

သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ

 မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

Posted From Classic Burma News
မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ်ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေး အဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင်တွင်းနေ မြန်မာ မိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်း များအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

မုဒိန်းကျင့်ခံရခြင်းမှ ကင်းဝေးအောင် ကွန်ဒုံးထဲတွင် ဓါးသွားပါသည့် ကွန်ဒုံးတီထွင်


မုဒိန်းကျင့်ခံရခြင်းမှ ကင်းဝေးအောင် ကွန်ဒုံးထဲတွင် ဓါးသွားပါသည့် ကွန်ဒုံးတီထွင်
( MYANMAR NEWS UPDATES )

၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။

တီထွင်သူ Dr. Sonnet Ehlers က အဆိုပါကွန်ဒုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု
ဆိုသည်။

အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ 

မုဒိန်းကျင့်ရန်ကြံစည်သူသည်မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ပါသွားမည်ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။ 

အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူကရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ 

လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။

သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။

၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင် ခဲ့လေ သည်။

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန် ......


Photo: ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ လိုက်နာရန် ......
Monday, August 19, 2013

ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရမယ်၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။

-မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေး ရှိသော အခြား တစ်နေတရာသို့စက္ကန့် ၂၀ ကြည့်ရှုပါ။

- ထိုင်ခုံ၊ မော်နီတာ၊ မီး အလင်းအမှောင် အားလုံးကို မိမိနဲ့ အဆင်ပြေဆုံးဖြစ် မယ့် အနေအထား တစ်ခုကို ချိန်ထားရပါမယ်။

- ကွန်ပြူတာ မျက်နှာမှ စာများ ဖတ်လို့ လွယ်ကူဖို့အတွက် မျက်နှာပြင်ကို enlarge ပြုလုပ် (ချဲ့ ) ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

- မိမိ ကွန်ပြူတာစင်နဲ့ ပတ်ပတ်လည်မှာ ဖုန်များ ရှိမနေသင့်ပါဘူး။ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရမယ့် နေရာမှာ ဖုန်နဲ့ အခြားအမှိုက် သရိုက် တွေပါ ရောယှက် ညစ်ပတ်နေရင် တစ်ကိုယ်ရည် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

- မျက်တောင်ခန့်ဖို့ မမေ့ပါနှင့်။ မျက်တောင် မခက်ပဲ ကွန်ပြူတာကို တစ်နေကုန် စိုက်ကြည့်ခြင်က မျက်တွင်းခမ်းခြောက်စေပြီး မျက်စိ အကြောအားနည်းခြင်းနဲ့ အခြား အာရုံကြော ဆက်စပ်ရောဂါများ ဖြစ် လာနိုင်ပါတယ်။
--
Ref: medic-facts
Maukkha Education Magazine
ကွန်ပြူတာ တစ်နေကုန် အသုံးပြုသူများ အနေနဲ့ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းနဲ့ ထိုင်ရမယ်၊ ကြည့်ရ မယ် ၊ အသုံးပြုရမယ်ဆိုတာ ပုံမှာ ပြသထား ပါတယ်။

တရုတ်မှာ သေသူ ကိုယ်ခန္ဓာအစိတ်ပိုင်း ယူသုံးခွင့် မူပြောင်းလဲ

Image: Organ for transplant being stored in ice Image 2009-11-16
အစားထိုး ကုသပေးနိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရေခဲဗူးထဲသိုလှောင်ထား (Credit: ABC)
တရုတ်နိုင်ငံမှာ ​သေဒဏ်ချမှတ်ခံရတဲ့ ​ထောင်သားတွေရဲ့ ​ကိုယ်ခန္ဓာအစိတ်အပိုင်းကိုယူပြီး ​နာ မကျန်းဖြစ်သူတွေကို ​လွဲပြောင်းအစားထိုး ​ကုသပေးနေတဲ့ ​စနစ်ကို ​နိုဝင်ဘာလကစပြီး ​တဖြေးဖြေး ​ပပျောက်သွားအောင် ​လုပ်ဆောင်မယ်လို့ ​တရုတ်အစိုးရက ​ကြေညာလိုက်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးပိုင်းလုပ်မှ ဖြစ်နိုင်မယ်လို့ဆို

radio australia, shwe mahn
လွှတ်တော်နာယက သူရ ဦးရွှေမန်း (Credit: ABC) 
မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ  ​ဥပဒေ ​ပြင်ဆင်ရေး ​ပြုလုပ်ဖို့ ​သမ္မတ ​ဦးသိန်းစိန် ​ဦးဆောင်တဲ့ ​ အုပ်ချုပ်ရေးပိုင်းက  ​အဓိက ​လုပ်ဆောင်မှ ​ဖြစ်လာ ​နိုင်မယ်လို့ ​ပြည်ထောင်စု ​လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ

ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်

ဆေးတက္ကသိုလ်တွင် သမီးဖြစ်သူ ပညာသင်ယူခွင့် ရရှိစေရန် သေစာရင်း အတု ပြုလုပ်ခဲ့သူ အိန္ဒိယ ရဲတပ်ဖွဲ့ဝင် တစ်ဦး လိမ်လည်မှုဖြင့် တရားစွဲဆိုခံရ

အိန္ဒိယနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟူ၍ လိမ်လည်ကာ သမီးဖြစ်သူကို နိုင်ငံတွင်းရှိ ဆေးတက္ကသိုလ် တစ်ခုတွင် ပညာ သင်ယူခွင့် ရရှိစေ ခဲ့ခြင်းကြောင့်ယခု အချိန်တွင် တရားမဝင် ဟန်ဆောင်ခဲ့သည်ဟူသော စွဲချက်နှင့် တရားစွဲဆို ခံထား ရသည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။