Sunday, April 21, 2013

မင်းဓမ္မပန်းကွင်းကို ဒေါပုံသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားပြီး ယင်းနေရာ၌ အဆင့်မြင့်ဟိုတယ်၊ ရှော့ပင်း Complex၊ ရုပ်ရှင်ရုံနှင့် အီလက်ထရောနစ် စင်တာများပါသည့် စီးပွားရေး အဆောက်အအုံများ တည်ဆောက်မည်

4.21.2
မင်းဓမ္မပန်းကွင်းကို တွေ့ရစဉ်
ရန်ကုန်မြို့၏ ဒုတိယမြို့လယ် စီးပွားရေးဇုန်အဖြစ် ပြုလုပ်မည့် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မပန်းကွင်း ကို ဒေါပုံမြို့နယ် ယမုံနာလမ်းဘေးသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားပြီး ယင်းပန်းကွင်းနေရာတွင် အဆင့်မြင့် ဟိုတယ်၊ ရှော့ပင်း Complex ရုပ်ရှင်ရုံနှင့် အီလက်ထရောနစ်စင်တာတို့ ပါဝင်သော စီးပွားရေး အဆောက် အအုံများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မီးသွေးကြောင့်အညာသစ်တောပြုံး

Photo: မီးသွေးကြောင့်အညာသစ်တောပြုံး
Sunday, April 21, 2013 

အညာဒေသယာခင်းများတွင် တောင်သူများပြုစုစောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေကြ၍ အညာဒေသ  သစ်တောများဘ၀ပြောင်းနေပြီဆို၏။
မိုးကခေါင်၊ နေကပူ၊ ရေက ရှား၊ အရိပ်ကမရှိအညာသင်တော  များ တစတစပြုန်းတီးနေသည်ဆို ၏။ တောတွေကပြောင်၊ တောင် တွေလည်းကတုံးဖြစ်နေ၍ အညာ မှာမီးသွေးဖုတ်သူများကို မထိန်း နိုင်ဟုဆို၏။
သင်တောဥပဒေလျှော့ချလျှင် အညာမှာယခုထက်ပြုန်းတီမည်ဟု  အညာဒေသနှင့် နီးစပ်သူတို့ကဆို သည်။ ယခင်ကကြပ်မတ်ထိန်းသိမ်း ခဲ့၍ စိမ်းစိုသောအညာမှာ မီးသွေး  ကြောင့်တောပြုန်းနေသည်။ ကန္တရလိုအပေါက်များသော သစ်ပင်များပင်မခံနိုင်ပဲကန္တာရတော  တွေ ရွာတွေမှာပင်ပြုန်းတီးနေပြီ။
နွားထိုးကြီးမီးသွေးမှာ မန္တလေး၊ မြင်းခြံဈေးကွက်ရှိပြီး ဖုံသာ၊ ပြင်စည်၊ အနွင်းဘိုး၊ လျှော်ဖြူ၊ ၀က်လူး၊ ပဲချက်၊ မြ၀တီ၊ ကျွန်းဒေါင့်စသည့်ရွာများမှာမီးသွေး  အတွက်နာမည်ကြီးနေသည်။

 ဌေးကိုမောင်
HotNewsWeekly
အညာဒေသယာခင်းများတွင် တောင်သူများပြုစုစောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေကြ၍ အညာဒေသ သစ်တောများဘ၀ပြောင်းနေပြီဆို၏။

ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ


Photo: ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ
Sunday, April 21, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 
 

"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ 
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ 
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
ဧရာဝတီ

 ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်းကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက် စာမျက်နှာ မှာ ကျေးဇူးတင်ကြောင်း တုံ့ပြန်ထားပါတယ်။

ရထားနှင့်ထော်လာဂျီတိုက်

၂၀-၄-၂၀၁၃ ရက်နေ့ ၁၁၀၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးမီးရထားလမ်း၊ မိုင်တိုင်အမှတ်(၃၈၇/၁၈-၁၉)ကြား လှည်းလမ်းနှင့်သံလမ်းဆုံတွင် မန္တလေးမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် (၁၂၁၁)ကုန်တင်ရထားနှင့် အမရပူရမြို့နယ်၊ ကျန်တန်း

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲစရာ အကြောင်းမရှိ

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဆလအစိုးရလက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထား ကို ကောက်ယူပြီး ရေးဆွဲခဲ့တယ်။

မုံရွာတွင် ဖုန်းကတ်များမဲနှိုက်

Photo: မုံရွာတွင် ဖုန်းကတ်များမဲနှိုက်
Sunday, April 21, 2013

မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ မူလတန်း ကလေးငယ်များက မဲနှိုက်ရွေးချယ်ပေး ခဲ့သည်။
TheVoiceWeekly
မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက်

အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်

Photo: အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်
Sunday, April 21, 2013

မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

အမည်မဖော်လိုသည့် တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် အရှေ့ဘက် ကမ်းခြေ ဒေသသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပြောဆိုခဲ့မှုကို ယင်းသတင်းဌာနက ကိုးကားခဲ့ခြင်းဟု သိရှိရသည်။ ယင်းလှုပ်ရှားမှုသည် နောက်ထပ် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အလားအလာဟုလည်း ယူဆစရာ ရှိနေသည်။ တောင်ကိုရီးယား စစ်ဘက်မှ ဖမ်းယူရရှိသည့် ဂြိုဟ်တု ပုံရိပ်များအရ တာတို စကာ့ဒ်ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လတ်တလောတွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဆက်လက် တည်ရှိနေသလို တောင်ကိုရီးယားနှင့် စစ်မဟာမိတ်တို့၏ ပြုံယမ်း၏ ရန်လိုသော လှုပ်ရှားမှုတိုင်းကို သတိနှင့် စောင့်ကြည့်နေသည်။ လေ့လာသူများက မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီလ (၂၅)ရက်နေ့တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ဆောင်မှု ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။
Source: EuroNews
planet myanmar network
မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ

Photo: မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ
Sunday, April 21, 2013


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ပြိုင်ပွဲကို ဧပြီလ (၂၂) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး အိမ်ရှင်မြန်မာအသင်း အပါအ၀င် ဘာရိန်း၊ ကာဇက်စတန်၊ အီရတ်၊ ကာဂျစ္စတန်၊ ကာတာ၊ ဆော်ဒီ၊ တာမင်နစ္စတန်၊ ဂျော်ဒန်၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားခဲ့သည်။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးလေးနိုင်က “အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း အများစုက အရှေ့အလယ်ပိုင်းက အသင်းတွေ ပါဝင်တာကြောင့် ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ကိုလည်း နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် (ITF) ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ပြိုင်ပွဲရွှေ့ဆိုင်းဖို့ကို ITF က လက်ခံပေမယ့် လုံခြုံရေးစိတ်ချရမယ့် အချိန်မှာ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိဖို့ကတော့ မသေချာတော့ပါဘူး။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံကို ITF ကပဲ ထပ်မံရွေးချယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီလ (၁၃) ရက်နေ့က ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့အပြင် ဧပြီလ(၂၉)ရက်မှ မေလ(၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup ပြိုင်ပွဲ Group(III) ကိုလည်း အလားတူ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
Eleven Media Group
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်

Photo: ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်
Sunday, April 21, 2013

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို  ပြတိုက်တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း  စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ်ပြီး  ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။

ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ်  Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။

Rakhine-ancient-boat-in-bangladesh-2

၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် စစ်ဘေး စစ်းဒဏ်ကြောင့် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြု ထွက်ပြေး လာခဲ့ကြပြီး  အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့ အရပ် မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။
narinjara

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို ပြတိုက် တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ် ကျပ်သိန်း(၅၀)အားထူးဖေါင်ဒေးရှင်းမှလှူတန်းခဲ့

Photo: ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ်
ကျပ်သိန်း(၅၀)အားထူးဖေါင်ဒေးရှင်းမှလှူတန်းခဲ့
Sunday, April 21, 2013

(၄.၄.၂၀၁၃)ရက်နေ့ နံနက် (၁၀) နာရီတွင် ထူးဖောင်ဒေးရှင်းမှ ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ် ကျပ်သိန်း(၅၀) ကို ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးကျော်သီဟမှ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့သွားရောက် လှူဒါန်းခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကဦးတင်ဦးမှ လက်ခံရယူပေးခဲ့ပါသည်။

Htoo Foundation Facebook
(၄.၄.၂၀၁၃)ရက်နေ့ နံနက် (၁၀) နာရီတွင် ထူးဖောင်ဒေးရှင်းမှ ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီ

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်


Photo: တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်
    Sunday, April 21, 2013

ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ယင်းကဲ့သို့ စာစစ်နေစဉ်ကာလအတွင်း စာစစ်လွှာများ လုံခြုံရေးအတွက် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင် (ကန်တင်း) များကို မေလကုန်အထိ ပိတ်ထားရကြောင်းနှင့် ရန်ကုန်တက္ကသိုလ်ရှိ တောင်ငူဆောင်၊ ရာမညဆောင်များကို သွပ်ပြားများဖြင့် ပတ်လည်ကာရံထားပြီး နေ့လယ်စာစားချိန်တွင် ဆရာ၊ ဆရာမများအတွက် စားသောက်နိုင်ရန် စာစစ်ဌာနထိပ်ရှိ ဒဂုံလမ်းပေါ်၌ လမ်းဘေးဈေးသည်အချို့က ထမင်းဟင်းလျာများ လာရောက်ရောင်းချကြောင်း ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းအချို့ထံမှ သိရသည်။

"ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ ပဲခူးတိုင်းကလာတဲ့ ဆရာ၊ ဆရာမတွေရှိတယ်။ ကြို့ပင်ကောက်တို့၊ ပြည်တို့ကလာတဲ့ ဆရာ၊ ဆရာမတွေဆို တော်တော်ဒုက္ခရောက်ကြတယ်။ ဟိုတုန်းကလို မသမာမှုတွေ ရှိမှာစိုးလို့ ကျောင်းကိုလုံခြုံရေးအရ မနက် ၈ နာရီကနေ ၄ နာရီခွဲအထိ ပိတ်ထားတယ်။ မြို့ထဲဘက် ပြန်ရတဲ့၊ ဆရာ၊ ဆရာမတွေအတွက် ကားတွေကခပ်ကျဲကျဲဖြစ်သွားတော့ နောက်ကျတာတွေဖြစ် တယ်။ ဆရာ၊ ဆရာမတွေ ထမင်းချက်ရတာလည်း အရမ်းပဲခက်ခဲကြတယ်" ဟု ဒဂုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာဦးဇော်မျိုးလှိုင်က လူထုပုံရိပ်သို့ပြောသည်။

ထို့အပြင် ဆရာ၊ ဆရာမများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီး တိုကင်ဖြင့်စားသုံးနိုင်သော အခမဲ့စား ရိပ်သာများ၊ စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

"ဆရာ၊ ဆရာမတွေ စိတ်ပင်ပန်းနေရင် စာစစ်တဲ့အခါမှာလည်း စိတ်ပညာအရ အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်တယ်။ စာစစ်တဲ့ error မတက်အောင် စာစစ်သူတွေကို စိတ်ကျေနပ်အောင် ထားပေး သင့်တယ်" ဟုအငြိမ်းစား စိတ်ပညာပါမောက္ခတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

စာစစ်ဆရာ၊ ဆရာမများသည် စာစစ်ကြေးရရှိသော်လည်း ဘာသာရပ်အလိုက်မူတည်၍ ခရီးစရိတ်၊ စားစရိတ်ရရှိမှုမတူညီကြောင်းနှင့် ယခုနှစ် စာစစ်ကြေးသည် ယခင်နှစ်များထက်ပိုရကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဆိုသည်။

စာစစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ အဖြေလွှာများကို ရန်ကုန်တိုင်းအတွင်း စစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီးရှိကျောင်းများမှ အဖြေလွှာများကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်အတွင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ဘာသာရပ်ဌာနတစ်ခုလျှင် တက္ကသိုလ်ဆရာများနှင့် အထက်တန်း ပြစုစုပေါင်း နှစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ်မှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "မင်းတို့ကြားရင် ကြားတဲ့အတိုင်းရေး၊ မင်းတို့ ကိုဘယ်သူပြောတာလဲ၊ ပြောတဲ့လူရှိရင် ရေးလိုက်" ဟု ၎င်းကပြန်လည်ဖြေကြားသည်။

လူထုပုံရိပ် ဂျာနယ်

မောက္ခ မဂ္ဂဇင်း
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာ စားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း

Photo: အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
Sunday, April 21, 2013

(၁၉၄၈)ခုနှစ်၊ ဒီဇင်ဘာလ(၁ဝ)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကိုပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှ စေရန်၊ မြင်သာအောင်ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်
အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။

စကားချီး . . .
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့ သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူ ပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သော ကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်အပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့် တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေးများကို လည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊ ထိုကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တစ်ပြေးညီစွာ ဆောင်ရွက်နိုင်ကြ စိမ့်သောငှာ ယခုထုတ်ပြန်ကြေညာလိုက်သည်။

အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဉာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကာားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှု အဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာတို့ တစ်စိတ်တစ်ဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော နယ်မြေများဖြစ်သည်၊ ဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ၎
မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ။ လူကို ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှ ကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅
မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိ သည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိ သည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်း အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

အပိုဒ် ၁ဝ
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏ မိသားစု ကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ်အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မူများကို ဖီဆန်သောအမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသား အဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုရ မည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။
ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်
ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံ နယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်း ဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂ဝ
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျို့ဝှက်မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်အပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစုကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါးအကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသောအခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသော လူမှုကာကွယ် စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုလောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမ ပညာရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပံ္ပပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှုဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။
(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက်၊ တရားမျှတစွာ ကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက် များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း အဓိပ္ပာယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။

မောက္ခမဂ္ဂဇင်း (၁၉၄၈)ခုနှစ်၊ ဒီဇင်ဘာလ(၁ဝ)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေ ညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကိုပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန်ကြေညာ ပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာ စာတမ်း ကြီးကို ဖြန့်ချိဝေငှ စေရန်၊ မြင်သာအောင်ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြစေ ရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။

သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်

Photo: သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်
Sunday, April 21, 2013

အနိစ္စသဘောကတော့ အမြဲ မရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြတာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီးမှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယားက ဆော်ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။

ဒါပေသိ… ကျုပ်ရဲ့ အီးမေလ်ကိုတော့ ကျုပ်မရှိတော့တဲ့အခါ ဘယ်မှာ… ဘယ်လို သိမ်းထားရမလည်းလို့ တွေးပူနေမိခဲ့တာလည်း အခါခါပါပဲ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မြောက်မြို့ရိုးကြားက အသပြာ ပြားဝက်မျှကို တပ်မက်တဲ့ စိတ်နဲ့ (အခုအခါ) အိမ်ရှေ့မင်းသား၊ သူကြွယ်ဖြစ်နေတဲ့ ရေသည်ဟောင်းဟာ ဘ၀ဟောင်းရဲ့ ဒိုင်ယာရီကို စိတ်ထဲ အစွဲ ရှိခဲ့သေးတာပဲဗျာ။ ဘယ်နှယ့် ဒီ အီးမေလ်နဲ့ ဖေ့ဘုတ်ကို ဘယ်လို မေ့လို့ရမှာလည်းကွယ်။  ပုထုဇနော ဥမ္မာတကောတဲ့။ ကျုပ်လည်း ပုထုဇဉ်ပါ။ အဲဒီနေရာလေးမှာပဲ ဒုက္ခတွေ၊ သုခတွေ၊ ရှုစားစရာတွေကို ခံစားရှုမြင်ရင်း ဘ၀ရဲ့ နာရီထက်ဝက်ကျော်ကို ပေးအပ်ခဲ့သူမဟုတ်လား။ ပြီးတော့လည်း ဘုစုခရုအရွယ်ကတည်း ကျုပ်ရဲ့ပုံတွေ၊ ကာလသား အရွယ်က နှစ်ပါးသွားပုံတွေ။ အခြားအခြားသော လုပ်ငန်းခွင် မိတ်ဆွေများနဲ့ ပုံတွေ၊ စာတိုပေစတွေ၊ ကျုပ်ရဲ့ ကိုယ်ပိုင်ဒဿနတွေ၊ ပေးစာ ပြန်စာတွေ၊ တခ်လုပ်ထားတဲ့ ရှုခင်းပုံ လန်းလန်းလေးတွေ၊ ချက်တင်က မတ်ဆေ့ခ်ျတွေ… သူငယ်ချင်း ငါးထောင်ကျော်… ဒါတွေကို ဘယ်လို ထားရစ်ခဲ့ရမလည်းကွယ်။ ကျုပ်ကတော့ မကြာခင် သွားရတော့မှာ အသေအချာ။

အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။

အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လို စီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။

ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ်မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။

ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင် ရင်းနှီးခဲ့ရသူ တစ်ဦးဦးကို ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင်ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။

ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်...  ၃ ခါ လိုက်ဆို။

ဂူဂယ် သရဏံ ဂစ္ဆာမိ

ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ

Facebook သရဏံ ဂစ္ဆာမိ

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။ 

ဒစ်ဂျစ်တယ်သစ္စာနဲ့

သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်းအနိစ္စသဘောကတော့ အမြဲမရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြ တာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီး မှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယား က ဆော် ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။

ကျွန်တော်တို့ ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ


Photo: ကျွန်တော်တို့ ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ
Sunday, April 21, 2013

ပုံအရဆိုရရင် 165/65R14 79T

165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့.
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့
R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
14 - ဆိုတာ တာယာအတွင်းပိုင်း diameter ကို လက်မနဲ့ဖော်ပြထားတာပါ။ Rim diameter ဆိုပါတော့။z
79 - ဆိုတာ တာယာခံနိုင်တဲ့ ဝန်အားကိုဆိုပါတယ်။ နံပါတ်သတ်မှတ်မှုသာဖြစ်ပြီး unit မရှိပါဘူး။ 79 ဆိုလျှင် 960 ပေါင်ခန့် ခံနိုင်ပါတယ်။ Load Index Table ကို ကြည့်ရန် => http://goo.gl/fdNle
T - ဆိုတာကတော့ speed rating ပေါ့။ အခြားသတ်မှတ်မှုတစ်ခုဖြစ်ပါတယ်။ T ဆိုလျှင် 190 km/h အထိရနိုင်ပါတယ်။ Speed Rating Table ကို ကြည့်ရန် => http://goo.gl/dLo1gz

ဒါကတော့ အကြမ်းဖျင်းသာဖြစ်ပြီး၊ အသေးစိတ်သိလိုရင်တော့ Wiki မှာ ဖတ်နိုင်ပါတယ်။ http://en.wikipedia.org/wiki/Tire_code
Credit by:Myanmar CarsDB

ZinYawNews
http://www.facebook.com/ZinYawNews
ပုံအရဆိုရရင် 165/65R14 79T

165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့.
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့ R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ

အကျဈေးဖြင့်ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး

ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့ သားဆက်ခြားနည်းတွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို သုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လစဉ်ရာသီပုံမှန်လာခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့် ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။

မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး

ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။

ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ


ကော်ဖီသည် အရက် သောက်သုံးသူ များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ ခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလှုပ်ရှားမှု လမ်းလျှောက်ပွဲ


 ပြည်ထောင်စုငြိမ်းချမ်းရေး လှုပ်ရှားမှု လမ်းလျှောက်ပွဲကို ဧပြီလ ၂၁ရက်နေ့ နံနက် ၈နာရီခန့်က လူအင်အား ၄၀ကျော်ဖြင့် ပြုလုပ်ခဲ့ကြပြီး မြေနီကုန်းရှိ ရတနာပုံ ရုပ်ရှင်ရုံအနီးမှ ရန်ကုန်-ပြည် လမ်းမအတိုင်း အင်းလျားကန် အနီးထိ လမ်းလျှောက်ခဲ့ကြသည်

ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။

ငရုပ်သီးခြောက်၊ ငှက်ပျောရွက်၊ ငါးရှဥ့်နဲ့ ရောက်တတ်ရာရာ





ပြီးခဲ့တဲ့လအတွင်း မြ၀တီမြို့ ကူးသန်းရောင်းဝယ်ရေးဇုန်ကနေ ဘန်ကောက်ပို့တဲ့ ငရုပ်သီးခြောက် ပမာဏက တန်ချိန် ၁၅၇ တန် ရှိတယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ

နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး နားလည် မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန်   ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းအားလုံးကိုရော၊ အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက အခုလို ပြောပြပါတယ်။

Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)

မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။

ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။

နေပြည်တော် အိမ်ခြံမြေ အရောင်းအဝယ် ဆက်ရှိ၊ ကြားလမ်းများ ဈေးချ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနှစ်သစ်ကူး သင်္ကြန်ရက်များအပြီး နေပြည်တော် အိမ်ခြံမြေများမှာ အရောင်းအဝယ် ဆက်ရှိနေပြီး ကြားလမ်းမြေကွက်များကို ဈေးချခေါ်လျက်ရှိကြောင်း အကျိုးဆောင်များက ဆိုသည်။

ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန်

ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူ Dzhokhar Tsarnaev
                                  ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူ Dzhokhar Tsarnaev

ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီးတော့ ဘော်စတွန်မြို့က ဆေးရုံမှာ အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ ရှိနေပါတယ်။ ၂၄ နာရီကြာ ရဲက လိုက်ရှာပြီးတော့မှ ရဲက သူ့ကို ဘော်စတွန်မြို့ ဆင်ခြေဖုံးတခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်

ရန်ကုန်(မဇ္ဈိမ)။     ။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသ တွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင်ကိုယ်စား လှ ယ်အဖြစ် အများအပြား တက်ရောက်ေ နကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။


၎င်းက “ ပိုက်လိုင်းလမ်းကြောင်းမှာ ရှိတဲ့တိုင်းရင်းသားပါတီတွေ ခေါ်တာပဲလေ။ ရခိုင်ရှိမယ်။
ရှမ်းရှိမယ်။ ပြီးတော့ပြည်မမှာရှိတဲ့ အနိုင်ရတဲ့ NDF နဲ့ တစညကို ခေါ်တာပါ” ဟု ဆိုသည်။

ထိုသို့ ဖိတ်ကြားထားခြင်းခံရသော ပါတီများမှာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၊
 တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရှမ်းတိုင်းရင်းသား များဒီမိုကရက် တစ်ပါတီ (ကျားဖြူ) တို့ ပါဝင်ကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအနေဖြင့် စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်စ၍ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း များ သွယ်တန်းခြင်း စီမံကိန်းကြီးအား စတင်ဆောင်ရွက်ခဲ့ကာ ရခိုင်ပြည်နယ်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တဆင့်တရုတ်ပြည်သို့ ပိုက်သွယ်တန်းကာပေးပို့မည် ဖြစ်သည်။

ယခုတရုတ်အစိုးရဘက်မှ ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသား ဒေသအတွင်းရှိ စီးပွားရေး စီမံကိန်းများ နှင့်
တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးရေးအား ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

အဆိုပါ အဖွဲ့သည်ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၁၂နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင်
လေးရက်နှင့် ပီကင်းတွင် လေးရက် သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ သွားရောက်ခြင်းမှာလည်း လေ့လာရန်သာဖြစ်ကြောင်း၊ သံတမန်အနေဖြင့် သွားရခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

၎င်းက “ လွှတ်တော်နဲ့ သိပ်ဆက်စပ်မှု မရှိပါဘူး။ သံတမန်ပတ်စ်ပို့နဲ့ မဟုတ်ဘူး။ အခုက ကိုယ် ကိုင်ပတ်စ်ပို့နဲ့ ကိုလေ့လာရေးအနေနဲ့ ဖိတ်လို့ သွားကြမှာပါ ” ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးပါတီများ၏ တရုတ်ပြည်ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေး အမြင်
လွဲမှားခြင်းအား တရုတ်နိုင်ငံဘက်မှ ပြန်တည့်ချင်သည့် ပုံပေါ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု
(NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။

ဦးခင်မောင်ဆွေက “ အစဉ်အဆက် ကျင့်သုံးခဲ့သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီတွေ့ခြင်းဟာ ပြည်သူနဲ့
ပြည်သူတွေ့တဲ့ သဘောပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်သူတွေကို ပိုပြီး ဆက်ဆံဖို့ ငြင်းပယ်လို့မရဘူး
ဆိုတာ တွေ့ရပါတယ် ” ဟု သုံးသပ်သည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၌ ရုံးစိုက်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေသော
တရုတ်နိုင်ငံ CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ကြာသပတေးနေ့ ညနေတွင် စီတန်း
 လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
၎င်းတို့၏ တောင်းဆိုချက်များထဲတွင် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ
ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ
 စံနှုန်းအတိုင်း ပေးရေး၊လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ မပြုရေး တို့ပါဝင်သည်။
mizzima