Thursday, February 28, 2013

ခရီးသွားကဏ္ဍ တိုးတက်ရေး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ဟု ဝန်ကြီးဆို


မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလာရေးကဏ္ဍ ကြီးထွားတိုးတက်လာရေးကို တနိုင်ငံတည်း လုပ်ဆောင်နိုင် စွမ်းမရှိ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင် က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

EMG

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ် ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မဲခေါင်မြစ်မှ ငါးလက်ထုံ

မဲခေါင်မြစ်မှ ငါးလက်ထုံ 

ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဘက်အခြမ်မှ ဖမ်းဆီးရမိတဲ့ငါး ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံ က မြစ်များမှာလည်း နေထိုင်ကျက်စားတဲ့ငါးများလို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ငါးလက်ထုံက ပေါင် ၁၀၀၀ အထက်လေးပြီး အရှည် ၁၆ ပေ၊ ဗျက်အကျယ် ၇ ပေ ရှိပြိး ဆူးထစ်က ၁၅ လက်မ ရှည်ပါတယ်။ ယင်း ဆူးထစ်ဟာ အင်မတန် အဆိပ်ပြင်းပြီး လူကိုသေစေနိုင်ပါတယ်။ 

သို့ပေမယ့် ဘယ်သူ့ကိုမှ အန္တရာယ်မပြုပါဘူး။ သီးသန့်ဆန်ဆန်နေထိုင် တတ်ပြီး မြစ် ရေအောက်ကြမ်းပြင်နား ကပ်ပြီးတော့ ပဲ နေထိုင်သွားလာလေ့ ရှိတဲ့ ရေချိုငါးများဖြစ်ပါတယ်။ သို့ပေမယ့် တံငှာများရဲ့  ဖမ်းဆီးမှုကြောင့် ငါးလက်ထုံ အရေအတွက်ဟာ မဲခေါင်မြစ်ရော၊ အရှေ့ တောင်အာရှမှာ နည်းပါးလာတဲ့အတွက် အန္တရာယ်မပြုရ ရှားပါး သက်ရှိမျိုးစိတ် တစ်ခု အဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က သတ်မှတ် ထားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ 
---
Ref: NGC
International news for myanmar
ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ


Biweekly-2-feb27မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင်သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။