Sunday, March 2, 2014

Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို

ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည် ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။

တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

Photo: တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ
Sunday, March 2, 2014

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် မှော်ဘီမြို့နေ ဒေါ်နွယ်နွယ်သင်းမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကျား(၂)ယောက်၊မ(၅)ယောက်မှာ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ်လည်းကောင်း၊ တိုက်ကြီးဆေရုံ၌ ကျား(၁၀)ယောက်၊ မ(၂)ယောက်မှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယင်းကဲ့သို့ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးမင်းထိုက် ကို တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ရခိုင်က MSF လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားမည်

Photo: ရခိုင်က MSF လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားမည်
Sunday, March 2, 2014

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဘာ့ကြောင့် အဲဒီလို ရပ်ဆိုင်းထားတာလည်းဆိုတာကိုတော့ ကြေညာချက်မှာ ပြောမထားပါဘူး။ တခြား တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက MSF Holland (AZG) ရဲ့လုပ်ငန်းတွေကိုတော့ ဆက်လက် ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်ဖက် နားလည်မှုစာချွန်လွှာ MoU ကို နှစ်အပိုင်းအခြားအလိုက် ညှိနှိုင်းရေးထိုးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရလာတဲ့အခါ MSF Holland (AZG) အဖွဲ့ရဲ့ တခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ စွမ်းဆောင် ချက်တွေကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလ အပိုင်းအခြားတစ်ခုအတွင်း ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်နိုင်ဖို့ စဉ်းစားပေးမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

MSF Holland (AZG) အဖွဲ့ရဲ့ မတ်လ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဖွဲ့ရဲ့ လုပ်ငန်းတွေ ပြန်စတော့မယ်လို့ ပြောထားပါတယ်။ HIV/AIDS ရောဂါဆိုင်ရာ အပါအဝင် တခြား လုပ်ငန်းတွေကို ပြန်လုပ်ခွင့်ရတဲ့အတွက် MSF အနေနဲ့ အားတက်မိပေမဲ့ ရခိုင်ပြည်နယ်ထဲက အကူအညီလိုအပ်နေသူ ထောင်ပေါင်း များစွာရဲ့ ကံကြမ္မာအတွက်တော့ အထူးပဲ စိုးရိမ်နေဆဲပါလို့ ဆိုပါတယ်။

လုပ်ငန်းတွေကိုရပ်ထားဖို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေဆီကနေ နှုတ်နဲ့ ဆက်သွယ်ပြောဆိုချက် ရခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်တွင်းက MSF ရဲ့ ဆေးခန်းတွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ပိတ်ထားရတယ် လို့လည်း ပြောထားပါတယ်။

လိုအပ်နေသူတွေဆီ အသက်ကယ် ဝန်ဆောင်မှုတွေ ဆက်ပြီး ပေးသွားနိုင်ဖို့ အတွက် မြန်မာအစိုးရနဲ့ ဆွေးနွေး ပြောဆိုတာတွေ ဆက်လုပ်သွားပါမယ်လို့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်း ထားမယ်လို့ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်

 အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက် ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့် တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေ သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ

Photo: ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ
Sunday, March 2, 2014

အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတော့မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲအတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ် ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင်ထားသလို ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။

စာမေးပွဲနီးမှ တစ်နှစ်လုံး ကြိုးစားထားပြီးသား ရလဒ်များကို ကျန်းမာရေး ချို့ယွင်းမှုကြောင့် နောက်တစ်နှစ်ထပ်၍ မစောင့်ဆိုင်းရသင့်ပါ။ ယင်းကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မကျင်းပမီ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် မိသားစု ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တိုင်ပင်ပြီး လေ့လာဆွေးနွေး ပေးသင့်သည်။

အထူးသဖြင့် အုပ်ထိန်းသူများ၏ စီမံခန့်ခွဲမှုက ကလေးငယ်များ စာမေးပွဲ ဖြေချိန်တွင် အလွန်အရေးပါလှသည်။ အစားအသောက်၊ လေ့ကျင့်ချိန်မှန်မှန်နှင့် စာမေးပွဲ ဖြေဆိုရန် ပံ့ပိုးပေးရမည်။ စာမေးပွဲ၏ စိတ်ပင်ပန်းဒဏ်ကို ခံနိုင်ရည်ရှိရေး အတွက်လည်း ပြင်ဆင်သင့်သည်။

စာမေးပွဲ ဓာတ်စာရွေးပါ

စိတ်ဖိစီးမှု များကြောင့် စာမေးပွဲ မဖြေမီ အစားသောက်နှင့် ပတ်သက်၍ အမှုမဲ့ အမှတ်မဲ့ သဘောထားတတ်ကြသည်။ စာကျက်ချိန်များပြီး အစားစားချိန်ကို မေ့လျော့နေသလို အာဟာရစုံလင်စွာ စားသောက်ရန် လျစ်လျူရှုတတ်သည်။ အစားစားချိန် မမှန်ခြင်းကြောင့် အစာချေဖျက်မှု အားနည်းပြီး စာမေးပွဲဖြေချိန်တွင် အခက်အခဲ ဖြစ်နိုင်သည်။

မနက်ခင်းစာကို လုံးဝမမေ့ပါနှင့်။ နံနက်စာက မှတ်ဉာဏ်ပိုကောင်းပြီး ဦးနှောက်၏ အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးသည်။ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများအတွက် နွားနို့၊ သစ်သီးဝလံနှင့် ထမင်း သို့မဟုတ် ပေါင်မုန့်တို့ကို မနက်စောစော စားသုံးသင့်သည်။ အခြားလက်သုပ် အစားအစာများထက် အဆိုပါ အစားအသောက်များက ဗီတာမင်နှင့် အာဟာရ စုံလင်သည်။

ဗီတာမင်အုပ်စုတွင် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သံဓာတ်နှင့် ဗီတာမင်ဘီ အုပ်စုကို ရွေးချယ်စားသင့်သည်။ အနီရောင်အသား၊ ဥအမျိုးမျိုး၊ အစေ့အဆန်နှင့် ငါးတို့ကို စားပေးပါ။ နွားနို့ သို့မဟုတ် ပဲနို့ကို နေ့စဉ် သောက်သုံးရန် လိုအပ်သည်။ ငွေကြေး တတ်နိုင်သူများအတွက် နေ့စဉ် နွားနို့သောက်သုံးရန် လွယ်ကူသော်လည်း ငွေကြေး ခက်ခဲသူများအတွက် ရေများများ သောက်သုံးခြင်းက ပိုအကျိုးရှိသည်။ နွေရာသီတွင် ရေဓာတ်ဆုံးရှုံးမှု အများဆုံး ဖြစ်နိုင်သောကြောင့် ရေသောက်ပေးပါ။ နေ့စဉ် စားသောက်နေကျအတိုင်း ထမင်းသုံးနပ် ပုံမှန်စားပါ။ ဝမ်းပျက် လွယ်စေသော အစားအသောက်တွေကို သတိထား ရှောင်ကြဉ်ပါ။

အိပ်ချင်ပြေရန် ကော်ဖီသောက်တတ်သော ဓလေ့ကို စာမေးပွဲ မဖြေမီနှင့် ဖြေနေစဉ်အတွင်း ရှောင်ကြဉ်ပေးပါ။ ကာဖင်းဓာတ် များသည့် ကော်ဖီ၊ ကိုကာကိုလာ၊ လက်ဖက်ရည်နှင့် ချောကလက်များကို စာမေးပွဲအတွင်း သတိပြုရန် လိုအပ်သည်။ ယင်းသောက်စရာများအစား သစ်သီးဖျော်ရည်နှင့် ရေကိုသာ ရွေးသောက်ပါ။

စာကျက်ချိန် ရွေးမယ်

ကျောင်းသား အများစုက စာမေးပွဲရက်နီးမှ ညလုံးပေါက် စာကျက်တတ်ကြသည်။ သင်ခန်းစာ အသစ်များကို စာမေးပွဲ အနီးကပ်အချိန်မှ ကျက်မှတ်ကြသည်။ အချို့က အိပ်ရေးပျက် ခံနိုင်သော တားမြစ်ဆေးဝါးများ သုံးစွဲ၍ စာကျက်ကြသည်။ ကျန်းမာရေး အသိနားလည်သူများက ဗီတာမင်စုံ အားဆေးနှင့် စိတ်ကြည်လင်စေသော အန်နာဗွန်စီကဲ့သို့ ဆေးဝါးများ သောက်သုံးကြသည်။ စာကျက်ချိန်များ နေသူများအတွက် ယင်းဆေးဝါးများက အနည်းငယ် အထောက်အကူ ဖြစ်သော်လည်း ဆေးဝါး အကူအညီနှင့် အစားအသောက်၊ အိပ်ရေး ပျက်ခံမည် ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုးများ ရှိနိုင်သည်။ ဆေးသောက်ထားသော်လည်း တစ်နေ့တာ အိပ်ချိန် မလုံလောက်သူသည် မှတ်ဉာဏ် အားနည်းတတ်ပြီး စာမေးပွဲ ဖြေဆိုချိန်တွင် အခက်အခဲ တွေ့နိုင်သည်။

စာမေးပွဲမတိုင်မီ ညလုံးပေါက် စာကျက်ခြင်းထက် နံနက် ၁၀ နာရီမှ ၁၂ နာရီကြား၊ ညနေ ၃ နာရီမှ ၄ နာရီကြား စာကျက်ချိန်များက ပိုသင့်တော်သည်။ လူတစ်ဦး၏ မှတ်ဉာဏ်သည် ၄၅ မိနစ်ထက်ပို၍ မှတ်နိုင်စွမ်း မရှိသောကြောင့် တစ်နေ့လုံး စာကြည့်စားပွဲတွင် ထိုင်နေခြင်းက အကျိုးမရှိချေ။

စာကျက်ချိန်ကို အားလပ်ချိန်နှင့် ရောနှော ရေးဆွဲထားမှသာ ဦးနှောက်မှတ်ဉာဏ်ကို ပိုကောင်းပြီး သင်ခန်းစာများကို ပိုလေ့လာနိုင်ပါမည်။ မိသားစုနှင့် အချိန်ပေးပြီး အနားယူရန်လည်း အရေးကြီးသည်။ တစ်ယောက်တည်း စာကျက်ချိန်ပေးသည်ထက် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ကာ ဝိုင်းဝန်း ဆွေးနွေး အဖြေရှာခြင်း၊ အပြန်အလှန် စာရှင်းပြခြင်းက သင်ခန်းစာများကို ပိုမှတ်မိ လွယ်သည်။ အလားတူဆရာ၊ ဆရာမများ၏ သင်ကြား ပို့ချမှုများကို ကိုယ်ပိုင်မှတ်စု လက်ရေးတိုနှင့် ရေးမှတ်ခြင်းကိုလည်း ကျင့်သုံးပေးသင့်သည်။ သဘောတရား သိထားပြီးသော စာစုများကို ကိုယ်ပိုင်အတွေးနှင့် ဖြန့်ကြက် စဉ်းစားသော အလေ့အကျင့်က အကျိုးကျေးဇူးများစွာ ရှိသလို ဉာဏ်စမ်း မေးခွန်းများအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။

အစမ်းစာမေးပွဲ ဖြေပါ

စာမေးပွဲ အားလုံးအတွက် အစမ်းစာမေးပွဲများ ကြိုတင် ပြင်ဆင်ထားခြင်းက စိတ်ဖိစီးမှုဒဏ် သက်သာစေသည်။ သင်ခန်းစာ တစ်ခုပြီးပါက ကိုယ်တိုင်မေးခွန်းထုတ် စဉ်းစားသော အကျင့်ကို မွေးမြူပါ။ စာမေးပွဲများကို မကြောက်ပါနှင့်။ အစမ်းစာမေးပွဲ များကြောင့် အရည်အသွေး ပိုတိုးစေသလို ရရှိလိုသည့် စာမေးပွဲရမှတ်များကို ကြိုတင် ခန့်မှန်းနိုင်သည်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပြီး ဖြေဆိုပါ။ ဘာသာရပ် တစ်ခုပြီးတိုင်း ရှေ့ဘာသာရပ် အတွက်ကိုပဲ အာရုံထားပါ။

ထပ်ဆင့်သတိပြုသင့်သော အချက်များ

ဆီကြော်မုန့်အားလုံး၊ အချဉ်ဖောက်ထားသော အစားအစာများ၊ ရက်လွန် သရေစာမုန့်များနှင့် ယင်နား အစားအသောက်များကို ရှောင်ကြဉ်ပါ။ နွားနို့ကို မနက်စောစောနှင့် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် သောက်ပါ။ ညဘက် စာကျက်ချိန်တွင် နွားနို့သောက်ခြင်းကို ရှောင်ပါ။ အကောင်းဆုံးက လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ မုန်လာဥတို့ကို သင့်တော်သလို စားသုံးပါ။ စာမေးပွဲဖြေဆိုချိန် အိပ်ရေး ပျက်ခံခြင်းကို လုံးဝရှောင်ကြဉ်ပါ။ တားမြစ်ဆေးဝါး အကူအညီကို မိတ်ဆွေ အပေါင်းအသင်းက တစ်ဆင့် ပြောလာနိုင်ပါသည်။ လုံးဝ မသုံးမိပါစေနှင့်။

(လဲ့ရည်မြင့်)
The Voice Weekly
အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတော့ မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲ အတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ် ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင် ထားသလို ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။

ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ

Photo: ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ
Sunday, March 2, 2014

Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။

အလုပ်ခေါ်စာများတွင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့က အများဆုံး ခေါ်ယူထားပြီး စင်ကာပူနှင့် ဟောင်ကောင်တို့က အိမ်အကူလုပ်သား အများစုကို ခေါ်ယူကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သို့သော် ပြပွဲသို့ အလုပ်လာရောက်လျှောက်ထားသူအများစုမှာ ကျွမ်းကျင်လုပ်သားအဖြစ် လျှောက်ထားကြပြီး လာရောက်သူအများစုမှာ လုပ်ငန်းအတွေ့ အကြုံမရှိသေးသည့် ကျောင်းဆင်းလူငယ်များဖြစ်သည်။ ၎င်းတို့အထဲတွင် အင်ဂျင်နီယာဘွဲ့ရများ ပိုမိုပါဝင်ကြောင်း သတင်းရရှိသည်။   

‘‘စင်ကာပူက S Passs အလုပ်သမားတွေထက် အိမ်အကူတွေပဲ ခေါ်တာများနေတယ်။ အခုပြပွဲမှာ အိမ်အကူလုပ်သားထက် S Pass အဆင့်ရှိတဲ့ ကျွမ်းကျင်လုပ်သားနေရာကို ပိုလျှောက်ကြတာတွေ့တယ်။ အလုပ်နေရာတွေကိုတော့ အကုန်လုံးနီးပါး လာလျှောက်ကြတယ်’’ဟု Global Recruit Technology & Elevation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။

‘‘ပြည်ပသွားဖို့ရည်ရွယ်ချက်ရှိလို့ ဒီပြပွဲကိုလာခဲ့တာပါ။ ကိုယ်နဲ့အဆင်ပြေမယ့် အလုပ်ရချင်လို့ လာလေ့လာတာပါ။ ညီမ စင်ကာပူကိုသွားဖို့ ပိုစိတ်ဝင်စားတယ်။ အဲဒါကြောင့် စင်ကာပူတစ်ခုကိုပဲ လေ့လာတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပါတယ်’’ဟု ပြပွဲသို့လာရောက်ခဲ့သူ အသက် (၂၄) နှစ်အရွယ် မနှင်းဝတ်ရည်ကပြောကြားသည်။   

ယခုပြပွဲသို့ လာရောက်အလုပ်လျှောက်ထားသူများအား CV ဖောင် လက်ခံထားရှိပြီး အလုပ်ရှင်နှင့် အင်တာဗျူးဖြေဆိုမှုများနှင့် အလုပ်ခန့်ထားမှုတို့ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်သည်။

Author: အေးမြတ်သူ
7day Daily

ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လု ပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သားများလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လု ပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သား များလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။

မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့

Photo: မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့
Sunday, March 2, 2014

မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ချမ်းအေးသာစံ မြို့နယ် ကူရှင်ချုပ် လုပ်ငန်း လုပ်ကိုင်သူ ခင်မောင်ဌေးထံမှ အလူမီနီယံပြား၊ စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ နှစ်ထည်၊ လေးခွ ၁၃ လက်၊ ကုန်းသီးအလုံး ၉၀၊ ခရင်းခွ တစ်ခု၊ လှံတစ်ချောင်း၊ ဓားနှစ်ချောင်းတို့ကို တွေ့ရှိခဲ့ပြီး ၎င်းကို ဆက်လက် စစ်ဆေး မေးမြန်းချက် အရ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ ရွှေမောင်အိမ်မှ ခြောက်ထည်၊ လှမြင့်အိမ်မှ တစ်ထည်၊ ဇော်ဦးအိမ်မှ နှစ်ထည်တို့ကို တွေ့ရှိခဲ့ရကြောင်း၊ မတ်လ ၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ် နေသူ သိန်းဇော်ထံမှ နှစ်ထည်၊ ဂျင်ကလိ ၁၀ ခု၊ စမုတ်တံများ၊ ဓားနှစ်ချောင်း၊ ခင်မောင်သန်းထံမှ တစ်ထည်တို့ကို တွေ့ရှိခဲ့ပြီး ဒုတိယရဲမှူးကြီး စိန်ထွန်းက ရှင်းပြသည်။

အဆိုပါ ဓား၊ လှံများဖြင့် ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများကို ချုပ်လုပ်သူကို စစ်ဆေးရာ ၎င်းသည် မိတ္ထီလာတွင် ဘာသာရေး ပဋိပက္ခပြီးနောက် ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအင်္ကျီများကို ဇော်ဝင်းဆိုသူက တစ်ထည်လျှင် လက်ခ ၃၀၀၀ ကျပ်နှုန်းဖြင့် အထည် ၃၀ ချုပ် လုပ်ခဲ့ကာ တွေ့ရှိသော ဓားများမှာ အစ်အခါ ကာလတွင် နွားများ လည်လှီးရန် ထားရှိကြောင်း ထွက်ဆိုခဲ့သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အဓိက ကတော့ မိတ္ထီလာလိုမျိုး ကုလား-ဗမာ အဓိကရုဏ်း ဖြစ်လာရင် ကြိုတင် ကာကွယ်ဖို့ အတွက်လို့ သိရတယ်။ သူ့ကို လာအပ်ကြတယ်။ ကျွန်တော်တို့ စစ်ဆေးရ သလောက်တော့ ပစ္စည်းတွေ သိမ်းပြီးပြီ” ဟု ၎င်းကဆိုသည်။

၎င်းတို့ ခြောက်ဦးအနက် လေးဦးကို ချမ်းအေးသာစံ မြို့မ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် လည်းကောင်း၊ နှစ်ဦးကို ချမ်းမြသာစည် မြို့မ နယ်မြေ ရဲတပ်ဖွဲ့ စခန်းတွင် လည်းကောင်း (ပ) ၁၅၅/ ၂၀၁၄ လက်နက်ပုဒ်မ ၁၉ (က) (ခ)အရ အမှုဖွင့် ဖမ်းဆီးကာ ပစ္စည်းများ သိမ်းဆည်း ရမိသူများကို စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

The Voice Weekly
မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး အဆုံးသတ်မည်ဟု ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ကြေညာ

ပြီးခဲ့တဲ့ လက ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး ပြုလုပ်စဉ်
ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်က ဇန်န၀ါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေးကို မတ်လ ၃ ရက်နေ့မှာ အဆုံးသတ်မယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

Photo: အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
Sunday, March 2, 2014

 ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူ မအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ မိန်းမကိုင်သားရေအိတ်အတွင်းမှ အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြားပေါင်း (၉၈၀၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေး ၅၀၀၀ ကျပ်ရှိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ သိန်း (၄၉၀) ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးထံမှ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု နှင့် ဧည့်စာရင်း စာရွက်မိတ္တူ တစ်စောင်တို့ကိုပါ သိမ်းဆည်းရမိ လိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သူ မအေးအေးရီအပေါ် အရေးယူပေးရန် ရဲအုပ် ဇော်ဇော်နိုင်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက မယ(ပ)၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူရန် အမှုစစ် ဒုရဲအုပ် မောင်မျိုးက ဆက်လက်စစ်ဆေးလျက်ရှိသည်။

Written by ဇော်ဇော်ထွေး
Mizzima - News in Burmese
 ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တရုတ်-ကူမင်း ဘူတာရုံ ဓားနဲ့အကြမ်းဖက်မှု ၃၃ ဦးသေဆုံး

ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)

တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အမျိုးသား အယောက် ၃၀၀နဲ့ အိပ်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး

Photo: အမျိုးသား အယောက် ၃၀၀နဲ့ အိပ်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး
Sunday, March 2, 2014

အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။
စူပါမားကစ်တွေမှာ လူစိမ်းတွေနဲ့ဆိုရင်တော့ ပရောပရည်လုပ်ပြီး အိမ်ခေါ် လိင်ဆက်ဆံတာပေါ့။ အာသာပြင်းပြနေတာတွေ ပြေလျော့ဖို့ အစားထိုးအတုတွေ သုံးတာလည်းရှိပါတယ်။ ဒါပေမဲ့ သူမဟာ ကျန်းမာနေတဲ့ လူကောင်းတစ်ယောက်ပါလို့ လူတွေကို နားလည်စေတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။

ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာကို ပုံစံတူမီးခံသေတ္တာနှင့် လဲလှယ်ခိုးယူခံရမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ဖော်ထုတ်

Photo
၂၄.၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်ကမာရွတ်မြို့နယ်နေ ဦးကောင်းညွန့် သည် ကုမ္ပဏီဖွင့်ရန်ငှားရမ်း ထားသည့် ဘုရင့်နောင်တာဝါနေအိမ်ခန်းရှိ မီးခံသေတ္တာမှာဖွင့်မရတော့ကြောင်းကို စာရင်းကိုင်ဖြစ်သူ မလူးလူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ မီးခံသေတ္တာမှာ ၎င်း၏ မီးခံသေတ္တာ မဟုတ်တော့ဘဲ ပုံစံတူအခြားတစ်ခုဖြစ်နေကြောင်း တွေ့ရှိရကာ အမေရိကန်ဒေါ်လာ(၇၁၉၅၆) ထည့်ထား သည့် ၎င်းပိုင် မီးခံသေတ္တာမှာပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၉၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် မူဝါဒနှင့် တည်ဆဲဥပဒေအချို့ ကိုက်ညီမှုမရှိသည့်အတွက် အတားအဆီးဖြစ်နေ

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် မူဝါဒပိုင်းအား ဖွင့်ပေး ခဲ့သော်လည်း လက်ရှိအသက်ဝင်နေဆဲ ဥပဒေအချို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် အတား အဆီးဖြစ်နေကြောင်းနှင့် ထို့အတွက် Legal Fra-mework ပိုင်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန် လို အပ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသောသတင်းများအရ သိရသည်။

မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။

အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

Photo: အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား
Sunday, March 2, 2014

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။

အခုဆိုရင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ပိတ်ထားတာ သီတင်း တပတ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ကို အိန္ဒိယ အစိုးရက ပိတ်တာမဟုတ်ပဲ ဒေသခံ လူမှု အဖွဲ့အစည်းတွေက ပိတ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ် ကုန်သည်ကြီးများ အသင်းကို တောင်းဆိုချက် တစောင် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံဘက်ကို သွားတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် မြန်မာ အာဏာပိုင်တွေဘက်က လုံခြုံရေး အာမခံချက် အပြည့်အဝ ပေးဖို့၊ မြန်မာနိုင်ငံ ဘက် သွားတဲ့ အိန္ဒိယနိုင်ငံသားတွေ လိုပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် အခြမ်းကို လာရင်လည်း အလားတူ ရူပီးငွေ တဆယ် ပေးဆောင်ဖို့၊ အဲဒီလို မပေးပဲ လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးမှာ မဟုတ်ကြောင်း ဖေါ်ပြထားတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို မတ်လ ၁၄ရက်နေ့ မတိုင်ခင် အကြောင်းပြန်ဖို့ကိုလည်း သူတို့က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီပြဿနာ ပြေလည်သွားစေဖို့ နှစ်ဘက် လူမှု အဖွဲ့အစည်းတွေ အချင်းချင်း မေတ္တာ ရပ်ခံ တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ကြောင်း၊ ပြီးရင် ကိုယ့်အစိုးရအဖွဲ့ကို ကိုယ် အသီးသီး တင်ပြ တောင်းဆိုဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောပါတယ်။

အခြေအနေ တင်းမာတဲ့ အခုလို အချိန်မျိုးမှာ တဘက်နဲ့ တဘက် အပြန်အလှန် ကူးလူး သွားလာမှုတွေ မတွေ့ရတော့ပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် သွားတာ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ် ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။

တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။

ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်

Photo: ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်
Sunday, March 2, 2014

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များမှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာတစ်ခုဖြစ်လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက ဆန္ဒပြသူများကို မောင်းထုတ်ရန် ကြိုးပမ်းလာခြင်းကြောင့်မဟုတ်ဘဲ ဘန်ကောက်ဒေသခံများ၏ အဆင်မပြေမှုကို သိရသဖြင့် ၎င်းတို့ကို  ပြန်ပေးရန်အတွက် မိမိတို့၏ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ မိသားစုက ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများကို နှောင့်ယှက်ရန်နှင့် အစိုးရရုံးများကို ပိတ်ပစ်ရန် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညစဉ်နီးပါး လက်ပစ်ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ နှင့် ဆန္ဒပြသည့်နေရာများတွင် တိုက်ခိုက်မှုများကြောင့် ကလေးလေးဦး သေဆုံးခဲ့သည်။ ထိုင်းတွင် ယင်လက်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသော ဆန္ဒပြမှုများနှင့် ဆက်နွယ်သော နိုင်ငံရေးပဋိပက္ခအတွင်း လူ ၂၃ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ယင်လက်အစိုးရ ထောက်ခံသူများကလည်း လမ်းပေါ်ထွက်ဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုများအား  လက်နက်ကိုင်ခုခံမည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် ရောက်ရှိနေသော ယင်လက်က အစိုးရအဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများကို လိုလားကြောင်း၊ သို့သော် ဆန္ဒပြသူများသည် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ပိတ်ဆို့ခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ကာကွယ်ရန်မှာ ၎င်း၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြမှုများ အားကောင်းလာခဲ့ပြီးနောက် ယင်လက်ကကြားဖြတ်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရပြီး ခရိုင်အများအပြား၌ မတ် ၂ ရက်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။         

Ref:AP
Eleven Media Group

မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်
မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချ သွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များ မှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာ တစ်ခုဖြစ် လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပါက ဆိုချီ ၌ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဟု အိုဘားမား သတိပေး


ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းပြည်မနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ရုရှား အလံ(၀ဲ)နှင့် ရုရှားရေတပ်အလံ(ယာ)တို့ အောက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ဘာကက်တပ်ဖွဲ့ဝင်တစ်ဦး ရိုင်ဖယ်ဖြင့်ချိန်ထား စဉ်

အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားဥပရောပခေါင်းဆောင် များက ရုရှားသည် ယူကရိန်း နယ်မြေ သို့ ကျူးကျော်ဝင်ရောက်သည်ဟု သူတို့အနေဖြင့် ဆုံးဖြတ်ပါက ဆိုချီ၌ ပြုလုပ်မည့် ဂျီ-၈ ထိပ် သီးဆွေးနွေး ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း မတ် ၁ ရက်တွင် သတိပေးလိုက်သည်။

ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် မိတ်ဆက်ပြသ

လေသင်္ဘောပုံစံ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် ဖေဖော်ဝါရီ ၂၈ ရက် က မိတ်ဆက် ပြသခဲ့သည်။ ဗြိတိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hybrid Air Vehicles က အမေရိကန်စစ်တပ်အတွက် ထုတ် လုပ်သော  Airlander လေယာဉ်သည် ပေ ၃ဝဝ (၉၁ မီတာ) ရှည်လျားသည်။ ယင်းလေယာဉ်သည် သုံးပတ် အထိ လေထဲတွင် ပျံသန်းနိုင်ပြီး ကမ္ဘာတစ်ဝန်း၌ ကုန်စည်ပို့ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူညီများ ဖြန့်ဖြူးရေးတို့တွင် အဓိက အသုံးဝင်မည် ဖြစ်သည်။ တန် ၆ဝ အထိ တင်ဆောင်နိုင်သော ယင်းလေယာဉ်သည် လက်ရှိကမ္ဘာ့အရှည်ဆုံး လေယာဉ် ရုရှားလေယာဉ် Antonov AN-225 (၈၄ မီတာ) ထက် ပိုမိုရှည်လျားသည်။ Airlander  လေယာဉ်သည် လေသင်္ဘောပုံစံ ကိုယ်ထည်သုံးခုကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်များဖြစ်သည့် ဘိုရင်း- ၇၄၇၊ အဲဘတ်စ် အေ-၃၈ဝ တို့ထက် ပေ ၆ဝ ကျော် ပိုမိုရှည်လျားသည်။

MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက MSF Holland  AZG အဖွဲ့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ

ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်

မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅၇၃ ဦးရှိခဲ့ပြီး နှစ်စဉ် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော် တိုးလာ

၂ဝဝ၉ ခုနှစ် ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေ အတွက် ၁၄၅၇၃ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ပျမ်းမျှ နှစ်စဉ် ၁၄ ရာခိုင်နှုန်းကျော် တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းပေးနိုင်သည့်အတွက် အလွန်အရေးကြီးကြောင်း သမ္မတ ပြောကြား

Photo: သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းပေးနိုင်သည့်အတွက် အလွန်အရေးကြီးကြောင်း သမ္မတ ပြောကြား
Sunday, March 2, 2014

၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ၏လူဦးရေ စုစုပေါင်းအရေအတွက်လောက်ကိုသာ ဖော်ထုတ်ရရှိနိုင်သည် မဟုတ်ဘဲ နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်းထားမှုတို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ရေမြေတောတောင်သဘာဝအလှများ၊ သဘာဝသယံဇာတများနဲ့ ပေါကြွယ်၊ ပြည့်စုံ၊ တင့်တယ်နေသလို မတူကွဲပြားခြားနားတဲ့ လူမျိုးစုများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာစကားများနှင့် ညီညွတ်စွာပေါင်းစပ် စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံလူဦးရေ မည်မျှရှိသည်၊ မည်သူများနှင့် ဖွဲ့စည်းထားသည်၊  အသက်အရွယ် ပညာအရည်အချင်းအလိုက် မည်သို့ပျံ့နှံ့နေထိုင်ကြသည်၊ လူ့စွမ်းအားအရင်းအမြစ် မည်မျှရှိသည်၊ မည်သည့် ဝန်ဆောင်မှုများ လိုအပ်နေသည်၊ လုပ်သားအင်အား မည်မျှရှိသည်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍနှင့် ပံ့ပိုးဖြည့်ဆည်းပေးရမည့်အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးစသည်တို့အပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအချက်အလက်ပေါင်းများစွာကို သန်းခေါင်စာရင်းကနေ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သန်းခေါင်စာရင်းဆိုတာ နိုင်ငံတိုင်းအတွက် လိုအပ်ပါတယ်။ တိုင်းရင်းသားတွေက ကိုယ့်လူမျိုးအမှန်ပဲ ဖြစ်ချင်တာပေါ့။ မှားတယ်ဆိုရင် ပြင်ရမှာပေါ့။ ကယန်းလူမျိုး လေးမျိုးဖြစ်နေတယ်။ တစ်မျိုးပဲ ဖြစ်ချင်တယ်။ သန်းခေါင်စာရင်းထဲမှာ ဖော်ပြတာက လေးမျိုးဖြစ်နေပေမယ့် လူဦးရေနည်းလို့ လေးမျိုးမဖြစ်သင့်ဘူး။ တစ်မျိုးပဲဖြစ်သင့်တယ်” ဟု ကရင်နီလူမျိုး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဦးထွန်းကျော်က ပြောကြားခဲ့သည်။

သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများသည် လက်ရှိအစိုးရလက်ထက်တွင်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးရမည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များဟု ဆိုရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့သည်။

“ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖော်ထုတ်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အခြေခံလိုအပ်တဲ့မေးခွန်းတွေ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုခြင်းဖြင့် မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိ သားစဉ်မြေးဆက်အတွက်၊ မိမိနိုင်ငံအတွက် အနည်းဆုံး ၁ဝ နှစ်စာ ရင်းနှီးမြှုပ်နှံနိုင်မယ့် မွန်မြတ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အနာဂတ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးမှာ မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ထပ်လောင်းသတိပေးလိုက်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်

၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ၏လူဦးရေ စုစုပေါင်းအရေအတွက်လောက် ကိုသာ ဖော်ထုတ်ရရှိနိုင်သည် မဟုတ်ဘဲ နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်း ထားမှုတို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

Photo: အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ၌ ဆုံးဖြတ်အတည်ပြုမည်
Sunday, March 2, 2014

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဒေါ်ခင်ဝိုင်းကြည်နှင့် ညှိနှိုင်းမှုများပြုလုပ်၍ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ မူလပြင်ဆင်ချက်များအတိုင်း အချက် ၁၃ ချက်အား ထားရန်နှင့် ကျန်အချက်များအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် ဥပဒေကြမ်းကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံ စာဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက်မှာ ဥပဒေကြမ်းပါ အရေးအသားများဖြစ်ပြီး အခြားကွဲလွဲချက်မှာ မူလစတင်ရေးဆွဲစဉ်က ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း ပုဒ်မ ၄ (ဆ) တွင် ပြဋ္ဌာန်းချက်ဖြစ်သော“မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး”စကားရပ်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလတိုင်းထားရှိ၍ အတည်ပြုခဲ့သည်။

ထို့အပြင် မူလဥပဒေကြမ်းပါ ပုဒ်မ ၂ (ဂ) ပါ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်”စကားရပ်အစား ပြည်သူ့လွှတ်တော်မှ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ကိုဆိုသည်”ဟု ပြင်ဆင်အတည်ပြုချက်အား အမျိုးသားလွှတ်တော်က လက်မခံဘဲ မူလအတိုင်း အတည်ပြုခဲ့သဖြင့် ယင်းအချက်၌လည်း သဘောကွဲလွဲခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က ပြင်ဆင်အတည်ပြု အပြီးတွင် အခန်း ၉ ခန်း၊ ပုဒ်မ ၆၁ ခုနှင့် ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် များပါဝင်ပြီး ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်နေရာအား ခန့်ထားခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်း၊ ငွေကြေးစီမံခန့်ခွဲရေး စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။  

Eleven Media Group

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး

Photo: အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး
Sunday, March 2, 2014

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲနှင့် ၁၆ ကြိမ်မြောက် အဆင့်မြင့်အရာရှိများအစည်းအဝေးကို မတ် ၁ ရက်နှင့် ၂ရက်တွင် နေပြည်တော်ရှိ Royal Kumudra Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး ၁၄ ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအကြို ဆွေးနွေးပွဲတွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကာ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတို့ကို မတ် ၃ရက်နှင့် ၄ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center- MICC တို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်၁ ရက် ပထမနေ့တွင်မူ တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် Royal Kumudra Hotel ၌ အကြိုဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါဆွေးနွေးပွဲတို့တွင် ဘင်းမ်စတက်နိုင်ငံများအကြား Permanent Secretariat ထူထောင်ရေးနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးရေး၊ ရာသီဥတုနှင့် ဘင်းမ်စတက်နိုင်ငံများ၏ ရာသီဥတုနှင့်ပတ်သက်သည့် စင်တာတစ်ခု ပေါ်ပေါက်လာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဘင်းမ်စတက်နိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး (Cultural Industries Commission (BICI)) နှင့် အဆိုပါကော်မရှင်အား စောင့်ကြည့်သည့် BCIO အဖွဲ့ ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြမည့်ဖြစ်ပြီး BIMSTEC Working Group-BWG ကို အဆင့်မြှင့်တင်သည့် အစီအစဉ်များနှင့် ဘင်းမ်စတက်နိုင်ငံများအကြား ပထမဆုံးဦးဆုံးအကြိမ် အထွေထွေအတွင်းရေးမှူးအား ခန့်အပ်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင်မူ ပထမနေ့တွင် ဆွေးနွေးခဲ့သည့် Agenda များအား အတည်ပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် တတိယနေ့တွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ကြေညာချက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပနေသည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကိစ္စများသည် အဓိကဦးစားပေး ဆွေးနွးမည့်အကြောင်းအရာများ ဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့အကြား ဆက်သွယ်မည့် BCIM Economic Corridor နှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

Eleven Media Group22

နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်
နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေး၊ လူကုန်ကူးမခံရရေးအတွက် အေဂျင်စီများအား တရားဝင်လိုင်စင်များ ထုတ်ပေးနေ

ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေးနှင့် လူကုန်ကူး မခံရရေးအတွက် ပြည်ပအလုပ် အကိုင်အေဂျင်စီများကို တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။