Tuesday, January 20, 2015

ကျောင်းသားတစ်စုနှင့် အပျော်ခရီးစဉ် ဖန်တီးကာ ချစ်တင်းနှောခဲ့သည့် ဆရာမနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ


Photo: ကျောင်းသားတစ်စုနှင့် အပျော်ခရီးစဉ် ဖန်တီးကာ ချစ်တင်းနှောခဲ့သည့် ဆရာမနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ 

Tuesday, January 20, 2015

ဆန်ကလီမင်တီ ။   ။ အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် တွင်ကျောင်း ဆရာမနှစ် ဦးသည် အပျော်ခရီး စဉ်တစ်ခုကို ဖန်တီး ကာကျောင်း သားတစ် စုနှင့်ပျော်ပါး ဆက်ဆံ ခဲ့သဖြင့် ဖမ်းဆီး ထားရကြောင်းရဲ ကပြောသည်။ဆောက်ဟေးလ် အထက်တန်းကျောင်းမှ အသက် ၃၈နှစ်ရှိ မယ်လို ဒီလိပတ် ဆိုသည့်ကျောင်း ဆရာမသည် ပြီးခဲ့သည့် ဒီဇင်ဘာက ဆန်ကလီမင်တီ ကမ်းခြေ တွင်ကျောင်းသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ကျောင်းသားများကို အရက်ဘီယာ သောက်စားစေကာ ယင်းကျောင်းသားများအနက်မှ တစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့ ဆက်ဆံ ခဲ့သည် ဟု တာဝန်ရှိသူများက ပြောသည်။

ထိုနောက် ပိုင်းတွင် မယ်လိုဒီ ကကျောင်းသား များနှင့်နောက် တစ်ကြိမ် ယင်းနေ ရာသို့ပင် ခရီးထွက်ရန် စီစဉ်ပြန်သည်။ ဒုတိယ အကြိမ် ခရီးစဉ် တွင်ကျောင်း ဆရာမ တစ်ဦးဖြစ်သည့် အသက် ၃၀ရွယ် မစ်ရှယ်ကို ပါခေါ်ဆောင် ခဲ့ခြင်းဖြစ်သည်။

မယ်လိုဒီနှင့် မစ်ရှယ်တို့ သည်ကျောင်းသားတစ်စုနှင့်အတူ ကမ်းခြေတွင် ညလုံးပေါက် အချိန်ဖြုန်းကြပြီး ယင်းညပိုင်းတွင်မယ်လိုဒီ တို့နှစ်ဦး ကကျောင်းသားနှစ် ဦးကို ခေါ်ယူ လိင်ပျော်ပါးခဲ့ကြောင်း ရဲဌာနကပြောသည်။

မယ်လိုဒီကို ယင်းအမှုတွင် ပူးပေါင်းကြံစည်ပြီး အရွယ်မရောက်သူအား ပြစ်မှုကျုး လွန်မှုဖြင့် အာမခံ ၁၂၀၀၀ ထားရှိ ထားသည်။ မစ်ရှယ်ကို မှုကျောင်းသားတစ် ဦးနှင့် သဘာဝမ ဆန်သော လိင်ဆက်ဆံမှုပြုလုပ်ခဲ့သည်ဟု စွဲချက်တင်ပြီး အာမခံ ၃၃၀၀၀ ထားရှိ ထားသည်။

Mizzima

ဆန်ကလီမင်တီ ။ ။ အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် တွင်ကျောင်း ဆရာမနှစ် ဦးသည် အပျော်ခရီး စဉ်တစ်ခုကို ဖန်တီး ကာကျောင်း သားတစ် စုနှင့်ပျော်ပါး ဆက်ဆံ ခဲ့သဖြင့် ဖမ်းဆီး ထားရကြောင်းရဲ ကပြောသည်။ဆောက်ဟေးလ် အထက်တန်းကျောင်းမှ အသက် ၃၈နှစ်ရှိ မယ်လို ဒီလိပတ် ဆိုသည့်ကျောင်း ဆရာမသည် ပြီးခဲ့သည့် ဒီဇင်ဘာက ဆန်ကလီမင်တီ ကမ်းခြေ တွင်ကျောင်းသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသော KIA


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုနှင့်အတူ ဒေသခံပြည်သူများ အပေါ်တွင် လည်း KIA ၏ အသုံးချမှုက ထပ်တူ ပါလာခဲ့သည်။ ရှေးဦးစွာ တိုက်ပွဲများဘာကြောင့် ပြန်ဖြစ်သလဲဆိုတဲ့အကြောင်းရင်း ကို ပြောရပါမည်။ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ခေတ္တထိန်းသိမ်းပြီး ရဲတပ်ဖွဲ့ဝင်များကို KIA ဖမ်းဆီးမှုသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကို မထီမဲ့မြင် စော်ကားရာရောက်သလို တပ်မတော်ကိုလည်း လက် တစ်လုံးခြား သွေးတိုးစမ်းသည့်သဘောဖြစ်နေသည်။ အစိုးရအဖွဲ့ဝန်ကြီးကို ခေတ္တထိန်းသိမ်းမှုသည် လုံးဝလက်သင့် မခံနိုင်သော လုပ်ရပ်ဖြစ်သလို အစိုရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်များကို ကြိုးတုပ်ဖမ်းဆီးမှုသည်လည်း ဥပဒေမဲ့ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် တပ်မတော်က ၀င်ရောက်ဖြေရှင်းခဲ့ရခြင်း ဖြစ်ပါသည်။

မိမိအိမ်ထောင်ဖက်ကို ရှာတွေ့ပြီဟု သက်သေပြသော အချက် (၉)ချက်


အမျိုးသားတွေလည်း သူတို့ကိုယ်သူတို့ အသက်ကစကားပြောလာတာကို သတိထားကြပါတယ်။ အထူးသဖြင့် သူတို့သဘောကျရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တဲ့အခါ သူတို့တွေ ရင့်ကျက်ဖို့လိုလာပြီ၊ မိသားစုတစ်ခုတည်ဆောက်ဖို့ လိုလာပြီဆိုတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာကြပါတယ်။ ပြဿနာက လက်တွဲကြမယ့် ချစ်သူနှစ်ယောက်က  လိုက်ဖက်ညီရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒါကိုသိရဖို့အတွက် ထည့်စဉ်းစားရမယ့် အချက်လေးတွေကို စာရင်းပြုစုပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ ကိုယ့်ချစ်သူက ကောင်းတဲ့အချက်တွေနဲ့ ကိုက်ညီတာများနေရင်တော့ သူ့ဟာ ကိုယ့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ချေများပါတယ်။ 

IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ


Photo: IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ

International Federation of Football History & Statistics ( IFFHS) မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီရော်နယ်ဒိုမှ သွင်းဂိုး ၂၀ ဖြင့် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွက် ပေါ်တီဂီနိုင်ငံအသင်းအတွက် သွင်းဂိုး ၅ ဂိုးနှင့် ရီးရဲလ် မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးဖြင့် IFFHS ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် တွင်လည်း သွင်းဂိုး ၂၅ ဂိုးဖြင့် ဆုရရှိခဲ့ပြီး ယခု ဒုတိအကြိမ် အဖြစ် ဆက်တိုက် ရရှိခဲ့ဖြင်းဖြစ်သည်။

ယင်းဆုကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ တို့တွင် မက်ဆီ မှ ရရှိခဲ့ဘူးသည်။

နိုင်င်ငံအသင်းအတွက် ကစားသမား သုံးယောက်သာ ၁၀ ဂိုးနှင့် အထက် သွင်းယူခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် နေမာ- ၁၅ ဂိုး၊ ဂျာမနီ အသင်းအတွက် သောမတ်စ် မူလာ နှင့် အီကွေဒေါ အသင်းအတွက် အန်နာ ဗလန်စီယာ က ၁၀ ဂိုး သွင်းယူခဲ့ကြသည်။

ကလပ်အသင်းများအတွက် သွင်း ဂိုး ၁၀ နှင့် အထက်ကို ကစားသမား ခြောက်ယောက်က သွင်းယူပေးနိုင်ခဲ့ပြီး Real Madrid CF အတွက် စီရော်နယ်ဒို က ၁၅ ဂိုး၊ AL Ain FC အတွက် အဆာမိုဂျန် က ၁၂ ဂိုး၊ Kitchee SC အသင်းအတွက် ဂျူယန် ဘယ်လန်ကိုဆို နှင့် Shakhtar Donetsk FC အတွက် လူးဝစ် အယ်ဒရီယန်နို က ၁၁ စီ နှင့် Barcelona အတွက် မက်ဆီ နှင့် Al-Hilal Riyadh အသင်းအတွက် နာဆာ အယ်လ် ရှန်ရာနီ က ၁၀ ဂိုးစီဖြင့် အသီးသီးသွင်းယူခဲ့ကြသည်။

IFFHS မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်းတွင် မြန်မာ့လက်ရွေးစင် အသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုမှာ ရန်ကုန်ယူနိုက်တက် ကလပ် အသင်းအတွက် သွင်းဂိုး (၆) ဂိုးနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုး (၆) ဂိုး စုစုပေါင်း ၁၂ ဂိုးဖြင့် အဆင့် ၇ နေရာတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။
International Federation of Football History & Statistics ( IFFHS) မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီရော်နယ်ဒိုမှ သွင်းဂိုး ၂၀ ဖြင့် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွက် ပေါ်တီဂီနိုင်ငံအသင်းအတွက် သွင်းဂိုး ၅ ဂိုးနှင့် ရီးရဲလ် မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးဖြင့် IFFHS ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော ရဲသုံးဦးအား ကေအိုင်အေ ပြန်လွှတ်ပေး


ဖမ်းဆီးထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံ ကေအိုင်အေက ဇန်န၀ါရီ ၁၉ ရက် ညနေတွင် လွှဲပြောင်းပေးလိုက်ပြီး လက်နက်များကိုမူ ဆက်လက် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၄ရက်က ဖမ်းဆီးခြင်းခံခဲ့ရသော ရဲအရာရှိတစ်ဦး နှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ ငါးရက်အကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁၉ရက် ညနေ ၄ နာရီက ဂျာရာယန်စခန်းတွင်ကေ အိုင်အေတပ်ရင်း(၆)က PCG အဖွဲ့ထံ ယင်းရဲတပ်ဖွဲ့ဝင်သုံးဦးကို လက်နက်မှအပါ ပစ္စည်းအားလုံးနှင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိထက် လျှပ်စစ်ဓာတ်အား အဆ၃၀ပိုထုတ်နိုင်သည့် ရတနာသိုက်ရှိ


မြန်မာနိုင်ငံသည် လက် ရှိထုတ်လုပ်နေသောလျှပ်စစ် ဓာတ်အားပမာဏထက် အဆသုံး ဆယ်ပိုမိုထုတ်လုပ်နိုင်သည့် စွမ်းအင်ရတနာသိုက်ကြီးကို ပိုင်ဆိုင် ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု နှင့် အပြည်ပြည်ဆိုင်ရာရေအား လျှပ်စစ်အဖွဲ့တို့ ထုတ်ပြန်ချက် အရသိရသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိရေ အားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၃၅၀ခန့်ရှိနေပြီး အမှန်တ ကယ်ထုတ်ယူမည်ဆိုလျှင် မဂ္ဂါ ၀ပ်တစ်သိန်းအထိ ထုတ်ယူနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာရေ အားလျှပ်စစ်အသင်း ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုဒါရိုက်တာမစ္စတာ Cameron Ironsideကပြောကြား သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရေ အားလျှပ်စစ်ထုတ်ယူမှုနှင့်ပတ် သက်၍သစ်တောများဆုံးရှုံးမှု၊သ ဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး မှု၊ မြေသိမ်းမှုများကြောင့်အရပ် ဖက်လူမှုအဖွဲ့အစည်းများက စီ မံကိန်းများကို ထိန်းသိမ်းလုပ်ကိုင် ရန်အမြဲပြောကြားနေသည်။

ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်


Photo: ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်
Tuesday, January 20, 2015

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့်အင်တာဗျူး ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြားလိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမိုက ရေစီလမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော်တို့ ငြင်းခုံမနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များသည် ပြည်တွင်းစစ် အဆုံးသတ်ရန် ဆန္ဒအပြည့်အ၀မရှိနိုင်ဟု တပ်မတော်က ယူ ဆထားကြောင်း စီအင်န်အေက ဖော်ပြသည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင် ချိုးဖောက်ကြောင်း၊ ထို့ကြောင့် ပင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်စေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

တစ်ဖက်တွင်လည်း NCCT အဖွဲ့ဝင်လည်း ဖြစ်၊ ချင်းအမျိုး သားတပ်ဦး (CNF)၏ အဓိပတိ ကောင်စီဝင်လည်းဖြစ်၊ တိုင်းရင်း သားလူမျိုးများ ကောင်စီ (ENC) ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ‘‘ငြိမ်းချမ်းရေးအတွက် ကျွန်တော် တို့ အမှန်တကယ်ဆန္ဒရှိကြတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်အတွက် ကျွန်တော်တို့ တကယ့်ကိုအမှန်ကိုဆန္ဒရှိကြတယ်။ ကြည့်စမ်းပါဦး ဗျာ၊ ကျွန်တော်တို့က ဒီတစ်နိုင်ငံ လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အဆိုပြုခဲ့ပြီး ရေးဆွဲခဲ့တဲ့သူတွေပါ။ သမ္မတ ဦးသိန်းစိန်အာဏာရတာနဲ့ ကျွန် တော်တို့ ကြေညာချက်တစ်စောင် ထုတ်ခဲ့တယ်။ တွေ့ဆုံဆွေးနွေး ပွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်အတွက် တောင်းဆိုခဲ့တယ်’’ ဟု စီအင်န်အေအား ပြောကြားသည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရေး အစိုးရထံအဆိုပြုခဲ့ကြောင်း NCCTဘက်က ပြီးခဲ့သည့် ဒီဇင်ဘာအ စည်းအဝေးတွင် သတင်းထောက် များအား ပြောခဲ့သည်။ ယင်းနောက် ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) ဗိုလ်ရှုခံ အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်ကပါ ပြည်ထောင်စုနေ့ ၌ NCA ရေးထိုးရန် အသားပေးတိုက်တွန်းပြောကြားခဲ့ပြန်သည်။ ထို့အပြင် NCA ကို ဖေဖော်ဝါရီတွင် ချုပ်ဆိုရန် ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစစ်ရန်ဟီးလီကိုလည်း အစိုးရက ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် ကချင်ပြည်နယ် တွင် လောလောဆယ် ပြန်လည်ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေကြားတိုက်ပွဲများ က မြန်မာ့ငြိမ်းချမ်းရေး၏ ထိလွယ် ရှလွယ် အခြေအနေကို ဖော်ပြ သည့် လက္ခဏာတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။

၂၀၁၄ စက်တင်ဘာက ပြုလုပ်ခဲ့ သည့် UPWC နှင့် NCCT နှစ်ဖက် ကြား တရားဝင် ခြောက်ကြိမ် မြောက် ဆွေးနွေးပွဲနောက်ပိုင်း တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့မတိုးသာသည့် အခြေအနေ ဖြစ်သွားပြီဟူသည့် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အလုပ်အဖွဲ့များ ငါးကြိမ် တွေ့ဆုံခဲ့ကြသည်။ NCA ပါ အ ချက်ပေါင်း(၁၁၂)ချက်အနက် စာ ချုပ်ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရ မည့် အချက်မှာ ဒီဇင်ဘာဆွေးနွေး ပွဲအပြီးတွင် သုံးချက်သာ ကျန်ရှိ တော့၍ ယင်းတို့မှာ ကြားကာလ တပ်နေရာချထားရေးဆိုင်ရာနှင့် ဆက်စပ်သည့် အချက်များ ဖြစ်နေသည်။ ယင်းအတွက် ယခုတစ်ခေါက် NCA ကို အမှန်တကယ်လက်မှတ်ရေးထိုးနိုင်တော့မည်လားဆိုသည့် မေးခွန်းတွင် အဓိကပါဝင် ပတ်သက်နေသူက တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။

7Day DAILY 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ −မင်းအောင်လှိုင်ဖေ့စ်ဘွတ်ခ်)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင်ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟုလည်း မေးခွန်းထုတ်လိုက် သည်။

စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့်အင်တာဗျူး ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြားလိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး လိုချင်သလား။ သူတို့တကယ်ငြိမ်းချမ်းရေးလိုချင်ရင်၊ မရစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီမိုက ရေစီလမ်းစဉ်အတိုင်း သူတို့သွား ချင်ရင် သူတို့ဒေသမှာ စည်းလုံး မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ် အောင် သူတို့ဆန္ဒရှိရင် ဒီလမ်းစဉ်ကို သူတို့ရွေးချယ်နိုင်တယ်။ ကျွန် တော်တို့ ငြင်းခုံမနေနိုင်ဘူး။ အ ငြင်းပွားမှုတွေက တိုင်းပြည်ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

ငြိမ်ချမ်းရေးရပါက တပ်မတော်၏ အခန်းကဏ္ဍ နောက်ဆုတ်ပေးလိမ့်မည်ဟု သမ္မတပြောကြား


တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးသဘောတူညီချက်များ ရရှိ သည့်အခါတွင် တပ်မတော်အနေ ဖြင့် အရေးပါသည့် အခန်းကဏ္ဍမှ နောက်ဆုတ်ပေးလိမ့်မည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က စင်ကာပူ သတင်းစာ စထရိတ်တိုင်းမ်စ်နှင့် သီးသန့်အင်တာဗျူး တွင် ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့နှင့် စေ့စပ်ညှိနှိုင်းမှု များ ခက်ခဲနက်နဲ ရှုပ်ထွေးမှု ကြောင့် ခရီးပေါက်မှုနှေးကွေးနေ သော်လည်း ဖေဖော်ဝါရီ ၁၂ ရက် တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ရေးထိုးရန် မျှော်လင့်ဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကပြောသည်။
‘‘ပြည်တွင်း လက်နက်ကိုင် ပြဿနာကို ကျွန်တော်တို့ ဆက် ရင်ဆိုင်နေရင် တပ်မတော်က တိုင်းပြည်မှာ အရေးပါတဲ့ နေရာ မှာ ဆက်ရှိနေမှာပဲ’’ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး


Photo: ဟက်ဇ်ဘိုလာ တပ်မှူး အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး
Tuesday, January 20, 2015  

ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ် ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

အစ္စရေးရဲ့ Ynet သတင်းဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ အစ္စရေးကို တိုက်ခိုက်လိုတဲ့ အကြမ်းဖက်သမား
တွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက် သတင်းတွေကို ကိုးကား ဖေါ်ပြထားပါတယ်။ လက်ဘနွမ်ဘက်ကတော့ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ ဟက်ဇ်ဘိုလာတွေရဲ့ မော်တော်ယာဉ်နှစ်စီးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဟာ ဟက်ဇ်ဘိုလာတပ်မှူး Mohammad Issa ဖြစ်ပြီး သူဟာ ဆီးရီးယား နဲ့အီရတ်က စစ်ဆင်ရေးတွေကို ကိုင်တွယ်သူလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ နောက် သေဆုံးသူတ ဦးကတော့၂၀၀၈ ခုနှစ်တုန်းက ဆီးရီးယားမှာ ကားဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ရတဲ့ ဟက်ဇ်ဘိုလာ စစ်ဘက် အကြီးအကဲImad Mughniyeh ရဲ့သားဖြစ်သူ Jihad Mughniyeh ဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ အစ္စရေးတွေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။

VOA
ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားပိုင်နက်ထဲမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတခုအတွင်း ဟက်ဇ်ဘိုလာ (Hezbollah) အဖွဲ့က တပ်မှူးတဦး အပါအဝင် တိုက်ခိုက်ရေးသမား ၅ ဦး သေဆုံးခဲ့ရတယ် လို့ လက်ဘနွမ် ရှီယာ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဒီပြောကြားချက်အတွက် အစ္စရေးစစ်တပ်ဘက်က မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာတော့ Quneitra နားမှာ တနင်္ဂနွေနေ့က အစ္စရေး ရဟတ် ယာဉ်တစင်းဟာ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယား ပိုင်နက်အခြမ်းနဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့အပိုင်းကို ခွဲထားတဲ့ လိုင်းနားမှာ ရှိနေတာပါ။

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ


Photo: ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ
Tuesday, January 20, 2015

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိကြောင်း ၎င်း ကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ် နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်း တာ။မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်း
နေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါ တယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျိုးမင်းဦး 
7Day DAILY
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်


Photo: နိုင်ငံတော် အခြေပြမိန့်ခွန်း အိုဘားမား အင်္ဂါနေ့ပြောမည်
Tuesday, January 20, 2015

အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတာကြောင့် အလုပ်မလုပ်နိုင်သူတွေကို တနှစ်ဆေးခွင့် ၇ ရက်ထိ ပေးဖို့ အဆိုပြုထားတဲ့ ဥပဒေကိုလည်း သမ္မတက ထောက်ခံထားပါတယ်။ အဆင့်မြင့်ပညာသင်ကြားနေသူတွေ၊ ကလေးမရှိတဲ့ အိမ်ထောင်ရှင်တွေအတွက် နှစ်ကုန် အခွန်ပြန်အမ်းငွေ ပိုတိုးလာဖို့နဲ့ Community ကောလိပ်မှာ နှစ်နှစ် အခမဲ့ပညာသင်ကြားခွင့်၊ အငြိမ်းစားထောက်ပံ့ငွေအတွက်စုဆောင်းတာတွေလုပ်ဖို့ကိုလည်း သမ္မတက တိုက်တွန်းဖို့ရှိနေပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း အတူလက်တွဲလုပ်ဆောင်ဖို့အကြောင်းလည်း မိန့်ခွန်းမှာ ပါဝင်ဖို့ရှိတယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ အင်္ဂါနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာမှာ ရီပါတ်ဗလီကင်တွေ ကြီးစိုးတဲ့လွှတ်တော် နှစ်ရပ်ရှေ့မှောက် ပြောရမှာဖြစ်ပါတယ်။

အခုနှစ်မိန့်ခွန်းနဲ့ ပါတ်သတ်ပြီး သမ္မတအပေါ် ပိုပြီး ထောက်ခံသူတွေ ပိုများလာပါတယ်။ Wall street Journal နဲ့ NBC ရုပ်သံဌာနတို့က ကောက်ယူမှုစစ်တမ်းတွေအရ သမ္မတမိန့်ခွန်းအပေါ် လွန်ခဲ့တဲ့နှစ်က ထောက်ခံမှု ၃၂ % ရှိရာက အခုနှစ်မှာ ၃၈ % အထိ တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ သမ္မတကတော် Michelle Obama ရဲ့ဧည့်သည်တော်အဖြစ် မကြာသေးခင်က ကျူးဘားအကျဉ်းစခန်းက လွတ်မြောက်လာတဲ့ Alan Gross နဲ့ အာကာသယာဉ်မှူး Scott Kelly တို့ တက်ရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၂၂ ယောက်ထဲမှာ ကျောင်းသားနဲ့ ပညာရေးဝန်ထမ်းတွေ၊ ထူးချွန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေနဲ့ အာဖဂန်နစ္စတန်တိုက်ပွဲမှာ ပါဝင်တဲ့ ဒဏ်ရာရစစ်သည်တော်တွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန် သမ္မတ BarackObama ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညဖက် မြန်မာစံတော်ချိန် ဗုဒ္ဒဟူးနေ့မနက်ပိုင်းမှာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ဒီ မိန့်ခွန်းပြောကြားရာမှာ သမ္မတအိုဘားမားဟာ မိဘတွေ၊ အလုပ်သမားတွေနဲ့ ကျောင်းသားတွေအတွက် နှစ်ကုန် အခွန်ငွေ ပြန်ပေးရာမှာ ပိုပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဝင်ငွေကောင်းသူတွေ၊ ချမ်းသာတဲ့ဘဏ်တွေဆီကနေ အခကြေးငွေကောက်ခံပြီး အခုလို ပြန်ပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သားသမီးတွေနဲ့ အိုမင်းတဲ့မိဘတွေကို ငွေကြေးထောက်ပံ့ပေးရတဲ့ မိသားစုအတွင်း ဦးဆောင်အလုပ်လုပ်နေသူ ဇနီးမောင်နှံနှစ်ဦးကို ကူညီဖို့ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်


Photo: တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်
Tuesday, January 20, 2015

ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ လစဉ်ထောက်ပံ့ရေး အစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာစီမံချက်များ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း ဆိုသည် အချက်ကို အကောင်ထည်ဖော်သည့် အနေနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဖွံ့ဖြိုးမှု အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး စီးပွားရေး၊ ဘဏ်မန်နေဂျာနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ တစ်ဆင့် လစဉ် ဘိုးဘွားများထံသို့ ငွေကြေးရောက်ရှိနိုင်သည့် နည်းလမ်းများဖြင့် ဘိုးဘွားဦးရေ စာရင်းများကို ကောက်ယူနေပြီး ရရှိသည့် အချက်အလက်များပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့မှုကို လာမည့် ဘတ်ဂျက်နှစ်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

“ထောက်ပံ့မှုက အသက် ၈၀ ပေးမလား၊ ၉၀ ပေးမလား ဆိုတာနဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ ဌာနက ဆုံးဖြတ်မှာပါ။ မန္တလေးတိုင်းကတော့ သတင်းအချက်အလက် ကောက်ယူတာ ပြီးစီးသွားပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် လတ်တလော အနေအထားအရ အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများကို လစဉ် ကျပ်နှစ်သောင်းငါးထောင် ပေးရန် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် အရောက်တွင် ဘိုးဘွား သုံးသန်းကျော်အထိ ရောက်ရှိရန် အစီအစဉ်များ ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

“ဘိုဘွားထောက်ပံ့မှုပေးရေး အစီအစဉ်ကို ကြားရတာ ဝမ်းသာပါတယ်။ ပင်စင်ရ ဘိုးဘွားတွေ ပါ မပါကို ကွဲကွဲပြားပြား သိချင်ပါတယ်” ဟု အသက် ၇၀ အရွယ် မဟာအောင်မြေ မြို့နယ်ရှိ အငြိမ်းစား အထက်တန်းပြ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်နွဲ့ရီက ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဘိုးဘွားများကို ထောက်ပံမည့် အစီစဉ်ကို ကြိုဆိုပြီး ယင်းထောက်ပံ့မည့် အစီအစဉ်ကို အသက်ရှင်သည်အထိ ပေးစေလိုကြောင်း၊ အသင်းအနေနှင့် ဘိုးဘွား ၁၈၀ ဦးကျော်ကို ဆန်၊ ငွေကြေးနှင့် အသုံးဆောင်ပစ္စည်းများ၊ အိမ်အရောက် စောင့်ရှောက်မှုအပြင် ဂိလာနဘိုဘွားများကိုလည်း သီးခြား စောင့်ရှောက်ပေးနေသည်ဟု မန္တလေးမြို့ပေါ်တွင် နာရေးကူညီမှုလုပ်ငန်း အပြင် ဘိုးဘွားစောင့်ရှောက်ရေးကိုပါ တွဲဖက်လုပ်ကိုင်နေသည့် ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘိုးဘွားများကို လစဉ် ငွေကြေးထောက်ပံ့ပေးရေး သုတေသန အချက်အလက် ကောက်ယူရေးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးရှိ အသက်တစ်ရာအထက် ဘိုးဘွား ၈၈ ဦးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ လစာစုဆောင်းငွေ ၂၅ ရာခိုင်နှုန်းမှ ထုတ်နှုတ်ကာ ဘိုးဘွားတစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ပေးအပ်ရန် ရှိသည်ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အထဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ပါဝင်မှု ၁၀ ရာခိုင်နှုန်း နီးပါးခန့် ရှိပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးအရေအတွက် စာရင်းသည် ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာမည် ဖြစ်ကာ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် သက်ကြီးရွယ်အို တစ်ဦးနှုန်း ပါဝင်လာမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကော်မတီဝင် ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေထက် သက်ကြီးရွယ်အို အရေအတွက်က ပိုများလာမည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာတစ်ရပ်က ထောက်ပြထားသည်။

The Voice Weekly
ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ လစဉ်ထောက်ပံ့ရေး အစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာစီမံချက်များ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း ဆိုသည် အချက်ကို အကောင်ထည်ဖော်သည့် အနေနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဖွံ့ဖြိုးမှု အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယီမင် ဝန်ကြီးချုပ် နေအိမ်သူပုန်တွေ ဝိုင်းခံရ


Photo: ယီမင် ဝန်ကြီးချုပ် နေအိမ်သူပုန်တွေ ဝိုင်းခံရ
Tuesday, January 20, 2015

ယီမင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့သူပုန်တွေကြား တရက်ကြာတိုက်ပွဲအဆုံးသတ်ဖို့ အပစ်ရပ်သဘောတူညီမှုရရှိပြီး နာရီအနည်းငယ်အကြာမှာ မြို့တော် ဆိုင်နိုင်းရှိ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို Houthi စစ်သွေးကြွတွေက ဝိုင်းထားတယ်လို့ ယီမင်အစိုးရက ပြောပါတယ်။ အဲဒီဝိုင်းထားချိန်မှာ ဆနိုင်း တဟီရာ ရင်ပြင်ရှိ ဝန်ကြီးချုပ်အိမ်တော်အတွင်းမှာ ဝန်ကြီးချုပ် Khaled Bahah ရှိနေတဲ့အကြောင်း အစိုးရပြောခွင့်ရက ထုတ်ဖော်ပြောကြားပါတယ်။

Houthi စစ်သွေးကြွတွေရဲ့တောင်းဆိုချက်တွေကိုတော့ လူသိရှင်ကြား ချက်ခြင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ အဲဒီနေ့စောစောပိုင်းကတော့ သမ္မတရဲ့နန်းတော်ကနေ ဝန်ကြီးချုပ်ရဲ့ကားတန်းရှည် ထွက်ခွာလာခဲ့စဉ် ဝန်ကြီးချုပ်ဗဟားရဲ့ကားတန်းရှည်ကို ဟိုသီစစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ ကြတယ်လို့သိရပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်အနေနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သေနတ်ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ အဲဒီနေရာကနေ အရပ်သားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူအနည်းဆုံး သုံးဦးသေဆုံးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရသတင်းဌာန အဆောက်အဦးကို သူပုန်တွေသိမ်းပိုက်ထားတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယီမင်နဲ့Zaidi Shi'ite တွေရဲ့အခွင့်အရေးတိုးပေးဖို့ တောင်းဆိုနေတဲ့ ဟိုသီ သူပုန် တွေဟာ မြို့တော်ကို ပြီးခဲ့တဲ့စက်တင်ဘာလက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရသစ်ဖွဲ့ပေးဖို့တောင်းဆိုထားတဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတဲ့ အစည်းအဝေးပွဲကို နှောင့်ယှက်တဲ့အနေနဲ့ ဟိုသီသူပုန်တွေက သမ္မတ Abed Rabbo Mansour Hadi ရုံးရဲ့ အရာရှိချုပ်ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယီမင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့သူပုန်တွေကြား တရက်ကြာတိုက်ပွဲအဆုံးသတ်ဖို့ အပစ်ရပ်သဘောတူညီမှုရရှိပြီး နာရီအနည်းငယ်အကြာမှာ မြို့တော် ဆိုင်နိုင်းရှိ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို Houthi စစ်သွေးကြွတွေက ဝိုင်းထားတယ်လို့ ယီမင်အစိုးရက ပြောပါတယ်။ အဲဒီဝိုင်းထားချိန်မှာ ဆနိုင်း တဟီရာ ရင်ပြင်ရှိ ဝန်ကြီးချုပ်အိမ်တော်အတွင်းမှာ ဝန်ကြီးချုပ် Khaled Bahah ရှိနေတဲ့အကြောင်း အစိုးရပြောခွင့်ရက ထုတ်ဖော်ပြောကြားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အချို့ စည်းကမ်း မလိုက်နာခြင်းကြောင့် ပြည် တွင်း စစ် အဆုံးမသတ်နိုင်ဖြစ်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော


Photo: တိုင်းရင်းသား လက်နက်ကိုင်အချို့ စည်းကမ်း မလိုက်နာခြင်းကြောင့် ပြည် တွင်း စစ် အဆုံးမသတ်နိုင်ဖြစ်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော
Tuesday, January 20, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားချင်မှ ထားမည် ဟု မြန်မာစစ်ဘက်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စည်းမျဉ်းစည်းကမ်းများ ကို လေးစား လိုက်နာမှု မရှိသဖြင့် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချန်နယ် နယူးအေရှ သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အခြေအနေမတည်ငြိမ်မှု၏ လက္ခဏာ တစ်ရပ်အဖြစ် လွန်ခဲ့သည့်ရက် အနည်းငယ်က အစိုးရစစ်တပ်နှင့် ကေအိုင်အေကြား တိုက်ပွဲသစ် များ ဖြစ်ပွားခဲ့သည်။ သို့သော် မြန်မာအစိုးရသည် လာမည့်လတွင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်လျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အစိုးရနှင့် တိုက်ခိုက်နေသည်မှာ နှစ်ပေါင်း ၆ဝ ရှိနေ ပြီဖြစ်သည်။ ၎င်းတို့ ၏ တောင်းဆိုမှုများမှာ ရှင်းသည်။ နိုင်ငံရေးညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၎င်းတို့က လိုလားနေသည်။

လူနည်းစု လူ့အဖွဲ့အစည်းများသည်လည်း ၎င်းတို့လူမျိုးစု အဖွဲ့အစည်းများမှာ မမျှမတဆက်ဆံခံနေရပြီး နိုင်ငံသားဖြစ်ရေး ၎င်းတို့၏ အခွင့်အရေးများမှာလည်း လျစ်လျူရှုခံနေရသည်ဟု ယူဆလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သည်။ ယင်းတို့ထဲမှ တစ်ခု မှာ ၂ဝ၁၁ ခုနှစ် က ကေအိုင်အေနှင့် စစ်တပ်တို့၏ တိုက်ပွဲများကြောင့် လူတစ်သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယနေ့ အချိန်အထိ အများအပြားမှာ ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်သည်။

မကြာသေးခင်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းမှုများက အခြေအနေကို အတန်အသင့် ငြိမ်သက်စေခဲ့ပြီး တိုက်ပွဲများ လျော့ကျခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အစိုးရနှင့် လက် နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ထိုးရန်ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲများမှာ ပြောက်တိ ပြောက်ကျား ဖြစ်ပွားလျက်ရှိသေးပြီး စေ့စပ်ညှိနှိုင်းမှုများ ကို နှောင့်ယှက်လျက်ရှိသည်။

''ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် မူတည်ပါတယ်။ သူတို့က တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တာလား။ သူတို့သာ တကယ်ပဲငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် မရနိုင်စရာအကြောင်း မရှိပါဘူး။ သူတို့သာ ဒီမိုကရေစီလမ်းကြောင်း အတိုင်းသွား ချင်တယ်ဆိုရင် ကိုယ့်ဒေသမှာ စည်းလုံးညီ ညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဒီလမ်းကြောင်းကို သူတို့ ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့က ဆက်ပြီးစောဒကမတက်နိုင်ဘူး။ အငြင်းပွားမှုတွေက နိုင်ငံဖွံ့ဖြိုးရေးအတွက် အနှောင့် အယှက်ပါ''ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

သဘောတူညီချက်ရရှိပါက မြန်မာ နိုင်ငံတိုးတက်လာမည်ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်း မှုအဖွဲ့ (NCCT) က လက်ခံထားသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုကို ကိုယ်စားပြု သော ၎င်းအဖွဲ့က ပဋိပက္ခကို အဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။

''ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ အမှန် တကယ်ဆုံးဖြတ်ထားပါတယ်''ဟု NCCTမှ အဖွဲ့ဝင်နှင့် ချင်းအမျိုး သားတပ်ဦး ဦးစီးကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်း လျံမှုံဆာခေါင်က ပြောကြားခဲ့သည်။

''အမျိုးသားအပစ်ရပ်သဘောတူညီ ချက်ရဖို့ ကျွန်တော်တို့ အမှန်တကယ်ဆုံး ဖြတ်ထားပါတယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ရေးဆွဲပြီး အဆိုပြုခဲ့တဲ့ သူတွေပါ။ ဦးသိန်းစိန် အာဏာရရချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ပြဿနာနှစ်ခုမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသေးသည်။ တစ်ခုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အနာဂတ်ဖြစ်ပြီး နောက်တစ်ခုမှာ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဆိုသည့်အစိုးရ၏ ကတိကဝတ် ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးမှာ သမ္မတ ဦးသိန်းစိန် မျှော်လင့်ထားသည့် ဖေဖော်ဝါရီလမှာထက် ဧပြီလမှသာ ပို၍ဖြစ်နိုင်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ယုံကြည်လျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်သာ မထိုးနိုင်ပါက အားထုတ်မှုများ အချည်းနှီး ဖြစ်ကာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို အကြီးအကျယ်ထိခိုက်စေ မည် ဖြစ်သည်။ ယခုနှစ်တွင် အထွေထွေရွေး ကောက်ပွဲများ ပြုလုပ်ပြီးပါက အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ကောင်း ဖြစ်လာနိုင်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - အီးပီအေ)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် အမှန်တကယ် ဆုံးဖြတ်ထားချင်မှ ထားမည် ဟု မြန်မာစစ်ဘက်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် စည်းမျဉ်းစည်းကမ်းများ ကို လေးစား လိုက်နာမှု မရှိသဖြင့် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချန်နယ် နယူးအေရှ သတင်းဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်


Photo: ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်
Tuesday, January 20, 2015 

အစားအစာဆိုတဲ့ လူသားတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့၊ထူးခြားဆန်းပြားတဲ့အစားအသောက်
တွေကြိုက်တတ်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်ဖြစ်တဲ့ MyLannက အကြီးမားဆုံး Food Fair ကို ဇန်နဝါရီ ၂၄ရက်ကျရင် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတော့မယ်။

ဆိုင်ခန်းပေါင်း ၁ဝဝကျော်ပါဝင်ပြီး အမျိုးအစားစုံလင်လှတဲ့ အစားအသောက်ပွဲတော်မှာ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အားတီ၊ ဉာဏ်လင်းအောင်တို့ရဲ့ ဖျော်ဖြေမှုနဲ့အတူ ယူရေနီယံအကအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကြမှာပါ။ နှစ်ရက်ကြာကျင်းပမယ့် ဒီပွဲတော်မှာ ခင်လှိုင်နဲ့ဒိန်းဒေါင်တို့ရဲ့ တင်ဆက်မှုနဲ့အတူ ကံစမ်း မဲအဖြစ် Honda Fitတစ်စီး၊ Samsung Note 4 ၁ဝလုံး၊ Huawei Ascend Mate 7 ၁ဝလုံးအပြင် အခြားဆု မဲတွေလည်း မဲဖောက်ပေမှာမို့ လက်မှတ်ရောင်းရငွေရဲ့ ၁ဝရာခိုင်နှုန်းကို မိဘမဲ့နဲ့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Food Fair ကျင်းပရတာက စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေကြား ပျော်ရွှင်မှုနဲ့ အထိအတွေ့ရှိစေဖို့။ စားသောက်ပွဲတော်မှာ အားလုံး ပျော်ပျော်ပါးပါး စားသောက်နိုင်ဖို့ အခုလို စီစဉ်တာလို့ MyLann ရဲ့ Brand Ambassador အောင်မင်းခန့်က ဆိုပါတယ်။ စားဖို့ချည်းသက်သက်မဟုတ်ဘဲ ဘဝအမောတွေပြေစေမယ့်
ဖျော်ဖြေမှုတွေလည်း ပါတယ်လို့ ပြောပါတယ်။

ခင်လှိုင်၊ ဒိန်းဒေါင်တို့နဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ် ကမ်းလှမ်းလို့ ပါဝင်လာတဲ့ သရုပ်ဆောင် ပွင့်က ကိုယ်တိုင်လည်း အစားအစာကို ဝါသနာပါပြီး ပျော်ပျော်ပါးပါး လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ အစာလည်း
ဆေး၊ ဆေးလည်းအစာဆိုသလို သင့်တင့်အောင်စားရင် ကျန်းမာရေးလည်း အထောက်အကူ ပြုတာမို့ ပွဲတော်ကိုလာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Food Fair အတွက် ပြည်သူ့ရင်ပြင်ဝင်ခွင့် အခမဲ့သတ်မှတ်ထားပြီး သရုပ်ဆောင်ခင်လှိုင်က ပရိသတ်ကြား လူသိများတဲ့ ဂေးတို့ရဲ့မာယာဇာတ်ကားထဲက ဇာတ်ရုပ်အတိုင်း ပြင်ဆင်ပြီး တင်ဆက်မှာဖြစ်ပါတယ်။ မုန့်မျိုးစုံပါဝင်ဖို့ မျှော်လင့်ထားသလို ကချင်ပြည်နယ်က ကြက်ဥကစော်၊ မြောင်းမြက ကြာဆံနဲ့လုပ်တဲ့ ကြက်ဥမရွေးလိုမုန့်မျိုး ရောင်းမယ်ဆိုရင် မိန်းမဝတ်ကြီးနဲ့ သွားစားမှာပါလို့ ခင်လှိုင်က ပြောပါတယ်။

kamayutmedia
အစားအစာဆိုတဲ့ လူသားတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့၊ထူးခြားဆန်းပြားတဲ့အစားအသောက်
တွေကြိုက်တတ်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်ဖြစ်တဲ့ MyLannက အကြီးမားဆုံး Food Fair ကို ဇန်နဝါရီ ၂၄ရက်ကျရင် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတော့မယ်။

ဆိုင်ခန်းပေါင်း ၁ဝဝကျော်ပါဝင်ပြီး အမျိုးအစားစုံလင်လှတဲ့ အစားအသောက်ပွဲတော်မှာ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အားတီ၊ ဉာဏ်လင်းအောင်တို့ရဲ့ ဖျော်ဖြေမှုနဲ့အတူ ယူရေနီယံအကအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကြမှာပါ။ နှစ်ရက်ကြာကျင်းပမယ့် ဒီပွဲတော်မှာ ခင်လှိုင်နဲ့ဒိန်းဒေါင်တို့ရဲ့ တင်ဆက်မှုနဲ့အတူ ကံစမ်း မဲအဖြစ် Honda Fitတစ်စီး၊ Samsung Note 4 ၁ဝလုံး၊ Huawei Ascend Mate 7 ၁ဝလုံးအပြင် အခြားဆု မဲတွေလည်း မဲဖောက်ပေမှာမို့ လက်မှတ်ရောင်းရငွေရဲ့ ၁ဝရာခိုင်နှုန်းကို မိဘမဲ့နဲ့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး


Photo: အီးယူဆွေးနွေးပွဲ အကြမ်းဖက်ခြိမ်းခြောက်မှုကိစ္စ လွှမ်းမိုး
Tuesday, January 20, 2015 

ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဖော်ထုတ်နိုင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ကြံစည်မှုကို နောက်ကွယ်ကနေ အဓိ ကစီစဉ်ခဲ့သူဟာ လွတ်မြောက်နေဆဲဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံတရားရေးဝန်ကြီးက ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ ဥရောပတလွှားမှာ လုံခြုံရေးအတွက် သတိထားဖို့လည်း တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကို ကြိုးကိုင်ခဲ့သူအဖြစ် သံသယရှိသူဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယူဆထားတဲ့ ဂရိနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ လူ ၄ ဦးထဲမှာလည်း မပါဘူးလို့ ဘယ်လ်ဂျီယံ တရားရေးဝန်ကြီး Koen Geens ကပြောပါတယ်။ ဘယ်လ်ဂျီယံ မီဒီယာတွေမှာတော့ အကြမ်းဖက်ဖို့ ကြံစည်သူအဖြစ် အလိုရှိနေသူဟာ Abdelhamid Abaaoud ဖြစ်တယ်လို့လည်း ဖော်ပြနေကြတာပါ။ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသားဟာ နိုင်ငံအရှေ့ပိုင်းက Verviers မြို့မှာရှိတဲ့ လျို့ဝှက် အစ္စလာမ် အစွန်းရောက်အဖွဲ့ တဖွဲ့ကို ဦးဆောင်သူအဖြစ်နဲ့လည်း သံသယရှိနေကြပါတယ်။

ဒီအကြမ်းဖက်အဖွဲ့က ရဲတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရှိနေချိန်မှာပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူတို့ ခိုအောင်းရာ နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွားပြီး သံသယရှိသူ ၂ ဦး သေဆုံးခဲ့တာပါ။

VOA
ပြင်သစ်နိုင်ငံမှာ လူအသေအပျောက်တွေဖြစ်ခဲ့တဲ့အထိ တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ အကြမ်း ဖက်သမားတွေအဖြစ် သံသယရှိသူတွေကို စီးနင်းနှိမ်နင်းမှုတွေ ပေါ်ပေါက်ခဲ့အပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံကြပါတယ်။ ထိပ်သီးညီလာခံတရပ် ရှေ့လ ထဲမကျင်းပမီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြိုအစည်းအဝေးအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနည်း လမ်းပေါင်းစုံကို ဆွေးနွေးကြမှာပါ။

ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့


Photo: ခြောက်ပွင့်ဆိုင်သည် ကောင်းမွန်သော်လည်း အင်အားစုများ လက်ခံသော ကိုယ်စားပြုမှုဖြစ်ရန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာပေးပို့
Tuesday, January 20, 2015

ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဆောင်၍ ခြောက်ဦးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန် သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြု မှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိစေမည့်မူ ဘောင်များ ကြိုတင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည် ဟု ဖော်ပြထားသည်။

သို့ပါ၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွက် မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ပါသည်ဟု ဆက်လက်ဖော်ပြထား သည်။

ခြောက်ပွင့်ဆိုင်အတွက် တိုင်းရင်းသား ကိုယ်စားပြုရွေးချယ်ခံရသူ ဒေါက်တာ အေးမောင်က ''ဒါက သမ္မတက ခြောက်ပွင့်ဆိုင် လက်ခံတယ် ဆိုတဲ့ သဘောပါ၊ ကျွန်တော်တို့က Framework ဆွဲပေးရမယ့်သဘောလို့ ထင်ပါတယ်'' ဟုဆိုသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့် အနာဂတ်မြန်မာ နိုင်ငံတော်တည်ဆောက် ရေးအတွက် လွှတ်တော်က တိုက်တွန်းထားသော်လည်း အခြေခံဥပဒေပြင်ဆင်ရေးတွင် အခန်း ၁၂ ပုဒ်မ များဖြစ်သည့် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ နှင့် ၄၃၆ အရသာ ပြင်ဆင်ရေးအတွက် လိုက်နာမည်ဖြစ်ကြောင်း၊ ယင်းပုဒ်မများ၏ လုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ပါက လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းလွှတ်တော်တို့က အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လူမျိုးစု ခုနစ်စု ပါဝင်သော တွေ့ဆုံမှုကို အလေးထား၍ တိုင်းရင်း သားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းအားလုံး နှင့် နိုင်ငံရေးအင်အားစုများ လက်ခံသော တွေ့ဆုံမှုကို ဖြစ်စေလိုကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ရုပ်သိမ်းမည် မဟုတ်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်က ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် တွေ့ဆုံအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

Mizzima - News in Burmese 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် လိုလားနေသော်လည်း သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်များက နိုင်ငံရေး အင်အားစုများအားလုံး ပါဝင်ဆွေးနွေးရန် ရည်သန် လျက်ရှိသည်။ (ဓာတ်ပုံ - မဇ္ဈိမ)
ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် ယနေ့ကျင်းပသော ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ယင်းကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော


Photo: မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော
Tuesday, January 20, 2015 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့လက်ထဲမှာသာရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်ချင်တယ်ဆိုရင်၊ ဒေသတွင်းမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ သူတို့တကယ်လိုချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရွေးချယ်နိုင်ပါတယ်၊ ငြင်းခုန်နေစရာ မလိုတော့ပါဘူး၊ စိတ်ဝမ်းကွဲနေတာတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည်စရာအကြောင်းအချက်တွေ အတော်များများရှိနေပါတယ်လို့ သူရဲ့အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။

RFA Burmese
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေရဲ့လက်ထဲမှာသာ ရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊

ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို


Photo: ငြိမ်းချမ်းရေး ပျက်ပြားအောင် ကေအိုင်အေ ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားဟု ဦးရဲထွဋ်ဆို
Tuesday, January 20, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

၎င်းက ''တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပဲမြင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်းဒေသမှာ မှိုင်းခွဲမှုတွေ၊ ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တာတွေ ကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာအခြေအနေကို တွေ့ရမှာပါ''ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၁၉ ရက်က ရေးသားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နောက်တစ်ရက် အကြာတွင် ကေအိုင်အေတပ်နှင့် အစိုးရ တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကို ရည်ညွှန်းပြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်ရန် အစိုးရက ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်စွာပင် ကချင်ပြည်နယ်ဝန်ကြီး၏ လုံခြုံရေးရဲများ ဖမ်းဆီးခံရခြင်း၊၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး ပျက်ပြားအောင် တမင်လုပ်ဆောင်နေခြင်းဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆရန် ဆရာတော် ဦးဝီရသူ မိန့်ကြား


ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆကြရန် ဆရာတော် ဦ၀ီရသူက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ဇန်န၀ါရီလ (၁၆) ရက်နေ့က ကုလသမဂ္ဂ၊ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီတို့ကို ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့် အရေးနှင့် ပတ်သက်ပြီး ရှုတ်ချ ဆန္ဒထုတ်ဖော်သော နေ့တွင် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်


Photo: ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်
Tuesday, January 20, 2015 

ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

လက်ပံတောင်းတောင်နှင့် ကြေးစင်တောင် ကြေးနီ စီမံကိန်းကြီးများ လုံးဝ ဖျက်သိမ်းပေးရေး အတွက် မုံရွာမြို့ ၌ နံနက်(၁၀) နာရီ အချိန်တွင် လူထု ဆန္ဒ ထုတ်ဖော်ပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး၊ လက်ပံတောင်း ဒေသခံများ အပါအ၀င် ဒေသခံ အင်အား(၁၀၀) နီးပါး တို့မှ ဒေါ်ခင်ဝင်း အသတ်ခံရ မှုတွင် အမှန်တရား ပေါ်ပေါက်စေရေးတို့ အတွက် အိမ်အပြန်လမ်း တစ်လျှောက် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

လူထု ဆန္ဒ ထုတ်ဖော်ပွဲကို သာဇံ ကျောင်းတိုက်မှာ ပြုလုပ်ဖို့ တရားဝင် ခွင့်ပြုပေးခဲ့ တာပါ။ ဒေသခံတွေက အပြန်မှာ ဆန္ဒ ထုတ်ဖော် တာကတော့ မကောင်းဘူးပေါ့။ ခွင့်ပြုမိန့် ထဲမှာ လုံးဝ မပါဘူး။ ဒါကြောင့် စည်ကမ်း ဖောက်ဖျက်မှုနဲ့ ပွဲစီစဉ်သူနဲ့ စီတန်းတဲ့ သူတွေကို အရေးယူသွားပါ့မယ် ဟု တိုင်း ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးကြီး နေထွန်းက The Messenger Media သို့ ပြောသည်။ ယင်းသို့ ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး များ လုံးဝ ဖျက်သိမ်းရေး လူထု ဆန္ဒ ထုတ်ဖော်မှုကို မုံရွာမြို့၊ သာဇံကျောင်းတိုက်ဝင်း အတွင်း ပြုလုပ်ခဲ့ ပြီးနောက် ဒေသခံများက နာရီ စင်မှ စတင်ကာ ချင်းတွင်းတာ ရိုးလမ်းမကြီး တစ်လျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

Messenger News Journal
ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

ကျေးရွာများအတွင်းသို့ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှု များကြောင့် ဒေသခံ ရွာသား(၂)ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ ရှိ ကျေးရွာများအတွင်းသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ၀င်ရောက်ကာ မိုင်းထောင်ဖောက်ခွဲ မှု များကြောင့် ဒေသခံရွာသားများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းပုတ်ကျေးရွာ၏ မြောက် ဘက်(၁)မိုင်ခန့်အကွာ လုံးတုံ-ဆယ်ဇင်းသွားလမ်း အနီးတွင် ဇန်န၀ါရီလ (၁၈)ရက်၊ ည (၈) နာရီအချိန်တွင် ဦးကျော်စိုး၊ အသက်(၄၆)နှစ်၊ တာလောကြီးကျေး ရွာ၊ မြစ်ကြီးနားမြို့နယ်နေသူနှင့် ဦးစံထွန်း၊ အသက်(၃၁)နှစ်၊ သဲဂုဏ်ကျေးရွာ၊ ဟိုပင်မြို့နယ် တို့(၂)ဦးသည် ဆိုင်ကယ်ဖြင့် လုံးတုံကျေးရွာ ဘက် မှ မောင်းနှင်လာစဉ် KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက် ကွဲခဲ့ရာမှ ၎င်းတို့(၂)ဦး၏ ခြေထောက်၊ လက်မောင်း၊ လည်ပင်းနှင့် လက်ချောင်း များတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ကျေးလက် ကျန်းမာရေးမှူး တစ်ဦးမှ ပြောပြခဲ့ပါသည်။