လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသား သည်ဟု ဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။
Saturday, February 15, 2014
ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ
လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသား သည်ဟု ဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။
ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ
ဌာနချုပ်များနှင့် ရုံးများကို ပြန် လည် ရယူနိုင်ရေး အဓိကရုဏ်း
ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA
သတင်းတွင် ဖော်ပြထားသည်။
အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြား သည်။
အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြား သည်။
တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။
တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက်အသစ်များအရသိရသည်။
တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။
ဂျာဗားကျွန်း မီးတောင်ပေါက် ၃ဦးသေ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းက မီးတောင်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် လူသုံးဦးထက် မနည်း သေဆုံးပြီး လူ ၁၀၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရပါတယ်။ Kelud မီးတောင် ကြာသပတေးနေ့က ပေါက်ကွဲ တာကြောင့် ချော်မှုန်တွေဟာ လေထုထဲကို ၁၈ မိုင်အမြင့်ထိ ပြန့်နှံ့ သွားခဲ့ပါတယ်။ သောကြာနေ့က အစိုးရအဖွဲ့အစည်းအဝေး ထိုင်ပြီးတဲ့နောက် သမ္မတ ဆူဆီလို ဘမ်ဘန်း ယိုဒိုယိုနို (Susilo Bambang Yudhoyono) က Kelud တောင်နဲ့ အနီးတ၀ိုက်ဒေသအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ဘင်္ဂါလီ ၁၃၀၀ ကျော် ထိုင်းအစိုးရပြန်ပို့မှု လက်ခံထားခြင်း မရှိဟု မြန်မာအစိုးရဆို
ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ ဒုက္ခသည် ၁၃၀၀ ကျော်ကို
ထိုင်းအစိုးရက နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံသို့
ပြန်ပို့လိုက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုင်း အစိုးရသည် မြန်မာအစိုးရထံ
တစ်စုံတစ်ရာ ညှိနှိုင်း အသိပေးခဲ့ခြင်း မရှိသကဲ့သို့ မြန်မာဘက်တွင်
ယင်း ဒုက္ခသည် များကိုလည်း လက်ခံရရှိထားခြင်း မရှိကြောင်း သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။
တပ်မတော် နဲ့ KIA ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေသလဲ
ဒီအကြောင်းဟာ မိမိနဲ့ သိပ်ပြီး မသက်ဆိုင်ပေမယ့် လူတော်တော်များ မသိကြပဲ ပြည်တွင်းမီဒီယာတွေ က သတင်းအမှောင်ချထားတာမို့ မနေနိုင်လို့ ရေးမိပါတယ်။အခုတလော တပ်မတော် နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်နေတာလဲ ဆိုတာ ကျွန်တော် ရှင်းပြပါမယ်။အဓိကက ဘာကြောင့် တိုက်ပွဲ ဖြစ်တယ်ဆိုတာ ကို ဘယ်ပြည်တွင်းသတင်းမီဒီယာမှ မဖော်ပြလို့ ကျွန်တော်ကပဲ အမုန်းခံပြီးရေးလိုက်တာပါ။
ယာဉ်တိုက်ခံရ ဟန်ဆောင်၍ ငွေကြေးတောင်းခံသူများ မန္တလေးခရိုင် အထူးအဖွဲ့မှ ဖမ်းဆီးရမိ
မန္တလေးမြို့ပေါ် ရှိ သားကောင်အဖြစ် သတ်မှတ် ထားသော မော်တော်ယာဉ် များ
အတိုက်ခံရပုံ ဟန်ဆောင်၍ ငွေကြေး လိမ်လည် ခြောက်လှန့် တောင်းယူမှုများ
အကြိမ်ကြိမ် ဖြစ်ပွား နေကြောင်း သတင်းအရ မန္တလေးခရိုင် အထူး ရဲတပ်ဖွဲ့ သည်
ဖေဖော်ဝါရီ ၄ ရက်က အဆိုပါ ပြစ်မှု ကျူးလွန်သူများကို စုံစမ်းရာ
ပြည်ကြီးတံခွန် တံခွန်တိုင် ရပ်ကွက်နေသူ အောင်စိုးလင်း (ခ) ရေစင် နှင့်
ချမ်းအေးသာစံ မြို့နယ် ဘီးဝန်းရပ် နေ အောင်ကျော်ထွန်း
(ခ) မဲကြီး တို့မှာ ကျူးလွန်လေ့ ရှိကြောင်း သတင်းအရ ခေါ်ယူ စစ်ဆေးရာမှ
၎င်းတို့သည် မန္တလေးမြို့ပေါ် တွင် တရုတ် အမျိုးသမီး များ မောင်းနှင်သည့်
အိမ်စီးကား
ကွင်းဆင်းစစ်ဆေးမှုများအရ ဘင်္ဂါလီများ အသတ်ခံရသည်ဆိုသည့် သတင်းများမှာ အတည်ပြုချက်မပေးနိုင်သော သတင်းများသာဖြစ်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
ပြည်ပသတင်းဌာနများတွင် ဖော်ပြခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းကျေးရွာ၌ ဘင်္ဂါလီများသတ်ဖြတ်ခံခဲ့ရသည်ဆိုသ ည့် သတင်းများမှာ ကွင်းဆင်းစစ်ဆေးမှုများအရ အတည်ပြုချက်မရှိသည့် သတင်းများသာဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှ အလုပ်လျှောက်ထားနိုင်မည့်စနစ် ဧပြီလတွင် စတင်မည်
မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်မည့် Labour Exchange Mangement စနစ်ကို လာမည့်ဧပြီလတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားခဲ့သည်။
ဖြူးမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊
သပြေလှကျေးရွာအနီး ဦးခေါင်းဖြတ်ကာ ခန္ဓာကိုယ်အား ပီနံအိတ်ဖြင့်ထုပ်၍
ချောင်းဘေး၌ လွှင့်ပစ်ထားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူအား တစ်နှစ်အကြာတွင်
ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး
ကိုကိုအောင်က ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဆက်ဆံရေးပြေလည်ပြီး ရာထူးမှအနားယူမည်ဟု ပြောကြားထားသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် RCSS/SSA ဥက္ကဋ္ဌရာထူးအတွက် ထပ်မံရွေးချယ်ခံရ
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနက် သမ္မတဦးသိန်းစိန်နှင့်
ဆက်ဆံရေးပြေလည်ပြီး ရာထူးမှ အနားယူမည်ဟု ပြောကြားထားသော
ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ
(RCSS/SSA) ဥက္ကဋ္ဌရာထူးသက်တမ်းသစ်အတွက် ထပ်မံရွေးချယ်ခံခဲ့ရကြောင်း
စုံစမ်းသိရသည်။
Subscribe to:
Posts (Atom)