Wednesday, October 21, 2015

ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ


(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။
စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။

ရွေးကောက်ပွဲနေ့တွင် လုပ်သားစေလွှတ်မှုအချို့ ရပ်နားထားမည်


ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ပထွက်ခွာအလုပ်လုပ်သူဦးရေမှာ လျော့သွားခြင်းမရှိဘဲ ပုံမှန်အခြေအနေ၌ ရှိနေပြီး အေဂျင်စီအချို့ရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှု ရပ်နားထားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ရှိသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမှုပုံမှန်အတိုင်းရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။

‘‘လုပ်သားစေလွှတ်မှုက ပုံမှန်အတိုင်းရှိနေပါတယ်။ ခေါ်စာတွေလည်း အဲဒီလပိုင်းအထိရှိနေတာပဲ။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲလုပ်မှာဆိုတော့ ကျွန်တော်တို့ဆီက အဲဒီ့တစ်ရကတော့ လုပ်သားပို့မှာတော့ မဟုတ်ဘူး’’ဟု ရွှေဝင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောသည်။

အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရဖို့ ဥပဒေများ တင်သွင်းရန်လိုနေဟု ဒေါ်ညိုညိုသင်း ထောက်ပြ


အမျိုးသမီးများ အခွင့်အရေး တန်းတူညီမျှ ရရှိရန်အတွက် ဥပဒေများ ကိုလွှတ်တော်သို့ တင်သွင်းရန် လိုအပ်နေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။
“နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာမှာ ပါဖို့မဖြစ်မနေ ရေးဆွဲပေးရမယ်”ဟု ၎င်းက ပြောသည်။

ဒဂုံစီးတီး စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း အစရှိသည့် စီမံကိန်းများအတွက် လွှတ်တော်သို့ အဆိုများတင်သွင်းကာ တားဆီးနိုင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်သည့် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသမီးဆိုလျင် ကိုယ်ဝန်ဆောင် မိခင်မှသာ နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို ရသလို ဖြစ်နေကြောင်း မိခင်မဟုတ်သည့် အမျိုးသမီးများ အနေဖြင့် နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို မရသလိုဖြစ်နေ၍ နိုင်ငံတော် အခြေခံမူကိုပင် အမျိုးသမီးများအခွင့်အရေးနှင့် ပက်သက်ပြီး ပြင်စရာတွေ အများကြီး ရှိနေသေးသည်ဟု ပြောသည်။

ရေကြီးနစ်မြုမှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစောတလျင်ပေးရန် FAO နှင့် WFO တို့ပြော


ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးမှုများကြောင့် လယ်မြေဟက်တာ ငါးသိန်း (ဧက ၁၂သိန်းကျော်) ပျက်စီးခဲ့ရပြီး ဆိတ်၊ နွား၊ ဝက်ကောင်ရေ နှစ်သိန်းခွဲ သေဆုံးခဲ့ခြင်းကြောင့် လယ်သမားတို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က အောက်တိုဘာ ၂၀ ရက်က ပူးတွဲ ထုတ်ပြန်ကြေညာသည်။

“ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး ပစ္စည်း ကိရိယာများ ကူညီကြရန်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

UEFA ၏ နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်မှာ ၀င်ငွေကဏ္ဍအားလုံးကို လွှမ်းမိုးထား


ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းအရ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ၀င်ငွေကဏ္ဍအားလုံးတွင် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအနေဖြင့် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သော်လည်း အသင်းတစ်သင်းချင်းစီအလိုက် ကဏ္ဍတွင်မူ ရီးယဲလ်အသင်းက အချမ်းသာဆုံးအသင်း၊ ကွင်းဝင်ကြေးအများဆုံး ရရှိသည့်အသင်း၊ ကစားသမားတန်ဖိုးအကြီးဆုံးအသင်း၊ လစာငွေပေးချေရမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေမှာ ပေါင် ၃ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး အချမ်းသာဆုံးထိပ်သီးအသင်း ၃၀ တွင် ပရီးမီးယားလိဂ်မှ ၁၂ သင်းအထိပါဝင်ခဲ့သည်။
၂၀၀၉ ခုနှစ်က တစ်နှစ်လျှင်ဝင်ငွေ ယူရိုသန်း ၁၀၀ ကျော်ရရှိသည့်အသင်း ၂၄ သင်းသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄၅ သင်းအထိ ရှိလာပြီ ဖြစ်သည်။ အချမ်းသာဆုံးထိပ်သီးအသင်း ငါးသင်းမှာ ရီးယဲလ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ဖြစ်ပြီး ထပ်သီး ၁၀ သင်းတွင် ပရီးမီးယားလိဂ်က ငါးသင်း ပါဝင်ခဲ့သည်။ပရီးမီးယားလိဂ်အသင်း ၂၀ ၏ ၀င်ငွေစုစုပေါင်းမှာ အခြားဥရောပလိဂ်ငယ်လေး ၄၈ လိဂ်၏ ၀င်ငွေစုစုပေါင်းထက် ပိုမိုများပြားလျက်ရှိသည်။

ပိုလန်ဝန်ကြီးချုပ် အီဝါကိုပက်ဇ်

မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိပိုလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သည်။ ယင်းမတိုင်မီ ပါလီမန် ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါရာထူးကို ရ ရှိသော ပထမဆုံးအမျိုးသမီးဖြစ် သည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သည်။အီဝါကိုပက်ဇ်ကို ၁၉၅၆ တွင် စကာရစ်ဇူးဒေသ၌ မွေးဖွားခဲ့ သည်။ ဖခင်မှာ စက်ပြင်ဆရာတစ် ဦးဖြစ်ပြီး မိခင်မှာ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ရာဒွန်မြို့တွင် ကြီး ပြင်းခဲ့ပြီး အထက်တန်းအောင် မြင်ခဲ့သည်။အီဝါကိုပက်ဇ်သည် ၁၉၈၁ လူဘလင် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ မိသား စုဆေးပညာရှင်ကလေးအထူးကု ဘာသာရပ်များ အထူးပြု၍ ထပ်မံလေ့လာခဲ့သည်။ ကျေးလက်ဆေး ခန်းများမှ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒေသခံဆေးရုံအကြီး အကဲဖြစ်လာခဲ့သည်။မစ္စစ် အီဝါကိုပက်ဇ်သည် ၁၉၈၀ ပြည့်နှစ်က ညီညွတ်သော ပြည်သူ့ပါတီသို့ ၀င်ရောက်ခဲ့ သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ တွင်မူ လွတ်လပ်ရေးသမဂ္ဂပါတီ သို့ ၀င်ရောက်ခဲ့ပြီး ရာဒွန်ခရိုင် ပါတီအကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ဒေသဆိုင်ရာရွေးကောက် ပွဲတွင် ဒေသဆိုင်ရာကောင်စီလူ ကြီး တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

ကာဗွန်များ ပျော်ဝင်နေသည့် ပင်လယ်သမုဒ္ဒရာများ


လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း လူတို့၏ ပယောဂကြောင့် ထွက်ရှိလာသော ကာဗွန်မက်ထရစ်တန်ဘီလီယံ ၁၅၀ ကို ကမ္ဘာ ပေါ်ရှိ ပင်လယ်သမုဒ္ဒရာများက စုပ်ယူထားသည်။ လက်ရှိတွင် လူတစ်ဦး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှု မှာ သီတင်းတစ်ပတ်လျှင် ၁၅ ပေါင်ရှိပြီး ယင်းမှာ နှစ်စဉ်အီကွေတာ ကို ၁၃ ပတ်ပတ်နိုင်အောင် ရှည် လျားသော ကျောက်မီးသွေးသုံး ရထားကို စွမ်းအင်ဖြည့်ပေးရန် လုံလောက်ပါသည်။ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းရေ ပြင်များက စိတ်အနှောင့်အယှက်ဖြစ်ရာ ဇာတ်လမ်းကို စတင်ပြော ကြားနေကြသည်။ ပင်လယ်သမုဒ္ဒ ရာများသည် ရေမြှုပ်တစ်ခုကဲ့သို့ ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို တစ်နေ့တ ခြားပိုမိုစုပ်ယူနေပါသည်။ ကာဗွန် ဒိုင်အောက်ဆိုက်များကို စုပ်ယူ လွန်းအားကြီး၍ ပင်လယ်သမုဒ္ဒရာ နှင့် ကမ်းရိုးတန်းရေပြင်များ၏ ဓာ တုဗေဒမျှခြေညီမျှနေမှုများ ပြောင်းလဲနေပြီး ရေနေသဘာဝဂေဟ စနစ်များကို တိုး၍ ခြိမ်းခြောက်နေ သည်။

ပုပ်ရဟန်းမင်းကြီး ဦးနှောက်တွင် အကြိတ်ရှိနေသည်ဆိုသော သတင်းကို ဗာတီကန် ငြင်းဆို

ပုပ်ရဟန်းမင်းကြီး အနေဖြင့် ဦးနှောက်အတွင်း အကြိတ်ရှိနေသည့် ရောဂါဝေဒနာ ခံစားနေရကြောင်း သတင်းများကို ဗာတီကန် နန်းတော်က ငြင်းဆန်သွားခဲ့သည်။ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်နိုင်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဦးနှောက်ထဲတွင် အကြိတ်ရှိနေကြောင်း ဆေးစစ် တွေ့ရှိခဲ့သည်ဟု အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။ပုပ်ရဟန်းမင်းကြီး အခြေချ သီတင်းသုံးရာ ဗာတီကန် နန်းတော်က အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။“ပုပ်ရဟန်းမင်းကြီး အနေနဲ့ လုပ်ငန်းတာဝန် မှန်သမျှကို တတ်အားသ၍ စူးစိုက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအမြစ်မရှိ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းစကားတွေဟာ ပုပ်ရဟန်းမင်းကြီးအတွက် အာရုံထား အရေးတယူပြုဖို့ မထိုက်တန်ပါဘူး”ဟု ဗာတီကန်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဖာသာ ဖက်ဒရေကို လွမ်ဘာဒီက ပြောကြားခဲ့သည်။

မူဆယ်မြို့၊ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆို


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန်အတွက် လာရောက်ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက် ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့် မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အနာဂတ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာအရ အနာဂတ်တွင် မြန်မာနိုင်ငံသား များအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိများ၊ စစ်သည်များနှင့် မနေ့ကတွေ့ဆုံရာတွင် ပြောဆိုကြောင်း စစ်တပ်ပိုင် မြ၀တီသတင်း တွင် ဖော်ပြသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။