Wednesday, October 7, 2015

သူ့နာမည်က Abdul လို့ခေါ်ပါတယ်


သူ့နာမည်က Abdul လို့ခေါ်ပါတယ်။ အသက်က ၃၅ နှစ်ပါ။ ဆီးရီးယား ပြည်တွင်းစစ် ကြောင့် လက်ဘနွန် နိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် တစ်ဦးပါ။ သူ့မှ ၉ နှစ်အရွယ်သား ရယ်၊ ၄ နှစ်အရွယ် သမီးတစ်ယောက် ရယ်ရှိပါတယ်။
မိန်းမကတော့ စစ်အတွင်းမှာ ဆုံးသွားပြီလို့ ယူဆရပါတယ်။ ဘေရွတ်မြို့ ဆင်းရဲသား ရပ်ကွက် ရဲ့ ကျိုးပဲ့နေတဲ့ လှေခါးပဲ ရှိတဲ့ တိုက်တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရှိတဲ့ အခန်းကျဉ်း ကျဉ်းလေး မှာ သူတို့ သားအဖ သုံးယောက်နေပါတယ်။ သူဟာ သူတောင်းစား တစ်ယောက် မဟုတ်ပါဘူး။

ငါးနှစ်အတွင်း ဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်းပြောင်းလဲ နိုင်ရေး အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု သမ္မတဆို

လာမည့် ငါးနှစ်အတွင်း မြို့နယ်များတွင် အစိုးရ က တိုက်ရိုက်ခန့်အပ်လေ့ရှိသောဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်ရမည့် ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲနိုင်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
အောက်တိုဘာလ ၆ ရက် နိုင်ငံတော်သမ္မတ၏ လစဉ် ရေဒီယို မိန့်ခွန်းတွင် ၎င်းကယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အသုံးပြုနေသော မြို့နယ်၊မြို့ပြ အုပ်ချုပ်ရေးများတွင် အစိုးရ အုပ်ချုပ်ရေး စနစ်မှ ပြည်သူများက ရွေး ချယ် ပေးသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်ကောင်စီ (Township Council)၊ မြို့တော်ကောင်စီ(City Council) များအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေးကို စိန်ခေါ်လိုက်ခြင်းလော


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) တွင် အောက်တိုဘာလ ၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့တို့ဖြစ်ပါတယ်။

နေပြည်တော် ကောင်စီ နယ်မြေတွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်ကို အဓမ္မ ပြုကျင့်သူ လေးဦးအနက် နှစ်ဦးကို ဖမ်းမိ

နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်အား အဓမ္မပြုကျင့်ခဲ့သူ လေးဦး အနက်မှ နှစ်ဦးအား ဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ လေးဦးအနက် ကျော်မောင်နှင့် အောင်ပိုင် ဆိုသူတို့ကို အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်တွင် ဖမ်းမိ ခဲ့ခြင်း ဖြစ်ပြီး ည ၇ နာရီခန့်တွင် ပြစ်မှု ကျူးလွန်ခဲ့ပုံအား သရုပ်ပြ စေခဲ့ကြောင်း သိရ သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်းတိုင်းဖြစ်လာနိုင်၍ မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာနိုင်

ဘင်္ဂလားပင်လယ်အော် အတွင်း လေထုမတည်မငြိမ် ဖြစ် နေမှု အားကောင်းလာကာ မုန် တိုင်းအဆင့်ဖြစ်လာနိုင်ပြီး မြန်မာ နိုင်ငံဒေသအများစုတွင် မိုးဆက် လက်ရွာနေနိုင်သည်ဟု ဒေါက် တာထွန်းလွင်က သတိပေးထား သည်။
အနောက်တောင် မုတ်သုံ လေ မြန်မာနိုင်ငံမှ အပြီးသတ် ဆုတ်ခွာသွားပြီးနောက် မြန်မာ နိုင်ငံဒေသအများစုတွင် လေထု မတည်မငြိမ်ဖြစ်ကာ နေရာကွက် ၍ လေပြင်းကျခြင်းနှင့် မိုးရွာခြင်း များ ဖြစ်ပေါ်ခဲ့သည်။ အောက်တို ဘာ ၆ ရက် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် လေ ထု မတည်မငြိမ် ဖြစ်နေမှု အား ကောင်းလာကာ မုန်တိုင်းအဆင့် ဖြစ်လာနိုင်ခြေ ၁၂ ရာခိုင်နှုန်းအ ထိ ရှိနေသည်ဟု ဒေါက်တာထွန်း လွင်က ပြောသည်။

တောင်ငူတွင် စတုတ္ထတန်း ကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အမျိုးသား တစ်ဦးက (၉) နှစ်အရွယ် စတုတ္တ တန်းကျောင်းသူတစ်ဦးကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။
နေအိမ်တွင် ကလေးငယ် တစ်ဦးတည်းရှိနေစဉ် အိမ်ရှေ့ ရေနုတ်မြောင်းအနီးရှိ သစ်ပင် အောက်သို့ခေါ်ဆောင်ပြီး အဓမ္မ ပြုကျင့်ခဲ့ကြောင်း မြို့သစ်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

လူသတ်၊ လုယက်၊ မုဒိမ်းမှုများ လှိုင်သာယာတွင် အများဆုံးဖြစ်ပွားနေဆဲဟုဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းအမှုကြီးနှင့်အခြားအမှု များဖြစ်ပွားမှုသည် လှိုင်သာယာ မြို့နယ်တွင် အများဆုံးဖြစ်ပွားနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယခုနှစ်စက်တင်ဘာ ၃၀ ရက်အထိ လူသတ်မှု ၁၃၂ မှု၊ လုယက်မှု ၄၆ မှုနှင့်မုဒိမ်းမှု ၉၂ မှုဖြစ်ပွားခဲ့ပြီး လှိုင်သာယာ၊တိုက် ကြီး၊ အင်းစိန်၊ လှည်းကူး၊ ဒဂုံ တောင်စသော ငါးမြို့နယ်တွင် လူသတ်မှု ၄၇ မှု၊ လုယက်မှု ၁၆မှုနှင့် မုဒိမ်းမှု ၄၂ မှုအထိဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးကပြောသည်။