Monday, September 15, 2014

မြန်မာ့ဆက်သွယ်ရေး ပရိုမိုးရှင်းလုပ်၊ ဆင်းကတ် ၉ သိန်းဖြန့်

http://burmese.dvb.no/wp-content/uploads/2014/09/MPT.jpg
ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ဆင်းကတ်ဖြန့်ချိစဉ်
 
ဂျပန် KDDI ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ လိုဂို အမှတ်တံဆိပ်ပြောင်းတာ၊ ပရိုမိုးရှင်းပေးတာအပြင် ၁ လ အတွင်း ဒုတိယ အကြိမ်မြောက် ဆင်းကတ် ၂ သိန်းခွဲ ထပ်ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာ့ ဆက်သွယ်ရေး ဟာ ဂျပန် ကုမ္ပဏီနဲ့ ပူးပေါင်း မိတ်ဆက် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးနောက် ဒီ အစီအစဉ်တွေ စတင်ခဲ့တာပါ။

အမေရိကန်နိုင်ငံသား မက်သရူးမေလာကို မြောက်ကိုရီးယားက ထောင်ဒဏ် ၆ နှစ်ချမှတ်

Photo: အမေရိကန်နိုင်ငံသား မက်သရူးမေလာကို မြောက်ကိုရီးယားက ထောင်ဒဏ် ၆ နှစ်ချမှတ်
Monday, September 15, 2014

မြောက်ကိုရီးယားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာအား ဆုတ်ဖြဲခဲ့ပြီး ခိုလှုံခွင့် တောင်း ခံခဲ့သည့် အမေရိကန်နိုင်ငံသား မက်သရူးမေလာ အား မြောက်ကိုရီး ယား တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်နှင့် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

မက်သရူးမေလာသည် ဧပြီလအတွင်းက ကမ္ဘာလှည့်ခရီးသည်တစ်ဦးအဖြစ် မြောက်ကိုရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

မေလာနှင့် အခြား ဖမ်းဆီးထားသူ အမေရိကန်နိုင်ငံသားနှစ်ဦးကို မြောက်ကိုရီးယားအစိုးရက နှစ်နိုင်ငံ ဆက်ဆံရေးတွင် နယ်ရုပ်များအဖြစ် အသုံးချနေကြောင်း အမေရိကန်က ပြောကြားထားသည်။

မေလာအား စွဲဆိုခဲ့သည့် အမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားအာဏာပိုင် များက အတိအကျမ ထုတ်ပြန်ခဲ့သော်လည်း ၎င်းအနေဖြင့် ဗီဇာအား ဆုတ်ဖြဲခြင်းနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်းတို့ ပြု လုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးသို့ တင်ပြချက်များတွင် မေလာက ၀ီကီလိခ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားမှု တွင် မိမိအနေဖြင့် ပါဝင်ပတ်သက်နေသောကြောင့် အမေရိကန်နိုင်ငံမှ ထွက်ပြေး လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Mizzima - News in Burmese
မြောက်ကိုရီးယားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာအား ဆုတ်ဖြဲခဲ့ပြီး ခိုလှုံခွင့် တောင်း ခံခဲ့သည့် အမေရိကန်နိုင်ငံသား မက်သရူးမေလာ အား မြောက်ကိုရီး ယား တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်နှင့် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

မက်သရူးမေလာသည် ဧပြီလအတွင်းက ကမ္ဘာလှည့်ခရီးသည်တစ်ဦးအဖြစ် မြောက်ကိုရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်နှင့် လူကြမ်းမင်းသား အရိုက်ခံရ

သာစည်မြို့နယ်၊ ယင်မာပင် ရဲစခန်းအပိုင် ယင်းမာပင် ကျေးရွာတွင် စက်တင်ဘာလ (၁၃) ရက်နေ့က ယင်းမာပင် ကျေးရွာ၊ မြို့မ ရပ်ကွက်ရှိ ဦးအောင်သန်း၏ နေအိမ်တွင် တည်းခိုပြီး၊ ဓားသင်္ချိုင်း အမည်ရှိ ရုပ်ရှင်ဇာတ်ကား ရိုက်နေသော ရုပ်ရှင် သရုပ်ဆောင် ရဲမင်း (ခ) ရဲမင်းထက် (၂၃) နှစ်နှင့် ပျော်ဘွယ်မြို့မှ လူလေးဦး တို့အား သရုပ်ဆောင်ခ တောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာ အဆိုပါ လူများ နှင့်ပါလာသော ကျော်လင်းအောင် မှ ရဲမင်းအား ဓားဦးချွန်ဖြင့် ထိုးနှက်ခဲ့ရာ နှုတ်ခမ်းအပေါ်

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုအတွက် စုစုပေါင်း ငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီဟုဆို

ဓမ္မစေတီခေါင်းလောင်းတူးဖော်မှု အတွက် စုစုပေါင်းငွေကျပ်သိန်းခုနစ်ရာခန့် ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ဦးစံလင်းက နတ်စင် တစ်ရာဆရာတော်ထံ ဆက်သွယ်ပြော ကြားခဲ့ကြောင်း သိရသည်။
''ခေါင်းလောင်းတူးဖော်ဖို့ သိန်း ၁၅ဝဝရှိတဲ့အနက် ကျပ်သိန်း ခုနစ်ရာ ကုန်ကျပြီးဖြစ်တဲ့အကြောင်းကို ဦးစံလင်းက ဘဘုန်းဆီကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဘဘုန်းကလဲ ဦးစံလင်းကို ပြည်သူ တွေကို မလိမ်ဖို့ရယ် အဖြစ်မှန်အတိုင်း အားလုံးပြောပြဖို့ပြောလိုက်ပါတယ်''ဟု နတ်စင်တစ်ရာဆရာတော်က မိန့်သည်။

မန်ယူသို့ ပြန်လာလျှင် စီရိုနယ်ဒိုတစ်ပတ်လစာ ပေါင် ငါးသိန်းတောင်းဖွယ်

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ယခုရာသီအကုန်တွင် ရီးရဲလ်မှ ထွက်ခွာဖွယ်ရှိနေပြီး
၎င်းကို မန်ယူအသင်းအနေဖြင့်ပြန်လည်ခေါ်ယူလိုပါက တစ်ပတ်လုပ်ခလစာ ပေါင်
ငါးသိန်းအထိ တောင်းဆိုဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

လျှပ်စစ်မီးကြိုး ပေါက်နေသည့် နေရာအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး

၁၄.၉.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုအောင်ဝင်းမြင့်၊ (၂၆)နှစ်ဖြစ်ပြီး ယာလက်ညှိုးတွင် အပူလောင်ပေါက်ပြဲ ဒဏ်ရာရရှိ ထားသည်ကို တွေ့ရှိရ ပါသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုမှုများ ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် လာသည်ဟုဆို


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည့်နောက်ပိုင်း ဖုန်းခေါ်ဆိုမှုများသည် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်ကောင်းမွန် လာခဲ့သည်ဟု သိရသည်။
ဖုန်းခေါ်ဆိုမှု အများဆုံးအချိန်ဖြစ်သည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ယခင်က အသံကြည်လင်မှုနှင့် ဖုန်းလိုင်းကျပ်တည်းမှု များဖြစ်ပွားခဲ့သော်လည်း အဆိုပါ အခက်အခဲများကို ၂၀ ရာခိုင်နှုန်း တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်သည်။
ထို့အပြင် 3G အင်တာနက်စနစ် မလုံလောက်မှုကိုလည်း ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ

ယောင်္ကျားမျိုးပွားဥ လှူသည့် ဆေးခန်းတွင် ၂ နာရီကြာသဖြင့် သေရသူ

တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ မှုခင်းကို ယခု ရုံးတင်မှ ပြည်သူအများ သိရှိလာရခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အမျိုးသား မျိုပွား ဆဲလ်အရည် လှူဒါန်းတဲ့ တက္ကသိုလ်ဆေးခန်းမှာ လှူဖို့ ကြိုးစားရင် သေဆုံးသွား တဲ့ ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

တရုတ်ပြည်အရှေ့ပိုင်းက Wuhan မြို့က Wuhan တက္ကသိုလ်မှ အသက် ၂၃ နှစ်

သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် ဘိန်းစိမ်း (၆၇၅) သိန်းဖိုးမိ

နေပြည်တော် မူးယစ်တပ်ဖွဲစု၊ (၁၀၄) မှ ဒုရဲမှူး စောဖိုးအောင် ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာလ (၁၃) ရက်နေ့က သာစည် မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် တောင်ကြီးမှ မိတ်္ထီလာသို့ မောင်းနှင်လာသော (၆က/၈၁၀၇) ရွှေခြင်္သေ့ ခရီးသည် တင်ကားအား အသိသက်သေ များဖြင့် ရပ်တန့် ရှာဖွေရာ မှန်လုံယာဉ် အတွင်း ထိုင်ခုံ အမှတ် (၁၁) မှ စီးလာသူ ပင်လောင်း မြို့နယ်၊ ဆင်တောင် အုပ်စု၊ မိုးဦးရွာနေ ဒေါ်ခင်ခင်မူ (၅၀) နှစ်၏ ဆာလာအိတ် သုံးအိတ်အတွင်းမှ ဆနွမ်းတက်များဖြင့် ရောနှောလျှက် တိပ်အ၀ါရောင်ဖြင့် ပတ်ထားသည့် တစ်ထုတ်လျှင် အလေးချိန် (၁.၅) ကီလိုဂရမ်စီပါ ဘိန်းစိမ်းထုတ် (၃၀)ထုပ် စုစုပေါင်း အလေးချိန် (၄၅) ကီလိုဂရမ်၊ တန်ကြေးငွေ ကျပ် (၆၇၅၀၀၀၀၀) ဖိုးနှင့် လက်ကိုင်ဖုန်း တစ်လုံး၊ ငွေ (၉၀၀၀၀) ကျပ်ကို ရှာဖွေ ဖမ်းဆီးရမိခဲ့သည်။

RCSS/SSA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် PNO အဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပွန်တိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စဲဖူးကျေးရွာ ကြားနယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော PNO အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/SSA ထောင် ထားသောမိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်

Photo: မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

“အကယ်ဒမီအတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှုကလည်း ပြီးသလောက် ဖြစ်နေပါပြီ။ နောက်လထဲမှာ အကယ်ဒမီစင်မြင့် ဆောက်ဖို့၊ အကယ်ဒမီဗန်းကိုင် ရွေးဖို့ကိစ္စတွေ စလုပ်တော့မယ်။  ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွေးလိုက်တာကလည်း ဒီရက်လေးက စနေနေ့လည်း ဖြစ်တယ်။ နေ့ကောင်းရက်သာလည်း ကျတဲ့အတွက် ရွေးလိုက်တာပါ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ၂၀၁၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှ စုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင်ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကာ ခြောက်ကားကို နောက်ဆုံးဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ်လိုက်ကြောင်းကို ကြိုတင် ကြေညာခဲ့ခြင်းခဲ့အပေါ်  ရုပ်ရှင်လောကသား အချို့က ဝေဖန်ခဲ့ကြသည်။

“ကျွန်တော် ကိုယ်တိုင်လည်း ဆန်ကာတင် ဇာတ်ကား အမည်တွေကို ကြိုတင်ကြေငြာတာနဲ့ ပတ်သက်ပြီး သဘောသိပ်မကျပါဘူး။ မြန်မာရုပ်ရှင်ဇာတ်ကားက တစ်နှစ်ကို ဆယ်ကားကျော်လောက်ပဲ ထွက်တော့တာဗျာ။ ဒီထဲကနေမှ ခြောက်ကားကို ဆန်ခါတင် ရွေးလိုက်ကြောင်း ကြေညာလိုက်တော့ ဒီဇာတ်ကားတွေကို ကြည့်ပြီးတဲ့ ပရိသတ်တွေတောင် ဆုရမယ့်သူကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်မှာပဲ။ ဒါဆို အကယ်ဒမီပေးပွဲ အပေါ် ပရိသတ် စိတ်ပါဝင်စားမှုက လျော့သွားမှာပဲလေ” ဟု  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးဆန်ခါတင် ဇာတ်ကားများကို  ကြိုတင် ကြေညာခဲ့ခြင်းအပေါ် ဒါရိုက်တာဦးနှင်းမိုးက ဝေဖန်ထောက်ပြသည်။ 

“အကယ်ဒမီ ဆိုတာကတော့ မလိုချင်တဲ့ အနုပညာရှင် မရှိပါဘူး။ အနုပညာလောကမှာ အစ်မက ကျန်တဲ့အရာတွေနဲ့ ပတ်သက်ပြီး သိပ်ပြီး ရုန်းကန်ရတာမျိုး မရှိဘူး။ ဒါပေမဲ့ အကယ်ဒမီနဲ့ ပတ်သက်ရင်တော့ အစ်မက အမြဲတမ်း ကံဆိုးပါတယ်။ အဲဒီအတွက် သိပ်ပြီး မမျှော်လင့်ရဲပါဘူး။ အစ်မနဲ့ စုန်းပြူး ဇာတ်ကားမှာ အတူတွဲပြီး သရုပ်ဆောင်ရတဲ့ မသိင်္ဂီထွန်းတို့ ဆိုလည်း ကောင်းတာပဲလေ” ဟု  စုန်းပြူး ရုပ်ရှင်ဇာတ်ကားနှင့် အမျိုးသမီးဇာတ်ပို့ဆု ရရန် ရေပန်းစားနေသည့် သရုပ်ဆောင် ခိုင်သင်းကြည်က ပြောကြားသည်။
ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။

ကျောက်ဆည်ဇင်းနစ်ဓါတ်အားခွဲစက်ရုံ မိုးကြိုးပစ်ခံရ၍ ရန်ကုန်တမြို့လုံး မီးပျက်

ကျောက်ဆည်မြို့ရှိ ဇင်းနစ်ဓါတ်အားခွဲစက်ရုံအား ယနေ့ နံနက်ပိုင်းတွင် မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့သို့ ဓါတ်အားပေးလွှတ်မှုကို ဖြတ်တောက်ထားရကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က ပြောသည်။

ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ ၄၀ ခန့်ရန်ပြု၍ သေနတ်ပစ်လူစုခွဲဟုဆို

စစ်တွေမြို့နယ်မှန်စီ ချောင်းဝ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ လှည့်ကင်းဆောင်ရွက်နေ စဉ်  ဘင်္ဂါလီလူမျိုး ၄၀ ခန့်က တုတ်၊ ဓားများဖြင့် ရန်ပြုရန်ကြိုးစားခဲ့သဖြင့် အဓိကရုဏ်းနှိမ်နှင်းရေး စနစ်ဖြင့် သေနတ် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၁ ရက် ည ၉ နာရီခန့်က မှန်စီရဲကင်းမှတပ်ဖွဲ့ဝင်များ  ပင်လယ်ကမ်းခြေတစ် လျှောက်  လှည့်ကင်းဆောင်ရွက်နေစဉ်  စက်လှေအကြီးတစ်စီးကမ်းခြေသို့  ချဉ်းကပ်နေသဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာမှ ကမ်းခြေသောင်ပြင်ပေါ်ရှိ လူ ၄၀ ခန့်က လက်နက်များဖြင့် ဝိုင်းဝန်း ရန်ပြုရန် ကြိုးစားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

စတုတ္ထတန်းကို ခရိုင်စစ်၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် ယခုနှစ် စပြောင်းမည်

ပညာရေး ဝန်ကြီးဌာနက စတုတ္ထတန်းကို ခရိုင်စစ်အဖြစ် လည်းကောင်း၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် လည်းကောင်း အတန်းတင်စာမေးပွဲ စစ်ဆေးမှုစနစ်များ ယခုနှစ်မှ စတင်ပြောင်းလဲမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းဇော်က The Voice သို့ ပြောကြားသည်။

မေးခွန်းပုံစံစနစ် ပြောင်းလဲရေးကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနက ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ အမှတ် (၃) အခြေခံပညာဦးစီးဌာနက စာမေးပွဲစနစ် အပြောင်းအလဲအတွက် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်း သတင်းများနှင့် ပတ်သက်၍ တာဝန်မယူဟု ပြန်ကြားရေးတာဝန်ခံဆို

သတင်းမီဒီယာများတွင် ရေးသားဖော်ပြနေသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနှင့် ပတ်သက်သည့် သတင်းများအပေါ် မှန်ကန်တိကျမှု၊ ယုံကြည်စိတ်ချရမှုကို တာဝန်မယူနိုင်ကြောင်း ခေါင်းလောင်းရှာဖွေရေး အထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောဆိုလိုက်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ် တစ်နာရီက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အထောက်အကူပြု အဖွဲ့မှ ပြန်ကြားရေးတာဝန် ယူထားသူ ဦးကြည်ဝင်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သဘာဝအလှပိုင်ရှင်များ















မြန်မာနိုင်ငံမှာ ပြုလုပ်သွားခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့အလှကို ကမ္ဘာကသိအောင် အသီးသီး တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ညီမလေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။