Monday, July 9, 2012
ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သတင်း
စစ်တက္ကသိုလ်  အမှတ်စဉ် (၁) ဆင်း  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည်   ကျန်းမာရေး ချို့ယွင်းသဖြင့် ဆေးကုသ ခံယူလျှက် ရှိကြောင်း သိရသည်။ တပ်မတော် အတွင်း ဒုချုပ်ဟု ကျော်ကြားလှသော ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည် စစ်သား ပီသသော ၊  ပြတ်သား တိကျသော စစိသားတစ်ယောက် အဖြစ်  တပ်မတော်သား များ အတွင်း နံမည် ကြီးပါသည်။ DSA အမှတ်စဉ် (၁)  ကျောင်းဆင်းများ ထဲတွင်  အမေရိကန် တွင် ပညာ သင်ကြားခဲ့ကြသော ဦးသောင်း (  သိပ္ပံနှင့် နည်းပညာ ၀န်ကြီး (ငြိမ်း)) နှင့် ပြင်ဦးလွင် ရှိ နံမည် ကျော်ကြားလှသည့် စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် တို့ သည်လည်း  နံမည် ကောင်းဖြင့် ထင်ရှားကြသည်။ DSA ဗိုလ်လောင်းဘ၀ က မြစ်ကူး စစ်ဆင်ရေး လေ့ကျင့်ရင်း  ကြွက်တက်သောကြောင့် ရေနစ်သေဆုံးနီးကာနီးတွင်  မိမိ အသက်ကို  ဗိုလ်လောင်း မောင်အေးက ကယ်တင်ဖူးကြောင်း စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် က   ၄င်းရေးသားထဲသော ကိုယ်ရေး အထ္ထုပတ္တိ စာအုပ်တွင် ရေးသား ဖူးသည်။
ဝန်ကြီး ဌာနများ ပြောင်းလဲမည် ဟု သတင်းများ ထွက်ပေါ် ၊
သမ္မတ ဦးသိန်းစိန်၏ Clean  Government နှင့် Good  Governance  လမ်းစဉ်အရ
တိုတိုထွာထွာ FaceBook မှာ (၁)
နိုင်ငံရေးနဲ့ အရပ်ဖက်လူ့ အဖွဲ့ အစည်းအထောက်အကူပြု ဆော့ဖ်ဝဲလ် မိတ်ဆက်
ဤဆော့ဝဲလ်မှာ မူဝါဒရေးဆွဲသူများ နိုင်ငံရေး(၀ါ)ပြသနာများကို ခွဲခြမ်းစိတ်ဖြာသူများ မဟာဗျူဟာချမှတ်သူများအတွက်အရေးပါသော
ဆော့ဝဲလ်ဖြစ်ပါသည်။
      ဤဆော့ဝဲလ်ကို အင်တာနက်ချိတ်ဆက်ထားပြီး Install လုပ်ရမည်ဖြစ်ပြီး မိမိကွန်ပျူတာတွင် Install လုပ်ပြီးပါက အင်တာနက်မလို
တော့ပါ။ထို ဆော့ဖ်ဝဲလ်တွင် အမေရိကန် နိုင်ငံရဲ့ ကလင်တန် ကျန်းမာရေး အစီအစဉ် ဥပမာတခုပါဝင်ပြီး ဆော့ဖ်ဝဲလ်အသုံးပြုသူများမှာ
ဥပမာ ထိုထဲတွင်ပါဝင်သည့် အတိုက်အခံပါတီအစား ပြသနာတခုကို ဖြေရှင်းရာတွင် အဟန့် အတားပြုမည့် အရာများစသည်ဖြင့် မိမိအသုံးပြုလိုသည့် အရာများအား စိတ်ကြိုက် ဖြည့် သွင်းပြောင်း
လဲအသုံးပြုနိုင်ပါသည်။
    ဤ ဆော့ဖ်ဝဲလ်ကို အသုံးပြုရန် အကြံပေးရခြင်းမှာ မူဝါဒများ ခွဲခြမ်းစိတ်ဖြာခြင်းများ မဟာဗျူဟာချမှတ်ခြင်းများတွင် အချိန်ကုန်သက်သာ
စေပြီး ပိုမိုတိကျသေချာစေရန်အတွက်ရည်ရွယ်ပြီး ယခုမြန်မာပြည်တွင်ဖြစ်ပေါ်လာသည့် နိုင်ငံရေးဆိုင်ရာပြောင်းလဲမှုများတွင် လွှတ်တော်
တွင်းသာမက လွှတ်တော်ပြင်ပနိုင်ငံရေး ၀ါအရပ်ဖက်လူ့ အဖွဲ့ အစည်း များအတွက် များစွာအထောက်အကူပြုသောကြောင့်ဖြစ်ပါသည်။
    တတ်နိုင်သလောက်ဖြန့် ဝေပေးပါ။
ဆော့ဖ်ဝဲလ်ဒေါင်းလုပ်လင့် http://polimap.books.officelive.com/Documents/PolicyMaker4_331_4.zip
 ဆော့ဖ်ဝဲလ်အင်စတော့ လုပ်ပုံကို အသေးစိတ်သိလိုလျှင်
ဤလင့်တွင်  http://polimap.books.officelive.com/download.aspx
ဤစာအုပ်က မြန်မာလိုပါ
 http://www.mediafire.com/?ag229z1yd3cyb2xအဲ့ဒီစာအုပ်ကလေးမှာ ပြသနာဖြေရှင်းနည်းတွေနဲ့ အသင်းအဖွဲ့ အတွက်အထောက်အကူပြုမည့် နည်းလမ်းတွေပါပါတယ် အဲ့စာအုပ်ကလေးကို သေချာစွာဖတ်ပြီး ဒီဆော့ဖ်ဝဲလ်လေးကို အသုံးချလိုက်မယ်ဆိုရင် အများကြီးတာသွားမှာပါ
မူရင်းလင့် 
၉.ရ.၂၀၁၂ ရက်နေ့ သတင်းများ
-ရခိုင် ပဋိပက္ခ လပတ်လည်ကျင်းပ  ( Click Here)
-အာဆီယံနှင့် လူ့ အခွင့်အရေးကော်မရှင် ဆွေးနွေး ( Click Here)
-ပုံနှိပ်ဥပဒေသစ် လွှတ်တော်တွင် တင်ပြ ဆွေးနွေးတော့မည် (Click Here)
-အာဆီယံ လူ့အခွင့်အရေးစာတမ်း နိုင်ငံတကာ စံချိန်မှီဖို့ HRW တိုက်တွန်း(Click Here)
-7 July အဖမ်းခံရသူတွေ ပြန်လွတ်(Click Here)
-မမှန်သတင်းပေးမှု့ဖြင့် တရားစွဲခံနေရသည့် ဦးဥာဏ်ဝင်းအမှု ဒုတိယနေ့ အဖြစ် ကြားနာ ( Click Here
-အငြိမ်းစားသံအမတ်ကြီး၊ စာရေးဆရာ၊ ဦးသက်ထွန်း (၈၆နှစ်) ကွယ်လွန် (Hot News Journal) ( Click Here)
-သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ ( Click Here)
-ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည် (click Here)
-နေတိုး အလွန် အာဖဂန်အတွက် ၁၆ ဘီလျံ အကူအညီ ( Click Here)
-အာဖဂန်ကို နိုင်ငံတကာက ဆက်ကူညီသွားမယ် ( Click Here)
-တာလီဘန် တိုက်ခိုက်မှု့ ၁၉ ဦးသေ( Click Here)