Saturday, September 20, 2014

ကလေးမြိွုှ့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဖြေလွှာပျောက်ဆုံးခြင်းကြောင့် စာမေးပွဲပြန်ဖြေခိုင်းမှုအပေါ် ကျောင်းသားကျောင်းသူများက သဘောထားကြေညာချက်ထုတ်ပြန်

ကလေွးှ့ နည်းပညာတက္ကသိုလ် ကျောင်း သားကျောင်းသူများ၏ စာမေးပွဲ အဖြေလွှာအချို့ ပျောက်ဆုံးဖျက် ဆီးခံခဲ့ရကြောင်း သိရသည်။ သေတ္တာ များနှင့် အဖြေလွှာများကို တက္ကသိုလ် အနီး ချောင်းဘေး၌ ရေစို ပျက်စီး၍ ပြန်တွေ့ရသည်။

အဆိုပါစာမေးပွဲအဖြေလွှာများ ပျောက်ဆုံးပျက်စီးမှုကြောင့် ကလေး တက္ကသိုလ် နည်းပညာကျောင်းသား ကျောင်းသူများ အနေဖြင့် ပြန်လည် ဖြေဆိုရန် ဘာသာရပ် စာရင်းအား တက္ကသိုလ်ကျောင်းအုပ်ကြီးမှ ချက် ချင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်မှုအ ပေါ် ကျောင်းသားကျောင်းသူ များမှ နောက်နေ့တွင် ပြန်လည်ကာ သဘော ထားကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တရားရုံးတွင် သက်သေထွက်ဆိုနေသည့်အမျိုးသမီးကို ဓားဖြင့်ထိုးသည့် အမျိုးသားအားကျောက်ဆည်မြို့နယ်တရားရုံးက တရားရုံးမထီမဲ့မြင်ပုဒ်မဖြင့် ထပ်ဆင့်အမှုဖွင့်

ကျောက်ဆည်မြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေစဉ် သက်သေထွက် ဆိုနေသည့် အမျိုးသမီးအားဓားဖြင့် ထိုးသည့်အမျိုးသားကို ကျောက်ဆည် မြို့နယ်တရားရုံးက တရားရုံးမထီမဲ့ မြင်ပုဒ်မဖြင့် ထပ်ဆင့် အမှု ဖွင့်ထား ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ် တရားရုံးတွင် စက် တင်ဘာ ၁၅ရက်နေ့တွင်

အထက်တန်းဘာသာသုံးရပ် မြန်မာသာသာဖြင့်သာ သင်တော့မည်

Education
ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံပညာ အထက်တန်းအဆင့်တွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားလျက်ရှိသည့် ဓာတုဗေဒ၊ ရူပ ဗေဒနှင့် သင်္ချာဘာသာရပ်များကို မြန်မာဘာသာသို့ ပြောင်းလဲ သင်ကြားတော့မည်ဟု ပညာရေးမြှင့်တင်မှု ကော်မတီ အကြံပေးအဖွဲ့ဝင် ဦးတင်လှိုင်က ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အထက (၃) မှ ကျောင်းတက်နေကြသည် ကျောင်းသား၊ ကျောင်းသူကလေး များအား တွေ့ရစဉ်။( ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လာမည့် ပညာသင်နှစ်တွင် ဆယ့်နှစ်တန်း ပညာရေးစနစ်အဖြစ် တိုးမြှင့်သင်ကြားတော့မည်ဖြစ်ရာ အခြေ ခံပညာ ဖွဲ့စည်းပုံပြောင်းလဲချက်အရ ဘာသာတွဲအချို့ကို မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားစေ ခြင်းဟု လည်း ဦးတင်လှိုင်က ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်

Photo: နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်
Saturday, September 20, 2014

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော နယ်စပ်လုံခြုံရေးတိုးမြှင့်ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်ချေမှုန်းရေး ခေတ်မီသေနတ်များထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။

‘‘နယ်စပ်လုံခြုံရေးက ပြည် သူပါပူးပေါင်းဖို့အရေးပါတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ခေတ် မီလက်နက်တွေတပ်ဆင်ပေး ထားတယ်။ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ဖို့အတွက်လည်း သင်တန်းတွေ လည်းပေးထားတယ်။ တပ်မတော်(ရေ)ကလည်း တာဝန်ယူထား တယ်။ လုံခြုံရေးကိုတော့ အရင် ထက်ပိုတိုးထားတယ်’’ဟု မောင် တောမြို့အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးလက် အောက်ရှိ ဒုတိယရဲမှူးကြီးအဆင့် ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များကို ကိုရီးယားနိုင်ငံထုတ် အကြမ်းဖက်ချေမှုန်းရေးသေ နတ်များဖြစ်သည့် 12 Bore Win- chester Slide Action Shot Gun များတပ်ဆင်ပေးထားပြီး MA-11 ဟုခေါ်သည့်တိုက်ပွဲများတွင်သုံး သည့် အဆင့်မီသေနတ်များလည်း ထုတ်ပေးထားကြောင်း သတင်း ရရှိသည်။ ခေတ်မီသေနတ်များ ထုတ်ပေးထားခြင်းမှာ နယ်စပ် ဒေသလုံခြုံရေးအတွက် အစိတ် အပိုင်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နယ် စပ်တစ်လျှောက်ကို ဒေသအုပ်စု (၄)စုသတ်မှတ်၍ ဒုတိယရဲမှူးကြီး အဆင့်ရှိသူများကဦးဆောင်၍ လုံ ခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် ခြံစည်းရိုးကာရံနိုင် ခြင်းမရှိသေးသောနေရာများတွင် ကင်းစခန်းများတည်ဆောက် ထားပြီး နယ်စပ်တစ်လျှောက် မြန်မာ့ရေပိုင်နက်အတွင်း တပ် မတော်ရေမှ စောင့်ကြည့်ရေး ရေယာဉ်တစ်စီးထားကာ လုံခြုံ ရေးအချိန်ပြည့်စောင့်နေကြောင်း နယ်မြေ (၄)မှ နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးကပြောသည်။

ယခုနှစ် မေလလယ်က မောင်တောနယ်စပ်လုံခြုံရေးရဲ ကင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်လေးဦးသေဆုံးခဲ့သည်။ နှစ်ဦး ဒဏ်ရာရပြီး ပစ်ခတ်မှုများဆက် လက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကိုင်သည့်သေ နတ်များမှာ ခေတ်မီမှုမရှိတော့ ကြောင်း ဝေဖန်ခဲ့ကြပြီး ဒုချီး ယားတန်းကျေးရွာတွင်ဖြစ်ပွားခဲ့ သည့်ရဲတပ်ကြပ်ကြီးတစ်ဦး သေ နတ်နှင့်အတူပျောက်ဆုံးသွားခဲ့ သည့်အမှုမှာလည်း ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက်များမရှိခြင်းနှင့် လေ့ကျင့်မှုအားနည်းခြင်းကြောင့် ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးကသုံးသပ်ထား သည်။

နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူသောရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ − မောင်ကံ)
7Day Daily
 မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော နယ်စပ်လုံခြုံရေးတိုးမြှင့် ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်ချေ မှုန်းရေး ခေတ်မီသေနတ် များ ထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် တက္ကသိုလ်ရှိ အိမ်သာပိုက် အတွင်း စွန့်ပစ်ခံထားရသည့် ကလေးငယ်ကို ကယ်ဆယ်

baby
မိလ္လာပိုက် အတွင်း တစ်ဆို့ ကျန်နေသည့် ကလေးငယ်။

တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုရှိ အိမ်သာပိုက် အတွင်းတွင် စွန့်ပစ်ခြင်း ခံထားရသော မွေးကင်းစ ကလေးငယ် တစ်ဦးကို ငိုသံကြား သောကြောင့် အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသည်။
ကနဦး ခန့်မှန်းမှုများ အရ တက္ကသိုလ် ကျောင်းသူတစ်ဦးက ကိုယ်ဝန် လွယ်ထားရသည်ကို ဖုံးဖိ ထားကာ ကလေးမီးဖွားချိန်တွင် အိမ်သာတွင်း သွားရောက် မွေး ဖွားပြီး စွန့်ပစ်ထား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွင် ရေးသားထားသည်။ အိမ်သာပိုက်အတွင်း တစ်ဆို့ ကျန်နေရစ်သည့် ကလေးငိုသံကြောင့် ကျောင်းသားများ သိရှိခဲ့ပြီး မီးသတ်ဝန်ထမ်းများ ခေါ်ကာ ကလေးကို ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

မြ၀တီမြို့တွင် မြို့လုံခြုံရေးယာဉ်အား ၀င်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်း အနောက်လမ်းမှ မောင်းတက်လာသော ယာဉ်တစ်စီးမှ လမ်းထိပ်တွင်ရပ်ထားသော မြို့လုံခြုံရေးယာဉ်အား ဝင်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ဘုရင့်နောင်လမ်းကြီး ညဈေးထိပ်တွင် ဆပ်(အနက်ရောင်) ကားတစ်စီးမှ ရပ်ထားသောကားများ တိုက်သွားကြောင်း ည ၁၁ နာရီခွဲအချိန် မြို့လုံခြုံရေးမှ သတင်းရလျှင်ရချင်း ဟန့်တားရန်လိုက်သွားစဉ် ကြံခင်းဘုန်းကြီးကျောင်းအနီး ကြံခင်းလမ်းမပေါ်သို့ မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရန်တားမြစ်ရာ တရကြမ်းဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးယာဉ်မှာ လမ်းဘေးယာဘက်သို့ ၁ဝ ပေခန့် လွင့်စဉ်သွားပြီး ယာဘက်ရှေ့ဘီး ပျက်စီးခဲ့သဖြင့် တိုက်ခိုက်လာသောယာဉ်အား လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ခဲ့၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၆ဦး ကြေကွဲဝမ်းနည်းမှုများကြောင့် တုန့်ပြန်စကားပြန်မပြောနိုင်

ခါကာဘိုရာဇီ တောင်ထိပ်ရောက်ပြီး ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ သွားရောက် ခဲ့သည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူ များ၏ မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ခါကာဘိုရာဇီ တောင်တက်ရန် အတူတကွသွားရောက်ခဲ့သည့် သူငယ်ချင်းနှစ်ဦး တောင်ထိပ်မှပြန်အဆင်း အဆက်အသွယ် ပြတ်တောက်ခဲ့မှုကြောင့် ပျောက်ဆုံးနေသည့် သူငယ်ချင်းနှစ်ဦး အတွက် ကြေကွဲ ဝမ်းနည်းခဲ့ရသည့်အခြေအနေများ၊ ပင်ပန်းနွမ်းနယ်မှုများကြောင့်  ပြန်လည်ရောက်ရှိ လာသည့် တောင်တက် သမား ၆ ဦးမှာ မီဒီယာများမေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမပြုနိုင်ခဲ့ပေ။

ခင်သဇင်

Beautiful Myanmar Model " Khin Thazin" in Modern Kachin Dress Fashion. You might like these beautiful photos

အိမ်မွေးခွေးကို မြိုသည့် ၁၇ပေ ရှည်သော မြွေကို ကျောင်းဆရာ တစ်ဦးက နပမ်းလုံး ဖမ်းဆီး

AnacondaWeb
ဖရန့်ဂီနီယာ၊ စက်တင်ဘာ ၁၈။ အနောက် အာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်း ဖြစ်သည့် ဖရန့် ဂီနီယာနိုင်ငံတွင် ကျောင်းဆရာ တစ်ဦးက သူငယ်ချင်း ဖြစ်သူ၏ အိမ်မွေး အချစ်တော်ခွေးကို ဝါးမြို ခဲ့သော ၁၇ ပေ ရှည်သည့် အန်နာကွန်ဒါ မြွေကြီး တစ်ကောင်ကို မြစ်အတွင်းမှ ဖမ်းဆီပြီး သူ့အိမ်ရှိ ရေချိုးခန်း အတွင်း သယ်ဆောင်လာ ခဲ့သည်။

ဆီဘတ်စတိန်း ဘာကော်လက်စ် ဆိုသူ အသက် ၃၉ နှစ်ရှိ သချာင်္ဆရာ တစ်ဦးက ရေ တိမ်သော မြစ် တစ်မြစ် အတွင်း ခွေးကို မြိုခဲ့သည့် အန်နာကွန်ဒါ မြွေကြီးကို တွေ့ရှိပြီးနောက် မြစ်အတွင်း ခုန်ဆင်းကာ

ဒီကေဘီအေအဖွဲ့နှင့် အရပ်သားတို့ ကားတိုက်မှု ဖြစ်ရာမှ အချင်းများပစ်ခတ်၊ တစ်ဦးသေဆုံး

Frontiers-DKBA
ရန်ကုန် (မဇ္ဈိမ)။ ။ မြဝတီမြို့အတွင်း စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးနှင့် အရပ်သားပိုင်ကားတို့ တိုက်မိရာမှ အချင်းများခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။

မြဝတီမြို့နယ် ဆုံစည်းမြိုင်တွင်ပြုလုပ်သည့် DKBA တပ်မတော်နှစ်ပတ်လည်နေ့အား ၂၀၁၃ ဒီဇင်လာ ၂၁ ရက်က လုံခြုံရေးယူထားသည့် DKBA တပ်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်သည်မှာ မှန်သော်လည်း ကောလာဟလများထွက်ပေါ်နေသည့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဟု DKBA အဖွဲ့ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုး မြင့်က ပြောသည်။

ဂီနီရာတွင် အီဘိုလာဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ဖွဲ့ကို ရွာသားများက သတ်ဖြတ်

ဂီနီရာ နိုင်ငံတွင် အီဘိုလာ ကူးစက်မှုကို လူအများ သတိပြုမိစေရန် လိုက်လံဆော်ဩနေသည့် ကျန်းမာရေး စောင့်ရှောက်မှု စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုကို အထင်အမြင် လွဲနေသည့် ရွာသားများက သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာဝန်များနှင့် သတင်းထောက်များ ပါရှိသော အဖွဲ့သည် စက်တင်ဘာ (၁၆)ရက်က နိုင်ငံတောင်ပိုင်း အန်ဇာရီကိုရီ ရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် လူစုကွဲကာ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့အနက် သတင်းထောက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အာဏာပိုင်များထံ အသိပေးခဲ့သည်။ သူမအနေဖြင့် ပုန်းအောင်းနေစဉ် အတောအတွင်း ရွာသားများက ဒေါသတကြီး လိုက်လံရှာဖွေနေသော အသံများကို ကြားခဲ့ကြောင်းလည်း သတင်းထောက်က ဆိုသည်။