Tuesday, May 20, 2014

ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး တစ်ပြိုင်နက်တည်း ရေနစ်သေဆုံး

Photo: ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး တစ်ပြိုင်နက်တည်း ရေနစ်သေဆုံး
Tuesday, May 20, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ - လွိုင်မွေလမ်းရှိ နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ခန့်ဝေးသည့် ချောင်းတွင် ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်(၁၀)နာရီခန့်က ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး တစ်ပြိုက်နက်တည်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရေနစ်မှုဖြစ်သည့် နေရာသည် နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ကျော် နီးပါးဝေးလံပြီး လမ်းကြမ်းဖြစ်သည့် အတွက် မော်တော်ယာဉ် တစ်စီးသာ သွားနိုင်သောလမ်းဖြစ်ကြောင်းနှင့် အဆိုပါ ရေနစ်သည့်နေရာသို့ ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်းတို့မှ သွားရောက် ဆယ်ယူပေးကြ တာဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးမှုဖြစ်ပွားသည့် ရေကန်သည် အကျယ် (၂၅)ပေခန့်ရှိပြီး ရေ၏အနက်မှာ (၁၅)ပေခန့်ရှိကြောင်း သိရပြီး လေးဦးတစ်ပြိုင်နက် ရေထဲဆင်းကူးရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်သို့ သွားရောက်ကြည့်လာသူတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
ရေနစ်သေဆုံးသည့်နေရာသည် ဖုန်းလိုင်းမမိသည့်အပြင် အနီးအနားတွင် အကူအညီတောင်းခံရန် လူတစ်ဦးတစ်ယောက်မှ မရှိသည့်အတွက် ရေနစ်မှုကို အချိန်မီ မကယ်တင်လိုက်နိုင်တာဖြစ်ကြောင်းလည်း သိရသည်။

ရေနစ်သေဆုံးသူများကို ဆယ်ယူခြင်းနှင့် ပတ်သက်၍ " မီးသတ်တပ်ဖွဲ့နဲ့ ကျွန်တော်တို့တွေ နေ့လည် (၂)နာရီလောက်မှာ အလောင်း (၁)လောင်းကို ရှာတွေ့တယ်၊ ရှာတွေ့ပြီးပြီးခြင်း ဆေးရုံကိုသွားပို့တယ်၊ ညနေ (၅)နာရီဝန်းကျင်မှာ ကျန်တဲ့အလောင်းတွေကို (၅)မိနစ်ခြား (၁)လောင်းစီရှာတွေ့တယ်.."ဟု ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သေဆုံးသွားသည့် ကျောင်းသား(၄)ဦးမှာ ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ အောင်ပြည့်ကျော်-တတိယနှစ်(MP)၊ အောင်ကျော်ဖြိုး-တတိယနှစ်(CIVIL)၊ ငြိမ်းချမ်းပိုင် တတိယနှစ် (MP)၊ သီဟစိုး ဒုတိယနှစ်(MP) တို့ဖြစ်ပြီး ၎င်းတို့လေးဦးသည် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်လျက် ရေထဲဆင်းကြရာမှ ယခုလို ရေနစ်သေဆုံးတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံ - လွိုင်မွေလမ်းရှိ နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ခန့်ဝေးသည့် ချောင်းတွင် ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်(၁၀)နာရီခန့်က ကျိုင်းတုံမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသားလေးဦး တစ်ပြိုက်နက်တည်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရေနစ်မှုဖြစ်သည့် နေရာသည် နမ့်လတ်ရေအားပေးစက်ရုံချောင်းနှင့် (၄)မိုင်ကျော် နီးပါးဝေးလံပြီး လမ်းကြမ်းဖြစ်သည့် အတွက် မော်တော်ယာဉ် တစ်စီးသာ သွားနိုင်သောလမ်းဖြစ်ကြောင်းနှင့် အဆိုပါ ရေနစ်သည့်နေရာသို့ ကျိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျိုင်းတုံမြို့ရှိ နှလုံးပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်းတို့မှ သွားရောက် ဆယ်ယူပေးကြ တာဖြစ်ကြောင်း သိရသည်။

တမူး ဆယ်ကျော်သက်များ ဂိုဏ်းဖွဲ့ ဖောက်ထွင်းနေဟု ဒေသခံများဆို

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အသက် ၈ နှစ်အောက် ကလေးများပင် ပါဝင်သည့် ဆယ်ကျော်သက် ကလေးငယ်များက ဂိုဏ်းပုံစံ ဖွဲ့စည်းကာ ဖောက်ထွင်းမှုများအား ကျူးလွန်လျက် ရှိကြောင်း တမူးဒေသခံများက ပြောကြားသည်။

ဂိုဏ်းဖွဲ့၍ ဖောက်ထွင်းမှု ကျူးလွန်သူများမှာ အသက် ၈ နှစ် အရွယ်ရှိ ကလေးမှ အသက် ၂၀ နှစ် အရွယ်ထိ ရှိကြောင်း၊ ၎င်းတို့ ဖောက်ထွင်းခဲ့သော အိမ်များအနက် ရွှေ ၁၅ ကျပ်သားခန့် ဖောက်ထွင်းခံရသော အိမ်နှင့်

ပျောက်ဆုံးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ပြန် လည်တွေ့ရှိ၊ လက်နက်နှစ်လက်အနက် တစ်လက် သာ ပြန်လည်ရရှိ

မောင်တော၊ မေ ၁၉- မေ ၁၇ ရက် က ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ် မိုင်တိုင်(၅၂)တွင် လက်နက်ကိုင် သောင်းကျန်း သူများ၏ တိုက်ခိုက် မှု ကြောင့် ပျောက် ဆုံးနေခဲ့သည့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ နေ့ ညနေ ၅နာရီခန့်တွင် နယ်စပ် မိုင်တိုင်အမှတ်(၅၀)အနီးတွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်သောင်းကျန်းသူ ၆ဝခန့် ပုန်းခိုတိုက်ခိုက်မှုကြောင့် မြန်မာ နယ်စပ်လုံခြုံရေးမှ ဒုရဲအုပ်တစ်ဦးအပါ အဝင် တပ်သားလေးဦး ကျဆုံးခဲ့ပြီး ကျန်တပ်သားနှစ်ဦးမှာ လက်နက် နှစ် လက်နှင့်အတူ ပျောက် ဆုံးနေ ခဲ့ခြင်း ဖြစ် ကာ စစ်ကြောင်း(၂)မှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

ဘောင်းဘီအောက်လျှော မဝတ်ရ ဥပဒေထုတ်

အမေရိကန်ပြည်ထောင်စု တန်နက်စီပြည် နယ်မှာ ထူးခြားတဲ့ ဥပဒေစည်းမျဉ်းတစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီဥပဒေစည်းမျဉ်းကတော့ ဘောင်းဘီ ဝတ်တဲ့အခါမှာ တင်ပါးအောက် သုံးလက်မလျှော့ချကာ မဝတ်ရဆိုတဲ့ စည်းမျဉ်းဥပဒေဖြစ်ပါတယ်။
ပီကီဘဲလေ့စီရင်စုတွေမှာရှိတဲ့ မြို့နယ် ကောင်စီကလည်း တညီတညွတ်တည်း အဆိုပါ စည်းမျဉ်းဥပေဒကို အတည်ပြုခဲ့ကြပါတယ်လို့ သိရ ပါတယ်။ တန်နက်စီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူငယ်တွေ မတော်မတရားဝတ်စားဆင်ယင်မှုများ ပပျောက်ရန် သက်ဆိုင်ရာအရာရှိများကလည်း ထုတ် ပြန်ကြေညာထားခဲ့ကြောင်းကို မြို့တော်ဝန် Phil Cagle က တိုင်းမ်သတင်းစာကို ပြောဆိုခဲ့တယ်လို့

RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို

ကျော်မြတ်ဇံ
ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာရခြင်းများ နှင့် ပတ်သက်ပြီး မြန်မာ အစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြော ကြားသည်။

"တပ်မတော်ကအာဏာသိမ်းခြင်းမဟုတ်ကြောင်း ထိုင်းတပ်မတော်ငြင်းဆို"

.Photo: "တပ်မတော်ကအာဏာသိမ်းခြင်းမဟုတ်ကြောင်း ထိုင်းတပ်မတော်ငြင်းဆို"
Tuesday, May 20, 2014

ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာစစ်အုပ်ချုပ်ရေး ပြုခြင်းကို ယနေ့နံက်စောစောပိုင်းက ကြေညာခဲ့သော်လည်း ယင်းသည် တပ်မတော်ကအာဏာသိမ်းခြင်းတော့မဟုတ်ကြောင်း ထိုင်းတပ်မတော်ကငြင်းဆိုပါသည်။
ထိုင်းတပ်မတော်သည် အများပြည်သူတို့၏လုံခြု့ရေးကိုအပြည့်အ၀တာဝန်ယူ လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်ဆန္ဒပြသူများကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည် တို့ဖြစ်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ ကပြောသည်။ အဆိုပါ ဆန္ဒပြမှုများကြောင့် ယမန်နှစ်နိုဝင်ဘာကအစပြု၍ ယနေ့အထိ လူ ၃၀ခန့်သေဆုံးခဲ့ရကြောင်းသိရသည်။
"အဲဒီ အကြမ်းဖက်ဆန္ဒပြမှုတွေဟာ နိုင်ငံတော်ရဲ့ အထွေထွေလုံခြုံရေးကို ထိခိုက်လာမှာကို ကျွန်တော်တို့စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေးကို ကြေညာလိုက်ရတာပါ"ဟု ဗိုလ်ချုပ်ကြီး ပရာယုသ်ကပြောပါသည်။
"တက်ကြွလှုပ်ရှားနေကြတဲ့ အဖွဲ့အားလုံးကိုလည်း ဆောင်ရွက်မှုတွေအားလုံးရပ်ကြပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ အကြောင်းထားပါတယ်"ဟုလည်း သူကပြောပါသေးသည်။
ထိုင်းတစ်နိုင်ငံလုံးအား စစ်အုပ်ချုပ်ရေးကြေညာချက်ကို မေလ(၂၀)ရက်နေ့ နံနက် ၃ နာရီခန့်က ရုပ်မြင်သံကြားမှတစ်ဆင့် ထိုင်းတပ်မတော်ကကြေညာခဲ့ခြင်းဖြစ်သည်။

ref: Reuters
Popular Myanmar News Journal
 
ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာစစ်အုပ်ချုပ်ရေး ပြုခြင်းကို ယနေ့နံက်စောစော ပိုင်းက ကြေညာ ခဲ့သော်လည်း ယင်းသည် တပ်မတော်ကအာဏာသိမ်းခြင်းတော့မဟုတ်ကြောင်း ထိုင်းတပ်မတော်ကငြင်း ဆိုပါသည်။
ထိုင်းတပ်မတော်သည် အများပြည်သူတို့၏လုံခြု့ရေးကိုအပြည့်အ၀တာဝန်ယူ လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်ဆန္ဒပြသူများကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည် တို့ဖြစ်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ ကပြောသည်။

လက်ပံတောင်းတောင်စီမံကိန်းပဋိပက္ခ ရဲနှစ်ဦးဒဏ်ရာရ၊ လုံခြုံရေးယာဉ်များ ပျက်စီး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသရှိ ကျောက်ဖြူတိုင်ရွာနှင့် ဇီးတောရွာ ဟောင်း အနီးတွင် ဒေသခံတောင်သူ များနှင့် လုံခြုံရေးရဲတပ်ဖွဲ့များအကြား မေလ ၁၈ ရက် ညက ရုန်းရင်းဆန် ခတ်ဖြစ် ပွားခဲ့ရာ ရဲတပ်သားနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကားငါးစီးနှင့် ဆိုင်ကယ်များလည်း ပျက်စီး ခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးက အတည်ပြုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်အတွင်းရှိ အဆိုပါစီမံကိန်း တွင် ယင်းနေ့ ည ၉

သမ္မတခုံးကျော်တံတားတွင် အကြမ်းဖက်ကာ လက်ဝတ်ရတနာများ လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၁၆- ဆူးလေဘုရားလမ်း သမ္မတခုံးကျော်တံတားတွင် အမျိုးသမီးတစ် ဦးအား အမျိုးသားတစ်ဦးမှ အကြမ်းဖက် ကာ လက်ဝတ်ရတနာများ လုယက်မှုဖြစ် ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ သာကေတမြို့နယ် မြင်တော်သာလမ်းတွင် နေထိုင်သော ဦးဌေး အောင်မှာ တူမတော်သူ မကြူကြူသီ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း မကြူကြူသီ၏မိခင်ဖြစ်သူမှ မုဒုံမြို့မှဖုန်း ဆက်အကြောင်းကြားသဖြင့်သွားရာ တူမ ဖြစ်သူမှာ မျက်နှာတွင်ဒဏ်ရာများရရှိကာ စကားပြောမရသဖြင့် အနီးတွင်လာရောက် ပြုစုနေသောမိတ်ဆွေဟောင်း ဦးရဲထူးအောင် အား မေးမြန်းရာမှ အကြမ်းဖက်လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်

ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေး သွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြု လုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။
ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။
ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။

ကြို့ထိုးတာကို ရပ်စေလိုလျှင်


Photo: ကြို့ထိုးတာကို ရပ်စေလိုလျှင်
Tuesday, May 20, 2014

ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။
(၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။
(၂) နားထဲ လက်ချောင်းထည့်ပါ
နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။
(၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ
သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကိုရပ်တန့်စေ ပါတယ်။
(၄) ရေများများသောက်ပါ
ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။
(၅) လျှာကို ဆွဲထားပါ
ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွား စေပါတယ်။
(၆) သင့်အာခေါင်ကို နှိုးဆွပေးပါ
ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
(၇) အသက်ရှူ အောင့်ထားပါ
သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုး တာ ရပ်တန့်သွားစေပါတယ်။
(၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာ စေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
(၉) လေဆေးသောက်ပါ
မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။
ဒါတွေကတော့ ကြို့ထိုးနေသူတစ်ဦး သက်သာပျောက်အောင် ပြုလုပ်နိုင်တဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေပါ၊ ကြို့မထိုးအောင် စားသောက်သင့်ပုံလေးတွေကို ပြောပြရမယ်ဆိုရင်ဖြင့်-
(၁) အစာကို ဖြည်းဖြည်း စားပါ
အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။
(၂) အစားအလွန်အကျွံစားတာကို လျှော့ပါ
အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
(၃) အစပ်များသော အစာများကို ရှောင်ပါ
အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုး တာကို ဖြစ်စေပါတယ်။
(၄) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

Credit: ကိုခင်ခ
Royal Hero Media 
 ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။
(၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

တိုင်းပြည် ဆူပူအုံကြွမှုဖြစ်လာအောင် လှုံ့ဆော်နေတဲ့ NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားများ

Photo: တိုင်းပြည် ဆူပူအုံကြွမှုဖြစ်လာအောင် လှုံ့ဆော်နေတဲ့ NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားများ

May 20, 2014

၂၀၁၅ နီးလာတာနဲ့အမျှ အသက်အရွယ်နဲ့မလိုက်အောင် နယ်တကာလှည့်ပြီး စည်းရုံးရေးတွေ ဆင်းနေရတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကိုတော့ သူမသွားရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စလင် အရေး အခင်းတုန်းက ရေငုံနှုတ်ပိတ်နေလို့ ရခိုင်ပြည်သူတွေက စည်းရုံးရေးလာဖို့မပြောနဲ့ အလည်တောင် အလာ မခံဘူးဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာ ပုဒ်မ ၅၉ (စ) ပါ။ ဒီပုဒ်မဟာ လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံသမ္မတအဖြစ် ကြီးစိုးနိုင်ရေးအတွက် မျှော်မှန်းရေးဆွဲခဲ့တယ်ဆိုတာ လူတိုင်းအသိမို့လို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲအစည်းတွေတောင်ဖွဲ့စည်းပြီး ဒီပုဒ်မ ၅၉ (စ) ကိုပြင်ဖို့ မလွယ်ကူမှန်း သိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာတော့ ပုဒ်မ ၄၃၆ ဆိုပြီး ခေါင်းစဉ် တပ်ကာ သူ သမ္မတ ဖြစ်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိင်ဖို့ ၈၈ မင်းကိုနိုင်တို့နဲ့ ပူးပေါင်း ပြီး ကြိုးစားလာပြန်ပါတယ်။ ဒါပေမယ့် အခြားသောပါတီများနဲ့တကွ အမျိုးဘာသာကို စောင့်ရှောက်လိုတဲ့ အဖွဲ့ အစည်းတွေဟာ သူ့ရဲ့လှုပ်ရှားမှုကို မထောက်ခံခဲ့ကြပါဘူး။ 

အဲဒီအတွက်ကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ မထောက်ခံတဲ့ ပါတီတွေဟာ တာဝန်မကျေဘူးဆိုပြီး အခြားပါတီတွေကို ပုတ်ခတ် ပြောဆိုခဲ့ပါ သေးတယ်။
ဒီလောက်နဲ့တင်မပြီးသေးဘူး နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို (၂၄) နာရီ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုပါ စိန်ခေါ်လာပြန်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းသွေးဆိုပေ မယ့် ဗိုလ်ချုပ်ကိုရော တကယ်ချစ်ရဲ့လား မှတ်မိသေးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ “ တပ်မတော်ကို အခွင့်ထူး ပေးထားတာ အခွင့်ထူးပေးတယ် အခွင့်ထူးခံတယ်ဆိုတာ အင်မတန် ရှက်စရာကောင်းတယ် ကျမသာ အခွင့်ထူးပေးခံရတယ်ဆိုရင် ကျမအလွန်ရှက်မိမှာပဲ.....”ဆိုတဲ့ စကားနဲ့ နိုင်ငံနဲ့လူမျိုးအတွက် စွန့်လွတ်စွန့်စား တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ပြည်သူနဲ့ သွေးခွဲတဲ့စကားဟာ တပ်မတော်သားတွေ အတွက် အင်မတန်မှ နာကျင်စရာဖြစ်ခဲ့ပါတယ်။

NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေပေါင်းပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်ဆင်နိုင်ဖို့ ဟောပြောပွဲတွေ လုပ်ပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်မလား တိုင်းပြည်အပျက်ခံမလားဆိုတဲ့ အခြေအနေကို တဖြည်းဖြည်းနဲ့ ဖြစ်စပြုအောင် စကားလုံးတွေနဲ့ သွေးဆူအောင်လှုံ့ဆော်နေပါပြီ။ အမှန်တကယ် တိုင်းပြည် ကောင်းစားဖို့ အတွက်သာဆိုရင် ဘယ်သူ့ကိုမှ စိန်ခေါ်နေဖို့ မလိုအပ်ပါဘူး။ သမ္မတ မဖြစ်ရင်လည်း ကျရာနေရာကနေပြီး တော့ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ပေးနိုင်ဖို့သာ လိုအပ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ကောင်းစားဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းမှာ တာဝန်ရှိတာမဟုတ်ပါဘူး။ နိုင်ငံသား တိုင်းမှာ တာဝန်ရှိတာပါ။ 

ဒါတွေကိုလည်း နားလည်ဖို့လိုတယ်။ ငါသမ္မတဖြစ်မှ သမ္မတ နေရာရောက်မှ တိုင်းပြည်ကောင်းစားမယ်ဆိုတဲ့ အတွေးအခေါ်က အတ္တသမားတွေ ကိုယ်တစ်ဦးတည်း ကောင်းစားဖို့ကိုသာ ကြည့်တတ်တဲ့သူသာ ဖြစ်ပါတယ်။
ပင်ပန်းဆင်းရဲကြီးစွာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အခွင့်ထူးခံသမားတွေလို့ စွပ်စွဲလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ကြီးကို လူအုပ်နဲ့ ပိတ်ဆို့လိုက်နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ တဲ့ ထာဝရကျောင်းသားကြီး မင်းကိုနိုင်တို့ကိုယ်တိုင်ကော နိုင်ငံအကျိုးရှိအောင် ဘာတွေများ လုပ်ပေးနိုင်ခဲ့ပြီလဲ လုပ်ပေးနိုင်ဖို့မပြောနဲ့ ကိုယ်ကိုယ်တိုင်ကော အခြေခံ စိတ်ဓာတ်ကောင်းအောင် ပြင်နိုင်လို့လားဆိုပြီး မေးလိုက် ချင်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ညင်ညင်သာသာနဲ့ ကူးပြောင်းနေတဲ့ တိုင်းပြည်ကို ဆူပူ အုံကြွမှုဖြစ်လာအောင် လုပ်နေတဲ့သူတွေဟာ NLD နဲ့ မင်းကိုနိုင်တို့သာဖြစ်ကြောင်း အသိအလင်း ပြောကြား လိုပါတယ်။

ချမ်းအောင်

နေ့စဉ်သတင်း 
 ၂၀၁၅ နီးလာတာနဲ့အမျှ အသက်အရွယ်နဲ့မလိုက်အောင် နယ်တကာလှည့်ပြီး စည်းရုံးရေးတွေ ဆင်းနေရတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကိုတော့ သူမသွားရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စလင် အရေး အခင်းတုန်းက ရေငုံနှုတ်ပိတ်နေလို့ ရခိုင်ပြည်သူတွေက စည်းရုံးရေးလာဖို့မပြောနဲ့ အလည်တောင် အလာ မခံဘူးဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာ ပုဒ်မ ၅၉ (စ) ပါ။ ဒီပုဒ်မဟာ လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံသမ္မတအဖြစ် ကြီးစိုးနိုင်ရေး အတွက် မျှော်မှန်းရေးဆွဲ ခဲ့တယ်ဆိုတာ လူတိုင်းအသိမို့လို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲအစည်းတွေတောင် ဖွဲ့စည်းပြီး ဒီပုဒ်မ ၅၉ (စ) ကိုပြင်ဖို့ မလွယ်ကူမှန်း သိလာတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ အခုအခါမှာတော့

မိန်းမကိုယ်အတွင်း စိတ်ကြွဆေး သယ်ဆောင်လာသော အမျိုးသမီးကိုဖမ်းမိ

ခရီးသည်တင်ယာဉ်ပေါ် ရှိ အမျိုးသမီး တစ်ဦး၏ မိန်းမ ကိုယ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဝှက်ကာ သယ်ဆောင်လာသည်ကို ဖမ်းမိကြောင်း သတင်းရရှိသည်။
မေလ ၁၉ ရက်နံနက် ၂ နာရီအချိန်က ရှမ်းပြည်နယ်၊ လားရှိုးမှ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲများသည် နောင်ချို မြို့အဝင် အေးရှားဝေါလ်တိုးဂိတ် အနီးတွင် လားရှိုးမှမန္တလေးသို့ မောင်းလာသည့် ခရီးသည်တင် ယာဉ်ကိုရှာဖွေခဲ့ရာ အမျိုးသမီးတစ်ဦး၏ မိန်းမကိုယ်အတွင်းဝှက်ယူလာသောပလတ်စတစ် အိတ်ဖြင့်ထုတ်ထားသည့် 88 နှင့် 1 စာတန်းများပါ တန်ဖိုးကျပ် ၄၂ သိန်းတန် စိတ်ကြွရူးသွပ်ဆေးပြား၂၁၀၀ ကိုတွေ့ခဲ့သည်။

ဒေါ်စုကြောင့် ဒုတိယ ၈ လေးလုံး ဖြစ်တော့မှာလား

Photo: ဒေါ်စုကြောင့် ဒုတိယ ၈ လေးလုံး ဖြစ်တော့မှာလား        

May 19, 2014

၂၀၁၅ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ အခြေခံဥပေဒကို ပြင်ချင်သူများနှင့် မပြင်ချင်သူများ လွန်ဆွဲပွဲ များက များလာသလို၊ ကြမ်းလဲကြမ်းလာပါပြီ။ ထို့နည်းအတူ အတိုက်ခံပါတီများကလဲ အစိုးရကို ဆန္ဒပြမှုတွေ အပြင် ပြင်းထန်သော တောင်းဆိုမှုတွေနဲ့ စိန်ခေါ်မှုတွေ ဖန်တီးလာကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်တော့မလားဆိုပြီး စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ အတိုက်ခံတွေဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ကို ဖြုတ်ချဖို့ အတွက် လမ်းတွေမှာ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။  ထိုကဲ့သို လုပ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံနှင့်အစိုးရမှ အားထားရသော ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားခြင်းကို ပြည်သူများမသိခဲ့ပေ။ ထိုသို့ဖြစ်အောင်လဲ အတိုက် အခံများက ပြည်သူများအား အမှောင်ဖုံးထားခဲ့ခြင်း ဖြစ်သည်။ ယခု မြန်မာနိုင်ငံမှာလဲ အတိုက်ခံ ပါတီများက အစိုးရကို ထိုင်းနိုင်ငံလို ပုံစံမျိုးပြုလုပ်ကာ ဆန္ဒပြမှုတွေ၊ တောင်းဆို မှုတွေ ပြုလုပ်လာကြပါပြီ။

မန္တလေးမြို့ အောင်ပင်လယ်ကန်မှာ ပြုလုပ်တဲ့ နိုင်ငံရေးဟောပြောပွဲမှာလဲ NLD ခေါင်းဆောင် ဒေါ်စုဟာ “ဒီနှစ်အတွင်းမှာ အခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်ပြမယ်” ဆိုပြီး ပြင်းထန်တဲ့စကားလုံးတွေနဲ့ စိန်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် “တပ်မတော်ကို ပြည်သူက ယုံကြည်မှုမရှိသလ၊ို ပြည်သူကိုလဲ တပ်မတော်က မယုံကြည်ဘူး” ဆိုပြီး ပြောထားပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်စုဟာ တပ်မတော်နဲ့ပြည်သူအား ဝေးသထက်ဝေးအောင် စကားများဖြင့် ရန်တိုက်ပေးနေတာလို့မြင်မိပါတယ်။ ဒါဟာ အနောက် အုပ်စုရဲ့ ကျင့်သုံးနေတဲ့ နိုင်ငံရေးနိယာမတွေဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ကြည့်ပါက ဒေါ်စုပြောသလို ၂၀၀၈ အခြေခံဥပဒေက တပ်မတော်နဲ့ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထားတယ် ပြောရအောင် ဥပဒေထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့ ရေးထားတာမရှိပါဘူး။ အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက ဒေါ်စုကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ပြည်သူတွေ တန်းတူညီတူ ဆွေးနွေးနေတာကို မဖြစ်သင့်ဘူးဆိုပြီး ပြောနေတာလဲ ဒေါ်စုပဲဖြစ်ပါတယ်။ ထို့အပြင် ၈၈ အဖွဲ့က မင်းကိုနိုင်ကလဲ ဖွဲ့စည်းပုံပြင်ရန်လိုအပ်ပါက လမ်းပေါ် မှာ လူပြည့်သွားအောင် ဖန်တီးနိုင်တယ်ဆိုပြီး ကြွေးကြော်ထားပါသေးတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဖို့ထက် ဆူပူအုံကြွမှုဖြစ်စေဖို့ ပိုပြီး နီးစပ်နေပါတယ်။ ဒါဟာ ၈၈ အရေးခင်းကို မမှီလိုက်၊ မကြုံလိုက်ရတဲ့ လူငယ်များအတွက် သိစေ၊မြင်စေချင်လို့ စေတနာအရင်းခံနဲ့ ပြန်လုပ်ပြမလို့လား ဦးမင်းကိုနိုင်ရယ်လို့တောင် မေးရမလို့ဖြစ်နေပါတယ်။

နောက်ဆုံး သိစေချင်တာကတော့ ဒေါ်စုနဲ့ ၈၈ အဖွဲ့တို့သည် တပ်မတော်နှင့် ပြည်သူ၊ ထို့အပြင် အစိုးရနှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေတယ်။ ဒါအပြင့် ဆူပူအကြမ်းဖက်များဖြစ်အောင် ပြည်သူ နဲ့အတိအလင်း သွေးခွဲကာ နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင်လုပ်ပြီး သူတို့တွေ ထောက်ခံမှုရရှိအောင် ပေါ်ပေါ်တင်တင် လုပ်နေခြင်း ဖြစ်သည်။ ထို့သို့ လုပ်ဆောင်နေခြင်းဟာ ထိုင်းနိုင်ငံလို ဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ သဘောပါပဲ။ ဒီအချက် ဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ၊ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ ဆိုလျှင် နစ်နာကြရသည်က ပြည်သူများသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်း မပို့ကြရန် ဒေါ်စုအပါအဝင်၊ အတိုက်ခံများကို တောင်းဆိုလိုပါသည်။ ဒါအပြင့် တန်ဘိုးရှိတဲ့ လူငယ်တွေကို ထပ်ပြီး မစတေးပါနဲ့ တော့။  လူထုကိုလဲ ၈၈ ကလို အသုံးချပြီး နိုင်ငံ ကမောက်ကမဖြစ်အောင် ထပ်ပြီးမလုပ်ပါနဲ့တော့လို့ ပြောချင်ပါတယ်။

ဇော်မောင်
၂၀၁၅ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ အခြေခံဥပေဒကို ပြင်ချင်သူများနှင့် မပြင်ချင် သူများ လွန်ဆွဲပွဲ များက များလာသလို၊ ကြမ်းလဲကြမ်းလာပါပြီ။ ထို့နည်းအတူ အတိုက်ခံပါတီများကလဲ အစိုးရကို ဆန္ဒပြမှုတွေ အပြင် ပြင်းထန်သော တောင်းဆိုမှုတွေနဲ့ စိန်ခေါ်မှုတွေ ဖန်တီးလာကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်တော့မလားဆိုပြီး စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းမှာ အတိုက်ခံတွေဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ကို ဖြုတ်ချဖို့ အတွက် လမ်းတွေမှာ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ထိုကဲ့သို လုပ်လိုက်ခြင်း အားဖြင့် ထိုင်းနိုင်ငံနှင့်အစိုးရမှ အားထားရသော ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားခြင်းကို ပြည်သူများ မသိခဲ့ပေ။ ထိုသို့ဖြစ်အောင်လဲ အတိုက် အခံများက ပြည်သူများအား အမှောင်ဖုံးထားခဲ့ခြင်း ဖြစ်သည်။ ယခု မြန်မာနိုင်ငံမှာလဲ အတိုက်ခံ ပါတီများက အစိုးရကို ထိုင်းနိုင်ငံလို ပုံစံမျိုးပြုလုပ်ကာ ဆန္ဒပြမှုတွေ၊ တောင်း ဆို မှုတွေ ပြုလုပ်လာကြပါပြီ။

အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဒါရိုက်တာမိုက်တီး လှုပ်ရှားဆောင်ရွက်မည်

ဒါရိုက်တာမိုက်တီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ပါဝင်ဆောင် ရွက်သူ ၁၅ ဦး ပြည့်ပါက ၎င်းတို့၏ဆန္ဒသဘောထားများ ကောက်ယူပြီး တတ်နိုင်သည့်ဘက်မှနေ၍ စည်း ရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မဇ္ဈိမသို့ပြောသည်။
“ဒီကိစ္စက တစ်ဦး တစ်ယောက်တည်းလုပ်ရင် အကောင်အထည် ဖော်ဆောင်နိုင်ဖို့က မလွယ်ကူပါဘူး။ အားလုံးပါဝင်မှဖြစ်မယ်လို့ ယူဆပါတယ်။ အားလုံးလည်း ပါဝင် သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်ရေး ချောင်းသာတွင် ပထမဆုံး ဆန္ဒပြ

Photo: ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်ရေး ချောင်းသာတွင် ပထမဆုံး ဆန္ဒပြ
Tuesday, May 20, 2014 

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေဒေသမှာ ဒီနေ့ နံနက် ၉ နာရီက စတင်ပြီး ပထမဆုံး ဆန္ဒပြနေပါတယ်။

“တရားဝင်ခွင့်ပြုချက်နဲ့ ပထမဆုံးဆန္ဒပြတာပါ။ လူအင်အား ၃၀၀ လောက်ရှိပါတယ်။ အခုအထွေအထွေအုပ်ချုပ်ရေးမှူးရုံးက စထွက်နေပါပြီ။ ဘုရားကြီးကုန်းဘက်အထိ လမ်းလျှောက်ပြီး ရဲစခန်းရှေ့မှာ ပြန်လာပါမယ်။ ဟိုတယ်ဇုန်တွေဘက်လည်း သွားပါမယ်” လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေသခံ ကိုမျိုးဦးက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးတွေ ကြွေးကြော်မယ်လို့လည်း သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေကိုလည်း မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့နဲ့ မေလ ၁၈ ရက်နေ့က မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပြီး လူထောင်သောင်းချီ တက်ရောက် အားပေးထောက်ခံခဲ့ပါတယ်။

DVB TV News 
၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေဒေသမှာ ဒီနေ့ နံနက် ၉ နာရီက စတင်ပြီး ပထမဆုံး ဆန္ဒပြနေပါတယ်။

“တရားဝင်ခွင့်ပြုချက်နဲ့ ပထမဆုံးဆန္ဒပြတာပါ။ လူအင်အား ၃၀၀ လောက်ရှိပါတယ်။ အခုအထွေအထွေအုပ်ချုပ်ရေးမှူးရုံးက စထွက်နေပါပြီ။ ဘုရားကြီးကုန်းဘက်အထိ လမ်းလျှောက်ပြီး

မြန်မာပြည်သူတွေအတွက် သတင်းထူးသတင်းမှန်တွေကို အမြန်ဆုံးတင်ဆက်ပေးနေတဲ့ မြန်မာ့သားကောင်း Facebook နှင့် Blog


မြန်မာ့သားကောင်း Blog နှင့်အတူ မြန်မာ့သားကောင်း facebook မှ မြန်မာပြည်သူတွေ အတွက် သတင်းမှန် သတင်းထူးတွေကို အမြန်ဆုံး တင်ဆက်ပေးနေပါတယ်..

တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

Photo: တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်
Tuesday, May 20, 2014 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်း လမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ် ပွားကြောင်း တောင်ငူ ခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊ လူကြီး ခြောက်ဦးရှိပြီး ကလေးငယ် နှစ်ဦးသည် စိုးရိမ်ဖွယ် ရှိသော်လည်း ကျန်ကလေးငယ်များမှာ စိုးရိမ်ဖွယ် မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာမှ ကလေးများ မေလ ၁၉ ရက် နံနက် ၇ နာရီက ဆန်ပြားသုပ်နှင့် ဒီးဒိုအချိုရေကို စားသောက်ပြီး မကြာမီ အစာအဆိပ်သင့်သည့် လက္ခဏာများ ပေါ်ခဲ့ရကြောင်း တောင်ငူမြို့မ ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

ဂေဟာတွင် မိဘမဲ့ကလေး ၇၀ ခန့်ရှိပြီး ကလေးငယ် နှစ်ဦးမှာ စိုးရိမ်ရ၍ အရေးပေါ် ကုသပေးနေရကြောင်း၊ ကျန်ကလေးများကို ပြင်ပလူနာဌာနတွင် ကုသပေးနေရပြီး စိုးရိမ်ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။

အစာအဆိပ်သင့်သည့် ပြဿနာနှင့် ပတ်သက်၍ မည်သည့် အကြောင်းကြောင့် ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း၊ ဒီးဒိုအချိုရည် လာရောက် လှူဒါန်းသွားသူ၏ အမည်သာ သိရပြီး နေရပ်လိပ်စာ ပေးမသွားကြောင်း မိဘမဲ့ အမျိုးသမီးကလေးများ ဂေဟာမှ ဆရာကြီးတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းမှာ ကျောင်းတိုက်က လုပ်ကျွေးတဲ့ ဆန်ပြားသုပ်ကို ကလေးတွေ အကုန်စားတယ်။ ပြီးတော့ မနေ့က ရန်ကုန်က အလှူရှင်တစ်ဦး လာလှူထားတဲ့ အချိုရည်ကို တစ်ယောက် တစ်ဘူး တိုက်တယ်။ ပြီးတော့ မကြာဘူး၊ ကလေးနှစ်ယောက် အော့အန်ပြီး သတိလစ်သွားတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု အဆိုပါ မိဘမဲ့ဂေဟာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဒိနီက ဆိုသည်။

ကလေးငယ်များ အစာအဆိပ်သင့်ပြီး ဆေးရုံသို့ လိုက်ပါပို့ဆောင်ရန် အကြောင်းကြားချိန်သည် မွန်းလွဲ ၁ နာရီခန့် ဖြစ်ရာ ကလေးငယ်များကို ဆေးရုံကြီးသို့ သုံးကြိမ်ခန့်ခွဲ ပို့ဆောင်ပေးခဲ့ရကြောင်း တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ပြောကြားသည်။

ကလေးငယ်များသာမက ဂေဟာတွင် လာရောက်လုပ်ကိုင် ကူညီပေးနေသူ အမျိုးသားသုံးဦးကိုလည်း ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ရကြောင်း၊ ကလေးအများစုမှာ မူးဝေ အော့အန်သည့် လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ကလေးငယ်များကို လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးကူညီရေးအသင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“သမီးတို့ မနက်က မုန့်ဟင်းခါးသုပ် ကျွေးတယ်။ ပြီးတော့ ဒီးဒိုအချိုရည် တစ်ယောက် တစ်ဘူး ပေးလို့ အားလုံး သောက်ကြတယ်။ သမီးကတော့ ဘာမှ မဖြစ်ဘူး။ ကလေးနှစ်ယောက်က အန်ပြီး သတိတွေ လစ်သွားတော့မှ ဆရာကြီးတွေက ဆေးရုံပို့တာပါ” ဟု အဆိုပါ ဂေဟာတွင် နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူ မခင်ဝေကျော်က ဆိုသည်။

ဇေယျာသီရိ မိဘမဲ့အမျိုးသမီးများ ဂေဟာကို ၁၉၅၈ ခုနှစ်ခန့်တွင် စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကလေးငယ်အရွယ်စုံ အမျိုးသမီး အယောက် ၇၀ ခန့်ကို ကယ်တင် စောင့်ရှောက်လျက် ရှိပြီး စတင် တည်ထောင်သည့် အချိန်မှစ၍ နှစ်ပေါင်း ၅၅ နှစ် အတွင်း ယင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်း မရှိကြောင်း ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်း လမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ် ပွားကြောင်း တောင်ငူ ခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရ သည်။

အစာဆိပ်သင့်သည့် လက္ခဏာများနှင့် မူးဝေ အော့အန်ကာ ရောက်ရှိလာသူများတွင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးပေါင်း ၆၈ ဦးရှိပြီး အတွင်းလူနာအဖြစ် ကုသနေသူ ကလေးငါးဦး၊

ကိုရီးယား ကမ်းခြေစောင့်တပ် သမ္မတ ဖျက်သိမ်း

Photo: ကိုရီးယား ကမ်းခြေစောင့်တပ် သမ္မတ ဖျက်သိမ်း

မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်

တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၃၀ဝ ကျော် သေဆုံးသွားခဲ့ရတဲ့ ကူးတို့ သင်္ဘော နှစ်မြုပ်ခဲ့ရမှုမှာ ကမ်းခြေစောင့် တပ်ဖွဲ့က တုံ့ပြန် ဆောင်ရွက်မှု အားနည်းခဲ့တာကြောင့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းပစ်ဖို့ သမ္မတ ပတ်ဂွန်ဟေးက ကြေညာလိုက်ပါတယ်။
ရုပ်သံကနေ နိုင်ငံကို မိန့်ခွန်း ပြောကြားရာမှာ ပတ်ဂွန်ဟေးက သင်္ဘော နှစ်မြုပ်စဉ် ကမ်းခြေစောင့် တပ်ရဲ့ ပထမ အဆင့် ဆောင်ရွက်မှုတွေဟာ ဘာမှ ထိရောက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
အခုတော့ ကမ်းခြေစောင့်တပ်ရဲ့ ကယ်ဆယ်ရေး လုပ်ငန်း တာဝန်တွေကို နိုင်ငံတော် အရေးပေါ် လုံခြုံရေး အေဂျင်စီကို လွှဲပြောင်းတော့မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
စုံစမ်း စစ်ဆေးမှုတွေကိုတော့ ရဲတပ်ဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေနဲ့ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ရှိသူတွေ အကြား ပူပေါင်း လိမ်ညာမှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်သွားမယ် လို့လည်း ကတိပေးသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ACM Credit To:BBC 
တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၃၀ဝ ကျော် သေဆုံးသွားခဲ့ရတဲ့ ကူးတို့ သင်္ဘော နှစ်မြုပ်ခဲ့ရမှုမှာ ကမ်းခြေစောင့် တပ်ဖွဲ့က တုံ့ပြန် ဆောင်ရွက်မှု အားနည်းခဲ့တာကြောင့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းပစ်ဖို့ သမ္မတ ပတ်ဂွန်ဟေးက ကြေညာလိုက်ပါတယ်။
ရုပ်သံကနေ နိုင်ငံကို မိန့်ခွန်း ပြောကြားရာမှာ ပတ်ဂွန်ဟေးက သင်္ဘော နှစ်မြုပ်စဉ် ကမ်းခြေစောင့် တပ်ရဲ့ ပထမ အဆင့် ဆောင်ရွက်မှုတွေဟာ ဘာမှ ထိရောက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
အခုတော့ ကမ်းခြေစောင့်တပ်ရဲ့ ကယ်ဆယ်ရေး လုပ်ငန်း တာဝန်တွေကို နိုင်ငံတော် အရေးပေါ်

ထိုင်း စစ်တပ် မာရှယ်လော ထုတ်ပြန်လိုက်ပြီ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

Photo: မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်
Tuesday, May 20, 2014 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမှုက ကြန့်ကြာနေတယ်လို့တော့ ပြောလို့ မရဘူး။ သာမန်အရပ်သား မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေမှာ ခွင့်ပြုချက် တောင်းရတာတွေ ရှိတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေအရ လုပ်ဆောင်နေရလို့ ကြန့်ကြာနေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က လေအေးပေးစက်၏ မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ ယင်းမီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းများအရ သိရှိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အောင်မြေသာစံမြို့နယ် ရဲမှူးကိုကိုက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်း ခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်အား အကြောင်းကြား

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်အား အကြောင်းကြား
Tuesday, May 20, 2014 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO/(Rohingya Solidarity Organization) အား နှစ်နိုင်ငံ ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့  (BDR) အား ယမန်နေ့က အကြောင်းကြား ထားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ သတင်း ရရှိသည်။ လုံခြုံရေး အရ နယ်စပ်က ကပ်နေတဲ့ အခါကျတော့ အ၀င်အထွက်က ခိုးဝင်ခိုးထွက် လို့ရတဲ့ အနေအထားပါ။ လက်နက်ကိုင် အဖွဲ့ တွေ ဟိုဘက် နိုင်ငံထဲမှာ အခြေချလို့ မရအောင် ကျွန်တော်တို့ ချိတ်ဆက်နေတယ်။ သူတို့ဆီမှာ လက်မခံဖို့ ရှင်းလင်းဖို့ ပြောထားတယ် ဟု အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့  ဒုရဲမှူး ၀င်းမြင့်ထွေးက The Messenger သတင်းစာကို ပြောသည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် တပ်နှင့် ရဲအင်အားကို တိုးချဲ့ထားပြီး မြန်မာပိုင် ဧရိယာတွင် တပ်နှင့် ရဲများက တာဝန်ယူထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးတွင် မေလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့  ၀င်များ၏ ဒဏ်ရာရ စာရင်းအား ထုတ်ပြန်မပေးနိုင်သေးကြောင်း ၎င်း တပ်ဖွဲ့ မှ ဒုရဲမှူး ရဲမင်းထွေး က ဆိုသည်။ မေလ (၁၃) ရက်နေ့ ကလည်း RSO/ (Rohingya Solidarity Organization) အဖွဲ့ ဆယ်ဦးနှင့် နယ်ခြားစောင့်ရဲများ မိနစ် (၂၀)ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် တွင် ထပ်မံဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ 

ယခု မေလ(၁၇)ရက် ပစ်ခတ်မှုတွင် RSO သောင်းကျန်းသူဘက်မှ လူအင်အား (၄၀) ခန့်ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ ရဲတပ်ဖွဲ့ ဝင် (၂) ဦးကျဆုံးသည်ဟု မီဒီယာများတွင် ဖော်ပြကြသော်လည်း ၎င်း ကိစ္စအား လုံခြုံရေး အခြေအနေကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ထုတ်ပြန် မရကြောင်း ပြောကြားသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် သောင်းကျန်းသူ များနှင့် နယ်ခြားစောင့်တပ်များ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံ များထံ မှသိရသည်။ လုံခြုံရေးကတော့ အခု တပ်ရော ရဲ ရော အများကြီးပဲ၊ ဒီမောင်တော နယ်စပ်ကရဲနဲ့ တပ်မတော် အင်အားနဲ့ လုံခြုံရေး စိတ်ချရပါတယ် ဟု မောင်တော ခရိုင်ရဲမှူး ရွှေသန်း က The Messenger သတင်းစာကို ပြောသည်။

Messenger News Journal 
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO/(Rohingya Solidarity Organization) အား နှစ်နိုင်ငံ ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့  (BDR) အား ယမန်နေ့က အကြောင်းကြား ထားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ သတင်း ရရှိသည်။ လုံခြုံရေး အရ နယ်စပ်က ကပ်နေတဲ့ အခါကျတော့ အ၀င်အထွက်က ခိုးဝင်ခိုးထွက် လို့ရတဲ့ အနေအထားပါ။ လက်နက်ကိုင် အဖွဲ့ တွေ ဟိုဘက် နိုင်ငံထဲမှာ အခြေချလို့ မရအောင် ကျွန်တော်တို့ ချိတ်ဆက်နေတယ်။ သူတို့ဆီမှာ လက်မခံဖို့ ရှင်းလင်းဖို့ ပြောထားတယ် ဟု အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့  ဒုရဲမှူး ၀င်းမြင့်ထွေးက The Messenger သတင်းစာကို ပြောသည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် တပ်နှင့် ရဲအင်အားကို တိုးချဲ့ထားပြီး မြန်မာပိုင် ဧရိယာတွင် တပ်နှင့် ရဲများက တာဝန်ယူထားသည်။

"ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ

Photo: "ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ
Tuesday, May 20, 2014 

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။ 

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှတဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆိုခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။ 

တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခုထိလည်း အယုံအကြည်မရှိပါဘူး။ 

လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှု အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။

နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွားလာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက်လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ်အပိုင်းအစလေးတွေ ကပ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။ 

ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာရှိပါသေးသလား?? 

(ဆက်လက်ဖော်ပြပါမည်)
today Myanmar 
 မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊

သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု

Photo: သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု
Tuesday, May 20, 2014 

ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူ တစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက်သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီအနေနဲ့ တရားဝင်ပါတီ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။

 နောက်ကျမှ ပါတီကို တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံတာတွေကြောင့် လွှတ်တော်ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ဘဲ လွတ်တော်တွေ ၊ ပါတီတွေ ၊ အစိုးရတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်အရောင်တင်နိုင်ခဲ့တာပါ။ ဒီဖွဲ့စည်းပုံကြောင့်ဘဲ ဒေါ်စုတစ်ယောက် လွတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒေါ်စုဟာ သမ္မတ ဖြစ်ချင်လာတော့ အခုအခါမှာ ဒီဖွဲ့စည်းပုံကိုဘဲ အဟန့်အတားတစ်ခုအဖြစ် မြင်လာပြန်ပါတယ်။ 

၂၀၁၅ မှာ ဒေါ်စုဟာ သမ္မတ ဖြစ်ချင်ပါတယ်။ သမ္မတဖြစ်မှ လုပ်ချင်တာတွေ စိတ်တိုင်းကျ လုပ်လို့ရမယ်ဆိုတဲ့ အတ္တစွဲကြောင့် သမ္မတဖြစ်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အရာတွေ အားလုံးကို ဖယ်ရှားဖို့ ပြုလုပ် လာခဲ့ပါတယ်။ ထိပ်တိုက်တွေ့နေတာကတော့ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ။ ဒီဥပဒေထဲက ပုဒ်မ ၅၉(စ)ဟာ ဒေါ်စုကို တိုက်ရိုက်ထိမှန်နေတာကြောင့် ဒါကို မဖြစ်မနေ ပြင်ရမယ် ၊ လိုအပ်လာရင် အသစ်ရေးဆွဲ ရမယ်ဆိုပြီး ကြွေးကြော်မှု့တွေ ပြုလုပ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မကန့်ကွက်လိုပါဘူး။ ဒါပေမယ် ပြင်ဖို့လိုတဲ့ အချက်တွေကို ပြင်မယ်ဆိုရင်လည်း တရားနည်းလမ်းတကျ ပြင်ဖို့လိုအပ်ပါတယ်။ 

လွတ်တော်အတွင်းမှာ ဒီဥပဒေနဲ့ ပက်သတ်ပြီး ပြင်ဆင်ဖို့ လုပ်ဆောင် နေပါလျက် ပြည်သူလူထုရှေ့ မျက်နှာထွက်ပြပြီး ပြောချင်ရာ ပြောနေတာကတော့ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခုတုံးလုပ်ပြီး ဆူပူမှု့တွေ ဖန်တီးနေသလိုပါပဲ။ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေသလို ၊ ပြည်သူနဲ့ တပ်မတော်သားတွေ ကို ရန်တိုက်ပေးနေတာဟာ တည်ငြိမ်အေးချမ်းမှု့ကို ပျက်ပြားအောင် လုပ်နေတာဘဲ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ တည်ငြိမ် အေးချမ်းမှု့တွေ ပျက်ပြားပြီး ဆင်းရဲသားတွေရဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲအောင် ပြု လုပ်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလိုမျိုး လူတွေစုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာတဲ့ ထိုင်းနိုင်ငံအနေနဲ့ သိပ်မသိသာပေမယ်လည်း ဆင်းရဲနေတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ မတွေးဝံ့စရာပါ။ 

အမှန်အတိုင်း မြင်တာကို ပြောရရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟာ ပြည်သူတွေအတွက် လတ်တလော အရေးတကြီး လိုအပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လိုအပ် နေတာက ပြည်တွင်း စစ်တွေ ငြိမ်းချမ်းဖို့ ၊ ပြည်သူတွေ အလုပ်အကိုင်တွေ အများကြီးရပြီး မိသားစုအလိုက် ၀င်ငွေတွေ အများကြီး ရရှိဖို့က အဓိကပါ။ ပြည်သူတွေ ချမ်းသာဖို့ကသာ လတ်တလော ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါတယ်။ ဒေါ်စုတစ်ယောက်သာ ၂၀၁၅မှာ သမ္မတဖြစ်ချင်လွန်းလို့ ဒီဥပဒေကို အသည်းအသန် လိုက်ပြင်နေတာပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆို ခဲ့သလို အခုပြည်တွင်းမှာလည်း ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြီးကြီးမားမား လုပ်ဆောင်နေပါတယ်။ ပြောရမယ် ဆိုရင် ဒေါ်စုဟာ သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေပါတယ်။ 

သူ့သမ္မတဖြစ်မှဘဲ မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း ကြီးပွားချမ်းသာလာတော့ မလိုလို သွေးနားထင်ရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာယဉ်ကျေးမူနဲ့ ဆန့်ကျင်ပြီး နိုင်ငံခြားသားကို လင်တော်ထားသူ၊ သားသမီးတွေက နိုင်ငံခြား တိုင်းပြည်မှာ နေပြီး နိုင်ငံခြား အစိုးရအပေါ် သစ္စာခံထားသူ၊ ပြောရရင်တော့ အမျိုးမစစ်သူ ၊ အမျိုးမချစ်သူ တစ်ယောက်က မြန်မာနိုင်ငံရဲ့ သမ္မတရာထူးနဲ့ ထိုက်တန်ရဲ့လား ? ပေးသင့်ရဲ့လား? ဒါအပြင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်သမ္မတ ဖြစ်ဖို့ ပြည်သူထောက်ခံမှု့ရဖို့ တခြားပါတီ ၊ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ ပါးစပ်ထဲ တွေ့ကရာ လျောက်ပြောတက်တဲ့ သူကို နိုင်ငံတော် လုံခြုံရေးအတွက် ဘယ်လိုလုပ်ပြီး ယုံကြည်အားကိုး ရမလဲဆိုတာ ကိုတော့ သိစေချင်ပါသည်။ 

မရေရာ မသေချာတဲ့ အနာဂတ်အတွက်နဲ့တော့ လက်ရှိလှုပ်ရှား သွားလာနေတဲ့ ဒီမိုကရေစီ ခြေလှမ်းတွေကို မကူညီချင်နေပါ ၊ အနှောက်အယှက်ဖြစ်အောင်၊ ပျက်ပြား သွားအောင်တော့ မလုပ်စေချင်ပါဘူး။ အဲလိုလုပ်ဖို့ ကြိုးစားနေတာဟာ ငါသမ္မတဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုပြီး ဒီမိုကရေစီလမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်ဆိုတာ သိစေချင်ပါသည်။

ပေါက်စ

Mansuper 
 ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူ တစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက်သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီအနေနဲ့ တရားဝင်ပါတီ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။

ဆိုင်ကယ်ချင်းကပ်ပြီး ဆွဲကြိုးလုယူ ထွက်ပြေး

မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ် အတွင်း အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်း ကပ်လိုက်ပြီး အမျိုးသမီး ၏ လည်ပင်းမှ ဆွဲကြိုးကို လုယူ ထွက်ပြေးမှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ မေလ ၁၄ ရက် ညနေ ၃ နာရီခွဲက မန္တလေး ၊ ချမ်းမြသာစည် မြို့နယ် ၆၂x၆၃ လမ်းကြား တွင် သိပ္ပံလမ်း အနောက်မှ အရှေ့သို့ ဒေါ်မြင့်မြင့်မော် ( ကျောက်ဆည်မြို့ နေသူ ) မောင်းနှင်ပြီး နောက်မ မကြူကြူ ( ကောလင်းမြို့ နေသူ ) လိုက်ပါလာသော ဆိုင်ကယ်ကို တခြား ဆိုင်ကယ် စီးလာသည့် အမျိုးသား တစ်ဦးက အနီးကပ်လာပြီး ဒေါ်မြင့်မြင့်မော် ၏ လည်ပင်းတွင် ဆွဲထားသော မိုးရေစက်ပုံ ဆွဲသီး တစ်ခုပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်- နေပြည်တော် အမြန် လမ်းမကြီး ကြံ့ခိုင်မှု အခြေအနေ ကြည့်ရှု စစ်ဆေး

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်- နေပြည်တော် အမြန် လမ်းမကြီး ကြံ့ခိုင်မှု အခြေအနေ ကြည့်ရှု စစ်ဆေး
Tuesday, May 20, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး အတိုင်း ထွက်ခွာလာပြီး အမြန် လမ်းမကြီး တစ်လျှောက် လမ်း၊ တံတားများ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မိုင်တိုင် အမှတ် (၁၁၉/၂) ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးအား ပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့် မြှင့်တင်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် မိုင်တိုင် အမှတ် (၁၃၈/၂) ရှိ အုတ်တွင်း တံတားအား တစ်ဖက် (၄) လမ်းသွားဖြင့် (၈) လမ်းသွား တံတားအဖြစ် တည်ဆောက် ထားမှုကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မိုင်တိုင် အမှတ် (၁၄၅/၂) ရှိ ခပေါင်း တံတားတွင် မူလတံတား တည်ဆောက်ချိန်ကပင် ဒုတိယ အဆင့် (၈) လမ်းသွား တံတား တည်ဆောက်နိုင်ရန် အတွက် အောက်ခံတိုင်များ တည်ဆောက် ထားခဲ့မှု အခြေအနေ၊ မိုင်တိုင် အမှတ် (၁၈၅/၁) တွင် ကတ္တရာ ထပ်ပိုးလွှာခင်း၍ လမ်းကြံ့ခိုင်မှုကို မြှင့်တင်နေမှုနှင့် မိုင်တိုင် အမှတ် (၁၉၇/၅) ရှိ မီးရထား လမ်းကျော် တံတား အခြေအနေ တို့ကို ကြည့်ရှု စစ်ဆေးပြီး တံတားများအား အမြန် လမ်းမကြီး၏ မူလစီမံကိန်း ရည်မှန်းချက် ပါအတိုင်း (၈) လမ်းသွား တံတားများ အဖြစ် တိုးချဲ့တည်ဆောက် သွားရန်၊ အမြန် လမ်းမကြီး အားလက်ရှိ (၄) လမ်းသွားမှ (၆) လမ်းသွားအဖြစ် စတင်တိုးချဲ့ရန်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ တိုင်းတာချက် များအရ ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး၏ (၆)ရာခိုင်နှုန်းကို အမြန်ပြုပြင် သွားရန်၊ လမ်းမကြီးပေါ်တွင် ယာဉ် မတော်တဆ မှုများ ဖြစ်ပွားမှု များအရ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်၏ ချို့ယွင်းမှု၊ လမ်း၏ချို့ယွင်းမှုနှင့် ရာသီဥတုတို့ ကြောင့်ဖြစ်ရာ ယာဉ်မတော်တဆ မှုများ ဖြစ်ပွားမှု လျော့နည်းရေး အတွက် အသိပညာပေး လုပ်ငန်းများ ပိုမိုဆောင်ရွက် သွားရန်နှင့် လမ်း၊ တံတားများ ကြံ့ခိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး တို့အတွက် စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက် သွားရန်မှာ ကြားခဲ့သည်။

MOI Webportal Myanmar 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး အတိုင်း ထွက်ခွာလာပြီး အမြန် လမ်းမကြီး တစ်လျှောက် လမ်း၊ တံတားများ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မိုင်တိုင် အမှတ် (၁၁၉/၂) ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးအား ပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့် မြှင့်တင်

AFC CHALLENGE CUP 2014 ပြိုင်ပွဲတွင် ပွဲဦးထွက်အနိုင်ခဲ့တဲ့ မြန်မာ

Photo: AFC CHALLENGE CUP 2014 ပြိုင်ပွဲတွင် ပွဲဦးထွက်အနိုင်ခဲ့တဲ့ မြန်မာ
Tuesday, May 20, 2014

မော်ဒိုက်နိုင်ငံတွင် ကျင်းပလျှက်ရှိသည့် AFC CHALLENGE CUP 2014 ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် မော်ဒိုက် နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပွဲအပြီးတွင် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲကစားချိန် ၂၂ မိနစ် မှာမြန်မာအသင်းမှ သိန်းဇော်မှ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရပြီး လက်ကျန်မိနစ်များကို မြန်မာအသင်းမှ (၁၀)ယောက်တည်းဖြင့် ကြိုးစားကစားခဲ့ရသည်။ ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အ၀ါကတ်များစွာပြသခဲ့ရသည်ကို မြင်တွေ့ရသည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ကျော်ကိုကို မှအဖွင့်ဂိုးအဖြစ် ပွဲချိန် ၃၈ မိနစ်၊ ငြိမ်းချမ်းအောင်က ပွဲကစားချိန် ၄၅ မိနစ် နှင့် နောက်ဆုံးအနိုင်ဂိုးကို ကျော်ကိုကိုမှ ပွဲချိန် ၉၀ + ၅ မိနစ် တို့မှာသွင်းယူနိုင်ခဲ့သည်။ အိမ်ရှင်မော်ဒိုက်အသင်းသည် ဒုတိယပိုင်းမှာ ချေပဂိုးများ ရရှိရေး ကြိုးပမ်းကစားသော်လည်း ချေပဂိုး နှစ်ဂိုးသာပြန်လည်သွင်းနိုင်သဖြင့် ပွဲဦးထွက်ရှုံးနိမ့်ခဲ့ရသည်။ မြန်မာအသင်းသည် ယနေ့ပွဲစဉ်အနိုင်ကြောင့် တစ်ဖက်ပွဲစဉ်မှာ နိုင်ခဲ့တဲ့ ပါလက်စတိုင်းအသင်းနဲ့ အမှတ်တူသော်လည်း ဂိုးသွင်းကွာခြားမှုအသာဖြင့် အုပ်စုပထမနေရာမှ ရပ်တည်နေကြောင်းသိရသည်။ လာမည့် မေလ (၂၁) ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ခွဲတွင် ပါလက်စတိုင်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိမှာမော်ဒိုက်က ကမ္ဘာ့အဆင့် ၁၅၃ မြန်မာက ၁၇၃ ပါ မြန်မာထက် ၂၀ သာပါတယ် အုပ်စုမှာအတောင့်ဆုံးလို့ သတ်မှတ်လို့ရပြီး မြန်မာအသင်းဆီးမီးဖိုင်နယ်အတွက် မျှော်လင့်ချက် အားကောင်းနေပါတယ်။။။

မိုးတိမ်

Football Café 
 မော်ဒိုက်နိုင်ငံတွင် ကျင်းပလျှက်ရှိသည့် AFC CHALLENGE CUP 2014 ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် မော်ဒိုက် နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပွဲအပြီးတွင် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲကစားချိန် ၂၂ မိနစ် မှာမြန်မာအသင်းမှ သိန်းဇော်မှ နှစ်ဝါ တစ်နီဖြင့် ထွက်ခဲ့ရပြီး လက်ကျန်မိနစ်များကို မြန်မာအသင်းမှ (၁၀)ယောက်တည်းဖြင့် ကြိုးစားကစားခဲ့ ရသည်။ ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အ၀ါကတ်များစွာပြသခဲ့ရသည်ကို မြင်တွေ့ ရသည်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးများကို ကျော်ကိုကို မှအဖွင့်ဂိုးအဖြစ် ပွဲချိန် ၃၈ မိနစ်၊ ငြိမ်းချမ်းအောင်က

အိမ်ထောင်ရှိအမျိုးသမီးအား တရုတ်ထံရောင်းစားသူများကို ဖမ်းဆီး

မကွေး၊ မဇ္ဈိမ။ ။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့က ခေါ်ဆောင်၍ ရောင်းစားခဲ့သူ ဝေဖြိုးနှင့် စန်းစန်းအေးတို့ကို မကွေး၊ မြို့သစ်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေး နေသည်ဟု မြို့သစ် မြို့မရဲစခန်းက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကတည်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့မရဲစခန်းတွင် ရောင်းစားခံရသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက လူပျောက်မှုဖြင့် တိုင်တန်းခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။