Thursday, September 11, 2014

ISIS ကို လုပ်ငန်းစဉ် ၄ ရပ်ပါ မဟာဗျုဟာဖြင့် နှိမ်နင်းမည်ဟု အိုဘာမားပြော

အမေရိကန်သမ္မတအိုဘားမားက ISIS အစ္စလာမ့်နိုင်ငံတော် အီရတ်-ဆီးရီးယားအဖွဲ့အား လုပ်ငန်းစဉ် ၄ ရပ်ပါ မဟာဗျုဟာဖြင့် နှိမ်နှင်းမည်ကြောင်း စက်တင်ဘာ ၁၀ရက် ညက အိမ်ဖြူတော်၌ မိန်ခွန့်ပြောကြားခဲ့သည်။
ပထမအနေနှင့် အကြမ်းဖက်သမားများအား လေကြောင်းမှ စနစ်တကျတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအနေနှင့် အကြမ်းဖက်သမားများနှင့် မြေပြင်ပေါ်တွင် ရင်ဆိုင်တိုက်ပွဲဝင်နေသော တပ်ဖွဲ့များအား ကူညီထောက်ပံ့မှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယအနေနှင့် မိတ်ဆွေနိုင်ငံများနှင့် အတူပူးပေါင်ပြီး အကြမ်းဖက်အဖွဲ့၏ ၀င်ငွေလမ်းကြောင်းများအား ဖြတ်တောက်ခြင်း ၊ ထောက်လှမ်းရေးလုပ်ငန်းအား ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု ဦးသိန်းစိန်ပြော

ရိုဟင်ဂျာ, ဘင်္ဂါလီ, သမ္မတ ဦးသိန်းစိန်
ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု သမ္မတ ဦးသိန်းစိန် က ဥရောပသို့ ရောက် ရှိနေစဉ် ပြောကြားကြောင်း သိရသည်။
ဦးသိန်းစိန် က တတိယ အကြိမ်မြောက် ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း နယ်သာလန် နိုင်ငံသို့ ရောက်ရှိစဉ် နယ်သာလန် အစိုးရ က ရိုဟင်ဂျာအမည် ခေါ်ဆို အသုံးပြုရန် အကြံပြုချက်ကိုလည်း လက်မခံကြောင်း၊ ဘင်္ဂါလီဟုသာ သုံးနှုန်းပြီး ဥပဒေနှင့် ကိုက်ညီပါက ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုနိုင် မည်ဟု ပြောကြားကြောင်း တို့ကို နယ်သာလန် အခြေစိုက် Nieuws.nl သတင်း တွင် ရေးသားထားသည်။
နယ်သာလန် ပါလီမန် အမတ် တဦးက ဦးသိန်းစိန်အား ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို စက်တင်ဘာ ၉ ရက်နေ့က ယင်း သတင်းတွင် ပြန်လည် ဖော်ပြထားခြင်း ဖြစ်သည်။

AFC U-19 အကြိုဗိုလ်လုပွဲယှဉ်ပြိုင်ကစား

Photo: AFC U-19 အကြိုဗိုလ်လုပွဲယှဉ်ပြိုင်ကစား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®

AFC U-19 အကြိုဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်ဗီယက်နမ်အသင်းက မြန်မာအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ ဗိုလ်လုပွဲတွင် ဂျပန်အသင်းနှင့် ထပ်မံတွေ့ဆုံကစားသွားရမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
AFC U-19 အကြိုဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ

အိမ်ရှင်ပရိသတ်ရှေ့မှောက်တွင်ဗီယက်နမ်ကိုထပ်မံအနိုင်ယူရန် ခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉အသင်း နည်းပြဖရိုင်းဒရစ်ပြော

AFF NUTIFOOD U19 CUP 2014ပြိုင်ပွဲဆီမီးဖိုင်နယ်အဖြစ်ယနေ့ စက်တင်ဘာ(၁၁)ရက်၊ညနေ ၆နာရီ၄၅မိနစ်တွင် မြန်မာယူ-၁၉အသင်းသည် ဗီယက်နမ်ယူ-၁၉အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင်အိမ်ရှင်ဗီယက်နမ်အသင်းကိုအနိုင်ရရန်ခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျကပြောလိုက်သည်။
မြန်မာယူ-၁၉အသင်းနှင့်ဗီယက်နမ်ယူ-၁၉အသင်းတို့သည်ပြီးခဲ့သည့်လက ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ကြပြီး မြန်မာအသင်းက(၄-၃)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ယခုတစ်ဖန် ဒေသတွင်းပြိုင်ပွဲ ဆီမီး အဆင့်တွင်ထပ်မံ တွေ့ဆုံလာခြင်းဖြစ်သည်။
ယခုဗီယက်နမ်နှင့်ပွဲစဉ်အတွက် မြန်မာယူ-၁၉အသင်းနည်းပြဖရိုင်းဒရစ်ခ်ျက”အိမ်ရှင်ဗီယက်နမ်မှာလျင်မြန်မှုကောင်းပြီးအရည်အသွေးကောင်းတွေရှိတဲ့ကစားသမားတွေပါဝင်နေတယ်။သူတို့ဟာနည်းပြနဲ့အတူအချိန်ကြာ ကြီးလက်တွဲလေ့ကျင့်ထားခဲ့ကြပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်စိတ်လှုပ်ရှား မိပါတယ်”ဟုပြောကြားခဲ့ သည်။
မြန်မာယူ၁၉အသင်းအနေဖြင့်ယခင်လကဗီယက်နမ်ကိုအနိုင်ယူဗိုလ်စွဲထားခဲ့သော်လည်းအိမ်ရှင်ပရိသတ်ရှေ့မှောက်တွင်ထပ်မံအနိုင်ယူရန်မှာမလွယ်ကူကြောင်း

ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မနစ်မြုပ်ဟု သုတေသီများပြော


ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ နစ်မြှုပ်နေတာ မဟုတ်ဘူးလို့ သမိုင်းပညာရှင်တွေ၊ သမိုင်းသုတေသီတွေက ဒီဗွီဘီကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နှင့် အိန္ဒိယ ပြေး ဆွဲ မည့် ကျည် ဆန် ရ ထား မြန် မာ နိုင် ငံ ကို ဖြတ်သန်းရန် စီစဉ်ထား …..

Photo: တရုတ်နှင့် အိန္ဒိယ ပြေး ဆွဲ မည့် ကျည် ဆန် ရ ထား မြန် မာ နိုင် ငံ ကို ဖြတ်သန်းရန် စီစဉ်ထား …..

ရန်ကုန် စက်တင်ဘာ ၁၁

တရုတ်- အိန္ဒိယ နှစ်နိုင်ငံ ကျည်ဆန်ရထား ပြေးဆွဲရန် စီစဉ်ရာတွင် မြန်မာနိုင်ငံအား ဖြတ်သန်း ဖောက်လုပ် ပြေးဆွဲရန် စီစဉ် ထားရှိကြောင်း အိန္ဒိယနိုင်ငံ ခြေစိုက် Ta Taကုမ္ပဏီမှ တာဝန်ရှိသူ Mr.Vinayak Deshpande က ပြောကြားသည်။

လက်ရှိတွင် တရုတ်ကျည်ဆန် ရထား ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ အတွင်း၌ အမြန်ရထား စီမံကိန်း ငါးခုအတွက် Ta Ta ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေး လျက် ရှိနေကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ အစိုးရ အချင်းချင်း သဘောတူညီရေးပါ ပါဝင်ပြီး အဆိုပါ စီမံကိန်း ငါးခုထဲတွင် တရုတ်နှင့် အိန္ဒိယကို ဆက်သွယ်မည့် ကျည်ဆန်ရထား ကဲ့သို့သော စီမံကိန်း တစ်ခု၌ ကြားခံ နိုင်ငံဖြစ်သော မြန်မာနိုင်ငံအား ဖြတ်သန်းရန် စဉ်းစားထားကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အတွင်းရှိ Mumbai နှင့် Ahmedabadကို ကျည်ဆန်ရထား ပြေးဆွဲရေး အတွက် အစိုးရသစ်က စီစဉ်နေကြောင်း၊ ယင်းလုပ်ငန်းစဉ် များတွင် တရုတ် နိုင်ငံမှ ကျည်ဆန်ရထား ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ထားကြောင်း၊ ထို့အပြင် ဆက်စပ် သတင်းတစ်ခု အရ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနှင့် ကချင်ပြည်နယ် မြစ်ကြီးနား တို့ကို ဆက်သွယ်ထားသော အဓိက ရထားလမ်းပိုင်း အတွက် တရုတ် နိုင်ငံက EXIM ဘဏ်က ချေးငွေ ပေးအပ်မည် ဖြစ်ကြောင်း Ta Taကုမ္ပဏီမှ တာဝန် ရှိသူ Mr.Vinayak Deshpande၏ ပြောကြားချက်အရ သိရှိရသည်။

ရထားလမ်းပိုင်းများ တည်ဆောက်ရာတွင်လည်း တရုတ်နိုင်ငံ၏ နည်းပညာကို အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင်EXIM ဘဏ်မှ တာဝန်ရှိသူများသည် အဆင့်မြှင့်တင်မည့် လမ်းကြောင်း တစ်လျှောက်ကို ကွင်းဆင်း လေ့လာ မှုများ လုပ်နေကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

စိုးမိုး
တရုတ်- အိန္ဒိယ နှစ်နိုင်ငံ ကျည်ဆန်ရထား ပြေးဆွဲရန် စီစဉ်ရာတွင် မြန်မာနိုင်ငံ အား ဖြတ်သန်း ဖောက် လုပ် ပြေးဆွဲရန် စီစဉ် ထားရှိကြောင်း အိန္ဒိယနိုင်ငံ ခြေစိုက် Ta Taကုမ္ပဏီမှ တာဝန်ရှိသူ Mr.Vinayak Deshpande က ပြောကြားသည်။

လက်ရှိတွင် တရုတ်ကျည်ဆန် ရထား ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ အတွင်း၌ အမြန်ရထား စီမံကိန်း ငါးခုအတွက် Ta Ta ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆွေးနွေး လျက် ရှိနေကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ

ကေအိုင်အေ နှင့် ဘင်္ဂလီ

Photo: ကေအိုင်အေ နှင့် ဘင်္ဂလီ 

စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

ဒီအကြောင်းအရာကို ရေးရင်ကောင်းပါ့မလားလို့ စဉ်းစားခဲ့ရာက ဒီနေ့အထိတိုင်အောင်ပဲ ဖြစ်ပါတယ်။ဘာကြောင့် ဒီအကြောင်းအရာကို ရေးဖို့တွန့်ဆုတ်နေရသလဲဆိုရင် ဘင်္ဂလီ (ရိုဟင်ဂျာ) ဆိုတဲ့ sensitive issue ပါနေတာကြောင့်ပဲဖြစ် သည်။ဒီနေ့တော့ ကေအိုင်အေနဲ့ရိုဟင်ဂျာတွေ့ဆုံပြီးကချင်ပြည်နယ်မှာ ဘင်္ဂလီတပ်ဖွဲ့အခြေချဖို့ကို ဆွေးနွေးကြတဲ့ Vedio Clip ကိုတွေ့တော့ မိမိရဲ့အမြင်တစ်ခုကို သုံးသပ်တင်ပြလိုက်ပါသည်။  

KIA & ဘင်္ဂလီ အစိုးရသစ်တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘင်္ဂလီတွေဟာ လူ့အခွင့်အရေးအောက်မှာ တစ်စခန်း
ထလာကြပြန်ပါတယ်။အထူးသဖြင့် အစိုးရရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေကို တိုးဝင် လှိုက်စားလာကြပါ တယ်။အတည် မပြုနိုင်တဲ့သတင်းတစ်ရပ်အရဆိုလျှင် KIA အဖွဲ့မှာ ဘင်္ဂလီတပ်ဖွဲ့ဆိုပြီး သီးသန့်တည်ရှိတယ်လို့ဆိုပါသည်။ကေအိုင်အေမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းဖြစ်တဲ့ ဗိုလ်ကြီးဇော်မျိုးထက်ကို ခေါင်းဖြတ်သတ်ခဲ့တာဟာ ကေအိုင်အေအဖွဲ့က ဘင်္ဂလီတပ်ဖွဲ့ ကဖြစ်တယ်လို့ ကေအိုင်အေနဲ့နီးစပ်တဲ့ အသိုင်းအ၀န်းကဆိုပါတယ်။အကြောင်းအရာအားလုံးဆက်စပ်ကြည့်မည်ဆို လျှင် ကေအိုင်အေမှ သန်းခေါင်းစာရင်း ဘာကြောင့် အကောက်မလဲ ဆိုတာ တွေးဆနိုင်သည်။အခုလည်း ဘင်္ဂလီတွေက ကချင်နယ် ထဲမှာသူတို့လည်းတပ်မတော်ထူထောင်ချင်ပါတယ် သူတို့တပ်ဖွဲ့တွေအတွက် သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးဖို့ကို ကေအိုင်အေက ဗိုလ်မှူးကြီး ဂျိမ်းစ်နဲ့ ဆွေးနွေးတဲ့ Vedio Clip မှာ တောင်းဆိုထားပါတယ်။  

ကေအိုင်အေ ဟာ လတ်တလောမှာ အစိုးရရဲ့ အတိုက်အခံအဖွဲ့အစည်းသဖွယ်ရပ်တည် နေတာအားလုံးအသိပဲဖြစ်ပါ တယ်။ ထိုအဖွဲ့အစည်းထဲမှာပင် ဘင်္ဂလီများ အထောက်အပံ့တွေပေးကာထဲထဲဝင်ဝင် ခြေကုပ်ရယူနေတာကို တွေ့ရပါတယ်။ ကိုယ့် အချင်းချင်း မညီညွတ်မှုကနေ ဘင်္ဂလီတွေက ကြားနေအမြတ်ထုတ်ဖို့အခွင့်အခါကိုစောင့်နေတာ ပဲဖြစ်ပါတယ်။ ဘင်္ဂလီ တွေဟာ တဖြေးဖြေးနဲ့ ရခိုင်၊ဘူးသီးတောင် မောင်တောပါမက ကချင်ပြည်နယ်ထဲကို စိမ့်ဝင်နေပါတယ်။ ဒါကို ကေအိုင်အေ တပ်ဖွဲ့တွေကကာဗာပေးထားတာပဲဖြစ်ပါတယ်။တကယ်ဆို ဒါဟာ မြွေပွေးကို ခါးပိုက်ပိုက်ရတဲ့ မဟာ စွန့်စားခြင်းပါ။

ကချင်လူမျိုးတွေအနေနဲ့ဘင်္ဂလီတွေကိုလက်သင့်မခံပဲအနာဂတ်ကချင်ပြည်နယ်အတွက်ကန့်ကွက်ကြဖို့လိုပါတယ်။ 

Credit: စိုင်းအောင်ဆက်
ဒီအကြောင်းအရာကို ရေးရင်ကောင်းပါ့မလားလို့ စဉ်းစားခဲ့ရာက ဒီနေ့အထိတိုင်အောင်ပဲ ဖြစ် ပါတယ်။ဘာကြောင့် ဒီအကြောင်းအရာကို ရေးဖို့တွန့်ဆုတ်နေရသလဲဆိုရင် ဘင်္ဂလီ (ရိုဟင်ဂျာ) ဆိုတဲ့ sensitive issue ပါနေတာကြောင့်ပဲဖြစ် သည်။ဒီနေ့တော့ ကေအိုင်အေနဲ့ရိုဟင်ဂျာတွေ့ ဆုံပြီးကချင်ပြည်နယ်မှာ ဘင်္ဂလီတပ်ဖွဲ့အခြေချဖို့ကို ဆွေးနွေးကြတဲ့ Vedio Clip ကိုတွေ့တော့ မိမိရဲ့အမြင်တစ်ခုကို သုံးသပ်တင်ပြလိုက်ပါသည်။

ခြေလက် တစ်စုံစီ ပိုပါလာသော ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့

Photo: ခြေလက် တစ်စုံစီ ပိုပါလာသော ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့

ကမ်ပါလာ စက်တင်ဘာ ၁၁

ယူဂန်ဒါ နိုင်ငံတွင် လက်လေးချောင်း၊ ခြေလေးချောင်းနှင့် မွေးဖွား လာသော ကလေးငယ်တစ်ဦး၏ ပိုနေသော လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းကို မူလာဂို ဆေးရုံရှိ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသ ဖယ်ရှားနိုင် ခဲ့ကြောင်း ဒေါက်တာ နက်ဆာကာ ကမ်ဘိုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ နာဘီဂင်ဂို ကျေးရွာမှ မာဂရက် အဝီနိုနှင့် ဘိုနီဖေ့စ် အိုကွန်ဂို အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ပေါလ်မူကီဆာဟု အမည်ပေးထားသော လက်လေး ချောင်း၊ ခြေလေးချောင်းနှင့် ယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ပြီး သုံးလသား အရွယ်တွင် ခွဲစိတ်ကုသ မှုပြုလုပ်ရန် ဒေသတွင်းရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်ခဲ့ ကြောင်း၊ သို့သော်လည်း ၎င်းဆေးရုံတွင် ကျွမ်းကျင်သော ခွဲစိတ်ကု ဆရာဝန် မရှိသောကြောင့် ကမ်ပါလာမြို့ရှိ မူလာဂို ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းဌာန က ပြောကြားခဲ့သည်။

ထို့နောက် ယင်းဆေးရုံရှိ ဒေါက်တာ ဂျွန်ဆီ ကာဘီရာ ဦးဆောင်သော ခွဲစိတ်ကု ဆရာဝန်များ အဖွဲ့သည် မူကီဆာ၏ ပိုနေသော ခြေလက်အင်္ဂါ လေးချောင်းကို ဖယ်ရှား နိုင်ခဲ့ရုံသာမက နေရာမှားယွင်း တည်ရှိနေသော နှ လုံးနှင့် အဆုတ် ကိုလည်း ပုံမှန်အတိုင်း ပြန်လည်ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့သည်။

ဆရာဝန် များသည် အဆိုပါ ခွဲစိတ်ကုသမှုကို သုံးနာရီကြာ လုပ်ဆောင်ခဲ့ရကြောင်း၊ ခွဲ စိတ်ကုသမှုပြီးနောက် ပေါလ်အား အဆိုပါ ဆေးရုံတွင် သုံးလကြာ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ တွင် ပေါလ်သည် ပြန်လည် ကောင်းမွန်လာပြီဖြစ် သောကြောင့်ဆေးရုံမှ ဆင်းခွင့် ရခဲ့ပြီဖြစ်ကြောင်း CNNသတင်း ဌာန၏ ပြောကြားချက်အရ သိရသည်။
 ယူဂန်ဒါ နိုင်ငံတွင် လက်လေးချောင်း၊ ခြေလေးချောင်းနှင့် မွေးဖွား လာသော ကလေးငယ်တစ်ဦး၏ ပိုနေသော လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းကို မူလာဂို ဆေးရုံရှိ ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသ ဖယ်ရှားနိုင် ခဲ့ကြောင်း ဒေါက်တာ နက်ဆာကာ ကမ်ဘိုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ နာဘီဂင်ဂို ကျေးရွာမှ မာဂရက် အဝီနိုနှင့် ဘိုနီဖေ့စ် အိုကွန်ဂို အမည်ရှိ ဇနီးမောင်နှံ နှစ်ဦးသည် ပေါလ်မူကီဆာဟု အမည်ပေးထားသော လက်လေး ချောင်း၊ ခြေလေးချောင်းနှင့် ယောက်ျားလေး တစ်ဦးကို မွေးဖွားခဲ့ပြီး သုံးလသား အရွယ်တွင် ခွဲစိတ်ကုသ မှုပြုလုပ်ရန် ဒေသတွင်းရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်ခဲ့ ကြောင်း၊ သို့သော်လည်း

မြန်မာ U-19 အသင်းနှင့် ဗီယက်နမ် U-19 အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်အား စက်တင်ဘာလ (၁၁) ရက် ညနေ (၆း၃၀) တွင် တိုက်ရိုက်ထုတ်လွှင့်မည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာလ (၁၁)ရက် ဒီကနေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင်

အစ်မ မရှိစဉ် ခယ်အိုဖြစ်သူမှ ခယ်မအား သားမယားအဖြစ်ပြုကျင့်

Photo: အစ်မ မရှိစဉ် ခယ်အိုဖြစ်သူမှ ခယ်မအား သားမယားအဖြစ်ပြုကျင့်

စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

၉၊ ၀၉၊၂၀၁၄နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၅၆ ကီလို ကွာဝေးသော နခေါပုထုန် မြို့နယ်အပိုင် ဆမ်ဖလန်း ရပ်ကွက်ရှိ ပလတ်စတစ်ရုံတွင် အလုပ် လုပ်နေသော အလုပ်သမငယ်လေး တစ်ဦးအား ခယ်အိုဖြစ်သူမှ အလိုမတူ သားမယား အဖြစ်ပြုကျင့်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။

အခင်းဖြစ်စဉ်မှာ  အသက် ၁၇ နှစ်အရွယ်ရှိ မဇာသည် ပလစ်စတစ်စက်ရုံတွင် ညပိုင်းအလုပ် လုပ်ကိုင်သူ ဖြစ်သောကြောင့် နေ့လည်တွင် အခန်းသို့ပြန်လည် အနားယူရာတွင် အခင်းဖြစ်ပွားသည့် နေ့လည် ၁နာရီအချိန်၌ ခယ်အိုဖြစ်သူ အလုပ်လုပ်နေသော သစ်စက်ရုံမှ အခန်းသို့ ပြန်လာခဲ့ပြီး  အခန်း၌ အိပ်ပျော်နေသည့် ခယ်မ၏ ပါးစပ်ကို အဝတ်ဖြင့် ပိတ်ကာ အဓမ္မပြုကျင့်ခဲ့ပါသည်။

ထို့နောက် မိန်းခလေးမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်  မိမိအလုပ်လုပ်သည့် ပလက်စတစ်စက်ရုံသို့ပြန်ပြေးရာ လမ်းခုလတ်တွင် မြန်မာအလုပ်သမား တစ်ယောက်နှင့် တွေ့ ဆုံရာမှ ဖြစ်စဉ်ကို ပြောဆိုအကူညီတောင်းရာ အဆိုပါ အလုပ်သမားမှ  MATအဖွဲ့သို့ ဆက်သွယ် အကြောင်းကြား အကူညီတောင်းခံလာ ခဲ့သည်။

ထို့နောက် MATမှ ဖြစ်စဉ်ဖြစ်ရပ် အချက်အလက်များကို စုစည်းပြီးနောက် ရဲစခန်းသို့ တင်ပြခဲ့ရာ ဆမ်ဖလန်းရဲစခန်းမှ ကားနှစ်စီးဖြင့် အခင်ဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးရာ ခယ်မအားအလိုမတူသားမယားအဖြစ်ပြုကျင့်သည့် ခယ်အိုဖြစ်သူမှာ အိမ်ခန်းကို တံခါးသော့ပိတ်ပြီး ထွက်ပြေးသွားသည်ပာုသိရသည်။

နယ်မြေရဲစခန်းမှ  အလိုမတူမိန်းခလေးအား သားမယားအဖြစ် ပြုစဉ်အချိန်တွင် ဝတ်ဆင်ထားသော အဝတ်စားများကို စစ်ဆေးရန် အတွက်အပ်နှံထားပြီး မိန်းခလေး အား ဆန်ဖလန်းဆေးရုံတွင် စစ်ဆေးရန် MAT မှ ပို့ဆောင်ပေးခဲ့ပြီး MATမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 ကာယကံရှင်၏ အမှုဖွင့် တိုင်ကြားချက်အရ ဆမ်ဖလန်းရဲစခန်းမှ တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စာရေးသူ ကို စောမောင်
ရွှေလုပ်သား

သစ်ထူးလွင်
 ၉၊ ၀၉၊၂၀၁၄နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၅၆ ကီလို ကွာဝေးသော နခေါပုထုန် မြို့နယ်အပိုင် ဆမ်ဖလန်း ရပ်ကွက်ရှိ ပလတ်စတစ်ရုံတွင် အလုပ် လုပ်နေသော အလုပ်သမငယ်လေး တစ်ဦးအား ခယ်အိုဖြစ်သူမှ အလိုမတူ သားမယား အဖြစ်ပြုကျင့်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။

အခင်းဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ်ရှိ မဇာသည် ပလစ်စတစ်စက်ရုံတွင် ညပိုင်းအလုပ် လုပ်ကိုင်သူ ဖြစ်သောကြောင့် နေ့လည်တွင် အခန်းသို့ပြန်လည် အနားယူရာတွင် အခင်းဖြစ်ပွားသည့် နေ့လည် ၁နာရီအချိန်၌ ခယ်အိုဖြစ်သူ အလုပ်လုပ်နေသော သစ်စက်ရုံမှ အခန်းသို့ ပြန်လာခဲ့ပြီး အခန်း၌ အိပ်ပျော်နေသည့် ခယ်မ၏ ပါးစပ်ကို အဝတ်ဖြင့် ပိတ်ကာ အဓမ္မပြုကျင့်ခဲ့ပါသည်။

စစ်တွေတွင် ပုဒ်မ ၁၄၄ စက်တင်ဘာ ၁၁ ရက်ရုပ်သိမ်းမည်


၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့၌ ထုတ်ပြန်ခဲ့သည့်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ကို စက်တင်ဘာ ၁၁ ရက်တွင် ပြန် လည်ရုပ်သိမ်းတော့မည်ဟု ပြည် နယ်အစိုးရအဖွဲ့မှ သတင်းရရှိ သည်။
စစ်တွေမြို့တွင် ပဋိပက္ခဖြစ် စဉ်များကြောင့် ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ကာ ကြည့်ကာ ညမထွက်ရအချိန်ကို တဖြည်း ဖြည်း လျှော့ချပေးခဲ့သည်။ ယခုအခါ ဒေသဆိုင်ရာ အဖွဲ့အစည်း များ စနစ်တကျထိန်းသိမ်းကြပ် မတ်နိုင်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ဖြန့်ခွဲနေရာချ ဆောင်ရွက် ထားရှိမှုတို့ကြောင့် ပိုမိုတည် ငြိမ်အေးချမ်းလာ၍ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းခြင်းမှာ သင့် လျော်သည့် လုပ်ရပ်တစ်ခုဖြစ် ကြောင်း စစ်တွေမြို့ခံများကပြော သည်။

ဤ Post လေးကို Share ၍ လည်း ကုသိုလ်ပါဝင်နိုင်ပါသည်.....

ရန်ကုန်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အဆင့်မြင့်ဖောက်ခွဲရေးပစ္စည်းရှာဖွေစက်များ တပ်ဆင်

ရန်ကုန်လေဆိပ် စတင်တည် ဆောက်ချိန်မှ နှစ်ပေါင်း ၆ဝကျော် အတွင်း ပထမဆုံးအကြိမ်အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်း ရှာဖွေစက်များ တပ်ဆင်ကာ လေဆိပ်လုံခြုံရေး တိုး မြှင့်လိုက်ကြောင်း သိရသည်။

''ဖောက်ခွဲရေးပစ္စည်းများ ရှာ ဖွေဖော်ထုတ်ရေးကိရိယာ (ETDS) လို့ခေါ်ပါတယ်။ အရင်လို သာမန်ဖောက် ခွဲရေးရှာတဲ့ ပစ္စည်းတွေထက် နည်း ပညာပိုမြင့်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်မှူးဦးကျော်စိုး ကပြောသည်။

“ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး”

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ်

မြန်မာနိုင်ငံအား ဂျီဟတ် ဆင်နွှဲမည်ဟု ဆိုခြင်းကို ပြည်တွင်း မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက် ကန့်ကွက်

  အကြမ်းဖက် လုပ်ငန်းများကို လုပ်ကိုင် နေသော အယ်လ်ခိုင်ဒါ အဖွဲ့က မြန်မာနိုင်ငံကို ဂျီဟတ် ဆင်နွှဲမည်ဟု ကြေညာခင်းကို  ပြည်တွင်းရှိ  မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက်မှ ကန့်ကွက်ခဲ့သည်။
                     အိန္ဒိယနိုင်ငံ အယ်ခိုင်ဒါအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာ အပါအ၀င် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကို ပစ်မှတ် ထားကြောင်း၊ အယ်လ်ခိုင်ဒါ ခေါင်းဆောင် အယ်လ်ဇာဝါ ဟီရီက ပြောကြားသည့် ဗီဒီယို ထွက်ပေါ် လာပြီး နောက်တွင် မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်များစု ပေါင်းကာ ကန့်ကွက်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ယင်းကွန်ရက် တာဝန်ခံ တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း လွှတ်တော် ထပ်မံတင်သွင်းမည်

Photo: အမျိုးသားပညာရေး ဥပဒေမူကြမ်း လွှတ်တော် ထပ်မံတင်သွင်းမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော်လည်း မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၏ အကြံပြုချက်များ လက်ခံဆွေးနွေးရန် အပါအဝင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယင်းသို့ ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံတင်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဥပဒေကြမ်းကို ကန့်ကွက်နေတဲ့သူတွေ အားလုံးလည်း ဒီနေ့ လွှတ်တော် တင်တာကို စောင့်ကြည့်သင့်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ အမျိုးသားပညာရေး ဥပဒေ မူကြမ်းအပြင် နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ပြန်လည်ပေးပို့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက်ကိုးချက်ပါ ကြေညာချက်ကို သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လအတွင်း အတည်ပြုထားသည့် ဥပဒေကြမ်းတွင် လူတိုင်းအကျုံးဝင်သော ပညာရေးနှင့် ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေး ကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ဆောင်ရွက်မည် ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးအစား အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည် ဆိုသော်လည်း အထက်မှအောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှု ပုံစံမျိုး ဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး မြန်မာနိုင်ငံ မြို့ကြီးအချို့ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက အတည်ပြုထားသော ဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲရန် ဆန္ဒထုတ်ဖော် တောင်းဆိုလျက် ရှိသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော်လည်း မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၏ အကြံပြုချက်များ လက်ခံဆွေးနွေးရန် အပါအဝင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော

ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ်

မီးသွေးမြေသြဇာ

မီးသွေးမြေသြဇာ အသုံးပြုလာခြင်း ( charcoal Fertilizer)

မီးသွေးဟုဆိုရာတွင် သစ်တောမှ သစ်ပင်များ ခုတ်ထွင်ပြီး ဖုတ်၍ ရရှိသော မီးသွေးအပြင် လယ်ယာသီးနှံများ စွန့်ပစ်မှုမှ ရရှိသော အပင်အကြွင်းအကျန်များ၊ အပင်များခုတ်ယူရာတွင် စွန့်ပစ်သော အကိုင်းအခက်များအား ဖုတ်၍ရရှိသော မီးသွေးများ ပါဝင်သည်။ သစ်တောခုတ်ထွင်ရန်မလိုဘဲ အပင်အကြွင်းအကျန်ဖြင့် မီးသွေးဖုတ်ယူရပါသဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သက်သာစေသည့်အပြင် သစ်တောဖြုန်းတီးမှုလည်း မဖြစ်စေရပါ။

ခေါင်းလောင်းရှာဖွေသည့်အဖွဲ့ကို စိစစ်ရန်လိုပြီဟု မွန်သုတေသနအသင်း ဝေဖန်



ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ မြစ်ဆုံဝန်းကျင်ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကို ခွင့်ပြုချက်ပေး ထားသော ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘တိုင်းအစိုးရ အားနည်းချက် ဖြစ်တယ်။ မရေရာတဲ့ကိစ္စကို ခွင့် ပြုတာ၊ ဘာလို့ခွင့်ပြုတာလဲ၊

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေး ဒေသတွင်းနိုင်ငံများ ထောက်ခံမှု ရရှိ

ဂျွန်ကယ်ရီနှင့် အီရတ်ဝန်ကြီးချုပ်သစ်
အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အိုင်အက်စ် အကြမ်းဖက်မှုတွေ ကင်ဆာရောဂါလို ပြန့်ပွားနေတာ ကမ္ဘာက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဘဂ္ဂဒက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
ဂျွန်ကယ်ရီနှင့် အီရတ်ဝန်ကြီးချုပ်သစ်
အိုင်အက်စ်အဖွဲ့ရဲ့ ရန်ဟာ လက်ရှိ အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ တခုတည်းနဲ့ အကြီးဆုံး အန္တရာယ် လို့ ဂျွန်ကယ်ရီက ဆိုပါတယ်။
အိုင်အက်စ်တွေ ကို နှိမ်နင်းရေး နိုင်ငံတကာအစီအစဉ် တခုရှိမှာ ဖြစ်ပေမယ့် အီရတ်အစိုးရသစ်က အဓိကအကျဆုံးဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဂျွန်ကယ်ရီဟာ ကြိုတင်ကြေညာခြင်းမရှိပဲ အရှေ့အလယ်ပိုင်းခရီးစဉ် စတင်ခဲ့ပြီး ဘဂ္ဂဒက်မြို့ကို အရင်ဆုံး သွားရောက်တာပါ။

မန္တလေးမြို့တွင် ရှစ်လအတွင်း အကြွေစေ့ဂိမ်းစက်များဖြင့် လောင်းကစားသူ ၁၇၀ ကျော် ဖမ်းဆီး

မန္တလေးမြို့တွင် ရှစ်လ တာကာလအတွင်း  အကြွေစေ့ ဂိမ်းစက်များဖြင့် ငွေပမာဏများ စွာ အသုံးပြုကာ လောင်းကစား ပြုလုပ်သူ ၁၇၀ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော သည်။
ဇန်န၀ါရီလဆန်းမှ သြဂုတ် လဆန်းပိုင်းအထိ မန္တလေးမြို့ပေါ် ရှိ အကြွေစေ့စက်ဂိမ်းဆိုင်များ တွင် ငါးပစ်ဂိမ်း၊ ပန်းသီးဂိမ်းက စားနည်းများကို   လောင်းကြေး ငွေပမာဏများစွာဖြင့်  လောင်း ကစားပြုလုပ်သူ ၁၇၉ ဦးကို ဖမ်း ဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ ပြောသည်။

ဂိမ်းဆိုင်များတွင် အပျော် တမ်းကစားခြင်းမဟုတ်ဘဲ လောင်းကြေးငွေများဖြင့် ကစားခြင်း၊

မြန်မာ့လုံခြုံရေးကို အထောက်အကူ မပေးရန် အမေရိကန် အောက်လွှတ်တော် ကြိုးပမ်းမှု မစိုးရိမ်ဟု သမ္မတရုံး တုံ့ပြန်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အရာမထင်ဟုဆိုကာ မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုံခြုံရေးဆိုင်ရာ အကူအညီများ ကန့်သတ်ပိတ်ပင်ရန် အမေရိကန် အောက်လွှတ်တော်က ကြိုးပမ်းနေမှုကို မစိုးရိမ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောဆိုသည်။

အမေရိကန် အောက်လွှတ်တော်မှ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Mr. Steve Chabot နှင့် ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ်တစ်ဦးပင် ဖြစ်သူ Mr. Joe Crowley တို့က ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက် ဥပဒေမူကြမ်းကို စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံခြားရေး ဆပ်ကော်မတီတွင် ဆွေးနွေး၍ ယင်းသို့ ကန့်သတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

Mr. Chabot မှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီမှ ဖြစ်ပြီး Mr. Cowley မှာလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘော အားနည်းသူ ဖြစ်ကြောင်း၊ အခြားအကြောင်း တစ်ရပ်မှာ အမေရိကန်

အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲ ပထမသုံးဆု မြန်မာတို့ ဆွတ်ခူး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမ ဒုတိယ နဲ့ တတိယ ဆု သုံးဆုစလုံးကို ဆွတ်ခူးရရှိလိုက်ပါတယ်။

ဒါရိုက်တာ လင်းထက်မော်နဲ့အဖွဲ့က ပါဝင်ယှဉ်ပြိုင်တဲ့ Don’t let the Creativity Fall” (တ်ီထွင်ဖန်တီးမှု မကျဆင်းပါစေနဲ့ ) ဆိုတဲ့ ကာတွန်းဇာတ်ကားတိုက ပထမဆု ဆွတ်ခူးရရှိပြီး၊ မြန်မာနိုင်ငံကပဲ Neutron Animation Group က တင်သွင်းတဲ့ “Beyond The Protection” (ကာကွယ်မှုရဲ့ တစ်ဖက်မှာ) ဆိုတဲ့ ကာတွန်း ဇာတ်ကားတိုက ဒုတိယရရှိသွားပါတယ်။
ဒါရိုက်တာ လင်းထက်မော်ရဲ့ ကာတွန်းဇာတ်ကားတိုမှာ တ်ီထွင်ဖန်တီးမှုဆိုတာ သစ်ပင်တစ်ပင်နဲ့ အလားသဏ္ဍန်တူတယ်ဆိုတဲ့ စိတ်ကူးအယူအဆကို ဖေါ်ပြထားတာပါ။

မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာသိမ်း ကိစ္စရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ် ကျခံနေရတာတွေဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အာအက်ဖ်အေရဲ့ အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက် မေးမြန်းရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

ရေပေါ်ရောက်မှ သတင်းထုတ်တော့မည်ဆိုသည့် ဓမ္မစေတီခေါင်းလောင်းသတင်းမှတ်စု

Photo: ရေပေါ်ရောက်မှ သတင်းထုတ်တော့မည်ဆိုသည့်
ဓမ္မစေတီခေါင်းလောင်းသတင်းမှတ်စု
=====================================================

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၅)။

ရန်ကုန်၊

ပြီးခဲ့သည့်လ၂၆ရက် မှ စက်တင်ဘာ ၁ဝရက်အထိ ၁၅ရက်တိုင်တိုင် ဆယ်ယူရေးလုပ်ငန်းစဉ်များဖြစ်သော သောင်တူးခြင်း၊ သဲနုန်းတူးခြင်းများကို ဆက်လက်ဆောင်ရွက်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက် ပြီး ရေပေါ်ဆယ်ယူနိုင်မှသာ သတင်းထုတ်ပြန်တော့မည်ဟု ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြောဆို လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ဝင်များသည် သြဂုတ်၇ရက်မှ၁၅ရက်အထိ ရှစ်ရက်တိုင်တိုင်ရှာဖွေ ခဲ့ပြီး သြဂုတ်၁၅ရက်ညတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကာ ၁၉ရက်ကြာ ခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်းစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်သည့်သတင်းများကို ပြည်သူလူထုစိတ်ဝင်စားမှုအမြင့်ဆုံးအခြေအနေ အထိ ရောက်ရှိခဲ့သည်နှင့်အတူ ဓမ္မစေတီခေါင်းလောင်းကြီး တကယ်ရှိ၊ မရှိဆိုသည့် ကိုယ်စီ၊ ကိုယ်စီယုံကြည် ချက်များဖြင့် ငြင်းခုံမှုများလည်းရှိခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူခွင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုချက်ကို ဇူလိုင်၁၄ရက် က ရရှိထားပြီး ဇူလိုင်၂၄ရက်တွင်တော့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးနှင့်ပတ်သက်သော စာနယ်ဇင်းရှင်း လင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွန်ခဲ့သည့် ၁၆ နှစ်ကတည်းက တွေ့ရှိထားပြီးဖြစ်သည့် ခေါင်းလောင်းကြီး ကို ရွှေတိဂုံစေတီပေါ်သို့အရောက်ဆယ်တင်သွားမည်ဟု ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးစံလင်းက ပြော ဆိုလိုက်သည်။ 

ယင်းသို့ဆယ်ယူရန်အတွက် မြန်မာငွေကျပ်သိန်း ၁၈ဝဝဖြင့် ဆလုံလူမျိုးရေငုပ်သမား ၁ဝဦး အ သုံးပြုမည်ဟုလည်း ၄င်းက ပြောဆိုခဲ့သည်။ 

ရန်ကုန်မြစ်အတွင်း ရေအောက်အနက် ၅၂ပေခန့်တွင် တည်ရှိသည် ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သြဂုတ်၇ရက်တွင် စတင်ခဲ့သည်။

သြဂုတ်၁၅ရက်ညဘက်တွင် ရေအောက်၌ ခေါင်းလောင်းနှစ်လုံးတွေ့ပြီဟု ဦးစံလင်းဦးဆောင်သော ရှာဖွေ ဆယ်ယူရေးကော်မတီက သတင်းထုတ်ပြန်သည်။

''တွေ့တယ်ဆိုတာက ရေငုပ်အဖွဲ့တွေ၊ ရေငုပ်သမားတွေကပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုကော်မတီ)တွေက ဓမ္မစေတီခေါင်းလောင်းလို့အတည်ပြုပေးလို့မရသေးဘူး။ ခေါင်းလောင်း က ရေငုပ်သမားတွေပြောတဲ့စကားအရ နှစ်လုံးတွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ်လုံး။ သူတို့ပြောတာက တွေ့ပြီ၊ တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခုလောလောဆယ် သောင်တူးစက်နဲ့ တူးနေတာနှစ်ရက် ရှိပြီ။ သဲတွေစုပ်နေတုန်းပဲ။ အတည်ပြုပေးဖို့အချိန်ယူရမယ်'' ဟု  ဓမ္မစေတီမွန်ခေါင်းလောင်းတော် ဆယ်ယူရေး အ ထောက်အကူပြု ဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ) နိုင်ဝဲ့က ပြောဆိုခဲ့သည်။

သြဂုတ်၂၆ရက်တွင် ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီဟု ပြန် ကြားရေးအဖွဲ့ဝင်များမှတစ်ဆင့် တရားဝင်ထုတ်ပြန်လိုက်သည်။ ရေအောက်မှဓမ္မစေတီခေါင်းလောင်းအား ဆွဲတင်ဆယ်ယူနိုင်ရန် နိုင်ငံတော်နှင့်ညှိနှိုင်းပြီး သင်္ဘောကြီးတစ်စင်းတောင်းယူသွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ၅ရက်က ရေအောက်တွင်တွေ့ရှိထားသောခေါင်းလောင်းကို ဓမ္မစေတီခေါင်းလောင်းဟုတ် မဟုတ် နိုင်ငံတော်မှ စစ်ဆေးအတည်ပြုနိုင်မည့်နေရာသို့ ခေါင်းလောင်းအားကြိုးချည်ပြီး နေရာရွှေ့ပေးမည်ဖြစ် ကြောင်း ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းကဆိုသည်။

အချိန်အားဖြင့် တစ်လတိတိကြာမြင့်သွားသည့် စက်တင်ဘာ ၇ရက်တွင်တော့ ခေါင်းလောင်းကို ဆယ်ယူ နိုင်ခြင်းမရှိသေးဘဲ သဲနုန်းများကို သောင်တူးစက်ဖြင့်တူးနေသည့်အဆင့်တွင်ပင် ရှိသေးသည်။

စက်တင်ဘာ ၉ရက်တွင်တော့ ခေါင်းလောင်းအခြေအနေထူးခြားမှု မရှိသေးဘဲဖြစ်နေကာ ခေါင်းလောင်းကြီး ကို မရမချင်းဆယ်ယူသွားမည်ဟု ဆယ်ယူရေးအထောက်အကူပြုပြန်ကြားရေးအဖွဲ့မှဦးသန်းစိန်ကပြောသည်။

စက်တင်ဘာ ၁ဝရက်တွင် ခေါင်းလောင်းဆယ်ယူရေးအတွက် တူးဖော်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး အချိန်စောင့်ဆိုင်းပေးရန် ၄င်းက ပြောသည်။

''ခေါင်းလောင်းကိုကြိုးချည်တယ်ဆိုတာလဲ ကိုယ့်ဘက်ကအထင်နဲ့ပဲပြောနေတာ၊ ဦးစံလင်းကပြောတာမဟုတ် လို့ အတည်ပြုလို့မရဘူး။ ခေါင်းလောင်းကြီးတွေ့တော့ အန်ကယ်က နိုင်ငံတော်ကို အပ်မယ်။ ဆယ်မယ်ဆိုပြီး ပြောလိုက်တာ တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့အပိုင်းကတော့ အတည်ပြုပေးလို့မရပါဘူး'' ဟု မွန်ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

လက်ရှိအခြေအနေတွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများကို သောင်တူးစက်ဖြင့်ဆောင်ရွက်နေဆဲ သာဖြစ်သည်။

#TheYangonTimes
ပြီးခဲ့သည့်လ၂၆ရက် မှ စက်တင်ဘာ ၁ဝရက်အထိ ၁၅ရက်တိုင်တိုင် ဆယ်ယူရေးလုပ်ငန်း စဉ်များဖြစ်သော သောင်တူးခြင်း၊ သဲနုန်းတူးခြင်းများကို ဆက်လက်ဆောင်ရွက်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက် ပြီး ရေပေါ်ဆယ်ယူနိုင်မှသာ သတင်းထုတ်ပြန်တော့မည်ဟု ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြောဆို လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ဝင်များသည် သြဂုတ်၇ရက်မှ၁၅ရက်အထိ ရှစ်ရက်တိုင်တိုင်ရှာဖွေ ခဲ့ပြီး သြဂုတ်၁၅ရက်ညတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကာ ၁၉ရက်ကြာ ခေါင်းလောင်း ဆယ်ယူ ရေးလုပ်ငန်းစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

သံဃာတော်များ သင်္ကန်းချွတ်ရသည်အထိ နိုင်ငံရေးလောက ကြောက်စရာကောင်းကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား


 ရန်ကုန်၊ (၇၅)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားတွင် သံဃာတော်များအတွက် သင်္ကန်းချွတ် ရသည်အထိ နိုင်ငံရေးလောက် ကြောက် စရာကောင်းကြောင်း ဆရာတော် ဦး ဝီရသူက မိန့်ကြားခဲ့သည်။
''အာဏာအားကိုးနဲ့လုပ်ရဲတာ သတ္တိလား၊ လက်နက်အားကိုးနဲ့လုပ်ရဲ တာသတ္တိလား၊ အားကိုး တစ်စုံတစ်ရာ ရှိလို့လုပ်ရဲတာ သတ္တိလား တကယ်တော့ သတ္တိဆိုတာ ခံရဲတာကို ပြောတာပါ။ အဲဒီလို တစ်ဖက်က အာဏာတွေပါဝါ တွေ၊ လက်နက်တွေနဲ့အနိုင်ကျင့်တာ တွေကို ခုခံရဲတာကိုမှ

RSO အခြေစိုက်ခွင့်ပေးရန် အစီအစဉ်မရှိဟု ကေအိုင်အိုပြော

 ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်း ရိုဟင်ဂျာတပ်မ တော် (RSO) ထူထောင်အခြေ စိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သော ဘင်္ဂါလီအဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ ခြင်းသည် တရားဝင်တွေ့ဆုံခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ရိုဟင် ဂျာတပ်မတော် ထူထောင်အ ခြေစိုက်ခွင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ မည်သည့်အစီအစဉ်မှ မရှိကြောင်း ကေအိုင်အိုက ငြင်း ဆိုလိုက်သည်။

ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ

ခေါင်းတလားထဲက ထိုင်း-ဆရာတော်သတင်း နောက်ဆက်တွဲ

 ဓာတ်ပုံ- ဘန်ကောက်ပို့စ် 
ထိုင်းနိုင်ငံ ဘန်ကောက်အနီး Khon Sarn ခရိုင် Thung Phra အရပ်က ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော် Luang Pu Pim နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းကို ဘန်ကောက် ပို့စ် က စက်တင်ဘာ ၁ဝ ရက်နေ့ ညပိုင်း ထပ်ရေးလာပါတယ်။ 
ဆရာတော် Luang Pu Pim ကို ထိုင်း သံဃနာယက မထေရ်ကြီးတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆရာတော်ရဲ့အစီ အစဉ် ကို ရပ်ဆိုင်း ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ လျှောက်ထား ဖြောင်းဖျ ပြောဆိုဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ပက်ထရစ်ရှာကို မယ်ကမ္ဘာမြန်မာပြိုင်ပွဲမှ ထုတ်ပယ်


မယ်ကမ္ဘာမြန်မာအလှ မယ်ပြိုင်ပွဲ ဆန်ခါတင်စာရင်းဝင် စူပါမော်ဒယ် ပက်ထရစ်ရှာသည် လေ့ကျင့်ရေးရက်များတွင် ပုံမှန်လာရောက်ခြင်းမရှိသောကြောင့် ပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်း  မယ်ကမ္ဘာမြန်မာ၏  တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်က    ထုတ်ပြန် ထားသည်။
‘‘Activities လုပ်တဲ့နေရာမှာ တော့ အမြဲတမ်းပါပါတယ်။ အဓိ ကကတော့ Training ရက်တွေ မှာ ပုံမှန်မလာလို့ပါ။ ပထမတစ် ခေါက်ကလည်း အဲဒီလိုဖြစ်လို့ ကျွန်တော်တို့ဘက်က အချိန်ပေး ခဲ့ပါတယ်။ ဒုတိယအကြိမ်ကျ တော့ ကျွန်တော်တို့က သူတစ် ယောက်တည်းနဲ့လုပ်ရတာမဟုတ်ဘူး  

ဖက်တီကောင်လေးဘဝမှ မိန်းမချော ဘဝသို့ ကူးပြောင်းသူ

Photo: ဖက်တီကောင်လေးဘဝမှ မိန်းမချော ဘဝသို့ ကူးပြောင်းသူ
Thursday, September 11, 2014

ထိုင်းနိုင်ငံက ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ပေါင်ချိန်ဟာ ၁၂၈ ကီလိုဂရမ် ရှိပါတယ်။ ယင်းကိုယ်အလေးချိန်ကနေ ၅၈ ပေါင်သာ ကျန်အောင် သူကြိုးစားပါတယ်။ ကြိုးစားမှုထဲမှာ လေ့ကျင့်ခန်းအပြင် ခွဲစိတ်မှုပါ ပါဝင်ပါတယ်။ အသားရောင်က အစ အနက်ရောင်ကနေ ဖြူအောင် ခွဲစိတ်ခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တော့ မျက်နှာခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ပါတယ်။ သူကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်ချင်စိတ်ရှိနေသူမို့ မော်ဒယ်မလေးလို လှအောင် ခွဲစိတ်ပြုပြင် ပါတယ်။ ပြီးတော့ 38D အရွယ် ရင်သားအတုကို ပလပ်စတစ် ဆာဂျရီနဲ့ ထည့်သွင်း ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ ထင်မှတ် မထားတဲ့ အနေအထား တစ်ခုကို ရောက်ရှိသွားပြီး လူသိများ၊ ညို့အားပြင်းတဲ့ မော်ဒယ် မလေး တစ်ဦး ဖြစ်လာ ပါတယ်။ အမည်ကတော့ Pissy လို့ nickname ပေးထား ပါတယ်။

ဒါကြောင့်မို့ သူဟာ Facebook ပေါ်မှာ အင်မတန် follower များတဲ့ ဆယ်ကျော်သက် ကလေးမလေး တစ်ဦး ဖြစ်လာပြီး ကမ္ဘာ့ လက်ရာအပြောင်မြောက်ဆုံး ပလပ်စတစ်ဆာဂျရီနဲ့ လိင်ပြောင်းလဲမှု ခွဲစိတ်မှု ရလဒ် တစ်ခုလို့ ပြောစမှတ် ပြုစေခဲ့ ပါတယ်။
.
Ref: reloadfood
အောင်ခမ်း (ရိုးရာလေး)

ထိုင်းနိုင်ငံက ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ပေါင်ချိန်ဟာ ၁၂၈ ကီလိုဂရမ် ရှိပါတယ်။ ယင်းကိုယ်အလေးချိန်ကနေ ၅၈ ပေါင်သာ ကျန်အောင် သူကြိုးစားပါတယ်။ ကြိုးစားမှုထဲမှာ လေ့ကျင့်ခန်းအပြင် ခွဲစိတ်မှုပါ ပါဝင်ပါတယ်။ အသားရောင်က အစ အနက်ရောင်ကနေ ဖြူအောင် ခွဲစိတ်ခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တော့ မျက်နှာခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ပါတယ်။ သူကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်ချင်စိတ်

ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်ကြေး တိုးကောက်မည်

 ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်အာမ ခံကြေးစပေါ်ငွေတိုးမြှင့်ကောက်ခံ မည်ဟု အလုပ်သမား၊ အလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ပြောသည်။

ပြည်ပသို့ မြန်မာလုပ်သား များတရားဝင်စေလွှတ်ခွင့်ရှိသည့် လိုင်စင်ရအေဂျင်စီအချို့မှာ စည်းကမ်းဖောက် ဖျက်မှုများကြုံတွေ့နေရ၍ အစိုးရက အာမခံကြေးစပေါ်ငွေ တိုးမြှင့်ကောက်ခံရန်စီစဉ်နေပြီး အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ အသင်းချုပ်နှင့်ညှိနှိုင်းဆွေးနွေးနေကာ အသင်းချုပ်က အေဂျင်စီများ၏ သဘောထားကိုလည်း တောင်းခံလျက်ရှိသည်။ ထို့ကြောင့် လိုင်စင်အာမခံကြေး မည်မျှတိုးမည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး မထုတ်ပြန်သေးပေ။

နိုင်ငံခြားသားအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်း လုံးဝမရှိဟု မန္တလေးတိုင်းဒေသကြီး နယ်လုံဝန်ကြီးပြော

မန္တလေးမြို့တွင် ယခု နှစ်အတွင်း ဗီဇာစည်းကမ်းနှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး  နိုင်ငံခြားသားများအား နိုင်ငံသားစိ စစ်ရေးကတ်ထုတ်ပေးခြင်း လုံးဝ မရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုးက ပြောကြားသည်။
မန္တလေးမြို့သို့ နိုင်ငံခြား သားများ ၀င်ရောက် နေထိုင်မှု အပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဥပဒေနှင့်အညီ မည်သို့ တားဆီးကာကွယ်နေသည်ကို သိ ရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင် စိုးက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၁၀ ရက်က မေးမြန်းခဲ့သည်။

အကြမ်းဖက်အဖွဲ့၏ စစ်ကြေညာမှုခံထားရချိန်တွင် အမေရိကန်၏ ဥပဒေကြမ်းတင်သွင်းမှုသည် လုံခြုံရေးအားနည်းစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ဟု စွပ်စွဲ

မြန်မာနိုင်ငံအား အမေ ရိကန်က လုံခြုံရေးအကူအညီများ ကို ကန့်သတ်ရန် ဥပဒေကြမ်း တင်သွင်းသည့်လုပ်ရပ်မှာ အစွန်း ရောက် အကြမ်းဖက်အဖွဲ့၏ စစ် ကြေညာမှုကို ခံထားရသည့် မြန် မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ် ရေးအားနည်းစေရန်နှင့် မြန်မာ နိုင်ငံကို သင်းကွဲအထီးကျန်ဖြစ်စေ ပြီး အကြမ်းဖက်အဖွဲ့များ အောင် ပွဲခံနိုင်ရန် အမေရိကန်အစိုးရက  အချိန်ကိုက်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြော ကြားလိုက်သည်။

တည်ငြိမ်မှုကို ဖိနှိပ်မှုနှင့်ထိန်းထားလို့ မရစကောင်း

၂၀၁၄ စက်တင်ဘာ ၈ ရက်ကသမ္မတကြီး ဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိစဉ် သတင်းဌာနတစ် ခုနှင့်တွေ့ဆုံခန်း၌ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍကို ကာကွယ်ပြောကြားသွားခဲ့သည်။ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်ကိစ္စနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာချုပ်ကိုင်ထားမှုအပေါ် ကာကွယ်ပြောဆို သွားခြင်းဖြစ် သည်ဟု ယူဆလို့ရပါသည်။ တပ်မတော်က ယခုလို ပါဝင်ပတ်သက်နေခြင်းဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို အာမခံနေသည်ဟု ရည်ညွှန်းပြောဆိုသွားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းရန် နိုင်ငံရေးသုတေသီနှင့် ဥပဒေပညာရှင်များပြော

U-Tin-Aye
စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ MPC တွင်ကောက်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်တော့ကြောင်း ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပြီဟု နိုင်ငံရေးပါတီ အချို့၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်လိုက်ကြသည်။လွန်ခဲ့သော ခြောက်လကျော်ကပြောထားသည့် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သူကိုယ်တိုင်ပင်မလုပ်ဖြစ်တော့ဟု ပြန်လည်ပြောဆိုအပြီး ယင်းသို့ မှတ်ချက်ပြုကြခြင်းဖြစ်သည်။ “၂၀၁၅ ရွေးကောက်ပွဲကိုတောင် ရွေ့တာတွေ ဖြစ်လာနိုင်တယ်။ လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးဆွေးနွေး မှုတွေ မပြီးပြတ်သေးလို့ဆိုတာကို အကြောင်းပြနိုင်တယ်။ အဲဒီအခါကျမှ အားလုံးနစ်နာကြရပါလိမ့် မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို

လူမှုကွန်ရက် စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူကို သီတဂူ ဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။

သဘာဝခေါ်သံဖောင်ဒေးရှင်းမှ တောင်တတ်သမား ၂ ဦး ခါကာဘိုရာဇီတောင်တတ်စဉ် မြေပြင်နှင့် ၁၀ရက်ကြာ အဆက်အသွယ်ပြတ်နေ

အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက် နေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက် သမားနှစ်ဦးသည် သြဂုတ်လ(၃၁) ရက်မှစ၍ မြေပြင်အဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရာ သတင်း အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တတ်အဖွဲ့တွင် စုစုပေါင်း တောင်တတ်သမား ၈ဦး ပါဝင်ပြီး ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာရောက်ရှိကြောင်း သြဂုတ် ၃၁ရက် ညနေ ၅နာရီ ၁ မိနစ်က သတင်းရရှိသည်ဟု ၎င်းတို့၏ ဖေ့စ်ဘွခ်သာမျက်နှာတွင် ဂုဏ်ပြု ရေးသားထားသည်။

ချမ်းမြသာစည်လေဆိပ် အခြေစိုက်ပျံသန်းလျက်ရှိသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်များ စင်းလုံးငှားရမ်းလိုပါက တစ်ပတ်ကြိုတင်ဆက်သွယ်နိုင်

Photo: ချမ်းမြသာစည်လေဆိပ် အခြေစိုက်ပျံသန်းလျက်ရှိသည့် 
မြန်မာ့လေကြောင်းပိုင်လေယာဉ်များ စင်းလုံးငှားရမ်းလိုပါက 
တစ်ပတ်ကြိုတင်ဆက်သွယ်နိုင်
==================================================

မန္တလေး၊

မန္တ လေးမြို့၊ ချမ်းမြသာစည်လေဆိပ် တွင် အခြေစိုက်ပျံသန်းပေးလျက် ရှိသည့် မြန်မာ့လေကြောင်းပိုင်လေ ယာဉ်ငယ်များကို စင်းလုံးငှားရမ်းလို ပါက တစ်ပတ်ကြိုတင်ဆက်သွယ် နိုင်ပြီး ပြည်တွင်းခရီးစဉ်များကိုလည်း အပတ်စဉ်ပုံမှန်ပျံသန်း ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံထုတ် လေ ယာဉ်ငယ်များဖြင့် အတွေ့အကြုံရင့်  လေယာဉ်မှူးများက မောင်းနှင်ပေး လျက်ရှိရာ လက်ရှိတွင် နိုင်ငံတကာ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီများ က စင်းလုံးငှားရမ်းမှု အများဆုံး ဖြစ်ကြောင်း၊ စင်းလုံးငှားရမ်းလိုသူများ အနေဖြင့် မြန်မာ့လေကြောင်း နှင့် စာချုပ်ချုပ်ဆိုကာ ကြိုတင်ငွေပေး ချေ၍ငှားရမ်းနိုင်ပြီး လိုက်ပါမည့် ခရီး သည် အရေအတွက် အလိုက် လေ ယာဉ်အမျိုးအစားများကို ခွဲခြားပေး  ထားကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာနခွဲ)မှ မန်နေဂျာဦးအောင် မင်းဆွေက ပြောသည်။  

''ခရီးသည်အရေအတွက် အ နည်းဆုံး ၁၂ယောက်ကနေ အ များဆုံး ၆၈ ယောက်အထိ လိုက်ပါ စီးနင်းနိုင်တဲ့ လေယာဉ်အမျိုးအစား  တွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့  ငှားရမ်းပေးလျက်ရှိပါတယ်။ ဈေး နှုန်းကို ပျံသန်းပေးတဲ့အချိန်နာရီပေါ် မူတည်ပြီး သတ်မှတ်ထားပါတယ်၊ ATR-72 ၊ Beech-AA/C နဲ့Grand Caravan ဆိုပြီး လေယာဉ်အမျိုးအ စားသုံးမျိုးရှိပါတယ်။ အစတုန်း ကတော့ Grand Caravan လေ ယာဉ်ငယ်လေးတွေနဲ့ မန္တလေးမြို့ အနီးတစ်ဝိုက်မြင်ကွင်းတွေကို အပေါ် စီးကနေ ကြည့်ရှုခံစားနိုင်မယ့် အစီ အစဉ်ကို ဝန်ဆောင်မှုပေးဖို့ လုပ်ထား ပေမယ့် ပြည်တွင်းခရီးစဉ်တွေကို ဦး စားပေးပျံသန်းပေးနေရတာကြောင့် လေယာဉ်ငယ်တွေ အသစ်ထပ်ရောက် လာမှ ပျံသန်းပေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာဆိုရင် မန္တ လေးမြို့ကနေ ကလေး၊ ဗန်းမော်၊  ဟုမ္မလင်း၊ ညောင်ဦးနဲ့ ဟဲဟိုးမြို့ခရီး စဉ်တွေကို အများဆုံးပျံသန်းပေးရပါ တယ်။ ခရီးသည်တွေအတွက် ရောင်း ချပေးထားတဲ့ လက်မှတ်နှုန်းထားတွေ ထဲမှာ အာမခံပရီမီယမ်ကြေးလဲ ပါ ဝင်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းခရီး စဉ်တွေအတွက် ကြိုတင်လက်မှတ် တွေကို နှစ်ပတ်ကြိုတင်ပြီး ဝယ်ယူ ထားလို့ရပါတယ်''ဟု ¤င်းကထပ်မံ ရှင်းပြသည်။

လေယာဉ်စင်းလုံးငှားရမ်းခ  နှုန်းထားများမှာ ခရီးသည် ၆၈ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ် ၂၈သိန်း၊ ခရီးသည် ၄၆ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ်၁၈ သိန်းငါးသောင်း၊ ခရီးသည်၁၆ဦးဆံ့Beech-AA/C တစ်စင်းအတွက်  ငွေကျပ်၁၉သိန်းနှင့် ခရီးသည်၁၂  ဦးဆံ့ Grand Caravan တစ်စင်း အတွက် ငွေကျပ် ၆၅ဝဝဝဝ ဖြစ် ကြောင်း သိရသည်။

 ပြည်တွင်း လေယာဉ် လက်မှတ်ခနှုန်းထားများ မှာ မန္တလေး-ရန်ကုန် ကျပ်၃၅ဝဝဝ၊ မန္တလေး-နေပြည်တော် ကျပ်၄၂ဝဝဝ၊ မန္တလေး-မြစ်ကြီးနား ကျပ်၃၉ဝဝဝ၊  မန္တလေး-ဗန်းမော် ကျပ်၃၅ဝဝဝ၊  မန္တ လေး-ခန္တီး ကျပ်၆၁ဝဝဝ၊ မန္တလေး- ဟုမ္မလင်း ကျပ်၅၉ဝဝဝ၊ မန္တလေး-  ကလေး ကျပ်၄၇၅ဝဝ၊ မန္တလေး- ကျိုင်းတုံ ကျပ်၇၄၅ဝဝ၊ မန္တလေး-ပူတာအို ကျပ်၇၄၅ဝဝဖြစ်ကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာ နခွဲ)မှ သိရသည်။

KSA

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မန္တ လေးမြို့၊ ချမ်းမြသာစည်လေဆိပ် တွင် အခြေစိုက်ပျံသန်းပေးလျက် ရှိသည့် မြန်မာ့လေကြောင်းပိုင်လေ ယာဉ်ငယ်များကို စင်းလုံးငှားရမ်းလို ပါက တစ်ပတ်ကြိုတင်ဆက်သွယ် နိုင်ပြီး ပြည်တွင်းခရီးစဉ်များကိုလည်း အပတ်စဉ်ပုံမှန်ပျံသန်း ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံထုတ် လေ ယာဉ်ငယ်များဖြင့် အတွေ့အကြုံရင့် လေယာဉ်မှူးများက မောင်းနှင်ပေး လျက်ရှိရာ လက်ရှိတွင် နိုင်ငံတကာ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီများ က စင်းလုံးငှားရမ်းမှု

Sexy မော်ဒယ်လ်တွေ ကပြမယ့် ပါတီ ကျင်းပမယ့်နေရာ အပြောင်းအလဲရှိ

Dance For Life ကျင်းပမည်ဆိုသည့် မူလ ကြော်ငြာ
Sexy မော်ဒယ်လ်တွေ ပါဝင်ကပြမယ့် Dance For Life ပါတီ ပွဲကို မူလကြော်ငြာထားတဲ့ GTR2 ကလပ်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပါတီပွဲကျင်းပဖို့ ကြော်ငြာခဲ့စဉ်က GTR 2 ကလပ်မှာ လုပ်မယ်ဆိုပြီး ဖော်ပြခဲ့ပေမယ့် ကလပ်ဘက်က ပါတီပွဲပြုလုပ်ခွင့် မပေးတော့တာကြောင့် နေရာကို ပြောင်းလဲလိုက်ရတယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ DJ Japan က ဧရာဝတီကို ပြောပါတယ်။

အဲဒီပါတီကို ကျင်းပမယ့် နေရာအတိအကျကို မသိရသေးဘဲ၊ လာမယ့်အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့မှာရှိတဲ့ ကလပ်တခုမှာ ကျင်းပမယ်လို့

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း


ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။

ဆေးနည်း

၁။ မစားရသေးသော သြဇာသီး၏ အစေ့ကို မိမိအသက်စေ့ ထုတ်ယူပါ။
(ဥပမာ- မိမိအသက် (၂၀) ဆိုလျှင် အစေ့ (၂၀) ယူပါ။

အမျိုးသမီးများကို လေလံတင်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပိုင်ရှင်အား ဖမ်းဆီး

Women auction
အိန္ဒိယနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပိုင်ရှင်သည် အရွယ်မရောက်သေးသည့် မိန်းကလေး တစ်ဦးအပါအ၀င် ဂျာ့ဟမ်းမြို့နေအမျိုးသမီး သုံးဦးကို လေလံတင်ရောင်းချခဲ့သည်ဟု စက်တင်ဘာလ ၁ဝ ရက်က သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။လူကုန်ကူးခြင်းခံခဲ့ရသော ၎င်းအမျိုးသမီးသုံးဦးအား အခိုင်းအစေအဖြစ် အသုံးပြုရန် အမြင့်ဆုံး ဈေးပေးမည့်သူအား ရောင်းချခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

မလေးရှား လေယာဉ် MH 17 လေယာဉ်သည် ပြင်ပမှ လာသော ရိုက်ခတ်မှုကြောင့် ပျက်ကျခြင်း ဖြစ်

mh17
မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17  သည် ပြင်ပမှ အပိုင်းအစများ အစုအပြုံ ရိုက်ခတ်မှုကြောင့် ယူကရိန်း နိုင်ငံပေါ်တွင် ပျက် ကျခဲ့ခြင်း ဖြစ်သည်ဟု Dutch Safely Board အဖွဲ့က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၁၀ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ယင်းအစီအရင်ခံစာတွင် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တခြား ကျွမ်းကျင်သူများက ၎င်းမှာ မြေပြင်မှ ပစ်ချခံရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
ရုရှလိုလားသော သူပုန်များ ထိန်းချုပ်ထားသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင် ၁၇ ရက်က

လိုဏ်ခေါင်းအောက်က ငါးအလှမွေးကန်


တရုတ်နိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ၎င်းငါးအလှ မွေးကန်ဟာ ငါးနှင့် အခြားရေ သတ္တဝါ များကို လှောင်၍ ဖန်ဖြင့် ပြုလုပ်ထားသောကန် ဖြစ်ပါတယ်။

လှိုဏ်ခေါင်းသဘောမျိုး ပြုလုပ်ထားတာ ဖြစ်ပြီး ထိုလှိုဏ်ခေါင်း အတွင်းထဲတွင် စားသောက် ဆိုင်ကိုလည်း ထားရှိပေးထားတာ ဖြစ်ပါတယ်။ ထိုနေရာတွင် ပွဲများပြုလုပ်နိုင်ပြီး ရေအောက် ဖျော်ဖြေမူ အစီအစဉ် များလည်း ရှိပါတယ်။

မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက် (Live ) ထုတ်လွှင့်ပြသမည်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာလ (၁၁)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင်

တယ်လီနောမြန်မာ အစီအစဉ်များ ပြည်သူတွေ အဆင်ပြေစေမလား

Photo: တယ်လီနောမြန်မာ အစီအစဉ်များ ပြည်သူတွေ အဆင်ပြေစေမလား 

တယ်လီနောဆင်းမ်ကတ် ၁၀ သန်းကို ရန်ကုန်၊ မန္တလေးမြို့တော်နဲ့ နေပြည်တော်တို့မှာ စက်တင်ဘာလအတွင်း တစ်ပြိုင်တည်း ရောင်းချသွားမယ်လို့ သိရပါတယ်။ 

ဆင်းမ်ကတ်တွေကို ဆိုင်တိုင်းမှာ လွယ်လွယ် ဝယ်လို့ရအောင် စီစဉ်ထားပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချတဲ့ မိုဘိုင်းလ်ဆိုင်တွေကို နောက်ထပ်ဆင်းမ်ကတ်တွေ ထပ်ချထားပေးမှာ မဟုတ်ဘူးလို့ တယ်လီနော် မြန်မာ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ဆိုပါတယ်။ 

ရောင်းချမယ့်ရက် ကိုလည်း ရက်ပိုင်းအတွင်း ကြေညာသွားမယ်လို့ သိရပါတယ်။
တယ်လီနောဆင်းမ်ကတ် ၁၀ သန်းကို ရန်ကုန်၊ မန္တလေးမြို့တော်နဲ့ နေပြည်တော်တို့မှာ စက်တင်ဘာလအတွင်း တစ်ပြိုင်တည်း ရောင်းချသွားမယ်လို့ သိရပါတယ်။

ဆင်းမ်ကတ်တွေကို ဆိုင်တိုင်းမှာ လွယ်လွယ် ဝယ်လို့ရအောင် စီစဉ်ထားပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချတဲ့ မိုဘိုင်းလ်ဆိုင်တွေကို နောက်ထပ်ဆင်းမ်ကတ်တွေ ထပ်ချထားပေးမှာ မဟုတ်ဘူးလို့

ခါကာဘိုရာဇီတောင်ထိပ် တက်ခဲ့သူနှစ်ဦး တောင်ခြေစခန်း ပြန်မရောက်သေး

ရန်ကုန်- ခါကာဘိုရာဇီ တောင် ထိပ်သို့ တက်ရောက်နိုင်ခဲ့သော အဖွဲ့ဝင်နှစ်ဦးသည် သတ်မှတ် ရက် အတွင်း တောင်ခြေစခန်းသို့ မရောက်လာသေး၍ ၎င်းတို့နှင့် အဆက်အသွယ်ရရှိစေရန် တာ ၀န်ရှိသူများနှင့် ပူးပေါင်းစီစဉ် သွားမည်ဟု သတင်းရရှိသည်။
တောင်တက်အဖွဲ့ဝင်များ စက်တင်ဘာ ၉ ရက်တွင် တဟွန် ဒမ်းရွာသို့ ပြန်လည်ရောက်ရှိရန် သတ်မှတ် ထားသော်လည်း တောင်ထိပ်ရောက်အဖွဲ့နှစ်ဦးမှာ တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိ မလာသေးကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဟားခါးတွင် ပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်

စက်တင်ဘာ ၉ ရက် ညနေက ဟားခါးမြို့အနီးဗဟိုပြု ၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ရှားသွားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းနေေ သာ ကြောင့် အဆိုပါဒေသတွင် မြေ ပြိုမှုအန္တရာယ်    သတိပြုရန်လို ကြောင်း ပညာရှင်များက သတိ ပေးထားသည်။