Saturday, March 12, 2016

ဒီဇယ်ရထားစက်ခေါင်းများ အိန္ဒိယက မြန်မာနိုင်ငံသို့ ပေးပို့မည်

မြန်မာနိုင်ငံက ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ် မြင့်မားစေရေး အနေဖြင့် အိန္ဒိယနိုင်ငံက ၁၈ မီတာဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများ ပေးပို့သွားမည်ဖြစ်သည်။
ယခုကဲ့သို့ ပေးပို့မှုသည် ၂၀၁၆ မတ် ၄ ရက်က နေပြည်တော်တွင် အိန္ဒိယကုမ္ပဏီ RITES နှင့် မြန်မာ့မီးရထားတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရဖြစ်သည်။ ယင်းလက်မှတ်ရေးထိုးပွဲတွင် မြန်မာ့မီးရထားဝန်ကြီး ဦးဥာဏ်သန်းအောင်နှင့် အိန္ဒိယသံအမတ်ကြီး ဂူတမ်တို့လည်း တက်ရောက်ခဲ့ကြသည်။

မွန်ဂိုလီးယားသံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး T.Togsbilguun က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိနေအိမ်တွင် မတ် ၁၁ ရက်က လာရောက်တွေ့ဆုံသည်။သံအမတ်ကြီးက မွန်ဂိုလီးယားသမ္မတ Ts.Elbegdorj ၏ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပါးမှုကို ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရမှုအတွက်လည်း ချီးကျုးစကား ပြောခဲ့သည်။ထိုနောက်တွင် မွန်ဂိုလီးယား-မြန်မာဆက်ဆံရေးအပေါ် အမြင်များ ဖလှယ်ရန် သံအမတ်ကြီးက နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးလက်အောက် နိုင်ငံရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျာတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
mizzima