Sunday, September 14, 2014

ခိုးဝင်ဘင်္ဂါလီများကို ရဲတပ်ဖွဲ့လိုက်ဖမ်းစဉ် ပင်လယ်အတွင်း ခုန်ချထွက်ပြေးရာသုံးဦးသေဆုံး

စစ်တွေမြို့၊ ဒါးပိုင်နှင့် အုန်းတောကြီးကျေးရွာ ကြားရှိ မန်စီချောင်းဝမှတစ်ဆင့် ခိုးဝင် လာသော ဘင်္ဂါလီများကို လုံခြုံ ရေးရဲလိုက်ဖမ်းစဉ် ပင်လယ်တွင်း ခုန်ချ ထွက်ပြေးသောကြောင့် သုံးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီး ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်ညက ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်နေ သည့် မန်စီချောင်းဝမှ ငါးဖမ်းလှေ

၂၀၁၄ ခုနှစ်ရဲ့ မိုးနှောင်းမိုးလွန်လက်ကျန်


လက်ရှိအချိန်ဟာ မိုးပါးနေတဲ့ ကာလဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ရဲ့ မိုးရာသီကာလဟာ ကုန်ဆုံး ခါနီးလေ မုတ်သုံလေရဲ့ အင် အားတွေဟာ ယုတ်လျော့လာ လေ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ မီးစာကုန်ဆီခန်း ခါနီးနေတဲ့ မိကြီးဘကြီး အဘိုးအ ဘွားတွေကို စောင့်ကြည့်နေရ သလို တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့။ ဒီနေ့တော့ အလန်းသား၊ ဒီနေ့ တော့ အစာလေးတွေ ၀င်သားပဲ စတဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ဆုတ် ခွာတော့မယ် မုတ်သုံကို လေ တိုက်ခတ်ပုံ အပြောင်းအလဲကို ကြည့်လိုက်၊ လေထုဖိအား အခြေ အနေတွေ ကြည့်လိုက်၊ မိုးရွာသွန်းမှုအခြေအနေတွေ ကြည့်လိုက်နဲ့ မိုးလေ၀သ ဆရာတွေမှာလည်း အခုရက်ပိုင်း အလုပ်များလှပါ တယ်ဗျာ။

တိကျခိုင်မာမှုမရှိသော တန်ဖိုးနည်းအိမ်ရာများကို သတိထားရန် ပညာရှင်များသတိပေး


တိကျခိုင်မာသော  အချက်အလက်မရှိပါက တစ်လလျှင် ငွေအနည်းငယ်စီဖြင့်  ကာလရှည် ငွေပေးသွင်းပြီး တိုက်ခန်းရမည်ဆိုသော အရစ်ကျအိမ်ရာစီမံကိန်းများအပေါ်ပြည်သူများသတိထားရန် လိုအပ်ကြောင်း မြို့ပြဖွံ့ဖြိုးရေးပညာရှင်များက သတိပေးပြောကြားသည်။
  တိုင်းနှင့် ပြည်နယ် ၁၄ခုတွင် အိမ်ရာစီမံကိန်းများတည်ဆောက်ပြီး အခန်းပေါင်းနှစ်သိန်းကျော်ကို ၂ နှစ်အတွင်း  အကောင်အထည်ဖော်မည်ဟုဆိုသော စီမံကိန်းများကို မြန်မာတို့၏ အခြေခံအဆောက်အဦ( The Infrasht-ructure of Maynmar)လုပ်ငန်းကဆောင်ရွက်မည်ဟု ထိုကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာဟု ဆိုသူဦးသန်းဦးက စက်တင်ဘာ ၁၃ ရက်က စင်ထရယ်ဟိုတယ်တွင် စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဓာတ်တိုင်၊ ဓာတ်ကြိုးအားနည်းချက်ကြောင့် ပြည်သူတွေ သေနေတာ ဘယ်သူတာဝန်ယူမလဲ


အခင်းဖြစ်ပွားခဲ့သည့် ဓာတ်တိုင်ကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ရပ်ကွက်ထဲမှ လမ်းဘေးတွင် လူ နှစ်ဦးဓာတ်လိုက်သေနေသည်ဟု သတင်းကြား၍ အိမ်ရှိကလေးများ ကို စစ်ကြည့်ရာ (၁၀)နှစ်အရွယ် သမီးငယ် အိမ်မှာ မရှိ၍ ဒေါ်ဥမ္မာ တစ်ယောက် စိတ်ပူသွားသည်။ စိတ်ထင့်နေသောကြောင့်  လူနှစ် ယောက် ဓာတ်လိုက်သေဆုံးနေ သော နေရာသို့ အပြေးသွားကြည့် ရာ သေဆုံးသူနှစ်ဦးကို မြင်လိုက် သည်နှင့် ဒေါ်ဥမ္မာတစ်ယောက် ချုံးပွဲချငိုပါတော့သည်။

စက်တင်ဘာ ၁၂ ရက် ညဦး ပိုင်းက ဒေါ်ဥမ္မာတို့၏ အိမ်နီးနား ချင်း အသက်(၄၀)နှစ် အရွယ် ဒေါ်အေးအေးဆန်းက ဗီဒီယိုအ ခွေသွားအပ်ရန် ဒေါ်ဥမ္မာ၏ သမီး ငယ် ဖြူစင်ငြိမ်းနှင့် အသက်

ကျောင်းသူတစ်ဦး တို့ဆေးဖြင့် ခေါ်ယူခံရ အထက(၁)စစ်ကိုင်းတွင် စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်

စစ်ကိုင်း၊ စက်တင်ဘာ ၁၂- အထက(၁) စစ်ကိုင်း ကျောင်းဝင်ပေါက်သုံးခု၌ လုံခြုံရေး စီစီတီဗွီကင်မရာ များ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၁) အစိုးရအထက်တန်း ကျောင်းမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ကို ပြင်ပမှ တို့ဆေးတို့ လာရောက်ခေါ် ယူမှုများရှိလာ သဖြင့် ကျောင်းအဝင်အထွက်၊ ဂိတ်တံခါးကြီးများတွင် လုံခြုံရေး စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်ဖြစ် ကြောင်း ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်း ဝင်တစ်ဦးက ပြောသည်။

ခရီးသည် ၁၄ ဦး သေဆုံးသည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု ယာဉ်မောင်းကို ထောင်ဒဏ် ၁၄ နှစ်ကျော် ချမှတ်

နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၆) အနီး၌ ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်က ခရီးသည် ၁၄ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်အထိ ဖြစ်စေခဲ့သည့် ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်တွင် ယာဉ်မောင်းကို စက်တင်ဘာလ ၉ ရက်နေ့က ပြစ်ဒဏ်ငါးခုဖြင့် လယ်ဝေးမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ် သုံးလ ချမှတ်ခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ ဌာနချုပ် ရုံးထံမှ စုံစမ်းသိရှိရသည်။

မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်


Photo: မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်

Published on: September 13, 2014

မောင်တောမြို့နယ်အတွင်း ကျောင်းဆရာမအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဘင်္ဂါလီကျေးရွာအနီးတွင် တွေ့ရစဉ်
မောင်တောခရိုင်အတွင်းရှိ ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သော လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ဝ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှ စားပွဲခုံတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာပြည်ဖြစ်သည်ဟု စာတန်းတစ်ခုရေးသား ထားသည်ကို တွေ့ရှိခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂါလီကျောင်းသားများက နိုင်ငံတော်သီချင်းကို စာသားများပြောင်းလဲသီဆိုခြင်း ရှိခဲ့ကြောင်းနှင့် စက်တင်ဘာ ၂ ရက်က ဘူးသီးတောင်မြို့နယ် သရက္ကင်းမနူး ကျေးရွာအုပ်စု ကြက်မောက်တောင်(သစ်) အမကကျောင်းတွင် ကျောင်းအုပ်ရုံးခန်းကို ချိုးဖျက်ဝင်ရောက်ပြီး ရုံးသုံးစာရွက် စာတမ်းများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော်အလံကို မဖွယ်မရာ ပြုလုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းမှ ကျောင်းအုပ်တစ်ဦးက “အခု စက်တင်ဘာ ၆ ရက်က ပညာရေးမှူးရုံးကနေ လုံခြုံရေးသတိထားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ထောက် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကိုလည်း ထပ်ဆင့်အသိပေးထားဖို့ ညွှန်ကြားထားပါတယ်။ ဆရာ၊ ဆရာမတွေ အသွားအပြန် ကျောင်းတက်နေရတဲ့လမ်းတွေ၊ ရွာတွေဆိုတာ အားလုံးဘင်္ဂါလီ ရွာတွေချည်းပဲ” ဟု ပြောကြားသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအနေဖြင့် ဘင်္ဂါလီကျေးရွာများရှိ ကျောင်းများသို့သွားရန် စိုးရိမ်နေကြပြီး အုပ်စုဖွဲ့ သွားလာနေရကြောင်း၊ သို့ရာတွင် ဆရာ၊ ဆရာမများအား သက်ဆိုင်ရာမှ လုံခြုံရေးချမပေးဘဲ ကျောင်းတက်ရန် အခက်အခဲရှိ၊ အန္တရာယ်ရှိသည့် ဆရာ၊ ဆရာမများကိုသာ ကျောင်းပျက်သည်ဟု ပြစ်တင်အရေးယူမှုများ ရှိကြောင်း ဆရာတစ်ဦးက ဆိုသည်။ 
 မောင်တောခရိုင်အတွင်းရှိ ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သော လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ဝ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ

ဒိုက်ထိုးပြိုင်ပွဲမှာ ဗိုလ်လောင်းကို အနိုင်ယူခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး

ကြံ့ခိုင်မှု ပြိုင်ပွဲတစ်ရပ်တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက အမေရိကန်စစ်တပ် ဗိုလ်လောင်းထက် ဒိုက်အကြိမ်ရေ (၃၀)ပိုထိုးပြီး အနိုင်ယူခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စနေနေ့က အမေရိကန်နိုင်ငံ၊ ကာရိုလိုင်းနားပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်မိသားစုဝင်များ ရန်ပုံငွေပွဲအဖြစ် ကိုယ်လက်ကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပခဲ့ရာတွင် ကေလင်းမင့်ဇ်ဟု အမည်ရသည့် ဆယ်ကျော်သက် မိန်းကလေးက အမေရိကန်စစ်တပ်မှ ဗိုလ်လောင်းတစ်ဦးနှင့် ပြိုင်၍ ဒိုက်ထိုးခဲ့ခြင်းဖြစ်သည်။

ရည်းစားစကား ပြောရာမှ အလယ်တန်းကျောင်းသူကို ရေနှစ်သတ်

ချစ်သူ၊ သမီးရည်းစားများကြားတွင် လူသတ်သည်အထိ အမှုအခင်းများ လတ်တလော ဖြစ် ပွားနေရာ တောင်ငူတက္ကသိုလ် ကျောင်းဝင်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသူကို အမျိုးသားတစ်ဦးက ရည်းစားစကား ပြောဆိုရာ လက်မခံသောကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လဲဘူးကျေးရွာကုန်း တံတားအောက် ရေမြောင်း အတွင်း ရေနှစ်သတ်ခဲ့ကြောင်း လဲဘူးကျေးရွာ ဒေသခံများက The Voice သို့ ပြောကြားသည်။
“သတ်တဲ့လူကို အဲဒီနေရာအနီးမှာပဲ တစ်ခါတည်း ဖမ်းမိတယ်။ ရည်းစားစကား လိုက်ပြော တာကို ကောင်မလေးက ပါးရိုက်ပြီး ဆဲဆိုနေတဲ့အတွက် သတ်မိတာလို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
သေဆုံးသူမှာ တောင်ငူတက္ကသိုလ်တွင် ဥယျာဉ်မှူးတာဝန် ထမ်းဆောင်နေသည့် ဦးနုသိန်း၏ သမီးဖြစ်ပြီး

အီရန်တွင် ဘောလီဘောပြိုင်ပွဲ သွားကြည့်မိသည့် အမျိုးသမီး ဖမ်းဆီးခံရ

အီရန်နိုင်ငံတွင် အီရန်အသင်းနှင့် အီတလီ အသင်းတို့ ယှဉ်ပြိုင် ကစားကြသည့် အမျိုးသား ဘောလီဘော ပြိုင်ပွဲကို သွားရောက် ကြည့်ရှုပြီးနောက် ဖမ်းဆီးခံ ခဲ့ရသည့် အမျိုးသမီး တစ်ဦး၏ မိဘများက သမီးဖြစ်သူ ကို လွှတ်ပေးရန် အယူခံ ၀င်လိုက်ကြောင်း သိရသည်။
ဂွန်ချီဂါဗာမီအမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးသည် အီရန်နှင့် ဗြိတိန် သွေးနှောသူတစ်ဦးဖြစ်ပြီး ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြည့်တန်ဆာလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းဖြင့် ပပျောက်နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း ရဲမှူးကြီးတစ်ဦးပြော

ပြည့်တန်ဆာ လုပ်ကိုင်သူများကို တည်ဆဲဥပဒေများအရ ဖမ်းဆီးအရေး ယူခြင်းဖြင့် ယင်းလုပ်ငန်း လုံးဝပပျောက်နိုင်မည်မဟုတ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးမှ ရဲမှူးကြီးတစ်ဦး က ဖလားဝါးနယူးစ် ဂျာနယ် သို့ ပြောသည်။
''ပြည့်တန်ဆာလုပ်ကိုင်တဲ့သူတွေ ကို ပြည်သူလူထုကသတင်းပေးလို့ ဖမ်းဆီး မှုတွေပြုလုပ်ခဲ့တဲ့နှစ်တွေ မနည်းတော့ဘူး။ ပြီးတော့ ပြည့်တန်ဆာကျုးလွန်တဲ့ သူတွေကို ဥပဒေအရ အရေးယူတယ်။ တချို့ကို ခံဝန် ထိုးပြီး ပြန်လွှတ်လိုက်တာတွေရှိပါတယ်။ နောက်တစ်ခါ ထပ်မိတော့လဲ သူတို့တွေ ပြန်ပါလာတယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ ပပျောက်ဖို့လုပ်ကိုင်နေတဲ့သူတွေကို လိုက် ဖမ်းနေရုံနဲ့ထူးလာမှာမဟုတ်ဘူး။ ရှိပြီးသား ပြည့်တန်ဆာပပျောက်ရေးဥပဒေမဟုတ်ဘဲ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ရှိသင့်နေ ပြီ'' ဟုပြောသည်။

မိုင်းလားက တောရိုင်းတိရစ္ဆာန် ဈေးကွက်

 တောရိုင်း တိရစ္ဆာန် လိပ်ကလေး တကောင်ကို ဈေးကွက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ) 
ဆင်စွယ် တချောင်းကို တရုတ်ယွမ် ၈၀ဝ (ဒေါ်လာ ၁၃၀) ခန့် ဈေးပေါက်သည်။ မြွေအရေခွံတချပ် ယွမ် ၁၀ဝ၀၊ ကျားသစ်အရေခွံ ၁ ကီလိုဂရမ် ယွမ် ၄၀ဝ၀၊ ကျားခြေတစုံ ယွမ် ၁၀ဝ၀ ခန့် ဈေးပေါက်နေပြီး အရှင်တကောင်လျှင် ယွမ် ၁ သန်း ( ဒေါ်လာ ၁၆၀ဝ၀ဝ) ခန့် ပေးဝယ်နိုင် ပါတယ်။ ထိုနေရာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့စူးစူး တရုတ်နယ်စပ်မြို့ မိုင်းလားမြို့က တောရိုင်းတိရစ္ဆာန်ဈေးမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ နိုင်ငံတကာ တားမြစ် ရောင်းဝယ်ဖောက်ကားမှုမှာ ထိုးထားခဲ့တဲ့ လက်မှတ်ဟာ ဒီနေရာမှာ

ကလေးငယ်ကပေးတဲ့ အသိတရား

အိုမင်းရင့်ရော်နေပြီဖြစ်တဲ့အဘိုးဟာ သား၊ချွေးမနဲ့ လေးနှစ်အရွယ်လူမမယ် မြေးကလေးတို့နဲ့ အတူနေထိုင် ပါတယ်။ အဘိုးအိုရဲ့တုန်ရီနေတဲ့လက်၊ မကြည်လင်ဝေသီမှုံမွှားနေတဲ့အမြင်၊ မသန်စွမ်းတော့ပြီမို့ ပုံမှန်မလျှောက် နိုင်ဘဲ အဘိုးခြေလှမ်းတွေက နံ့နှေးတုံ့ဆိုင်းလို့နေပါတယ်။
ထမင်းစားပွဲမှာ မိသားစုအတူတူစားတဲ့အခါ လက်က လည်း ကတုန်ကရီ၊ မျက်စိကလည်းမမြင် စမ်းတ၀ါးမို့ အဘိုးအတွက်စားရသောက်ရတာ အလွန်ပဲခဲယဉ်းလွန်း ပါတယ်။ ပဲစိမ်းလုံးလေးတွေ အဘိုးရဲ့ဇွန်းပေါ်ကလိမ့်လိမ့်ပြီး ကြမ်းပေါ်ကိုကျတာလည်း ခဏခဏပါ။

မြန်မာ - အယ်လ်ကေဒါ၏ နောက်ထပ်ပစ်မှတ်သစ်

ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည့် အိုစမာဘာလာဒင် တည်ထောင်ခဲ့သည့် အကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါ၏ နောက်ထပ် ပစ်မှတ်သစ်မှာ မြန်မာဖြစ်လာသည်။ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများ အချိန်မရွေး ပြန်လည် ထကြွလာနိုင်သည့် အခြေအနေမျိုးတွင် ရှိနေဆဲ ဖြစ်သည့် မြန်မာနိုင်ငံအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ် ထပ်တိုးလာပြီ။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကို ပစ်မှတ်ထားရန် အိန္ဒိယတွင် အယ်လ်ကေဒါ အဖွဲ့ခွဲတစ်ရပ် ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

မန်ယူ အိမ်ကွင်းတွင် ကျူပီအာနှင့် ယှဉ်ပြိုင်မည်

man-utd-qpr-4x364-315449_478x359
ဒီကနေ့ တနင်္ဂနွေညမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ကျုပီအာနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီညပွဲမှာ မန်ယူအသင်းက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဖာကာအို၊ နောက်တန်းသမားတွေ ဖြစ်တဲ့ ရိုဂျို၊ ဘလိုင်းနဲ့ လုခ်ရှော့တို့ ပွဲဦးထွက်အနေနဲ့ ပါဝင်ကစားသွားဖွယ် ရှိနေပါတယ်။ နောက်ခံလူ တယောက်ဖြစ်တဲ့ ဖေးလ် ဂျုန်းကတော့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း

ယနေ့နှင့် မနက်ဖြန် ငွေဖြည့်ကတ်ဝယ်လျှင် အပိုကြေး ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းပေးမည်ဟု MPT ကြေညာ

Photo

လက်ကျန်ပွဲစဉ် ရလဒ်များနှင့် ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်များ

Photo: လက်ကျန်ပွဲစဉ် ရလဒ်များနှင့် ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်များ
Sunday, September 14, 2014

လာလီဂါပွဲစဉ်(၃)
ရီးရဲလ် ၁-၂ အက်သလက်တီကို
ပြင်သစ် လီဂူး-၁ ပွဲစဉ်(၅)
စိန့်အီတီယန် ၁-၀ ကိန်း
မွန့်ပယ်လီယာ ၁-၀ လိုရီယန့်
နိုက်စ် ၁-၀ မက်ဇ်
ဘက်စတီးယား ၁-၁ လန်းစ်
ရမ်းစ် ၂-၀ တူးလော့စ်
စီးရီးအေပွဲစဉ်(၂)
ဂျူ ဗင်တပ် ၂-၀ အူဒီးနီးစ်
..........................................................................................
အန်ဖီးလ်ကွင်းက အလွဲများ
လီဗာပူး ၀-၁ ဗီလာ
မာကိုဗစ်ရဲ့ မြေမကျကန်ချက်နဲ့ ဗီလာကို စတင်ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ (၉)မိနစ်အရောက်မှာ အဖွင့်ဂိုး ပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ ဆန်းဒရို့စ် ခေါင်းတိုက်ချပေးတာကို လီဗာပူး ကစားသမားတွေကြားက အဘွန်လဟော်က ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာ ဗီလာ ဒုတိယဂိုးရခွင့် ကြုံခဲ့ပေမယ့် ဆန်းဒရို့စ်ရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့လို့ လီဗာပူး သက်သာရာ ရခဲ့ပါတယ်။
ကော်တင်ဟို၊ လာလာနာ၊ မာကိုဗစ်တို့ရဲ့ ကွင်းလယ်ပိုင်းကြောင့် လီဗာပူး ဘောလုံးပိုင်ဆိုင်မှု (၇၅)ရာခိုင်နှုန်း ရယူနိုင်ခဲ့ပေမယ့် ပွဲချိန်(၈၁)မိနစ်မှာ ကော်တင်ဟိုရဲ့ ဧရိယာထိပ် ကန်ချက် တိုင်ထိထွက်ခဲ့တာကလွဲပြီး ဂိုးရလောက်တဲ့ ဖန်တီးမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းက ဘာလော့တယ်လီကလည်း လူပိုတစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် အခုရာသီမှာ လီဗာပူး ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံခဲ့ရပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုပွဲစဉ်တွင် ပွဲချိန်(၁၁)မိနစ်နောက်ပိုင်း နှစ်သင်းစလုံး ဂိုးပေါက်တည့်သည့် ကန်ချက်တစ်ကြိမ်မျှ မရှိခဲ့။
ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၆)ကြိမ်သာ လုပ်နိုင်သည့် ဗီလာသည် (၄)ပွဲကစားပြီး (၁၀)မှတ် ရရှိထား။
........................................................................................................................
၇ အချိုး ၄ ထွက်တဲ့ ကော်စတာရဲ့ ပွဲ
ချဲလ်ဆီး ၄-၂ ဆွမ်ဆီး
(၃)ပွဲစလုံး အနိုင်ရခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ တယ်ရီ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ချဲလ်ဆီး ဖိအားများခဲ့ပြီး ဂိုးရပြီးတဲ့နောက် ဆွမ်ဆီးက ကြံ့ခိုင်မှု အသားပေး ကစားခဲ့တာကြောင့် ချဲလ်ဆီး အခက်တွေ့ခဲ့ပါတယ်။ ဂိုမစ်၊ ရော့လတ်ဒ်တို့ရဲ့ ကန်ချက်တွေနဲ့အတူ ဆွမ်ဆီး ဒုတိယ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ
ခေါင်းတိုက်ပြီး ကော်စတာက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရှာရယ်အစား ရာမီရက်စ် လူစားဝင်လာပြီးတဲ့နောက် ချဲလ်ဆီး ကွင်းလယ်ပိုင်း လုပ်အားနှုန်း ပိုကောင်းလာခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဖာဘရီဂတ်စ်၊ ဟာဇတ်၊ အော်စကာတို့ရဲ့ အလိမ်အခေါက်တွေ၊ အနီးကပ် အပေးအယူ အချိတ်အဆက်တွေကြောင့် ဆွမ်ဆီး ခံစစ်ပိုင်း ပြိုဆင်းချိန်မှာ ကော်စတာက နေရာယူမှန်မှန်နဲ့ အဆုံးသတ် သေချာခဲ့တဲ့အတွက် ချဲလ်ဆီး ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
(၅၆)မိနစ်မှာ ဖာဘရီဂတ်စ်ရဲ့ ပေးပို့မှုကို အမှားအယွင်းမရှိ ပိတ်သွင်းနိုင်ခဲ့တဲ့ ကော်စတာဟာ နောက်(၁၁)မိနစ်အကြာမှာ ရာမီရက်စ် ထိုးပေးတဲ့ ဘောလုံးကို ဆွမ်ဆီး နောက်ခံလူ (၃)ယောက်ကြားက
ပြေးထွက်ကန်သွင်းပြီး ဟက်ထရစ် ရယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် စတုတ္ထဂိုးကို လူစားဝင် ကစားသမား ရီမီက သွင်းယူခဲ့ပြီး ပွဲသိမ်းဂိုးကတော့ ရှယ်ဗေးက ဂိုးဧရိယာထိပ်က ကန်သွင်းယူခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၁၀)ကြိမ်မှ ကော်စတာ (၇)ဂိုး သွင်းယူနိုင်ခဲ့။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဖွင့်ပွဲ(၄)ပွဲဆက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားဖြစ်လာ။
ဖာဘရီဂတ်စ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲဆက် ဂိုးဖန်တီးပေးနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်။ (အာဆင်နယ်အတွက် နောက်ဆုံး၂ပွဲ ဂိုးဖန်တီးခဲ့)
.........................................................................................................................
တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ အမ်းမရိတ်စ်ဇာတ်ကြမ်း
အာဆင်နယ် ၂-၂ မန်စီးတီး
ကွင်းလယ်ပိုင်း အားပြိုင်မှု အဓိကကျတဲ့ အခုပွဲမှာ ဖာနန်ဒင်ဟို၊ လမ်းပတ်တို့ ကွင်းလယ်ဗဟိုကို ”ထောက်”ကစားနိုင်ခဲ့သလို တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ ၀ီလ်ရှီးယားကို အကောင်းဆုံး ကစားသမားဆု ပေးသင့်ပါတယ်။ ပွဲချိန်(၁၅)မိနစ် အတွင်း အာဆင်နယ်လွှမ်းမိုးနိုင်ခဲ့ပေမယ့် ရမ်ဆေး ဂိုးပေါက်လွဲတာ၊ ၀ဲလ်ဘတ်တိုင်ထိတာတွေကြောင့် အာဆင်နယ် ဂိုးမရခဲ့ပါဘူး။
ပွဲချိန် (၂၈)မိနစ်မှာတော့ နာဗက်စ်ရဲ့ ညာတောင်ပံ ပေးပို့မှုကနေ အဂူရို ပိတ်သွင်းနိုင်ခဲ့လို့ မန်စီးတီး အဖွင့်ဂိုး ရခဲ့ပြီး အာဆင်နယ် ကစားကွက် ပြန်တည်ခဲ့ရတာ၊ မန်စီးတီး ထိန်းကစားခဲ့တာတွေကြောင့် ပထမပိုင်း ပြီးခါနီး ပွဲရှိန်ကျသွားခဲ့ပါတယ်။ (၆၃)မိနစ်မှာတော့ ရမ်ဆေးရဲ့ ဖန်တီးမှုကနေ ၀ီလ်ရှီးယားက ဂိုးသမား ဂျိုးဟတ် ပိတ်ထားတဲ့ ထောင်ကျဉ်းကို အမြင့်ဘောကန်သွင်းပြီး ချေပဂိုး သွင်းခဲ့သလို (၁၁)မိနစ် အကြာမှာလည်း ၀ီလ်ရှီးယား ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဆန်းချက်ဇ်က (၁၈)ကိုက် စည်းအတွင်း မြေမကျကန်ချက်နဲ့ ဂိုးထပ်သွင်းခဲ့ပြန်ပါတယ်။
အာဆင်နယ်က ကွင်းလယ်ဗဟိုကနေ အဓိက ထိုးဖောက်ကစားခဲ့ပြီး မန်စီးတီးကတော့ တောင်ပံတိုက်စစ်ကို အားပြုသွားခဲ့ပြီး (၁၈)ကိုက်စည်းအတွင်း ကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ထောင့်ကန်ဘော ကနေ ဒီမစ်ချယ်လီ ခေါင်းတိုက်သွင်းခဲ့တာပါ။ အာဆင်နယ်ခံစစ်ပိုင်း
လျှော့ရဲမှုကြောင့် ပေးလိုက်ရတဲ့ဂိုးလို့ ဆိုရမှာပါ။ (၂-၂)ဖြစ်နေချိန်မှာ အာဆင်နယ် ဂိုးထပ်ပေးရဖို့ နီးစပ်ခဲ့ပေမယ့် တိုင်နှစ်ကြိမ် ထိခဲ့တာနဲ့ နာဆရီ လူကျွံနေခဲ့တာကြောင့် တစ်မှတ်ရခဲ့တာပါ။
စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်များ
ယခုရာသီတွင် ဂိုးပေါက်တည့်သည့် ခြိမ်းခြောက်မှု (၈)ကြိမ်မှ အာဆင်နယ်(၅)ဂိုးပေးခဲ့ရပြီး ခေါင်းတိုက်ဂိုး(၄)ဂိုး ပါဝင်နေ။
အမ်းမရိတ်စ်ကွင်းတွင် နာဗက်စ် ပထမဆုံးအကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့။
မန်စီးတီးသည် (၂၀၁၀)ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းမရှိ။

Nz(ရိုးရာလေး)
လာလီဂါပွဲစဉ်(၃)
ရီးရဲလ် ၁-၂ အက်သလက်တီကို
ပြင်သစ် လီဂူး-၁ ပွဲစဉ်(၅)
စိန့်အီတီယန် ၁-၀ ကိန်း
မွန့်ပယ်လီယာ ၁-၀ လိုရီယန့်
နိုက်စ် ၁-၀ မက်ဇ်
ဘက်စတီးယား ၁-၁ လန်းစ်
ရမ်းစ် ၂-၀ တူးလော့စ်
စီးရီးအေပွဲစဉ်(၂)
ဂျူ ဗင်တပ် ၂-၀ အူဒီးနီးစ်

အန်ဖီးလ်ကွင်းက အလွဲများ
လီဗာပူး ၀-၁ ဗီလာ
မာကိုဗစ်ရဲ့ မြေမကျကန်ချက်နဲ့ ဗီလာကို စတင်ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ (၉)မိနစ်အရောက်မှာ

မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး

Photo: မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး
Sunday, September 14, 2014

မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်က တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်မည့် ထိုင်းကုန်တင်ယာဉ် ၃ဝ စင်းအားKNU၊ KNLA မှ ဗိုလ်မှူးကြီး တိုင်းဂါးဦးဆောင်သည့်အဖွဲ့မှ တားဆီးစစ်ဆေးရခြင်းမှာ မြန်မာနိုင်ငံမှ ကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်သော်လည်း နည်းမျိုးစုံဖြင့် ဖမ်းဆီးစစ်ဆေး ငွေညှစ်ခံနေရခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ခရိုင်ကသွားရင် သူတို့မစစ်ဘူး။ ရဲသွားရင် မစစ်ဘူး။ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေသွားရင် အမြဲစစ်တယ်။ ပြီးရင် အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တယ်။ ဒါကိုဖြေရှင်းချင်လို့ ခုလိုလုပ်တာပါ” ဟု ဗိုလ်မှူးကြီးတိုင်းဂါးက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံကကားသမားတွေဟာ ထိုင်းရဲတွေ ငွေညှစ်တာ အမြဲခံရတယ်။ ဒီမနက်သွားတာ လေယာဉ်ကွင်း အလွန်မှာ တစ်ယောက် ဘတ် ၁ဝဝ ပေးခဲ့ရပါတယ်။ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ပါပေမယ့် နယ်လွန်တယ်ဆိုပြီး ရဲစခန်းခေါ် ငွေညှစ်တာထိရှိတယ်” ဟု မဲဆောက်သို့ သွားရောက်ခဲ့သူ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်လမ်းကြောင်းမှ နယ်စပ်စခန်းသို့ လာရောက်သည့် ထိုင်းကုန်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးနေသည့် နေရာသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌတို့ ရောက်ရှိလာပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်သို့ တရားဝင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးကာ ထိုင်းကုန်ကားများအား ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း)
Eleven Media Group
မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်က တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အစိမ်းရောင်အာလူးနှင့် အသက်အန္တရာယ်

ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစုအတွက် အာလူးကဟင်း အပွါးခတ်
ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊ ဈေးနှုန်းလည်းချိုသာတာမို့ အာလူးဟာ အိမ်ရှင်မများအ တွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အစိမ်းရောင် အာလူး ရဲ့  အန္တ ရာယ်ကို လူတိုင်းမသိကြသေး ပါဘူး။ ကလိုဖီးလ်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ပုံမှန် အရောင်နှင့်မတူ တမူကွဲပြားနေခြင်းပါ။

အများသိသင့်သည့် မိကျောင်းကန် သမိုင်းမှန်

တစ်နေ့ကသတင်းဗီဒီယိုတစ်ပုဒ်ကြည့်လိုက်မိသည်။ သတင်းထဲတွင် မိချောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်း အား အစိုးရမှထောင်ဒဏ်ချမှတ်လိုက်သည့်အကြောင်းတင်ဆက်ထားခြင်းဖြစ်ပေသည်။ နိုင်ငံတော်၏တည်ဆဲဥပဒေ ကိုချိုးဖောက်မှုဖြင့် ဦးစိန်သန်းထောင်ကျခြင်းမှာ အထူးအဆန်းမဟုတ်ပေ။ သို့သော်ထူးဆန်းသည်မှာ သတင်းတွင် ဦးစိန်သန်းဆိုသူမှ အချုပ်ကားပေါ်တက်ခါနီးဆဲတွင် ‘ကျုပ်တို့ဘိုးဘွားပိုင်မြေတွေကိုကျုပ်တို့မရရအောင်ပြန်တောင်းမည်’ ဟုအော်ဟစ် ပြောဆိုသွားခြင်းပင်ဖြစ်ပေသည်။ စာရေးသူအနေဖြင့် သတင်းကြည့်ရင်းပင် အံ့သြဘနန်းဖြစ်ခဲ့ရပါသည်။ အကြောင်းမသိသူများအဖို့ မိချောင်းကန်မြေယာများသည် ဦးစိန်သန်းနှင့်အပေါင်းအပါတို့၏ ဘိုးဘွားပိုင်များဟု ထင်သွားနိုင်သည်။ ထို့ကြောင့်အကြောင်းသိသော စာရေးသူအနေနှင့် မိချောင်းကန် မြေယာနှင့်ပက်သက်သည့်အကြောင်း သိရှိခဲ့သမျှပြောပြရပေတော့မည်ဖြစ်သည်။ 

အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို

Photo: အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခုနှစ် 

ဝန်ကြီးဌာနများတွင်ခန့် ထားမည့်အမြဲတမ်းအတွင်းဝန်ရာ ထူးအတွက် အတွေ့အကြုံရင့် ကျက်သည့် နိုင်ငံ့ဝန်ထမ်းများကို သာ ရွေးချယ်တာဝန် ပေးအပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီစတင်ခန့်အပ် မည်ဟု သတင်းရရှိသည်။

လက်ရှိအစိုးရသက်တမ်း ၁၉လသာကျန်တော့ချိန်တွင်ဝန် ကြီးဌာနများ၌ ၀န်ကြီးအပြောင်း အလဲဖြစ်သော်လည်း မူဝါဒမ ပြောင်းဘဲ ဆက်လက်လည်ပတ် နိုင်ရန် အမြဲတမ်းအတွင်းဝန်ရာ ထူးခန့်အပ်ရေးကို စဉ်းစားဆောင် ရွက်နေပြီး အတွင်းဝန်စနင်ကျင့် သုံးသည့် ဒီမိုကရေစီနိုင်ငံများကဲ့ သို့ အတွေ့အကြုံရှိနိုင်ငံ့ဝန်ထမ်း များကိုသာရွေးချယ်တာဝန်ပေး မည်ဟု ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်ကပြောသည်။

ထို့အပြင် ၀န်ကြီးဌာနများအတွင်း ရာထူးတစ်ခုအတွက်ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဆွဲခြင်းမှာ လွှတ်တော်နှင့် မသက်ဆိုင်ဘဲ လက်ရှိ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၀န်ကြီး၊ ဒုဝန်ကြီးခန့် ထားမှုများတွင်သာ လွှတ်တော်သို့ တင်ပြရကြောင်း ဦးရဲထွဋ်ကဆိုသည်။

ပြည်လည်ခန့်အပ်မည့်အမြဲ တမ်းအတွင်းဝန်မှာ ၀န်ကြီးဌာ နတစ်ခုလုံးတွင် အကြီးဆုံးဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် အထက်မှ နေ၍ စီမံခန့်ခွဲရမည်ဖြစ်သည်။

မြန်မာနိုင်ငံရေးတွင်ဝန်ကြီး ချုပ်ဦးနုလက်ထက်၌ အမြဲတမ်း အတွင်းဝန်နှင့်ပါလီမန်အတွင်း ၀န်နှစ်မျိုးရှိခဲ့ပြီး ဗြိတိသျှစနစ်ကို ယူ၍ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို စဉ်က အမြဲတမ်းအတွင်းဝန်များ ကို နိုင်ငံ့ဝန်ထမ်းများသာခန့်အပ် ခဲ့ပြီး ပါလီမန်အတွင်းဝန်မှာ အ ရပ်သားများထဲမှ ပညာတတ်အ ချို့ကို လွှတ်တော်ဆိုင်ရာဆက်ဆံ ရေးအတွက်ခန့်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး ကောင်စီ လက်ထက်တွင် အမြဲတမ်းအ တွင်းဝန်များကို ဆက်လက်ခန့် ထားခဲ့သော်လည်း တပ်မတော်မှ အရာရှိများကပါ လာရောက်တွဲ ဖက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း နအဖအစိုးရလက် ထက်တွင် ဒုတိယညွှန်ကြားရေး မှူးချုပ်များကို ရုံးအဖွဲ့မှူးတာဝန် ပေး၍ အတွင်းဝန်ဆန်ဆန်ခန့်အပ် သုံးစွဲမှုရှိခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေး နှင့် အပြောင်းအလဲတို့တွင်လွှတ် တော်သဘောထားရယူရပြီးအမြဲ တမ်းအတွင်းဝန်မှာ ယခင်ပါလီ မန်ခေတ်တွင် ဒုဝန်ကြီးအဆင့်နှင့် ညီကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်ကပြော သည်။ ‘‘အခုက ဒုဝန်ကြီးရှိတော့ ဒီအတွင်းဝန်ခန့်တာက လွှတ်တော်ကို တင်ချင်လည်းရတယ်။ မတင် လည်းရတာပေါ့’’ဟု ၎င်းကဆို သည်။

7Day DAILY

အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊ လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေး အောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည်ထောင်စု ၀န်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)
အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊ လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေးအောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည်ထောင်စုဝန်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)
ဝန်ကြီးဌာနများတွင်ခန့် ထားမည့်အမြဲတမ်းအတွင်းဝန်ရာ ထူးအတွက် အတွေ့အကြုံရင့် ကျက်သည့် နိုင်ငံ့ဝန်ထမ်းများကို သာ ရွေးချယ် တာဝန်ပေး အပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီစတင်ခန့်အပ် မည်ဟု သတင်းရရှိသည်။