မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က မြန်မာနိုင်ငံတွင် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ပြုလုပ်နေခြင်းကို လက်မခံနိုင်သည့်အတွက် အာဆီယံမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း မလေးရှားအခြေစိုက် The Star Online တွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။
ထို့အပြင် ၎င်းက ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။