Monday, June 15, 2015

မြန်မာဘောလုံးအင်္ကျီနှင့် စတစ်ကာများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်း

ဆီးဂိမ်းပြိုင်ပွဲတွင် မြန် မာဘောလုံးအသင်းကို အားပေး ရန် မြန်မာနိုင်ငံ အလံ၊ တံဆိပ်ရိုက်အင်္ကျီနှင့် စတစ်ကာ မှာယူသူအများစုမှာ စင်ကာပူရောက် မြန်မာများဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ်တွင် ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း ရန်ကုန်တံဆိပ်ရိုက်လုပ်ငန်းများထံမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပ နေသည့် (၂၈) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာယူ-၂၃ ဘောလုံးအသင်းကို အားပေးရန် မြန်မာနိုင်ငံအလံပါဘောလုံးအင်္ကျီ၊ အလံ၊ ခေါင်းစည်း၊ မာဖလာ၊ ပါးကပ်စတစ်ကာစသည်တို့ကို ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံမှ မြန်မာဘောလုံးပရိသတ်များက အများဆုံးအော်ဒါမှာယူနေကြောင်း အနန္တမေတ္တာတံဆိပ်ရိုက်ကြော်ငြာလုပ်ငန်းမှ ဦးစက်ဝင်းက ပြောသည်။

စတော့ရှယ်ယာကုမ္ပဏီဟုဆိုပြီး ရှယ်ယာဝင်များ၏ ကျပ်သန်း ၁,၆၀၀ ခန့် လိမ်လည်တိမ်းရှောင်မှုဖြစ်ပွား

ရန်ကုန်မြို့တွင် တရား ၀င်ခွင့်ပြုချက်မရဘဲ တရုတ်တိုင် ပေအခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီဟုဆိုကာ ရုံးခန်းလာဖွင့် ပြီး  အစုရှယ်ယာဝင်သူများ၏  ကျပ် သန်း ၁,၆၀၀ ခန့်( ဒေါ်လာ ၁ ဒသမ ၄၈ သန်း)ကို လိမ်လည်တိမ်းရှောင် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။Global Group ဟု အမည် ပေးထားသည့် အဆိုပါကုမ္ပဏီမှာ ဗဟိုဘဏ်က ထုတ်ပေးထား သော  ငွေလဲလှယ်ရေးကောင်တာ (Money Exchange) လိုင်စင်ရယူပြီး နိုင်ငံတကာတွင် နာမည်ကြီး သည့် စတော့ရှယ်ယာကုမ္ပဏီကြီး Standard Bullion ၏ ရုံးခွဲဟုဆို ကာ ဆူးလေဘုရားလမ်းရှိ ဆာကူ ရာတာဝါ၌ လွန်ခဲ့သော ၂ နှစ်ခန့်က စ၍  ရုံးခန်းဖွင့်လှစ်ခဲ့သည်။ထို့နောက် ရှယ်ယာရှင်များကိုဖိတ်ခေါ်ပြီး အနည်းဆုံးရှယ်ယာငွေ ကျပ်သိန်းငါး ဆယ် ထည့်ဝင်နိုင်ကာ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းပေးမည်ဟု စည်းရုံး ခဲ့သည်။အကျိုးအမြတ်များကို တစ်လလျှင်တစ်ကြိမ် နှစ်လလျှင်နှစ်ကြိမ် ပြန်လည်ထုတ်ပေးလေ့ရှိပြီး အစောပိုင်းတွင်အကျိုးအမြတ် များကိုလည်းပုံမှန်ပေးခဲ့သည်ဟု ရှယ်ယာရှင်များက ပြောသည်။

ကြက်သွန်နီဈေး ၁၀၀ ကျပ်ခန့်တက်

ကြက်သွန်နီလက်ကား ဈေးကွက်တွင် ကြက်သွန်နီအရွယ်အစားအလိုက် မူရင်းဈေးထက် ၁၀၀ ကျပ်ခန့် ဈေးတက်သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ သတင်းရရှိသည်။လက်ရှိလက်ကားဈေးကွက် တွင် ကြက်သွန်နီ (အသေး) တစ် ပိဿာ ၄၀၀ ကျပ်ခန့်၊ ကြက်သွန် နီ (အလတ်) တစ်ပိဿာ ၄၆၅ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၅၁၀ ကျပ်ခန့်ဈေးရှိသည်။ မေလလယ်က ကြက်သွန်နီ (အသေး)တစ်ပိဿာ ၃၀၀ ကျပ်ခန့်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ ၃၆၀ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်ခန့် ရှိခဲ့သည်။ ‘‘ဒေါ်လာဈေးတက်တော့ ပို့ကုန်သမားတွေကိုက်လို့ ကြက် သွန်နီတွေ အသွင်းများတယ်။ နွေ ကြက်သွန်စိုက်တောင်သူတွေက တော့ အခြေအနေကောင်းတယ်’’ ဟု ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင် ဟန်က ပြောသည်။

လုပ်သားရှားပါးပြီး လုပ်အားခ မြင့်တက်နေ၍ တောင်သူအများစု လက်စားဖြင့် ပေါင်းထိုးမြက်နုတ် လုပ်ကိုင်နေရ

 ပြီးခဲ့သည့် မေလလယ် ခန့်မှစတင် စိုက်ပျိုးခဲ့သည့်အောင် လံနယ်နှင့် ဆင်ပေါင်ဝဲနယ်ရှိ သီး နှံစိုက်ခင်းများမှာ ယခုအချိန်ပေါင်း ထိုးမြက်နုတ်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး စိုက်ခင်းလုပ်သား ရှားပါးကာ လုပ်အားခဈေးနှုန်း မြင့်မားနေ၍ တောင်သူအချင်းချင်း လက်စားလိုက်ခြင်းဖြင့်ပေါင်းထိုးမြက်နုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
‘‘ရွာမှာက လူငယ်ပိုင်းကိုမ ရှိသလောက်ဖြစ်နေတာ။ ပေါင်း ထိုးမြက်နုတ်ကလည်း မနက်စာ ပြန်တောင်သုံးထောင်လောက်၊ နေကုန်ဆိုငါးထောင်လောက်ဖြစ် နေတော့လည်း ဘယ်သွားကိုက် တော့မလဲ။ အိမ်နီးနားချင်း၊ ဆွေ မျိုးချင်းစုပြီး လက်စားလိုက်ပြီး လုပ်နေကြရတာပဲ’’ဟု ဆင်ပေါင် ၀ဲနယ် ရွာမည်းညို ကျေးရွာနေ တောင်သူ ဦးတင်ဆွေက ပြော ကြားသည်။

အမေရိကန် လက်ဝှေ့သမား ဒီယွန်တေ၀ီလ်ဒါ ဒဗလျူဘီစီ ဟဲဗီးဝိတ်သရဖူ ကာကွယ်

ဘာမင်ဂမ် (အလာဘားမား)- စနေနေ့က အမေရိကန် အလာဘားမား ဘာမင်ဂန်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ဟဲဗီးဝိတ်စိန်ခေါ်ပွဲ၌ လက်ရှိချန်ပီယံ အမေရိကန် လက်ဝှေ့သမား ဒီယွန်တေဝီလ်ဒါက စိန်ခေါ်သူ တစ်နိုင်ငံတည်းသား အဲရစ်မိုလီနာကို ကိုးချီမြောက်တွင် အလဲထိုးအနိုင်ယူပြီး ပထမဆုံးအကြိမ် သရဖူကာကွယ်နိုင်ခဲ့သည်။ဒီယွန်တေသည် ယခုသရဖူကို ပြီးခဲ့သည့် ဇန်နဝါရီတွင် ကနေဒါလက်ဝှေ့သမား ဘာမန်းစတီဗန်ကို အနိုင်ထိုးသတ်ပြီး ရခဲ့ကာ အမေရိကန်လက်ဝှေ့သမားများထဲတွင် ၂၀၀၇ နောက်ပိုင်း ပထမဆုံး ဟဲဗီးဝိတ်သရဖူ ဆွတ်ခူးနိုင်သူလည်း ဖြစ်ခဲ့သည်။

ကိုပါအမေရိကဖလားတွင် အာဂျင်တီးနား သရေကျ၊ ချန်ပီယံ ဥရုဂွေး နိုင်ပွဲရ

ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် ၂၂ နှစ်ကြာဗိုလ် မစွဲနိုင်မှု အဆုံးသတ်ရန် ရည်ရွယ် ထားသည့် မက်ဆီ ဦးဆောင်သော အာဂျင်တီးနားသည် အုပ်စုအဖွင့်ပွဲ၌ ပါရာဂွေးနှင့် ၂-၂ ဂိုးစီသရေကျခဲ့ပြီး မက္ကဆီကိုမှာ ဘိုလီးဗီးယားနှင့် သရေကျကာ လက်ရှိချန်ပီယံ ဥရုဂွေးတစ်သင်း သာ ဂျမေကာကို ၁-၀ ဂိုးဖြင့်ကပ် နိုင်ပြီး သုံးမှတ်ရရှိခဲ့သည်။တနင်္ဂနွေ နံနက်အစောပိုင်း ကိုပါအုပ်စုဖွင့်ပွဲတွင် အာဂျင်တီး နားက ပါရာဂွေးကို အဂူရို၏အဖွင့် ဂိုး၊ မက်ဆီ၏ ပင်နယ်တီတို့ဖြင့် ဦးဆောင်ခဲ့ပြီးမှ ဒုတိယပိုင်းတွင် ဗဲလ်ဒက်စ်၊ ဘာရီရို့စ်တို့အား ချေ ပဂိုးများပေးလိုက်ရ၍ အနိုင်မှ သ ရေကျခဲ့ခြင်းဖြစ်သည်။