Thursday, February 19, 2015

ဖုန်ကြားရှင်၏ အိတ်ဖွင့်ပေးစာအပေါ် နိုင်ငံတော်သမ္မတက လုံးဝအယုံအကြည်မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံ အိတ် ဖွင့်ပေးစာ ပေးခဲ့မှုအပေါ်တွင် နိုင်ငံတော်သမ္မတအနေဖြင့် အယုံအကြည် မရှိကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်သည်။

ယင်းအိတ်ဖွင့်ပေးစာတွင် ဖုန်ကြားရှင်က ကိုးကန့်တိုင်းရင်းသားကို ဦးဆောင်၍ ဒေသတွင်းနှစ်ရာချီရှိသော ဘိန်းစိုက်ပျိုးမှုများကို ရပ်တန့် စေခဲ့ပြီး ကိုးကန့် အထူးဒေသ(၁)ကို ဘိန်းပပျောက်နယ်မြေဟု နိုင်ငံတကာ

ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန်သူများကို စစ်ခုံရုံးဖြင့်ပါ စစ်ဆေးဆုံးဖြတ်မည်

ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းထားသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အရေးပေါ်အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်ပိုင်း ယင်းဒေသအတွင်း ပြစ်မှုဆိုင်ရာ မှုခင်းများကို စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးရေးကိစ္စ ဖယ်မထားရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးရေးကို ဖယ်ရှား၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများကို ပြောကြားသည်။
“ဘယ်လို အုပ်ချုပ်ရေးကိုသုံးသုံး တရားဥပဒေစိုးမိုးရေးကို ဖယ်ရှားလို့ ဘယ်ရမလဲ” ဟု ၎င်းကဆိုသည်။

စစ်အုပ်ချုပ်ရေး ပထမနေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား၊ ဗိုလ်ကြီးတစ်ဦး ကျဆုံး


တိုက်ပွဲကာလအတွင်း တပ်မတော်သား ၅၀ ဦး ကျဆုံး၊ ၁၀၀ ဦး ဒဏ်ရာရရှိကာ အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုရှိ

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်နေ့၌ ချင်းရွှေဟော် မြို့အနီးတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရကာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး အခြားအဆင့်သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်

ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပါးရိုက်လို့ အလုပ်ပြုတ်တဲ့ ဥပဒေမရှိဘူးပြောပြီး ကျောင်းသူကို အတန်းပိုင်ဆရာမ ပါးရိုက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ နယ်ရှိ အ.ထ.က. ၄ ကျောင်းမှ အဌမတန်း အတန်း ပိုင်ဆရာမသည် သူမ၏ အတန်း၌ ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးအား ဆုံးမရာတွင် ပါးရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပါးရိုက်ခံရသည် ကျောင်းသူ က ပါးမရိုက်ပါနှင့် တခြားနည်းဖြင့် ဆုံးမပါ ဟု ပြောကြားခဲ့သည်ဟု သိရသည်။ အခြား ဆရာမများ ရောက် လာကာ ကျောင်းသူအား ဖြောင်းဖြ့ပီး ဆရာမကို ခံပြောမိသည့် အတွက် တောင်းပန်ရန် တိုက်တွန်းသဖြင့် ကျောင်းသူ ကလေးမှ ထိုင်ကန်တော့ရာ အဆိုပါ အတိုင်းပိုင်ဆရာမက နင် ကန်တော့လဲ ငါမကျေနပ်ဘူး။ ပါးရိုက် လို့အလုပ်ပြုတ်တဲ့ဥပဒေမရှိဘူးဟုပြောပြီး ထပ်မံပါးရိုက်ခဲ့ဟု သိရသည်။

မြန်မာယူ-၂၂ နှင့်ဖီဂျီယူ-၂ဝ အသင်းတို့ ခြေစမ်းမည်

မြန်မာယူ-၂၂ အသင်းနှင့် ဖီဂျီယူ-၂ဝ အသင်းတို့သည် ဖေဖော်ဝါရီ ၁၉ ရက် (ယနေ့) ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။ ယခု ခြေစမ်းပွဲမှာ ဖီဂျီယူ-၂ဝ အသင်း၏ မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်၏ ဒုတိယမြောက်ခြေစမ်းပွဲဖြစ်ပြီး ပထမ ခြေစမ်းပွဲတွင် မြန်မာယူ-၂ဝ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ထားသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း SSPP/SSA ငြင်းဆို

ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများတွင်ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်မှ (SSPP/SSA) ကိုးကန့် တိမ်းရှောင် အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူကပြောသည်။
‘‘ကျွန်တော်တို့အားလုံးအံ့ သြနေကြပါတယ်။ တစ်ယောက် မှမပါ ပါဘူး။ ပြောတဲ့လူတွေက မဟုတ်မတရားစွပ်စွဲနေကြတာ ဖြစ်တယ်။ အဝေးကြီးပါ။ သံလွင် မြစ်ကြီးခြားနေပါတယ်။ မပါဘဲ ပါတယ်လို့ပြောနေတဲ့လူတွေတာ ၀န်ယူရမယ်’’ ဟု SSPP/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဆိုင်းကပြောသည်။

ကိုးကန့်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

တပ်မတော်သားများ နှင့် အရပ်သားများ စီးလာသည့် ကားကို ကိုးကန့်အဖွဲ့က ပစ်ခတ် သောကြောင့် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရပြီး တပ်မတော်သား လေးဦးဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မှ ချင်းရွှေဟော်သို့ ထွက်ပြေးလာသည့် အရပ်သား ငါးဦးနှင့် လုံခြုံရေးလိုက်ပါလာသည့် တပ်မတော်သား လေးဦး ပါလာသည့် ကားကို ဖုန်ကြားရှင် အ ဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်။ လောက်ကိုင်မြို့အထွက် ပါစင် ကျော်ရွာတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အမျိုးသားတစ်ဦး ဆီးခုံကို သေနတ်ကျည်ထိမှန်ကာ သေဆုံး ခဲ့ပြီး ၎င်း၏ ဇာတိကို မသိရကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ မချစ်မီးက ပြောသည်။

ပြင်ဆင်ချက်ပေါင်းများစွာပါဝင်သော ပညာရေးဥပဒေကြမ်း ပြည်သူများလေ့လာနိုင်ရန် ဖော်ပြ

အမျိုးသားပညာရေး ကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ကို ပယ်ဖျက်ထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် တင်သွင်းခဲ့ပြီးနောက် တစ်နေ့တွင်ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်များနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီရေးဆွဲ ခဲ့သော အမျိုးသားပညာရေးဥပ ဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၇၃ ချက်ထည့်သွင်းထားသည်။
‘‘နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း လွှတ်တော်ကို တင်သွင်းလိုက်တာပါ။ သပိတ်စစ် ကြောင်းတွေ ရပ်တန့်လိုက်တဲ့အ တွက်လည်း ၀မ်းသာပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ဘလုတ်ညွန့်ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေ

ကြည့်မြင်တိုင်တစ်ဖက် ကမ်း ဘလုတ်ညွန့်ရပ်ကွက်မှ မီး ဘေးသင့်ဒုက္ခသည် ကျောင်းနေ ကလေး တစ်ရာကျော်အတွက် စာမေးပွဲအမီ ကျောင်းတက်နိုင် ရန်နှင့် ပညာရေးအတွက် ကျောင်းသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင့် ဘလုတ်ညွန့်ရပ်ကွက်တွင် အိမ်ခြေနှစ်ရာခန့်၌ မီးဘေးဒုက္ခသည် ပေါင်း ကိုးရာကျော်ရှိနေပြီး ၎င်းတို့အနက် ကျောင်းသူ၊ ကျောင်းသားပေါင်း တစ်ရာခန့်ရှိကာ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားခြောက်ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကပြောသည်။