ကလေးဝ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာနှင့်
မန်ဖာလေးကျေးရွာတို့တွင် ယခုလ ၂၄ ရက် နံနက် ၄ နာရီအချိန်က ဆင်းတစ်ကောင်က
အစွယ်ဖြင့်ထိုးကာ နင်းခဲ့သည့်အတွက် လူနှစ်ဦးသေဆုံးခဲ့သည်ဟု ကလေးဝမြို့နယ်
သစ်တောဦးစီးမှူးရုံးက ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြော သည်။
အဆိုပါ ဆင်နင်း၍ လူနှစ်ဦးသေဆုံးသည့်နေရာသို့ မြို့နယ်သစ်တောဦးစီးမှူး ဦးကောင်းညွှန့်နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယခုလ ၂၄ ရက် နံနက် ၄နာရီအချိန်က ကလေးဝ - မော်လိုက် ကားလမ်းအနီးရှိ နန်းစလိန်ကျေးရွာနေ ဦးအဲညီထွေးဆိုသူသည် ၎င်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် ဆင်တစ်ကောင်က အိမ်ဝင်းအတွင်းသို့ ၀င်ရောက်လာပြီး ဦးအဲညီထွေးကို အစွယ်ဖြင့် ထိုးကာ နင်းသတ်ခဲ့ခြင်းဖြစ်သည်။
၎င်းဆင်သည် ထို့နေ့ နံနက် ၇ နာရီက မန်ဖာလေး ကျေးရွာအနီးရှိ ဦးဘသောင်၏ လယ်စောင့်တဲအား