Monday, October 1, 2012

ကချင်နှင့်သျှမ်းပြည် စီးပွားရေးလုပ်ငန်ရှင်များ မျက်စိကျစရာ နေရာဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်ပြော

dulyaphak        Dulyaphak Preecharach (Photo:SHAN)
၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ကွန်မြူနတီ (ASEAN Economic Community- AEC) ဖြစ်လာ ပါက ကချင်နှင့်သျှမ်းပြည်သည် အင်အားကြီးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ နေရာ ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင်များက ပြောဆိုပါသည်။
                               

ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော

naw_kham တရားရုံး၌ မိမိယဉ်ကျေးမှုအရ တရားသူကြီးအား နှုတ်ဆက်နေပုံ
တရုတ်နိုင်ငံ ၌ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။

ကျားဖြူဥက္ကဌ စင်္ကာပူ၌ ရောဂါခွဲစိပ်ရန် ဗီဇာစောင့်နေ

Sai_Aik_Paoကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း စင်ကာပူသို့ နှလုံးရောဂါသွားရောက် ခွဲစိပ်ရန် ဗီဇာ စောင့်နေကြာင်း ကျားဖြူပါတီ ကိုယ်စားလှယ်များ အသိုင်းအဝိုင်းကကြားသိရသည်။

“ ပြီးခဲ့တဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးတောင် သူမတက်နိုင်ရှာဘူး။ စကားပြောတာတောင် အားမရှိဘူးဖြစ်နေတယ်။ အစက ဘန်ကောက်မှာသွားခွဲမလို့စီစဉ်ကြတယ်။ နောက်တော့ စင်ကာပူမှာဘဲသွားခွဲဖို့ မိသားစုဝင်တွေက ဆုံးဖြတ်လိုက် တယ်။ အခုဗီဇာစောင့်နေတယ်။ ဗီဇာရရချင်းသွားဖို့ ပြင်ဆင်ထားကြတယ်” ဟု သျှမ်းပြည်မြောက်ပိုင်းမှ ကျားဖြူပါတီဝင် တဦး ကပြောသည်။

'ကျွန်မချစ်သော စစ်သားကြီး '

ကျွန်မ ၁၉၇၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ သိပ္ပံဘွဲ့ရခဲ့သူဖြစ်ပါ၏။  ကျွန်မတို့ခေတ်က လူတွေက ယနေ့ခေတ်လူငယ်တွေလို အင်္ဂလိပ်စာ မသွားလှပါ။  အင်္ဂလိပ်စာအရေးကြီးသည်ကို ယနေ့ခေတ်မှာ လောက် သတိထားခဲ့ကြပုံမရပါဟုလည်း ယူဆသော်ရပါ၏။ ကျွန်မကျောင်းပြီးပြီးချင်း ဖခင်အငြိမ်းစား တရားသူကြီးထံ ခွင့်တောင်းမိသည်မှာ သမီးစစ်ထဲဝင်ချင်တယ် အဖေဟူ၍ ဖြစ်ပါ၏။ ထိုစဉ်က စစ်သူနာပြုပင် အတော်ရှားနေသေးသည့် အချိန်။ အဖေက သူ၏စာအုပ်စဉ်မှ  Readers’ Digest တစ်အုပ်ကို ထုပ်ပေးပြီး
ဒါဖတ် ဒါတွေ အရင်လေ့လာ။ စစ်ထဲကို နောက်မှဝင်။ အင်္ဂလိပ်စာ အရင်သင်ဟု ဆိုသည်။

KIA မှ မန်စီတွင် အတင်းအကြပ် လူသစ်စုဆောင်း၊ လူ(၄၀)ဦး ဖမ်းဆီးခေါ်သွား

KIA/KIO တို့သည် ဗမာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၂ ခုနှစ် အစပိုင်းမှစတင်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများဖြင့် အင်အားဖြည့်တင်းလျက်ရာ စက်တင်ဘာလ(၂၈ နှင့် ၂၉)ရက်နေ့များမှာ  မန်စီမြို့နယ် အတွင်းမှလည်း လူသစ်(၄၀)ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည်



KIA အဖွဲ့သည် စက်တင်ဘာလ(၂၅)ရက်နေ့မှစတင်၍ ဖားကန့်မြို့သို့သွားလာနိုင်သည့် အဓိကလမ်းဖြစ်သော မိုးကောင်း - ဖားကန့်လမ်းရှိ ကားအသွားအလာကို ဖားကန့်နဲ့(၁၀)မိုင်ခန့်ဝေးတဲ့ နန့်တိန်တွင် ဖားကန့်မှ ဆင်း လာမည့် ကားများအား ပိတ်ထားကြောင်း သိရပါတယ်။ဖားကန့်မြို့ဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်ရာ အဓိကမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီတွင် လူဦးရေ(၅) သိန်းခန့် နေထိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ဖားကန့် - မိုးကောင်း ကားလမ်းတွင် တိုက်ပွဲ ဖြစ်

ရန်ကုန် ၊ အောက်တိုဘာ ၁ ဖားကန် - မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ ကထိုင်ယန် ကျေးရွာ အုပ်စု
လွယ်ဆိုင်း ကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့သည်
အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄နာရီခွဲမှ ညနေ ၅နာရီခွဲကျော် အထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်သည်။

ဘင်္ဂလားဒေရှ့် – မြန်မာနယ်စပ် ပန်ဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာ ဒေသတွင် မီးရှို့ဖျက်ဆီးခံထားရသည့် ဘုန်းတော်ကြီးကျောင်း မြင်ကွင်း (ဓာတ်ပုံ – Reuters)
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံ အာဏာပိုင်များက အရေးပေါ် ပုဒ်မ ၁၄၄ နှင့် ၃ ယောက်ထက် ပိုမို မစုဝေးရန် ထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၃၀ ရက်နေ့က ယင်းဒေသရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို မီးရှို့ရာမှ ပဋိပက္ခကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိုက်လှဲစွာ ကြိုဆို

 ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုသူပြည်သူများကို သမ္မတဦးသိန်းစိန် လက်ဝှေ့ယမ်းနုတ်ဆက်နေစဉ်/
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး ဒီကနေ့မနက်မှာ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံရေးပါတီတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ သွားရောက် ကြိုဆိုခဲ့ကြတာပါ။ ဒါဟာ သမ္မတရဲ့ ခရီးစဉ်အတွင်း အောင်မြင်မှုရခဲ့တာတွေကြောင့် လူထုက ကြိုဆိုတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောဆိုသလို အရင် အာဏာရှင်လက်ထက်မှာ တွေ့ကြုံခဲ့တဲ့အခြေအနေတွေနဲ့ မတူပဲ ထူးခြားတဲ့ အတွေ့အကြုံဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်ပြီး ၀မ်းသာမှုဖြစ်ခဲ့ရတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အကြမ်းဖက်မှုကြောင့် Cox’s Bazaar တဝိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်

 ကော့ဘဇာတဝိုက်က ဘုရားတွေအပါအ၀င် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊အစ္စလာမ် အစွန်းရောက်တချို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar အနီးမှာ စနေနေ့ညက ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစ္စလာမ် အစွန်းရောက်အဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ Cox’s Bazaar နဲ့ ပန်းဝါလို့ခေါ်တဲ့ Ramu ဒေသတ၀ိုက်မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းထက် တိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ထားပြီး မသင်္ကာသူတချို့ကိုလည်း မကြာသေးခင် နာရီပိုင်းအတွင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြော

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အသက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့ အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး ရေအနက် ၆ လက်မသာရှိသော ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေသည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီ
ခန့်က တွေ့ရှိရသည်။

KNU ခေါင်းဆောင်စောဘဦးကြီးအကြောင်း စာအုပ်မြန်မာနိုင်ငံတွင်ထုတ်ဝေမည်


KNU ခေါင်းဆောင်စောဘဦး ကြီး၏အထုပ္ပတ်္တိနှင့် မြန်မာနိုင်ငံ၏  အတိတ်ကလမှအရေးပါသည့်သမိုင်း  အဖြစ်အပျက်အချက်အလက်များ ပါဝင်သည့် “စောဘဦးကြီးနှင့် လူမျိုးစုများ၏နိုင်ငံရေးပြဿနာ” စာအုပ်ကိုပြည်တွင်းတွင်ပုံနှိပ်ထုတ် ဝေနိုင်အောင်စီစဉ်လျက်ရှိကြောင်း  စာမူရှင်မောင်စင်ကြယ် (UKL ပါတီ  အထွေထွေအတွင်းရေးမှူးဟောင်း ဦးမန်းညွန့်မောင်)ထံမှ သိရသည်။

သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ်

ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း (ဓာတ်ပုံ – vimutti.co.cc)
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မှိုတက်ဆေးဝါး အရေးမယူဘူးလား

မြန်မာပြည်ရှိ ဆေးရုံ၊ ဆေးခန်းများ ဆေးဝါးများ အရည်အသွေး ထိန်းသိမ်းရေး သတိရှိကြရန် လိုသည် (ဓာတ်ပုံ- Reuters)
ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်၊ ဆေးခန်းများတွင် ရက်မလွန်သေးသ ည့်ဆေးများ မှိုတက်ခြင်း၊ ပျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်က လက်ရှိ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံေ ရးအတွက် မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။ အဆိုပါဆေးများသည် တရားဝင် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကို ခံယူခဲ့ပြီး သော ဆေးဝါးများဖြစ်သည်။

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်တခု မြင်ကွင်း (ဓာတ်ပုံ – travelnewsworld.blogspot.com ) ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရ ရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

စိတ်ဝင်စားစရာမေးခွန်းများစွာပါသည့် ဘီဘီစီ HardTalk နဲ့ သမ္မတ ဦးသိန်းစိန် မေးဖြေခန်း


Download

လွတ်တော်ထဲက စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာလည်း အခြေအနေ ပြောင်းလဲလာရင် တဖြည်းဖြည်းချင်း လွှတ်တော်ထဲကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြော


မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တာဟာ အာရပ်နွေဦးလို့ ခေါ်တဲ့ အာရပ်ကမ္ဘာက အာဏာရှင် အစိုးရဖြုတ်ချတဲ့ လူထုအုံကြွမှုတွေနဲ့ မပတ်သတ်ဘူးလို့ မြန်မာသမ္မတ ဦးသိန်းစိန်က နယူးယောက်တိုင်း သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအရ ပြောင်းလဲတာဖြစ်ပြီး အန္တရာယ် နည်းအောင် ဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာလို့ ဦးသိန်းစိန်က ဆိုပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကို

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသောကြောင့် ယင်းတိုက်ပွဲ အခြေအနေများနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။

Samsung ဟန်းဆက်များတွင် အချက်အလက်များကို အဝေးထိန်းစနစ်ဖြင့် ဖျက်နိုင်သည့် အားနည်းချက်ရှိဟုဆို

Samsung Galaxy S2 နှင့် S3 အသုံးပြုသူများသည် ချို့ယွင်းချက်တစ်ခုကြောင့် ၎င်းတို့၏ device မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖျက်ပစ်ခံရနိုင်ကြောင်း အဆိုပါ ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည့် လုံခြုံရေးသုတေသီတစ်ဦးက ပြောကြားခဲ့သည်။
အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် အန္တရာယ်ရှိသော code များသည် နာမည်ကျော် ဟန်းဆက်များကို factory reset ပြုလုပ်နိုင်ကြောင်း

သမ္မတကြီးကို လာရောက်ကြိုဆိုကြသော အနုပညာရှင်များ


သမ္မတ ဦးသိန်းစိန်ကို တိုင်ရင်းသား ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပြည်သူများ လာရောက် ကြိုဆိုသော မြင်ကွင်းဓါတ်ပုံများ( ပြည်တွင်း ပြည်ပ သတင်းဌာနပေါင်းစုံမှ ဓါတ်ပုံပေါင်း(၁၀၀)အား ကူးယူဖေါ်ပြထားပါသည်)

လေဘာတီသို့ ခြေတစ်လှမ်းနှင့် သန်း(၆၀)

မှူးဇော်

(The Voice Weekly, Vol. 8/ No. 39, Monday, October 1-7, 2012)
 
လေဘာတီသို့ ခြေတစ်လှမ်း
          နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မကြာခင်ရက်ပိုင်းအတွင်း ကုလသမဂ္ဂရုံးစိုက်ရာ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီသို့ သွားရောက်တော့မည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး လစ်ဘာတီရုပ်တုကြီးတည်ရှိရာ နယူးယောက်မြို့တွင် နိုင်ငံ တကာ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများလည် ဆောင်ရွက်သွားမည် ဖြစ်သည်။ သမ္မတကြီးသည် နယူး ယောက်သို့ သွားရောက်သည်မှာ ယခုတစ်ကြိမ် ပထမဦးဆုံး မဟုတ်ပါ။ ယခင်အစိုးရလက်ထက်၌ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလ ၂၀၀၉ ခုနှစ်တွင် အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ဘူးသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဆန်ဖရန်စ္စကို မြန်မာ မိသားစုများ တွေ့ဆုံပွဲ

ဆန်ဖရန်စ္စကို၊ စက်တင်ဘာ၂၉   " ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ မညံ့ပါဘူး။ အခွင့်အရေးတွေသာ ညံ့ခဲ့တာပါ " ဟုမြန်မာ မိသားစုများနှင့် ဆန်ဖရန်စ္စကိုမြို့တွင် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။

Global Cyberlympic ပြိုင်ပွဲ၌ မြန်မာရှုံးနိမ့်ရခြင်းမှာ ၀က်ဘ်ဆိုက်လိပ်စာခေါ်ဆိုမရရှိခြင်းကြောင့် ဖြစ်သည်ဟုဆို


ရန်ကုန်၊ စက်တင်ဘာ၊ ၂၈
EC.Council နှင့် ITU တို့ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ Global Cyberlymics ပြိုင်ပွဲ၌ မြန်မာရှုံးနိမ့်ရခြင်းအကြောင်းအရင်းမှာ အဖြေမှန်ပေးပို့ရမည့် ၀က်ဘ် ဆိုက်လိပ်စာခေါ်ဆိုမရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၀င်ရောက်ယှဉ် ပြိုင်ခဲ့သူ ဦးအောင်ဇော်မြင့်ကပြောသည်။ ““ကျွန်တော်တို့ပြိုင်တဲ့အချိန်က ညအချိန်ကြီးဗျ။ သက်မှတ်ချိန်အတွင်းမှာလည်း ကျွန်တော်တို့အဖွဲ့က အားလုံးကို ဖြေဆိုနိုင်ခဲ့ကြတယ်။ နောက်ဆုံး

မောင်တောမြို့နယ် သရေကုန်တန်းကျေးရွာ အရေးအခင်းသတင်း

30.9.2012 ရက်နေ့ ညနေ ၄ နာရီပတ်ဝန်ကျင်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သရေကုန်တန်ကျေးရွာ၌ ရပ်ကွက်အုပ်ချုပ်ရေး ဥက္ကဌအိမ်အား ဘင်္ဂလီ အကြမ်းဖက်သမား ၄၀ လောက်မှ လာရောက်ပြီး အိမ်ကို မီးတိုက်၊ ပစ္စည်းများကို လုယက်၊ လူကိုသတ်ရန်အတွက် ကြိုးစားခဲ့ကြပါသည်။ သို့သော် ၄င်းအိမ်တွင် ဥက္ကဌအပါအ၀င် လူ ၃ ယောက်မှာ အကြမ်းဖက်သမားရန်မှ လွတ်မြောက်ခဲ့ပြီး

ဆီးရီးယားအတိုက်အခံများက အစိုးရ၏ဓာတုလက်နက်ထားရှိရာ နေရာများကိုဖော်ပြသည့် ဗီဒီယိုဖိုင်များလွှင့်တင်

120928105429-syria-chemical-weapons-sat-photo-story-topဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရသည် ဓာတုလက်နက်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိုက်အခံများက စတင်အာရုံစိုက်လာနေပြီး ယင်းလက်နက်များထားရှိရာ နေရာများကိုပြသသည့် ဗီဒီယိုများအား အတိုက်အခံများက YouTube တွင် လွှင့်တင်ခဲ့ကြောင်း သိရသည်။

၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံ့ခေါင်းဆောင်အချို့၏ လှုပ်ခတ်စေခဲ့သော မှတ်ချက်စကားများ

(အမေရိကန်သမ္မတ ဘာရက်အိုဘားမား)
''အီရန်သာ နျူကလီးယားလက်နက်ပိုင်သွားရင် အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားနိုင်တဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်ရလိမ့်မယ်။ ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်လိမ့်မယ်။ ... ဒါကြောင့် အီရန်နျူကလီးယား လက်နက်မရအောင် ဟန့်တားဖို့

သွေးတိုး၊ အကြောတက်၊ လေးဘက်နာ သားသတ်လွတ်စားပါ


တစ်ခါက တောထွက်ကြီးတစ်ပါး သားသတ်လွတ် ဆွမ်းဘုဉ်းပေးနေသဖြင့် ဆွမ်းလှူသော ဒကာတစ်ဦးက ဘုန်းဘုန်း အဓိဋ္ဌာန်ဝင်ပြီး ဘုဉ်းပေးနေတာလား၊  ဘယ်နှစ်ရက်၊ ဘယ်နှစ်လ အဓိဋ္ဌာန်လဲဟု လျှောက်ထားလေသည်။ တောထွက်ကြီးက အဓိဋ္ဌာန် မဟုတ်ပါဘူး၊ သွားနာနေလို့ပါဟု ဖြေလေသည်။ ရှေးက သွေးတိုးရောဂါ ဖိစီးနှိပ်စက်နေသူ တစ်ဦးသည် ဆေးအမျိုးမျိုး စားသော်လည်း မသက်သာ၊လူကလည်း တစ်နေ့တခြား ဝလာသဖြင့်

ဝက်လျှာ ချဉ်စပ် သုပ်

တနေ့တနေ့ ဟင်းအရည်၊ ဟင်းအနှစ်တွေနဲ့ချည်း စားရတာ ငြီးငွေ့လာတဲ့အခါ ချဉ်ချဉ်စပ်စပ် အသုပ်လေးနဲ့ ထမင်းပူပူလေး စားချင်စိတ် ဖြစ်မိကြမှာပါ။ 
ဝက်လျှာ ချဉ်စပ် သုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ၀က်လျှာအပြင် ၀က်နားရွက်၊ ၀က်သား၊ အမဲသား၊ ကြက်သား၊ ကြက်ခြေထောက်၊ ပုဇွန်၊ ကင်းမွန် စတာတွေကိုလည်း ဒီနည်းနဲ့ သုပ်စားနိုင်ပါတယ်။ 

"၁၈ မိနစ်ကြာ မော်လမြိုင်-မဲဆောက်ခရီး" ဖြစ်မြောက်ရေး ညှိရဦးမည်

  ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မှ မဲဆောက်သို့ရောက်ရှိလာ သည့် ထိုင်းအဖွဲ့ (ဓာတ်ပုံ - ဧရာဝတီ)
ပျံသန်းချိန် ၁၈ မိနစ်သာကြာမြှင့်သည့် မဲဆောက်-မော်လမြိုင် လေယာဉ်ခရီးစဉ် ပြေးဆွဲရေးအတွက် မွန် ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ကုန်သည်ကြီးများနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် NOK AIR ထိုင်းလေကြောင်းလိုင်း ဒုဥက္ကဌနှင့် ထိုင်းကုန်သည်များ ယနေ့ မဲဆောက်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည်။

မြန်မာပြည်သူများ သမ္မတဦးသိန်းစိန်ကို လာရောက်ကြိုဆို


ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

နယူးယောက်၊ စက်တင်ဘာ ၃၀ ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

နေ့ခင်း၌ သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိန်၊ရွှေများ ဖောက်ထွင်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့ တော်၊ မရမ်ကုန်းမြို့ နယ်၊ အိမ်အမှတ် ၅၊ ရပ်ကွက် ၂၊ ဒေးဗစ်ရွှေနုလမ်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရှင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

“မနက် ၉နာရီခွဲလောက်မှာ ခိုးခံရတယ်။ ကာလတန်ဖိုး အနေနဲ့ သိန်းသုံးထောင်ကျော်လောက်ရှိတယ့် စိန်ရယ် ရွှေရယ် ပါသွားတယ်။ အခု အမှုဖွင့်ထားပါတယ်” ဟု၎င်း ကဆိုသည်။

နိုင်ငံတကာ တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး

တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို ပြောပြခဲ့ကြတာပါ။
 

တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ လူအများအပြား ဒဏ်ရာရ

ဂျပန်နိုင်ငံ အိုကီနာဝါ တောင်ပိုင်းဒေသ တလျှောက်မှာ မီးတွေပျက်ပြီး ဒါဇင်နဲ့ ချီတဲ့လူတွေကို ဒဏ်ရာစေခဲ့တဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ အခု ဂျပန် ကုန်းတွင်းပိုင်း ကို အင်အားပြင်းထန်စွာနဲ့ ၀င်ရောက် တိုက်ခတ် နေပါတယ်။