Wednesday, November 5, 2014

မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုဖြင့် အရေးယူ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် တောင်တွင်းကြီးမြို့ ၊ ရွှေအိုး(၂) ရပ်ကွက်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် လမ်းမပေါ်၌ ရွှေအိုး(၂)ရပ်ကွက်နေ ၀င်းနိုင်ထွန်း(၂၉)နှစ်အား ရှာရန်း-110 အနက်ရောင်၊ နံပါတ်မပါ ဆိုင်ကယ်တစ်စီးနှင့်အတူ ၀င်းနိုင်ထွန်း(၂၉)နှစ် မသင်္ကာဖွယ် တွေ့ရှိ သဖြင့်

အနောက်ယိမ်းပုံရိပ်ကို တရုတ်ခရီးနဲ့ ဒေါ်စု ညှိလိုဟန်ရှိ

Photo: အနောက်ယိမ်းပုံရိပ်ကို တရုတ်ခရီးနဲ့ ဒေါ်စု ညှိလိုဟန်ရှိ 
Wednesday, November 5, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တွေက ဆိုပါတယ်။ ရှေ့လထဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ရှေ့လ ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် သွားရောက် လေ့လာမယ့်ခရီးစဉ်ဟာ တရုတ်-မြန်မာဆက်ဆံရေး အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရအောင် တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သွားမယ်ဆိုတာပြောတယ်။ ဒီဇင်ဘာထဲမှာလို့ပြောတယ်။ အမြဲတမ်းပါလေ့ ရှိတာကတော့ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှု ဒီမြန်မာနိုင်ငံရဲ့ အပြောင်းအလဲကြောင့် ဘယ်လို ဆက်ဖြစ်လာမလဲဆိုတဲ့ အဲ့ဒီ subject လေးက အမြဲတမ်း ပါတတ်တယ်။”

NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းဟာ NLD ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံကို သွားရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း လေ့လာခဲ့တာနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းပြောပြတာက-

“တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သူတို့စီးပွားရေးနဲ့ သူတို့ပါတီတွေရဲ့ လှုပ်ရှားမှု၊ ဆက်သွယ်မှုတွေ အဲ့ဒါတွေကို လေ့လာခွင့်ရတယ်။”

အခုလိုမျိုး တရုတ်အစိုးရနဲ့ မြန်မာ့နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြား အပြန်အလှန် ဆက်ဆံရေး တိုးတက်လာတာဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအပေါ် မူဝါဒချမှတ် အဆင့်ဆင့် ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်း ဖြစ်နိုင်သလို အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။

“သူတို့ ညှိနှိုင်းနေတာတော့ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်လာရေးလေ။ အဲတော့ ဘယ်သူတွေကို ဖိတ်မယ်။ ဘယ်လိုအဆင့်အတန်းနဲ့ ဖိတ်မယ်။ အဲ့ဒါမျိုးတွေပေါ့။ တော်တော်လေး ညှိနှိုင်းနေတာ ကြာပါပြီ။ အခုမှ ဘယ်လိုပြောမလဲ အဆင်ပြေသွားတယ်နဲ့ တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာဖို့ကို တရုတ်ဘက်ကလည်း လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာချင်နေတာ ကြာပါပြီ။ တနှစ်လောက်တောင်ရှိပြီ။ ကျမတို့ ကြားနေတာလေ။ အခုတော့ လာဖြစ်သွားတာနဲ့ တူပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း သူ့ရဲ့ပုံရိပ်ဖြစ်တဲ့ အနောက်တိုင်းကို သိပ်ယိမ်းတယ်ဆိုတာကို သူကလည်း နည်းနည်း ဘယ်လိုခေါ်မလဲ မလိုလားဘူးပေါ့နော်။ သူ့အနေနဲ့က ကြားနေတတ်တဲ့သူ၊ အထူးသဖြင့် ဒီလို ဗမာပြည်၊ တရုတ်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ သူက တရုတ်ပြည်ကိုလည်း ရင်းရင်းနှီးနှီး ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်။ ဆက်ဆံနိုင်တဲ့ပုံရိပ်ကို သူကလည်း ဖော်ချင်တာနဲ့ အဲ့ဒီ ဒီခရီးက ဖြစ်သွားတယ်နဲ့ တူပါတယ်။ ဟိုကျမကြားတာတော့ ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့် ဆိုတာရှိတယ်ဗျ။ Senate ပေါ့။ အနောက်တိုင်းမှာဆိုရင်တော့ Senate ပေါ့။ ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်မဟုတ်ဘူး။ သူက အကြံပေးအဖွဲ့ပဲ။ တပ်ပေါင်းစုလက္ခဏာဆောင်တယ်။ အဲ့ဒီအဖွဲ့က ဖိတ်တာလို့ပြောတယ်။ Senate ဥက္ကဌက ဖိတ်တာလို့ပြောတယ်။”

တရုတ်အစိုးရအနေနဲ့လည်း ဒေသတွင်း အထူးသဖြင့် တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ မူဝါဒ ချမှတ် အကောင်အထည်ဖော်နေချိန် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားတွေ လုံခြုံမှုရှိအောင် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ဒေါ်လှကျော်ဇောက ရှုမြင်ပါတယ်။

“အဲ့ဒါကတော့ တောက်လျှောက် တရုတ်ဘက်ကလည်း ဒီလို သူ့ရဲ့အိမ်နီးနားချင်း ပေါ်လစီ၊ သံခင်းတမန်ခင်းပေါ်လစီဆိုတာ ရှိတယ်။ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေး ပိုမို ပြေပြစ်အောင်လုပ်ရေး။ နောက်တခုက အိမ်နီးနားချင်းတွေနဲ့ အထူးသဖြင့် အခြေခံအဆောက်အအုံတွေ များများလုပ်ရေးပေါ့။ အဲ့ဒီကိစ္စတွေ ဘာတွေအားလုံးကို တရုတ်ကလည်း ၀ီရိယစိုက်ပြီး လုပ်နေတာဖြစ်တာကိုး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် လာလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့လည်း တစုံတရာ သူတို့အပေါ်မှာ အမြင် နည်းနည်းပါးပါးများ ကောင်းလာမလားလို့ တရုတ်ဘက်ကလည်း ထင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအတွက် ကြိုးစားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရတာကလည်း သူက အင်အားကြီးနိုင်ငံအားလုံး အထူးသဖြင့် အိမ်နီးနားချင်း အင်အားကြီးနိုင်ငံ အားလုံးနဲ့လည်း ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ချင်ပုံ ရပါတယ်။ ဒါဟာ ကျမတို့ တိုင်းပြည်အတွက် အမြင်ကျယ်တဲ့သူတိုင်း ထားသင့်တဲ့ သဘောထားပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တရုတ်နိုင်ငံ တာဝန်ရှိသူတွေက လာရောက်လေ့လာဖို့ ဖိတ်ကြားခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီဘက်က မြန်မာ့နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း အရင်ကထက် ပိုပြီးသိအောင် လေ့လာသုံးသပ်နေတဲ့ တစိတ်တပိုင်းအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေက NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ NLD ပါတီ ဗဟိုဌာနချုပ်ရုံးမှာ လာရောက်တွေ့ဆုံခဲ့ကြတာလည်း ရှိပါတယ်။

VOA
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တွေက ဆိုပါတယ်။ ရှေ့လထဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကို ကျပ်သိန်း ၁၅၀ စီဖြင့် ဂုဏ်ပြု

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ပျောက်ဆုံးခဲ့သည့် တောင်တက်သမားနှစ်ဦး အတွက် တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀ စီ အပါအဝင် ဂုဏ်ပြုဆုများဖြင့် ဂုဏ်ပြုခဲ့ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်က ရန်ကုန်မြို့ UMFCCI ခန်းမတွင် ကျင်းပသော ခါကာဘိုရာဇီ သူရဲကောင်းများ ဂုဏ်ပြုပွဲ၌ တောင်တက်သမားနှစ်ဦး ဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့အပြင် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည့် တောင်တက်သမား ခြောက်ဦးကို ကျပ် ၁၀ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ရင်း ရဟတ်ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ထူးဖောင်ဒေးရှင်းမှ ကပ္ပတိန် အောင်မြတ်တိုးအတွက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။

အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင် ဖွင့်ဟချက်

Photo: အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင် ဖွင့်ဟချက်
Wednesday, November 5, 2014

စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ ကိုဇော် (အ ရုဏ်ဦး)ရိုက်ကူးနေတဲ့ ‘မြားနတ်မောင် ဝှက်တဲ့မြား’ ဇာတ်ကားကို ခင်ဝင့်ဝါနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်က ပန်းချီဆရာပေါက်စလေးအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ဇာတ်ကားလေး တစ်ကားဖြစ် တယ်လို့လည်း သိရပါတယ်။ စိုင်း စိုင်းခမ်းလှိုင်က ဒီနှစ်ထဲမှာ ရုပ်ရှင် ဇာတ်ကား ကြီး တစ်ကားရိုက်ကူးဖို့အတွက်လည်း ပြင် ဆင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။ ဇာတ်ညွှန်းနဲ့ ပတ်သက်လို့တော့ ပြင်ဆင်နေ တုန်းပါပဲ။ ရထားပေါ်မှာ ရိုက်ဖို့ အခြေ ခံထား တယ်ဆိုပေမယ့်လည်း ရထားပေါ်မဟုတ်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါကောင်းပါနိုင်ပါ တယ်။ အခုစာရေးဆရာရယ် ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းရေးဆရာတွေရယ် ဇာတ်ကို ပြင်ဆင် နေကြပါတယ်။ ဒါရိုက်တာက ကိုဇော် (အရုဏ် ဦး)ပါ။ မင်းသမီးကတော့ ဝတ်မှုံရွှေရည်နဲ့ ရိုက်မှာပါ။ အခုတော့ဇာတ်အတွက် ပြင်ဆင် နေကြတဲ့အချိန်ပဲ ရှိပါသေးတယ်” လို့ စိုင်းစိုင်း ခမ်းလှိုင် က ပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး အခု ချိန်ထိ တော့ ဘာမှထုတ်ပြန်စရာအကြောင်းမရှိသေး ပါဘူးလို့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြလာ တဲ့ စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော့် အချစ်ရေး နဲ့ ပတ်သက်လို့ ထုတ်ပြန်စရာမရှိသေးပါဘူး။ မပြောနိုင်သေးပါဘူး။ သူငယ်ချင်းတွေထဲမှာ တချို့တွေကလည်း အိမ်ထောင်ပြုကြတယ်။ တချို့တွေကလည်း မပြုကြဘူး။ အဲဒီတော့ ကျွန်တော်က တချို့ရက်တွေထဲမှာ အိမ်ထောင် ပြုသင့်တဲ့အရွယ်များ ငါရောက်နေပြီလားလို့ ထင်သလို တချို့ရက်တွေမှာကျတော့လည်း တအားငယ် ပါသေးတယ်ကွာလို့ ထင်မိတယ်။ အလုပ်လည်း လုပ်လို့ မဝသေးဘူး။ နောက် ပြီးတော့ ထပ်ပြီးလုပ်ချင်တဲ့ အလုပ်တွေက လည်း အများကြီးရှိနေသေးတယ်ဆိုတော့ အိမ်ထောင်ရေးကတော့ ဘာမှ တိတိကျကျ ပြောလို့ရ တဲ့အခြေအနေတော့ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ ကျွန်တော်ပြောပြပါမယ်။ ကံကြမ္မာလည်း တစ်စိတ် တစ်ဒေ သပါနိုင်ပါ တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ နေထိုင်မှုပုံစံနဲ့ လည်း သက်ဆိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုေ တာ့ ကျွန်တော်က အလုပ်ထဲမှာပဲ မွေ့ပျော်နေပြီး တော့ အလုပ်ကလည်း
တစ်ခုတည်းမဟုတ်ဘူး။ ဂီတရော ရုပ်ရှင်ရောဆိုတော့ အချစ်ရေးမှ မဟုတ်ဘူး။ လူမှုရေးတွေမှာလည်း ပျက်ကွက် တာတွေကို မျက်နှာပူရတယ်။ ဘယ်အရွယ်မှာ ရည်စား ထားမယ်၊ ဘယ်အရွယ်မှာအိမ်ထောင် ပြုမယ်ဆိုပြီးအရွယ်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်မတွေးထားပါဘူး။ တစ်ချိန် ကျရင်တော့ ပြောပြမှာပါ” လို့ ပြောပါတယ်။ ဒိတ် ဒိတ်ကြဲ ဗီစီဒီကို တော့ ဒီ ဇင်ဘာလ ၂၈ရက် နေ့မှာ ပရိ သတ် တွေအတွက် ဖြန့်ချိမယ်လို့ စိုင်း စိုင်းခမ်း လှိုင်က ပြောပါတယ်။

“ကျွန်တော့် ဘက်ကတော့ ပြီးစီးသ လောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက် နေ့မှာ Snare အဖွဲ့ရဲ့ ဒီဗီဒီ ထွက်ဖို့ရှိတဲ့ အ တွက် ကျွန်တော်ကဒီဇင်ဘာလမှာပဲ ထွက်ပါ မယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေ လည်း ဖြစ်တဲ့အတွက် အခွေတွေ တိုက်နေရင်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှ ကျွန်တော့် အခွေ လေးထွက်ပါမယ်” လို့ အခွေနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်း လှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ပရိသတ် တွေရွေးချယ်ပေးတဲ့ I Love Artist ဆုကို ရရှိခဲ့တဲ့ အတွက် နိုဝင်ဘာ ၂ ရက်နေ့မှာ မိဘမဲ့ စာသင်ကျောင်း တစ်ခုကို သွား ပြီးလှူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လွင်လွင်ထွန်း
Popular Journal
စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ ကိုဇော် (အ ရုဏ်ဦး)ရိုက်ကူးနေတဲ့ ‘မြားနတ်မောင် ဝှက်တဲ့မြား’ ဇာတ်ကားကို ခင်ဝင့်ဝါနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်က ပန်းချီဆရာပေါက်စလေးအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ဇာတ်ကားလေး တစ်ကားဖြစ် တယ်လို့လည်း သိရပါတယ်။ စိုင်း စိုင်းခမ်းလှိုင်က ဒီနှစ်ထဲမှာ ရုပ်ရှင် ဇာတ်ကား ကြီး တစ်ကားရိုက်ကူးဖို့အတွက်လည်း ပြင် ဆင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံသို့ သွားရောက်လေ့ကျင့်

ဘာလုံးအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်ဖို့ အတွက် နိုဝင်ဘာ ၃ ရက်နေ့က ကာတာနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။

၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး မြန်မာ အသင်းပါဝင်တဲ့ အုပ်စု (ခ)ပွဲစဉ်များကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များနေသဖြင့် ယာဉ်တင်သွင်းခွင့်မူဝါဒ ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ရန်သာ စဉ်းစားမည်

ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များပြားနေသဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ် တင်သွင်းမှုကိုသာ ကန့်သတ်ရန် စဉ်းစားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားသည်။

အဆိုပါ ပြောကြားချက်သည် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ နိုဝင်ဘာ ၄ ရက် နံနက်က ပြုလုပ်ခဲ့သည့် ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေး လုပ်ငန်းစဉ်များအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာမောင်အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲပြီးနောက်ပိုင်းတွင် နှစ်စဉ်မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုပြီးနောက် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ မှာ ဖြေရှင်းရန်ခက်ခဲလာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

အိုဘားမားလာမည့်အချိန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဆန္ဒပြရန် ပြင်

Photo: အိုဘားမားလာမည့်အချိန် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဆန္ဒပြရန် ပြင်
Wednesday, November 5, 2014

အမေရိကန်သမ္မတအို ဘားမားမြန်မာနိုင်ငံသို့ ရောက်ရှိ မည့် နိုဝင်ဘာ ၁၂ ရက်တွင် ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန် ရက်(ဒဂုံဆိပ်ကမ်း)က ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတား အောက်မှ သံလွင်လမ်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားရန် သက်ဆိုင်ရာမြို့နယ်တွင် စာတင် ထားကြောင်း ကွန်ရက်၏ ဦးဆောင်ကော်မတီတွဲဖက်တာဝန်ခံ ဦးကြည်လင်းကပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်ပြုလုပ်ရ ခြင်းသည် အိုဘားမားမြန်မာနိုင်ငံ သို့ ရောက်ရှိချိန်တွင် ပြည်တွင်း ရေးအခြေအနေကို ရှင်းရှင်းလင်း လင်းသိစေလိုကြောင်း နိုင်ငံတ ကာအသိုင်းအ၀ိုင်းထောက်ခံအား ပေးပူးပေါင်းဆောင်ရွက်မှုကို ရယူလို၍ ဖြစ်ကြောင်းဟုဦးကြည်လင်းကဆိုသည်။

‘‘အဓိကဆန္ဒထုတ်ဖော်သွား မှာက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး၊ ဒီအထဲမှာ အစစ် အမှန်နဲ့ အလုံးစုံပြင်ဆင်ရေး အတွက်ရယ်၊ PR စနစ်၊ ပုဒ်မ ၄၃၆၊၆(စ)နဲ့ ၅၉ (စ)ဒါကိုအဓိကထား ပြီး ဆန္ဒထုတ်ဖော်သွားမှာပါ’’ဟု ၎င်းကဆိုသည်။

နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးအတွက် အစစ် အမှန်နှင့် အလုံးစုံပြင်ဆင်လို ခြင်းမှာ ၎င်းဥပဒေပြင်ဆင်နိုင်ပါ က ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား အခွင့်အလမ်းအခွင့်အရေးများ အပြည့်အ၀ရရှိမည်ဟု ယုံကြည် ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ကိုအမွိုင်းက ၎င်း၏ အမြင်ကို ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခွင့်အတွက် ခွင့်ပြုမိန့်တင်ထားပြီး သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းများ ထံမှ ခွင့်ပြုမိန့်မရလျှင်လည်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ ဒီမိုကရက်တစ်နှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့များပါဝင်မည်ဖြစ်ကာ လူဦးရေ ၁၀၀၀ ခွင့်ပြုမိန့်တင်ထားကြောင်း သတင်းရရှိသည်။

သမ္မတအိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိ မည်ဖြစ်ပြီး ၁၄ ရက်မှ ရန်ကုန်မြို့သို့လာရောက်မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံတွင် အိုဘားမားမိန့်ခွန်းပြောခဲ့စဉ်က၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
အမေရိကန်သမ္မတအို ဘားမားမြန်မာနိုင်ငံသို့ ရောက်ရှိ မည့် နိုဝင်ဘာ ၁၂ ရက်တွင် ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန် ရက်(ဒဂုံဆိပ်ကမ်း)က ရန်ကုန်မြို့ လှည်းတန်းခုံးကျော်တံတား အောက်မှ သံလွင်လမ်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားရန် သက်ဆိုင်ရာမြို့နယ်တွင် စာတင် ထားကြောင်း ကွန်ရက်၏ ဦးဆောင်ကော်မတီတွဲဖက်တာဝန်ခံ ဦးကြည်လင်းကပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်ပြုလုပ်ရ ခြင်းသည် အိုဘားမားမြန်မာနိုင်ငံ သို့ ရောက်ရှိချိန်တွင် ပြည်တွင်း ရေးအခြေအနေကို ရှင်းရှင်းလင်း လင်းသိစေလိုကြောင်း နိုင်ငံတ ကာအသိုင်းအ၀ိုင်းထောက်ခံအား ပေးပူးပေါင်းဆောင်ရွက်မှုကို ရယူလို၍ ဖြစ်ကြောင်းဟုဦးကြည်လင်းကဆိုသည်။

ယူနိုက်တက်အမရဘဏ် ငွေပြန်ထုတ်သူ နှစ်ဆမြင့် ဦးအောင်သောင်း သတင်းဂယက်ကြောင့် ဘဏ်အပ်ငွေနှင့်ထုတ်ငွေကွာဟမှု တစ်ရက်တည်း ကျပ် ၁၀ ဘီလီယံခန့်အထိရှိလာ

ဦးအောင်သောင်းကို အ မေရိကန်အစိုးရက စီးပွားရေးပိတ် ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက် ပြီးနောက် ပြင်ပ၌ ကောလာဟလ များထွက်ပေါ်ပြီး ယူနိုက်တက်အ မရဘဏ်မှ ငွေထုတ်ယူမှုမှာ နှစ် ဆခန့်မြင့်တက်လာကြောင်း တာ ၀န်ရှိသူများက ပြောကြားသည်။

‘‘ပုံမှန်ဆိုရင် အပ်ငွေနဲ့ ထုတ်ငွေက တစ်နေ့ကို ကျပ်လေး၊ ငါးဘီလီယံပဲ ကွာခြားတယ်။ ဒီ နေ့တော့ ဆယ်ဘီလီယံအထိရှိ တယ်’’ဟု ယူနိုက်တက်အမရ ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းစိုးက ပြောသည်။

ကောလာဟလများ ထွက် ပေါ်လာပြီးနောက် ယူနိုက်တက် အမရဘဏ်၌ ငွေထုတ်ယူမှုသည် နိုဝင်ဘာ ၄ ရက်က ကျပ် ၂၆ ဘီလီ ယံရှိပြီး အပ်ငွေမှာ ၁၆ဘီလီယံ သာရှိခဲ့သည်။ နိုဝင်ဘာ ၃ ရက် က အပ်ငွေမှာ ကျပ် ၄၄ ဘီလီယံ ရှိခဲ့ပြီး ထုတ်ငွေမှာ ၄၁ ဘီလီယံရှိ ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိရင် ပါတီဝင်မဖြစ်နိုင်

နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိတဲ့သူတွေကို ပါတီဝင်တွေအဖြစ် စည်းရုံး ထည့်သွင်းရင် သက်ဆိုင်ရာ ပါတီကို စိစစ် အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice ကို ပြောပါတယ်။
နိုင်ငံရေးပါတီ တွေထဲမှာ နိုင်ငံသားလက်မှတ် ကိုင်ထားတဲ့သူတွေကို ပါတီဝင်တွေ အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် ဒါမှမဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ထားတဲ့သူတွေကို ထည့်သွင်း စည်းရုံးထားရင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပါတီထဲကနေ ထုတ်ပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံသားမဟုတ်သူများ ပါဝင်တည်ထောင်ထားသည့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ပြန်ဖွဲ့ခိုင်း

နိုင်ငံသားမဟုတ်သူများ ပါဝင် တည်ထောင်ထားသည့် နိုင်ငံရေးပါတီများ အနေဖြင့် ၂၀၁၅ ဇန်န၀ါရီ ၉ ရက် နောက် ဆုံးထား၍ ဥပဒေနှင့်အညီ ပြင် ဆင် ဖွဲ့စည်းရတော့မည်ဖြစ် သည်။

ယခင်က မူလနိုင်ငံသား မဟုတ်သည့် နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ယာယီသက်သေခံလက်မှတ် (အဖြူရောင်ကတ်) ကိုင်ဆောင် ထားသူများကိုပါ ပါတီတည် ထောင်ခွင့်၊ ပါတီတွင်း ပါဝင် ခွင့်ပေးထားခဲ့သော်လည်း ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအရ ထိုသို့ ပါဝင်ခြင်းကို ကန့် သတ်လိုက်ခြင်းဖြစ်သည်။