Thursday, September 4, 2014

တာဝန်ရှိချိန်၌သာ သမိုင်းစာမျက်နှာကောင်းရေးနိုင်၏

ဒီမိုကရေစီခေတ်သို့ရည်မှန်းကာ အာဏာသိမ်းသည်ဆိုခဲ့သော စစ်အစိုးရလက်ထက်၌ ဈေးကွက် စီးပွားရေးစနစ်ပုံရိပ်ဖြင့် ပုဂ္ဂလိကဆေးရုံဆေးခန်းတို့ တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်ခြင်းကို အားသာချက် အဖြစ် ရှုမြင်ခဲ့ပုံရသည်။
ပြည်သူ့ဆေးရုံများမှာ နွမ်းပါးသူတွေသာတက်ရောက်ကုသသော လူမွဲတို့ဆေးရုံအဖြစ် တန်ရာတန်ရာ ဟူ၍ သဘောထားလေသည့်အလား၊ သန့်ရှင်းမှုကင်း မဲ့သော၊   ဆေးပစ္စည်းမစုံလင်သော အရောင်အဆင်း မှေးမှိန်သည့် ဆေးရုံတွေအဖြစ် ဆယ်စုနှစ်နှစ်စုအတွင်း တစ်ဟုန်ထိုးတိုးဆင်းလာခဲ့သည်။ ပြည်သူလူထု၏ အားကိုးအားထား ရာ ပြည်သူ့ဆေးရုံတွေမှာ ပိုက်ဆံခန်းဟူသောဝေါဟာရ၊ စရိတ်မျှပေးဟူသောဝေါဟာရ တို့က တုံးလုံးစာမပြောနှင့်မတ်တတ်စာပင် အနိုင်နိုင်ဘဝတွေကို သောက ပိုစေ ခဲ့ခြင်းမှာ တာဝန်ရှိသူများ သတိမပြုမိခဲ့သည်အလား ဖွတ်မွဲပြာစုအသွင်နှင့် ပြည်သူ့ဆေးရုံတွေဟာ ပြည်သူတွေအားထားချင်လောက် စရာမရှိသည့်အခြေ သို့ ရောက် ခဲ့ခြင်းဖြစ်မည်။

ဆားလင်းကြီးပြည်ခိုင်ဖြိုးမြို့ဆိုင်းဘုတ် ပြင်ဆင်ပေးပါရန်နှင့် တစ်လအတွင်းမပြင်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့ စာသားပါ ဆိုင်းဘုတ်သစ် စိုက်ထူမည်ဟုတင်ပြ


ဆားလင်းကြီးမြို့ ပခုက္ကူ- မုံရွာလမ်း ရွှေမုဋ္ဌောကုန်းတွင် စိုက် ထူထားသော ဆားလင်းကြီးပြည်ခိုင် ဖြိုးမြို့စာသားပါ ဆိုင်းဘုတ်မှစာသား များအား ပြင်ဆင်ပေးပါရန်နှင့် တစ် လအတွင်း ပြင်ဆင်ရေးသားခြင်းမပြု ပါက ဆားလင်းကြီးအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့စာသားပါ မြို့ဆိုင်း ဘုတ်သစ် စိုက်ထူမည်ဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က မြို့နယ်ကော်မ ရှင်နှင့် သက်ဆိုင်ရာဌာနများထံ သြ ဂုတ် ၂၉ရက်တွင် အကြောင်းကြားစာ ပေးပို့တင်ပြထားကြောင်း မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့် အောင်က ပြောသည်။

" သိက္ခာမလုံတဲ့ အနိဋ္ဌာရုံ ကုန်သည်ကြီးများ "



ကျွန်တော်ပြောချင်တာက ကျွန် တော်တို့ မြန်မာပြည်သူ လူထုမျက်ခြည် ဖြတ်ခံလိုက်ရတဲ့ ကိစ္စတစ်ခု။ ဆုံးရှုံးနစ်နာမွဲပြာကျနေကြရတဲ့ ဘဝတွေထဲက ကိစ္စတစ်ခုပါ။ ၁၉၅၂ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်အထိ မြန်မာပြည်သူလူထုအတွက် ပြည်ပနိုင်ငံတွေဘက်က ကူညီပံ့ပိုးထောက် ပံ့မှုပေးခဲ့တဲ့ ကိုလံဘို စီမံကိန်းကြီးဟာ န.ဝ.တနဲ့ န.အ.ဖ စစ်ကောင်စီတွေ လက်ထက်ရောက်တော့ ဘယ်လိုစာရင်း ပျောက်၊ အင်းပျောက် ဖြစ်သွားရလဲဆို တာ အခုအချိန်အခါထိလည်း ပြည်သူ လူထုကို အရေးတ ယူတ လေး တစားရှင်း မပြကြသေးတာ ကျွန်တော်ပြောချင်တာ ပါ။ ကိုလံဘို စီမံကိန်းဆိုတာက ဒီလိုပါ။ ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံးသွားတဲ့အခါ ကျတော့ ကျွန်တော် တို့ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေဟာ စီးပွား ရေးကျပ်တည်းခဲ့ကြပါတယ်။ လူဦးရေ တိုးပွားလာတာနဲ့ စီးပွားရေးအခြေအနေ က အချိုးမညီမျှတာတွေလည်း ပါတာ ပေါ့လေ။ ဒြီ ပဿနာတွေကို ဘယ်လိုဖြေ ရှင်းရင် ကောင်းမလဲဆိုပြီး ကိုလံဘို စီမံ ကိန်းဆိုတာက ပေါ်လာခဲ့ရတာပါ။ အ နောက်နိုင်ငံတွေနဲ့ အာရှတိုက်ရဲ့တောင် ပိုင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရတဲ့ စီမံကိန်းလည်း ဖြစ်ခဲ့ပါတယ်။

ဂျီဟတ်ကို မြန်မာပြည် ခေါ်မသွင်းမိပါစေနှင့်

ဂျီဟတ်, အဓိကရုဏ်း, လူမျိုးရေး, အကြမ်းဖက်
၂၀၁၂ ခုနှစ် ပါကစ္စတန် ပက်ရှဝါရှိ ရဲစခန်းတခုကို တာလီဘန်အသေခံဗုံးခွဲသမားများ ဝင်ရောက်တိုက်ခိုက်အပြီး မြင်ကွင်း (ဓာတ်ပုံ – Reuters)
ကမ္ဘာ့မှာ နိုင်ငံတကာအကြမ်းဖက်ဝါဒ မျက်နှာစာသစ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ မြန်မာပြည်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်နေတာဟာ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် အလွန်စိုးရိမ်စရာ ကောင်း ပါတယ်။
မြန်မာပြည်ဟာ နိုင်ငံတကာ အကြမ်းဖက်ဝါဒီ တွေရဲ့ ပစ်မှတ်ဖြစ်လာတာ ကြာခဲ့ပါပြီ။ ၁၉၇၀ ပြည့် လွန်နှစ် တွေမှာ ဘင်လာဒင်ဆရာလို့ သတ်မှတ်ကြတဲ့ ပါလက်စတိုင်း ဂျီဟတ်ဝါဒီ အဗ္ဗဒူလာ အာဇန်ရဲ့ ပစ်မှတ် နိုင်ငံဖြစ်ခဲ့ပြီး အခုနောက်ဆုံး အီရတ် ISIL ဆွန်နီသူပုန်ခေါင်းဆောင် (အစ္စလမ္မစ်နိုင်ငံတော်ရဲ့ အကြီးအကဲလို့ သူပုန်တွေက တင်မြှောက်ထားတဲ့) အာဘူဘာခါအယ်ဘာဟာဒီ မိန့်ခွန်းထဲအထိ မြန်မာ ပြည်က ပါဝင်နေပါတယ်။

အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်

အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်
အွန်လိုင်းတွင် ဖြန့်ချိသော ဗီဒီယိုတွင် မြင်ရသော အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri (ဓာတ်ပုံ – Reuters)
ကမ္ဘာ့အကြမ်းဖက်အဖွဲ့ Al Qaeda အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri က အိန္ဒိယတွင် ၎င်း၏ စစ်သွေးကြွအဖွဲ့၏ ဌာနခွဲတခု ဖွဲ့စည်းလိုက်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို ပစ်မှတ်ထားမည်ဟု ကြေညာလိုက်ခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ သမ္မတရုံးက စိုးရိမ်စရာ မရှိဟု ထုတ်ပြန်သည်။

ရီးရဲလ်ကို အားပေးသူများ ငွေအကုန်ဆုံးဖြစ်



စပိန်အမြင့်တန်းဘောလုံးပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အား အားပေးသော ပရိသတ်များမှာ ငွေအကုန်ဆုံးဖြစ်ပြီး တန်းတက်အီဘာကို အားပေးသောပရိသတ်များက ငွေကုန်သက်သာကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

ရှင်ကျန်းပြည်နယ်တွင် ဟန်လူမျိုးနှင့် အခြားတိုင်းရင်းသားများ လက်ထပ်လျှင် အစိုးရက ထောက်ပံ့မည်

xinjiangwed
ရှင်းကျန်းပြည်နယ်မှ မင်္ဂလာဆောင် တစ်ခု။
 အစ္စလာမ်မစ် စစ်သွေးကြွများ၏ ထိုးနှက်မှုဒဏ် ခံနေရသော၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ရှင်ကျန်း ပြည်နယ်၏ မြို့တစ်မြို့တွင် စည်းလုံး ညီညွတ်မှု ရရန် လူများစု ဟန်လူမျိုးများနှင့် လူနည်းစု တိုင်းရင်းသား အုပ်စုများ အကြား ထိမ်းမြား လက်ထပ်ပါက ငွေကြေးအပြင် အခြားသော ထောက်ပံ့မှုများ ကိုပါ ပေးအပ်မည်ဟု စက်တင်ဘာ ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ထိုသို့ လူမျိုးစု ကွဲချင်း လက်ထပ်ထိမ်းမြားခဲ့လျှင် နှစ်စဉ် ယွမ် ၁၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၆၂၇) ကို ငါးနှစ် ဆက်တိုက် အထိ ထောက်ပံ့ ချီးမြှင့်သွား မည် ဖြစ်ကြောင်း ရှင့်ကျင်းရှိ ကမ်မိုစီရင်စု အစိုးရက ကြေညာထားသည်။ သို့သော်လည်း ယင်းအဆိုကို လက်မခံသူများကမူ အလုပ်ဖြစ်မည့် အရာမဟုတ်ဆို ကာ ငြင်းဆန် ကန့်ကွက်နေကြသည်။

ယူကရိန်းကို ကျူးကျော်၍ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ ရုရှား ရပ်စဲခံရနိုင်


ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်မှုများကြောင့် ရုရှားနိုင်ငံမှာ ဖော်မြူလာဝမ်းပြိုင်ကားမောင်းပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်အပြင် ပြည်တွင်းကလပ်များမှာလည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ မှ ထုတ်ပယ်ခံရနိုင်ကြောင်း သိရသည်။

Master Sports စက်ရုံအား ချိတ်ပိတ်၍ ပစ္စည်းထိန်းကော်မရှင်ဖွဲ့လိုက်

mastersport

Master Sports ဖိနပ်စက်ရုံမှ အလုပ်ရှင် စက်ရုံပိတ်သိမ်းကာ အလုပ်သမားများအတွက် နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ကာ ပစ္စည်းထိန်းကော်မတီကို စက်တင်ဘာ ၁ရက်က ဖွဲ့စည်းလိုက်ပြီဟု ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသာရေးရာဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

“မဲလိမ်တာတွေ မဖြစ်ဖို့အတွက် ပြည်သူကလည်း ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ဖို့ လိုပါတယ်”

လာမယ့် ပွင့်လင်းရာသီမှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာပြီးမှ အတိအကျ ထုတ်ပြန်မယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ စက်တင်ဘာလထဲမှာပဲ ထုတ်ပြန် သွားပါ့မယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသောင်းလှိုင်က ဆိုပါတယ်။ ဆက်လက်ပြီး ဦးသောင်းလှိုင်က ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ လစ်လပ်မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင်စာရင်းရရင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကျေး ကော်မရှင်ရုံးခွဲတွေမှာ ပွင့်လင်းမြင်သာစွာနဲ့ ကြေညာမယ်လို့ ရှင်းပြပါတယ်။
ခုလို ကြေညာထားတဲ့ စာရင်းတွေကို မဲဆန္ဒရှင်တွေက လာကြည့်ကာ မှားယွင်းမှုတွေ အတွက် ကော်မရှင်ရုံးခွဲတွေနဲ့ ပြင်ဆင်ညှိနှိုင်းရမှာ ဖြစ်တယ်လို့လည်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“မဲလိမ်တာတွေ မဖြစ်ဖို့အတွက် ပြည်သူကလည်း ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ဖို့ လိုပါတယ်” လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရှေ့ပြေးမဲဆန္ဒရှင် စာရင်းကို မြို့နယ်သုံးမြို့နယ်မှာ ကောက်ယူထားပြီး အားနည်းချက် အားသာချက်တွေ လေ့လာကာ ကျန်မြို့နယ်တွေမှာ ကောက်ယူမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကနေ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတစေဖို့ အတွက် တစ်နိုင်ငံလုံးက မြို့နယ်၊ ရပ်ကျေး အဆင့်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ သောင်းသုံးထောင်ကျော်ကို ပြင်ဆင် ဖွဲ့စည်းထားပြီး မဲရုံမှူး အသစ်တွေကိုလည်း ပြောင်းလဲ တာဝန်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
thevoicemyanmar.com

MPTဆင်းမ်ကတ် ဝယ်ရန် တန်းစီရင်း ခဲဖြင့်ပစ်ရန်အထိ ရုန်းရင်းဆန်ခတ်ဖြစ်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ချထားပေးသော WCDMA ဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းရင်း ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊
ပန်းဆိုးတန်းလမ်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ဆိုင်တွင် စက်တင်ဘာ ၄ရက် နံနက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ယင်းဖုန်းဆိုင်တွင် ဖုန်းဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းနေရာ ကတ်အနည်းငယ်သာ ရောင်းချပေးပြီး ဆက်လက် မရောင်းချတော့ဘဲ တံခါးပိတ်လိုက်သဖြင့် စောင့်နေသူ အချို့က ဆိုင်ကို ခဲဖြင့် ပစ်ရန်အထိ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက မဇ္ဈိမကို ပြောသည်။
ဆင်းမ်ကတ် ဝယ်ယူရန် စောင့်ဆိုင်းခဲ့သူ ဗိုလ်တထောင်မြို့နယ်နေ ကိုရဲကိုနိုင်က " မနေ့က (စက်တင်ဘာ ၃) တုန်း ၁၀နာရီလောက်လာတော့ မနက်ဖြန် မနက် ကိုးနာရီရောင်းပေးမယ်။ ဖောင်ထပ်ခဲ့ရမလားပြောတော့
မလိုဘူးပြောတယ်။ (စက်တင်ဘာ ၄) မနက် ၁၀ နာရီကျော်မှ ဆိုင်ဖွင့်ရောင်းတယ်။ ဟန်းဆက်ဝယ်မှ ဆင်းမ်ကတ်ရမယ့်ပုံစံဖြစ်နေတယ်။ "ဟု ဆိုသည်။

၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်လာမည့် နည်းပြကွန်တီ၏ အီတလီ



ဂျူဗင်တပ်နည်းပြဟောင်းကွန်တီသည် ဟော်လန်နှင့်ကစားမည့် ခြေစမ်းပွဲတွင် အီတလီအသင်းအား ပထမဆုံး ပွဲစဉ်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။ကွန်တီအနေဖြင့် အီတလီအသင်းကို ယင်းအကြိုက်ကစားကွက်ဖြစ်သော၃-၅-၂ ကစားကွက်ဖြင့် ပုံဖော်ဖွယ်ရှိပြီး နည်းပြဂူဟစ်ဒင့်၏ ဟော်လန်အသင်းမှာမူ ၄-၃-၃ ကစားကွက်ဖြင့် ပြန် လည်ရင်ဆိုင်ဖွယ် ရှိသည်။ကွန်တီက ပီအက်စ်ဂျီဂိုးသမား ဆီရီဂူအား ပွဲထွက်စာရင်းတွင် အသုံးပြုမည်ဆိုထား ပြီး နော်ဝေနှင့်ယူရို ၂၀၁၆ ခြေစစ်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည့် ကွင်းလယ်လူမာချီစီယိုကိုလည်း  ဟော်လန်နှင့်ပွဲတွင် ထည့်သွင်းသွားမည်ဟု ပြောကြားထားသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ လိုက်နာရမည့် စည်းမျဉ်းမူကြမ်း ရေးဆွဲ


ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ လိုက်နာရမည့် စည်းမျဉ်း မူကြမ်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)မှ ဦးဆောင် ရေးဆွဲခဲ့ရာ မူကြမ်း ရေးဆွဲ ပြီးစီးဖြစ်၍ မကြာမီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်မှ သိရသည်။ လက်ရှိ ထိုင်းမှာ ပြဿနာ ဖြစ်ပွားတာ အရမ်းများတဲ့ အတွက် ထိုင်းနိုင်ငံကို ပို့တဲ့ အေဂျင်စီ လိုက်နာရမယ့် စည်းမျဉ်းတွေကိုပဲ အရင်ဆုံး ရေးဆွဲထားတာပါ ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။ အဆိုပါ စည်းမျဉ်းမူကြမ်း တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် ရွှေ့ ပြောင်း အလုပ်သမားများ လိုက်နာရမည့် အချက်များ၊ အေဂျင်စီများ လုပ်ဆောင်ရမည့် အချက်များ၊ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပါက အလုပ်သမားများ၏ လုံခြုံမှု၊ အလုပ်သမား များသည် ထိုင်းနိုင်ငံ၏ ဥပဒေအောက်တွင် အပြည့်အ၀ နေထိုင်ခွင့် ရမရ အစရှိသည်တို့ ပါဝင်ပြီး မူကြမ်း ထုတ်ပြန်ပြီး အေဂျင်စီများ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ထိန်းမတ်သွားမည့် ကော်မတီတစ်ရပ် ကိုပါ ဖွဲ့စည်းထား ရှိကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးတစ်ဦး၏ အတွင်းခံ အတွင်းမှ ကျပ်သိန်း (၇၀) ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

  မန္တလေးမြို့ ဘူတာကြီးတွင် စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၅) နာရီ အချိန်က မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် အဆန်ရထား ပေါ်မှ အသက် (၅၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသည့် အသားရောင် အတွင်းခံ ဘောင်းဘီအတွင်းမှ ကျပ်သိန်း (၇၀) ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့ မြန်မာ့ မီးရထား ရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန္တလေးဘူတာကြီး အတွင်းရှိ မြစ်ကြီးနား အဆန် ရထားပေါ်ရှိ  အဆိုပါ အမျိုးသမီးအား မသင်္ကာသဖြင့် မြန်မာ့ မီးရထား ရဲစခန်းသို့ ခေါ်ယူကာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များနှင့် မန္တလေးမူးယစ်တပ်ဖွဲ့စု (၁၈)မှ တပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ ၄င်းဝတ်ဆင်ထားသည့် အသားရောင် အတွင်းခံ ဘောင်းဘီအတွင်းတွင် ၀ှက်၍ သယ်ဆောင်လာသော အနက်ရောင် ကြွပ်ကြွပ်အိပ်အတွင်းမှ  ၈၈/၁ စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀) ပါ၊ ဆေးပြား အိတ်ခုနစ်အိတ်၊ စုစုပေါင်းဆေးပြား (၁၄၀၀) ပြား၊ အလေးချိန် (၁၄၀) ဂရမ်ခန့်နှင့် အဆန် ရထား ရိုးရိုးတန်း လက်မှတ် တစ်စောင်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။

ရတနာပုံတယ်လီပို့မှ အလုပ်ခေါ်ယူ


ရတနာပုံတယ်လီပို့၏ အမည်ကို ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည့် နောက်ပိုင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်းနှင့် အလုပ်ခေါ်ယူမှုများ ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် သြဂုတ်လအတွင်း လိုအပ်လျက်ရှိသော အလုပ်ရာထူးနေရာ ၁၁ နေရာအတွက် ခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အလုပ်ခေါ်ဆိုမှု ကို မြန်မာနိုင်ငံအတွင်း ခေါ်ဆိုခဲ့ရုံသာမက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် Job Fair တစ်ခု၌လည်း သွားရောက်ခေါ်ဆိုခဲ့သည်ဟု သိရသည်။

ဖာဂူဆန်မှ ဂျင်ဘရောင်း အသတ်ခံရမှုမျိုး ထပ်မပေါ်ရအောင်



“ခြေလျင်တပ်တွေမှာတော့ သေနတ်ပြောင်းဝ ဘယ်လိုထားရမယ် ဆိုတာကို သေသေချာချာ သင်ပေးပါတယ်။ ဆန္ဒပြသူတွေရှေ့မှာ နေရာယူရရင် မောင်းထိန်းခလုတ်တွေကို ပိတ်ထားရသလို သေနတ်မောင်းပေါ်ကိုလည်း လက်ညှိုး တင်မထားရဘူး။ သေနတ်ပြောင်းကိုလည်း အောက်ကို စိုက်ထားရတယ်။ အောက်ကို မစိုက်တောင်မှ ၄၅ ဒီဂရီထက် ပိုမြှောက်ခွင့် မရှိဘူး။ အခုအနေအထားဟာ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ရှိနေကြောင်း သတိပေးတဲ့ အနေအထားပဲ”
(ဂျော်ဂျီယာပြည်နယ် ဖို့ဘင်းနင်း ခြေလျင်တပ်မှူး ဗိုလ်ချုပ်ကြီးဟောင်း ပေါလ်ဒီအီတန်)

အင်းကြီး တောင်သမန်

 တောင်သမန်အင်း, ဦးပိန်တံတား

“အင်း အိုင်ဝိုက်လည်၊ မြို့ကြီးတည်ပြန်
၁၁၄၄ ခုနှစ်က အမရပူရ ရွှေနိုင်ငံ
ရေချိုတွင်းနဲ့ ပျံ့နန်းလှန် …
ရွှေဘိုမင်းဆက် မှန်နန်းစံ မြတ်ဘိုးတော်သူ စီမံ … အင်းကြီးတောင်သမန်”

ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေးတို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဂုဏ်ထူးဆောင်ဆုများ ပေးအပ်

 476 477

ဂျာမနီအသင်းနှင့် အာဂျင်တီးနားအသင်းတို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲ မကစားမီဂျာမနီဘောလုံးအဖွဲ့ချုပ်က ဂျာမနီလက်ရွေးစင် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေး ခဲ့ကြသည့် ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေး တို့ကိုဂုဏ်ထူးဆောင်ဆု များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေးတို့သည် ၂၀၁၄ ကမ္ဘာ့ဖလားအောင်မြင် မှုရဂျာမနီအသင်း အတွက်အကောင်းဆုံး ခြေ စွမ်းပြ ကစားပေးခဲ့ပြီးနောက်လက်ရွေးစင်ကစားသမားဘ၀မှ အနားယူသွားခဲ့သူများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်တွေ မေ့ပြီလား

 ဒေါ်အောင်ဆန်းစုကြည်
ဩဂုတ်လ တတိယပတ် အတွင်းက ဂျွန်ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ – Simon Lewis / The Irrawaddy)
အတိုက်​အခံ​ခေါင်း​ဆောင်​​ဒေါ်​အောင်​ဆန်းစုကြည်​တ​ယောက်​ မြန်​မာနိုင်​ငံ အ​ပေါ် အ​မေရိကန်​ ရဲ့  ​ပေါ်လစီနဲ့ပတ်​သက်​လို့ စိတ်​ပျက်နေတာကို ဘယ်​သူမှ သတိထားမိပုံမ​ပေါ်ပါဘူး။ အထူးသဖြင့်​ အ​မေရိကန်​ရဲ့ မြန်​မာစစ်​တပ်​နဲ့ စစ်​တပ်ချင်း ဆက်​ဆံ​ရေး ​ပေါ်လစီ နဲ့ ပတ်​သက်​ပြီး​​တော့ပေါ့။
သူက အဲဒီလို စိတ်​ပျက်​လက်​ပျက်​ ဖြစ်​​နေတာကို လူသိရှင်​ကြား​တော့ ထုတ်​​ဖော်​မ​ပြောဘူး​သေးပါဘူး။ ဒါ​ပေမယ့် သူမနဲ့ နီးစပ်တဲ့သူတွေက​တော့ အိုဘားမား အစိုးရ အ​နေနဲ့ မြန်​မာ စစ်​တပ်​နဲ့ ဆက်​ဆံ​ရေး တိုးမြှင့်​ဖို့အတွက်​ အချိန်​မကျ​သေးဘူးလို့ ​ဒေါ်​အောင်​ဆန်းစုကြည်​က ယုံကြည်​​နေတယ်​လို့ ဆိုပါတယ်​။

မန္တလေးတွင် ဗြိတိန်နိုင်ငံသားတစ်ဦး တားမြစ်ဆေးသောက်ရာမှ သတိလစ်၍ ဆေးရုံရောက်

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် တိုက်ခန်းတစ်ခုတွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းခန့်က တားမြစ်ဆေးဖြစ်သည့် ဒိုင်ယာစီပင် ဆေးပြားများ သောက်သုံးရာမှ သတိလစ် မေ့မြောသွားခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိကြောင်း အဆိုပါဆေးရုံ တာဝန်ကျ မှုခင်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။အဆိုပါ တားမြစ်ဆေး သောက်သုံးသူ ဗြိတိန်နိုင်ငံသားသည် ဇနီးဖြစ်သူနှင့်အတူ မဟာအောင်မြေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ခြောက်လခန့်မှ စတင်ပြီး ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ခင်ပွန်းဖြစ်သူသည် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် အရက်သောက်ကာ နေအိမ်တိုက်ခန်းသို့ ပြန်လည် ရောက်ရှိလာပြီး ဒိုင်ယာစီပင် ဆေးပြားများ သောက်ခဲ့ခြင်းကြောင့် သတိလစ် မေ့မြောသွားသဖြင့် ဆေးရုံသို့ တက်ရောက်ရခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

ခန့်မှန်းရ ခက်ခဲစေသည့် Password များကို ဖန်တီးအသုံးပြုခြင်း

အင်တာနက် သုံးစွဲသူများ အတွက် ပြီးပြည့်စုံသည့် လုံခြုံမှုစနစ် မရှိသော်လည်း ဟက်ကာတစ်ဦး၏ သားကောင် အဖြစ်မှ လွတ်မြောက်စေနိုင်မည့် နည်းလမ်းများရှိသည်။ အဓိကအချက်မှာ email နှင့် online account များအပါအဝင် ကွန်ပျူတာပေါ်ရှိ ရင်းမြစ်အားလုံး၏ password များကို ခန့်မှန်းရ ခက်ခဲစေအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ခန့်မှန်းရခက်ခဲစေသည့် password များကို ရွေးချယ်အသုံးပြုခြင်းဖြင့် ဟက်ကာများ၏ password ရယူရန် ကြိုးပမ်းမှုကို ပိုမိုခက်ခဲစေနိုင်သည်။ ထို့ကြောင့် အင်တာနက် သုံးစွဲသူများ password ခိုးယူခံရခြင်း အန္တရာယ်မှ လျှော့ချပေးနိုင်မည့် ခန့်မှန်းရ ခက်ခဲစေသော password များ ဖန်တီးအသုံးပြုနိုင်စေမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။

လူတွေကို ဖမ်းစားသွားတဲ့ ဓမ္မစေတီ ခေါင်းလောင်း ဇာတ်လမ်း

ဓမ္မစေတီ ခေါင်းလောင်း
ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ရန်ကုန်မြစ်တို့ပေါင်းဆုံရာ ရေထဲမှာ နှစ် ၄၀ဝ လောက် နစ်မြုပ်နေတယ်လို့ ဆိုကြတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဦးစံလင်းနဲ့အဖွဲ့က ဆယ်ယူဖို့ကြိုးစားနေတာ ဩဂုတ်လ ၉ ရက်နေ့ ကစပြီး ဩဂုတ်လ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်လာပေမယ့် ခုချိန်ထိ ဘာမှမထူးခြားသေးပါဘူး။ ခေါင်းလောင်းကြီးကို ဆယ်ယူပြီး ရွေတိဂုံကုန်းတော်ပေါ်ကို ပြန်တင်မယ်လို့ သူတို့အဖွဲ့က ကတိပြု ကြုံးဝါးခဲ့ ပေမယ့်  လက်တွေ့မှာ ဘာမှ ဖြစ်မလာသေးပါဘူး။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အတွက် အဖွဲ့ခွဲများ ထူထောင်ထားပြီးဟု အယ်ကိုင်ဒါအကြီးအကဲ ကြေညာ

အိုစမာဘင်လာဒင်၏ နေရာကို ဆက်ခံသူ အယ်ကိုင်ဒါ အကြီးအကဲ အေမန်အယ်ဇာဝါဟီရီက ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် ချိတ်ဆက်ထားတဲ့ ဂျီဟတ်အဖွဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတွေ အိန္ဒိယတိုက်ငယ် နိုင်ငံတွေမှာ ထူထောင်ထားပြီး ဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောကြားထားခဲ့ပါတယ်။ဒေသတွင်း မွတ်ဆလင်တွေကို ပိုင်းခြားထားတဲ့ နယ်ခြားမျဉ်းတွေကို ချိုးဖျက်မယ်လို့လည်း အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောကြားထားခဲ့ပါတယ်။
အယ်ကိုင်ဒါ အဖွဲ့ကို အိုစမာဘင်လာဒင်က ထူထောင်ခဲ့တာ ဖြစ်ပြီး နယူးယောက်မြို့တော်က ကုန်သွယ်ရေး စင်တာညီနောင်ကို တိုက်ခိုက်ဖြိုချလိုက်ပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်ရတဲ့ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံ ထဲအထိ ဝင်ပြီးတော့ အမေရိကန်က သုတ်သင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့နေရာကို ဇာဝါဟီရီက ဆက်ခံခဲ့တာပါ။မြန်မာနိုင်ငံအတွင်း အချို့မွတ်ဆလင်ဘာသာဝင် များနှင့် အချို့ဗုဒ္ဓဘာသာဝင်များတို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ယခုနှစ်ပိုင်းအတွင်း ဖြစ်ခဲ့မှုများ ရှိသည်။

ဝေဖန်မှုကြား ပန်းပန်နေဆဲ စစ်တက္ကသိုလ် အိပ်မက်

၅ယောက်ဆိုသော မိသားစုတာဝန်အတွက် တပ်ကပေး သည့်လစာက မလုံလောက်။ ထို့ကြောင့် တပ်ကြပ်ကြီးဦးမောင် သန်း (အမည်လွှဲ) တစ်ယောက် အခွင့်အလမ်းပေါ် သည့် ရာသီ စာ အလုပ်များကိုပါ တွဲလုပ်နေခဲ့ရသည်က ဆယ်စုနှစ်တစ်ခုစာ ပင်ရှိလာပြီဖြစ်သည်။
တပ်ကြပ်ကြီး ဦးမောင်သန်းတစ်ယောက်တစ်နှစ်မှာ တစ် ခါတော့ သင်တန်းဆရာအဖြစ်နှင့် ငွေအတော်အတန် ရှာလို့ရ ပါသည်။ တပ်မတော်တက္ကသိုလ် များကခေါ်ယူေ သာ ဗိုလ် လောင်းဝင်ခွင့်အတွက် သင်တန်းသားများကို သင်တန်းပေး ခြင်းဖြစ်သည်။
”ရေးဖြေနဲ့ လူတွေ့မှာ ပိုခက်တာကလူတွေ့လေ၊ အဲ့ဒီမှာ ဒီဆယ်တန်းအောင်စကလေးတွေက ဘယ်လိုလုပ်ပြီး အခက် အခဲကျော်ဖြတ်တာတို့၊ အဖွဲ့လိုက် ပူးပေါင်းေ ဆာင်ရွက်တာ တို့ကို ဘယ်လုပ်တတ်ဦးမလဲ။ ကျွန်တော်တို့က အဲ့ဒါတွေကိုကြိုလေ့ကျင့်ပေးတာပါ” ဟု ၄င်းက ဆိုသည်။

ရှေ့ပြေးလူဦးရေ စာရင်း ထုတ်ပြန်ချက် ဘာတွေ ထူးခြားသလဲ

အားလုံး သိကြပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခုနှစ် မတ်လ ၃၀ရက်မှာ ကောက်ယူ ခဲ့ပါတယ်။ နှစ်ပေါင်း၃၀ ကျော်ကြာမှ တစ်ကြိမ် ပြန်ကောက်ယူ နိုင်တာပါ။ ခုဆိုရင် ရှေ့ပြေး လူဦးရေ စာရင်း ထွက်ပေါ်လာ ပါပြီ။ အဲဒီ စာရင်းထဲမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ ကျား၊ မ၊ အိမ်ထောင်စု စာရင်းတွေ ဖော်ပြထား သလို တိုင်း၊ ခရိုင်နဲ့ မြို့နယ် တစ်ခုချင်းစီ အလိုက် ကျား၊ မ၊ အိမ်ထောင်စု စာရင်း ဖော်ပြထား တာတွေ တွေ့ရပါတယ်။ စာရင်း တစ်စိတ် တစ်ပိုင်းကို လာမယ့် ၂၀၁၅ ဧပြီလ လောက်မှာမှ ထုတ်ပြန်မှာ ဖြစ်ပြီး အသေးစိတ် စာရင်းသိရဖို့ ကတော့ အဲဒီထက် နောက်ကျ ပါဦးမယ်။ အခု သိရ ပြီးသလောက် လူဦးရေ စာရင်း မှာကိုပဲ ထူးခြားချက်တချို့ တွေ့မြင် နေရပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး ကြည့်ရအောင်။

ယခုနှစ်ကုန်ထိ ဆက်သွယ်ရေး ဆင်းမ်ကတ်ငါးသန်းရောင်းမည်

ဈေးကွက်အတွင်း၌ လူ အများစိတ်ဝင်စားပြီး ၀ယ်ယူသူ များပြားနေသည့် MPTဆင်းမ် ကတ်များကို စက်တင်ဘာလမှစ ၍ ၂၀၁၄နှစ်ကုန်အထိ ဆင်းမ် ကတ်ငါးသန်းကျော်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ယခုနှစ်ကုန်ထိ ဆက်သွယ်ရေး ဆင်းမ်ကတ်ငါးသန်းရောင်းမည်

ဈေးကွက်အတွင်း၌ လူ အများစိတ်ဝင်စားပြီး ၀ယ်ယူသူ များပြားနေသည့် MPTဆင်းမ် ကတ်များကို စက်တင်ဘာလမှစ ၍ ၂၀၁၄နှစ်ကုန်အထိ ဆင်းမ် ကတ်ငါးသန်းကျော်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ

Photo: ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ
Thursday, Setember 4, 2014

အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏    ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။

ထိုအတောအတွင်း မူပိုင်ခွင့် စောဒကတက်ခြင်းကို တုံ့ပြန် မှုအတွင်းအနုပညာကြယ်ပွင့် များ၏ ဝက်လစ်စားလစ်ဓာတ်ပုံ များကို ဓာတ်ပုံဝေမျှရေးဝက်ဘ် ဆိုက်များစွာက ဖယ်ရှားပစ်ခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ၏ iCloud နှင့် Find my iPhone ဟု ခေါ်သောဝန်ဆောင်မှုများကို ဟက်ကာများ  ချိုးဖောက်ဝင်ရောက် ခြင်းမရှိဘဲ အနုပညာကြယ်ပွင့် များ၏   အကောင့်များကိုသာ ချိုးဖောက်ခဲ့ခြင်း   ဖြစ်သည်ဟု အက်ပဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာ များက ပြောသည်။

ယင်းကဲ့သို့ ဓာတ်ပုံခိုးယူမှု များနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က ၎င်းတို့၏စုံစမ်းမှုအခြေ အနေအသေးစိတ်ကို ပြောကြား ခြင်းမရှိပေ။ မင်းသမီးပဲ ရစ်ဟီလ် တန်၏ ဆက်သွယ်ရန်လိပ်စာ စာရင်းများမှသည် မင်းသမီး စကားလက်ဂျွန်ဟန်ဆန်နှင့် မီလာကူးနစ်တို့၏ ဝက်လစ်စား လစ် ဓာတ်ပုံများအထိ ဟက်ကာ များ မည်သို့ရယူခဲ့သည်ဆိုခြင်းကို အခြားစုံစမ်းမှုများလည်း ပြုလုပ် နေကြောင်း သိရသည်။ 

Ref: CBC
7Day DAILY
အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို  ဟက်ကာများရရှိ သွားခြင်းဖြ စ်ကြော င်း အက်ပဲ လ် ကုမ္ပဏီက ပြောသည်။

အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ရန် အစိုးရ အဆိုပြု

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၂ ရက် တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်

Photo: ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်
Thursday, Setember 4, 2014

ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ်သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်းထောက် Stephen Sotloff နဲ့ James Foley တို့ကို သတ်ဖြတ်သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်အပေါ် လက်မခံကြလို့ ဖြစ်တယ်လို့ Estonia မှာ ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန် ဒုတိယသမ္မတ Joe Biden ကလည်း အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့ကြသူတွေကို မြေလှန်ရှာဖွေမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chauk Hagel ကလည်း CNN ရုပ်သံနဲ့ တွေ့ဆုံခန်းမှာ - ခေါင်းဖြတ်သတ်တာကို မြင်ရပြီး အော်ဂလီဆန် သွားခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံသား ၁၀၀ ကျော်ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေကြကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေအနေနဲ့ ဒီစစ်သွေးကြွ အဆုံးသပ်သွားရေးအတွက် လုပ်နိုင်တာတွေ အားလုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စုက ကြောက်လန့် သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆို လိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ် သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။