
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ဟာ မြန် မာနိုင်ငံအတွက် သူ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် လေ့လာသုံးသပ်ချက်တွေနဲ့ ပါတ်သက်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှာသတင်းစာရှင်းလင်းပွဲအခုပြုလုပ်နေပါတယ်။










![Photo: မိုးကုတ်ရွှေဆိုင်ဓားပြမှု အသုံးပြု သေနတ်များ လက်နက်ကိုင် အဖွဲ့ တစ်ခုမှ ငှားရမ်း ခဲ့ခြင်းဖြစ်ဟုဆို
Firday, March 14, 2014
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ ရွှေဆိုင်နှစ်ဆိုင်သို့ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် သေနတ်များမှာ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူများက ထွက်ဆို ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခုအခါ ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယ ရှိသော မသင်္ကာဖွယ်ရာ လူ လေးဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့ ကို စစ်ဆေး ရာတွင် ထွက်ဆိုချက်များ အရ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၀န်ခံ ထွက်ဆိုထားကြောင်း၊ ပြစ်မှုကျူးလွန် စဉ်က စီးနင်းခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းရမိပြီးဖြစ်သော်လည်း အ သုံးပြုခဲ့သည့်သေနတ်များနှင့် လုယူ သွားသည့်ရွှေများကိုမူ ပြန်လည်မသိမ်း ဆည်းနိုင်သေးသောကြောင့် အမှုကို ခိုင်မာစွာတည်ဆောက်၍ တရားစွဲ ဆိုတင်ပို့နိုင်ရန်အတွက် အဓိကကျ သည့် သက်သေ ခံပစ္စည်းများကို ဆက် လက်ရှာဖွေလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ဒီမိုကရေစီ တူ ဒေးသို့ပြောသည်။
““အခုဖမ်းဆီးရမိထားတဲ့သူတွေ ရဲ့ ထွက်ဆိုချက်အရတော့ ပြစ်မှုကျူး လွန်ရာ မှာ သူတို့အပါအ၀င် ခုနစ်ဦး ဖြစ်ပြီး သေနတ်တွေကိုတော့ လက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီကနေ ငှားလာတာလို့ သိရပါတယ်။ အခုလွတ် နေသေးတဲ့သူသုံးဦးကလဲ အဲဒီအဖွဲ့ အစည်းထဲကဖြစ်ပြီး လုယက်သွားတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ သေနတ်တွေ ကလဲ အဲဒီအဖွဲ့အစည်း ထဲမှာပဲရှိတယ် လို့ ပြောပါတယ် ။ လောလောဆယ် မှာ တော့ သက်သေခံပစ္စည်းအနေ နဲ့က တော့ ရွှေဆိုင်တစ်ဆိုင် ကိုရောင်းထား တဲ့လက်စွပ်နှစ်ကွင်းကို သွားရောက် သိမ်းဆည်းထားပြီး ဆိုင်ကနေ အရည် ကျိုထားတာကို တွေ့ရပါတယ်။ အခု လက်ရှိ အနေအထား အရတော့ အဲဒီ အဖွဲ့အစည်းထဲက သေနတ်တွေကို သက်သေခံပစ္စည်းအနေနဲ့ တောင်းဖို့ အတွက်ကတော့ အဆင်မပြေသေး တာကြောင့် အခုမိထားတဲ့သူတွေကိုပဲ အသေးစိတ်စစ်ဆေးမှုတွေ ထပ်လုပ် ဆောင်နေပါတယ်””ဟု ယင်းက ဆက် လက်ရှင်းပြသည်။
KSA [--Democracy today Daily Newspaper--]](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/t1/s370x247/1947499_593936654030712_633040711_n.jpg)





















