Monday, September 22, 2014

Myat Thu Thu Zin

ငါးထောင်ကျပ်တန် ပုံစံသစ်ထုတ်ခြင်း ဂယက်မရှိနိုင်ဟု ပညာရှင်များသုံးသပ်


နှစ်စဉ် ငွေကြေးဖောင်းပွမှုရှိနေသဖြင့် ငါးထောင်ကျပ်တန်ကို ပုံစံသစ်ဖြင့် ရိုက်ထုတ်ခြင်းသည် ရုတ်တရက် ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြစ်လာနိုင်ခြေမရှိကြောင်း စီးပွားရေးနှင့် ဘဏ်ပညာရှင်များကပြောကြားသည်။

‘‘ငွေစက္ကူထုတ်တိုင်း ကုန်သည်တွေက ကောလာဟလလွှင့်ပြီး ဈေးတက်တာ ဒီနိုင်ငံမှာ ပုံမှန်လိုဖြစ်နေတယ်’’ဟု အငြိမ်းစား ဗဟိုဘဏ်ဒုဥက္ကဋ္ဌ လက်ရှိ ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောကြားသည်။

ဘာသာရေးနှင့် ပတ်သက်သော အမှုအခင်းများ ဖြစ်ပေါ်လာပါက ၀ံသာနုရက္ခိတ အဖွဲ့မှ အခမဲ့ ကူညီမည်

ဘာသာရေးနှင့် ပတ်သက်သော အမှု အခင်းများ ဖြစ်ပေါ်လာပါက ကာယကံရှင်များ အနေဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့ထံ တိုင်ကြားနိုင်ပြီး ဖြစ်ရပ် မှန်ကန်ပါက မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့အနေဖြင့် အခမဲ့ ကူညီပေးသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် နေပြည်တော်တွင် တစ်ကိုယ်တော် ဆန္ဒပြ၊ ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တောင်းဆို ထားသည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရန် နေပြည်တော်ကောင်စီ နယ်မြေတွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီး အဆိုပါ ဆန္ဒပြသူ ဦးဇော်မြင့် (ခ) ဇော်ကြီးကို ပျဉ်းမနား မြို့မရဲစခန်းက ချက်ချင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်လာသည့် မစ္စဟန်နာဘိခ်ျအပေါ် စိတ်ထဲမှာမရှိတော့ဟု ဦးဝီရသူမိန့်ကြား

Photo: မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်လာသည့်
မစ္စဟန်နာဘိခ်ျအပေါ် စိတ်ထဲမှာမရှိတော့ဟု ဦးဝီရသူမိန့်ကြား
Monday, September 22, 2014

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ် မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျသည် ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး နှစ်ရက် တာကျင်းပခဲ့သည့် မြန်မာမီဒီယာ ကွန်ဖရင့် သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီး ၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံး ဆောင်းပါးအဖြစ်ွှ့The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျ ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ် ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မစ္စဟန်နာဘိခ်ျသည် ၂ဝ၁၂ ခုနှစ် တွင် စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်မှ ဆရာတော်ဦးဝီရသူကို တွေ့ဆုံမေး မြန်းခဲ့ပြီး ရေးသားဖော်ပြခဲ့ရာ ဆောင်းပါးမှ ခေါင်းစဉ်စကားလုံး အသုံးအနှုန်းကြောင့် မြန်မာအစိုးရက နိုင်ငံတွင်း အဆိုပါဆောင်း ပါးပါဝင်သည့်မဂ္ဂဇင်း ရောင်းချခွင့်၊ ဖြန့်ဝေ ခွင့်များကို ပိတ်ပင်ခဲ့သည်။ 

အဆိုပါဆောင်း ပါးကြောင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ၏ ကန့်ကွက်မှုများကို ခံခဲ့ရသူဖြစ်သည်။ 

''ကြာတာတွေလဲ ကြာခဲ့ပါပြီ။ ဦးဇင်းတို့က အမျိုးဘာသာအတွက် လုပ် ဆောင်နေတာတွေ အများကြီးရှိပါတယ်။ ဒါလေးက အသေးအဖွဲ့ပါ။ စိတ်ထဲမှာမရှိ တော့ပါဘူး''ဟု ဟန်နာဘိခ်ျ၏ ဆောင်းပါး နှင့်ပတ်သက်၍ ဆရာတော် ဦးဝီရသူက မိန့် ကြားသည်။

မစ္စဟန်နာဘိခ်ျ၏ ယခုခရီးတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပြုလုပ် နေသော မြန်မာမီဒီယာညီလာခံတွင် တက် ရောက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နှင့်တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့ ကြောင်း သိရသည်။

မစ္စဟန်နာဘိခ်ျအနေဖြင့် ရန်ကုန် မြို့တွင် မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပ သော ၂ဝ၁၄ ခုနှစ် နိုင်ငံတကာသတင်းမီဒီ ယာညီလာခံသို့ တက်ရောက်ခွင့်မရခဲ့ဘဲ ယခု အကြိမ်မှ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

Yangon Media Group
မန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ် မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျသည် ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး နှစ်ရက် တာကျင်းပခဲ့သည့် မြန်မာမီဒီယာ ကွန်ဖရင့် သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီး ၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံး ဆောင်းပါးအဖြစ်ွှ့The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျ ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ် ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

KDDI နှင့် ပူးပေါင်းထားသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများ ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်နေ

Photo: KDDI နှင့် ပူးပေါင်းထားသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများ ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်နေ
Monday, September 22, 2014

ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီးနောက် MPT က ၎င်းတို့၏ အမှတ်တံဆိပ်သစ် ဆင်းမ်ကတ်များကို ပထမဆုံးစတင် ရောင်းချမှုများ ပြုလုပ်လာသော်လည်း MPT မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခုရက်ပိုင်းအတွင်း ယခင်ကထက် ပိုမိုကျဆင်းလျက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအများစုထံမှ စုံစမ်းသိရသည်။

ယခုလ ၁ ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း၌ Ooredoo ဆင်းမ်ကတ်များနှင့် အပြိုင်ရောင်းချမှုများ ပြုလုပ်လာသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်ကထက် ပိုမိုကောင်းမွန်လာရန် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်ချိန်တည်းတွင်မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ချိတ်ဆက်ထားသည့် SE-ME-WE3 ရေအောက်ကေဘယ် ဆက်ကြောင်းသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြတ်တောက်ခဲ့ပြီး ၁၉.၉.၂၀၁၄ မှ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြုပြင်ခွင့် ရကြောင်းသိရသည်။

“မိုဘိုင်း အင်တာနက်တွေ ပိုကောင်းလာအောင် လုပ်နေပါတယ်။ အခုလည်း ဆက်သွယ်ရေး ကွန်ရက်တွေ တိုးတက်နေပါတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်လာဖို့ ဂျပန်ကုမ္ပဏီနဲ့အတူ ဆောင်ရွက်နေပါတယ်။ အပြည့်အဝ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ" ဟု MPT ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအဖြစ် တရားဝင်စတင် လုပ်ကိုင်လာပြီ ဖြစ်သော်လည်း MPT ၏ဆက်သွယ်ရေး ဝန်ဆောင်မှုများသည် ယခုအချိန်ထိတိုင်အောင် သုံးစွဲသူများ၏ ကျေနပ်မှုကို မရရှိသေးဟု သိရသည်။

“ဂျပန်နဲ့ပေါင်းထားတယ် ဆိုတော့အရင်ကထက် ပိုပြီးကောင်းလာမှာပဲ၊ Ooredoo ထက်တော့သာမှာပဲ။ သူတို့မှာအခြေခံ တာဝါတိုင်တွေကလည်း ရှိပြီးသားဆိုတော့ မျှော်လင့်ချက် ထားခဲ့သေးတာပဲ။ အခုအရင် MPT ဆင်းမ်ကတ်တွေရော၊ အခုအသစ်ထွက်တဲ့ ဆင်းမ်ကတ်တွေရော အင်တာနက်က ဘာမှမထူးဘူး" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ လူငယ်တစ်ဦးက ပြောသည်။

MPT သည် ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် ရုပ်သံမီဒီယာများမှ တစ်ဆင့်ကြော်ငြာ ခြင်းများကို ပြုလုပ်လာပြီး အစောဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရောင်းချနေသည့် ကာတာဆက်သွယ်ရေး ကုမ္ပဏီကို ယှဉ်ပြိုင်မှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။

“MPT  ကကြော်ငြာတဲ့ သူတို့ရဲ့ဝက်ဘ်ဆိုက် အသစ်နဲ့ကြော်ငြာ ဗွီဒီယိုဖိုင်တွေကို MPT အင်တာနက်နဲ့ ကြည့်လို့မရဘူး။ Ooredoo ဆင်းမ်ကတ်နဲ့ ကြည့်တော့မြန်တယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူ လူငယ်အမျိုးသမီး တစ်ဦးကဆိုသည်။

ပြည်တွင်းမိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် သြဂုတ်လ ၂ ရက်နေ့မှ စတင်ခဲ့သည့် ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ Ooredoo ဆက်သွယ်ရေး ကွန်ရက်များသည်လည်း ရာခိုင်နှုန်းပြည့် မလွှမ်းခြုံနိုင်သေးဘဲ  တစ်ခါတစ်ရံတွင် အင်တာနက် ပြတ်တောက်မှုများ ရှိနေသေးပြီး တစ်ချိန်တည်းမှာပင် MPT အင်တာနက်မြန်နှုန်း များသည်လည်း ကျဆင်းနေသည်။

-ယုဇနကိုကို

အင်တာနက်ဂျာနယ်
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီးနောက် MPT က ၎င်းတို့၏ အမှတ်တံဆိပ်သစ် ဆင်းမ်ကတ်များကို ပထမဆုံးစတင် ရောင်းချမှုများ ပြုလုပ်လာသော်လည်း MPT မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခုရက်ပိုင်းအတွင်း ယခင်ကထက် ပိုမိုကျဆင်းလျက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအများစုထံမှ စုံစမ်းသိရသည်။

ယခုလ ၁ ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း၌ Ooredoo ဆင်းမ်ကတ်များနှင့် အပြိုင်ရောင်းချမှုများ ပြုလုပ်လာသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်ကထက် ပိုမိုကောင်းမွန်လာရန် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၅၈ နှစ်ပေမယ့် လှသွေးကြွယ်နေသေးတဲ့ Liu Xiaoqing

Photo: အသက် ၅၈ နှစ်ပေမယ့် လှသွေးကြွယ်နေသေးတဲ့ Liu Xiaoqing
တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ စာရင်းထဲမှာ အဆင့် ၄၅ နဲ့ ပါဝင်ခဲ့ ပါတယ်။ ယနေ့တိုင်လည်း ရုပ်ရှင်များ လည်း ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။ ၁၉၈၀ ကျော်တုန်းက အင်မတန် အောင်မြင် ခဲ့တဲ့ မင်းသမီး ဖြစ်ပေမယ့် ယနေ့ ခေတ်မှာတော့ သူမဟာ စီးပွားရေး လုပ်ငန်းနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တို့မှာပဲ ဦးစားပေးလျက် ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ပေမယ့် အခွန် ရှောင်တိမ်းမှုကြောင့် တရားရင်ဆိုင်ရမှု၊ ဒဏ်ကြေးငွေ ယွမ်ငွေ သန်းချီl ဆောင်ရမှုများ ရှိခဲ့ ပါတယ်။ From A Movie Star to A Billionaire ဆိုတဲ့အမည်နဲ့လည်း သူမရဲ့ အကြောင်းကို စာအုပ်ထုတ် ရေးသားခဲ့ဖူးပါတယ်။
အသက်အရွယ်အားဖြင့် ကြီးပေမယ့် ရုပ်ရှည်က နုပါတယ်။ အိမ်ထောင် နှစ်ဆက် ရှိပါတယ်။ ဘဝ အတွေ့အကြုံကလည်း ရင့်ကျက်တော့ တရုတ်ပြည်မှာ ထက်မြတ်တဲ့ အမျိုးသမီး တစ်ဦး အဖြစ် ပြောစမတ်ပြုကြ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

တာချီလိတ်-မိုင်းဆတ် လမ်းပေါ်မှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ကနေ မိုင်းဆတ်မြို့နယ်ဘက်အသွား ကားလမ်းပေါ်မှာ မူးယစ်ဆေးဝါး ပြုလုပ်တဲ့ ဓာတုဆေးရည်တွေတင်ဆောင်လာတဲ့ Tiger အမျိုးအစား အဖြူရောင်ကားကို မောင်းနှင်လာသူ နှစ်ဦးနဲ့ ဒေသခံ မူးယစ် တပ်ဖွဲ့စု (၃၀) တို့ အကြား မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတုဆေးရည်တွေသယ်ဆောင်လာတဲ့ အဆိုပါကားကို ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းအရောက်မှာ မူးယစ် တပ်ဖွဲ့စု က စစ်ဆေး ရှာဖွေရန် ရပ်တန့်ခိုင်းရာမှာ မရပ်တန့်ပဲ လမ်းကို တားဆီးထားတဲ့ မောင်းတံကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဘင်္ဂါလီများကို နိုင်ငံသားပေးမည့် ကျမ်းသစ္စာကျိန်ဆိုပွဲ ကန့်ကွက်မည်ဟု မြေပုံဒေသခံများဆို

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ထားမှု ခံယူခဲ့သည့် ဘင်္ဂါလီများအနက် နိုင်ငံသားဖြစ်ခွင့် ရသူများ ကျမ်းသိစ္စာ ကျိန်ဆိုပွဲကို မြေပုံဒေသခံများက ဆန္ဒပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမောင်ရေချမ်းက ပြောကြားသည်။

အဆိုပါ ကျမ်းသိစ္စာ ကျိန်ဆိုပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်း အဖြေလွှာကိုခိုးယူသည့်တရားခံကို ဖော်ထုတ်နိုင်ရန် အထူးရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမည်

ကလေး မြို့ နည်းပညာတက္ကသိုလ်မှ အဖြေ လွှာကို ခိုးယူသည့် တရားခံအား ဖော်ထုတ်နိုင်ရန် အထူး ရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဖြေလွှာများ ခိုးယူသော တရားခံကို ဖော်ထုတ်နိုင်ရန် ကလေး မြို့နယ် ရဲစခန်းမှ မသင်္ကာသူ ကျောင်း သားတချို့အား ခေါ်ယူစစ်ဆေးလျက် ရှိပြီး ယခုကိစ္စကို စုံစမ်းစစ်ဆေးရာ တွင် ကျောင်းသားများ ပါဝင်နေ သဖြင့် တခြားတရားခံများ စစ်ဆေး သည့်ပုံစံများအတိုင်း စစ်ဆေး၍မရ သည့်အတွက် အထူးရဲတပ်ဖွဲ့များဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကလေး မြို့နယ်ရဲစခန်းမှ သိရသည်။

သားဖွားဆရာမအား KIA မှ ခြိမ်းခြောက်မှု မိုးညှင်းတွင်ဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ၌ တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမတစ်ဦးအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ လာရောက်ခြိမ်းခြောက်သွားခဲ့ကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ၎င်းကျေးရွာနေ သားဖွားဆရာမ ဒေါ်စီစီမြင့်ထံ နေ့လယ် ၁၂ နာရီချိန်ခန့်တွင် KIA တပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်များဖြင့် လာရောက်ပြီး ဆေးကုသပေးရန် လိုက်ခဲ့ဖို့ခေါ်ဆောင်ခြင်းကို ငြင်းဆန်မှုကြောင့် ခြိမ်းခြောက်သွားခြင်း ဖြစ်ကြောင်းသိရသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုတွင် အသုံးပြုသော သောင်တူးစက်ကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပြန်လည်သိမ်းယူဟုဆို

ဓမ္မ စေတီခေါင်းလောင်း ရှာဖွေတူးဖော် မှုကိုရပ်နားမည်ဟု ပြောဆိုထားခြင်း မရှိသော်လည်း ရှာဖွေတူးဖော်မှုတွင် အသုံးပြုသော သောင်တူးစက်ကို ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြန်လည် သိမ်းယူသွားပြီဖြစ်ကြောင်းသိရသည်။
''သူတို့စီမံကိန်းတွေ လုပ်စရာ ရှိလို့ပြန်ယူတာဖြစ်ပါလိမ့်မယ်။ အခု ကတော့ မြစ်ထဲမှာ သောင်တူးစက် မရှိတော့ဘူး။ ဦးတို့သင်္ဘောကတော့ ရှိတယ်။ ကိုယ့်ဘာသာကိုယ်ဆက် ပြီးလုပ်ဖို့ စီစဉ်နေပါတယ်'' ဟု ဦးစံ လင်းက ဒီမိုကရေစီတူဒေးသတင်း စာ၏ဆက်သွယ်မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။
ခေါင်းလောင်းရှာဖွေတူးဖော် မှုအတွက် သောင်တူးစက်ကို ရေအ ရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ငှားရမ်းပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

စောငမန်းကို ထိုးသတ်အနိုင်ယူ၍နံပါတ်တစ်လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း

Photo: စောငမန်းကို ထိုးသတ်အနိုင်ယူ၍နံပါတ်တစ်လက်ဝှေ့ချန်ပီယံ
ရွှေခါးပတ်ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း
Monday, September 22, 2014

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးH & S မှ စီစဉ်သည့် မြန်မာပြည်လက်ဝှေ့ချန်ပီယံလုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ နံပါတ်တစ်ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မြန်မာပြည်နံပါတ်တစ်လက်ဝှေ့ ချန်ပီယံလုပွဲတွင် ဒဂုံရွှေအောင်လံ သုံးထပ်ကွမ်းနှင့် လက်ရှိမြန်မာပြည် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ဆိုင် ထားပြီး မအိုသေးကြောင်းပြချင်သည့် သမ္ဘာရင့်စောငမန်း (ရွှေဖူး) နှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ရွှေဆုနှင့် ဒဂုံရွှေအောင်လံဆုရှင်ဖြစ်ပြီး ငယ်ရွယ်ဖျတ်လတ်သူ ချန်ပီယံဆုကို အရလိုချင်သူ ထွန်းထွန်းမင်း (မုဒုံသား)တို့ပွဲဖြစ်၍ ထိုင်ခုံလွတ်မရှိအောင် ပွဲကြည့်သူလက်ဝှေ့ဝါသနာရှင် ပရိသတ် က ပြည့်နေသည်။

သူတို့နှစ်ဦး ယခုတစ်ကြိမ်တွေ့ဆုံ သည့် ငါးချီအထူးစိန်ခေါ်ပွဲ ပထမအချီ စစချင်းပင် ထွန်းထွန်းမင်း(မုဒုံသား)၏ခေါင်းနှင့် ဒူးတိုက်ချက်တို့ကြောင့် စောငမန်းလဲကျပြီး အနားတောင်းရ သည်။ တတိယအချီတွင် စောငမန်း ထိုးပြီးခွာသည့်နည်းဖြင့် တိုက်ခိုက် သည်။ ခံစစ်ဖြင့် အနည်းဆုံးသရေရလဒ် ယူ၍ ချန်ပီယံသရဖူကာကွယ်နိုင်ရေးထိန်းပြီးကစားသည်။ ကိုင်ပေါက် သည်။ သို့သော် ငယ်ရွယ်ဖျတ်လတ်သူ ထွန်းထွန်းမင်း၏ အတင်းဝင် အတင်းထွက် ဘက်စုံသုံးဖွင့်ထိုး၊ ရင်ဆိုင်ထိုးသတ်ချက်များကို ကြာရှည် တောင့်မခံနိုင်တော့ဘဲ စတုတ္ထအချီ မှာပင် စောငမန်းဆက်လက်မယှဉ်ပြိုင် နိုင်တော့သဖြင့် ထွန်းထွန်းမင်း(မုဒုံ သား)နံပါတ်တစ် မြန်မာပြည်လက်ဝှေ့ ချန်ပီယံဘွဲ့ကို ဆွတ်ခူးပြီး ရွှေခါးပတ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့သည်။

ဆက်လက်ယှဉ်ပြိုင်ထိုးသတ်သည့် စိန်ခေါ်ပွဲများတွင် တက်သစ်စ လူငယ် လက်ဝှေ့သမားများ ဖြစ်ကြသည့် မင်းနိုင်ထွန်း(စွမ်းကေကေ)နှင့် ခွန်ရှိုင်း ထက်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် ပူးတွဲသရေကျခဲ့ပြီး စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် ရဲသွေးနီ (တောင်ကလေး)တို့ပွဲတွင် ရဲသွေးနီက ဒုတိယအချီနှစ်မိနစ် လေးစက္ကန့်တွင် စောဖြိုးဝေကို အလဲထိုးအနိုင်ရရှိခဲ့ သည်။ ထွန်းနိုင်ဦး(အဖြူရောင်သွေး သစ်)နှင့်မြင့်အောင်(မုဒုံသား)တို့ပွဲတွင် စတုတ္ထအချီ၌ ထွန်းနိုင်ဦးအလဲထိုး အနိုင်ရရှိခဲ့ပြီး ဖြူလေး(မုဒုံသား)နှင့် ရှမ်းလေး(ဝါဆို)တို့ပွဲတွင် ဒုတိယအချီ မှာပင် ရှမ်းလေးဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ ခဲ့သည်။

ထို့နောက် စောသဲဦး(T&T) နှင့် မိုးဟိန်း(မိဂသီ)တို့ပွဲတွင် မိုးဟိန်းအလဲ ထိုးအနိုင်ရခဲ့သလို ဆောအယ်လေး (ထော့မဲပါ)နှင့် သားအသဲတစ်ပွင့် (စွမ်းကေကေ/မန္တလေး)တို့ပွဲတွင် စောအယ်လေးက ဒုတိယအချီမှာပင် သားအသဲတစ်ပွင့်ကို အလဲထိုးအနိုင် ရရှိခဲ့သည်။ ထက်အောင်ဦး(တောင် ကလေး)နှင့် ကျားပေါက်(ရွှေသောင်း ရင်း/မြဝတီ)တို့ပွဲတွင် ပထမအချီမှာပင် နှစ်ဦးစလုံးသွေးဖြာကျ၍ ရေကုန် ရေခမ်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း စတုတ္ထအချီတွင် ထက်အောင်ဦးက အလဲထိုးအနိုင်ရရှိသွားသည်။ ဖိုးကေ (မန္တလေး)နှင့် စောရန်ပိုင်(မိဂသီ/ ဘားအံ)တို့ပွဲတွင် ပွဲချီပြည့်ယှဉ်ပြိုင်ထိုး သတ်ခဲ့သော်လည်း ပူးတွဲသရေဖြင့် အဆုံးသတ်ခဲ့သည်။
သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ခင်မောင်ဝင်း

The Mirror Daily
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးH & S မှ စီစဉ်သည့် မြန်မာပြည်လက်ဝှေ့ချန်ပီယံလုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ နံပါတ်တစ် ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

Rock Resistance ဖျော်ဖြေပွဲ ဘယ်သူ့ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သလဲ

Photo: Rock Resistance ဖျော်ဖြေပွဲ ဘယ်သူ့ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သလဲ
Monday, September 22, 2014

တစ်ခါမှ တွဲမဆိုဘူးတဲ့ အဆိုတော် ၆ယောက်ရဲ့ Rock Resistance Show ကို စက်တင်ဘာ ၂ဝရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး အဆိုတော်တစ်ယောက်ကြောင့် ပရိသတ်တွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာ တောင်းပန်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ပရိသတ်ကို တောင်းပန်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာ ဘယ်သူ့ကြောင့်လဲ။
တစ်ခါမှ တွဲမဆိုဖူးတဲ့သူတွေမို့ သူလက်ခံခဲ့တာဖြစ်ပြီး အခုတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာလို့ ထွန်းအိန္ဒြာဗိုလ်ကဆိုပါတယ်။ သူအလှည့်မတိုင်ခင် ဆိုသွားတဲ့ အဆိုတော် ထူးအယ်လင်းတစ်ယောက် မင်းလေးနားလည်သီချင်းကို သီဆိုချိန်မှာ ဇနီးဟောင်း မီးမီးခဲရဲ့နာမည်ကို ထုတ်ပြောခဲ့ပြီး ပရိသတ်ကို လက်ခုပ်တီးဖို့မဟုတ်ရင် ဒီပွဲကို လာမကြည့်သင့်ဘူး၊ အပြည့်အဝနားထောင်ချင်ရင် အခွေနားထောင် စတဲ့စကားတွေပြောခဲ့ပါတယ်။
ထူးအယ်လင်းရဲ့ အပြုအမူနဲ့ အပြောအဆိုတွေကြောင့် သူ့အနေနဲ့ ပရိသတ်ကို အားနာရသလို သူ့အလှည့်ကလည်း အချိန်တွေကြာပြီး သီချင်းပုဒ်ရေတွေ ကျော်နေလို့ စောင့်ခဲ့ရတာမို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ထူးအယ်လင်း၊ ဂျီလတ်၊ ထွန်းအိန္ဒြာဗိုလ်၊ နောနော်၊ အိုင်ရင်းဇင်မာမြင့်နဲ့ အိမ့်ချစ်တို့ ပါဝင်တဲ့ ဒီရော့ခ်ဖျော်ဖြေပွဲကို ဂျီလတ်ရဲ့ မှားလားသီချင်းနဲ့ ဖွင့်ခဲ့ပြီး ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီး နှစ်ပိုင်းခွဲဖျော်ဖြေခဲ့ပါတယ်။ အိမ့်ချစ်က သူ့ရဲ့တေးအယ်လ်ဘမ်ထဲက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို နောနော်ကလည်း ပရိသတ်အကြိုက်နေချင်တယ် သီချင်းနဲ့ အားလုံးကို စီးမြောစေခဲ့ပါတယ်။
ပရိသတ်သူ့ကို စပြီး သိလာတဲ့ နှလုံးသားအရင်းအနှီးကို နောက်ဆုံးဆိုချင်တဲ့အတွက် စီစဉ်ခဲ့ပေမယ့် အဲဒီရှေ့ကသီချင်းက ဆိုရတာပိုခက်လို့ ကြောက်နေတယ်လို့ အိုင်ရင်းဇင်မာမြင့်က ပြောပြပါတယ်။

ဒီဖျော်ဖြေပွဲကို စီစဉ်တဲ့ Orpheus Entertainment က ဒေါ်စန်းစန်းမြင့်က ဒါဟာ သူတို့ကုမ္ပဏီရဲ့ ပထမဆုံး ဖျော်ဖြေပွဲဖြစ်ပြီး အဆိုတော်တွေကလည်း လူကြိုက်များတာကြောင့် ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် ရှိမှာမို့ အောင်မြင်မယ်ထင်ပြီး စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုတော် ထူးအယ်လင်းတစ်ယောက် ပရိသတ်ကြားထဲ ဆင်းပြီး ဖျော်ဖြေခဲ့သလိုDrum ကိုလည်း ဝင်တီးပြီးချိန် စင်ပေါ်မှာတင် မှောက်လဲသွားတာကြောင့် မီးမှောင်ချခဲ့ရပါတယ်။

Kamayut Media
တစ်ခါမှ တွဲမဆိုဘူးတဲ့ အဆိုတော် ၆ယောက်ရဲ့ Rock Resistance Show ကို စက်တင်ဘာ ၂ဝရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပြီး အဆိုတော်တစ်ယောက်ကြောင့် ပရိသတ်တွေ စိတ်အနှောင့်အယှက်ဖြစ် ခဲ့ရတာ တောင်းပန်တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ပရိသတ်ကို တောင်းပန်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာ ဘယ်သူ့ကြောင့်လဲ။
တစ်ခါမှ တွဲမဆိုဖူးတဲ့သူတွေမို့ သူလက်ခံခဲ့တာဖြစ်ပြီး အခုတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာလို့ ထွန်းအိန္ဒြာဗိုလ်ကဆိုပါတယ်။ သူအလှည့်မတိုင်ခင် ဆိုသွားတဲ့ အဆိုတော် ထူးအယ်လင်းတစ်ယောက် မင်းလေးနားလည်သီချင်းကို သီဆိုချိန်မှာ ဇနီးဟောင်း မီးမီးခဲရဲ့နာမည်ကို ထုတ်ပြောခဲ့ပြီး ပရိသတ်ကို လက်ခုပ်တီးဖို့မဟုတ်ရင် ဒီပွဲကို လာမကြည့်သင့်ဘူး၊ အပြည့်အဝနားထောင်ချင်ရင် အခွေနားထောင် စတဲ့စကားတွေပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှ ပေးအပ်လိုက်သည့် အလောင်းဘုရားရွှေပေလွှာကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသသွားမည်

Photo: ဂျာမနီနိုင်ငံမှ ပေးအပ်လိုက်သည့် အလောင်းဘုရားရွှေပေလွှာကို အမျိုးသားပြတိုက်(နေပြည်တော်)တွင် ပြသသွားမည် 
Monday, September 22, 2014

ဂျာမနီနိုင်ငံမှပေး အပ်လိုက်သည့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝကျော် က မြန်မာဘုရင်အလောင်းဘုရား၏ရွှေပေလွှာ 3D Digital မိတ္တူကို ယခုနှစ်တွင် ဖွင့်လှစ်မည့် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ထားရှိ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရွှေပေလွှာကို အလောင်းဘု ရားမှ ၁၇၅၆ခုနှစ်တွင် ဂျော့ခ်ျဘုရင်(၂)ထံပေး ပို့ခဲ့သော ရွှေပေလွှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဂျာမနီခရီးစဉ်တွင် ဂျာမနီနိုင်ငံမှချစ်ကြည်ရေး အဖြစ် ရွှေပေလွှာမိတ္တူကို ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။

''ရွှေပေလွှာမိတ္တူကို သမ္မတခရီးစဉ် မှာ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ 3D Digital ဓာတ်ပုံကို CD နဲ့ ထည့်ပေးလိုက်တယ်။ တို့ဆီကိုတော့ ဓာတ်ပုံမရောက်သေးဘူး။ ရွှေပေ လွှာမိတ္တူကိုကြည့်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရှိတာ ပေါ့။ ရွှေပေလွှာမိတ္တူကို ဒီ၂ဝ၁၄ ခုနှစ်မှာ ဖွင့် တော့မယ့် နေပြည်တော် အမျိုးသားပြတိုက်မှာ ပြသဖို့ရှိပါတယ်'' ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုး သားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးသိန်းလွင်က ပြောသည်။

ရွှေပေလွှာတွင် ဘုရင်တို့၏ အမှတ် တံဆိပ်ဖြစ်သော ဒေါင်းတံဆိပ်နှင့် ပတ္တမြား ၂၄ လုံး(တစ်ဖက်လျှင် ၁၂လုံး)ခန့် စီခြယ်ထားပြီး ရွှေသားအစစ်ပေါ်တွင် မြန်မာဘာသာစကား ဖြင့် ရေးသားထားကြောင်း သိရသည်။

''ရွှေပေလွှာမှာ ရှေးမြန်မာဘုရင်တွေ အမိန့်တော်ပြန်တဲ့အခါ သုံးလေ့ရှိတဲ့ ဒေါင်းတံ ဆိပ်တော်ကိုရိုက်နှိပ်ထားတယ်။ ပတ္တမြား ၂၄ လုံး စီခြယ်ထားတယ်'' ဟု ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ယင်းရွှေပေလွှာ အစစ်အား ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်တွင် ထိန်းသိမ်းပြသထားပြီး အလောင်း မင်းတရားကြီးမှ ဂျော့ခ်ျဘုရင်(၂)သို့ ပတ္တမြား စီခြယ်ထားသော ရွှေသားအစစ်ရွှေပေလွှာတွင် စာရေးသားကာ ဆင်စွယ်အစစ်ကြုတ်ထဲသို့ ထည့် သွင်းပေးအပ်ခဲ့ခြင်းဖြစ်ရာ ရှေးမြန်မာတို့၏ယဉ် ကျေးမှု အဆင့်အတန်းမြင့်မားကြောင်း သက်သေ ပြနိုင်သော အထောက်အထား တစ်ခုဖြစ်ကြောင်း သိရသည်။

Yangon Media Group
ဂျာမနီနိုင်ငံမှပေး အပ်လိုက်သည့် လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝကျော် က မြန်မာဘုရင် အလောင်းဘုရား၏ရွှေပေလွှာ 3D Digital မိတ္တူကို ယခုနှစ်တွင် ဖွင့်လှစ်မည့် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ထားရှိ သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရွှေပေလွှာကို အလောင်းဘု ရားမှ ၁၇၅၆ခုနှစ်တွင် ဂျော့ခ်ျဘုရင်(၂)ထံပေး ပို့ခဲ့သော ရွှေပေလွှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဂျာမနီခရီးစဉ်တွင် ဂျာမနီနိုင်ငံမှချစ်ကြည်ရေး အဖြစ် ရွှေပေလွှာမိတ္တူကို ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။

ဝန်ကြီးနာမည်များ အသုံးပြုပြီး ဖုန်းဖြင့် ငွေ ၂၂သိန်း လိမ်လည်ရယူသွားသူများအား အမှုဖွင့်တိုင်ကြား

နိုင်ငံ တော် သမ္မတကြီးမှ ပေးအပ်သည့် ထောက်ပံ့ငွေ သုံးဆုအနက် တတိ ယဆု သိန်း ၂၁ဝဝ ရရှိပြီး ယင်းငွေ များ အမြန်ထုတ်ယူနိုင်ရေးအတွက် အခွန်ဆောင်ခအဖြစ် ၂၂ သိန်းကို ဘဏ်သို့ လွှဲပြောင်းပို့ရန် ညွှန်ကြား သဖြင့် လွှဲပြောင်းပေးပို့သည့် ၂၂ သိန်းကို လိမ်လည်ရယူသွားသူ ဝန် ကြီးအမည်ခံသုံးဦးအား အရေးယူ ပေးပါရန် စက်တင်ဘာ ၁၈ ရက် က မမိုးမိုးမှ တရားလိုပြု တိုင်တန်း မှုတစ်ခုဖြစ်ပွားရာ တောင်တွင်းကြီး မြို့မရဲစခန်းမှ (ပ)၂၃ဝ/၂ဝ၁၄ ပြစ် မှုကြီးဆိုင်ရာ ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြ၀တီမြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှားကြောင့် စိုးရိမ်မှုလွန်ကဲကာ မွန်းလွဲပိုင်းက လူစုလူဝေး ဖြစ်ပေါ်ခဲ့

မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းစကားများကြောင့် စာသင်ကျောင်းများ၌ ပညာသင်ကြားနေသော ကလေးငယ်များအား မိဘများက လာရောက်ခေါ်ယူကြ၍ မွန်းလွဲ ၁း၃ဝ ခန့်က လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ရာ အမှတ်(၁) အထက်တန်းကျောင်းရှေ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင်DKBA ကလို့ထူးဘောတပ်ဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်တို့ လာရောက်ပြီး မဟုတ်မမှန် ကောလာဟလများကြောင့် အစိုးရိမ်မလွန်ကြဖို့ ကျောင်းသား မိဘများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးမှုများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင် အဆင့်မြင့်ဓာတ်ကြိုးများ တပ်ဆင်


လျှပ်စစ်ဝန်ထမ်းများ ဗီယက်နမ်ဓာတ်ကြိုးသစ်များလဲလှယ်တပ်ဆင်နေစဉ်(ဓာတ်ပုံ − နစ်ကီ)
ရန်ကုန်မြို့တွင် ဓာတ် တိုင်နှင့် ဓာတ်ကြိုးကြောင့် လေးလအတွင်း လူကိုးဦးဓာတ်လိုက်သေ ဆုံးပြီးနောက် လျှပ်စစ်အန္တ ရာယ်ကာကွယ်ရေး ဓာတ်လိုက်ခြင်း မရှိရန် ပြုလုပ်ထားသည့် ကာဗာ အဖုံးတပ်ဆင်ထားသော ဓာတ်ကြိုးများကို ပြောင်းလဲတပ်ဆင် ပေးနေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိအ သုံးပြုနေသော ဓာတ်ကြိုးများမှာ အလူမီနီယံဓာတ်ကြိုးအမျိုးအ စားများဖြစ်သည်။ ဓာတ်လိုက်မှု မရှိအောင် ထိုဓာတ်ကြိုးထက်ဈေးသုံးဆပိုများသော ကာဗာအဖုံး များတပ်ဆင်ထားသည့် ဗီယက်နမ်နိုင်ငံထုတ် ဓာတ်ကြိုးများကို ရန်ကုန်မြို့တွင် စတင်တပ်ဆင် ပေးနေခြင်းဖြစ်သည်။

အကြွေးတောင်းရာမှ ဗလီနှင့် နေအိမ်တစ်လုံး ဖျက်ဆီးခံရပြီးနောက် ပခုက္ကူတွင် လုံခြုံရေးတင်းကြပ်


ဖျက်ဆီးခံရသည့် နေအိမ် (ဓာတ်ပုံ −ကိုကိုလူလည်ကြီး ဖေ့စ်ဘွတ်ခ်)
ရန်ကုန်- ပခုက္ကူမြို့နယ်၊ မြစ်ခြေ မြို့တွင် အကြွေးတောင်းရာမှဘာ သာရေး၊လူမျိုးရေးပဋိပက္ခဆန် ဆန်ဖြစ်ပွားရာ ဗလီတစ်ခုနှင့်နေ အိမ်တစ်လုံး ဖျက်ဆီးခံရခြင်း ကြောင့် ပခုက္ကူမြို့တွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်းသတင်းရ ရှိသည်။
စက်တင်ဘာ ၂၀ရက်ည ၈ နာရီအချိန်တွင်မြစ်ခြေမြို့၊တိုးချဲ့ (၂)ရပ်ကွက်နေ ဘာသာခြားဖြစ်သူ ဦးမိုးဝင်းထံသို့ ခင်ပွန်းဖြစ်သူ၏ လုပ်အားခ ငါးထောင်ကျပ်ကိုဇနီးဖြစ်သူ မချိုသက်မာက  အကြွေးသွားတောင်း ခဲ့သည်။

အခြေခံပညာအဆင့် ဘာသာရပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေး

Photo: အခြေခံပညာအဆင့် ဘာသာရပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၁

နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်များက အခြေခံပညာအဆင့် ကျောင်းသုံး ဖတ်စာအုပ်တိုင်းကို မြန်မာဘာသာနှင့်သာ ပြဋ္ဌာန်းရန် ဆွေးနွေးနေကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

စက်တင်ဘာလဆန်းပိုင်းက ပြုလုပ်သော သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ကျောင်းသုံးဖတ်စာအုပ်များကို မြန်မာဘာသာနှင့်သာ ပုံနှိပ်မည့်အပြင် စာမေးပွဲ မေးခွန်းများကိုလည်း မြန်မာဘာသာနှင့်သာ မေးမြန်းရန် ပြည်တွင်း၊ ပြည်ပ ဘာသာရပ်ဆိုင်ရာ ပညာရှင် ထက်ဝက်ကျော်က သဘောတူညီခဲ့သည့်အတွက် ယင်းအစီအစဉ်ကို ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါက အဖြေထွက်တာပဲ ရှိသေးတယ်။ ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ထားတာ မဟုတ်သေးဘူး” ဟု ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက ရေးဆွဲနေသော သင်ရိုးညွှန်းတမ်း မူဘောင် (မူကြမ်း) တွင်မူ အဆိုပါ မြန်မာဘာသာနှင့် သင်ကြားမည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

လက်ရှိ အထက်တန်းအဆင့် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲများတွင် အင်္ဂလိပ်ဘာသာနှင့် ရေးသားထားသောကြောင့် ကျောင်းသား၊ ကျောင်းသူများ နားလည်ရ ခက်ခဲသည့်အပြင် အင်္ဂလိပ်ဘာသာ တိုးတက်နှုန်းတွင်လည်း ကျဆင်းနေကြောင်း၊ ယင်းအပြင် နားမလည်သော ဘာသာရပ်များကို အလွတ်ကျက်မှတ်ကြသော စနစ်လည်း ပိုများလာကြောင်း  ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

အခြေခံပညာ ကျောင်းသားများ အင်္ဂလိပ်စာ အရည်အသွေး ကျဆင်းလာခြင်းသည် မူလတန်း အဆင့်တွင် အခြေခံ အင်္ဂလိပ်စာကို နားလည် သဘောပေါက်ခြင်း မရှိသောကြောင့်သာ ဖြစ်ကြောင်း၊ မြန်မာဘာသာ ပြဋ္ဌာန်းစာအုပ်များကို မြန်မာဘာသာ ပုံစံ ပြောင်းပါကလည်း ပိုကောင်းမွန်လာရန် မရှိနိုင်ကြောင်း နိုင်ငံတကာ ပုဂ္ဂလိကကျောင်းဆရာ ဦးအောင်စံမြင့်က သုံးသပ်သည်။

“ဘာသာရပ်ဆိုင်ရာတွေကို ဘာသာပြန်တဲ့အခါမှာ သိပ္ပံနာမည်တွေကို သေသေချာချာ ဘာသာပြန်ထားတာတွေ ပြည့်ပြည့်စုံစုံ မရှိသေးဘူး။ အဲလို အားနည်းနေတဲ့ အချိန်မှာ မြန်မာလို ပြန်ရင်တော့ အကုန်လုံး ဇောက်ထိုး ကျသွားနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပညာရေး ဝန်ကြီးဌာနက အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို ၁၉၈၀ ခုနှစ် နောက်ပိုင်းကစ၍ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ အတန်းလိုက် ပြင်ဆင် ပြောင်းလဲခဲ့သည်။
နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ပညာရေး ဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ပညာရှင်များက အခြေခံပညာအဆင့် ကျောင်းသုံး ဖတ်စာအုပ်တိုင်းကို မြန်မာ ဘာသာနှင့်သာ ပြ ဋ္ဌာန်းရန် ဆွေးနွေးနေကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ခေါင်းလောင်းရှာသော သောင်တူးသင်္ဘော အစိုးရ ပြန်သိမ်း

ရန်ကုန် - ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် အသုံးပြုသော သောင်တူးသင်္ဘောကို အစိုးရက ပြန်သိမ်း လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးတွင် အသုံးပြုခဲ့သော သောင်တူးသင်္ဘော ပြန်လည်သိမ်း ယူမည့်အကြောင်း ကြိုတင် အ ကြောင်းကြားစာ ပေးပို့ထားပြီး စက်တင်ဘာ ၂၁ ရက်၌ ပြန်သိမ်း လိုက်ပြီဖြစ်ကြောင်း ရေအရင်းအ မြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြုပြော ကြားသည်။

အစိုးရထုတ်ပြန်တဲ့ ပခုက္ကူ၊ မြစ်ခြေ ရုန်းရင်းဆန်ခတ်ကိစ္စ

ပခုက္ကူ မြစ်ခြေမှာ စနေနေ့ညပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်လို့ အိမ်တလုံး၊ ဆိုင်တဆိုင်နဲ့ ဗလီတလုံး ပျက်စီးခဲ့ ပါတယ်။ ဒီနောက်ပိုင်းတော့ လုံခြုံရေးတင်းကြပ်စွာ ချထားရပါတယ်။ ဒါကတော့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ သတင်း အပြည့်အစုံပါ။ 
ပခုက္ကူမြို့နယ် မြစ်ခြေ ကျေးရွာ၌ စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ် ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှု များဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။ 

စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း

Photo: စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း
Monday, September 22, 2014

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးသူ မဟန်သာသွန်း၏ သတင်းတစ်စုံတစ်ရာ ရရှိပါက အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း Yangon Police Facebook မှလည်း ၂၀.၉.၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံဖော်ပြခဲ့ပါသည်။

ပျောက်ဆုံးသူ မဟန်သာသွန်းအား စုံစမ်းရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏စီမံညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မဟန်သာသွန်းနှင့် အတူပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ၁၉၃၀ အချိန်ခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်(၃)သိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် ၎င်း၏မိခင်ဖြစ်သူ ဖုန်းနံပါတ်သို့ message ပေးပို့ခဲ့သည်ကိုသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ ဆောင်ရွက်နေစဉ် ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် မဟန်သာသွန်းမှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့မဟန်သာသွန်း ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှသွားရောက်တွေ့ဆုံပြီး မေးမြန်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆိုပါနေ့က ကျူရှင်ပြီးဆုံး၍ မိဘများလာကြိုသော ကားဖြင့်လိုက်ပါ လာခဲ့ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Sprit market ၌ မိဘများမှ ဈေးဝင်ဝယ်
နေစဉ် ၎င်းတစ်ဦးတည်းကျန်နေခဲ့ရာမှ ယာဉ်ပေါ်မှဆင်းကာ အနီးရှိ သီလရှင် ကျောင်းဝင်းအတွင်းသို့ဝင်၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ သီလရှင် ကျောင်းဝင်းအတွင်း ရှိ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလိုက်မရှာနိုင်စေရန်ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ဖြစ်သူထံ ၎င်းကိုယ်တိုင် message ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် မိခင်အားသတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟန်သာသွန်းအနေဖြင့် ယင်းသို့ပြုလုပ်ခဲ့သည်မှာ အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူမှ မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်မှ ဆူပူမည်ကိုစိုးရိမ်ကာ၎င်းမှ report card တွင် အဆင့်(၁၀)ဟု ပြင်ဆင် ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမနှင့်မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများမှ စိတ်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အပေါ်သင်ခန်းစာရယူကာ မိမိတို့၏ငယ်ရွယ်နုနယ်သော သား/သမီးငယ်များအား ဆုံးမသွန်သင်ရာတွင် ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ဆုံးမ  သွန်သင်သင့်ပါကြောင်းနှင့် သားသမီးများအနေဖြင့်လည်း မိဘများ၏ ဆိုဆုံးမမှုများမှာ အနာဂါတ်မျိုးဆက်ကောင်းမွန်စေလိုသော စိတ်ရင်းစေတနာဖြင့် သွန်သင် ဆုံးမခြင်းသာဖြစ်သည်ကို နားည်သဘော ပေါက်ကြစေရန် အကြံပြုအသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရမီ နောက်ဆုံးပုံရိပ် ရုပ်သံ ဖြန့်ချိ

Photo: ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရမီ နောက်ဆုံးပုံရိပ် ရုပ်သံ ဖြန့်ချိ
Monday, September 22, 2014

ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းပေါ်မှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရခင် နောက်ဆုံးပုံရိပ်တွေကို ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာက ရုပ်သံတွေကို  စက်တင်ဘာ ၂၀ ရက်နေ့ ဖြန့်ချိလိုက်ပါတယ်။ဗြိတိန်လူငယ် ဒေးဗစ်မေ လာနဲ့ ဟန်နာ ဝစ်သာရစ်ခ်ျတို့ရဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေ ကို တွေ့ရှိတဲ့ စိုင်ရီ ကမ်းခြေနားက ဘန်စ်ဒိုက်ဗ် အပန်းဖြေစခန်းသာ ဟိုတယ်ကနေ ဒီရုပ်သံတွေကို ရလာတာပါ။

သူတို့ ၂ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင်ကျွန်း စိုင်ရီကမ်းခြေမှာ အဝတ်မပါဘဲ တွေ့ခဲ့တာပါ။

ထိုင်းရဲတွေကတော့ သတ်သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး သံသယရှိသူတွေက အာရှတိုက်သားလို့ အတည်ပြုပါတယ်။

အသတ်ခံရသူဗြိတိန်သူရဲ့ ကိုယ်ထဲက လူ ၂ ယောက်ရဲ့သုက်ပိုး မျိုးဗီဇတွေကို ရဲက  တွေ့ခဲ့တယ်လို့ မှုခင်းဆေးပညာဆိုင်ရာ ရဲအရာရှိ ပွန်ချိုင် စုတီးရာပွန်က  ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မျိုးဗီဇတွေဟာ အသတ်ခံရသူ မေလာနဲ့ရော၊ အရင်က လူသတ်မှုနဲ့ မေးခွန်းထုတ်ခံရပြီး မျိုးဗီဇနမူနာယူခံရတဲ့ တခြား လူတွေ ဘယ်သူနဲ့မှ မကိုက်ညီဘူးလို့ ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကတော့ ရဲတွေက အခင်းဖြစ်ရာဝန်းကျင်က ဒေသခံနဲ့ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀ လောက်ရဲ့ မျိုးဗီဇ နမူနာတွေကို ယူခဲ့ပါတယ်။

အသတ်ခံရသူတွေရဲ့ အလောင်းတွေကိုတော့ မူရင်းနိုင်ငံ ပြန်သယ်ဖို့ မိသားစုဝင်တွေဆီ လွှဲပြောင်းပေးပြီးပါပြီ။

DVB
ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းပေါ်မှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရခင် နောက်ဆုံးပုံရိပ်တွေကို ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာက ရုပ်သံတွေကို စက်တင်ဘာ ၂၀ ရက်နေ့ ဖြန့်ချိလိုက်ပါတယ်။ဗြိတိန်လူငယ် ဒေးဗစ်မေ လာနဲ့ ဟန်နာ ဝစ်သာရစ်ခ်ျတို့ရဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေ ကို တွေ့ရှိတဲ့ စိုင်ရီ ကမ်းခြေနားက ဘန်စ်ဒိုက်ဗ် အပန်းဖြေစခန်းသာ ဟိုတယ်ကနေ ဒီရုပ်သံတွေကို ရလာတာပါ။

အယ်လ်ကိုင်ဒါအဖွဲ့ ခြိမ်းခြောက်မှုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကာချုပ်ပြော

မြန်မာနိုင်ငံသည် ဗုဒ္ဓ ဘာသာကို မိရိုးဖလာကိုးကွယ် သည့်နိုင်ငံဖြစ်သော်လည်း အခြား ဘာသာကိုးကွယ်မှုများအား လွတ် လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး ဘာသာရေးကိုအကြောင်းပြု၍ အယ်လ်ကိုင်ဒါအဖွဲ့၏ မြန်မာ အပေါ် ဘာသာရေးစစ်ပွဲဆင်နွှဲ မည့် ခြိမ်းခြောက်မှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

အယ်လ်ကိုင်ဒါ၏ စိန်ခေါ်မှု ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အခွင့်အာဏာ အရ တပ်မတော်က ဦးဆောင် ကာကွယ်သွားမည်ဖြစ်ကြောင်း ကာချုပ်က အခြေခံဥပဒေပုဒ်မ ၃၃၉ နှင့် ၃၄၁ တို့ကိုကိုးကား၍ ဆက်လက်ပြောကြားသည်။

ပခုက္ကူ၊ မြစ်ခြေမှာ ရုန်းရင်းဆန်ခတ်ဖြစ်၊ လုံခြုံရေးထူထပ်စွာချထား

ပခုက္ကူမြို့နယ် အနောက်ဖက် မိုင် ၂၀ အကွာက မြစ်ခြေမြို့ငယ်လေးမှာ နေအိမ်တလုံး၊ ဆိုင်တဆိုင်၊ ဗလီတလုံးတို့ကို ဖျက် စီးမှု ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ပွားအပြီး လုံခြုံရေးထူထပ်စွာ ချထားလိုက်ပါတယ်။ 

မြန်ပြည်မြောက်ပိုင်း-ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ဘယ်သို့ ကာကွယ်ကြမည်နည်း ?....

၂၀-၉-၂၀၁၄ ရက်နေ့ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ တာမခန်ဒေသ-တွင်(၁၁-၉-၂၀၁၄)ရက်နေ့နှင့် (၁၂-၉-၂၀၁၄)ရက်နေ့များ`၌ KIA အဖွဲ့မှ ကျေးရွာတွင်းရှိ တည်းခိုဆောင် များသို့ လာရောက်ပြီး၊ ဧည့်သည်စာရင်းများတောင်း ဆိုကာ ယင်းဧည့်သည်များထဲမှ မည်သူမည်ဝါကို ၄င်းတို့ တိုက်နယ်ရုံးရှိရာသို့ စေလွှတ်ပေးရမည်ဟု ဥပဒေမဲ့ အနိုင်ကျင့် ဖိအားပေး ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာတွင်-(၂၀-၉-၂၀၁၄)ရက်နေ့ KIA ရင်း(၅)မှ ဗိုလ်ကြီးအဆင့် ရှိသူ တူးအောင်နှင့်အဖွဲ့သည့် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး၊ မူးယစ်ဆေးဝါးသုံးစွဲရန်အတွက်ဟုဆိုကာ မူးယစ်ဆေးဝါးရှာဖွေ ပေးရန် အဓမ္မ အတင်းအကြပ် လက်နက်အားကိုဖြင့် ခိုင်းစေခဲ့သည်။ ရှာဖွေရန် မလွယ်ကူကြောင်း ပြောဆိုသည့်အခါ ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဂါရဝမဲ့ပြုမှုဖြင့် အထက်တန်းကျောင်းအုပ်ကို ရာထူးလျှော့ချ

ဂါရဝမဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်အားမွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ် အလက(ဝါးခရူ)သို့ ရာထူး လျှော့ချ၍ အလယ်တန်းကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

အထက(၁)မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်နှင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများကို ဩဂုတ်လ အတွင်းက ဌာနဆိုင်ရာစုံစမ်းစစ် ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ကာ ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ ပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၏ မှတ်ချက်နှင့် အတူ စက်တင်ဘာ ၁၈ ရက်တွင် အမှတ်(၁)အခြေခံပညာဦးစီးဌာနက အမိန့်စာထုတ်၍ပြောင်း ရွှေ့ ခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စသည် ပြည်သူတစ်ဦးချင်းစီ၏ ဘ၀များကို ရိုက်ခတ်လျက်ရှိဟု သမ္မတပြောကြား

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့၍ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ပြည်သူများကို သာမက နိုင်ငံတွင်းရှိ ပြည်သူတစ်ဦးချင်းစီ၏ ဘ၀များကိုပါ ရိုက်ခက်လျက်ရှိသည်ဟု ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ် လွှာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။