Thursday, January 7, 2016

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။
မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ
စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆော်ဒီနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန်က တိုက်ချင်းပစ်ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော်ပြသ

ဆော်ဒီအာရေးဗီးယားနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန် အစိုးရက မြေအောက် တိုက်ချင်းပစ် ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော် ပြသလိုက်သည်။ဆော်ဒီ အစိုးရက အီရန် လိုလားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဂယက်များကြောင့် ဆော်ဒီနှင့် အီရန်တို့ကြား သံတမန် ဆက်ဆံရေး ပြတ်တောက်ပြီး အရှေ့
အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန် အစိုးရပိုင် ရုပ်မြင်သံကြား ဌာနက အဆင့်မြင့် နည်းပညာများဖြင့် တည်ဆောက်ထားသည့် ဘန်ကာ၏ ပုံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းများကို အမျိုးအစားခွဲခြား၍ မှတ်ပုံတင်စေမည်ဟု ပို့ဆောင်ရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ စနစ်တကျ မှတ်ပုံတင်စေခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခြင်း၊ မြေပြင် မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း၊ မပျံသန်းရဇုန်များ သတ်မှတ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကြံ ပေးကြေညာစာ (Advisory Circular) ထုတ်ပြန်မည်ဟု ဦးဇင် ယော်က ပြောသည်။

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်။
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ယခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီးက နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ရန် အိုဘားမား၏ အားထုတ်နေမှုသည် ရိုးရှင်းသည့် သဘောထားရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။