ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေေ
Wednesday, May 15, 2013
မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေေ
တရား ထိုင် သူကို နတ်ကွန်းမှ ဓားဖြင့် ထောက်၍ နားကပ်လု
သာကေတမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူအတွင်း မေလ ၁၃
ရက် နံနက် ၈ နာရီခန့်က တရားထိုင်နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးကို
လူငယ်နှစ်ဦးက နတ်ကွန်းအနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ
နားကပ်ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
MAI က လေယာဉ် စင်းလုံးငှားပေးတော့မယ်
ကုန်ပစ္စည်းတွေကို အချိန်တိုအတွင်း လေကြောင်းaနဲ့ သယ်ယူလိုတယ် ဆိုရင်ဖြင့် တနာရီကို ကျပ်ငွေ ၃၃ သိန်း နှုန်းနဲ့ ပျံသန်းဝန်ဆောင်မှု ပေးမယ့်အကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါ တယ်။
(မိုး/ဇလ၏ ၂၀၁၃ ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)၊ “ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏အခြေအနေ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိ”
ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (မောင်တောမြို့)၏အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင် (၃၅၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့) ၏ တောင်ဘက် မိုင်(၃၃၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့် ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိက ဥပဒေနှင့်သွားမည်
ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု
မရှိခြင်း နှင့် တားဆီးခြင်း တို့ကို ဥပဒေအရ အရေးယူမှုတို့ ရှိလာမည်ဟု
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတိပေးပြော ဆိုသည်။
ရခိုင်နှင့်မွတ်ဆလင်များကို KIA ရန်တိုက်ပေးနေခြင်းကြောင့် ရခိုင်များ KIA မှ ထွက်ရန်ပြင်ဆင်
KIA တပ်မှာ နှစ်ပေါင်းကြာရှည်စွာတိုက်ပွဲဝင
မုန်တိုင်း အန္တာရာယ် စိုးရိမ်နေတဲ့ မြေပုံမြို့လူထု တစ်ပူပေါ် နှစ်ပူဆင့်
၂၁၁၀ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မြေပုံမြို့သူ မြို့သားတွေဟာ အခု ဘင်္ဂလာပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မဟာဆန်မုန်တိုင်းကလည်း ရခိုင်ဘက်ကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် စိုးရိမ်မူတွေတိုးပွားနေချိန်မှာ မြို့ပြင်ဒုက္ခသည်စခန်းတွေက မူဆလင် ဒုက္ခ သည်တွေကို မြို့ထဲကို ရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် တမြို့လုံးလူပ်လူပ်ရွရွ ဖြစ်ကာ တပူပေါ် နှစ်ပူ ဆင့် ဖြစ်နေကြရတယ်လို့ သတင်းတွေ ရရှိပါတယ်။
အမေရိ ကန် သံဝန်ထမ်း တစ်ဦး ရုရှား ဖမ်းဆီး
CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိ တစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ၀န်ထမ်းတစ်ဦး ကို နိုင်ငံကနေ အမြန် ထွက်ခွာ ပေးဖို့ ရုရှား အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ်
al-Qaeda အဖွဲ့ ဗုံးဖောက်ခွဲဖို့ စီစဉ်တာကို လက်ဦးမှုယူ တားဆီးလိုက်နိုင်တဲ့ CIA အမေရိကန်ထောက်လှမ်းရေး အဖွဲ့ရဲ့ ယေမင်နိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ဘယ်ကပေါက် ကြားခဲ့သလဲ ဆိုတဲ့အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေမှုကို အိမ်ဖြူတော်က ကာကွယ် ပြောကြားလိုက်ပါတယ်။
'၀' ပြည်နယ် ခွင့်ပြုပေးရန် တောင်းဆိုမှု ရှုပ်ထွေးမှုများ ဖြစ်လာနိုင်
(၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သော '၀' ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ) |
'၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့
ခွင့်ပြုပေးရန် တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း
နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။
နမ့်ခမ်းပစ်ခတ်မှု နမ္မတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ညီ သေဆုံး
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် နမ္မတူကျားဖြူပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ညီနှင့် ကားဒရိုင်ဘာတဦး သေဆုံးသွားကြောင်း သိရှိရပါသည်။
DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်
(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့အကြား မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူအား သယ်ဆောင်လာစဉ်) |
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြသွားမည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။
Subscribe to:
Posts (Atom)