Thursday, December 31, 2015

တောင်ငူမြို့တွင် ရဲတပ်သားတစ်ဦး ရွှေဆံတော်ဘုရား တ၀ဂူစေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က တောင်ငူမြို့အမှတ် ၃ ရဲစခန်းမှ ရဲတပ်သားတစ်ဦး သမိုင်းဝင်ရွှေဆံတော်ဘုရား အရှေ့တောင်ထောင့်ရှိ “တ၀ဂူ” စေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်မီးရှို့မှု ဖြစ်ပွားခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမိနစ် ၄၀ ခန့်က တောင်ငူမြို့ ၁၃ ရပ်ကွက်၊ သမိုင်းဝင် ရွှေဆံတော်ဘုရားပေါ်သို့ လူတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ရွှေဆံတော်ဘုရားအရှေ့ တောင်ထောင့်ရှိ တ၀ဂူစေတီ လိုဏ်ဂူအတွင်းသို့ ၀င်ရောက်ကာ ဘုရားရင်ပြင်တော်ပေါ်ရှိ သစ်တိုသစ်စများနှင့် ကျောပိုးအိတ်အား မီးပုံရှို့ပြီး ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်ကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွင် သေဒဏ်ကျခံရသော မူးယစ်ဆေးဝါးတရားခံများသာပါဝင်

မြန်မာ-ထိုင်း နှစ်နိုင်ငံအကျဉ်း သားလဲလှယ်ရေး သဘောတူညီချက် တွင် သေဒဏ်ကျခံရသော မူးယစ် ဆေးဝါးတရားခံများသာ ပါဝင်ပြီးမှု ခင်းဆိုင်ရာတရားခံ အကျဉ်းသားလဲ လှယ်ရေး သဘောတူညီချက်မရှိသေး သောကြောင့် လိပ်ကျွန်းအမှုအတွက်နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ညှိနှိုင်း ဖို့လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။
''ထိုင်းနဲ့မြန်မာ အကျဉ်းသားလဲ လှယ်ရေးမှာ မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ တရားခံတွေလဲလှယ်ခေါ်ယူဖို့ သဘောတူထားတာရှိတယ်။ မှုခင်းပြစ်မှုတရားခံအတွက် သဘောတူထားတာတော့မရှိသေးဘူး။ မူးယစ်ဆေးဝါးအမှုတွေက သေဒဏ်တွေချည်းပဲ။ တစ်ကျွန်းတို့ ၁ဝနှစ်တို့လဲရှိတယ်။ မူး ယစ်ဆေးဝါးအမှုဆိုရင် ကိုယ့်နိုင်ငံက အကျဉ်းသားကို ပြန်ခေါ်ခွင့်ရှိတယ်။

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ

မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘ထိုင်းနိုင်ငံသားတွေ ပြည် တွင်းကို လာပြီးလည်ပတ်မှုက ၆၀ ရာခိုင်နှုန်းလောက်ကျသွား တယ်။ ထိုင်းသံရုံးကလည်း မြန်မာနိုင်ငံကိုသွားလည်တဲ့အခါ သတိထားပြီးတော့ သွားကြဖို့ ထုတ်ပြန်ထားတဲ့အတွက် စိုးရိမ်မှု လွန်ကဲတာကြောင့် တချို့ဆို လာလည်ဖို့ ကြိုတင်စာရင်းပေးပြီးတာကိုတောင် ပြန်ဖျက်သွားကြ တာတွေ ရှိတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင် က ပြောသည်။

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင် သုံးကောင်ကို ထိုင်း၌ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာအတွင်းက မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရေဒီယိုအာရုံခံ တပ်ဆင်၍ သဘာဝအတိုင်း လွှတ်ထားသည့် ကြယ်လိပ်အကောင် ရေ ၃၀၀ အနက် အကောင်ရေ ၁၈၀ ခန့်ပျောက်ဆုံးခဲ့သည်။
ထိုသို့ နှစ်လအတွင်း အကောင် ရေများစွာ ပျောက်ဆုံးခဲ့သည့်အ တွက် သစ်တောအုပ်ချုပ်ရေးမှူး များနှင့် နယ်မြေခံရဲတို့ ပူးပေါင်း စစ်ဆေးခဲ့ရာ ကြယ်လိပ်များ ခိုးယူခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ သော်လည်း ကြယ်လိပ်များ ပြန်လည်မတွေ့ရှိခဲ့ပေ။

မီးပွိုင့်များနီးကပ်စွာတပ်ဆင်ခြင်းကြောင့် မန္တလေးမြို့လမ်းပိတ်ဆို့မှုပိုဖြစ်ဟု ဒုတိယယာဉ်ထိန်းရဲမှူးကြီးဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တွင်း၌မီးပွိုင့်များတိုးချဲ့တပ်ဆင်လျက်ရှိရာ မီးပွိုင့်များတစ်ခုနှင့်တစ်ခုနီးကပ်စွာတပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ယခုထက်ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“တချို့နေရာတွေမှာ တကယ်လုပ်သင့်တဲ့နေရာတွေရှိသလို တချို့နေရာတွေကမလိုအပ်ဘဲတပ်လိုက်မယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်တယ်။ မီးပွိုင့်ဆိုတာ အလှဆင်တာမဟုတ်ဘူး။ မီးပွိုင့်စနစ်အတိုင်းသွားမယ်ဆိုရင်တော့ ပိတ်မှာမဟုတ်ဘူး။ ဒီမီးပွိုင့်ကတစ်မျိုး ဟိုမီးပွိုင့်ကတစ်မျိုးဆိုရင်တော့ ပိတ်သွားမယ့်အနေအထားရှိတယ်”ဟု ၎င်းကထပ်မံဆိုသည်။

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ဒီအမှုကို အခြေခံပြီး အရှိန်မြင့်လာတဲ့ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ခြိမ်းခြောက်ငွေ တောင်းယူသွားသော စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည်

ခြိမ်းခြောက် တောင်းယူသွားသော ငွေသိန်းငါးဆယ်အား လူမှုရေး အရ ပြန်လည် ပေးအပ်မှုများ ရှိနေသော်လည်း လက်ခံမည် မဟုတ်ဘဲ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း အဓမ္မ ငွေတောင်းယူခြင်း ခံခဲ့ရသော မိသားစုထံမှ သိရသည်။
မိုးကုတ်မြို့နယ် ပိန်းပျစ် ကျေးရွာအုပ်စုတွင် နေထိုင်သည့် မနီနီဝင်း နှင့် မဖြူဖြူဝင်း ညီအစ်မနှစ်ဦး နေအိမ်သို့ နိုဝင်ဘာလ (၁၈) ရက်နေ့ ည (၈) နာရီခန့်တွင် ပိန်းပျစ် ကျေးရွာ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦးက နေအိမ်အတွင်း ၀င်ရောက်ကာ ခြိမ်းခြောက်ငွေ တောင်းယူမှု တစ်ခု ဖြစ်ပွားခဲ့သည်။