Wednesday, August 1, 2012

KNPP ဆက်ဆံရေးရုံးဖွင့်ပွဲ ပြည်နယ်အစိုးရမှ မိန့်ခွန်းပြောကြား

ကရင်နီပြည်နယ် ရှားတောမြို့၌  ဖွင့်လှစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)  ဆက်ဆံရေးရုံး   ဖွင့်ပွဲတွင် ပြည်နယ်အစိုးရက အဖွင့်မိန့်ခွန်း  ပြောကြားသွားပါတယ်။  ကယားပြည်နယ် စီမံရေးနှင့်  စီးပွားရေးဝန်ကြီး  ဦးတော့ရယ်က ငြိမ်းချမ်းရေး ဖော်ဆောင်နေကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အစိုးရ နဲ့  တွေ့ဆုံဆွေးနွေးပွဲ   နှစ်ကြိမ်မြောက်  ဆွေးနွေးပြီး ဖြစ်တယ်။ ထပ်မံ  တွေ့ဆုံနိုင်ရေးအတွက်  အဆင်ပြေနိုင်ဖို့  အဆက်အသွယ်ကောင်းဖို့   အခုလို ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

မြေပုံမြို့မှာ သံဃာတော်များနှငိ့ ပြည်သူလုထုပူးပေါင်းကာ ဘင်္ဂလီ ရန် ကာကွယ်ရေး အစည်းအဝေးလုပ်(ဓါတ်ပုံ)

 
from -https://www.facebook.com/lethlok.kay

ဓမ္မစင်္ကြာတရားတော်( mp3)

 ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ   ဟောကြားတော်မူသော တရားတော်များ 
(Downlaod  လုပ်ရန် လင့်ပေါ်ကို နှိပ်လိုက်ပါ)

မဉ္ဇူတည့်ကြိုင်သင်း ဝါတွင်းသည်ချိန်ခါ (အယ်တီတာ့ အာဘော်)

(မနက်ဖြန် ၀ါဆိုလပြည့် အတွက် ရည်ရွယ်ရေးထားတာလေးပါ)

(၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၁ ရက်)
မနက်ဖြန်သည် ၁၃၇၄ ခုနှစ် ဒုတိယ ဝါဆိုလ ပြည့်နေ့ ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား အလောင်း တော် သိဒ္ဓတ္ထ မင်းသားသည် ကပိလဝတ် ပြည့်ရှင် သုဒ္ဓေါဓန မင်းကြီး၏ မိဖုရား သီရိမဟာ မာယာဒေဝီ၏ ဝမ်းကြာ တိုက်၌ ဝါဆိုလပြည့် ကြာသပတေး နေ့တွင် သန္ဓေယူ တော်မူခဲ့သည်။ သူအို၊ သူနာ၊ သူသေနှင့် ရဟန်းတို့ ကိုမြင်ရသော် ဘဝသံသရာကို တရား သံဝေဂ ရရာမှ သက်တော် ၂၉ နှစ် အရွယ် မဟာ သက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက် တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလ ပြည့် စနေနေ့တွင် မိဂဒါဝုန်တော၌ သီတင်းသုံး နေသော ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာ တရား ဟောကြား တော်မူ ခဲ့သည်။ ထို့ကြောင့် ဝါဆိုလ ပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ ဗုဒ္ဓဘာသာ ဝင်တို့ အမှတ် အသား ပြုကြသည်။

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။
အစိုးရသစ် တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏    ခေတ်နောက်ပြန်ဆွဲသော အပြုအမူများကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရကြသေးပေ။

ဆန္ဒပြခွင့် ပိတ်ပင်သူတို့ကို လယ်သမားများက တရားစွဲရန် ပြင်ဆင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ လယ်သမားများက အသိမ်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေ များ ပြန်လည်ရယူလိုကြောင်း ဆန္ဒပြခွင့် တောင်းဆိုမှုအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အကြိမ်ကြိမ်ငြင်းပယ်ခဲ့၍ ၎င်းတာဝန်ရှိသူများအား ဥပဒေကြောင်းအရ တရားစွဲဆိုရန် လယ်သမားများက ပြင်ဆင်လျက်ရှိသည်ဟု လယ်သမားများ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ကိုဖိုးဖြူ က ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့ ရေကြီးမှုဖြစ်စဉ် မှတ်တမ်း

ဘားအံမှာ ရေကြီးနေ


                                                     ဓါတ်ပုံတွေကို ဒီနေရာက ရတယ်။



ဂျာနယ်တွေနဲ့ စာပေ စီစစ်ရေး တွေ့ ကြလေပြီ

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏အရေးပေါ်အစည်းအဝေးကို
တော်ဝင်နှင်းဆီတွင်ကျင်းပခဲ့ပြီးအောက်ပါ ထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်ကြေညာခဲ့သည်။
ရက်စွဲ- ၁.၈.၂၀၁၂
၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို
ချက်ချင်းထုတ်ဝေခွင့်ပေးရန်။

မှော်ဘီမှာရေကြီး(ဓါတ်ပုံ)

Eleven Media Group









ကချင်ပြည်နယ်မှ ရင်ဖွင်သံ

 
ကချင်ပြည်နယ်မှ ရင်ဖွင့်သံ......
ကျနော် ငယ်ရွယ်စဉ်က ဒုတိယကမ္ဘာစစ်ကြောင့် ဂျပန်လက်အောက်မှာ စစ်ဘေးဒါဏ်ခံခဲ့ရပါတယ်။
ကျနော် အသက်အရွယ်ရလာတော့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးဒါဏ် ခံခဲ့ရပြန်ပါပြီ။
မသေခင်မှာ ငြိမ်းချမ်းရေးကို ခံစားသွားချင်ပါတယ်။ 



from - https://www.facebook.com/ilovemyanmar

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အဆိုးဘက်ဦးတည်မှာစိုးရိမ်

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ အမေရိကန်နဲ့ ဥရောပတို့လို အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာတဲ့ အတွက် နိုင်ငံခြား ကုမ္ပဏီတွေလည်း ၀င်ရောက်လုပ်ကိုင် ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Scott Stearns သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာ့ စာနယ်ဇင်းလောက ကံဆိုးမိုးမှောင်ကျပြီ

ဂျာနယ်နှစ်စောင်ကို ရက်အကန့်အသတ် မရှိ ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သည့် စာပေစိစစ်ရေး၏ လုပ်ရပ်သည် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် သမ္မတ ဦးသိန်းစိန် ဦးစီးဦးဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို မျက်နှာဖျက်လိုက်ခြင်း ဖြစ်ပြီး ပေါ်ထွန်းစ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက်လည်း မိုးမှောင်ကျခြင်းပင် ဖြစ်သည်

မတရားသင်း ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကချင်အမျိုးသားတဦး လွတ်မြောက်လာ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၄၇ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် နှစ်လကြာ တရားရင်ဆိုင်ခဲ့ရသူ အသက် ၅ဝ နှစ်အရွယ် ကချင်အမျိုးသား ဦးဘောမ်ဇုန်သည် အင်္ဂါနေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပြီဟု သိရသည်။

အစိုးရ မဖြစ်မီနှင့် ဖြစ်အပြီး



ရေးသားသူ- မောင်သာချို
(တစ်)
ဟုတ်မှ ဟုတ်ပါရဲ့လားဟုဆိုကာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်ပွတ်သပ်ပြီး နောက်တစ်ခါ ပြန်ကြည့်ရသည့် သတင်းတစ်ပုဒ်ကို ယခုရက်ပိုင်းကလေးများအတွင်း သတင်းစာမျက်နှာများပေါ်၌ ဖတ်ခွင့်ရရှိခဲ့ပါသည်။ ယခင်အစိုးရ အဆက်ဆက်မရှိခဲ့ဖူးသည့် သတင်း။   Clean Governmentခေါ် သန့်ရှင်းသော အစိုးရအတွက် မရှိမဖြစ်သတင်း၊   Good Governanceခေါ် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အလိုအပ်ဆုံးသတင်း။

၈၈ အရေးအခင်းက ဘာတွေ သက်သေပြခဲ့သလဲ


 ၁။ တစ်တိုင်းပြည်လုံး မင်းမဲ့ စရိုက်ဆန်ဆန် ရန်ကုန်မြို့လယ်မှာ အစိုးရလူဆိုပြီး မတရားစွပ်စွဲ အရိုင်းခေတ်က လူတွေလို ခေါင်းဖြတ်သတ်တဲ့ ဖြစ်ရပ်တွေ၊ ရဲစခန်းတွေ ၀င်စီး သေနတ်လုယူ ရဲတွေကို သတ်ဖြတ်ခဲ့တဲ့ လူတွေ၊ အစိုးရ ဂိုဒေါင် ဖောက် ၊ရုံးတွေဖျက်ဆီးခဲ့တာတွေ၊ ပြည်သူတွေ မသွားရဲ မလာရဲ ကြောက်ကြောက်လန့်လန့် နဲ့ နေခဲ့ရတာတွေ၊  နိုင်ငံရေး သမားတွေ၊ အဖွဲ့ အစည်းတွေက တရားဥပဒေ စိုးမိုးရေး  လို့ အော်နေပေမဲ့ တစ်နိုင်ငံလုံး ဖြစ်ချင်သလို ဖြစ်နေတဲ့ အခြေအနေမှာ တပ်မတော် မှ တစ်ပါး ဘယ် အဖွဲ့ အစည်း ၊ ဘယ်ပါတီ မှ  နိုင်ငံကို တည်ငြိမ်အေးချမ်းအောင် မထိန်းသိမ်းနိုင်ဘူးဆိုတာ သက်သေပြခဲ့ပါတယ်။
၂။ပည်သူတွေ  ဆင်းရဲ မွဲတေရင်၊ ပြည်သူ့ ဆန္ဒကို မလေးစားခဲ့ရင် အစိုးရ တစ်ရပ်ဟာ ပြည်သူလူထု က မကျေနပ်လို့  ပြည်သူတွေ ဆန္ဒပြခဲ့လို့  ပြုတ်ကျခဲ့တယ်ဆိုတာ သက်သေပြခဲ့တယ်။
၃။ ပြည်တွင်း စည်းလုံး ညီညွတ်မှု့ မရှိရင်ပြည်ပ နိုင်ငံတွေက  ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်  တတ်တယ် ဆိုတဲ့  သက်သေပြခဲ့တယ်။( အမေရိကန် စစ်သင်္ဘော မြန်မာရေပိုင်နက် အနီး ရောက်လာခြင်း)







 

ဦးရွှေမန်းက ဦးသိန်းညွန့် နှင့် ဦးခိုင်မောင်ရည်ကို သတိပေး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်ဦးခိုင်မောင်ရည်တို့နှစ်ဥ

ညနေ ၃ နာရီမှာ မီဒီယာသမားတွေ အစည်းအဝေး ပြုလုပ်ကြမည်။


The Irrawaddy (Burmese Version)

ဒီညနေ ၃ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်က တော်ဝင်နှင်းဆီမှာ မီဒီယာသမားတွေ အစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။ မီဒီယာလွတ်လပ်ခွင့်၊ ဂျာနယ်တွေ ထုတ်ဝေခွင့် ပိတ်ခံရတဲ့ မနေ့က ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာပါတဲ့။ မီဒီယာသမား မှန်ရင် ဘယ်သူရယ်လို့ မခွဲခြားဘဲ အားလုံးတက်ရောက် ကြပါလို့ နှိုးဆော်ထားပါတယ်။ နောက်ပြန်မဆုတ်ဘူး ဆိုတဲ့စကားကို နောက်ဆုတ်ရင်းပြောနေတဲ့ ပြန်ကြားရေး စာပေစိစစ်ရေးနဲ့ သည်းမခံနိုင်တော့တဲ့ မီဒီယာသမားတွေ အကြား ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ဒီအစည်းအဝေး နောက်ပိုင်း သိရလိမ့်မယ် ထင်ပါတယ်။



ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေ

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့က ကချင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ (၅)မှ ခေါင်းဆောင်တွေဟာ ၄င်းတို့ လက်အောက်ခံ တပ်စခန်းတွေမှာ တာဝန် ထမ်းဆောင် လျက်ရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင် (၅)ဦးကို တပ်မဟာ (၅)သို့ ခေါ်ယူစစ်ဆေး လျက်ရှိ တယ်လို့သိရပါတယ်။

ကင်တာနား NGO ၀န်ထမ်းများနှင့် တွေ့ဆုံနေ

ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် ယနေ့ သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေပြီး ဘူးသီးတောင် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ထားသော ရွာများကို မီးရှို့ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အိုင်အင်န်ဂျီတို့မှ ၀န်ထမ်းများအား ယခုအခါ တွေ့ဆုံမေးမြန်းလျက် ရှိနေကြောင်း သတင်းရရှိပါသည်။

Eleven Media Group

၈၈ ကျောင်းသားများ၊ တောင်သူအရေးဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များရဲ့ ကြေငြာချက်






မြန်မာ့နွေဦး၊ စိန်ခေါ်မှုများနှင့် ဒုတိယလှိုင်း


မှူးဇော်

မြန်မာ့နွေဦး နိဒါန်းအစ
နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဗိုလ် ချုပ်အောင်ဆန်း ဓါတ် ပုံအောက်မှ  တွေ့ဆုံပွဲသည်ပင် မြန်မာ့နွေဦး နိဒါန်းဖြစ်ကြောင်း အချို့က ဆိုကြသည်။ အချို့ကလည်း နိုင်ငံတော်သမ္မတကြီး၏ ရာထူးလက်ခံ ကတိသစ္စာပြုပွဲသည်ပင် မြန်မာ့နွေဦးနိဒါန်းဟု ပြောကြသည်။ မည်သို့ပင် သတ်မှတ်ကြသည်ဖြစ်စေ  မြန်မာ့နွေဦး သည်ကား ပုရစ်ဖူးတို့  တဝေဝေ ဖြစ်နေသည်မှာ  နိုင်ငံတကာမှ လက်ခံထားသော  အမှန်တရားဟုဆိုက မှားမည် မထင်ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင်သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖွယ်ရှိ

 from - 7DayNews Journal

ရေးသားသူ- ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊ ဇူလိုင်-၃၀
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလအတွင်းသွားရောက်မည့်အမေရိကန်ခရီးစဉ်တွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာဝေးကွာနေသော သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။

Huawei ၏ routers များကို ဟက်ကာတို့ တိုက်ခိုက်ခဲ့

from- https://www.facebook.com/mwdmedia?ref=stream

Tuesday 31st July 2012

အမေရိကန် ပြည်ထောင်စု လတ်စ်ဗေးဂတ်စ်တွင် ပြုလုပ်သော နာမည်ကျော် Def Con စုဝေးပွဲတွင် တရုတ် နိုင်ငံရှိ အီလက်ထရွန်းနစ် ထုတ်လုပ်သူ Huawei ၏ ကွန် ပြူတာကွန်ရက် အတွင်းသို့ routers များမှ တစ်ဆင့် ဟက်ကာများ လွယ်ကူစွာ ထိုးဖောက် ဝင်ရောက်နိုင်ကြောင်းကို ပြသခဲ့သည်ဟု chanelnewisasia သတင်းတွင် ဖော်ပြသည်။
ယခုလို ဝင်ရောက်ရာတွင် Huawei ၏ အသေးစား router သုံးခုကို ဟက်ကာများမှ အလွန် ရိုးရှင်းသည့် ဟက်ကာ နည်းလမ်းများကို အသုံးပြုရုံဖြင့်ပင် ထိုးဖောက် နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြား သွားခဲ့သည်။ Huawei ၏ routers များမှာ အာရှ ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် သုံးစွဲလေ့ရှိပြီး ယင်းကုမ္ပဏီမှာ အမေရိကန်နှင့် ဥရောပဈေးကွက်များတွင် နေရာယူနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဂျာမနီ အခြေစိုက် Recurity ကုမ္ပဏီမှ ပြောခဲ့သည်။ Huawei ကုမ္ပဏီကို ယခင်က ပြည်သူ့လွတ်မြောက်ရေး တပ်တွင် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့သူမှ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဆက်သွယ်ရေး လုပ်ငန်းများအတွင်း နေရာရနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကာ မိုဘိုင်းဖုန်း ကွန်ရက်များကို ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။


လွှတ်တော်ထဲက မော်တော်ကား

ဇူလိုင် ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုကြတဲ့ မော်တော်ကားအကြောင်းတွေ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်
စက်မှုဇုန်ထုတ် Super Custom(Multi Purpose Vehicle) ကားများအား ပြည်တွင်း၌ အမှန်တကယ်ထုတ်လုပ်ခဲ့ခြင်းမရှိမှုနှင့်စပ်လျဉ်း၍ နစ်နာသူ မော်တော်ယာဉ်ဝယ်ယူထားသည့် ဒဏ်ကြေးငွေပေးဆောင်ရမှုအပေါ် ပြည်သူများအတွက် မည်သို့ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း

ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့ သဘောထားအမြင်

အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက်ထက်တုန်းကလဲရှိခဲ့တာပါပဲ။ 

မိုက်ခဏခဏတောင်းပြီး ဆွေးနွေးခဲ့ကြရတဲ့တက္ကသိုလ် ပညာရေးဥပဒေမူကြမ်း(ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းညွန့် ၊ဒေါ်တင်နွယ်ဦး)

၃၁-၇-၂၀၁၂ ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် ပညာရေး နှင့်ပတ်သက်၍ ဒေါ်တင်နွယ်ဦး က-
““ကျွန်မ မပြောသင့်ဘူးလို့ ထင်ပေမယ့် ဥက္ကဋ္ဌကြီးမေးလို့ ပြောပါရစေ။ 

ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တရုတ် စစ်သံမှူး

မူရင်းလင့်  http://www.mwdmedia.net/2012/08/blog-post_2989.html

ဒေါ်အောင်ဆန်းစုကြည် လွတ်တော်တွင် ပြောကြားသွားသော စကားကြီး (၃) ခု



(၁) ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာ တိုင်းရင်းသား လူမျိုးများဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။
 (၂) ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။
(၃) တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာဟာ ဘာသာ စကား ၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ်။

from -https://www.facebook.com/demo.fatty

ဝန်ကြီး ဦးအောင်မင်းနှင့် (SSA-S)မှ ရွက်ဆစ်

ဝန်ကြီး ဦးအောင်မင်းနှင့် (SSA-S)မှ ရွက်ဆစ်

ကေအိုင်အေ တပ်ဖွဲ့များ ညအချိန်မှာ ၀င်ရောက်ပြီးလူသစ်စု


ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က ကေအိုင်အေတပ်ရင်း (၁၂၁) နဲ့ တပ်ရင်း(၂၇)မှ တန်ဂွန်းနဲ့ လော်ဆန်းခေါင်းဆောင်တဲ့ ကေအိုင်အေ(၃၀)ဦးခန့်ဟာ ကေအိုင်အေ နယ်ဘက်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ငယ်တွေဖွဲ့စည်းကာ လောင်လွင်ကျေးရွာ၊ မိုင်းနောင်၊ နမ့်လင်းပါရွာတွေမှာ ညအချိန် တိတ်တဆိတ် ၀င်ရောက်လူသစ်စုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူသစ်စုဆောင်းမှုကြောင့် ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ယောင်္ကျားလေး(၉)ဦးနဲ့ မိန်းကလေး(၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။

သည်းခံတာ အတိုင်းအတာရှိကြကြေးဆိုပါရင်

  (ပိတ်တဲ့ဘက်ကလဲ ဒေါကန်။ ဂျာနယ်လစ်တွေဘက်ကလဲ မကျေနပ်၊  ပြည်သူတွေကတော့ သတင်းသိရရင် ကောင်းတာပဲလေ၊ ၊သတင်းတွေက  ဂျာနယ်မှာ မပါလဲ အင်တာနက်မှာတော့ ပြန့်နေတာပဲလေ။ ကောင်းတာလုပ်၇င် ကောင်းသတင်းထွက်မှာပဲ မို့လား၊  ဂျာနယ်တွေက မဖော်ပြလဲ အင်တာနက်မှာတော့ ပြန့်နေဦးမည်ဖြစ်ပါကြောင်း - )




သည်းခံတာ အတိုင်းအတာရှိကြကြေးဆိုပါရင် 
from -http://doctorsatephwar.blogspot.com/


 
ဒီနေ့ သတင်းတွေမှာ The Voice Weekly နဲ့ Envoy ဂျာနယ်တွေအပိတ်ခံရတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ် သာမန်အားဖြင့် ဒီလိုပိတ်တာကို ဆိတ်ဖွားလဲမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဒီဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် နီးပါးလောက် ရေးခွင့်ရလာတာမကြာသေးလို့ပါဘဲ ၊ ဒီလိုမကြာသေးတော့ အကြောင်းအရာတစ်ခုပေါ်မှာ ရှုမြင်ပုံချင်းမတူဘူး  တစ်ဘက်ကအမှန်ထင်တာကို တစ်ဘက်က အမှားထင်နေမယ် ဒီတော့ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်လို့ထင်ပါတယ် ဒီလိုအချိန်မှာ အပိတ်ခံရတယ်ဆိုတာမျိုးက တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ ပဋိက္ခအသွင်ဆောင်လာရာကနေ တိုက်ကြခိုက်ကြ ဆိုမကောင်းဘူးပေါ့ ဒီတော့ ပြေပြေလည်လည်နဲ့ ပြီးကြစေချင် အသားကျသွားစေချင်ပါတယ် ။

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ

 from -http://www.hotnewsweekly.com/archives/7875
(၂၀၀၇ အရေးအခင်းနောက်ပိုင်း ပြည်ပရောက်နေတဲ့ ကဗျာဆရာ အောင်ဝေးရေးထားတာပါ။ီးလိုေ ဆာင်းပါးမျိုး ပြည်တွင်းထုတ်ဂျာနယ် မှာ  ပုံနှိပ်ထုတ်ဝေတဲ့ အခါမှာ ပါလာရင် စာပေလွတ်လပ်ခွင့်   တော်တော်လေးရှိနေပြီ ပြောရမှာပါ။)

ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။

ရခိုင်မှာ ကင်တာနားကို ဆန္ဒပြ(ဓါတ်ပုံ)



from -https://www.facebook.com/mwdmedia

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)



ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖော
က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

အိန္ဒိယနိုင်ငံထက်ဝက် လျှပ်စစ်ပြတ်တောက်


အိန္ဒိယနိုင်ငံမှာ လျှပ်စစ်မီးလိုင်းတွေ ပျက်ရာက လူဦးရေရဲ့ ထက်ဝက်ကျော် သန်းပေါင်း ၆၀၀ ကျော်ဟာ မီးမရပဲ နေထိုင် နေကြရပါတယ်။ ရက်ပေါင်း အတော်ကြာ မီးပျက်နေတဲ့ အထဲမှာ ဒုတိယ အဆိုးဆုံး အဖြစ် နယူးဒေလီ မြို့တော်၊ Kolkata စတဲ့မြို့ကြီးတွေ အပါအ၀င် နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ ပိုင်း ဒေသတွေ က ပြည်နယ် ၁၂ ခုမှာ ဒီကနေ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာပါ။

တရုတ်စစ်တပ် လွှမ်းမိုးလာမှု ဂျပန်သတိပေး

အာဏာရ တရုတ်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်ကြား ဆက်ဆံရေးတွေဟာ တဖြည်းဖြည်း နီးစပ်ရှုပ်ထွေး လာနေရာက တိုင်းပြည်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ စစ်တပ်က သြဇာလွှမ်းမိုး လာနေတယ်လို့ ဂျပန်နိုင်ငံက သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံက ပြောင်းလဲလာတဲ့ ပုံစံဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်စဉ် ဆန်းစစ်ချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

၁.၈.၂၀၁၂ ရက်နေ့ သတင်းများ

-မြန်မာ ဒုသမ္မတ အသစ် ဘယ်သူ ဖြစ်လာမလဲ click
-ကင်တားနားရှေ့ ဒုက္ခသည်တချို့ ဆန္ဒပြ   click
-OIC ထိပ်သီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည် click
-သီပေါမင်းအရိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ click
- ဒေါ်အောင်ဆန်းစုကြည် ရဟန်းအစ်မအဖြစ် ကုသိုလ်ဒါနပြု click
- နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ click
- သမ္မတ ဦးသိန်းစိန်၏ စကားကို ထောက်ခံကြိုဆိုကြောင်း အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်း အစည်းအဝေးတရပ် ကျင်းပ click
- နိုင်ငံခြားခရက်ဒစ်ကတ်များ ၂၀၁၃ မှာ သုံးစွဲနိုင်မည် click
-စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော click
- တောင်ဥက္ကလာ ပြည်သူများ ဦးအောင်သိန်းလင်းကို ကန့်ကွက် click
- ဦးအောင်သိန်းလင်း မေးမြန်းချက်နှင့်ပတ်သက်ပြီး ပါတီက ကြေညာချက်ထုတ် click
- လျှပ်စစ် (၁) ၀န်ကြီး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ရက်ကြီးအကြောင်း ပေးစာများ click
- စစ်တပ်က မြေယာသိမ်းထားသဖြင့် တောင်သူများ အခက်တွေ့ click
- ၂၀၁၃ ခုနှစ်မှာ အကြွေးကတ်စနစ် စတင် သုံးစွဲနိုင်မယ်လို့ မျှော်လင့် click
- ကာလကြာရှည် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ထားသည့်အပေါ် ကြေညာချက်ထုတ် click
- လျှပ်တစ်ပြက်ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ click
- တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့တွင် ဖမ်းဆီး click
- ဇူလိုင် ၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ click
-သယ်ကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး -Click
- ပေါင်းလောင်း ရေကာတာစီမံကိန်း click
- ကင်တားနား မြန်မာနိုင်ငံ ရောက်ရှိ click
- ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက် click
- ကုလ အထူးကိုယ်စားလှယ် ရန်ကုန်မြို့ ရောက်ရှိ click
- မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနား တွေ့မည် click

- မြန်မာအားကစားသမားတ၀က် အိုလံပစ်က ထွက်ပြီ click
- မောင်သာရနဲ့ ရွှေအမြုတေမဂ္ဂဇင်းတို့ရဲ့ အပြန်အလှန်ပေးစာ click