Saturday, August 25, 2012

၂၅-၈-၂၀၁၂ ရက်နေ့သတင်းများ

- လွှတ်တော်အစည်းအဝေး ပျက်တဲ့ကိစ္စ ဥက္ကဌ ရှင်းရ click
- သမ္မတ သဝဏ်လွှာ နားလည်မှုလွဲမှား click
- ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှု အမျိုးသားလွှတ်တော်က စတင်ဆောင်ရွက်မည် click
- ‘စုံ’ နှစ်မို့ ‘စည်’ ဦးမတဲ့ … အိုတောင်ပြုံး (ဆောင်းပါး) click
- ဆမ်းဆောင်းက အက်ပဲလ်ကို လျော်ကြေးပေးဖို့ တရားရုံးကဆုံးဖြတ်    click
- အာဖဂန်စစ်သွေးကြွ တပ်မှူတဦး သေဆုံး   click
- မြန်မာနိုင်ငံမှာ လယ်ဧက သိန်းနဲ့ချီ ရေမြုပ်နေ   click
- Apple နဲ့ Samsung တောင်ကိုရီးယားမှာ အခက်တွေ့နေ   click
- ဆီးရီးယားမြို့တော်ကို အစိုးရတပ် ၀ိုင်းရံ   click
- ‘မသန်စွမ်းတွေရဲ့ အား’ အထူးဖိုရမ် click
- Manipur သူပုန်တဦးက ချင်းအမျိုးသမီးသတ်ဖြတ်မှု လူထုရှင်းလင်းပွဲပြုလုပ်  click
- ချင်းပြည်နယ် ကိုယ်စားပြု ၁၂ နှစ်အောက် ဘော်လုံးသမားရွေးချယ်မည်   click

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်



ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေး ချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊

PNLO နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး

ဦးအောင်မင်းနှင့် PNLO ပထမအကြိမ်တွေ့ဆုံစဉ် (ဓါတ်ပုံ-PYO)
ဦးအောင်မင်းနှင့် PNLO ပထမအကြိမ်တွေ့စဉ် (ဓါတ်ပုံ-PYO )


အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ကိုယ်စားလှယ်တို့ ယနေ့ နံနက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏာမအဆင့် အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး လိုက်သည်။

ဒု-ကင်းချောင်း ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်း သားတစ်ဦးအလောင်းအား ကင်းလှည့်တပ်သားတစ်ဦးတွေ့ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်း ကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး ဥယျဉ်ခြံတစ်ခုတွင် အလောင်းတစ်လောင်း အား  လုံခြုံရေးချထားသော ခလရ (၂၃၃)မှ တပ်သား တစ်ဦးကင်း လှည့်စဉ် သြဂုတ်လ ၂၄ ရက်နေ့ညနေ ၅ နာရီတွင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ သဘောထားအမြင်များ

ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ၊ စာရေးသူ)

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင် အခုကိစ္စ က နှစ်မျိုြး ဖစ်နိုင်မယ်ထင်တယ်။ ပထမ အချက် ကတော့ အခြေခံ ဥပဒေ အပေါ်နားလည်ချက်။ ဒါကို ရိုးရိုးသားသား မတူကြတာ လည်း ဖြစ်နိုင်ပါတယ်။ ဒုတိယ အချက်ကတော့ ကျွန်တော်တို့ မသိနိုင်၊ သိခွင့် မရှိတဲ့ နောက်ကွယ်က အကြောင်းရင်း တချို့ ရှိကောင်း ရှိနိုင်တယ်။ ပြောရရင် လွှတ်တော်နဲ့ အစိုးရ အဖွဲ့ အားပြိုင်မှုမျိုး လားပေါ့။

ရခိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြည်တော်ပြန်မည်

ဒေါ်စောမြရာဇာလင်းကို ၂၀၀၈ ခုနှစ်က ၄င်း၏ မိခင် ကွယ်လွန်စဉ်က တွေ့ရပုံ၊ ဓာတ်ပုံ- နေရဇ္ဇရာ သတင်းဌာန

ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ မြန်မာပြည်ြေ မနဲ့ ကင်းကွာနေခဲ့ရာက အခုတော့ မကြာခင်မှာ ပြန်တော်ပြန်တော့မယ်လို့ ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ယနေ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ  ဖြစ်ပွားနေ ဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ ) အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထား တစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့သူ တစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ် လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွား ခဲ့ကြောင်း  အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။

ကြေးနီစီမံကိန်းအတွက် လယ်ဧက၇၈၀၀သိမ်းဆည်းခံရသဖြင့် ဆန္ဒပြမှုဖြစ်ပွား

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခု မှဆောင် ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် သိမ်းခံ ရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစ တင်ပြီး နေ့ စဉ် ဖြစ်ေ ပ်ါလျက်ရှိကြောင်း သတင်းရရှိသည်။

နည်းပညာ မူပိုင်ခွင့် ချိုးဖောက် တဲ့ Samsung အမှုရှုံး -

တောင်ကိုရီးယား နိုင်ငံ က လျှပ်စစ် နဲ့  အီလက် ထရော နစ် ပစ္စည်း တွေ အပြင် မိုဘိုင်း ဖုန်း ပါ ထုတ် လုပ် တဲ့ Samsung ကုမ္ပဏီ က အမေရိကန် နိုင်ငံ အခြေ စိုက် ကွန်ပျူ တာ ပစ္စည်း တွေ နဲ့  မိုဘိုင်း ဖုန်း ထုတ် လုပ် တဲ့ Apple ကုမ္ပဏီ ကို ဥာဏ မူပိုင် နည်ပညာ ကို ယူဝင် သုံးစွဲ မှု အတွက် လျှော်ကြေား ငွေ ၁.၀၄ ဘီလျှံ ပေးဆောင် စေ လို့  ကာလီဖိုးနီးယား ပြည်နယ် ဆန်ဟိုဆေး က တရား ရုံး က အမိန့် ချမှတ် လိုက်ပါတယ်။

တရုတ် တံတား အသစ် ကျိုးကျ


တံတား ကျိုးကျမှုကြောင့် လူ ၃ ယောက်သေဆုံး
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မှာ ရှစ်လမ်းသွား ကားလမ်းပေါ်က တံတား အသစ်တစင်း ရဲ့ တစိတ်တဒေသ ပြိုကျပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

DVB သတင်းထောက် တစ်ဦး တရားစွဲ ခံရ

နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ မကွေးတိုင်း ဒေသကြီး အခြေစိုက် သတင်းထောက် တစ်ဦးအား လက်ထောက်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ တရားလို ပြုလုပ်၍ တာဝန်ဝတ္တရား နှောက်ယှက်မှု ဖြင့် ယနေ့ တရားစွဲဆို လိုက်ကြောင်း ကာယကံရှင် ကိုယ်တိုင် The Voice Weekly သို့ ပြောကြားသည်။

ပုသိမ်မှာ NLD ပါတီ စည်းလုံးမှုပျက်

ပုသိမ်မြို့နယ် NLD ပါတီမှ ပါတီအတွင်းမေ ကျနပ်ချက်တွေ ကိုယနေ့ နေ့လည်၁နာရီမှညနေ၃နာရီခွဲ အထိပြည်တွင်းသတ င်းမီဒီယာ များနှင့်တွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာပုသိမ်ခရိုင် အတွင်း ရှိမြို့ နယ်များနှင့်မြောင်းမြမြို့နယ်တို့ မှNLD ပါတီဝင် အင်အား(၃၀၀ )ကျော်တက်ရောက်ခဲ့ပြီးသတင်းစာရှင်းလင်းပွဲမှာပုသိမ်အောင်နိုင်ရေး

KNU နှင့် တတိယအကြိမ်မြောက် ဆွေးနွေးရေး မြန်မာအစိုးရ ရက်ရွှေ့ဆိုင်း။ သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်ြး ပချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

"မစ္ဇျိမ အင်တာနက် ၀က်ဘ်ဆိုက် DDoS တိုက်ခိုက်မှုခံနေရ"


မစ္ဇျိမ အင်တာနက် ၀က်ဘ်ဆိုက် DDoS တိုက်ခိုက်မှုခံနေရကြောင်း သိရသည်။

မည်သူမည်ဝါက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့တိုက်ခိုက်နေသည်ဆိုခြင်းကိုတော့ တိကျစွာအတည် မပြုနိုင်သေးဟု မစ္ဇျိမ အယ်ဒီတာအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

PNLO နှင့် အစိုးရတို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး


ထိုင်းနိုင်ငံတွင် သုံးကြိမ်ခန့် အလွတ်သဘော တွေ့ဆုံထားပြီး ဖြစ်သည့် PNLO ( ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ပထမဆုံးအကြိမ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောကြားသည်။

ဆင်ဖြူတော်တွေကို ရောင်းတော့မှာလား


ဗိုလ်ချုပ်ကြီးတွေ သဲသဲလှုပ်ကိုးကွယ်တဲ့ ဆင်ဖြူတွေကို လေလံတင်ရောင်းလိုက်ပါ လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ် သတင်းစာစောင်မှာ တိုက်တွန်းထားပါတယ်။

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည်

ရန်ကုန်မြို့မှ အမှိုက်စို၊အမှိုက်  ခြောက်ခွဲခြားစွန့်ပစ်၍ ထွက်ရှိ လာသော အမှိုက်အစိုတန်ချိန်  ခြောက်ရာဖြင့် နေ့စဉ်လျှပ်စစ်ဓာတ်  အားထုတ်ရန် စီစဉ်နေကြောင်း  မြို့တော်စည်ပင်သာယာရေး ကော်  မတီမှသိရသည်။

မောင်တောခရိုင်တွင် အုပ်ချုပ်ရေးတံတိုင်းအဖြစ် အင်အားဖြည့်ခန့်အပ်ရန် စီစဉ်နေ

ရခိုင်ပြည်နယ်မောင်တော ခရိုင်တွင် ဌာနဆိုင်ရာများက အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဖွဲ့စည်း  ပုံအင်အားအပြည့်ခန့်အပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်  စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးကိုကို က ပြောကြားသည်။

Apple နဲ့ Samsung မူပိုင်ခွင့် အပြန်အလှန်ချိုးဖောက်

အမေရိကန် ပြည်ထောင်စုက APPLE ကုမ္ပဏီကြီးနဲ့ သူ့ရဲ့ပြိုင်ဘက် တောင်ကိုးရီးယား SAMSUNG ELECTRONICS ကုမ္ပဏီနှစ်ခုကြား မိုဘိုင်းပစ္စည်းဆိုင်ရာ မူပိုင်ခွင့် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်လို့  တောင်ကိုးရီးယား တရားရုံး တော်က အမိန့်ချမှတ်လိုက်ပါတယ်။

Empire State အနီး သေနတ် ပစ်ခတ်မှု

သေနတ်ပစ်မှုဖြစ်ပွားရာ နေရာကို စစ်ဆေးနေသည့် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့ဝင်တဦး။
နယူးယောက်မြို့ Empire State အဆောက်အဦးကြီးအနီးမှာ သေနတ်ပစ်မှု ကျူးလွန်ခဲ့သူ ဟာ အလုပ်ပြုတ်လာခဲ့သူတယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်းတယောက်ကို ပစ်သတ်ခဲ့ပြီးတဲ့နောက် ရဲကလဲ သူ့ကိုပစ်သတ်လိုက်ပါတယ်။

ဆီးရီးယားဆန္ဒပြသူ ၁၄၀ ခန့် သေဆုံး

အာလက်ပိုမြို့တိုက်ပွဲတွင် အကာအကွယ်ယူနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်များ။
ဆီးရီးယားနိုင်ငံက မြို့အတော်များများမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့တချိန်တည်းမှာပဲ ဆီးရီးယားတပ်တွေက သူပုန်တွေကို နှိမ်နင်းနိုင်ဖို့အတွက် ဒမတ်စကတ်စ်မြို့ဆင်ခြေဖုံးဒေသတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ်။

အမေရိကန်ချစ်ကြည်ရေး ဘတ်စကက်ဘောအဖွဲ့ မြန်မာပြည် လာမည်

WMBA အားကစားသမားဟောင်း Allison Feaster (21)
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးတက်လာမှု အရိပ်လက္ခဏာများ အနက် လတ်တလောအကျဆုံးကတော့ အမေရိကန် ထိပ်တန်း ဘတ်စကတ်ဘော အမျိုးသားနဲ့ အမျိုးသမီးအသင်း တို့က အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံကို ဘတ်စကတ်ဘော ချစ်ကြည်ရေး အဖွဲ့ စေလွှတ်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ချက်ခြင်း အလုပ်ရှာပေးနိုင်တဲ့ပွဲ

ဆောက်လုပ်ရေးလုပ်ငန်းအတွက် သဲအိတ်များသယ်ယူနေကြသော မြန်မာပြည်က နေ့စားအလုပ်သမားများ။
ကုမ္ပဏီအလုပ်အမှုဆောင် အရာရှိရာထူးကစလို့ လုံခြုံရေးဝန်ထမ်းရာထူးအထိ အလုပ်နေရာေ တွ ခေါ်ယူ ရှာဖွေပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ သောကြာနေ့ကစပြီး  လုပ်နေတာမှာ အလုပ်ရှာနေသူပေါင်း မြောက်များစွာ သွားရောက် အလုပ်ေ လျှာက် နေကြပါ တယ်။

ဘင်္ဂလီတချို့အား ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးသို့ပို့

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီတချို့အား ရွှေပြည်သစ်မှန်လုံကားသုံးစီးဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့ စစ်တပ်မှဦးဆောင်ကာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ခန့်တွင် ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက်

ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)
စစ်ဘေးသင့်ဒေသဖြစ်သည့် ကချင်ပြည်နယ်သည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးဖြစ်ပွား သည့် ဒေသ များစာရင်းတွင် အဆင့် (၄) နေရာ၌ ရှိကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ် ဒေသခံလူထု တစ်ထောင်ကျော် ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံလူထု တစ်ထောင်ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။

အနုပညာရှင်စစ် စစ်တစ်ေ ယာက်ြ ဖစ်ချင်သူ နန်းမြတ်ဖြိုးသင်း



အနုပညာအလုပ်ကို တကယ် ဝါသနာပါ ခုံမင်မြတ်နိုးပြီးတော့ အနုပညာ ရှင်စစ်စစ် တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာသူကတော့ နန်းမြတ်ဖြိုးသင်း ပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက အနုပညာလောကထဲကို ၂ဝ၁ဝ ခုနှစ် ကတည်းက စတင် ဝင်ရောက်လာ ပြီး ပရိသတ်တွေက နန်းမြတ်ဖြိုးသင်းလို့ သိ လာတာကတော့ ၂ဝ၁ဝခုနှစ်မှာ ဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ

ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)

ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံး မှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တ ဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။

အာရှပစိဖိတ်လုံခြုံရေး အမေရိကန်နှင့် ဂျပန်ဆွေးနွေး


ဂျပန်နိုင်ငံ၏ ခုခံကာကွယ်ရေးတပ်ဖွဲ့မှ ပူးတွဲစစ်ဦးစီးချုပ် ရှင်ဂါယူအိုင်ဝါဇကီ သည် သြဂုတ် ၂၃ ရက်တွင် ပင်တဂွန်သို့ အလည် အပတ် သွားရောက်ခဲ့ပြီး အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ မာတင်ဒမ့်ဆေးနှင့် တွေ့ဆုံ၍ အာရှပစိဖိတ်ဒေသ လုံခြုံရေး၊ အရှေ့တ ရုတ်ပင်လယ် အတွင်း တင်းမာမှု မြင့်တက်လာခြင်းနှင့် နှစ်နိုင်ငံမဟာ မိတ်အချင်းချင်း ပိုမိုပူးပေါင်းရန် ဆောင်ရွက်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒလ၌ ကမ်းပါးပြို၍ နေအိမ် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရ


ဒလမြို့နယ် ကျောင်းစုကျေးရွာ ကမ်းပါးထိမ်း အကာအရံမှာ တည်ဆောက်ပြီး တစ်လကျော် အကြာ တွင် ပြိုကျ ပျက်စီးသွားခဲ့၍ နေအိမ် ၁၆ လုံးရွှေ့ပြောင်းခဲ့ရသည်။

ရန်ကုန်-ဒလ ကူးတို့သင်္ဘောသစ်များအတွက် ငွေနှင့် နည်းပညာ ဂျပန်ကူမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်နှင့် ဒလ ပြေးဆွဲနေသော လက်ရှိ ကူးတို့သင်္ဘောများ နေရာတွင် သင်္ဘောသစ်များပြေးဆွဲနိုင်ရန် ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးမည်ဟု ဂျပန်နိုင်ငံ ရေကြောင်းဗျူရို၏ ဒါရိုက်တာ မစ္စတာ ရှီနီချီရို အိုဆူဘို က ပြောသည်။

ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်တွင် ညကင်းကြောင့် လယ်ယာစိုက်ပျိုးရေး ထိခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာအနီးရှိ လယ်ကွင်းဘေးမှ ကင်းတဲတခု (ဓာတ်ပုံ – ငြိမ်းချမ်း / ဧရာဝတီ)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများ ကိုယ်တိုင် ကင်းစောင့်နေကြရသောကြောင့် လယ်ယာစိုက်ပျိုးရေးတွင် အားမထုတ်နိုင်ဘဲ လစ်ဟင်းဆုံးရှုံးမှုများ ဖြစ်နေရကြောင်း သတင်းရရှိသည်။

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ မြေယာသိမ်းမှုတွေ ပိုဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ လယ်သမား အများအပြားက စိုးရိမ်ကြောင့်ကြနေကြတယ် (ဓာတ်ပုံ- Reuters)
တချိန်က နိုင်ငံတကာကို ဆန်အများဆုံးတင်ပို့ပြီး ကမ္ဘာ့စပါးကျီဖြစ်ခဲ့တဲ့ အနေအထား ကို ပြန် ရအောင်ကြိုး စားဖို့ မြန်မာပြည်မှာ ရည်မှန်းချက်ရှိနေပါတယ်။

နိုင်ငံတော် ဝင်ငွေဖြည့်ဆည်းပေး နေသည့် လယ်ယာကဏ္ဍ ထိခိုက်ဆုံးရှုံးပါက တိုင်းပြည်၏ ဘဏ္ဍာငွေပါ ကျဆင်း သွားနိုင်၊ နည်းပညာ၊ ငွေကြေးအရင်း အနှီးနှင့် လူ့စွမ်းအား အရင်းအမြစ်အ တွက် ပြည်ပ ရင်းနှီး မြှုပ်နှံမှု များ ဖိတ်ခေါ် ဆောင်ရွက်နေ၊ ရေကြီးနစ်မြုပ် လယ်မြေ များ ပြန်လည်စိုက် ပျိုး ရန် မျိုးစပါးနှင့် ရေဘေး ဒုက္ခသည်များ အတွက် ထောက်ပံ့ငွေ များပေးအပ်

 
(နေပြည်တော်    သြဂုတ်   ၂၄)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ အတွင်း ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ ကူညီ စောင့်ရှောက် အားပေးရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနနှင့်

ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၃) ရက်မြောက်နေ့ ကျင်းပ၊ မေးခွန်း(၄)ခု မေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာ(၂)ခု တင်သွင်းခြင်းနှင့် အဆိုသစ်(၁)ခု တင်သွင်းခြင်းတို့ ဆောင်ရွက်

ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ ၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ခန်းမ၌ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၁ဝ တို့ တက်ရောက် ကြသည်။

DIL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်း ယာဉ်အစီး(၈ဝဝ)နှင့် ကုန်သေတ္တာ အလုံး (၅ဝဝဝ) ကျော်ထားရှိနိုင်

Dagon Seikkan International Logistics Co, Ltd(DHL) ၏ အပြည် ပြည်ဆိုင်ရာ ကုန်သေတ္တာ ယာဉ် ရပ်နားစခန်းနှင့် ကုန်သေတ္တာ စခန်းဖွင့်ပွဲ အခမ်းအနားကို  သြဂုတ် ၂၂ ရက် နံနက် ၉ နာရီ က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ရွှေလီလမ်းရှိ DHL ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းနှင့် ကုန်သေတ္တာ စခန်း၌ ကျင်းပသည်။

ရေဘေးဒုက္ခကြုံတွေ.နေသောပြည်သူများအား လှူဒါန်းနိုင်ရန်.

လှည်းကူးမြို.နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေရာ လှည်းကူးမြို.အနီး ကျေးရွာများနှင်. လှည်းကူးမြို.အတွင်းမှ ပြည်သူပေါင်းများစွာသည် ရေဘေးဒုက္ခများ ရင်ဆိုင်နေကြရ ပါသည်။

မြန်မာနိုင်ငံနဲ့ အစ္စလာမ်ဘာသာ


အများသိကြတဲ့အတိုင်းမြန်မာရာဇ၀င်မှာစတင်၍ ထင်ထင်ရှားရှားစတင်တဲ့ ပုဂံခေတ်အနောရထာမင်း လက်ထက် အေဒီ - ၁၀၄၄ ကာလလောက်မှာ အင်ဒိုနီးရှားကျွန်းစုတွေကို အခြေချဖို့ သွားရောက် ကြတဲ့ အာရပ်၊ အိန္ဒိယ မူဆလ တို့တစ်တွေဟာ ရွက်လွင့်ပြီး သမုဒ္ဒရာကနေ အာရှအရှေ့ဖျားနိုင်ငံများကို ကူးလူးသွားလာနေကြပါတယ်။

Asia World မှ တာဝန်ရှိသူတစ်ဦးက လူထုအားတောင်းပန်

နေအိမ်များ ရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီး Asia World နှင့် သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဆန္ဒပြနေ သည့် နေရာသို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုပြုံးချိုနှင့် ကိုမြအေးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာရောက် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်အချို့ ပညာသင်နှစ်တိုးမည်


ရန်ကုန် (မဇ္ဈိမ) ။ ။ ကျွမ်းကျင်အတတ်ပညာသည်များ မွေးထုတ်ပေးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း
ကောင်းရေးအတွက် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် လာမည့် ပညာသင်နှစ်မှစ၍ လုပ်ငန်းခွင် သင်တန်းများပါ ဖြည့်စွက်သွားမှာဖြစ်၍ ပညာသင်ကာလကို တနှစ် ထပ်မံ တိုးမြှင့်လိုက်သည်။

မြန်မာအစိုးရနှင့် NGOs ကွန်ယက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကိစ္စကို NGOs ကွန်ယက်အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာတာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံ ထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်းတဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တော ခရိုင် တရားရုံးမှ ယနေ့တွင် စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

လူငယ်များ၏ စကားလက်ဆောင်။

ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့(မိချောင်းဝင်း)ရွာမှာ နေပါ တယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက် သားပါ။ မိဘတွေကတော့ ရွာမှာပဲနေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။

တရားရုံးစီရင်ဆုံးဖြတ်ချက်မပါဘဲ လက်နက်ချသူအား အကျဉ်းထောင်သို့ပို့

မကြာသေးခင်က အစိုးရထံ လက်နက်ချခဲ့သည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု-လက်ထောက် စိုင်းအောင်မြတ် အား တရားရုံးတော်မှ စီရင်ဆုံးဖြတ်ချက်မပါဘဲ ကျိုင်းတုံအကျဉ်း ထောင် သို့ ပို့ဆောင်လိုက်ကြောင်း ကျိုင်းတုံတရားရုံးအသိုင်းအဝိုင်းက ပြော ပါသည်။

Voice ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဌာန အမှု စွဲချက်တင်၊ မတင် စက်တင်ဘာ ၆ ရက်နေ့ ဆုံးဖြတ်မည်


ဝန်ကြီးဌာနများ၏ ကျပ်သိန်းထောင်ချီ ငွေကြေး အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ သတင်းနှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ဂျာနယ်အပေါ် တရား စွဲဆိုထားသော အမှုအား စွဲချက် တင်ရန် သင့်၊ မသင့် ယနေ့ မဆုံးဖြတ်ဖြစ်ဘဲ စက်တင်ဘာ ၆ ရက်နေ့သို့ ရုံးချိန်းရွှေ့လိုက်ကြောင်း Voice ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက ပြောကြားသည်။