Friday, November 22, 2013

22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင် လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။

စမတ်ဖုန်း သုံးတာသတိထား၊ ကြာကြာသုံးလျှင် လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်

စမတ်ဖုန်းများ အသုံးပြု၍ Message ပေးပို့ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပါက လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အမေရိကန် နိုင်ငံ ဖလော်ရီဒါမှ အရိုးဘက်ဆိုင်ရာ ဆေးပညာ သုတေသီများသည် စမတ်ဖုန်းများ လွန်ကဲစွာ အသုံးပြု ခြင်းဖြင့် ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့် iSlouchingနှင့် iGrindingဆိုသော ထိခိုက်သက်ရောက်မှု နှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ အမေရိကန်တွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် မိမိ၏ဖုန်းကို နေ့စဉ် အကြိမ်ရေ (၁၁၀)မျှ ထုတ်ကြည့်လေ့ရှိသည်။ အကျိုးဆက် အနေဖြင့် ဖုန်းကို လက်ထဲတွင်ထားကာ ငုံ့ကြည့်ရာမှ ကျော ရိုးဆစ်နှင့် လည်ကုပ်ပိုင်းကို ထိခိုက် သက်ရောက်နိုင်ကြောင်း ဖြစ်သည်။ ဖုန်းကို ကြာရှည်စွာ ငုံ့ကြည့်ရင်း လူတစ်ဦး၏ နောက်ကျောမကြီးကို ဖိအားသက်ရောက်နေသည့် ဖြစ်စဉ်ကို iSlouchingဟု အမည်ပေး ထားသည်။

" ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်ရှင်အမျိုးသမီး ခန္ဓာကိုယ်ပွတ်သပ်မှု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား "

ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ် ရှင် အမျိုးသမီး၏ ခန္ဓာကိုယ်အား ပွတ် သပ်၍မဖွယ်မရာပြုခဲ့မှု ဒဂုံဆိပ်ကမ်း မြို့နယ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက် ပိုင်း ၁ နာရီ အချိန် က ဖြစ်ပွားခဲ့ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ သိရသည်။

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ
Friday, November 22, 2013

ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။

ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ 

အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။
သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ခြေထောက်နှစ်ချောင်းနဲ့ တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု ရှိပါတယ် ။ (ဟုတ်မဟုတ်မသေချာပေမဲ့) အဲဒီနှစ်ခုလုံးက ပုံမှန်အတိုင်း ကောင်းစွာအာရုံခံစားနိုင်မှုရှိတယ်လို့ ဆိုပါတယ် ။

သူမရဲ့ တဏှာရာဂ စိတ်ဆန္ဒပြင်းပြမှုကတော့ အလွန်သိသာလှပါတယ် ။ သူမဟာ အမျိုးသားများနဲ့ ဆက်ဆံလိုစိတ်ပြင်းပြပြီး၊ သူမရဲ့ လိင်အင်္ဂါနှစ်ခုလုံးကို ဆက်ဆံစေချင်စိတ်ဖြစ်တာပါ တဲ့ …
သူမဟာ ပဲရစ်မြို့တော်ကို ပြောင်းရွေ့သွားပြီးနောက် ပြည့်တန်ဆာ တစ်ယောက်ဖြစ်လာခဲ့တယ် ။

ဦးဦး မှော်ဆရာ
သဘာဝလွန် ဖြစ်ရပ်ဆန်းများ ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ် ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့ ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။

ငွေစက္ကူတွင် သမ္မတပုံ ရိုက်နှိပ်မည်ဆိုပါက စံဇာဏီဘို ကန့်ကွက်မည်

မြန်မာနိုင်ငံတွင်း ရိုက်နှိပ် ထုတ်ဝေ သုံးစွဲလျက် ရှိသည့် ငွေစက္ကူများတွင် သမ္မတပုံ သုံးစွဲမည်ဆိုပါက ကန့်ကွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နက္ခတ်ဗေဒ ပညာရှင် ဆရာစံဇာဏီဘိုက မြန်မာ သံတော်ဆင့် သို့ ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော် သုံး ငွေစက္ကူများတွင် နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြု ရန် ပြည်သူ့လွှတ်တော်၌ အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် နိုင်ငံရေးပါတီ အမှတ်တံဆိပ်ဖြစ်သည့် ခြင်္သေ့ပုံ ရိုက်နှိပ်ခြင်း ကို ထည့်သွင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် မြန်မာလုပ်သားများ သတ္တမအကြိမ် ပြန်လည် ရောက်ရှိ



Photo: မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် မြန်မာလုပ်သားများ သတ္တမအကြိမ် ပြန်လည် ရောက်ရှိ
Friday, November 22, 2013

မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏ လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ် အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးမြတ်သူက ပြောကြားသည်။

MAI စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသည့် လုပ်သားများသည် ဒုက္ခသည်စခန်း ဂျိုဟိုး၊ လေးညှင်း စသည့် ဒုက္ခသည်စခန်း ကိုးခုမှ ပြန်လည် ခေါ်ဆောင်လာခြင်း ခံရသူများ ဖြစ်ပြီး မြန်မာနိုင်ငံ လေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် လုပ်သားတစ်ဦးလျှင် ကျပ်နှစ်သောင်းစီ လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
“Camp ထဲက လူတွေစုတယ်။ ၁၇၀ ပြည့်သွားရင် ထပ်ခေါ်မယ်။ ဒီကြားထဲ ပြန်ချင်ရင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့” ဟု ဦးမြတ်သူက ထပ်မံပြောကြားသည်။

ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည်မှာ ရေမလောက်ငမှုများ၊ အစားအသောက် အဆင်မပြေမှုနှင့် လူများ စုပြုံထည့်ထားခြင်း စသည့်အခက်အခဲ များကို တွေ့ကြုံရသောကြောင့် သီတဂူ အထောက် အကူအပြု အဖွဲ့မှ ပြန်လည် ခေါ်ဆောင်ရာတွင် လိုက်ပါလာခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကော်တရာဂျာယာ ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ရသည့် အသက် ၃၀ အရွယ် ဦးကျော်စိုးက ပြောကြားသည်။
“အလိမ်ခံရတာ အရင်က ထိုင်းမှာ တရားဝင်ပေါ့။ ထိုင်း အမျိုးသမီး တစ်ယောက်က အလုပ်ကောင်းတယ် ဆိုပြီး ခေါ်တယ်။ လိမ်မှန်းသိလို့ ပြန်လာတော့ အဖမ်းခံရတာ” ဟု ဒုက္ခသည် စခန်းတွင် တစ်လကျော် နေထိုင်ခဲ့ရသည့် ဒေါ်ဝတ်ရည်ထွေးက ဆိုသည်။

ဒုက္ခသည် စခန်းများကို ပွဲစားများ၏ လိမ်လည်မှုကြောင့် ရောက်ရှိလာသူများ ရှိပြီး အချို့မှာ စိတ်ဓာတ် အလွန်အမင်း ကျဆင်းမှုကြောင့် စိတ်ရောဂါ ဖြစ်နေသူ အချို့နှင့် အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူများပင် ရှိကြောင်း ပြန်လည် ရောက်ရှိလာသည့် လုပ်သားများက ဆိုသည်။

ယခုတစ်ကြိမ် ပြန်လည် ရောက်ရှိလာခြင်းမှာ သတ္တမအကြိမ်မြောက် ဖြစ်ကာ လုပ်သား တစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုက္ခသည် စခန်းများမှ လုပ်သားများကိုသာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ပြန်လည် ရောက်ရှိလာသည့် လုပ်သား ၁၇၀ ကျော်တွင် အမျိုးသမီး ခြောက်ဦး ပါသည်ကို တွေ့ရှိရသည်။

The Voice Weekly
မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏ လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ် အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးမြတ်သူက ပြောကြားသည်။

ဆယ်ကျော်သက်တွေ ဘာကြောင့် ပိန်ရသလဲ

ဆယ်ကျော်သက်တွေ ဆိုတာ မြီးကောင်ပေါက် အရွယ်တွေကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ Teenager လို့ ခေါ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကနေ ၁၈ နှစ်ကြား အရွယ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။ အပျံသင်ခါစအရွယ်၊
အရာရာကို စူးစမ်းလေ့လာလိုစိတ်၊ အတုခိုးလိုစိတ်တွေ၊ အားကျစိတ်တွေ အပြည့်ရှိနေတဲ့ အချိန်လည်း ဖြစ်တယ်။ မိဘတွေအနေနဲ့ အဲဒီအရွယ်မှာ စနစ်တကျ ထိန်းသိမ်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ရယူနိုင်မှာ ဖြစ်တယ်။ ထစ်ခနဲဆိုတာနဲ့ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် သေချာ ဂရုစိုက်ရပါတယ်။