Wednesday, October 22, 2014

နိုင်သူအကုန်ယူ FPTP စနစ်နှင့် PR စနစ်နှစ်မျိုး ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော် ကော်မရှင် အကြံပြု

မြန်မာနိုင်ငံနှင့် သင့်လျော်ရွေးကောက်ပွဲ စနစ်တစ်ခု လေ့လာသုံးသပ်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က နိုင်သူအကုန်ယူ FPTP စနစ်နှင့် အချိုးကျ ကိုယ်စားပြု PR စနစ်နှစ်မျိုး ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုများ တိုးချဲ့မည်

Photo: အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုများ တိုးချဲ့မည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

အာဖရိကနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာသို့ အဆင့်ဆင့် ပျံ့နှံ့လာပြီ ဖြစ်သော အီဘိုလာ ဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလေးခုတွင် စစ်ဆေးရေး လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်၏ ကနဦး လက္ခဏာဖြစ်သော အဖျားစစ်ဆေးရေး စက်များကို အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုင်းတွင် တိုးချဲ့တပ်ဆင်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် နားနေဆောင် ခန်းမသို့ ဝင်ရောက်ရာ၌ ဓာတ်လှေကားမှတစ်ဆင့် ဝင်ရောက်သူများကိုသာ အဖျားတိုင်းစက်နှင့် စစ်ဆေးခဲ့ရာမှ ယခုတွင် လေယာဉ်ပေါ်မှ နားနေဆောင်သို့ ကားနှင့် ဝင်ရောက်သူ များကိုလည်း စစ်ဆေးတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရှိရသည်။

လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမည် ဖြစ်သောကြောင့် စစ်ဆေးရေးစက်များ ထပ်တိုး တပ်ဆင်နေကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ရှင်းပြသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာဟာ နိုင်ငံတကာကို ကူးစက်နိုင်တယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်တာပါ” ဟု ၎င်းကပြောဆိုသည်။

Infra red Fever Screening System (Thermal Scan) အမျိုးအစား အဖျားစစ်ဆေးစက်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ညောင်ဦး လေဆိပ်တို့တွင် ထပ်တိုး တပ်ဆင်ထားကြောင်း၊ နေပြည်တော်တွင် ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးနေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက အီဘိုလာဗိုင်းရပ်စ်ပိုး သံသယရှိ လူနာတစ်ဦး တွေ့ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ အီဘိုလာဗိုင်းရပ်စ် မဟုတ်ဘဲ အာဖရိက ငှက်ဖျားရောဂါပိုးသာ တွေ့ရှိခဲ့သည်။

ကမ္ဘာပေါ်တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေသည် ယခုနှစ်ဆန်းမှ အောက်တိုဘာလအထိ လူဦးရေ လေးထောင်ကျော်ရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အာဖရိကနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာသို့ အဆင့်ဆင့် ပျံ့နှံ့လာပြီ ဖြစ်သော အီဘိုလာ ဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလေးခုတွင် စစ်ဆေးရေး လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

စကားပြန် ကိုကမာကို တရားစွဲဖို့ မြန်မာ ၂ ဦးတောင်းဆို

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ် ဖမ်းဆီးခံ ထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ထိုင်းရဲ ခေါ်သုံးတဲ့ စကားပြန် ကိုကမာကို တရားစွဲဖို့ တောင်းဆိုကြောင်း သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။ မနေ့တုန်းက ကော့စမွေအကျဉ်း ထောင်မှာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ တွေ့ခွင့်ရတဲ့ ထိုင်းရှေ့နေ များ ကောင်စီက သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆို ခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက် ပါပြီ။ 

အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်

၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။

အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ

Photo: အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ 
================================

Wednesday, October 22, 2014

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့်  အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။ဆူရက်မြို့မှ စိန်ကုန်သည်သူဌေး ဆက်ဗ်ဂျက်ဟီ ဒိုဟိုလာကီ သည် ဟိန္ဒူဘာသာရေးပွဲတော် ဒေဝါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သောအခမ်းအနားတွင် အလုပ်သမားများအား ယခုကဲ့သို့ ဆုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆုလက်ဆောင်များသည် အလုပ်သမားများ၏ဇနီးများအတွက်လည်း ပါဝင်ပြီး ဆက်ဗ်ဂျက်ဟီ၏ ကုမ္ပဏီအပါ် သစ္စာရှိသည့် အလုပ်သမားများကို ဆုချီးမြှင့်သည့် ရူးပီးသန်း ၅၀၀ တန်ဖိုးရှိသော ဆုချီးမြှင့်မှု အစီစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီဖွံ့တိုးတတ်မှုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ၀န်ထမ်းတွေဟာ မိသားစုဘ၀ကို မေ့ပစ်ထားပြီး ကုမ္ပဏီတိုးတတ်ဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်သူတို့ကို ဆုချီးမြှင့်ထိုက်ပါတယ်" ဟု Hari Krishna Exports ကုမ္ပဏီ ဥက္ကဌ ဒိုဟိုလာကီက အောက်တိုဘာ၂၀ ရက်တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ အလုပ်သမား၂၀၇ ဦးကို ကားတွေ ဆုချခဲ့ပါတယ်။ ၅၀၀ ကိုတော့ လက်ဝတ်ရတနာတွေ ပေးခဲ့ပြီး အိမ်ပိုင်မရှိသေးတဲ့ အလုပ်သမားတွေကို တိုက်ခန်းအတွက် စပေါ်ငွေတွေ ပေးခဲ့ပါတယ်။ အိမ်ပိုင်ရှိပြီးသားအလုပ်သမားများကို ကားတွေပေးခဲ့ပါတယ်"ဟု ၎င်းကပြောကြားသည်။

တစ်စုံလျှင် အမြင့်ဆုံးတန်ဖိုး အမေရိကန်ဒေါ်လာ ၅,၈၆၀ ဒေါ်လာတန်ဖိုးရှိ လက်ဝတ်ရတနာများကိုလည်း ဝန်ထမ်းများ၏ ဇနီးများအတွက် ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းတို့သည် ကုမ္ပဏီတိုးတတ်ရေးအတွက် သွယ်ဝိုက်သောနည်ဖြင့် ပါဝင်ခဲ့သောကြောင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒိုဟိုလာကီ၏ ကုမ္ပဏီသည် နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ စိန်များ တင်ပို့ ရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

Mizzima
အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့်  အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။ဆူရက်မြို့မှ စိန်ကုန်သည်သူဌေး ဆက်ဗ်ဂျက်ဟီ ဒိုဟိုလာကီ သည် ဟိန္ဒူဘာသာရေးပွဲတော် ဒေဝါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သောအခမ်းအနားတွင် အလုပ်သမားများအား ယခုကဲ့သို့ ဆုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ် သည်။

Bi မွန်းတည့်နေအမှု သမ္မတထံ တင်ပြမည်ဟု ဦးရဲထွဋ်ပြော

Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်က မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်

Photo: မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်
==========================================

Wednesday, October 22, 2014

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာလို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများ နှင့် ပါတီကိုယ်စား လှယ်လောင်းများသည် မဲဆွယ်စည်းရုံးခြင်းကို ရွေးကောက်ပွဲ ကာလ တွင် သတ်မှတ် စည်းမျဉ်းများအတိုင်း လှုပ်ရှားဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့၏ မဲဆွယ်စည်းရုံး ရေးလုပ် ဆောင်ချက်များကိုမူ အရပ်ဘက် အဖွဲ့အစည်များက လေ့လာစောင့်ကြည့်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီ ဒေါက်တာ အေးမောင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်မှ ပါတီအချင်းချင်း ပုဂ်္ဂိုလ်ရေးထိုးနှက်မှုများ၊ ဘာသာရေးခုတုံးလုပ်မှုများကို အရေးယူမည်ဟု ပြောကြားချက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် ဟုပြောသည်။

၎င်းက “ကော်မရှင်က ရွေးကောက်ပွဲမှာ ဘာမှမပြောဘဲ ပွဲပြီးမှ ကျင့်ဝတ်နဲ့ ထိန်းမယ်၊ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အရေးယူတာတွေ ဖြစ်လာတော့မယ်”ဟု ပြောသည်။

ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများဘက်မှ ကျင့်ဝတ်လိုက်နာရန် လိုအပ်သည့် တိုက်တွန်းပြော ကြားချက်အပေါ် ချင်းဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က “မြို့နယ်ဒိုင်တွေက သူ့လူ ကိုယ့်လူရှိနေတယ် လေ၊ ကော်မရှင်ဥက္ကဋ္ဌပြောတာကို ယုံပါတယ်။ သူ့ဘေးဒိုင်တွေကို မယုံဘူး။ဘေးဒိုင်ဖြစ်တဲ့ မြို့နယ်ကော်မ ရှင်တွေက အခရာ။ မြို့နယ်ကော်မရှင်တွေက ကျင့်ဝတ်လိုက်နာဖို့အရေးကြီးဆုံး။ ဒိုင်လူကြီး တွေဖြစ်တဲ့ ကော်မရှင်အဖွဲ့ခွဲတွေက မတရားဘူးဆိုရင် ဒီကစားပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူး။ဥပဒေ ဘောင်ပေါ်မှာ ခွပြီး ထိုင်နေတာ ကော်မရှင်ဖြစ်တယ်” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလများတွင် နိုင်ငံ ရေးပါတီအချို့၏ မသင့်လျော်သော မဲဆွယ်စည်းရုံးမှုများ၊ ပုဂိ္ဂုလ်ရေးထိုးနှက်မှုများကြောင့် ပဋိပက္ခ အသွင် ဆောင်သည့် ဖြစ်ရပ်အနည်းငယ်ရှိခဲ့ သည့်အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံမဖြစ်စေ ရန် ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များသည် ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ် များကို ထိန်း သိမ်းကာ သိက္ခာရှိသော မဲဆွယ်စည်းရုံးမှုများရှိရန် လိုအပ်သည်ဟုလည်း ဦးတင်အေးက အသိပေးပြော ကြားခဲ့သည်။

Mizzima - News in Burmese

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (Myanmar Peace Center) တွင်ပြုလုပ်ကျင်းပရာ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ရှင်းလင်းနေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာ များအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှု အစည်းအဝေးတွင် ပြောကြား လိုက်ခြင်းဖြစ် သည်။

အမေရိကန် လက်နက်အထောက်အပံ့တွေ IS လက်ထဲရောက်

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်း အမိန့်ချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား အဂတိလိုက်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ စစ်ဆေးရေးမှူး ဦးသိန်းဝင်းက ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်းတွင် (ပ)၁၃၇/၂၀၁၄၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၆ အရ တရားလိုပြုလုပ် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားရုံး၌ စက်တင်ဘာ ၁၆ ရက်တွင် စတင်တရားစွဲဆိုရန် ပြင်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် စတင်ရုံးတင်စစ်ဆေးခဲ့ကာ ရုံးချိန်းပေါင်း ၁၀ ချိန်းဖြင့် စစ်ဆေးပြီး အောက်တိုဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် ရုံးအမှတ် (၁) တရားလွှတ်တော်တရားသူကြီး ဦးစန်းကိုက ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ လက်ရှိကျင့်သုံးနေသည့် မဲများသူ အနိုင်ပေးသည့်စနစ်ကို အခြေခံကာ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပေါင်းစပ်ကျင့်သုံးရန် ရွေးကောက်ပွဲလေ့လာသုံးသပ်ရေးကော်မရှင် အစီရင်ခံစာတင်သွင်း

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ လက်ရှိကျင့်သုံးနေသည့် မဲများသူအနိုင်ပေးသည့်စနစ် (FPTP) ကို အခြေခံကာ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပေါင်းစပ်ကျင့်သုံးရန် ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်က အစီရင်ခံစာ တင်သွင်းခဲ့သည်။

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ကြေညာချက်ထုတ်

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို မှားယွင်းဖော်ပြသည့်အတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်းနှင့်မြန်မာ မိန်းကလေးအဆိုတော် ၂ ဖွဲ့ ရန်ကုန်တွင် ဖျော်ဖြေမည်

Photo: ထိုင်းနှင့်မြန်မာ မိန်းကလေးအဆိုတော် ၂ ဖွဲ့ 
ရန်ကုန်တွင် ဖျော်ဖြေမည်
===========================

Wednesday, October 22, 2014

ရန်ကုန်က မိန်းကလေးအဆိုတော်အဖွဲ့နဲ့ ဘန်ကောက်က မိန်းကလေးအဆိုတော်အဖွဲ့တို့ရဲ့သီဆိုဖျော်ဖြေမှုတွေကို အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကနေ ၉ နာရီထိ ကမ္ဘာ့အေးဘုရားလမ်းရှိ ဖူဆန် ဘက်စကတ်ဘောကုတ်တွင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ရန်ကုန်ကိုယ်စားပြုအဆိုတော်တွေကတော့ မြန်မာနိုင်ငံက ပထမဦးဆုံး နိုင်ငံတကာ အဆိုတော်အဖွဲ့ “MYANMAR Girls” ဖြစ်ပြီး ဘန်ကောက် ကိုယ်စားပြုအဆိုတော်တွေကတော့ ဘန်ကောက်မြို့ရဲ့ လူကြိုက်အများဆုံး အဆိုတော်  “UNICORN” အဖွဲ့ ဖြစ်ကြပါတယ်။

ဧည့်သည်အဆိုတော်တွေအဖြစ် Break the Chain, Calendar, Mongoloit and Revenge Culture တို့ ပါဝင် အားဖြည့် ဖျော်ဖြေမယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံရဲ့ မြို့တော်က မိန်းကလေးအဆိုတော်တွေရဲ့ တက်ညီလက်ညီ ယှဉ်ပြိုင်သီဆိုဖျော်ဖြေမှုတွေဟာ ရန်ကုန်မြို့မှာ ပထမဦးဆုံး ပြုလုပ်တာပါ။

အဆိုပါ ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကတော့ အခြေခံလက်မှတ် ၁ စောင် ၅၀၀၀ ကျပ်နဲ့ Jazz ၀ိုင် ၁ ပုလင်း၊ ဗွီအိုင်ပီသီးသန့်နေရာအတွက် ဗွီအိုင်ပီလက်မှတ် ၁ စောင် ၁ သောင်း ကျပ်နဲ့ Jazz ၀ိုင် စိတ်ကြိုက်သောက်ခွင့်အတွက် ရောင်းချပေးမယ်လို့ ဆိုပါတယ်။

လက်မှတ်ကြိုတင်မှာ ယူလိုသူတွေအနေနဲ့ Bryan – 09 505 0965 | John – 09 256 430 432 | Sean – 09 4500 600 57 တို့ကို မှာယူနိုင်ပါတယ်။

လက်မှတ်တွေကို Yangon Life ရုံးမှာ ၀ယ်ယူရမှာဖြစ်ပြီး လိပ်စာက Unit B9၊ ၅ လွှာ၊ DKM ကွန်ဒို၊ တိုက် ၁၈၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ် ဖြစ်ပါတယ်။

DVB TV NEWS
ရန်ကုန်က မိန်းကလေးအဆိုတော်အဖွဲ့နဲ့ ဘန်ကောက်က မိန်းကလေး အဆိုတော်အဖွဲ့ တို့ရဲ့သီဆို ဖျော်ဖြေမှုတွေကို အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကနေ ၉ နာရီထိ ကမ္ဘာ့အေး ဘုရားလမ်းရှိ ဖူဆန် ဘက်စကတ်ဘောကုတ်တွင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ရန်ကုန် ကိုယ်စားပြုအဆိုတော်တွေကတော့ မြန်မာနိုင်ငံက ပထမဦးဆုံး

ကျိုက်မရောပစ်ခတ်မှုနဲ့ပတ်သက်၍ ဗိုလ်မှူးကြီးဆန်းအောင်ကို တပ်မှထုတ်ပယ်

Photo: ကျိုက်မရောပစ်ခတ်မှုနဲ့ပတ်သက်၍ ဗိုလ်မှူးကြီးဆန်းအောင်ကို 
တပ်မှထုတ်ပယ်
===================================

Wednesday, October 22, 2014

ကျို က်မရောမှာ ယခင်လက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး DKBA ဌာနချုပ်ကို လာရောက် ဖြေရှင်းခြင်း မရှိတဲ့ အတွက် ဗိုလ်ချုပ်ကြီး စောလားပွယ်ကနေ ဒီနေ့ရက်စွဲနဲ့ ဗိုလ်မှူးကြီး ဆန်းအောင်ကို တပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ဒီကိစ္စမှန်ကန်ကြောင်း ဒီကေဘီကေ အဖွဲ့က ဗိုလ်မှူးထွန်းထွန်းက အတည်ပြုပြောဆိုပါတယ်။

"ဟုတ်ပါတယ် ကျိုက်မရောကိစ္စနဲ့ ပတ်သက်ပြီး ဆင့်ခေါ်တာကို လာရောက်ခြင်း မရှိတဲ့ အတွက်ဖြစ်တယ်"ဟု ဗိုလ်မှူးထွန်းထွန်းက ပြောသည်။

DKBA ဌာနချုပ်က တပ်မှူးကြီးတဦးကလည်း"တယ်လီဖုံးနဲ့ အကြိမ်ကြိမ် ဆင့်ခေါ်တာကို လာရောက်ဖြေရှင်းခြင်းမရှိတဲ့ အတွက် အခုလို တရားဝင်စာထုတ်ပြီး တပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်တယ် လူကြီးဆိုတာက စိတ်ဆိုးလည်း ခဏပေါ့ ဗိုလိဆန်းအောင်အနေနဲ့ ဒီကိစ္စကို အမြန်ဆုံးလာရောက် ဖြေရှင်းတာက အကောင်းဆုံးဘဲ" ဟု ကရင်အမျိုးသား(မီဒီယာ)ကို သီးသန့်ပြောဆိုသည်။

ကရင်အမျိုးသား(မီဒီယာ)
ကျို က်မရောမှာ ယခင်လက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး DKBA ဌာနချုပ်ကို လာရောက် ဖြေရှင်းခြင်း မရှိတဲ့ အတွက် ဗိုလ်ချုပ်ကြီး စောလားပွယ်ကနေ ဒီနေ့ရက်စွဲနဲ့ ဗိုလ်မှူးကြီး ဆန်းအောင်ကို တပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
ဒီကိစ္စမှန်ကန်ကြောင်း ဒီကေဘီကေ အဖွဲ့က ဗိုလ်မှူးထွန်းထွန်းက အတည်ပြုပြောဆိုပါတယ်။
"ဟုတ်ပါတယ် ကျိုက်မရောကိစ္စနဲ့ ပတ်သက်ပြီး ဆင့်ခေါ်တာကို လာရောက်ခြင်းမရှိတဲ့ အတွက်ဖြစ်တယ်"ဟု ဗိုလ်မှူးထွန်းထွန်းက ပြော သည်။

အင်ဒိုနီးရှားတွင် တခါမှမရှိခဲ့ဖူးသည့် သမ္မတဟု ပြည်သူများပြော

INDONESIA-master675
အောက်တိုဘာ ၂၁ ရက်နေ့ သမ္မတကျမ်းသစာ ကျိန်ဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတကို ပြည်သူအများက မျှော်လင့်အားထားကြပြီး အင်ဒိုနီးရှားနိုင်ငံမှာ တခါမှ မရှိခဲ့ဖူးဘူးတဲ့ သမ္မတလို့ ပြောဆိုကြ ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ၇ ဦးမြောက် သမ္မတဖြစ်လာပြီး သန့်ရှင်းတဲ့အစိုးရ ဖြစ်လာဖို့နဲ့ ခိုင်ခိုင်မြဲမြဲ အမြစ် တွယ်နေတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးကို

(၂၀၁၅)ခုနှစ်အတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet ရွေးချယ်

လာမည့်နှစ်အတွက် အလည်အပတ် ခရီးသွားရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet က ရွေးချယ်လိုက်ကြောင်း သိရှိရသည်။
ခရီးသွား ဝန်ဆောင်မှုဆိုင်ရာ မီဒီယာ ကုမ္ပဏီကြီးက စင်ကာပူနိုင်ငံကို (၂၀၁၅)ခုနှစ်အတွက် ခရီးထွက်ရန် အသင့်တော်ဆုံး နိုင်ငံအဖြစ် ဖော်ပြခဲ့ပြီး Lonely Planet Best in Travel 2015 ဆုကို ချီးမြှင့်ခဲ့သည်။ Lonely Planet အနေဖြင့် နှစ်စဉ်နှစ်တိုင်း ရွေးချယ်ချီးမြှင့်သည့် ဆု၏ (၁၀)ကြိမ်မြောက်အတွက် စင်ကာပူကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ်

Photo: DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို 
တပ်မှထုတ်ပယ်
=================================

Wednesday, October 22, 2014

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ်လိုက်သည်။

ယင်းစာထဲ၌ စက်တင်ဘာ ၂၆ ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ ရက်တွင် ဌာနချုပ်က ဖုန်းဆက်ကာ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယနေ့အချိန်ထိ ရှင်းလင်းခြင်း၊ လာရောက်ဆက်သွယ်ခြင်း၊ သတင်းပို့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့သဖြင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။

ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး DKBA ကလို့ထူးဝါး စစ်ဆင်ရေး ကွပ်ကဲရေးတပ်ဖွဲ့မှ ဗိုလ်မှူး စောဝေ့ထူးက "ဗျူဟာမှူးက သူကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သွားတက်ခဲ့ပြီးတော့ အောက်ခြေက ကလေးတွေရဲ့ ကျိုက်မရော တိုက်ပွဲမှာ အထက်လူကြီးတွေ မသိရဘဲ ၀င်ပါခဲ့တယ်။ ဒါကြောင့် DKBAက လူကြီးတွေ အားလုံးဆုံးဖြတ်ပြီး သူကို ထုတ်လိုက်တာပါ။ ထုတ်လိုက်ကြောင်း သူ့ကို အသိပေးဖို့ ဆက်သွယ်တာ မရသေးပါဘူး" ဟု ပြောသည်။

ကျိုက်မရော တိုက်ပွဲ ဖြစ်စဉ်အား ရှင်းလင်းရန် အောက်တိုဘာ ၅ရက်တွင် ဌာနချူပ်က ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြားခဲ့သော်လည်း ၂၁ ရက်အထိ လာရောက်ဖြေရှင်းခြင်း မပြုခဲ့ကြောင်း DKBA က ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗျူဟာမှူး စောဆန်းအောင်အား မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

စက်တင်ဘာလ ၂၆ ရက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတိုင်ကနိုင်ရွာ တွင် အစိုးရစစ်တပ် ခလရ ၂၀၈ တပ်ရင်းပိုင်ကားကို DKBA မှ ဗျူဟာမှူး စောဆန်းအောင်၏ အဖွဲ့သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်အဆင့် ၂ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တပ်၊ ရဲ နှင့် SB ပေါင်း ၈ဦးတို့ကို DKBAက ခေတ္တဖမ်းစီးခဲ့ကာ လက်နက်များကိုလဲ သိမ်းယူနိုင်ခဲ့ သည်။

ထိုတိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ဗျူဟာမှူး စောဆန်းအောင်သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ တွေ့ဆုံပွဲတွင် ရောက်ရှိနေခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် DKBA နှင့် အစိုးရ စစ်တပ်တို့ကြား ပစ်ခတ်မှုများ စတင်လိုက်ခြင်းဖြစ်ကာ နောက်နေ့မှ စ၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ်တို့တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ အောက်တိုဘာလ ပထမအပတ် အထိ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် အောက်တိုဘာ ၁၄ ရက်ကလည်း ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) သို့ ပြောင်းရွှေသွားသည့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA (PC) ၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA (PC) က ထုတ်ပယ်ခဲ့သေးသည်။

Mizzima - News in Burmese

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဒီကေဘီအေ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ဒီမိုကရေစီအကျိုးပြု တပ်မတော်နှစ်ပတ်လည်နေ့ (DKBA) နေ့အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပရာ အခန်းအနားသို့ တက်ရောက်လာသည့် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ
(ရာမည)၊ မဇ္ဈိမ)
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင် ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ်လိုက်သည်။
ယင်းစာထဲ၌ စက်တင်ဘာ ၂၆ ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ ရက်တွင်

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှ ပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

Photo: ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှ
ပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး
================================

Wednesday, October 22, 2014

ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။

အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက် စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။

အောင်သူ၏ ချေပဂိုးအ ပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှု နေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်း မာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အ သက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။

‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာ လွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့ တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။

အာရှယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမ ဆုံးအကြိမ် ဗိုလ်လုပွဲကစားရ မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ သည်။

မြန်မာယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

အာရှ ယူ−၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာက ကာတာအသင်းသို့ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

7Day Daily
ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။
အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် အမတ်နှစ်ဦး လိပ်ကျွန်းအမှုအတွက် ကျပ်သိန်း ၃၀၀ လှူ

ထိုင်းနိုင်ငံ လိပ် ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး၏ အမှုကိစ္စအတွက် သုံးစွဲရန် အမျိုးသားလွှတ်တော်ကိုယ်စား လွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး တို့က ငွေကျပ် သိန်းသုံးရာလှူဒါန်း လိုက်ကြောင်း သတင်းရရှိသည်။

ဘယ်တော့မှ မတိမ်ကောနိုင်သည့် မင်းမှာသစ္စာ လူမှကတိ

အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၅ ခုအတွင်း ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်မရှိ၊ သတ်မှတ်ချိန်အတိုင်း ကျင်းပမည် သာဖြစ်သည်ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး အများပြည်သူက စိတ်ဝင်စားနေကြစဉ်၊
စိတ်ပူပန်မှုရှိနေကြစဉ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌလုပ်သူကိုယ်တိုင်က ယခုလို ထုတ်ဖော် ပြောဆိုလိုက်သောအခါ
လူတိုင်းလိုလို အနည်း ငယ်စိတ်အေးသွားကြရသည်။ မင်္ဂလာရှိပြီး ကြိုဆိုကြရမည့်စကားဖြစ်သော်ငြားလည်း စဉ်းစားချင့် ချိန်စရာများလည်း မရှိမဟုတ် ရှိနေပြန်ပါသည်။

သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု တိုင်ချက်ဖွင့်

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေစဉ် သတင်းသွားရောက်ယူခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေခွင့်မပေးတဲ့အတွက် ဥပဒေအရ လုပ်ဆောင်သွားမယ်ဆိုပြီး မိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။