Saturday, August 30, 2014

Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း

Photo: Chevening ပညာသင်ဆု ရရှိခဲ့သူ မဟေမာန်ပြည့်နှင့် တွေ့ဆုံခြင်း
Saturday, August 30, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။

Voice : ဘယ်လိုကြောင့် ပညာသင်ဆုကို လျှောက်ဖြစ်ခဲ့တာလဲ သိချင်ပါတယ်။

HMP : အစ်မက ရန်ကုန်က မဟုတ်ဘူး။ မော်လမြိုင်က။ ကျောင်း (တက္ကသိုလ်) စတက်ကတည်းက ဗြိတိန်ရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ကျောင်းသွားတက်ချင်တယ်။ ပညာတော်သင်ဆုနဲ့ပဲ ကျောင်းသွားတက်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ဘာလို့လဲဆိုရင် UK မှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကျောင်းသွားတက်မယ် ဆိုရင် အရမ်းကို ဈေးကြီးလွန်းတယ်။ ဒါ့ကြောင့် တစ်နေ့ကျရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ချင်တဲ့အတွက် Personal Goal လေးတစ်ခု ထားခဲ့တယ်။ အဲ့ဒီတုန်းကတော့ Chevening Scholarship ကို မသိသေးဘူး။ ပုံမှန်ကြိုးစားခဲ့တယ်။ ၂၀၁၀ မေမှာ MA ဘွဲ့ရတယ်။ ဇွန်မှာ Nelson English Language Centre မှာ အလုပ်ဝင်ခဲ့တယ်။ English Language Teacher for Adult ကျောင်းသားတွေကို စာသင်ခဲ့တယ်။ အလုပ်စလုပ်ကတည်းက ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး ဘယ်လိုအခွင့်အရေးတွေ ရှိမလဲ ရှာခဲ့တယ်။ ပထမဆုံး Chevening Scholarship ကို စသိတဲ့နှစ်မှာ လျှောက်လို့ မရသေးဘူး၊ ဘာလို့လဲဆိုတော့ Chevening ကို လျှောက်ဖို့ Criteria တွေ အများကြီး လိုတယ်။

Voice : Chevening ပညာသင်ဆုရဖို့ ဘယ်လို လိုအပ်ချက်တွေကို အဓိက လိုအပ်ပါသလဲ။

HMP : နံပါတ်တစ်က တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရရမယ်။ နံပါတ်နှစ်အချက်က လုပ်သက် ၂ နှစ်ရှိရမယ်။ IELTS အမှတ်ကောင်းရမယ်။ သတ်မှတ်ထားတာက ၆.၅ သတ်မှတ်ထားတယ် ဆိုပေမယ့် ကိုယ်တက်မယ့် တက္ကသိုလ်က တောင်းတဲ့ IELTS အမှတ် ရှိရမယ်။ Chevening မှာ သတ်မှတ်တဲ့ IELTS အမှတ်နဲ့ ကိုက်ညီရင် ကိုက်ညီမယ်။ ကိုယ်တက်မယ့် တက္ကသိုလ်ကို မူတည်ပြီး သူတောင်းမယ့် အမှတ်နဲ့ညီမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ UK မှာရှိတဲ့ ဘယ်တက္ကသိုလ်ကိုမဆို လျှောက်ထားလို့ ရတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ပေါ် မူတည်ပြီး IELTS အမှတ် ရထားရမှာပေါ့။ Chevening ကို လျှောက်တဲ့အခါမှာလည်း UK မှာ ကိုယ်တက်မယ့် တက္ကသိုလ်ကို လျှောက်ထားဆဲ သို့မဟုတ် ဝင်ခွင့်ရပြီးသား ဖြစ်ရမယ်။ ဘာလို့လဲဆိုရင် Chevening လျှောက်လွှာမှာတင်ပဲ ကိုယ်ရွေးတဲ့ တက္ကသိုလ်ကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ထည့်ပေးရတယ်။ ကိုယ်က ဘယ်တက္ကသိုလ်ကို လျှောက်မှာလဲ၊ ဘယ်ဘာသာရပ်ကို လျှောက်မှာလဲ ရွေးချယ်ပြီးသား ဖြစ်ရမယ်။ Chevening ဖောင်ဖြည့်နေတဲ့ အချိန်မှာ တက္ကသိုလ်ကို မရွေးရသေးဘူး၊ တက္ကသိုလ် တစ်ခုလောက်ပဲ ထည့်ရင်လည်း အပယ်ခံရမှာ ဖြစ်တယ်။ Chevening ပညာသင်ဆု လျှောက်တဲ့အခါ Volunteer Experience ကိုလည်း ကြည့်သေးတယ်။ Future Leader တွေအတွက် ဒီပညာသင်ဆုကို ရွေးတဲ့အတွက် ကိုယ်လည်း ထူးချွန်မယ်။ ကိုယ့်စွမ်းအားနဲ့ ကိုယ့်အသိုင်းအဝိုင်း ကိုယ့်ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ့်သူကို ပိုဦးစားပေးတယ်။ ဒါ့ပြင် ပညာသင်ဆု လျှောက်တဲ့အခါ ထောက်ခံပေးမယ့် လူနှစ်ဦး လိုအပ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့်သူရယ်၊ ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ခံပေးမယ့် သူရယ်။ သူတို့ မှတ်ချက်လည်း လိုအပ်တဲ့အတွက် သူတို့ကလည်း အရေးကြီးတယ်။ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့သူကို သေချာရှာပြီး ထောက်ခံချက် ပေးခိုင်းဖို့ လိုအပ်တယ်။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရဖို့ လျှောက်လွှာဖြည့်တဲ့အခါ ဘယ်လိုဖြည့်သင့်ပါသလဲ။

HMP : တချို့က ပညာသင်ဆု လျှောက်တယ်။ တက္ကသိုလ်တစ်ခုပဲ လျှောက်တယ်။ တက္ကသိုလ်နှစ်ခုပဲ ဖြည့်တယ်။ ဒါမှမဟုတ် ပြီးရင်ပြီးသလို အဆင်ပြေသလို တက္ကသိုလ်သုံးခုကို ဖြည့်လိုက်တယ် ဆိုတာမျိုးလည်း မဖြည့်သင့်ဘူး။ Chevening ပညာသင်ဆု မလျှောက်ခင်ထဲက တက္ကသိုလ် သုံးခုလုံးကို လျှောက်ထားရမယ်။ ပညာသင်ဆုရခဲ့ရင် ပထမဆုံး ဦးစားပေး ရေးထားတဲ့ တက္ကသိုလ်ကို တက်ရမယ်။ ဒါ့ကြောင့် လျှောက်လွှာမှာ Random သာ ဖြည့်ထားလိုက်ရင် ကိုယ်ဘယ်လိုပဲ ကျောင်းသုံးခုလုံး ရထားပါစေ ပထမ ဦးစားပေး ရွေးချယ်ထားတဲ့ ကျောင်းကိုပဲ တက်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တက်ချင်တဲ့ ကျောင်းကို First Priority ထားဖို့ လိုအပ်တယ်။

Voice : တက္ကသိုလ် လျှောက်ထားတာမှာ လွဲချော်တာကရော ပညာသင်ဆုကို တစ်ခုခု သွားသက်ရောက်နိုင်ပါသလား။

HMP : ကျောင်းတက်တာက ကိုယ့်ဘာသာ အွန်လိုင်းကနေ လျှောက်ရတာ။ ကိုယ်တက်ချင်တဲ့ ဘာသာရပ်၊ ကျောင်းအဆင့်၊ ကျောင်းသားရေးရာ ဝန်ဆောင်မှုနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ ကြည့်ရတယ်။ တက္ကသိုလ်ကလည်း ပညာသင်ဆု လျှောက်သလိုပဲ Essay တွေ ရေးခိုင်းတယ်။ Essay ရေးရင် ဂရုစိုက်ဖို့ လိုတယ်။ သေချာရေးရင် ဝင်ခွင့်ရနိုင်တယ်။ မြန်မာမှာရတဲ့ ဘွဲ့နဲ့ ကိုယ်ဆက်တက်မယ့် ဘာသာရပ် ဆက်စပ်နေပြီး ကိုယ်ဆက်လုပ်မယ့် အနာဂတ် ရည်မှန်းချက်နဲ့ ကိုက်ညီနေရင် ပိုရနိုင်တယ်။ ကျောင်းလျှောက်တဲ့ Application Process က တစ်လလောက် ကြာတယ်။ ဒီတက္ကသိုလ်တွေ လျှောက်ထားရင် တခြားပညာသင်ဆု လျှောက်တဲ့သူတွေနဲ့ ယှဉ်ရင် ကိုယ့်ဘက်က ဘယ်လောက်ကြိုးစားထားတယ် ဆိုတာ ပြသလိုပဲလေ။

Voice : ပညာသင်ဆု လျှောက်တဲ့အခါ ဘယ်လိုအချက်ကြောင့် လွဲချော်မှု ဖြစ်နိုင်သေးလဲ။

HMP : မြန်မာနိုင်ငံက အင်တာနက် မကောင်းတာကလည်း တစ်ကြောင်း၊ တစ်ကမ္ဘာလုံးက ကျောင်းသားတွေ ဒီပညာသင်ဆုကို လျှောက်ကြတဲ့အတွက် ပညာသင်ဆုရဲ့ System Error ပြတာနဲ့ဆိုရင် ပညာသင်ဆု လျှောက်ဖို့ လွတ်သွားနိုင်ပါသေးတယ်။ လျှောက်လွှာကို စောပြီး တင်စေချင်တယ်။

Voice : Chevening လျှောက်တာ မရဘဲ တက္ကသိုလ်က ဝင်ခွင့်ရနေတယ် ဆိုရင်ရော ဘယ်လိုလုပ်သင့်ပါသလဲ။ 

HMP : အစ်မအနေနဲ့ Chevening လျှောက်တာ နှစ်ခါမြောက်ပါ။ ပထမ တစ်ခေါက်မှာ မရဘူး။ ဒုတိယ တစ်ခေါက်မှ ရတာ။ ပထမတုန်းက Chevening ရော၊ တက္ကသိုလ်ရော တစ်ပြိုင်တည်း လျှောက်တာ။ Chevening က မရဘူး၊ တက္ကသိုလ်က ရခဲ့တယ်။ တက္ကသိုလ်ကို Request လုပ်ပြီး တစ်နှစ်ရွှေ့လိုက်တယ်။ Chevening လျှောက်လို့ မရတဲ့သူတွေလည်း စိတ်ဓာတ်မကျဘဲ နောက်ထပ် ကြိုးစားလို့ ရသေးတယ်။ ကိုယ့်ဘက်က သေချာအောင် ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ ကိုယ့်ဘက်က ပြင်ဆင်ထားပေမယ့် အရွေးမခံရရင်လည်း ရည်မှန်းချက် ရှိမယ်ဆိုရင် မစွန့်လွှတ်သင့်ဘူး။ ထပ်ကြိုးစားသင့်ပါတယ်။

Voice : ကျောင်းသွားတက်ပြီး ပြန်လာရင်ရော ဘယ်လိုပြန်အကျိုးပြုမယ် တွေးထားပါသလဲ။

HMP : ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်မှာ ဆိုတော့ ပြန်လာရင် ပညာရေး နယ်ပယ်ထဲမှာပဲ သက်ဆိုင်တာ တစ်ခုခု ပြန်လုပ်မယ်။ အခုလက်ရှိမှာ အစ်မက ဆရာမ လုပ်နေတဲ့အတွက် ဆရာမပဲ ဆက်လုပ်ချင်တယ်။ ပညာရေးတဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ချင်တယ်။ လုပ်ချင်တာက Mobile Education။ တစ်ခုလုပ်ချင်တယ်ဆိုရင် သင်တန်း တော်တော်များများက ရန်ကုန်မှာပဲ ရှိတာ။ နယ်မှာ တော်တဲ့လူတွေ အများကြီးရှိတယ်။ အကြောင်းကြောင်းကြောင့် ရန်ကုန် မလာနိုင်ဘူး။ သူတို့မှာရှိတဲ့ အရည်အချင်း ထုတ်ဖော်ဖို့ အခွင့်အရေး မရှိဘူး။ အဲ့လိုလူတွေအတွက် Mobile Education လုပ်ချင်တာ။ Teacher Centre မဟုတ်ဘဲ Student Centre ပေါ့။ နယ်တစ်ခု သွားမယ်။ စိတ်ပါဝင်စားတဲ့သူတွေ အဓိကတော့ ဆရာမဖြစ်ချင်တဲ့ သူတွေကို သင်တန်းပေးမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မြို့ကြီးတစ်မြို့မှာပဲ တော်နေတဲ့သူတွေ စုနေလို့ မရဘူး။ အားလုံး မျှနေဖို့ လိုအပ်တယ်။ ပညာရေးမှာ တန်းတူသွားအောင် လုပ်ပေးချင်တယ်။ 

(ရလေး)
The Voice Weekly
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဗြိတိန်နိုင်ငံက ပေးအပ်သည့် Chevening ပညာသင်ဆု ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရှိ Nottingham တက္ကသိုလ်တွင် Teaching English To Speakers of other Languages ဘာသာရပ်ဖြင့် မဟာဘွဲ့ တက်ရောက်မည့် မဟေမာန်ပြည့်နှင့် တွေ့ဆုံ၍ ပညာသင်ဆု လျှောက်ထားခြင်းဆိုင်ရာများ မေးမြန်းဖော်ပြလိုက်ပါသည်။

Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်

Photo: Apple က လာမယ့်နှစ် အစောပိုင်းမှာ ၁၂.၉ လက်မ အရွယ်အစား iPad ထုတ်မယ်
Saturday, August 30, 2014

Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရ သိရပါတယ်။ ဒီအရွယ်အစား ပိုမိုကြီးမားတဲ့ iPad ကို ဘယ်ချိန်မှာ တကယ်ထွက်ရှိလာလိမ့်မယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ဒီအရွယ်အစားနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းဌာနတွေ တစ်နှစ်ခန့်ပြောဆိုလာခဲ့ပြီးပြီမို့ အခု နောက်ဆုံးမှာတော့ ဒီလို ဖြစ်လာဖို့ အတော်လေး ဖြစ်နိုင်ချေရှိနေပါတယ်။ Apple ရဲ့ လက်ရှိထုတ်လုပ်ထားတဲ့ Air နဲ့ Mini iPad တွေဟာ ၉.၇ နဲ့ ၇.၉ လက်မ မျက်နှာပြင်တွေရှိကြပါတယ်။ ၁၂.၉ လက်မအရွယ်အစားနဲ့ဆိုရင် ဒီပြောဆိုဖော်ပြထားတဲ့ iPad ဟာ MacBook Air ကဲ့သို့သော လက်ပ်တော့ပ်ကွန်ပျူတာတစ်လုံးရဲ့ အရွယ်အစားနဲ့ ပိုမိုနှီးစပ်မှု ရှိလာပါလိမ့်မယ်။

iPad ကို တစ်ထူးတခြား ကြီးမားတဲ့ Tablet တစ်ခု ဖြစ်သွားစေမှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူး အကြံဥာဏ်ဟာ ရှေ့လမှာ အရွယ်အစားပိုကြီးတဲ့ iPhone နှစ်မျိုးကို ထုတ်လုပ်သွားမယ့်စကားနဲ့အတူ Apple ကနေ စီစဉ်ထားတဲ့ အစီအစဉ်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။ အခုအချိန်ထိအောင်တော့ မျက်နှာပြင် ပိုမိုကျယ်ပြန့်တဲ့ Tablet အတွက် ပြင်ဆင်လုပ်ဆောင်ချက် အမြောက်အမြားမရှိသေးတာကြောင့် Apple ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းတုန်းကလို ပြင်ဆင်ချက် ဘာမှမလုပ်ရသေးဘဲ နောက်တစ်ကြိမ် မထုတ်ဖော်ချင်တော့တဲ့ ပုံရှိနေပါတယ်။

Source: theverge
Trend Myanmar
Apple က ၁၂.၉ လက်မ မျက်နှာပြင်အကျယ်ရှိ အရွယ်အစားပိုကြီးတဲ့ iPad ကို ထုတ်လုပ်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ၎င်း iPad ကို လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Bloomberg သတင်းအရသိရပါတယ်။

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။

မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို

Photo: မလေးရှားတွင် မြန်မာတစ်ဦးကို သတ်၍ အပိုင်းပိုင်းဖြတ်သူများ မြန်မာနိုင်ငံသားများဟုထွက်ဆို
Saturday, August 30, 2014

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆိုပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင်နေထိုင် သော ကိုသက်ဆိုသူ မြန်မာနိုင်ငံ သားကို ယခုဖမ်းဆီး ခံထားရသူ လေးဦးက သြဂုတ် ၁ ရက်တွင်သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်သူများ သည် ကိုသက်၏ခန္ဓာကိုယ်အပိုင်းအစများကို ပလတ်စတစ် အိတ် ဖြင့်ထည့်၍ အဝေးပြေးလမ်းတွင် သွားရောက်စွန့်ပစ်ရာ ကားတိမ်း မှောက် ရာမှ ဖမ်းဆီးမိခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံ The Star သတင်းဌာန ကဖော်ပြထား သည်။

ဖမ်းဆီးခံထားရပြီး မြန်မာ နိုင်ငံသားဟု ဝန်ခံထားသောသူ များမှာ ကိုမျိုးမြင့်၊  မိုဟာမက်ဟတ်ဆန်အလီ၊ ရှာဟစ်အုတ်မန်းနှင့်ဟာဂျီအစ်မေးလ်တို့ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 ‘‘လူသတ်ပြီးဖမ်းဆီးခံရတဲ့ သူတွေက မြန်မာနိုင်ငံသားလို့ ရဲ ဌာနကိုပြောထား တယ်။ သူတို့က မြန်မာတစ်ယောက်ကိုသတ်ခဲ့ တယ်လို့လည်း ပြောထားတယ်။ သူတို့ရုပ်တွေကြည့်ရတာ မြန်မာ နိုင်ငံသားတွေမဖြစ်နိုင်ဘူး။ ရဲဌာနကိုသေ ချာအောင် စိစစ်ချက်တွေ တောင်းထားတယ်။ သတင်းဌာနတွေ ကတော့ မြန်မာနိုင်ငံသားလို့ရေးသားထားတယ်။ မဖြစ်နိုင်ပါဘူး’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူလေးဦးအနက်ကိုမျိုးမြင့်နှင့် မိုဟာမက်ဟတ်ဆန် အလီတို့ကို စစ်ဆေးပြီးဖြစ်သော် လည်း ရှာဟစ်အုတ်မန်းနှင့် ဟာဂျီအစ်မေးလ်တို့ကို ဘာသာ စကား အခက်အခဲများကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ရုံးချိန်း ထုတ်၍စစ်ဆေးသွားမည်ဟု The Star သတင်းဌာနကဖော်ပြထား သည်။

‘‘မလေးရှားမှာ တချို့တရား  ခံတွေက သူတို့ဖမ်းမိပြီဆိုရင် မြန် မာနိုင်ငံသားလို့ ဝန်ခံကြတယ်။ အဲဒီလိုဝန်ခံပြီဆိုရင် မလေးရှားမှာ လုပ်နေတဲ့  မြန်မာတွေ အတွက် ပြဿနာတော်တော်ရှိတယ်။ တချို့ ဘာသာခြားတွေ ပြစ်မှုလုပ်မိလို့ အဖမ်းခံရရင် အဲဒီလိုဝန်ခံ တာပဲ’’ဟု မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးမင်းကပြောသည်။

7Day DAILY 

မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို  သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆို ပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်၏ ဆွေးနွေးမှုတွင် မည်သည့်အချိန် ကျင့်သုံးမည်ဟု မပါရှိ

ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲစနစ်လေ့လာရေးကော် မရှင်၏ ဆွေးနွေးမှု ခေါင်းစဉ်တွင် မည်သည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဆိုသော အချိန်ကာ လသတ်မှတ်ချက်မပါကြောင်း အဆိုပါကော်မရှင်မှ သတင်းရရှိ သည်။

မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို

Photo: မဟာသိန္တိသုခကိစ္စ ဦးဆန်းဆင့်မပါဟု သာသနာရေးဝန်ကြီးဦးစိုးဝင်း ထွက်ဆို
Saturday, August 30, 2014

ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်းမရှိဟု လက်ရှိတာဝန်ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရားလွှတ် တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က “(၁၁) ကြိမ်မြောက် ရုံးချိန်းတုန်းက ဦးစိုးဝင်းနဲ့ ဦးမြင့်ဆွေတို့ အကောင်အထည်ဖော်တဲ့ မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စမှာ ဦးဆန်းဆင့် မပါဝင်ကြောင်း ထွက်ဆိုသွား တယ်။ တို့နဲ့မဆိုင်တာမပါတာဆို မပြော ချင်ဘူး” ဟု သြဂုတ်လ ၂၉ ရက် တရားခွင်တွင် ထွက်ဆိုခဲ့သည်ကို ပြောသည်။

မဟာသိန္တိသုခကျောင်းတိုက်ကိစ်္စတွင် ဦးဆန်းဆင့်ပါဝင်ပတ်သက်ခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက်တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ဦးဆန်းဆင့်နှင့် သက်ဆိုင်သောကိစ္စများကိုသာ ဆောင်ရွက် လိုခြင်းဟုရည်ညွှန်းပြောကြားသည်။

ပြစ်မှုကြီးမှု ၄၂/၁၄ ပုဒ်မ ၁၂၄(က) အတွက် ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး၊ နိုင်ငံခြားရေး ဒု-၀န်ကြီး ဦးတင်ဦးလွင်၊ အမျိုးသား လွှတ်တော်ညွှန်ချုပ် (ယခင် သမ္မတရုံးဒု-ညွှန်ချုပ်) ဦးကြည်မင်းတို့ သုံးဦးအား (၁၂)ကြိမ်မြောက်ရုံးချိန်တွင် ဒက္ခိဏခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်။

သို့ရာတွင် ယင်းလိုပြသက်သေသုံးဦး စစ်ဆေးပြီးချိန်၌ နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် အကျိုးတော်ဆောင်များက ပုဒ်မ ၁၂၄(က)တွင် သက်သေ အားလုံး ၃၆ ယောက်အနက် ၁၉ ယောက် စစ်ဆေးခဲ့ပြီးပုဒ်မ-၄၀၉ အတွက် သက်သေ၂၈ ယောက် တွင် ၁၃ ယောက် စစ်ဆေးပြီး သည့်အခြေအ နေတွင် ဦးဆန်းဆင့်အား စွဲချက်တင်သင့်မတင်သင့် လျှောက်လဲပါရစေဟု ရုံးတော် သို့ မေးမြန်းခဲ့ကြောင်း ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ရှေ့နေက “ကျွန်တော်တို့ ဘက်ကလည်း စွဲချက်မတင်ထိုက်ကြောင်း ပြောခွင့်ရှိတာပေါ့၊ လာ မယ့်ရုံးချိန်းစက်တင် ဘာလ ၂ ရက် အင်္ဂါနေ့မှာ စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်လျှောက်လဲမယ်”ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ
ညအချိန်မတော် မဟာသိန္တိသုခဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းခဲ့ရာတွင် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် ပါဝင်ပတ်သက်ခြင်း မရှိဟု လက်ရှိ တာဝန် ထမ်းဆောင်နေသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်းက ဒက္ခိဏခရိုင်တရားရုံးတွင် ထွက်ဆိုသည်ဟု တရား လွှတ် တော်ရှေ့နေ ဦးတင်ထွန်း က ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်

 Photo: ရန်ကုန်မြို့သစ် စီမံကိန်း သတင်း ထုတ်ပြန်ချက်
Saturday, August 30, 2014

၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

၂။ အစိုးရသစ် တာဝန်ယူသည့် ကာလမှ စတင်၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီမှု များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လူထုဆန္ဒ သဘောထားများ လေ့လာ ဆန်းစစ်ခြင်း၊ ဖြည့်ဆည်းပေးရမည့် အခြေခံ အဆောက် အအုံများ အပါအဝင် ဖြစ်နိုင်စွမ်းလေ့လာ ဆန်းစစ်ခြင်း၊ Conceptual Plan များ ရေးဆွဲခြင်း တို့ကို ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံတော် အပိုင်းမှ ထိုသို့ ဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှ စိတ်ဝင်စား သူများကလည်း မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို စွမ်းဆောင်နိုင်မှု အတိုင်းအတာ အလိုက် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြပါသည်။

၃။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် အခြားစီမံကိန်းများ တည်ဆောက်သကဲ့သို့ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ကျသုံးစွဲမှု မပြုဘဲ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပြီး Developer များ၊ ဒေသခံ ပြည်သူလူထု များအပြင် လူတန်းစား အလွှာ အသီးသီးနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် ရည်မှန်းပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၎။ ယခုအချိန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်ရန် နိုင်ငံတော်သို့ တင်ပြပြီး ခွင့်ပြုချက် ရယူလျက် မြို့မြေ သတ်မှတ်ရေး လုပ်ငန်းစဉ်များကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မကြာမီ အချိန်ကာလတွင် ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း Developer တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံး ပူးပေါင်းပါဝင်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးသွား မည် ဖြစ် ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့
မြ၀တီ
၁။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် ပြောင်းလဲလာမှုကြောင့် မြို့တိုးချဲ့ တည်ဆောက်ပေးရန် အထူးလိုအပ် လျက် ရှိပါသည်။ ထိုသို့ မြို့တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့၏ အနောက် ဘက်တွင် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြား မြေနေရာများကို လျာထားပါသည်။

မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ

Photo: မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
Saturday , August 30, 2014

မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။

ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးဘက်က မရိုးသားခဲ့တဲ့ အတွက်ရယ်၊ အလှမယ်ဘွဲ့ ရသူ တစ်ယောက် အဖြစ် ရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အတွက် ရယ်ကြောင့် သရဖူကို ပြန်ရုပ်သိမ်း တာလို့ ပြောပါတယ်။

အဓိက မကျေနပ်တဲ့ အကြောင်း တစ်ခုကတော့ သူတို့ ကုမ္ပဏီနဲ့ အလုပ် ဆက်လုပ်ဖို့ သြဂုတ်လ ထဲမှာ မေမြတ်နိုး တောင်ကိုရီးယားကို ပြန်လာချိန်မှာ သူ့မိခင်ကိုပါ တပါတည်း ခေါ်လာခဲ့တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

မေမြတ်နိုးရဲ့ မိခင်ကို နှစ်ပတ်ဗီဇာ လျှောက်ပေးခဲ့ပေမဲ့ သူက မေမြတ်နိုး တောင်ကိုရီးယားမှာ ရှိနေသမျှ သုံးလလုံး နေချင်တယ်ဆိုတာကို သူတို့ လက်မခံနိုင်ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အလှမယ် ဖြစ်ပြီးတဲ့ အခါ ပိုမိုလှပအောင် Breast Implant ဆိုတဲ့ ရင်သား ခွဲစိပ် ပြုပြင်တာ၊ ခေါင်း၊ ခါးနဲ့ ခြေ အဆုံး ပလတ်စတစ် ဆာဂျရီ နည်းနဲ့ ခွဲစိပ် ပြုပြင်တာတွေ လုပ်ရမယ်လို့ ကြိုတင် သဘောတူခဲ့တာ ရှိခဲ့ပြီး အခုတခါ မေမြတ်နိုး ကိုရီးယားကို ပြန်လာပြီး နောက်တစ်ရက်မှာ ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ခွဲစိပ် ပြုပြင်မှုလုပ်ပေးခဲ့တယ်လို့ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဒါဟာ မေမြတ်နိုးရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်တာလို့ ဒေးဗစ် ကင်းမ်က ပြောပေမဲ့ မေမြတ်နိုး အနေနဲ့ ငြင်းလို့ မရတဲ့ ဖိအားပေးမှုကြောင့် လက်ခံခဲ့ရတာလို့ သူ့ အစ်မဖြစ်သူက ပြောပါတယ်။

ရင်သား ခွဲစိပ် ပြုပြင်တဲ့ ကိစ္စကို လူတစ်ယောက်ရဲ့ အတွင်းရေး လျှို့ဝှက် ချက် အဖြစ် ထားမယ်လို့ ပြောခဲ့ပြီးမှ အခု ထုတ်ဖော်ပြောတာဟာ ပွဲစီစဉ်သူတွေ ဘက်က လိမ်လည် ပြောဆိုရာ ကျပြီး သူတပါး အတွင်းရေးကို ထုတ်ပြောရာလည်း ကျတယ်လို့ မေမြတ်နိုးရဲ့ အစ်မက ပြောပါတယ်။

ဒေါ်လာ တစ်သိန်း လောက်တန်တဲ့ သရဖူကြီးကို ယူပြီး မေမြတ်နိုး ထွက်ပြေး သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောတာနဲ့ ပတ်သက်လို့လည်း သူ့ အစ်မက မေမြတ်နိုးဟာ တောင်ကိုရီးယားမှာ နေဖို့ ခွင့်ပြုထားတဲ့ရက် မတိုင်ခင် ပြန်လာခွင့် ရှိတဲ့ အတိုင်း ပြန်လာခဲ့တာလို့ ပြောပါတယ်။

သရဖူဟာ မြန်မာနိုင်ငံသားတွေ အတွက် ရခဲ့တာ ဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို လာမယ့် အင်္ဂါနေ့မှာ မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အကြောင်းစုံ ရှင်းလင်း ပြောပြ သွားမယ် လို့လည်း သူက ပြောပါတယ်။

ဘီဘီစီ

မြန်မာ အလှမယ် မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်လည် ရုပ်သိမ်းလိုက်တာဟာ နှစ်ဘက် သဘော တူညီချက်တွေကို ချိုးဖောက်ခဲ့လို့ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေ ဘက်က ပြောဆိုပြီး မေမြတ်နိုးကို အပြစ်ပုံချခဲ့ ပါတယ်။
ဒါပေမဲ့ မေမြတ်နိုးကို အပ်နှင်းထားတဲ့ Miss Asia Pacific World အလှမယ်ဘွဲ့ကို နောက်တစ်ယောက်ကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားက နိုင်ငံ ပွဲစီစဉ်ရေး အဖွဲ့က ပြောခွင့်ရသူ ဒေးဗစ် ကင်းမ်ကပြောပါတယ်။

ဝေဖန်မှုတွေကြုံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

မြန်မာနိုင်ငံက စီးပွါးရေး အချက်အချာကျတဲ့ ရန်ကုန်မြို့ကိုတိုးချဲ့ဖို့ ရန်ကုန်တိုင်းဒေသကြီး  အစိုးရက ကြေညာလိုက်တဲ့အတွက် အခြေအတင်ဖြစ် စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စီမံကိန်းသစ် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပေမယ့် အကုန်အကျများ လွန်းတယ်လို့ ဝေဖန်ခဲ့ကြသူတွေ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ ဆိုတဲ့ သံသယ အမြင်နဲ့ ကြည့်သူတွေလည်းရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။
ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ မြို့သစ် တိုးချဲ့မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သတင်းတစ်ပါတ်က ကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအတွင်းမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က ရန်ကုန်တိုင်း  လွှတ်တော်တွင်း အစီအရင် ခံအပြီး မှာပဲ ဒီစီမံကိန်းကိစ္စ ဟာ အတော်လေး ရန်ကုန်မြို့ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ် လာခဲ့တာပါ။

ရုရှားတပ်များ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်နေသည့် ဂြိုဟ်တုဓာတ်ပုံများကို NATO ပြသ


Photo: ရုရှားတပ်များ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်နေသည့် ဂြိုဟ်တုဓာတ်ပုံများကို NATO ပြသ
Saturday , August 30, 2014

ယူကရိန်း ပိုင်နက်ထဲသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို NATO စစ်မဟာမိတ် တပ်ဖွဲ့က ထုတ်ဖော် ပြသလိုက်သည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို ရုရှားက အကူအညီ ပေးနေကြောင်း စွပ်စွဲမှုများကို ကရင်မလင် နန်းတော်က တွင်တွင် ငြင်းဆိုနေသော်လည်း NATO တပ်ဖွဲ့က အဆိုပါ ဓာတ်ပုံများကို စတင် ထုတ်ပြလာခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်တပ်များသည် ရုရှား၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရသော အခြေအနေ၌ စစ်မျက်နှာသစ် ဖွင့်လှစ် တိုက်ခိုက်လာပြီး ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နိုဗိုအာဇော့ခ်မြို့ကို သိမ်းပိုက်လိုက်သည်။

“ရုရှားအနေနဲ့ လိမ်ညာတာတွေကို ရပ်တန့်လိုက်ပြီး ပဋိပက္ခ ပိုဆိုးအောင် မီးစာထိုးပေးနေတာကို မလုပ်သင့်တော့ပါဘူး”ဟု အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ဆမန်သာပါဝါက လုံခြုံရေး ကောင်စီတွင် ကန့်ကွက် ပြောကြားခဲ့သည်။ ဗြိတိသျှ သံအမတ် ဆာမာ့ခ်လီဂရန့်ကလည်း “ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်နေတယ်ဆိုတာ အရမ်းရှင်းလင်းနေပါတယ်”ဟု အရေးဆိုခဲ့သည်။ ၎င်းက ရုရှားအနေဖြင့် သူပုန်တပ်များကို ထောက်ပံ့ပေးမနေပါက အဆိုပါ ပဋိပက္ခသည် ထိုမျှထိ ကြာရှည်နေမည် မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

NATO မှ စစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး နစ်ကိုတက်ခ်က ရုရှားတပ်ဖွဲ့ဝင် (၁၀၀၀)ကျော်မျှသည် စစ်ယာဉ်တန်းများကို အသုံးပြုကာ ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဆိုသည်။ “ယူကရိန်း နယ်မြေထဲမှာ ရုရှားစစ်တပ်ရဲ့ ပါဝင်စွက်ဖက်မှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်လာပုံရပါတယ်”ဟုလည်း ၎င်းက BBC သို့ မှတ်ချက်ပေးခဲ့သည်။

ထိုအတောအတွင်း ရုရှားမှ မီဒီယာအချို့ ကိုယ်တိုင်က ရုရှားတပ်များသည် ယူကရိန်းသို့ ကျူးကျော် ဝင်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သတင်းစာများက ရုရှားသည် စစ်ပွဲတစ်ခုတွင် ပါဝင် တိုက်ခိုက်နေကြောင်း ရေးသားခဲ့သလို ရုရှား Social Media အသုံးပြုသူ အများစုကလည်း ယူကရိန်းသည် ရုရှား၏ တိုက်ခိုက်မှုကို ခံနေရပြီဟု ယုံကြည်ကြောင်း သဘောထား မှတ်ချက် ပေးနေကြောင်း သိရသည်။

_Ref: BBC 
ယူကရိန်း ပိုင်နက်ထဲသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို NATO စစ်မဟာမိတ် တပ်ဖွဲ့က ထုတ်ဖော် ပြသလိုက်သည်။ ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို ရုရှားက အကူအညီ ပေးနေကြောင်း စွပ်စွဲမှုများကို ကရင်မလင် နန်းတော်က တွင်တွင် ငြင်းဆိုနေသော်လည်း NATO တပ်ဖွဲ့က အဆိုပါ ဓာတ်ပုံများကို စတင် ထုတ်ပြလာခြင်း ဖြစ်သည်။ ယူကရိန်း သူပုန်တပ်များသည် ရုရှား၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရသော အခြေအနေ၌ စစ်မျက်နှာသစ် ဖွင့်လှစ် တိုက်ခိုက်လာပြီး ကမ်းခြေမြို့ တစ်မြို့ဖြစ်သည့် နိုဗိုအာဇော့ခ်မြို့ကို သိမ်းပိုက်လိုက်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ဘယ်လို ဖြစ်သင့်သလဲ

အခုရက်ပိုင်း အတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကြီး အကြောင်းပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ မြို့တော်ဝန် ဦးလှမြင့်က သ၀ဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။ သ၀ဏ်လွှာထဲမှာ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု လျှို့ဝှက် စီစဉ်ပြီး ဖြစ်တဲ့အကြောင်း၊ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမယ့် အဲဒီ စီမံကိန်းကို “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”က တာဝန်ယူ အကောင်အထည် ဖော်ဖို့ ရွေးချယ်ထားပြီး ဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။ ဒီ သ၀ဏ်လွှာတင်ပြမှုကို တိုင်းလွှတ်တော် အမတ်တွေ အံ့သြကြသလို သတင်းကိုကြားသိရတဲ့ ပြည်သူတွေလည်း အံ့သြကြပါတယ်။