
ထိုင်းနိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်းတခုက မွန်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် မြန်မာအစိုးရ၏ ခွင့်ပြု ထောက်ခံမှု ရရှိရေး ထိုင်းကုမ္ပဏီက တောင်းခံလိုက်သည်။
Toyo-Thai Corporation Public Company Limited (TTLC) သည် ရေးမြို့နယ် အင်ဒင်ကျေးရွာ၌ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ၁၂၈၀ မဂ္ဂါဝပ် အင်အားရှိ ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ဆက်သွယ်၍ သမ္မတရုံး ခွင့်ပြုချက်ရရှိရန် ဩဂုတ်လ အစောပိုင်းက ပြောဆိုခဲ့ကြောင်း သိရသည်။











Google ဒုဥက္ကဋ္ဌနှင့် နည်းပညာနယ်ပယ်တွင် အထင်ကရ အမျိုးသမီးတစ်ဦး ဖြစ်သူ မီဂန်စမစ်သည် အမေရိကန်၏ နည်းပညာအရာရှိချုပ်သစ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ MIT အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် စမစ်သည် လက်ရှိတွင် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားနှင့် အနာဂတ် စက်ရုပ်များကဲ့သို့သော ပရောဂျက်များအတွက် Google X လက်တွေ့စမ်းသပ်ခန်းတွင် လုပ်ကိုင်နေသူ ဖြစ်သည်။ ၎င်းသည် ယခင်က Google ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဖွဲ့တွင် ၉ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်သည်။
