Monday, December 29, 2014

လူပေါင်း ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဂျူအန်ဒါလေဆိပ်မှ စင်ကာပူသို့ ပျံသန်းလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးခဲ့ရာ လေယာဉ်ပေါ်ပါသူများ၏ ဆွေမျိုးသားချင်းများ လေယာဉ်သတင်းစောင့်ဆိုင်းရင်း ငိုကြွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ ၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်းထိန်းသိမ်းရေးစခန်းသို့ လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

Photo: ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင်ပါတယ်.

ဒီနည်းက အမူးရောဂါအမျိုးမျိုး၊ အပြင်သွေးယားရောဂါ. အိပ်မပျော်တဲ့ရောဂါနဲ့ အစာအိမ်ရောဂါပါ ပျောက်ကင်းတယ်လို့ ကြည်လွင်မြင့် မုဒြာမှာ ဖော်ပြထားပါတယ်.
.
အမေသိန်းဆိုတဲ့ ပုံပါ အဖွားဟာ ဆီးချိုသွေးချိုရောဂါနဲ့ အထူးကုဆရာဝန်ကြီးများမှာ ပြပြီး ဆေးစားနေတာ ၂နှစ် ကျော် ရှိပါပြီ..အဖွားက ဆီးချိုတက်လာရင် မူးလဲတတ်ပါတယ်.

ပုပ္ပားကို ခရီးထွက်တဲ့ အမေသိန်းက ပုပ္ပားတောင်စောင်းတန်းမှာ မူးလဲတော့. ဘေးနားက အမေကြီးက အမေသိန်းကို ထိုဆေးနည်းအတိုင်း တိုက်လိုက်တော့. သက်သာလာပါတယ်..

အမေသိန်းကလည်း ဒီနည်းကို ယုံယုံကြည်ကြည်နဲ့ တစ်လကြာ စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တယ်. နေ့စဉ်စစ်ဆေးနေတဲ့ဆီချိုရောဂါလည်း လုံးဝမတက်လာတော့ဘူးလို့ ဆိုပါတယ်.

ဒီနည်းကို တင်ပြသူ ဆရာမဒေါ်ကြည်ကြည်သန်း နဲ့ အမေသိန်းတို့ ပုံကိုပါ ဖော်ပြထားပါတယ်.

ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးနည်းလို့ ယူဆရတာမို့ တင်ပြလိုက်ရပါတယ်..

Yangon Life Myanmar
ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင် ပါတယ်.

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း

Photo: တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

‘‘အဲဒီအချိန်က တိုက်ရိုက် ထုတ်လွှင့်တာ ပြီးသွားပြီလို့ ထင် တာက တစ်ကြောင်း၊ နောက်တစ် ခုက လက်ထဲက မိုက်ကိုလည်း သတိမထားမိဘူး။ နောက်ပြီး ပွဲကြီး အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတာ ပြီးသွားပြီဆိုတော့ စိတ်ကို လျော့လိုက်ပြီး ပြေတီဦး ကို ခါတိုင်းလည်း ညီအစ်ကိုတွေ လိုဆိုတော့ စလိုက်၊နောက်လိုက် တဲ့ သဘောပါ’’ဟု လူမင်းက ပြောသည်။

ယင်းကိစ္စကို ဖေ့စ်ဘွတ်ခ် တွင် ဝေဖန်မှုများရှိခဲ့သောကြောင့် ၎င်းအနေဖြင့် ဖေ့စ်ဘွတ်ခ်၌ လည်း အဖြစ်မှန်ကို ရှင်းပြထား ကြောင်း လူမင်းက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ပထမဆုံးအကြိမ် ကျင်းပ ခွင့်ရရှိသည့် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကြီးကို ဒီဇင်ဘာ ၂၇ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပွဲ အစီအစဉ်အပေါ် ချီးကျူးသူများ ရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိခဲ့သည်။

အဓိကအားဖြင့် ယခုနှစ် ထူး ချွန်ဆုပေးပွဲတွင် အတတ်ပညာ ဆိုင်ရာ ဆုများမပေးအပ်ခဲ့သည့် အပေါ် ဝေဖန်မှုများခဲ့သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ လူမင်းက ‘‘ဒီ ကိစ္စကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ်တာမဟုတ်ဘူး။ ဆုရွေးချယ်စိစစ်ရေး အဖွဲ့နှစ်ဖွဲ့ ဖွဲ့ပြီး နာယကကြီးတွေ ကိုယ်တိုင် ဆောင်ရွက်တာဆိုတော့ အဲဒီအ ပေါ်မှာ သုံးသပ်ပြောကြားလိုမှု မရှိပါဘူး’’ဟု ပြောသည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily
အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

Photo: မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက်မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ်ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar
နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော်တောင်းဆိုသည့်အတိုင်း လစာတိုးပေးလျှင် ငွေကြေးဖောင်းပွမှု ၈ မှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင်

မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏တွက်ချက်မှုအရ လွှတ် တော်က တောင်းဆိုထားသော နှုန်းထားအတိုင်း အစိုးရဝန်ထမ်း များအား လစာတိုးပေးပါက ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင် ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောသည်။

ဗဟိုဘဏ် တွက်ချက်မှုအရ လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကမ္ဘာ့ ဘဏ်တွက်ချက်မှုအရ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၇ ရာခိုင်နှုန်းရှိကာ ၁၀ ရာခိုင်နှုန်း မကျော်သေးသော်လည်း မြန်မာနိုင်ငံ အနေဖြင့် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ရန် တိုက်တွန်းထားသည်။

အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်


မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့် ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ရလဒ်များ

Photo: ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ရလဒ်များ

စပါး ၀ - ၀ မန်ယူ
ဆောက်သမ်တန် ၁ - ၁ ချဲလ်ဆီး
မန်စီးတီး ၂ - ၂ ဘန်လေ
ဗီလာ ၀ - ၀ ဆန်းဒါးလန်း
ကျူပီအာ ၀ - ၀ ခရစ္စတယ်ပဲလေ့စ်
ဟူးလ်စီးတီး ၀ -၁ လက်စတာ
ဝက်စ်ဟမ်း ၁ - ၂ အာဆင်နယ်
စတုတ်စီးတီး ၂ - ၀ ဝက်စ်ဘရွန်း
နယူးကာဆယ် ၃ - ၂ အဲဗာတန်

လီဗာပူးပွဲဆက်လက်ဖော်ပြပါမည်

Nz (ရိုးရာလေး)
စပါး ၀ - ၀ မန်ယူ