Wednesday, October 15, 2014

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်


Photo: ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်
Wednesday, October 15, 2014

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီးဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Apple တို့သည် အမျိုးသမီးများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်မည့် လုပ်ငန်းစဉ်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၂၀,၀၀၀ အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့သည်။
Facebook အနေဖြင့် ၎င်းမူဝါဒကို ယခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း Apple ကမူ ၂၀၁၅ခုနှစ် အစောပိုင်းမှသာ စတင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ "မ" မျိုးဥ အေးခဲအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို oocyte cryopreservation ဟုလည်းခေါ်ဆိုပြီး ၎င်းသည် ၁၉၈၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် နည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မျိုးပွားနိုင်သည့်ကာလ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသည့် အမျိုးသမီးများအတွက် ကလေးမရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။

အမျိုးသမီးများသည် မျိုးပွားနိုင်စွမ်းအားကောင်းသည့် အရွယ်တွင် ဟော်မုန်းများအတွင်းမှ ဓမ္မတာအလျောက် အရွယ်ရောက်သည့် မျိုးဥ ၄၅ ဥ အထိ ထုတ်လုပ်နိုင်သည်။ အဆိုပါ အရွယ်ရောက်သည့် မျိုးဥများကို လုပ်ငန်းစဉ်အရ အမျိုးသမီးများထံမှ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ထုတ်ယူကာ ဆေးခန်းတွင် အေးခဲအောင် ပြုလုပ်၍ သိမ်းဆည်ပေးမည် ဖြစ်သည်။ ၎င်းမျိုးဥများကို ၁၀ နှစ်နှင့် အထက် သိမ်းဆည်းထားနိုင်သည့်အပြင် အမျိုးသမီးများ ကလေးရယူချင်သည့်အခါတွင် အရည်ပျော်စေကာ ကျားမျိုးဥဖြင့် မျိုးပွားပေးပြီး အမျိုးသမီး၏ သားအိမ်အတွင်းသို့ ထည့်သွင်းခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။
အဆိုပါ နည်းပညာသည် အပြည့်အဝ စိတ်မချရသေးသော်လည်း လူအများက စမ်းသပ်မှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြသည်။ ထို့အပြင် ၎င်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် ဈေးနှုန်းမြင့်မားသည့်အပြင် မျိုးဥများကို တစ်ခေါက် ထုတ်ယူလိုပါက ဒေါ်လာ ၁၀,၀၀၀ ကျသင့်မည် ဖြစ်သည်။

Facebook နှင့် Apple ကုမ္ပဏီတို့၏ မူဝါဒသည် ၎င်းလုပ်ငန်းစဉ်ကို ပြုလုပ်လိုသည့် အမျိုးသမီးငယ်များအတွက် အထောက်အကူ တစ်ခုဖြစ်လာမည် ဖြစ်သည်။

Ref: TheVerge
Internet Journal

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန် အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီး ဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါ တယ်။

အီဘိုလာဗိုင်းရပ်(စ်) အသစ် ကူးစက်ခံရမှု တစ်ပတ်လျင် ၁၀,၀၀၀ အထိ မကြာမီ ရောက်ရှိလာမည်

အီဘိုလာ ဗိုင်းရပ်(စ်) အသစ်ကူးစက်ခံရသူ ဦးရေမှာ ဒီဇင်ဘာလတွင် တစ်ပတ်လျင် ၁၀,၀၀၀ အထိရောက်ရှိနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ က အင်္ဂါနေ့တွင် အစီရင်ခံခဲ့သည်။
ယင်းပမာဏမှာ လက်ရှိကူးစက်နှုန်းထက် ဆယ်ဆပိုသည်။။

နွားကျောင်းသား စောဆန်းအောင်၊ သစ္စာဖောက်ကျော်သက်၊ ဒရိုင်ဘာတိုက်ဂါးနှင့် သူတို့၏နောက်ကွယ်မှ သင်းအုပ်ဒေါက်တာ တင်မိုသီ

တစ်လောက KNLA-PC မှစောတိုက်ဂါးပြဿနာရှာသဖြင့် နှစ်ဘက်တပ်များတင်းမာမှုဖြစ်ခဲ့ရသည်။ မကြာခင် အချိန်မှာပဲ ဖထီးဌေးမောင်သည် စောတိုက်ဂါးလုပ်ရပ်အပေါ် တပ်ဖွဲ့နှင့်မဆိုင်ဟုဆုံးဖြတ်ခဲ့ပြီးနောက် KNLA-PC ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ထို့နောက်စောတိုက်ဂါးDKBA သို့ကူးပြောင်းခဲ့ ပေသည်။ ထိုပြဿနာနှင့်အတူဖြစ်ပွားနေသည်ကတော့ DKBA စောဆန်းအောင်နှင့် စောကျော်သက်တို့၏ ရမ်းကားမှုများပင်ဖြစ်သည်။

တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်


Photo: တပ်များ ဆုတ်ခွာရန် အကြောင်းကြားခြင်းနှင့်ပတ်သက်၍ UPWC နှင့် SSPP တွေ့ဆုံကန့်ကွက်မည်
Wednesday, October 15, 2014

SSPP/SSA တပ်များ တန့်ယန်းမြို့မှ   ဆုတ်ခွာရန် အစိုးရဘက်က  အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက်သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။

ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်ဘက်သို့ ရုပ်သိမ်းသွား ရန် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလက်မှတ် ဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်း ဖြစ်သည်။

UPWC နှင့် သီးသန့်တွေ့ ဆုံရန် နှစ်ဖက်စလုံးမှ ပြင်ဆင်နေ ကြပြီး နေရာနှင့်အချိန်ကိုမူ လော လောဆယ်ပြော၍ မရနိုင်သေး ကြောင်း SSPP/SSA တာဝန်ရှိ သူများက ဆိုသည်။ မကြာသေး မီရက်ပိုင်းကလည်း ကျေးသီးမြို့ နယ်၊    ၀မ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်စခန်းရှိ SSA တပ် များကို အစိုးရဘက်က ဆုတ်ခွာခိုင်း ရာမှစတင်၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ ယင်းကိစ္စ များသည် လက်ရှိဆောင်ရွက်နေ သော အပစ်အခတ်ရပ်စဲရေး ခိုင် မာအောင် ပြုလုပ်နေမှု၊ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နေမှုတို့ ကို ထိခိုက်စေကြောင်း စ၀်ခွန် ဆိုင်းက ဆက်လက်ပြောသည်။

‘‘စစ်ပွဲဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးအရ တန်းတူမျှတ စွာ စားပွဲဝိုင်းမှာ ထိုင်အဖြေရှာရ မှာ ဖြစ်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့ပြင် အစိုးရဘက်က ဆုတ် ခွာခိုင်းသော အဆိုပါဒေသမှာ တောတွင်း    တပ်စခန်းများသာ တည်ရှိပြီး ၎င်းတို့နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော နယ် မြေများဖြစ်ကြောင်း စ၀်ခွန်ဆိုင်း က ပြောသည်။

ရှမ်းပြည်    တပ်မတော် မြောက်ပိုင်း(SSPP/SSA)သည် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ၂၀၁၂ ဇန်န၀ါရီလ က    လက်မှတ်ရေးထိုးထားပြီး အင်အား ၄,၀၀၀ ကျော်ရှိသည်။

7 Day Daily

SSPP/SSA တပ်များ တန့်ယန်းမြို့မှ ဆုတ်ခွာရန် အစိုးရဘက်က အကြောင်းကြား ခြင်းနှင့်ပတ်သက်၍ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံကန့်ကွက် သွားမည်ဖြစ် ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောသည်။
ဝပြည်သွေးစည်းညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေနှင့် ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများကို နမ့်ပန်ချောင်း အနောက်

အမြန်လမ်းတွင် ကားလမ်းဘေးချရပ်စဉ် ကျွံသွားခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တောင်းပန်

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင် အမှတ် ၃၄၁/၁ တွင် ရွှေစင်စင်္ကြာ ခရီး သည်တင်ကား လမ်းဘေးချရပ် ရာ မြေကြီး ကျွံဝင် သွားခြင်းနှင့်ကွန်ကရစ်လမ်း ပခုံးကျိုးသွား သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခရီးသွားပြည်သူများအား ပြန်လည် တောင်းပန်လိုက်သည်။
‘‘ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် အတွက် ရွှေစင်စင်္ကြာယာဉ်လိုင်း

လိပ်ကျွန်းလူသတ်မှု စတင်စစ်ဆေး

ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနစီစဉ်မှုဖြင့် သုံးပွင့်ဆိုင်(ထိုင်းနိုင်ငံခြားရေး၊ ရဲတပ်ဖွဲ့နှင့် မြန်မာ၊ ဗြိတိန်သံရုံးကိုယ်စားလှယ်အဖွဲ့) တွေ့ဆုံဆွေးနွေးပွဲအပြီး ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

လိပ်ကျွန်းအမှု တရားခွင်လေ့လာဖို့ မြန်မာနဲ့ ဗြိတိန် အဖွဲ့တွေကို ခွင့်ပြုမယ်

Photo: လိပ်ကျွန်းအမှု တရားခွင်လေ့လာဖို့ မြန်မာနဲ့ ဗြိတိန် အဖွဲ့တွေကို ခွင့်ပြုမယ်
 Wednesday, October 15, 2014

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားစီရင်ရေး ဖြစ်စဉ်တွေမှာဗြိတိန်နဲ့ မြန်မာနိုင်ငံက လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ ကို ထိုင်းဘက်က မူအရ ခွင့်ပြုဖို့ သဘောတူလိုက်ပါပြီ။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ် မစ္စတာ ဆုမ်ယွတ် ပွန်ပန်မွမ် (Somyot Pumpanmuang) ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် နဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ မာ့ခ်ကဲန့် တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ ဆွေးနွေး အပြီး လိပ်ကျွန်း လူသတ်မှု တရားခွင်တွေကို လေ့လာစောင့်ကြည့်ဖို့ မူအရ သဘောတူခဲ့တာပါဘဲ။ 

လိပ်ကျွန်း လူသတ်မှု တရားခွင်ကို ဘယ်လို လေ့လာစောင့်ကြည့်မယ်ဆိုတဲ့ အသေးစိပ်ကိုတော့ ဆက်လက်
ဆွေးနွေး သွား ကြ မှာဖြစ်တယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ 

မနေ့ကပဲ ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မှာ ရှိတဲ့ ထိုင်းသံရုံး တာဝန်ခံကို ပေးတဲ့ သတိထောက်စာပါ သဘောတရားကို ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ လက်ခံပေမယ့် လန်ဒန်က ထိုင်းယာယီ သံရုံးတာဝန်ခံ ကို ဆင့်ခေါ် မေးမြန်းခံရတယ်ဆိုတာကိုတော့ ငြင်းဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက ပေးပို့တဲ့ သတိထောက်စာမှာ လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေး ကိစ္စ ကို ထိုင်း အာဏာပိုင်တွေ ဘယ်လို ကိုင်တွယ်ခဲ့တယ်ဆိုတာ ဗြိတိန်မှာ တကယ်ပဲ စိုးရိမ်မှု တခု ရှိနေတဲ့အကြောင်းပါဝင်ပါတယ်။ 

 ဗြိတိန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက လိပ်ကျွန်း လူသတ်မှုကိစ္စ စုံစမ်းစစ်ဆေးမှုတွေမှာ ဗြိတိန် ရဲတပ်ဖွဲ့ကလည်း ကူညီဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုထားသလို ဗြိတိန်အစိုးရနဲ့ သေဆုံးသူ မိသားစုတွေကလည်း စုံစမ်းစစ်ဆေးမှု ဖြစ်စဉ် တိုးတက်မှုတွေကို အချိန်နဲ့အမျှ လက်ခံရရှိလိုတယ်လို့ လည်း ပြောဆိုထားပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့မှာပဲ လိပ်ကျွန်း လူသတ်မှု ကိစ္စနဲ့ပတ်သက်ပြီး အစိုးရသက်သေ အဖြစ် 
မောင်မောင်အပါအဝင်မြန်မာ အလုပ်သမား ၃ ဦးတို့ဟာ ကော့စမွီ တရားရုံးမှာ ကြိုတင်စစ်ဆေး ထွက်ဆို ချက် ပေးခဲ့တာမှာ အခင်းဖြစ်ညက သူတို့ရဲ့ လှုပ်ရှားသွားလာမှု တွေကို ပြောဆိုသွားပြီး ထွက်ဆိုချက်တွေ ဟာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို လူသတ်မှုကျူးလွန်ကြောင်း စွဲဆိုထားတဲ့ အမှုအတွက် အထမမြောက်ဘူးလို့ သိရပါတယ်။ 

 အိမ့်သံစဉ် 
 ဧရာဝတီ
လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားစီရင်ရေး ဖြစ်စဉ်တွေမှာဗြိတိန်နဲ့ မြန်မာနိုင်ငံက လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ ကို ထိုင်းဘက်က မူအရ ခွင့်ပြုဖို့ သဘောတူလိုက်ပါပြီ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ် မစ္စတာ ဆုမ်ယွတ် ပွန်ပန်မွမ် (Somyot Pumpanmuang) ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် နဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ မာ့ခ်ကဲန့် တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ ဆွေးနွေး အပြီး လိပ်ကျွန်း လူသတ်မှု တရားခွင်တွေကို လေ့လာစောင့်ကြည့်ဖို့ မူအရ သဘောတူခဲ့တာပါဘဲ။

ဖြူဖြူကျော်သိန်းနဲ့ ကျွန်တော်က အနုပညာ မောင်နှမ သက်သက်ပါလို့ ဖြေရှင်းလိုက်တဲ့ ထက်ဘုန်းနိုင်(Jade Dragon)

Photo: ဖြူဖြူကျော်သိန်းနဲ့ ကျွန်တော်က အနုပညာ မောင်နှမ သက်သက်ပါလို့ ဖြေရှင်းလိုက်တဲ့ ထက်ဘုန်းနိုင်(Jade Dragon)
Wednesday, October 15, 2014

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့ အကအဖွဲ့တွေထဲက တစ်ခုကတော့ Jade Dragon ပဲဖြစ်ပါတယ်။ သူတို့ရဲ့လူငယ် ပီပီအကကွက်ဆန်းဆန်း တီထွင်နိုင်မှု၊ တေးသီချင်းသံစဉ်နဲ့ လိုက်ဖက်ညီအောင် ကတတ်တာမျိုးတွေကြောင့်လည်း ပရိသတ်အားပေး ကြိုက်နှစ်သက်မှုကို အချိန်အတိုအတွင်းမှာ ရရှိအောင်မြင်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Jade Dragon အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မော်ဒယ်လ် ထက်ဘုန်းနိုင်ဟာ ဆိုရင်မြူးဇစ်ဘက်မှာပါ သူ့အနုပညာကို ကြိုးစားပုံဖော်ဖို့ ကြိုးစားလာသူ ဖြစ်တာကြောင့် သူနဲ့တွေ့ဆုံခိုက် သူနဲ့ပတ်သက်ပြီး ခုလတ်တလော ထွက်ရှိနေတဲ့ ဖြူဖြူကျော်သိန်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းအကြောင်း နဲ့ အနုပညာလှုပ်ရှားမှုအကြောင်းကို မေးကြည့်လိုက်တဲ့အခါ “မဖြူ(ဖြူဖြူကျော်သိန်း) နဲ့က သူ့ရဲ့သီချင်းတွေ တော်တော်များများမှာ ပါဝင် လှုပ်ရှားဖြစ်ပါတယ်။ မဖြူနဲ့ အတူ အလုပ်တွဲလုပ် နေကျဆိုတော့ သူနဲ့အလုပ်လုပ်ရတာ အဆင်ပြေတယ်။ အလုပ်လုပ်နေတာပဲရှိပါတယ်။ တစ်ခြား ဘာမှမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို အခုလိုမြင်ကြတာဟာ အတွဲများလို့ဖြစ်မှာပါ။ ကျွန်တော်နဲ့ မဖြူနဲ့က အနုပညာ မောင်နှမ သက်သက်ပါပဲ”လို့ သူက ပြောပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ တီဗီကြော်ငြာတွေ၊ MTVရိုက်တွေ ရိုက်ပေးဖြစ်တယ်လို့ ဆိုတဲ့ သူက အခြားသောအနုပညာလှုပ်ရှားမှု တစ်ခုအကြောင်းကိုလည်း ခုလို ဖွင့်ဟသွားပါတယ်။ “ကျွန်တော့်ရဲ့ solo album လေး ထုတ်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့Solo Album ကတော့ အဓိကအကနဲ့ သွားမှာပေါ့။ လူငယ်ဆန်တဲ့ ပုံစံပါပဲ။ အခုနောက်ပိုင်း ဒီအခွေလေးကို သေချာလုပ်ချင်တာကြောင့် အကဘက်ကိုတောင် နည်းနည်းလျှော့ထားပါတယ်”တဲ့။

စန္ဒီ
Trend Myanmar
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့ အကအဖွဲ့တွေထဲက တစ်ခုကတော့ Jade Dragon ပဲဖြစ်ပါတယ်။ သူတို့ရဲ့လူငယ် ပီပီအကကွက်ဆန်းဆန်း တီထွင်နိုင်မှု၊ တေးသီချင်း သံစဉ်နဲ့ လိုက်ဖက်ညီအောင် ကတတ်တာမျိုးတွေ ကြောင့်လည်း ပရိသတ်အားပေး ကြိုက်နှစ်သက်မှုကို အချိန်အတို အတွင်းမှာ ရရှိအောင်မြင်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Jade Dragon အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မော်ဒယ်လ် ထက်ဘုန်းနိုင်ဟာ ဆိုရင်မြူးဇစ်

ဆိုင်ကလုန်းဟွဒ်ဟွဒ်ကြောင့် အိန္ဒိယတွင် သေဆုံးသူ ၂၄ ဦးအထိ ရှိလာ


Photo: ဆိုင်ကလုန်းဟွဒ်ဟွဒ်ကြောင့် အိန္ဒိယတွင် သေဆုံးသူ ၂၄ ဦးအထိ ရှိလာ 
Wednesday, October 15, 2014

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်နှင့် သြရိသပြည်နယ်များကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဟွဒ်ဟွဒ်မုန်တိုင်းကြောင်း  အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ ၂၄ ဦးရှိသွားပြီး မုန်တိုင်းဒဏ်သင့်သူ လေးသိန်းအား အကူညီများ ပေးထားရကြောင်း သိရသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်းနှင့် ဓာတ်အားပေးလိုင်း များ ပြတ်တောက် သွားပြီး ကောက်ပဲ သီးနှံများလည်း ပျက်စီးသွားကြောင်း သိရသည်။

ပြည်နယ်ခြောက်ခုတွင် မိုးများသည်းထန်စွာ ရွာသွန်းနိုင်သောကြောင့် ရေကြီးမည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။ 

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်နှင့် သြရိသပြည်နယ်များကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဟွဒ်ဟွဒ်မုန်တိုင်းကြောင်း အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ ၂၄ ဦးရှိသွားပြီး မုန်တိုင်းဒဏ်သင့်သူ လေးသိန်းအား အကူညီများ ပေးထားရကြောင်း သိရသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ

ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တုတွင်းထွက် ပြည်ပတင်ပို့မှု ဒေါ်လာသန်း ၈၀၀ နီးပါး ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံးဖြစ်

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်း၊ ကျောက်မျက်အပါအ၀င် သတ္တုတွင်းထွက် ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၇၉၇ ဒသမ ၉၁၉ သန်း ရရှိထားပြီး ယင်းဝင်ငွေထဲတွင် သတ္တုနှင့်သတ္တုရိုင်း တင်ပို့မှုမှ ဒေါ်လာ ၉၇ ဒသမ ၆၇၅ သန်း၊ ကျောက်မျက်ရတနာ တင်ပို့မှုမှ ဒေါ်လာ ၇ ဒသမ ၆၀၉ သန်း၊ အခြား သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှု မှ ဒေါ်လာ ၁၁၄ ဒသမ ၉၂၃ သန်း၊ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၅၇၇ ဒသမ ၇၁၂ သန်း ပါဝင်သဖြင့် ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံးရ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်သံလွှင့် ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


Photo: ရုပ်သံလွှင့် ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

 ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းလုပ်ငန်းဟာ နိုင်ငံရေးစွက်ဖက်မှုနဲ့ စီးပွားရေးအင်အားစုတွေရဲ့ ဖိအားပေးမှု ကင်းရမှာဖြစ်ကြောင်း အဲဒီဥပဒေကြမ်းမှာ ကန့်သတ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

"ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီရဲ့ သတ်မှတ်စံနဲ့ညီလို့ရှိရင် သူကအကုန်လုံး ဝင်လုပ်လို့ရတာပဲ၊ ဒါပေမဲ့ နိုင်ငံခြားပိုင်ဆိုင်မှုက တည်ဆဲဥပဒေအရ ဘယ်နှစ်ရာခိုင်နှုန်း ကန့်သတ်မလဲ၊ အဲ့ထက်တော့ပိုလို့မရဘူး၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုတာက အာဏာရပါတီအတွက်လည်း မဟုတ်ဘူး၊ အစိုးရအတွက်လည်း မဟုတ်ဘူး၊ ပြည်သူတွေအတွက်ပေါ့၊ လွှတ်တော်တို့ အစိုးရအဖွဲ့တို့က သူ့ကို Budget တော့ခွင့်ပြုပေးရတယ်၊ အဲ့ Budget ကို ဘယ်လိုသုံးစွဲမယ်ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်ဝင်ပြောလို့မရဘူး၊ နိုင်ငံရေးဖိအားတွေက မရှိရဘူးပေါ့နော်၊ အယ်ဒီတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရတယ်၊ ကျင့်ဝတ်ချိုးဖောက်ရင်တော့ သူ့အပေါ်မှာရှိတဲ့ကောင်စီက အရေးယူလို့ရတယ်၊ ဒါကနိုင်ငံရေးဖိအားပေါ့၊ စီးပွားရေးဖိအားဆိုတာက သူ့ကိုကျနော်တို့က တသတ်မတ်တည်း တည်ငြိမ်တဲ့ ငွေကြေးအရင်းအနှီးရအောင် ရှာပေးထားတယ်၊ ရှာပေးထားတဲ့အတွက် သူသည် ဈေးကွက်ရဲ့ဖိအားနောက်ကို လိုက်ပေးစရာမလိုတော့ဘူး"

ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ပြည်ပနိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံရာမှာ ၃ဝ ရာခိုင်နှုန်းထက်မပိုသော ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်အတည်ပြု လိုက်ကြောင်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ က ပြောပါတယ်။

"ပြန်ကြားရေးဝန်ကြီးဌာနက ရေးထားတာကတော့ ပြည်ပနိုင်ငံခြားသားက ရင်နှီးမြှုပ်နှံတာဆိုရင် ၃ဝ ရာခိုင်နှုန်းထက် မပိုသောလို့ပါတယ်၊ အဲဒီ့အချက်ကို တို့က တည်ဆဲဥပဒေများနဲ့အညီလို့ ရေးလိုက်တယ်၊ တည်ဆဲဥပဒေဆိုတာကတော့ ရှိတဲ့ဥပဒေတွေရှိတာပေါ့၊ အဲဒီ့ဥပဒေတွေထဲက ဘယ်ဥပဒေတွေပဲဖြစ်ဖြစ် ကိုးကားလို့ရတဲ့ သဘောပါပါတယ်၊ ဘာလို့အဲ့ဒါကို ပြင်ပေးချင်သလဲဆိုတော့ ၃ဝ ရာခိုင်နှုန်း အသေမှတ်ထားလို့မရဘူး၊ နောက်အချိန်မှာ Foreign Investment Law ပေါ့ FDI Law တွေဘာတွေ ပြင်မယ်ဆိုရင် အချိုးအစားတွေ ပြင်သွားနိုင်သေးတယ်၊ ပြင်တိုင်းပြင်တိုင်း အနောက်က လိုက်ပြင်မနေရအောင် တည်ဆဲဥပဒေနဲ့အညီဆိုတော့ နောက်ဥပဒေတွေပြင်ရင်လည်း အဲဒီ့ဥပဒေအသစ်နဲ့ လုပ်လိုက်လို့ရတယ်"

အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ တို့က အသီးသီးအဆိုပြုတဲ့ ၆ ဦးစီပါဝင်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာကောင်စီကို  ဖွဲ့စည်းရမယ်လို့ ပါရှိပြီး ၅ နှစ်သက်တမ်းတာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းလုပ်ငန်းဟာ နိုင်ငံရေးစွက်ဖက်မှုနဲ့ စီးပွားရေးအင်အားစုတွေရဲ့ ဖိအားပေးမှု ကင်းရမှာဖြစ်ကြောင်း အဲဒီဥပဒေကြမ်းမှာ ကန့်သတ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က သတင်းထောက်တွေကို ရှင်းပြခဲ့ ပါတယ်။

တရုတ်နိုင်ငံအတွက် သူလျိုလုပ်ပေးမှုဖြင့် ထိုင်ဝမ်အငြိမ်းစားဗိုလ်မှူးတစ်ဦးကို ထောင်ဒဏ်ချမှတ်


Taiwan

ထိုင်ဝမ်စစ်တပ်မှ အငြိမ်းစားဗိုလ်မှူး ချန်ရှုလန်းသည်  တရုတ်နိုင်ငံအတွက် သူလျိုလုပ်ပေးခဲ့ကြောင်း သက်သေအထောက် အထားများ ကိုတွေ့ရှိခဲ့ပြီးနောက် ထိုင်ဝမ် တရားရုံးချုပ်က အောက်တိုဘာ ၁၃ရက်တွင် ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ကြောင်း အရာရှိများကပြောကြားသည်။အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနတွင် အလုပ်လုပ်ခဲ့ဖူးသူ ချန်ရှုလန်းသည်  ၂၀၀၆ခုနှစ်က တရုတ်ထောက် လှမ်းရေး အဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရကြောင်း တရားရုံးချုပ်က

ဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ် လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်



အာဖရိက နိုင်ငံက အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ် လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်တွေကြောင့် ရွာသားများကြောင်ရွံ့ နေကြတဲ့သတင်း ကို နိုင်ငံတကာသတင်းစာတွေ မှာ ဖေါ်ပြနေကြသည်ကို တွေ့ ရပါသည်။
"ဇန်ဘီ "ဆို့ပါလျှင် အာဖရိကန် လူမျိုးတိုင်းက (ဖုတ်ကောင်) လို

AFC u-19 Championships 2014 ပြိုင်ပွဲ

ကွာတားဖိုင်နယ်သို့တက်ရောက်သွားသည့်အသင်းများအဖြစ်မြန်မာ၊ ထိုင်း၊ ယူအေအီး၊ ဥဇဘတ်ကစ်စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊တရုတ် အသင်းနဲ့ ကာတာအသင်းတို့ဖြစ်ကြသည်။
အာရှနံမည်ကြီးများဖြစ်တဲ့ တောင်ကိုရီးယား၊ အီရန်၊ အီရတ်အသင်းတို့ နှင့် သြစတေးလီအား အသင်းတို့သည်အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည်။
အီရတ်အသင်းကမြောက်ကိုရီးယားကိုရှုံးပြီး head to head စည်းမျဉ်းအရပြုတ်သွားတာပါ။
AFC မှုရင်းဆိုက်မှာဖော်ပြထားပါတယ်။။ livescore က table ကမှားနေပါတယ်။
ကွာတားဖိုင်နယ် ပွဲစဉ်များမှာ

မြန်မာနှစ်ဦး စွပ်စွဲဖမ်းဆီးခံထားရသည့် ခိုထောင်ကျွန်းလူသတ်မှု စုံစမ်း စစ်ဆေးရာတွင် ကူညီရန် ဗြိတိန်ကမ်းလှမ်းချက်ကို ထိုင်းဝန်ကြီးချုပ် ပယ်ချ

ထိုင်းနိုင်ငံ ခိုထောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား ကိုင်တွယ်နေသည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်၌ ထိုင်းအာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကမြန်မာနှစ်ဦးကို စုံစမ်းစစ်ဆေးနေသည့် အမှုသည် ယုံကြည်စိတ်ချရပြီး ယင်းအမှုသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဒေးဗစ်မီလာ (၂၄ နှစ်) ကို သတ်ဖြတ်မှုနှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုတို့အတွက် ထိုင်းရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို တရားစွဲဆိုခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး သူတို့၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်မှရရှိသော DNA နမူနာများနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံ၍ တပ်မတော်နှင့် မီဒီယာများအကြား သတင်းရယူရေး၊ ဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့သည် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကျော်အထိ သုံးနာရီကျော် ကြာမြင့်ခဲ့ပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သဖြင့် တပ်မတော်နှင့် မီဒီယာများအကြား သတင်းရယူထုတ်ပြန်ရေး၊ နားလည်မှုလွဲနေသည့် ကိစ္စရပ်များ၊ တာဝန်ဝတ္တရား ကိစ္စရပ်များအား အဓိကဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

ဦးဆန်းဆင့်အမှု လာမည့်သောကြာနေ့တွင် အမိန့်ချမည်

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အလွဲသုံးစားမှုတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိုအောက်တိုဘာ ၁၇ ရက် (သောကြာနေ့)တွင် အမိန့်ချ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အမှုတွဲကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် စစ်ဆေးသော ၂၅ ရက်မြောက် ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်များကို နှစ်ဖက်လျှောက် လဲမှု ပြုလုပ်ခဲ့သည်။