Monday, July 8, 2013
ကျောက်မြောင်းတွင် ညသန်းခေါင်ယံ အနုကြမ်းစီး
ရန်ကုန်မြို့တော်တွင် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့ နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်းနှစ်
ထပ် အိမ်တစ်လုံးတွင် ဇူလိုင်လ ၆ရက် ည ၁၂ နာရီကျော်ခန့်က အနုကြမ်းစီးမှု
ဖြစ်ပွားခဲ့ကြောင်း အဆိုပါအိမ်မှ အိမ်ထောင်ဦးစီး အမျိုးသား က ပြော ကြားသည်။
အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး
ဆေးတက္ကသိုလ်
အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက်
၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင်
အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက်
တွင် ပြောကြားလိုက်သည်။
GSM, WCDMA များ မြန်မာကျပ်ငွေဖြင့် ပြည်ပသို့ ဖုန်းခေါ်နိုင်ပြီ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပိုမို
အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်း ဖုန်းများမှ နိုင်ငံခြားသို့
ဖုန်းခေါ်ဆိုခ များကိုမြန်မာကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး
အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်ထောက်ညွှန်မှူးကိုနေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်း စစ်ဆေးရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံ ရသည့် ကာယကံရှင်က ပြောကြားသည်။
မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့
အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ် လာခဲ့ပြီ လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူ ပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သလို သူမျှော်လင့် ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်
ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက်
အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း
ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ
ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး
ဦးသိန်းထွန်းအောင်က ထည့်
ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရ
မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော
အလှကုန် ပစ္စည်းများ အားလုံး မှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ
တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာ ထောက်ခံချက်
မရှိကြောင်း သိရသည်။
ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ခြင်းကို အမြင့်ဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု သက်ရောက်ခြင်းကို
အမြင့်မားဆုံး ကြုံတွေ့ရ သည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း
ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာ တွင် ဖော်ပြ ချက်အရ သိရသည်။
Subscribe to:
Posts (Atom)