Saturday, May 18, 2013

KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

Photo: KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

မေ ၁၈ ရက် ၂၀၁၃
 
KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင်ကြားပေးနေကြောင်းသိရှိရပါသည်။ 

KIA ဌာနချုပ်အတွင်းရှိ ကွန်မန်ဒို သင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် KIA ပြည်သူ့စစ် ၅ဦးအား သင်ကြားနေကြောင်း၊ သင်တန်းတွင် လက်ဖြောင့်(စနိုက်ပါ)ဘာသာနှင့် အနီးကပ် တိုက်ခိုက်ခြင်းနှင့် မြို့အတွင်းတွင် ဖောက်ခွဲ ဖျက်ဆီးမှု၊ လူကြီး/ ခေါင်းဆောင်များကို လုပ်ကြံမှုများနှင့် အခြားသော ဘာသာရပ်များကို သင်ကြားကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

သင်တန်းကို တရုတ်တပ်မတော်မှဗိုလ်အဆင့်ဖြင့် အနားယူထားသော ရှေမင့်မင်းနှင့် KIA မှ ထိုင်း ကွန်မန်ဒိုအထူးသင်တန်း တက်ရောက်ထားသော ဗိုလ် ရှောင်လွမ်းမှ သင်ပေးနေကြောင်း သိရှိရပါသည်။ သင်တန်း များကို ၂ပတ် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ဆောင်မှုများကို ပြုလုပ်ခိုင်းမည်ဟုလည်း အခြားသတင်းများအရ သိရှိရပါသည်။
KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာ ရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင် ကြားပေးနေကြောင်းသိရှိရပါသည်။

နယူးယောက်-ဘော်စတွန် ရထားတိုက်မှု ၆၀ ကျော်ဒဏ်ရာရ


Photo: နယူးယောက်-ဘော်စတွန် ရထားတိုက်မှု ၆၀ ကျော်ဒဏ်ရာရ

မေ ၁၈ ရက် ၂၀၁၃

အမေရိကန်နိုင်ငံ အရှေ့ပိုင်း နယူးယောက် နဲ့ ဘော်စတွန် မြို့ကြား ရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ နယူးယောက်မြို့ အရှေ့ မြောက်ဘက် ၆၂ မိုင်လောက်အကွာ Connecticut ၊ Bridgeport နားမှာ ခုလို ရထားတိုက်မှု ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် လူ ၅ ဦးဒဏ်ရာ ပြင်းတန်တဲ့အထဲ၊ ၁ ဦးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ Connecticut ပြည်နယ် အုပ်ချုပ်ရေးမှူး Dannel Malloy ကသတင်းထောက်တွေကို ပြောဆိုပါတယ်။

ရထားတိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို ခုထက်ထိ စစ်ဆေးဆဲဖြစ်ပြီး မတော်တဆဖြစ်မှုကြောင့် ရထားတိုက်မှုဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ယုံကြည်စရာ အကြောင်းမရှိဘူးလို့ သူကပြောဆိုပါတယ်။ လောလောဆယ် နယူးယောက် နဲ့ ဘော်စတွန်မြို့ကြား ပြေးဆွဲတဲ့ Amtrak ရထားခရီးစဉ်ကို ယာယီရပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

VOA

အမေရိကန်နိုင်ငံ အရှေ့ပိုင်းနယူးယောက်နဲ့ ဘော်စတွန် မြို့ကြားရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မြောက်ကိုရီးယား တာတိုဒုံးကျည် ၃ စင်းပစ်လွှတ်

မြောက်ကိုရီးယား တာတိုဒုံးကျည် ၃ စင်းပစ်လွှတ် 
Saturday, May 18, 2013


တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။
 
မြောက်ကိုးရီးယားရဲ့ စနေနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေက ဒုံးပျံ ပစ်လွှတ်မှုကို တောင်ကိုးရီးယားနိုင်ငံဘက်က စုံစမ်းတွေ့ရှိတဲ့ အကြောင်းနဲ့
 မြောက်ကိုရီးယားက ဘာအတွက် ခုလို ပစ်လွှတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အကြောင်း  တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

မြောက်ကိုးရီးယားဘက်က နည်းပညာစမ်းသတ်မှု အနေနဲ့ အခုလို တာတိုပစ် ဒုံးလက်နက်တွေကို ပုံမှန်လို ပစ်လွှတ်စမ်းသပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတကြိမ်ပစ်လွှတ်စမ်းသပ်မှုကတော့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်နေချိန်မှာ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

VOA
တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ
Saturday, May 18, 2013

ဘာစီလိုနာ အသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့် အဲလက်စ်ဆောင်းတို့သည် အသင်း လာလီဂါ ချန်ပီယံဆုနှင့် အတူ ပရိသတ်များ ရှေ့မှောက် မြို့တွင်း လှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။
ယင်းမြင်ကွင်းကြောင့် ဘာစီလိုနာ အသင်းမှာ ပရိသတ်များ ရှေ့မှောက်တွင် အရှက်ရစေခဲ့သည်။ အဆိုပါ မြင်ကွင်းကို ဓါတ်ပုံမှတ်တမ်းများက ဖော်ပြရာတွင် ပီကေးနှင့် အဲလက်စ်ဆောင်းတို့မှာ တစ်ဦးနှင့် တစ်ဦး ကျီစားရာမှ စတင်ကာ အချင်းများခဲ့ကြပြီး အသင်းခေါင်းဆောင် ပူယိုးလ်နှင့် ဂိုးသမား ဗဲလ်ဒက်စ်တို့ကပင် မနည်း ဖျန်ဖြေခဲ့ရကြောင်း သိရသည်။ နောက်ထပ် ရုပ်သံပြကွက်များ အရ ဘာစီလိုနာ အသင်းမှ ကစားသမားများမှ ချန်ပီယံ အောင်ပွဲခံနေစဉ် ဘတ်စ်ကားပေါ်တွင် အရက်မူးနေကြဟန် ရှိပြီး ရဲများမှာ လမ်းမများမှာ ပုလင်းခွံများကို လိုက်ကောက်နေရခဲ့ကြောင်း ပါရှိလာခဲ့သည်။
ဘာစီလိုနာ အသင်းသည် အသင်းနှစ်ပတ်လည် ညစာစားပွဲကို လွန်ခဲ့သည့် ညက ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် အဲလက်စ်ဆောင်းမှ လွဲ၍ အသင်းမှ ကစားသမားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အဲလက်စ်ဆောင်းသည် ယခုရာသီ သြဂုတ်လတွင် ဘာစီလိုနာသို့ အာဆင်နယ်မှ ရောက်လာခဲ့ပြီးနောက် အသင်းအတွက် ၁၉ ပွဲ ပါဝင် ကစားခဲ့သူ ဖြစ်သော်လည်း အသင်းတွင် ဇာဗီ ၊ ဘတ်စ်ကွတ်နှင့် ဖာဘရီဂတ်စ် စသည့် ကွင်းလယ်လူများ ရှိနေ၍ ရုန်းကန်နေခဲ့သည်။

http://www.yatanarpon.com.mm/sports/
ဘာစီလိုနာအသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့်အဲလက်စ်ဆောင်းတို့သည် အသင်းလာလီဂါ ချန်ပီယံဆုနှင့်အတူ ပရိသတ်များ ရှေ့မှောက်မြို့တွင်းလှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန်စီစဉ်



Photo: ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန်စီစဉ်

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ်ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှစတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်အနီး)၊ ဗိုလ်တထောင်ဘုရား (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင် လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်း) စသည့်နေရာများတွင် ပြုလုပ်ပေးခဲ့ပြီး လက်ရှိကုန်သည်လမ်းနှင့် အနော်ရထာလမ်းတို့တွင် ထပ်မံပြုလုပ်နေကြောင်း၊ ရန်ကုန်မြို့တွင်း ကားပါကင် မရှိခြင်းကြောင့် ကားလမ်းမများပေါ်တွင် ယာဉ်များစည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း မရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော် အချို့ယာဉ်များမှာ ကားပါကင် ပြုလုပ်ပေးထားသော်လည်း ကားပါကင်၌ မရပ်နားဘဲ လမ်းမပေါ်တွင်သာ ရပ်တန့်ထားမှု အချို့ကို တွေ့နေရကြောင်း၊ ထို့အတွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ငွေဖြင့် အရေးယူခြင်းအပြင် ကရိန်းဖြင့်မယူ၍ ရှင်းလင်းခြင်းများလည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

''အခမဲ့ရပ်နားနိုင်တဲ့ ကားပါကင်တွေ လုပ်ပေးထားတယ်။ ဒါပေမဲ့ ကားအချို့က အဲဒီနေရာမှာ မရပ်ကြဘူး။ လမ်းမပေါ်မှာပဲ ရပ်ကြတယ်။ သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေရာမှာ ဈေးသည်အချို့ ဈေးရောင်းနေလို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလို ရှင်းလင်းပြီးပေမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်အချို့
ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ် ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မူဆယ်မြို့ အားကစားရုံ အနီး ထောင်ထားသော ကြီးကြပ်မိုင်း တစ်လုံးအား ရှင်းလင်း သိမ်းဆည်းရမိ

မူဆယ်မြို့၊  ခရစ်ယာန် ရပ်ကွက်ရှိ၊ မိုးလုံလေလုံ အားကစားရုံ၏  အရှေ့ဘက် အုတ်နံရံ အနီးတွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် ပစ္စည်းတစ်ခု တွေ့ရှိရကြောင်း သတင်းအရ တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ရာ ရှေ့ထွက်မိုင်း အမျိုးအစား ကြီးကြပ်မိုင်း တစ်လုံးအား ပန်ကာ လည်ပတ်ခြင်းဖြင့် ပေါက်ကွဲနိုင်အောင် ပြုလုပ် ထားကြောင်း တွေ့ရှိရ သဖြင့် တာဝန်ရှိသူ များမှ ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်

 Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်
Saturday, May 18, 2013

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို



Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို 
Saturday, May 18, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။ 

VOA
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိ ကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိ ကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု

Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု 
Saturday, May 18, 2013

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။ 

VOA
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။

မအူပင်မှာ သိမ်းယူ ထားတဲ့ လယ် ယာမြေတွေ ပြန်ပေးမည်


Photo: မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်
Saturday, May 18, 2013

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့  ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

RFA

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ အနီး ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ၇ လောင်း ထပ်မံ တွေ့ရှိ

 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်

ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။

အိမ် မပြန်နိုင်သေး သူ ၆၀၀ အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဂရုဏာမြန်မာ မှ ဆန်များ သွားရောက် လှူဒါန်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

EQ လား IQ လား

EQ လား IQ လား





လူတစ်ယောက်၏ အောင်မြင်မှု ရရန်အတွက် လိုအပ်ချက်မှာ ဦးနှောက် ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည် အဆင့်အတန်း (IQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ် ပြောကြား ခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ) ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဒေါ သ ကို ချစ်ခြင်းမေတ္တာ နဲ့ ဘယ်လို အစားထိုး မလဲ

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ 







ကျွန်မတို့ အားလုံး တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။ အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင် က ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။ ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့် ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး နိုင်ဖို့ အောက်ပါ အဆင့်တွေကို လိုက်နာ သင့်ပါတယ်။

ဆေး ဝါး များ မှီဝဲရာ တွင် လိုက်နာ သင့်သော ညွှန်ကြား ချက်များ

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ 





 အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ 





မျက်ကပ်မှန်ကို အကြောင်း အမျိုးမျိုးကြောင့် တပ်ဆင်တတ် ကြပါတယ်။ မျက်မှန်ပါဝါ ရှိလို့ ဖြစ်စေ၊ မျက်လုံး အရောင်လှ ချင်လို့ ဖြစ်စေ တပ်ဆင်တတ်ကြပါတယ်။ မျက်လုံးဟာခန္ဓာကိုယ်ရဲ့ အနုညံ့ဆုံးနဲ့ အထိခိုက် မခံတဲ့ အစိတ်အပိုင်းပဲ ဖြစ်တာကြောင့် မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့မှု ရရှိမယ့် မျက်ကပ်မှန် တပ်ဆင်မှုကို သတိထားဖို့ အထူးလိုအပ်ပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေကို လေ့လာ ကြည့်ပါ။ 

ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ

programmer 
အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။

တကယ့် အမွှာ

 Photo: တကယ့်အမွှာ
Saturday, May 18, 2013

မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...

သူတို့နှစ်ယောက်စလုံးဟာ အရပ် ၆ ပေစီမြင့်ပြီး ကိုယ်အလေးချိန် ၁၈၀ ပေါင်စီ အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျရှိကြပါတယ်... ဒါပေမဲ့ ဒီထက်မကတူညီတဲ့အချက်တွေရှိကြပါသေးတယ်... ယှက်နွယ်နေတဲ့ဘဝများ (Entwined Lives) စာအုပ်ရေးသားသူ Nancy Segal ဟာ သူတို့ရဲ့ တူညီတဲ့အချက်တွေကို အောက်မှာဖော်ပြ ထားတဲ့အတိုင်း စာရင်းပြုစုထားပါတယ်...

၁) လူငယ်ဘဝတုန်းက Jim နှစ်ယောက်စလုံးမှာ Toy လို့ အမည်ရတဲ့ ခွေးတစ်ကောင်စီရှိကြပါတယ်...

၂) Jim နှစ်ယောက်လုံးဟာ အိမ်ထောင်နှစ်ကြိမ်ပြုခဲ့ကြပြီး ပထမဇနီးနှစ်ယောက်လုံးဟာ Linda လို့ အမည်ရပြီး ဒုတိယဇနီးနှစ်ယောက်လုံးကတော့ Betty လို့အမည်ရပါတယ်...

၃) နှစ်ယောက်စလုံးမှာ James Allan လို့ အမည်ရတဲ့ သားတစ်ယောက်စီ ရှိကြပါတယ်...

၎) မိသားစုအားလပ်ခရီးထွက်တဲ့အခါ Jim နှစ်ယောက်စလုံးဟာ Florida မှာရှိတဲ့ Pas Grille ကမ်းခြေကို အပြာနုရောင် Chevrolet ကားနဲ့ မောင်းသွားလေ့ရှိကြပါတယ်...

၅) Jim နှစ်ယောက်စလုံးဟာ Salem စီးကရက်ကိုသောက်ကြပြီး Miller Lite ဘီယာကို သောက်ကြသူတွေဖြစ်ပါတယ်...

၆) Jim နှစ်ယောက်စလုံးဟာ နယ်ထိန်းအရာရှိအဖြစ် အချိန်ပိုင်းအလုပ်ကို တစ်ကြိမ်စီလုပ်ဖူးကြပါတယ်...

၇) နှစ်ယောက်စလုံးဟာ လက်သည်းကိုက်တတ်ကြပြီး ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိသူများ ဖြစ်ကြပါတယ်....


Ref: Fun Facts
နှိုင်းရင့်နွေ
မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...