Thursday, February 27, 2014

ထိုင်းအသံလွှင့်ဌာန PBS ဗုံးဖြင့် ပစ်ခတ်ခံရ

Photo: ထိုင်းအသံလွှင့်ဌာန PBS ဗုံးဖြင့် ပစ်ခတ်ခံရ
Thursday, February 27, 2014

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ အကြမ်းဖက်မှုတွေ တိုးလာနေစဉ် မနေ့ညဦးပိုင်းက လခ်စီခရိုင်မှာ ရှိတဲ့ ထိုင်းပြည်သူ့အသံလွှင့်ဌာန (ပီဘီအက်စ်) ကို ဗုံးသီးလောင်ချာနဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရပါတယ်။

လုံခြုံရေးကင်မရာကတော့ ပီဘီအက်စ်အသံလွှင့်ဌာနရဲ့ ယာဉ်ရပ်နားစခန်းမှာ ပေါက်ကွဲမှုဖြစ်ပုံကို ဖမ်းယူ ရရှိထားပါတယ်။

ရုပ်သံလွှင့်ဌာနကတော့ ပေါက်ကွဲမှုကြောင့် ကား ၃ စီး ပျက်စီးပြီး သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ ရဲက အစီရင်ခံပါတယ်။

ဗုံးသီး ၂ လုံးကို ထိုင်း ပီဘီအက်စ် ခြံဝင်းထဲမှာ တွေ့ရပြီး နောက်တလုံးကိုတော့ အနားက ဘန်ကောက်ရဲကလပ်ထဲမှာ တွေ့တယ်လို့ ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ ရဲကလပ်ကို လောလောဆယ်မှာ ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးဌာနအဖြစ် အစိုးရက သုံးနေတာပါ။

ဒီနေ့မှာတော့ ထိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ၀န်ကြီးချုပ် ယင်းလပ်ကို လျစ်လျူရှုမှု ပုဒ်မနဲ့ တရားစွဲဖို့ ရှိပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ အဆုံးသတ်မမြင်ရတဲ့ အကြမ်းဖက်မှု တွေကြောင့် တာဝန်ရှိသူ ၀န်ကြီးချုပ် ရာထူးက နုတ်ထွက်ရေး တောင်းဆိုထားပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ တရားရုံး ကြားနာပွဲကို မတက်ဘဲ သူ့ရဲ့တရားရေးအဖွဲ့ကို ကိုယ်စား စေလွှတ်ခဲ့ပါတယ်။

DVB
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ အကြမ်းဖက်မှုတွေ တိုးလာနေစဉ် မနေ့ညဦးပိုင်းက လခ်စီခရိုင်မှာ ရှိတဲ့ ထိုင်းပြည်သူ့အသံလွှင့်ဌာန (ပီဘီအက်စ်) ကို ဗုံးသီးလောင်ချာနဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရပါတယ်။

အိမ်ထောင်ကျသွားပေမဲ့ အခုထိ နေသားမကျသေးဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

Photo: အိမ်ထောင်ကျသွားပေမဲ့ အခုထိ နေသားမကျသေးဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
Thursday, February 27, 2014

ချစ်စရာအသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သလို သရုပ်ဆောင်ဘက်မှာလည်း ခြေလှမ်းမှန်မှန်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် လတ်တလော သူမရဲ့အနုပညာလှုပ်ရှားတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ  ‘အခုလတ်တလောကတော့ အကြွေးကျန်တဲ့Duet အခွေအတွက် အသံသွင်းဖို့ရယ်၊ နောက်တစ်ချို့ သီချင်းတွေ ကျန်တာ တီးဖို့ရယ် လုပ်နေတယ်။ ပြီးရင် မတ်လ၁၆ရက် နေ့မှာ ကိုရီးယားပွဲသွားမယ်။ ကိုရီးယားကနေပြန်လာမှ ကားရိုက်တွေပြန်စမယ်။ တစ်ကိုယ်တော်လိုက်ရှိုးလုပ်ဖို့လည်း ရှိပါတယ်။ ပထမတုန်းကတော့ မင်္ဂလာမဆောင်ခင်မှာ လိုက်ရှိုး လုပ်မလို့ပါပဲ။ မလုပ်ဖြစ်လိုက်ဘူး။ အားလုံး အေးဆေးဖြစ်သွားပြီဆိုတဲ့ အချိန်ကျမှ လုပ်ဖြစ်တော့မယ်။ အခုတော့ အလုပ်ကြွေးတွေ ကျန်နေသေးတယ်။ မတ်လ၂၃ရက်နေ့မှာ ကိုဘိုဆန်းလုပ်တဲ့ ရှိုးပွဲရှိမယ်။’လို့ သူက ပြောပါတယ်။

ခုချိန်မှာ အိမ်ထောင်ရှင်မ ဖြစ်သွားပြီဖြစ်တဲ့ ၀ိုင်းစုကို အိမ်မှုကိစ္စအတွက် ဘာတွေ တာဝန်ယူရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တော့ သူက‘အိမ်မှုကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ ချုပ်ချယ်ထားတာတွေမရှိပါဘူး။ ဘယ်အရာမှလည်း မချုပ်ချယ်ထားခဲ့ဘူးဆိုတော့ အရင်တိုင်းပါပဲ။ ဝိုင်းစု စိတ်တိုင်းကျနေလို့ရတယ်။ သူလည်း သူ့အလုပ်နဲ့သူ။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ပေါ့နော်။ တစ်ခါတစ်လေကျရင်လည်း ကိုယ့်ကိုကိုယ် အရင်အတိုင်းပဲ လို့ထင်ထားမိတယ်။ တစ်ချက်တစ်ချက်ကျရင် ငါအိမ်ထောင်သည်ပဲ၊ အိမ်ထောင်ကျသွားပြီပဲဆိုတဲ့ အဲဒီလိုဖီလင်မျိုးတော့ဖြစ်မိပါတယ်။ ဘယ်လိုပြောမလဲ နေသားတော့မကျသေးဘူးပေါ့နော်’တဲ့။

Trend Myanmar
ချစ်စရာအသံချိုချိုလေးနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သလို သရုပ်ဆောင်ဘက်မှာလည်း ခြေလှမ်းမှန်မှန်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေတဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခိုက် လတ်တလော သူမရဲ့အနုပညာလှုပ်ရှားတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခုလတ်တလောကတော့ အကြွေးကျန်တဲ့Duet အခွေအတွက် အသံသွင်းဖို့ရယ်၊ နောက်တစ်ချို့ သီချင်းတွေ ကျန်တာ တီးဖို့ရယ် လုပ်နေတယ်။ ပြီးရင် မတ်လ၁၆ရက် နေ့မှာ ကိုရီးယားပွဲသွားမယ်။ ကိုရီးယားကနေပြန်လာမှ ကားရိုက်တွေပြန်စမယ်။ တစ်ကိုယ်တော်လိုက်ရှိုးလုပ်ဖို့လည်း ရှိပါတယ်။ ပထမတုန်းကတော့ မင်္ဂလာမဆောင်ခင်မှာ လိုက်ရှိုး လုပ်မလို့ပါပဲ။ မလုပ်ဖြစ်လိုက်ဘူး။ အားလုံး အေးဆေးဖြစ်သွားပြီဆိုတဲ့ အချိန်ကျမှ လုပ်ဖြစ်တော့မယ်။ အခုတော့ အလုပ်ကြွေးတွေ ကျန်နေသေးတယ်။ မတ်လ၂၃ရက်နေ့မှာ ကိုဘိုဆန်းလုပ်တဲ့ ရှိုးပွဲရှိမယ်။’လို့ သူက ပြောပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအပေါ် တိုင်းရင်းသားများ၏ သဘောထားများသိနိုင်ရေးဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌနှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ

ပြည်လုံးကျွတ်သန်းခေါင်စာရင်း နှင့်ပတ်သက်ပြီး တိုင်းရင်းသား များ၏သဘောထားများကို သိရှိ နိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ UNFPA ကိုယ်စားလှယ်များ ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ Mount Pleasant ဟိုတယ်တွင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

စားဝတ်နေရေး ခက်ခဲလာ၍ ကမ်းဝေးငါးဖမ်း သင်္ဘောကြီးများကို ရခိုင်ရေလုပ်သားများ ဆန္ဒပြ

ပင်လယ်ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးများ ကမ်းနီးသို့တိုင် ဝင်ရောက် ငါးဖမ်းမှုကြောင့် တစ်ပိုင်တစ်နိုင် ရေလုပ်သားငယ် မိသားစုများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ တစ်ပိုင်တစ်နိုင် ရေလုပ်သားများက ဆန္ဒပြကြကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
Thursday, February 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။

“ဦးပဉ္ဇင်း အပါအ၀င် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။

တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘောမတူဟု အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြ ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာပါ” ဟု ဦးဝင်းတင်က ဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကို လက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ်သဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာမှုများရှိကြောင်း ဦးဝင်းတင် က ဆိုသည်။

“သူကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူး ဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက် ပွဲမှာ အနိုင်ရတာကို မလိုချင်ဘူး။ နိုင်ငံခြားသားတယောက်နဲ့ လက်ထပ်ခဲ့သူတယောက်ကို အာဏာ မရစေချင်ဘူး” ဟု ဦးဝင်းတင် က ပြော သည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည် က သမ္မတ တာဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေအထားမျိုး ဖြစ်စေလိုကြောင်း သူ့ကို ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ ဦးဝင်းတင်က ထိုသို့ သဘောမျိုး ဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLDက လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောပြ ခဲ့သည်ဟု လည်း ဆိုသည်။

“မြန်မာ့နိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ ဘုန်းတော်ကြီး တွေရဲ့ပါဝင်မှုကို အသိအမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်း တခု အတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူအားလုံး အကျိုးရှိဖို့က အရေးကြီးတယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူစလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မူစလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ပြောဆိုစွပ်စွဲခံရသူလည်း ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် ဆရာတော် တချို့က ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမျိုးဘာသာကို ကာကွယ်ကြရန် နှင့် မူစလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက် ကြရန် ဟောပြောတိုက်တွန်းခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော် များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်းအရောင်ကို အစွဲပြု၍ “ရွှေဝါရောင် တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

ဧရာဝတီ

ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ဦးဝီရသူကို ၂၀၁၃ ခုနှစ် ဇွန်လ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပသော အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆို လိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို
Thursday, February 27, 2014

သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည် ဟု ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့ ရှင်းပြခဲ့ကြောင်း၊ ယင်းဥပဒေများနှင့်ပတ်သက်၍ ပြဌာန်းရန် လိုလားနေသော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသော်လည်း ယင်းတို့၏ သဘောဆန္ဒကို ရယူခြင်း မရှိခဲ့ကြောင်း သိရသည်။

"သမ္မတ သ၀ဏ်လွှာ ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် ဆွေးနွေးညှိနှိုင်းခဲ့တယ် လို့ ကြားပါတယ်။ အဓိကအချက်ကတော့ ဒီဥပဒေလေးခု ပြဌာန်းရေးနဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ သဘောထားကို ရယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်စားလှယ်အတော်များများက ဒီဥပဒေတွေကို ပြဌာန်းစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေပေါ့။ ဥပဒေကြမ်းကော်တီကို လွှဲပြောင်းပေးပြီး လေ့လာသုံးသပ်တာတွေ မလုပ်တော့ဘဲ ဒီလို ဆုံးဖြတ်ပြီး သ၀ဏ်လွှာ ပေးပို့တာကတော့ နာယကကြီး ပြောပြောနေတဲ့ လွှတ်တော် ဆန္ဒ မဟုတ်နိုင်ဘူး လို့ ထင်ပါတယ်။ လွှတ်တော်သဘောထားကို ယူသင့်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ယူသင့်သလား ရှင်းနေပြီးသားပဲ" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

အလားတူ လွှတ်တော်သည် ပြည်သူများ၏ ဆန္ဒကို လေးစားရမည် ဖြစ်၍ ဤသို့ ယတိပြတ်ပယ်ချလိုက်ခြင်းကြောင့် လွှတ်တော်အပေါ် သံသယများ ဖြစ်လာနိုင်ကြောင်း၊ မပြီးပြတ်သေးသည့် အငြင်းပွားဖွယ်ရာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိစ္စလည်း ရှိနေသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ပြီး ဆုံးဖြတ်ချက် ချမည် ဆိုလျှင် လွှတ်တော်အစည်းအဝေး ကျင်းပနေသည်မှာ အဓိပ္ပါယ် မရှိတော့ဟု ယူဆနိုင်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွင်း မျိုးစောင့်ဥပဒေလေးခု ပြဌာန်းရေးအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ခြင်း ဟု ယူဆကြသူများ ရှိနေသလို နိုင်ငံအတွက် လိုအပ်ချက် ဟု မှတ်ယူထားကြသူများလည်း ရှိနေရာ ပြည်ထောင်စုလွှတ်တော် နာယက၏ လုပ်ဆောင်ချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း အထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုသည်။

"ဒီအချိန်မှာ သံသယတွေ ဖြစ်နေတာ ဘာသာပြောင်းခိုင်းတာတွေ၊ မိန်းမ အများကြီးယူနေတာတွေ၊ ကလေးတွေ မဟားဒရားမွေးနေတာတွေ၊ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့လို့ ပြည်သူတွေအကြားမှာ သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့ကတော့ ဒီ ဥပဒေလေးခု ပြဌာန်းဖို့ သဘောတူယ်။ ထောက်ခံတယ်။ ပြည်သူတွေထဲမှာလည်း အများစုက ဒီသဘောထားအတိုင်း ရှိနေတယ်။ အခု အရေးပေါ်အစည်းအဝေး ဆိုတာကလည်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်တဲ့ သီးသန့်အစည်းအဝေး ဆုံးဖြတ်ချက်ပဲ။ လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်မလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို ကြည့်မလား။ အဓိကအချက်က ဒါပါပဲ။ လွှတ်တော်က ပြဌာန်းချင်တဲ့ ဥပဒေတွေဆိုရင် ဘယ်သူကမှ တိုက်တွန်းစရာ မလိုဘဲ အားကြိုးမာန်တက် ရေးဆွဲနေတာ အားလုံး အသိပဲ။ ဒီဥပဒေလေးခုကျမှ အစိုးရနဲ့ တရားရုံးချုပ်က ရေးဆွဲသင့် တယ် ဆိုတာကတော့ သက်သက်မဲ့ ခေါင်းရှောင်တာပဲ လို့ မြင်တယ်" ဟု ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

"ကျွန်တော်တို့အတွက်တော့ ရှင်းသွားပါပြီ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ဆောင်ပုဒ်တွေ ထောင်မနေပါနဲ့။ လက်တွေ့ လုပ်ဆောင်ချက်တွေက အဖြေပေးသွားပါပြီ။ ကျွန်တော်တို့ နားလည်တာကတော့ ဒီဥပဒေလေးခု ပြဌာန်းပေးဖို့ ကျွန်တော်တို့ ရဟန်း ရှင်လူတွေက လက်မှတ်ရေးထိုး တောင်းဆိုတယ်။ သမ္မတလက်မှတ်ထိုးတဲ့ သ၀ဏ်လွှာနဲ့ လွှတ်တော်ကို ဆက်ပို့တယ် ဆိုတာက သမ္မတကိုယ်တိုင် ထောက်ခံလက်မှတ်ရေးထိုးတယ် လို့ ကျွန်တော်တို့က ယုံကြည်ထားတယ်။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုး ဘာသာ သာသနာအတွက် အားကိုးအားထား ပြုထိုက်ပါရဲ့လား မေးစရာ မလိုတော့ဘူး လို့ မြင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဥပဒေကြမ်းအထိ ပြုစုဖို့ သီတဂူဆရာတော် ဘုရားကြီး လမ်းညွှန်ထားတဲ့အတိုင်း တည်ဆဲဥပဒေတွေလေ့လာပြီး ဥပဒေကြမ်းတွေ ရေးသားပြုစုထားတာတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေကို အစိုးရဆီ ဆက်ပို့မယ်၊ အစိုးရက လိုအပ်တာပြင်ဆင်ပြီးရင် လွှတ်တော်ကို တင်မယ်။ ဒီလမ်းစဉ်အတိုင်း မဖြစ်ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားမယ်" အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ အထောက်အကူပြု ဥပဒေပညာရှင်တစ်ဦးက ပြောဆိုသည်။

"ဘုန်းကြီးတို့က ဥပဒေကြမ်းအဆင့်အထိ ပြင်ဆင်ထားပြီးသားပါ။ သီတဂူဆရာတော်ဘုရားကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ ပညာရှင်တွေ ကူညီပြီး လုပ်ပေးနေတာတွေ ရှိပါတယ်။ ဒါကို လွှတ်တော်ကို တင်ပြပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့လည်း ရှိပြီးသားပါ။ အခုအခြေအနေအတိုင်း ဆိုရင်တော့ လွှတ်တော်က ဘုန်းကြီးတို့ ဆန္ဒ သဘောထားကို ပယ်ချလိုက်တာပေါ့။ ဒါဆိုရင်လည်း သမ္မတနဲ့ အစိုးရဘက်က တင်ပြနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။ လွှတ်တော်က ဘုန်းကြီးတို့ကို လျှော့တွက်လွန်းတယ် ထင်ပါတယ်" ဟု အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

"ကျွန်တော့်အမြင် ပြောရရင် လွှတ်တော်က ခေါင်းရှောင်လိုက်တာပဲ။ အမျိုးသားရေးကို ကျောခိုင်းလိုက်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုးကွယ်တဲ့ ဘာသာ ကူးပြောင်းမှုက စင်္ကာပူလိုနိုင်ငံတွေမှာ ရှိတယ်။ အစ္စလာမ္မစ်နိုင်ငံတွေ မှာ ရှိတယ်။ သူ့နိုင်ငံလိုအပ်ချက်အရ သူ ပြဌာန်းရတာ။ ဒီကိစ္စဟာ ပြည်သူတွေကြားထဲမှာ အတင်းအကျပ် ဘာသာပြောင်းခိုင်းတာတွေ ရှိခဲ့တယ်။ ဒီလို အတင်းအကျပ် မပြောင်းနိုင်အောင် ဥပဒေနဲ့ ကာကွယ်တားဆီးရမယ်။ ဒါဆို ပြည်သူတွေလည်း စိတ်အေးချမ်းသွားမယ်။ ဒါဆိုရင် ပဋိပက္ခဖြစ်စေမယ့် အကြောင်းရင်းတစ်ခု လျော့သွားမယ်။ ဒါက ပထမအချက်။ ဒုတိယဥပဒေ ဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ဒါကလည်း ရှိပြီး သား ဥပဒေကို နည်းနည်းလေး ပြန်သုံးသပ် ပြင်ဆင်လိုက်ရင် ပြီးသွားပြီ။ လက်ထပ်ထိမ်းမြားတဲ့အခါ စင်္ကာပူမှာဆိုရင် သီးသန့် တရားရုံးတွေ ထားပြီး လက်ထပ်ရတာမျိုး ရှိတယ်။ ဒီနိုင်ငံမှာ ဘယ်ဟာမျိုးနဲ့ သင့်တော်မလဲ။ ဒါကိုလည်း ဆွေးနွေးပြီး ပြင်ဆင်ချက် လုပ်ဖို့ပဲ လိုတယ်။ တတိယ ဥပဒေက ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီးသား။ မြန်မာနိုင်ငံသားတွေဟာ တစ်လင်တစ်မယား စနစ်ပဲ ကျင့်သုံးနေကြတာ။ ဒါကိုလည်း ဥပဒေအရ ပြန်ပြီး တရားဝင် လုပ်တဲ့ သဘောပဲ။ လက်မခံနိုင်စရာ မကြောင်းမရှိဘူး။ နောက်ဆုံးဥပဒေကလည်း ဒီကနေ့ နိုင်ငံတကာကျန်းမာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ တွန်းအားပေး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ပဲ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ လူဦးရေ တိုးပွားနှုန်းထိန်းသိမ်းရေးဟာ အဓိက ဆက်စပ်နေတယ်။ ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ ဥပဒေနဲ့အညီ ထိန်းသိမ်းဖို့ လိုတယ် လို့ ကျွန်တော်တို့က ရှုမြင်တယ်။ ဒါကြောင့် လွှတ်တော်က ပယ်ချလိုက်တာဟာ အမျိုးသားရေးကို လျစ်လျူရှုလိုက်တဲ့ သဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ၄င်း၏အမြင်ကို ပြောကြားသည်။

"ပြည်ထောင်စုလွှတ်တော် နာယက သ၀ဏ်လွှာမှာ ပါတဲ့ လူသားအရေး ဆိုတာ ဘာလဲ။ စကားကို လှည့်ထားတာ။ လူ့အခွင့်အရေးကို ပြောချင်တာ။ လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတဲ့ အနေအထားမှာ လွှတ်တော်က လူ့အခွင့်အရေးကို ဦးစားပေးလိုက်တာပါပဲ။ ကျွန်တော်တို့ကတော့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင် သွားမှာပါ" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းနိုင်ရေး သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယကက ပယ်ချလိုက်ခြင်း ဖြစ်သည်။

P-74990426
ပြည်သူ့အာဏာ
သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြ ည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုယိုတာ ကားပြခန်း လာဖွင့်မည်

Photo: တိုယိုတာ ကားပြခန်း လာဖွင့်မည်
Thursday, February 27, 2014

အခု မတ်လအတွင်း ဂျပန် တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မှာ ကားပြခန်း တခု လာရောက်ဖွင့်လှစ် ရောင်းချမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။

ကားဝယ်ယူမှု တိုးပွားလာတဲ့ မြန်မာနိုင်ငံမှာ တရုတ်၊ ကိုးရီးယား၊ အမေရိကန် နဲ့ ဂျပန် အမှတ်တံဆိပ်ပေါင်းစုံ ရောက်ရှိနေပြီး မြန်မာလူမျိုးတွေ အများဆုံး အသုံးပြုနေတဲ့ ဂျပန် တိုယိုတာ ကားကုမ္ပဏီက အခုနောက်ဆုံး ၀င်ရောက်လာတာ ဖြစ်ပါတယ်။

တိုယိုတာ ကုမ္ပဏီဟာ ဟိုင်းလက် ပစ်ကပ် ထရပ်စ်ကားငယ်တွေ၊ လင်ခရူဆာ ပရာဒိုကားတွေကို တင်သွင်းပြသ ရောင်းချမယ်လို့ သိရပါတယ်။

အကောက်အခွန်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ အစိုးရသစ် တက်လာပြီး ၃ နှစ်နီးပါးအတွင်း နိုင်ငံခြားကနေ ကားစီးရေ စုစုပေါင်း နှစ်သိန်းခြောက်သောင်းကျော် တင်သွင်းခဲ့ပြီး အများစုဟာ ဂျပန် တပတ်ရစ်ကားတွေ ဖြစ်ကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ဂျပန် နီဆန်း ကုမ္ပဏီ နဲ့ ကိုရီးယား Sang yong ကုမ္ပဏီ အရောင်းပြခန်းတွေ ဖွင့်လှစ်ခဲ့ပါသေးတယ်။

DVB

ထိုင်းနိုင်ငံရှိ တိုယိုတာ ကားပြခန်း အား တွေ့မြင်ရစဉ်
အခု မတ်လအတွင်း ဂျပန် တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မှာ ကားပြခန်း တခု လာရောက်ဖွင့်လှစ် ရောင်းချမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။

နိုင်ငံတစ်ဝန်း လစ်လပ်နေသော သားဖွားဆရာမများကို ယခုနှစ်အပြီးခန့်မည်

အကြောင်းအရင်း အမျိုးမျိုးကြောင့် လက်ရှိရာထူးမှ ရွှေ့ဆိုင်းခံရသော သားဖွားဆရာမများ၏ လစ်လပ် နေရာများကို ၂၀၁၄ ခုနှစ်တွင် အစားထိုး ခန့်အပ်မှု အပြီးသတ် ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့

မန္တလေးမြို့တွင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူခြင်း အခမ်းအနားအား တွေ့ရစဉ် 

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။