Saturday, September 7, 2013

နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ် အခန်းခများ နှစ်နှစ်အတွင်း သုံးဆတက်

8.1.1
ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ဖူးမြော် လေ့လာနေသော နိုင်ငံခြား ခရီးသွားဧည့်သည်များကို တွေ့ရစဉ်
နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ်အခန်း ခသည် နှစ်နှစ်အတွင်း သုံးဆတက်ခဲ့ကြောင်း ထိုင်းအခြေစိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းဌာန TTR Weekly ၏ ဖော်ပြချက်အရ သတင်းရရှိသည်။

အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ သတ်မှတ်မည့်အပေါ် လူအများက ဝေဖန်ကြ

8.1.1
 ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသည်လိုင်းကား စောင့်နေသူများကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည်

8.1.1
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်တွင် တည်ဆောက်နေသော ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

8.1.1
စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

8.1.1
Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)
မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။