Tuesday, January 26, 2016

အာဖဂန် အခြေစိုက် အိုင်အက်စ်တို့ကို ချေမှုန်းသွားမည်ဟု သမ္မတဂန်နီ ကြိမ်းဝါး

၎င်း၏ နိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့ ခြေကုပ်မြဲမြဲ မရမီ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟု အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီက ပြောကြားလိုက်သည်။
ဂန်နီက ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ကြီးထွားလာရန် တာဆူနေသည့် အိုင်အက်စ်တို့ကို အပြီးတိုင် မြေမြှုပ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည်။

အရှေ့အာရှ အအေးလှိုင်းကြောင့် တရုတ်ထိုင်ပေတွင် လူ ၈၅ ဦးထက်မနည်း သေဆုံး

အရှေ့အာရှဒေသ အအေးလှိုင်းဖြတ်မှုကြောင့် တရုတ်ထိုင်ပေတွင် အနည်းဆုံး လူ ၈၅ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။တရုတ်ထိုင်ပေ မီဒီယာများက ပြီးခဲ့သည့် သီိတင်းပတ်ကုန်မှစ၍ အပူချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း၊ နှလုံးဖောက်ပြန်ခြင်းများဖြစ်ပေါ်ကာ လူအများစု သေဆုံးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ထိုအချိန်တွင် တောင်ကိုရီးယား၌လည်း နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် ၆၀၀၀၀ ကျော် သောင်တင်ပိတ်မိနေသည်။

ဘိန်းခင်းဖျက်သည့်အဖွဲ့နှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှုဖြစ်ပွားပြီးနောက် ဘိန်းခင်းဖျက်ရန်သဘောတူ

ဘိန်းခင်းဖျက်ဆီးရန် သွားရောက်သည့် အဖွဲ့များနှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှု ဖြစ်ပွားသောကြောင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဦး ဆောင်ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဘိန်း ခင်းဖျက်ဆီးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကချင်ပြည်နယ် အထူးဒေသ(၁) တွင် ပါဝင်သော ဆဒုံးမြို့ နယ်နှင့် ချီဖွေမြို့နယ်ကြား ရှမ်း ကျူးကျေးရွာမှ ဘိန်းခင်းများအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျက် ဆီးမည့် အစီအစဉ်ကို ဒေသခံ ဘိန်းခင်းပိုင်ရှင်များက တားဆီး ရာမှ တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရဖွဲ့စည်းရေးနှင့် အရေးကြီးကိစ္စရပ်များဆွေးနွေး

ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဘုရင့်နောင်ရိပ်သာ တွင် ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing'S FB)
လွှတ်တော်သစ် စတင်ရန် ခြောက်ရက်အလိုတွင် ပြုံးပြုံးရွှင်ရွှင်တွေ့ ဆုံခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့သည် အစိုးရ ဖွဲ့စည်းရေး၊ အကူးအပြောင်း တည်ငြိမ်ရေး တို့အပါအ၀င် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။