Sunday, May 19, 2013

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ

တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ
Sunday, May 19, 2013

တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ် အတင်း အဓမ္မ နေခိုင်း ခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

နယူးယော့ခ်မြို့၊ ကွင်းတရားရုံးတွင် မေလ ၁၇ ရက်နေ့က ရုံးတော်ဖွင့်လှစ် သည်နှင့် ယင်းအ မှုကိုကြား နာခဲ့ ကြောင်း၊ တရာရုံး သို့ စိတ်မကောင်းသဖြင့် ငိုကြွေးနေသည့်မိခင်နှင့် သူမ၏ ညီမဖြစ်သူ တို့ရောက် လာကြပြီး အမှု ရင်ဆိုင်ကြကြောင်း ဒေသတွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မိခင်ဖြစ်သူ အန်နာ လိုပက်ဇ်က တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် သူမသည် အသက် ၁၅ နှစ်အ ရွယ် သမီးဖြစ်သူကို နယူးယော့ခ်မြို့သို့ ညီမဖြစ်သူနှင့် တရားမဝင်ထည့်ပေးလိုက်ကြောင်း၊ သမီးကို သူမ အနေဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးမြူထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် ထိုသို့ ထည့်ပေး လိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

သမီးကို နယူးယော့ခ်တွင်နေထိုင်သည့် ညီမဖြစ်သူ အိန်ဂျလီကာ မင်စီရာ့က မိမိတို့နှင့် အတူ ထားပြီး ကောင်း မွန် သော ဘဝတစ်ခုရောက်အောင် ထူထောင်ပေး မည်ဟု ဆိုကာ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ် သည်။ သို့သော် မင်စီရာ့စ်သည် တူမကို အမေရိကန်သို့ခေါ်လာသော်လည်း မတော်မတရား ခိုင်းစေ ခဲ့ခြင်းကြောင့် တရားရုံးမှ ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်ပေးပါရန် အန်နာကလျှောက်ထားခဲ့သည်။

ရှေ့နေများ လျှောက်လဲချက်အရ ၂၀၁၀ သြဂုတ်လတွင် လိုပက်ဇ်သည် အယ်လ် ဆာဗေးဒိုးနိုင်ငံမှ သမီးဖြစ် သူကို ညီမနှင့် အတူထည့် လိုက်သောကြောင့် အမေရိကန်သို့ရောက်လာကြောင်း၊ တရား မဝင် နိုင်ငံ ဝင်ခွင့် ရရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ တူမဖြစ်သူကို သူတို့နေထိုင်သည့် ရစ်ခ်ျမွန်ဟေးလ်သို့ခေါ်လာကြောင်း၊ အိမ်တွင် သူမ၏ ခင်ပွန်း အသက် ၃၈ နှစ်အရွယ်ရှိ ဂျာဗီးယားက တူမကို မုဒိမ်းကျင့်ခြင်းအား အသက် ၅၈ နှစ်အ ရွယ် အိန်ဂျလီကာက ထိုင်ကြည့်နေကြောင်း၊ ထို့ပြင် တူမကိုလည်း ဘီယာနှင့် အရက်များ အတင်း တိုက်ကြောင်း ထွက်ဆိုသွားခဲ့သည်။

ယခုလအစော ပိုင်းတွင်လည်း အဒေါ်ဖြစ်သူက တူမကို သူမကိုယ်စား ခင်ပွန်းဖြစ်သူနှင့် အတူ အိပ်ပေးရန် တောင်း ဆိုခဲ့သည်။ သူမကိုခေါ်လာစဉ်ကတည်းက ပညာသင်ပေးရန် ကတိပေးခဲ့သဖြင့် ပညာ သင်ကြားပေး ရန် တောင်း ဆိုသော်လည်း အဒေါ်ဖြစ်သူက ငြင်းဆန်ပြီး အတင်းအဓမ္မခင်ပွန်းနှင့် အိပ်ခိုင်း သဖြင့် ထွက်ပြေးကာ ရဲများကို အကူအညီတောင်းခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန်ဂျလီနှင့် ခင်ပွန်းဖြစ်သူတို့သည် မုဒိမ်းမှု၊ အဓမ္မလိင်ကျွန်အဖြစ်စေခိုင်းမှု၊ ကလေးသူငယ်ဆိုင်ရာ မတော်မ တရားပြုကျင့် မှုများဖြင့် တရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန်ရှိပြီး ထောင်ဒဏ် ၂၅ နှစ်ခန့် ကျခံရဖွယ်ရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

မောက္ခ
တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြစ်အတင်း အဓမ္မ နေခိုင်းခဲ့သည့်ဖြစ်ရပ် တစ်ခု အမေရိ ကန် .ပြည်ထောင်စု နယူးယော့ခ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ပရီးမီးယားလိဂ် နောက်ဆုံးပိတ် ပွဲတွေ ကန်တော့မယ်

ပရီးမီးယားလိဂ် နောက်ဆုံးပိတ် ပွဲတွေ ကန်တော့မယ်

မကြာခင် နာရီပိုင်းမှာ ၂၀၁၂ ၂၀၁၃ ဘောလုံး ရာသီ အတွက် အင်္ဂလန် ပရီးမီယား လိဂ် နောက်ဆုံးပိတ် ပွဲတွေကို ကစားကြ တော့မှာ ဖြစ်ပါတယ်။

ချန်ပီယံ မန်ယူကတော့ ဝက်စ်ဘရောင်းဝစ်ခ်ျ နဲ့ အဝေးကွင်း ကန်ရ မှာ ဖြစ်ပါတယ်။

ကျန်တဲ့ ထိပ်သီ အသင်းတွေ ထဲမှာ မန်စီတီးဟာ အိမ်ကွင်းမှာ နော်ဝစ်ခ်ျကို လက်ခံ ကစားမှာ ဖြစ်သလို ၊ ချယ်ဆီး ကလည်း အိမ်ကွင်းမှာပဲ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

အာဆယ်နယ် ကတော့ နယူးကာဆယ်လ်နဲ့ အဝေးကွင်းပါ။ အက်ဖ်အေ ဖလား ချန်ပီယံ ဝစ်ဂန်နဲ့ ရဲဒင်း၊ ကျူပီအာ တို့ ကတော့ အောက်တန်း ဆင်းကြ ရတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံး ပိတ် ပွဲစဉ်များ

Chelsea ? - ? Everton
Liverpool ? - ? Queens Park R.
Manchester C. ? - ? Norwich C.
Newcastle U. ? - ? Arsenal
Southampton ? - ? Stoke C.
Swansea C. ? - ? Fulham
Tottenham H. ? - ? Sunderland
West Bromwich A. ? - ? Manchester U.
West Ham U. ? - ? Reading
Wigan Athletic ? - ? Aston Villa

Ref: BBC Burmese

မကြာခင်နာရီပိုင်းမှာ ၂၀၁၂ ၂၀၁၃ ဘောလုံး ရာသီ အတွက် အင်္ဂလန် ပရီးမီယား လိဂ် နောက်ဆုံးပိတ် ပွဲတွေကို ကစားကြ တော့မှာ ဖြစ်ပါတယ်။

ဝ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော

Photo: ၀ တပ် ဖွဲ့  မြန်မာ ပြည်ထဲ မှ ခွဲ ထွက် ဖို့  ကြံစည် နေ ပြီ လော
Sunday, May 19, 2013

တရုတ်အစိုးရ၏ ကျောထောက် နောက်ခံ ဖြင့် စစ်လက်နက်မျိုးစုံ နှင့်
သံချပ်ကာ ကား ၊ အမြောက် လက်နက်မျိုးစုံတို့ ကို တရုတ် ပြည်မှ
မှာယူတင်သွင်း နေသည့် UWSA ခေါ် ၀တပ်ဖွဲ့ သည် မြန်မာ နိုင်ငံတွင်း
မှ ခွဲထွက် ပြီး ကိုယ်ပိုင် နိုင်ငံထူ ထောင်ရန် စီစဉ် နေသည်ဟု ရန်ကုန်
နှင့် ထိုင်းအခြေစိုက် အနောက်တိုင်း သံတမန်များက ခန့် မှန်းကြသည်။

ပေါက်ယူချမ်း ၏ သား ဖြစ်သူ ပေါက် အိုက်ပန်း က အရေးပါသည့် အမှတ်
၄၈၁ တပ်၏ တပ်မှုး ဖြစ်လာ ပြီး နောက် ၎င်း၏ စစ်ရေးနယ် မြေအတွင်း
မြန်မာတပ်ဖွဲ့ များ လာရောက်ခွင့်မပြု တော့ဘဲ စစ်အင်အားကိုလည်း တိုးချဲ့ 
တည်ဆောက် လာခဲ့သည်။

UWSA ဌာနချုပ် ပန်ဆိုင်း ကိုယ်တိုင်းလည်း ၂၀၁၁ ခုနှစ်အတွင်း စစ်ရေး
အသုံးစရိတ် များ ကို ဒေါ်လာ ခြောက် သန်း ကျော် တိုး မြှင့် သုံး စွဲ ခဲ့ ပြီး
လက် နက်များကို တရုတ် နှင့် လာအို ၊ ထိုင်းလက်နက်ပွဲစား တို့ ထံမှ
ဝယ်ယူမှု ပြုခဲ့သည်။

လက်ရှိ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် ရှမ်း ပြည်နယ် တြိဂံ ဒေသ
တိုင်း စစ်ဌာနချုပ်၏ တိုင်းမှုးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က ၀ တပ်ဖွဲ့ ၏
ခေါင်း ဆောင်ပိုင်း နှင့် ရင်း နှီးခဲ့ ပြီး ၀ တပ်ဖွဲ့ ကိုအထူးအခွင့်အရေးများ ပေး
ခဲ့သည်ဟု ကြိဂံ ဒေသတိုင်းအရာရှိများက ပြောသည်။

မေလ ပထမပတ်ထုတ် ဂျိန်း အပတ်စဉ်ကာကွယ် ရေးစာစောင်ဉ်လည်း
ဝ တပ်ဖွဲ့ သည် တရုတ် နိုင်ငံမှ ဒုံးလက်နက်များပါသည့် ရဟတ်ယာဉ်များ
ကို ၀ယ်ယူခဲ့သည်ဟု ဖော်ပြထာသည်။ ၀ တပ်ဖွဲ့ က တော့ ထိုသတင်းကို
ငြင်းဆိုခဲ့သည်။

မည်သို့ ပင် ဖြစ် စေ ၀ နယ် မြေ နှင့် ပန်းဆန်းကို ဆက်သွယ် ဖောက်လုပ်
ထားသည့် လမ်းများမှာမူ စစ်ရေး ထောက်ပံ့ ပို့  ဆောင်မှုအတွက်ရည်ရွယ်
ချက်ရှိရှိ ဖောက်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါ လမ်းများတွင် တင့် ကား
စသည့် ယာဉ်များပါ အနည်းဆုံးတော့ နှစ်စီး ယှဉ်ပြီး မောင်းနှင်နိုင်သည်ဟု
ပန်ဆန်းသို့  ရောက်ခဲ့သည် နိုင်ငံခြားသား သတင်းထောက်တစ်ဦးက
ပြောသည်။

စစ်ရေးအရ မဟာဗျူဟာ ကျသည့် ထိုလမ်းများ ဖောက်လုပ်ရာတွင်
ဝတပ်ဖွဲ့ က ယွမ် ငွေ သန်း ထောင်ချီသုံးခဲ့ ပြီး တရုတ်အင်ဂျင်နီယာများ
အသုံးပြုခဲ့သည်။

ဒီလမ်း ဖောက် ပြီး တော့ မှ တရုတ်က နေ စစ်လက် နက် တွေ ကွန် တိန်နာ
တွေ နဲ့  ပို့ ခဲ့ တာ လေ ဟု ပန်ဆန်း ရောက် သတင်း ထောက် က ပြောသည်။

မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ၀ ဆိုသည့် နာမည်ကို ကြားဖူးသည်မှာ ဆယ်
စုနှစ်ပင် လက်ငါး ချောင်းမပြည့် တတ် သေး သော်လည်း ဘိန်းစိုက်ပျိုးမှု
နှင့် တရုတ်၏ ဖေးမမှု ကြောင့် အင်အား တောင့်တင်းလာခဲ့သည်။

ဝ ပြည်သည် မြန်မာ နိုင်ငံတွင်းဉ် ရှိသည်ဟု ပြောလျှင်ပင် ဘုရားစူး မိုး
ကြိုးပစ် မယုံချင် လောက် အောင် တရုတ်ပြည်နှင့်တူ နေသည်။တရုတ်၏
ပြည်နယ်တစ်ခုပမာပင် တရုတ်ဘုံကျောင်းများ ၊ ယွမ်ငွေသုံးစွဲ နိုင်မှု ၊ တရုတ်
လုပ်ပစ္စည်းများ နှင့် တရုတ်ယဉ်ကျေးမှု အငွေ့ အသက်များက လွှမ်းမိုးထား
သည်။

တရုတ်က ၀ ပြည်ကို အကာအကွယ်ပေးရင် မြန်မာကိုစစ်ရေး နိုင်ငံရေး
လွှမ်းမိုးထား နိုင်ရန် ကြားခံဇုန်အဖြစ် ပြုလုပ်ထားလိုပုံမှာ ပေါ်လွင်သည်ဟု
နိုင်ငံတကာသတင်းစာများက ရေးသားသည်။

ဝ တပ်ဖွဲတွင် အရေးပါ အရာ ရောက်ဆုံး ဖြစ်သည့် ဝေရှောက်ခန် သည် တရုတ်ပြည် ယူနန် ပြည်နယ်သား ဖြစ် ပြီး ဘိန်းဘုရင် ခွန်ဆာ ၏ ဘဏ္ဍာစိုး လက်ရင်းတပည့်အဖြစ် တာဝန်ထမ်းဆောင်ကာ ၁၉၈၀ ပြည့်လွန် နှစ်များ တွင် ကိုယ်ပိုင်း ဘိန်း အင်ပါယာကို ထူ ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီ လက် အောက်မှ ခွဲထွက်လာသည့် UWSA
ပေါက်ယူချန်း တို့ နှင့်ပေါင်းမိကာ ၀ လက်နက်ကိုင်တပ် နှင့် ၀ နယ် မြေများ ကို ထူ ထောင်ခဲ့ ပြီးဘိန်း အင်ပါယာကို ချဲ့ ထွင်ခဲ့သည်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA မှ ၀ တပ်ဖွဲ့  ခေါင်း
ဆောင်ဝေရှောက်ခန်ဆု ငွေ ဒေါ်လာ ၂ သန်း ထုတ်ထားသည့်အပြင်
ပေါက်ယူချန်း တို့  ညီအကို ၅ ဦး ပေါင်ယု ဆိုင် တို့  ညီ အကို ၃ ဦး အား လည်း ဘိန်းရာဇာများ အဖြစ်ထည့်သွင်း ကြေငြာထားသည်။

၂၀၀၈ ခုနှစ်က ဥပေဒေအဖြစ် အတည် ပြုထားသည့် အမေရိကန်အစိုးရ၏ ကင်းပင် အက်ဥပဒေအရ ဝေရှောက်ခန်ကို ဖမ်းမိရေးအတွက်အမေရိကန်
နှင့် ထိုင်းအစိုးရက အရှိန် မြှင့်လုပ် ဆောင်ခဲ့သည်။

ဝ တပ်ဖွဲ့  စစ်သေနာပတိချုပ် ပေါက်ယူချန် ၊ ဝေ ရှောက်ကန် ၏ ညီအကို များ ပိုင်ဆိုင် သို့ မဟုတ် အကျိုးတူ လုပ် ဆောင်သည့် ထိုင်း ၊ မြန်မာ ၊ စင်္ကာပူ၊ တရုတ် မှ ကုမ္ပဏီများကို အမေရိကန်အစိုးရက ထိမ်းချုပ်တားမြစ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန် မြို့ တွင် အခြေ စိုက်သည့် ဟုန်ပန်းကုမ္ပဏီလုပ်ငန်းစု လက်အောက်
မှ ဟုန်ပန်းအမည်နှင့်လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်
အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊
စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း
ကျောက်မျက်ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd.တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံ
မှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company
Limited တို့သည်လည်း အမေရိကန်အစိုးရကတား မြစ် သော စာရင်းတွင်
ပါဝင်သည်။

တရုတ် ပြည်မှ ရဟတ်ယာဉ် ၀ယ်ယူသည့် သတင်း နှင့်ပတ်သက် ပြီး ၀တပ် ဖွဲ့ က ပြတိုက်မှ ထားဖို့ အခွံသာ ၀ယ်ယူသည်ဟုဆို သော်လည်း ၀ ပြည်
ရောက် နိုင်ငံခြားသတင်းထောက်က ၀ တပ်ဖွဲ့ က တရုတ်က ၀ယ်ထားတဲ့ အမြောက် တွေ သံ ချပ်ကား ကားတွေဆိုရင် ထားဖို့  နေရာမရှိတာတော့
တာလား မသိပါဘူး။ ပန်ဆန်းမှာဆို ဒီအတိုင်းတွေ့ ရတယ် ။ ဒီ လောက်များ
တဲ့ လက်နက် တွေဟာ ကာကွယ်ဖို့ ထက် ပိုနေပြီဟု ပြောသည်။

FNG
တရုတ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် စစ်လက်နက်မျိုးစုံ နှင့် သံချပ်ကာ ကား ၊ အမြောက် လက်နက်မျိုးစုံတို့ကို တရုတ် ပြည်မှ မှာယူတင်သွင်းနေသည့် UWSA ခေါ် ၀တပ်ဖွဲ့ သည် မြန်မာနိုင်ငံ တွင်းမှ ခွဲထွက် ပြီး ကိုယ်ပိုင် နိုင်ငံထူ ထောင်ရန် စီစဉ် နေသည်ဟု ရန်ကုန်နှင့် ထိုင်းအခြေစိုက် အနောက်တိုင်း သံတမန်များက ခန့် မှန်းကြသည်။

ကင်းထောက် အမျိုးသား ကောင်စီ အဖွဲ့ ဖွဲ့စည်းသွားရန်ရှိ

Photo: ကင်းထောက် အမျိုးသား ကောင်စီ အဖွဲ့ ဖွဲ့စည်းသွားရန်ရှိ
Sunday, May 19, 2013

ပြည်တွင်းမှာ ကင်းထောက် အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းသွားဖို့ အတွက်ကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ ပစိဖိတ်
ဒေသဆိုင်ရာကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းမှ စီနီယာ ကင်းထောက်ကြီးများမှ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

အဲ့ဒီလို ဆွေးနွေးရာမှာ ကင်းထောက် အမျိုးသား ကောင်စီ ဖွဲ့စည်းဖို့ အတွက် မူဘောင် ထားရှိမှုများ၊ အဖွဲ့ဝင် ပုဂ်္ဂိုလ်တွေနဲ့ ပတ်သက်တာတွေ
အပြင် ကောင်စီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကထား
ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလက်ရှိမှာ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူ ၉ ဦးဟာ မေလ ၁၅ ရက်နေ့က ပြည်တွင်းသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့ရောက်ရှိစဉ် ကာလအတွင်းမှာ ပြည်တွင်းမှ ကင်းထောက်ဟောင်း
ကြီးများနဲ့ တွေ့ဆုံခြင်း စတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ 

ဒါ့အပြင် မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့နဲ့ ဆက်သွယ်နိုင်ဖို့ကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြန်လည်ဖွဲ့စည်းမယ့် ကင်းထောက် အမျိုးသားကောင်စီဟာ ဆိုရင်လည်း ပြည်တွင်းမှာ ၁၉၆၄ မတိုင်ခင်က ဖွဲ့စည်းမှုရှိခဲ့ပြီး နောက်ပိုင်း
မှာတော့ အကြောင်းကြောင့် ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Mrtv-4
ပြည်တွင်းမှာ ကင်းထောက် အမျိုးသား ကောင်စီအဖွဲ့ ဖွဲ့စည်းသွားဖို့ အတွက်ကို ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ ပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်တွင်းမှ စီနီယာ ကင်းထောက်ကြီးများမှ ဆွေးနွေးမှုများ ပြုလုပ်ပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

KIO လ၀က ကျောင်း လိုင်ဇာမြို့ တွင် ပြန်ဖွင့်



ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လိုအပ်သော လုပ်ငန်းဌာနများ အတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်လကျော် လူဝင်မှုကြီး ကြပ်ရေးေ ကျာင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရ သည်။ “သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်း သားတွေကိုဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်သွားမယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့် အရေးပေးထားတယ်။ နောက်ထပ်ခြောက်လ ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေဆို ရမယ်” ဟု သင်ကြားပေးနေသော ဆရာ၊ KIA အရာရှိတစ်ဦးကပြောသည်။

တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့

Photo: တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့
Sunday, May 19, 2013

တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့
လေကြောင်းလိုင်းတွေကတော့ China Eastern လေကြောင်းလိုင်း၊ Juneyao လေကြောင်းလိုင်းနဲ့ Shenzhen လေကြောင်းလိုင်း တို့ဖြစ်ပါ
တယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ Juneyao လေကြောင်းလိုင်းမှ လေယာဉ်
တစ်စင်းဟာ ရှန်ဟိုင်းမြို့မှ ထွက်ခွာပျံသန်းလာစဉ် ဗုံးလှန့်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကိုလက်ခံခဲ့ရတဲ့အတွက် လေယာဉ်ကို လေဆိပ်သို့
ပြန်လည် ဆင်းသက်စေကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

သက်ဆိုင်ရာက လေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ပေမယ့်လည်း အသက်
အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီနောက် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးပျံသန်း ပြေးဆွဲပေးခဲ့ပါတယ်။ အလားတူပဲ China Eastern လေကြောင်းလိုင်းမှ လေယာဉ်တွေနဲ့ Shenzhen လေကြောင်းလိုင်းမှ လေယာဉ်တွေလည်း ဗုံးလှန့်ခြိမ်းခြောက်
မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်တွေကို စစ်ဆေးရာမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးကို မတွေ့ရှိရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်လေကြောင်းဆိုင်ရာ ဥပဒေအရ လေယာဉ်ပျံသန်းမှုကို ထိခိုက်စေတဲ့ အခုလို လုပ်ကြံသတင်းဖြန်
့မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅နှစ်အထိ ပြစ်မှုအနည်းအများပေါ် မူတည်ပြီး အပြစ်ပေး နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း လေယာဉ်ပျံသန်းစဉ် ဗုံးလှန့်မှု ၁၀ကြိမ်ထက် မနည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းနဲ့ လေဆိပ်တွေ
အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Mrtv-4
တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ China

အမြန်လမ်း ကားတိမ်းမှောက်

 Photo: အမြန်လမ်းကားတိမ်းမှောက်မှု 
Sunday, May 19, 2013
ယနေ့(မေလ ၁၉ ရက်နေ)့ မွန်းလွဲ ပိုင်း တွင် ရန်ကုန်မှ နေပြည်တော် သို့ မောင်းနှင်လာသော ကားတစ်စီးသည် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့ အ၀င် အမြန်လမ်း တွင် အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ ၆ ဦးမှ အချို့ကို အရေးပေါ်ဆေးကုသ မှု ပြုလုပ်နေရကြောင်းသိရသည်။ 

ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
ယနေ့(မေလ ၁၉ ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော ကားတစ်စီး သည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့အ၀င် အမြန်လမ်းတွင် အရှိန်လွန်

ကန်-မြန်မာ နှစ်နိုင်ငံ အရေး ဘာတွေ အလေးပေးမလဲ

Photo: ကန်-မြန်မာ နှစ်နိုင်ငံအရေး ဘာတွေ အလေးပေးမလဲ
Sunday, May 19, 2013

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာ သမ္မတ တဦးအနေနဲ့ တရားဝင် ခရီးစဉ်ကို စတင် ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ဘက်ကတော့ မြန်မာနိုင်ငံရဲ့
 ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြု လက်ခံပေမယ့် လိုအပ်ချက်တွေဖြစ်တဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်စေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးသွားဖွယ် ရှိပါတယ်။

ဒါကြောင့်မို့ ထင်ပါတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်
 ပေးလိုက်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်အပေါ် မြန်မာအစိုးရဟာ အခုအထိ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေသေးတယ်
ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပေမယ့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ ဒါဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်းပါဝင်ခွင့် ရှိစေရေးအတွက်သာပဲလို့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာကနေ ရေးသား တုံ့ပြန်ထားပါတယ်။

ခရီးစဉ်အတွင်းမှာ ကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေကိုလည်း သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးမယ့် အစီအစဉ်ရှိပါတယ်။ အမေရိကန်က မြန်မာကိုတော့ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အထူးအခွင့်အရေးတွေ ပေးဖို့လည်း ရှိမှာပါ။

ဒါပေမယ့် အခု ချုပ်ဆိုမယ့် စာချုပ်တွေမှာတော့ မြန်မာနိုင်ငံအမည်ကို အင်္ဂလိပ်လို Burma အစား Myanmar လို့ သုံးစွဲ ထားတယ်လို့ သံတမန်လောကနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကြေညာချက်မှာတော့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန် အနေနဲ့ Burma ကို တိုင်းပြည်အမည်အဖြစ် ဆက်လက် သုံးစွဲနေမှာဖြစ်ပေမယ့် Myanmar ဆိုတာကိုတော့ အခြေ အနေ အပေါ်မူတည်ပြီး အကန့်အသတ်နဲ့ စတင် သုံးစွဲနေပြီလို့ ဆိုပါတယ်။

“ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရ တရပ် အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေး ထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာပါ” လို့ သူက ဆိုပါတယ်။

အိမ်ဖြူတော် ကြေညာချက်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့အရေး ဦးဆောင်နေသူတွေ၊ တိုင်းရင်းသား
 ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း စတဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်တွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်က မြန်မာနိုင်ငံကို ဘယ်လို အကူအညီမျိုးတွေ
 ပေးသွားရမလဲ ဆိုတာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ဆိုတယ်။

နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းမှုတွေကို ပိုအားကောင်းစေဖို့ အမေရိကန်က အားပေးကူညီမှာ ဖြစ်သလို တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ မြန်မာ့လူ့အဖွဲ့အစည်း အားကောင်းစေရေးနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး အပါအ၀င် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကိစ္စတွေလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်။

မကြာသေးခင် ကာလကစတင်ပြီး အမေရိကန် ပြည်ထောင်စုက
 မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကို အရင်က ပိတ်ပင် ကန့်သတ်ထားတာတွေ ပလပ် ဖြေလျှော့ပေးလိုက်ပြီး လုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေချိန်ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်ဒီစီကို မရောက်လာခင်မှာပဲ
 ပြုပြင်ပြောင်းလဲရေးတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်က မြန်မာကို အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်လိုက်ပါတယ်။ USAID လို့ ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေးအဖွဲ့က အဲဒီအကူအညီတွေကို ပေးသွားမှာ
 ဖြစ်တယ်လို့လည်း ယာယီ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းက ဆိုထားပါတယ်။

တဖက်မှာလည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်နေလင့်ကစား
 စောင့်ကြည့်ချင်သေးတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှိနေစေဖို့ Burma Freedom and Democracy Act မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက် ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂျိုးဇက် ခရိုလီနဲ့ ပီတာကင်း တို့ကလည်း ကွန်ဂရက် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်အကြိုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီ့အပြင် ဒီခရီးစဉ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ဖို့ ရှိနေပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ကတော့ VOA သတင်းဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဆိုင်ရာ
 မေးမြန်းခန်းကို ဖြေကြားဖို့ ရှိတယ်လို့ VOA သတင်းတပုဒ်က ဆိုပါတယ်။

တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စပြီးအရပ်သား အစိုးရအသွင်နဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အေးစက်ခဲ့တဲ့ ကန်-မြန်မာဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက် လာခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်က သံတမန်ဆက်ဆံရေးမှာ သံအမတ်ကြီး အဆင့်မထားရှိပဲ သံတမန်နှိမ့်ချ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို အမေရိကန်က ကူညီထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးမီ ကာလတခုက စပြီး မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေကို ဖြေလျှော့၊ ဖယ်ရှားလာခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ၁ ရက်တာမြန်မာနိုင်ငံ ခရီးစဉ်နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ရောက်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာ ခရီးစဉ်မတိုင်ခင်မှာပဲ မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့် ပြန်လည် ထားရှိခဲ့ပြီး အခု နောက်ဆုံးမှာတော့ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ယခင်က ပိတ်ဆို့ကန့်သတ် ထားတဲ့ ဗီဇာပိတ်မှုတွေကို ဖယ်ရှားပေးလိုက်ပါတယ်။

အခု သမ္မတ ဦးသိန်းစိန်ဟာ တရားဝင် မြန်မာခေါင်းဆောင်အဖြစ်နဲ့
 ရောက်မယ့် အမေရိကန် သမ္မတအဆက်ဆက်ရဲ့ အိမ်ဖြူတော်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနဲ့ အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်တို့ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အမေရိကန်အစိုးရအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ လုပ်ခဲ့တဲ့ မြန်မာခေါင်းဆောင် ဦးနေ၀င်းနဲ့ ဆက်ဆံရေးက ဟန်ချက်ညီ ထိန်းညှိဆက်ဆံရေး ရှိခဲ့တာလည်းဖြစ်ပါတယ်။

တဖက်ကလည်း ဘက်မလိုက် မြန်မာခေါင်းဆောင် ဦးနေ၀င်းဟာ ရုရှား- အမေရိကန်စတဲ့ နိုင်ငံတွေလို စစ်အေးခေတ် အင်အားကြီး
 နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ် တရုတ်- အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာဖြစ်ဖြစ် ထိန်းညှိဆက်ဆံရေးမှာ အားကောင်းခဲ့တယ်လို့ ဆိုရမလားပါပဲ။

အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အေးစက်ချိန်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး
 နွေးထွေးချိန်တွေဟာ တဆက်တည်း ဖြစ်နေတာကြောင့် သုံးသပ်သူတွေ အဆိုအရ အမေရိကန်ဟာ တရုတ်နိုင်ငံကို ရည်မျှော်ပြီး မြန်မာကို အခုလို ဆက်ဆံရေး တည်ဆောက်လာတာ ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
 ခန့်တာတောင်မှ တရုတ်အရေး ကျွမ်းကျင်တဲ့ မစ္စတာ ဒဲရက် မစ်ချယ်လို့ ပုဂ္ဂိုလ်ကို ရွေးချယ်ခန့်အပ်တာက သိသာတယ်လို့ ဆိုကြတာပါ။

၁၉၄၈ ခုနှစ်ကတည်းက ကန်-မြန်မာ သံတမန် ဆက်ဆံရေးရှိခဲ့ပြီး ပါလီမန် အစိုးရကာလတွေမှာ အမေရိကန် ပြည်ထောင်စုက မြန်မာကို စစ်ရေး၊ စီးပွားရေးစတဲ့ အကူအညီတွေပေးခဲ့ပြီး ၂ နိုင်ငံ သံတမန် ဆက်ဆံရေး အားကောင်းခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ အမေရိကန်က မြန်မာကို စစ်ရေးပစ္စည်း အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုးလောက် ကူညီပေးခဲ့ပါတယ်။ ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးက အားကောင်းခဲ့တာပါ။

၁၉၅၃ ခုနှစ်တုန်းကတော့ အမေရိကန် ဒုသမ္မတ ရစ်ချတ် နစ်ဆင်က
 မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။၁၉၆၄ ခုနှစ်
 နောက်ပိုင်း ဦးနေ၀င်း အစိုးရလက်ထက်မှာ အမေရိကန်ဆီက အကူအညီတွေ မယူဘဲနေရာက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေနဲ့ ဦးနေ၀င်းဟာ ၁၉၇၅ ခုနှစ်လောက်က အကူအညီတွေပြန်ရဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

တကယ်ဆိုရင် ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ မြန်မာရှင်ဘုရင် တပါးဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်က စတင်ခဲ့တာ ပါ။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အမြော်အမြင်ရှိတဲ့ မင်းတုန်းမင်းက စတင်ကာ ၁၈၅၆ ခုနှစ်က သံတမန် ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့ပြီး သ၀ဏ်လွှာ ပို့ခဲ့ပါတယ်။

ထိုစဉ်က အမေရိကန် ပြည်ထောင်စုမှာ ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေခဲ့ရပေမယ့် အရှေ့တောင် အာရှက မြန်မာနိုင်ငံအပေါ် အတော်စိတ်ဝင်စားခဲ့လို့ အမေရိကန်သမ္မတ ဂျွန်ဗြူ ကန်နန်ဟာ ၁၈၅၇ ခုနှစ်က မင်းတုန်းမင်းဆီကို စာချွန်လွှာ ပြန်လည် ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မြန်မာဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ပြီး ကန်-မြန်မာ ဆက်ဆံရေးလည်း မရှိခဲ့ တော့ပါဘူး။

ဒါပေမယ့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာတော့ အမေရိကန် သမ္မတ ထရူးမင်းကိုယ်တိုင် သ၀ဏ်လွှာပေးပို့ အသိအမှတ်ပြုခဲ့ပြီး
 မြန်မာနိုင်ငံမှာလည်း အမေရိကန် သရုံးစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။

အခုလို နှစ်ပေါင်းများစွာ ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ နိမ့်လိုက် မြင့်လိုက်ဖြစ်နေရာကနေ လက်ရှိ ပြုပြင်ပြောင်းလဲရေး
 ဖော်ဆောင်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ရဲ့ ဆွေးနွေးမှုတွေကနေ မြန်မာအနေနဲ့ ဘယ်လောက် ကောင်းကျိုးတွေ ဖြစ်ထွန်းလာမလဲ ဆိုတာကတော့
 စောင့်ကြည့်ရဦးမှာပါ။

Irrawaddy
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာသမ္မတ တဦးအနေနဲ့ တရားဝင်ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

မိမိထက် အသက် ၁၇ နှစ်ငယ်သည့် မင်းသမီး လီအန်ဆောင်နှင့် စေ့စပ်ခဲ့သည့် အဆိုတော် ဆိုတေးဂျီ

Photo: မိမိထက် အသက် ၁၇ နှစ်ငယ်သည့် မင်းသမီး လီအန်ဆောင်နှင့် စေ့စပ်ခဲ့သည့် အဆိုတော် ဆိုတေးဂျီ 
Sunday, May 19, 2013

တောင်ကိုရီးယား အဆိုတော် ဆိုတေးဂျီသည် ၄င်းထက် ၁၇ နှစ်နီးပါးငယ်သည့် မင်းသမီး ချောလီအန်ဆောင်နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်းမေ  ၁၅ ရက်က ကြေညာခဲ့သည်။

ဆိုတေးဂျီသည် အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး လီအန်ဆောင်မှာမူ အသက် ၂၄ နှစ်သာ ရှိသည်။ ဆိုနှင့်လီတို့ နှစ်ဦးသည် ဆို၏ တေးသီချင်း တစ်ပုဒ်၌ အတူ သရုပ်ဆောင်စဉ် ၂ဝဝ၈ ခုနှစ်က စတင်တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ၂ဝဝ၉  ခုနှစ်က ချစ်သူအဖြစ် လက်တွဲခဲ့ကြပြီးနောက် လက်ရှိတွင် ဆိုးလ်မြို့ ပြောင်ချမ်းတုန် ရပ်ကွက်ရှိ လီ၏အိမ်အသစ်တွင် လီ၏မိဘများနှင့်အတူ နေထိုင် လျက်ရှိကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယား အဆိုတော် ဆိုတေးဂျီသည် ၄င်းထက် ၁၇ နှစ်နီးပါးငယ်သည့် မင်းသမီး ချောလီအန်ဆောင်နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်းမေ ၁၅ ရက်က ကြေညာခဲ့သည်။

ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင် တွေ့

Photo: ကမ္ဘာအသက်အကြီးဆုံး ဂင်းနစ် မှတ်တမ်းတင်ခံခဲ့ရသူထက် 
အသက်ကြီးသူ ကလေးမြို့တွင် တွေ့

ကလေး-မေ၁၈
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း
ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက်အရသိရသည်။
အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ခံခဲ့ရသော
ဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆)
နှစ်ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးခဲ့သော
ဂျပန်အမျိုးသားကြီးထက် ယခုအခါ အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံတွင်  ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အသက်အကြီးဆုံးစံချိန်တင်ခဲ့သော ဂျပန်အမျိုးသားကြီးအထက်
အသက်ပိုကြီးသော သူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင်
နေထိုင်လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး
တိုင်းရင်းသူတစ်ဦးဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့်
ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ   ကလေးမြို့
လ၀ကဌာနမှ အထောက်အထားခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီဖြစ်သည်။ချစ်သူမောင်
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်စံတော်ချိန်တွင် မှတ်တမ်းတင်ခံခဲ့ရသော ဂျပန်အမျိုးသား Jiroman Kimura ထက် အသက်ပိုကြီးသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်းထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃) တွင် ဖော်ပြချက်အရသိရသည်။အဆိုပါ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ်ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ ရသောဂျပန်အမျိုးသားကြီး သည် ၁၈၉၇ခုနှစ်တွင် မွေးဖွားခဲ့ပြီးအသက်မှာ (၁၁၆)နှစ် ရှိပြီးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများ သိပ္ပံညာရှင်များ တွေ့ရှိ

နှစ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများ သိပ္ပံညာရှင်များ တွေ့ရှိ
Sunday, May 19, 2013

သိပ္ပံပညာရှင်များသည် နှစ်ပေါင်း၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများကို ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ရှိ ဘင်မင်းစ်မြို့တွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုရေကန်သည် သတ္တု ကျောက်တုံးများ ပါဝင်သည့် တစ်ခုတည်းသော ရေကန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသမှ ရွှေတူးဖော်ရေး အလုပ်သမားများသည် မြေလွှာအောက်မှ ကျောက်သားကို ထွင်းဖောက်စဉ် အဆိုပါရေများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ရှေးဟောင်း သမုဒ္ဒရာကို အကောင်းပကတိအတိုင်း အမှန်တကယ် မြင်တွေ့နေရပြီ ဖြစ်ကြောင်း၊ အဆိုပါရေကန်ကို လေ့လာသည့် အဖွဲ့တွင် ပါဝင်သော ဘူမိဓာတု ပညာရှင်က ပြောကြားခဲ့သည်။ အဆိုပါ ရေထဲတွင် ကောင်းမွန်သော ဟိုက်ဒရိုဂျင် ဓာတ်ငွေ့များ ပါဝင်ပြီး ရှေးဟောင်းသက်ရှိ သတ္တဝါများကို ထိန်းသိမ်းပေးနိုင်ကြောင်းနှင့် ယင်းကဲ့သို့ သက်ရှိများ ရှိပါက မြင်တွေ့နိုင်ရန် အတွက် ကျောက်တုံး နမူနာများကို သိပ္ပံပညာရှင်များက စမ်းသပ်မှုများများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းနမူနာများသည် တစ်ချိန်က အင်္ဂါဂြိုဟ်တွင် သမုဒ္ဒရာများ ရှိခဲ့သည့် အချိန်က သက်ရှိများ တည်ရှိမှု ပုံစံနှင့် တူညီနိုင်မည့် မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်မည်ဟု သိပ္ပံပညာရှင်များ က မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ
သိပ္ပံပညာရှင်များသည် နှစ်ပေါင်း၁ ဒသမ ၅ ဘီလီယံ သက်တမ်းရှိ ရေများကို ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ရှိ ဘင်မင်းစ်မြို့တွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုရေကန်သည် သတ္တု ကျောက်တုံးများ ပါဝင်သည့် တစ်ခုတည်းသော ရေကန်ဖြစ်ကြောင်း သိရသည်။

အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်

အမေရိကရောက် မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်

အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် အနောက်မြောက်ရပ်ကွက်မှာရှိတဲ့ မြန်မာသံရုံးမှာ သောကြာနေ့ ညနေ ၆ နာရီက မြန်မာနိုင်ငံက လာရောက်နေထိုင်သူတွေကို ဖိတ်ကြားပြီး သမ္မတ ဦသိန်းစိန်က မိန့်ခွန်းပြောခဲ့ရာမှာ အာရှတိုက်ရဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုနောက်ကျကျန်နေပြီဖြစ်တဲ့အတွက် မြန်မာလူမျိုးအားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတကြီးက အမြဲတန်းနေထိုင်ခွင့် ဥပဒေ အတည်မပြုရသေးပေမယ့် လတ်တလော ပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးမှာဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်က နာရီဝက်ခန့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်စတဲ့ ၀န်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၅ ဦးတို့အပြင် တပ်မတော်ထိပ်တန်းအရာရှိတွေလည်း လိုက်ပါလာပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်က ဒီခရီးစဉ်ဟာ မိမိတို့မြန်မာနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းမယ့် ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။

"နှစ်ပေါင်းများစွာ အေးစက်နေခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတကြီး အိုဘားမား ကျနော်တို့နိုင်ငံကိုလာခဲ့တယ်၊ အခုကျနော်တို့ သမ္မတကြီးက ပြန်လာနိုင်တယ်ဆိုတာ အင်မတန်မှကြီးမားတဲ့ တိုးတက်မှုတစ်ခု၊ အဲဒီတော့ ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ အိုဘားမားအစိုးရအဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ ပိုပြီးတော့ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့ ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ ဖျက်သိမ်းပေးတဲ့အဆင့်အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"

မနေ့ညနေကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၂ဝဝ ကျော်ခန့်တက်ရောက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကျင်းပနေချိန်မှာ လူ ၁ဝ ဦးခန့် မြန်မာသံရုံးရှေ့မှာ လာရောက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုကျော်မြတ်ထူးက မြန်မာအစိုးရဟာ ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်းပြောဆိုခဲ့ပါတယ်။

"မြန်မာပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်မယ့် အစိုးရမျိုး ဒီကနေ့ကျနော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်၊ လာမယ့် ၂ဝ၁၅ မှာလည်း ရိုးသားဖြောင့်မတ်တဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ အစိုးရမျိုးကို ကျနော်တို့တောင်းဆိုနေတာဖြစ်တယ်၊ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တဲ့စနစ်မျိုးကို ကျနော်တို့မလိုလားပါဘူး"

မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲကို ၀ါရှင်တန်ဒီစီ၊ မေရီလန်၊ ဗာဂျီးနီးယား၊ နယူးယောက်၊ နယူးဂျာစီ စတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်အခြမ်းမှာနေထိုင်တဲ့ မြန်မာတွေလာရောက်ခဲ့ပြီး ပရိသတ်ကို ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညနေစာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

RFA Burmese
အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာလူမျိုးတွေ အမိမြေကို ပြန်လာပြီး တိုင်းပြည်တည်ထောင်ရေး မှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မောက်စံရှိ NLD ပါတီရုံးအား ဒုတိယအကြိမ် PNA ဝိုင်းထားကာ ရွာသားတဦး ဖမ်းဆီးခံရ

မေလ ၁၈ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ပအို့ဝ်အမျိုးသားတပ်မတော်(PNA)မှ လက်နက်ကိုင်ဦးရေ ၃၀ ခန့်သည် ဒုတိယအကြိမ်အဖြစ် တောင်ကြီးမြို့နယ် မောက်စံကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အား ဝိုင်းထား၍ ပအို့ဝ် လူမျိုးတောင်သူ ၁ဦးအား ထပ်မံဖမ်းဆီး သွား ကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင် တိုး၏ ပြောကြားချက်အရ သိရသည်။

လှိုင်သာယာက ကိုးရီးယား အထည်ချုပ်စက်ရုံမှာ ဆန္ဒပြ


Photo: လှိုင်သာယာက ကိုးရီးယား အထည်ချုပ်စက်ရုံမှာ ဆန္ဒပြ
Sunday, May 19, 2013

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

နေ့တွက်ကြေး ကျပ်နှစ်ရာတိုးပေးဖို့၊ ရှားပါးစရိတ်ပေးဖို့၊ နှစ်စဉ်အပိုဆုကြေးတွေ မျှမျှတတပေးဖို့စတဲ့ အချက် ၃ ချက်ကို မနေ့နေ့လည်ကတည်းက စတင်တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြနေတဲ့ အလုပ်သမတစ်ဦးက ပြောပါတယ်။

“၉၇ ခုနှစ်ကတည်းက ၉၅ ကျပ်ကစတာ၊ အခုချိန်အထိဆို ၁၁၉ဝ ပဲရသေးတယ်၊ အစစအရာရာအကုန်လုံး ကုန်ဈေးနှုန်းတွေကအစကြီးနေလို့ အဆောင်လစာနဲ့ဘာနဲ့ အကုန်လုံးကမလောက်ဘူး၊ စားဝတ်နေရေးနဲ့ အဆောင်လစာနဲ့တော့ မီအောင်လိုက်တောင်းရတာပေါ့”

စက်ရုံရှေ့မှာ ခွင့်ပြုချက်အမိန့်မရပဲ ဆန္ဒပြတောင်းဆိုနေတဲ့အပေါ် ဥပဒေအရ အရေးယူနိုင်တယ်လို့ အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာကိုလည်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံက အလုပ်သမားတွေကို ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက စက်ရုံတာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးညှိနှိုင်းပေးပေမယ့် ဒီကနေ့နေ့လည်ပိုင်းအချိန်ထိ ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။

RFA

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြ ပါတယ်။

မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ



Photo: မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ
Sunday, May 19, 2013

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။

ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။

သူတို့ အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့ အချိန်မှာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရနေပြီး ဖြစ်ပါတယ်။

BBC Burmese
ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန်အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်းဝင်ရောက်ကစားခဲ့ပြီး ၅ မိနစ်လောက်ကြာတဲ့အခါ သူဟာမျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ


Photo: ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့တွင် တွေ့ရှိခဲ့သည့် ခြေသည်းလက်သည်းပါ အာဖရိက ဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည်ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ  သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။

ဖားမျိုးစိတ် တစ်ခုစီတွင် ကပ်ပါးပိုး တစ်မျိုးကူးစက် ခံနေရပြီး ၎င်းရောဂါပိုးသည် ရေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ထို့နောက် မှိုအဖြစ်သို့ ပြောင်းလဲ၍ အခြားကုန်းနေ ရေနေ သတ္တဝါများကို ကူးစက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် အသက်ဆုံးရှုံးသည် အထိ အန္တရာယ်ဖြစ် ပေါ်နိုင်ကြောင်း သုတေသနပညာရှင် များက ပြောကြားထားသည်။

ထို့ပြင် အဆိုပါ ရောဂါပိုးသည် ဖားမျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်သွားရန် ခြိမ်းခြောက်လျက် ရှိပြီး ဒေသတွင်း ဂေဟစနစ် အပေါ်တွင် အကျိုးသက် ရောက်မှုတစ်ရပ်  ဖြစ်ပေါ် နိုင်ဖွယ်ရှိကြောင်း   စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ ရှာရီလ်ဂရင်း ပြောကြားချက် များအရ သိရသည်။

အာဖရိက ဖားမျိုးစိတ်များသည် ဆန်ဒီယေဂိုမြို့တွင် နေထိုင် ကျက်စားလေ့ မရှိသော်လည်း ယခုအခါ ၎င်းမြို့တွင် နေထိုင်ကျက်စား လျက်ရှိသည်ကို သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့သည် ရေနုတ်မြောင်း ပေါများသည့် အတွက်ကြောင့် ၎င်းတို့ မျိုးပွားရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ 

http://www.myawady.com.mm/allnews/global/item/14289-2013-05-19-08-39-04

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့ တွင် တွေ့ရှိ ခဲ့သည့် ခြေသည်း လက်သည်းပါ အာဖရိကဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည် ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိခဲ့သည်။

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။ သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki
International news for myanmar
ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

အနာဂတ် ခရီးသွား လေယာဉ် Shabtai Hirshber

အနာဂတ် ခရီးသွား လေယာဉ် Shabtai Hirshber
Sunday, May 19, 2013

ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီးသည် ရာနဲ့ချီတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ ပါရှိပါတယ်။ လေယာဉ်ကွင်းမလိုအပ်တော့ပါဘူး။ ကုန်းမှာလည်းဆင်း သက်လို့ ရသလို ရေပေါ်လည်း ဆင်းသက်လို့ ရပါတယ်။ ရည်ရွယ်ချက် ကတော့ ကုန်းမြေရှားပါးပြီး ပင်လယ်ရေ မြင့်တဲ့မယ့် အနာဂတ်မှာ အသုံးပြု နိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ဆိပ်ကမ်းတွေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆီစားသက်သာမှု ဖြစ်ပါတယ်။ ယနေ့ခေတ် ဆီစား သက်သာပါတယ်ဆိုတဲ့ နည်းပညာ အဆင့်မြင့် လေယာဉ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမို ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော် တာ ပေါင်းစပ်ပေးမယ့် Hybrid အင်ဂျင်ပါဝင်လာ လို့ ဖြစ် ပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ယခင်တုန်းကလို ပုံသေ ထိုင်နေဖို့ မလိုပါဘူး။ အတွင်းမှာ ခန်းမတွေပါ ပါရှိပြီး မင်္ဂလာဆောင် ခမ်းမလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ခန်းမ မထည့်ရင် ယင်းအစား ရုပ်ရှင်ရုံ ထည့်မယ် လို့ ဆိုပါတယ်။ လေယာဉ်ရဲ့  Stability သဘောအရ အခန်းလွတ်တဲ့ ခုံနဲ့ ကျကျ နန ထိုင်လို့ရတဲ့ ခန်းမကြီးတွေကိုပဲ ဒီဇိုင်နိာတို့က Recommend ပေးထား ပါတယ်။

အသံထွက် ဆူညံမှု မရှိပဲ လေပေါ်ပဲ သွားသွား၊ ရေပေါ်ပဲ သွားသွား ဇင်ယော် တစ်ကောင်လို လှလှလေး ပျံဝဲစေမယ်လို့ Shabtai Hirshber က အမွမ်းတင် ပြောဆိုထားပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကိုက လေယာဉ်ဆီရှားပါးတဲ့ ခေတ်မှာ လေးစီး ပျံသန်းနေတာထက် ယင်း ရေလေပျံ အနာဂတ် လေယာဉ် တစ်စီးသာ ပျံသန်းစေဖို့ ဖြစ်ပါတယ်။ တကယ် တည်ဆောက်တဲ့အခါဖော်ပြ ပါ နည်းပညာနဲ့ အပြင်အဆင်အားလုံး ပါရှိဖို့အတွက် လေယာဉ်ထုတ်လုပ် ရေး ကုမ္မဏီအချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: realitypod

ရိုးရာလေး Automobile
ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ

Photo: မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ
Sunday, May 19, 2013

မြန်မာနိုင်ငံ၏ မိုးဦးရာသီသည် လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် များမှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၉ ရက်တွင် နှစ်နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။

"အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက မေ ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ် စစ်တည်ရှိရာ ဒေသတစ်ဝိုက်တွင် ဖြစ်သည်။ နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ်သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိခိုလှုံသူများလည်း ရှိလာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသများ၌ တောတွင်းကယ်ဆယ်ရေး စခန်းများ မရှိတော့ဘဲ မြို့ပေါ်စခန်းများနှင့် မြို့နှင့် အလှမ်းမဝေးသော စခန်းများ၌ ဆက်လက် နေထိုင်နေကြသည်ဟု သိရသည်။

ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ဒုက္ခသည် စခန်းပေါင်း ၁၀၅ ခုရှိပြီး ကျေးရွာပေါင်း ၂၉၉ ရွာမှ ဒုက္ခသည်ပေါင်း ၃၉၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည် စခန်းများမူ ဒုက္ခသည်ပေါင်း ၆၅၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ရှိသော စခန်းများထက် လိုအပ်ချက် များနေကြောင်းလည်း သိရသည်။

မိုးရာသီ ၀င်လာတော့မည်ဖြစ်၍ ဒုက္ခသည် စခန်းအချို့တွင် အမိုးအကာ လိုအပ်ချက်များ၊ ဆေးဝါး၊ ကျောင်းသူကျောင်းသားများ၏ ကျောင်းထားနိုင်ရေး ကိစ္စရပ်များကို ပူပန်နေရကြောင်း သိရှိရသည်။
အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ . . . . .

"အခု လောလောဆယ်မှာ စခန်းတွေရဲ့ တချို့မိုးကာတွေ ပေါက်ပြဲကုန်ပြီး အဲဒီထက် အရေးတကြီး လိုအပ်တဲ့ အိမ်သာနဲ့ ကျောင်းသားကိစ္စတွေ ဦးစားပေးနေရတယ်။ မိုးရောက်ရင် အဖျားအနားထူတော့ ဆေးဝါးလည်း လိုအုံးမယ်" ဟု ၀ိုင်းမော်မြို့နယ် KBC ဒုက္ခသည် စခန်းမှ တာဝန်ခံ ကိုဒေါင်ခေါင်က ပြောကြားသည်။

နေရပ်မှ တိမ်းရှောင်ရသူ ဒေသခံ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ဦးရေသည် လက်ရှိတွင် တစ်သိန်းဝန်းကျင် ရှိနေရာ၌ ကျောင်းနေအရွယ် ကလေးဦးရေမှာ လေးသောင်းမှ ငါးသောင်းဝန်းကျင် ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။

"မနှစ်ကတောင် ပညာဆက်သင်ခွင့် မရတဲ့ ကျောင်းသားကျောင်းသူတွေ ရှိခဲ့ပါတယ်။ တချို့ကူညီကြတယ်ဆိုတာ မူလတန်းကိုပဲ အဓိက ကူညီကြတာမျိုးပါ။ မနှစ်က ကလေးတွေရဲ့ ကျောင်းစာအုပ်ကအစ အကုန်ကူညီလိုက်တဲ့ လူမှုရေးအဖွဲ့တွေ လိုမျိုးလည်း ဒီနှစ် အခုအချိန်အထိ ကူညီတာ မရှိသေးပါဘူး" ဟု ဒေါ်ခွန်ဂျာက ဆိုပါသည်။

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ ကျောင်းနေအရွယ် ကလေးများဖြစ်ပြီး ကျောင်းသားဦးရေပေါင်း ၂၀၁၂ ခုနှစ်အတွင်း ၈၀၀၀ ကျော် ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။

"လွန်ခဲ့တဲ့ နှစ်ကတော့ စာသင်ခန်း မလုံလောက်မှုတွေ၊ ဆရာ ဆရာမ မလုံလောက်မှုတွေ ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာ ကျွန်တော်တို့ ပညာရေး ဌာနဘက်က ကူညီသလို ကျောင်းသားတွေရဲ့ ဗလာစာအုပ်၊ ၀တ်စုံ စတာတွေကိုတော့ ပြည်နယ်အစိုးရနဲ့ UNDP၊ UNICEF တို့ ပူးပေါင်းပြီး ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဒီနှစ်တော့ ယာယီစာသင်ဆောင် အလုံအလောက် ရှိထားပါပြီ" ဟု ပြောပါသည်။

စစ်၏ သက်ရောက်မှုများကြောင့် ကချင်ပြည်နယ်တွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများသည် နေရပ်ကို စွန့်ခွာခဲ့ရသည်။

"လွန်ခဲ့တဲ့ လကတည်းက ထောက်ပံ့ကြေး မရတော့ဘူး။ အပြင်ကို အလုပ်ထွက်လုပ်နိုင်ရင်တော့ ကလေးတွေအတွက် မုန့်ဖိုး ရသေးတယ်။ ကျွန်မမှာ ကျောင်းသားတွေ များတော့၊ ကျောင်းဖွင့်မှာကို စိတ်ပူနေရတယ်" ဟု မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင်ဒုက္ခသည် စခန်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ခြံလုပ်ငန်း လုပ်ကိုင်သူအများစု ဖြစ်ပြီး မိုးမကျမီ ရွာပြန်ရန် ဆန္ဒရှိနေကြကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရှိရသည်။

ဝိုင်းမော်မြို့ ဒုက္ခသည် စခန်းမှ ဦးအိုက်စံက "ဒီအချိန်ပြန်ရင်တော့ နည်းနည်းမီသေးတယ်။ ဒါပေမဲ့ မျိုးလည်းမရှိဘူး၊ ခိုင်းစရာ နွားလည်း မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ" ဟု ပြောကြားသည်။

KBC ဒုက္ခသည် စခန်းတွင် နေထိုင်သူ တစ်ဦးကမူ "ဒီနှစ်တာ စိုက်ထားတဲ့ လိမ္မော်ပင်တွေ မရှင်းရလို့ကတော့ အားလုံးသေပြီ၊ ရွာကိုမြန်မြန်ပြန်ရမှ ကောင်းမှာ" ဟု ပြောပြသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်၍ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိသူများလည်း ရှိခဲ့သည်။

ယခုအခါ ဒုက္ခသည် စခန်းများသည် မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်တို့တွင် တည်ရှိနေသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များကိုမူ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီလျက် ရှိသည်ဟု ဆိုသည်။
"အဓိက ကူညီကတော့ UNDP၊ UNICEF နဲ့ အသင်းအဖွဲ့ အများ ဖြစ်ပါတယ်။ အဲဒီ အသင်းအဖွဲ့တွေ လစ်ဟာတဲ့ နေရာကိုပဲ ပြည်နယ်အစိုးရက ကူညီတာပါ" ဟု ဆိုသည်။

"မိုးကာလရောက်ရင် အဓိက လိုလာတဲ့ လိုအပ်ချက်ကတော့ ကလေးတွေ ကျောင်းနေဖို့ပဲ။ ဒါတစ်ခုကတော့ ကသီလင်တ ဖြစ်နိုင်တယ်။ ကျန်တဲ့ နေရေးအပိုင်းကတော့ အဆင်ပြေပါတယ်။ စားရေးကလည်း အထိုက်အလျောက် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ကလေးတွေ ကျောင်းဖွင့်ချိန်ပဲ" ဟု ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ ၀ိုင်းမော်မြို့နယ် သာဂရကယ်ဆယ်ရေး စခန်းမှ ဦးစိုင်းအောင်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကာ နှစ်ပေါင်း ၁၇ နှစ်အကြာ၌ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများ ဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက်အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင်မူ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိ ကာလသည် စစ်ဖြစ်ပွားသည့်ကာလ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။ ကချင်ပြည်နယ်တွင်း ဒုက္ခသည်များကို လူသားချင်းစာနာသော ထောက်ပံ့မှုများ ရနိုင်ရန်၊ စိတ်ဓာတ်ရှင်သန်လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ ကလေးငယ်များ၏ ပညာရေးအတွက် စီစဉ်ပေးနိုင်ရန်တို့လို အပ်နေသည်ဟု သိရှိရသည်။

Eleven Media Group
မြန်မာနိုင်ငံ၏ မိုးဦးရာသီသည်လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံပညာကျောင်း များလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များ မှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

Photo: လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး  အရေးယူထားကြောင်း  နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။    

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့်  အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)
(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)
ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်သူ ဘင်္ဂါလီ လူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ပြည်တွင်း

ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

Photo: ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ခြံဝင်းတစ်ခုတွင် ပတူကောင်များ အတုပ်ခံရ၍ အမျိုးသားနှစ်ဦး အနောက်ပိုင်းဆေးရုံသို့ ရောက်ရှိခဲ့ပြီး ပတူကောင် အတုပ်ခံရသည့် လေဖြန်းနေသူ တစ်ဦးမှာ နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးနှစ်ဦး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ရသည့် ဖြစ်ရပ်မှာ မေ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် ယဿဝတီလမ်းနေ မောင်ရဲနောင်နောင် (၁၀ နှစ်)နှင့် မောင်ဇွဲနောင်နောင် ( ၂ နှစ်) ညီအစ်ကို နှစ်ဦးတို့သည် ၁၃ ရပ်ကွက် အတွင်းရှိ ရေကန်တစ်ခု၏ ကန်ပေါင်နံဘေးတွင် လမ်းလျှောက်လာစဉ် ပတူကောင်များ ၀ိုင်းတုပ်ခံခဲ့ရခြင်း ဖြစ်သည်။

"ကလေးတွေက ဒီကန်ပေါင်ဘေးက လမ်းအတိုင်း လမ်းလျှောက်လာရင်း ပတူကောင်တွေ ၀ိုင်းတုပ်လိုက်တာ။ နှစ်ယောက်လုံး ခေါင်းနဲ့လည်ပင်းတွေမှာ အတုပ်ခံလိုက်ရတယ်။ ခုလောလောဆယ် အငယ်ကောင်လေးက မသက်သာသေးဘူး" ဟု ပတူကောင် အတုပ်ခံရသော ကလေးများ၏ ဖခင်က ဆိုသည်။

အဆိုပါ ၁၃ ရပ်ကွက် ကန်ပေါင်နားတွင် အသိုက်ဖွဲ့နေသည့် ပတူကောင်များကို ရပ်ကွက်နေ ပြည်သူအချို့က အန္တရာယ်ရှိသဖြင့် ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း လက်ရှိတွင် ပတူကောင်များမှာ အသိုက်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံတို့က ပြောကြားခဲ့သည်။

"လောလောဆယ် အန္တရာယ်ရှိလို့ မနေ့ညနေကတည်းက ဓာတ်ဆီလောင်းပြီး မီးရှို့ထားတယ်။ သက်ဆိုင်ရာက ဆေးတွေဘာတွေ လာဖျန်းတာမျိုး မရှိသေးဘူး" ဟု ရပ်ကွက်တွင်းနေသူ ကိုအေးအောင်ဝင်းက ဆိုသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်aထာက်ဆရာဝန် တစ်ဦးက "လက်ရှိ ကုသနေပါတယ်။ ကလေးတွေ အခြေအနေက တည်ငြိမ်နေပါတယ်။ အကိုက်ခံရလို့ ယောင်နေတာတော့ ရှိတယ်။ ပတူအဆိပ်ဖြေဆေး ဆိုတာ မရှိလို့ အခြားအဆိပ်ဖြေနည်းတွေနဲ့ ကုသထားပါတယ်။ ဆီး၊ ၀မ်းလည်း ပုံမှန်သွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ပတူကောင် ဆိုသည်မှာ အင်းဆက်ပိုး အမျိုးအစားထဲတွင် ပါဝင်ပြီး အခြားအင်းဆက် ပိုးများထက် အဆိပ်သိုလှောင်မှု ပိုမိုများပြားကြောင်း အကိုက်ခံရပါက အကိုက်ခံရသည့်နေရာ နီရဲလာခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်အထိ အခြေအနေ ဆိုးရွားတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်ကို အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းဆရာ ၀န်တစ်ဦးက ဆိုသည်။       

(ပတူကောင်အသေများအား တွေ့ရစဉ်)
(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
(ပတူကောင်အသေများအား တွေ့ရစဉ်)
မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ်ထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့



Photo: ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့

မေ ၁၉ ရက် ၂၀၁၃

အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ သမ္မတဦးသိန်းစိန်ဟာ ညနေဘက် သံရုံးမှာ မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ ၀ါရှင်တန်မြို့တော် ထဲက အထင်ကရနေရာ တချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘယ်နေရာတွေသွားကြည့်တယ် ဆိုတာကိုတော့ သမ္မတရဲ့ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဦးရော်နီငြိမ်းကို မစုမြတ်မွန်က ဆက်သွယ်မေး ထားပါတယ်။

စနေနေ့မနက်ပိုင်းမှာ ရောက်လာတဲ့ သမ္မတရဲ့ ပထမနေ့ အစီအစဉ်ကို ဦးရော်နီငြိမ်းက ခုလို စပြောပါတယ်။

“သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက် စနေနေ့ နေ့လည် ၁၁ နာရီခွဲမှာ ၀ါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိလာပြီးတော့ သူတည်းခိုရာ Four Seasons ဟိုတယ်ကို တိုက်ရိုက်သွားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ Lincoln Memorial  လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့၊ ကျွန်စနစ်ကို တိုက်ဖျက်ပစ်ခဲ့တဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ရှိရာကို သွားပြီးတော့ လေ့လာပါတယ်။ ဒါ့အပြင် သမ္မတကြီးဟာ နိုင်ငံသားအခွင့်အရေး Civil Rights ကို ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဂျူနီယာ။ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ I have a dream ဆိုတဲ့ မိန့်ခွန်းပြောကြား ရာ ကျောက်ပြားပေါ့နော်။ ၁၉၆၃ ခုနှစ်မှာ ဒေါက်တာမာတင်လူသာကင်း ဟာ Lincoln Memorial လှေကားထစ်တွေပေါ်မှာ ရှိတဲ့ ကျောက်ပြားတစ်ပြားပေါ် ကနေပြီးတော့၊ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကျောက်ပြားလေးကို အထိမ်းအမှတ်အဖြစ်နဲ့ လုပ်ထားပါတယ်။ အဲဒီကျောက်ပြားလေးကိုလည်း သမ္မတ ဦးသိန်းစိန်က လေ့လာကြည့်ရှုခဲ့ပါတယ်။ ညနေ ၅ နာရီခွဲမှာတော့ မြန်မာသံရုံးမှာ မြန်မာမိသားစုအသိုင်းအ၀ိုင်းက ဧည့်ခံတည်ခင်းတဲ့ ညစာစားပွဲကို သွားရောက်ပါတယ်။”

“၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ရောက်ရှိခဲ့ပြီးတော့နောက်ပိုင်း မြန်မာ အစိုးရ ခေါင်းဆောင်အနေနဲ့ တရားဝင် အမေရိကန်အစိုးရက ဖိတ်ကြားလို့ ၄၇ နှစ်အကြာမှာ ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ မေးကြည့်ခဲ့ပါတယ်”
 
ဦးရဲထွဋ်။     ။ ကျနော်တို့ သမ္မတကြီးရဲ့ခရီးစဉ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ကျနော်တို့ မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုနားလည်ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားနိုင်ဖို့အတွက် ကျနော်တို့ရှင်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။ အဓိက ကတော့ အဲဒီနှစ်ချက်ကို မျှော်လင့်ပြီး လုပ်ပါတယ်။
 
“ဒါကတော့ မြန်မာအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောဆိုသွားတာဖြစ်ပါတယ်။”
 
ဟုတ်ပါပြီ ဦးရော်နီရေ။ သမ္မတဦးသိန်းစိန် ဒီတခေါက် ၀ါရှင်တန်ဒီစီကို လာတဲ့အကြောင်း က သမ္မတ ဘရက်အိုဘားမားနဲ့တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္လာနေ့ မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ တွေ့ကြဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ အမေရိကန်သမ္မတနဲ့ တွေ့တာအပြင်၊ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ တခြားရှိတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါရှင့်။
 
“မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က စီစဉ်တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်။ တနင်္လာနေ့ မေလ ၂၀ ရက်နေ့ကျရင်တော့ မနက်ပိုင်းမှာ သမ္မတ အိုဘားမား ရှိရာ အိမ်ဖြူတော်ကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်ပြီးရင်တော့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ John Hopkins တက္ကသိုလ်ရဲ့ SAIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လာရောက် မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ညဘက်မှာ US-ASEAN Business Council လို့ခေါ်တဲ့ အမေရိကန်နဲ့ အာဆီယံတို့ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရှိထားပါတယ်ခင်ဗျာ။”
 
သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို အနီးကပ် လိုက်ပါ စောင့်ကြည့်နေတဲ့
ဦးရော်နီငြိမ်း ဖြစ်ပါတယ်။

VOA
အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

Photo: လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

မေ ၁၉ ရက် ၂၀၁၃

ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။

အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။

ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။

ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။

လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။

ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။

၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။

ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။

မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။

ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။

BBC
ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့်ကို သမ္မတကလက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်

မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

Photo: မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI  သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ဒီလို အကူအညီတွေတိုးပေးမယ့် သမ္မတ အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စောသေးတယ်လို့ တချို့လွှတ်တော်အမတ်တွေက စောဒကတက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့မြင်ရတာ နှစ်နှစ်ပဲရှိသေးပြီး  တိုင်းရင်းသားဒေသတွေမှာ ပဋ္ဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ ကွန်ဂရက်ကြားနာပွဲတစ်ခုမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲ ဥက္ကဌ အောက်လွှတ်တော်အမတ်  Steve Chabot က ပြောကြားပါတယ်။ သူနဲ့တခြားအမတ်တွေက မြန်မာနိုင်ငံကို ဘယ်လိုစစ်ရေးအကူအညီမျိုးဖြစ်ဖြစ် ပေးတာကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိတာ အသိအမှတ်ပြုပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ကို လာရောက်တာဟာ စောနေသေးကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အရှေ့အာရှနဲ့ အာရှ-ပစိဖိတ်ရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဂျိုးဇက်ယွန်ကတော့ မြန်မာနိုင်ငံက သမိုင်းဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

Photo: ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"အခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်အပစ်အခတ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်၊ ကျနော်သိတာကတော့ နေရာနဲ့ နေ့ရက်ကို နှစ်ဖက်သဘောတူညီပြီးသားဖြစ် တယ်ပေါ့၊ ကျန်တဲ့အသေးစိတ်တို့ ကျနော်တို့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ ကျနော်တို့ညှိနှိုင်းတာတွေ အဆင်ပြေမယ်လို့ကျနော်တို့ရှင်းပြပါတယ်"

ဒီဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ သီးခြားနိုင်ငံတကာ လေ့လာသူတွေကို မဖိတ်ခဲ့ပါဘူး၊ ဒီပွဲမှာလည်း ဖိတ်ဖို့အနေအထားမရှိပါဘူး၊ ဒါပေမယ့် ကေအိုင်အို အဖွဲ့အစည်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဖိတ်ကြားမှုတွေရှိခဲ့ရင်လည်း ဝန်ကြီးဦးအောင်မင်းအနေနဲ့တော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဒီအပေါ်မှာ အမြဲတမ်းလိုက်လျောခဲ့တာရှိပါတယ်၊ အခုတစ်ခေါက်မှာလည်း ကေအိုင်အိုအဖွဲ့အစည်းဘက်က တခြားဖိတ်ကြားတဲ့လူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရဘက်ကတော့ ဖိတ်ကြားဖို့မရှိပါဘူး"

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကေအိုင်အိုတို့ဟာ ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ ကေအိုင်အို နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး  နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်

Photo: တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်
Saturday, May 18, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း
 ဒေသကြီးတို့သည် ဆဋ္ဌမမြောက်လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အဆိုပါစာရင်းများ အရ သိရသည်။

အဆိုပါလူသတ်မှုများတွင် ရခိုင်ပြည်နယ်တွင် ၁၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၇ ကြိမ် မန္တလေးမြို့နယ်တွင် ၁၆ ကြိမ် နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ကိုးကြိမ်စီဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

မတ်လအတွင်းက လူသတ်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း
 ဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ယင်းဌာနချုပ်၏ စာရင်းများအရ သိရသည်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်း၊ အရက်သေစာ သောက်စားထားသည့် အတွက် ဒေါသဖြစ်လွယ်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပွားပြီး ပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ရဲမှူးကြီး ဦးဝင်းစိန်က The Voice သို့
 ပြောကြားသည်။

လူသတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းသည် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကို မထိန်းသိမ်း နိုင်သောကြောင့် အများဆုံးဖြစ်ပွားပြီး အချို့မှာ ငွေကြေးအရှုပ်အရှင်းနှင့် နာကြည်းမှု များကြောင့် လူသတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးအောင်နိုင်(လက်ပံတန်း) က သုံးသပ်ပြောကြားသည်။

လူသတ်မှု အပါအဝင် အမှုကြီး ၁၀မှု လျော့ကျစေရန် မြနမာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် မူဝါဒများချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး လူသတ်မှု လျော့ကျစေရန် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အရက်သေစာကြောင့် ဆက်စပ်ဖြစ်ပွားသည့် မှုခင်းများ လျော့ကျစေရန် လိုင်စင်မဲ့ အရက်ဆိုင်များကို ဖမ်းဆီးခြင်း၊ ပွဲလမ်းသဘင်များတွင် ရန်ဖြစ်ရာမှ ယူဆောင်လာသည့် တုတ်၊ ဓား၊ လက်နက်များဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုများ ရှိသောကြောင့် လက်နက်ပုန်း ဖမ်းဆီးခြင်း တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက် ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly
မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။