Thursday, April 24, 2014

တောင်ကြီး- ဟိုပုံးလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃၀ ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ မှ ဟိုပုံးမြို့သို့ သွားသည့် ကားလမ်းပေါ် တွင် ဧပြီလ ၂၃ရက် ညနေ ၄နာရီခွဲခန့်က  ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ၃၀ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်လိုက် သည်။

ဟံသာဝတီဦးဝင်းတင်နှင့် ထောင်ထဲတွင်အတူနေခဲ့သည့် အေးနေ၀င်း၏အမှတ်တရစကား

ချစ်စရာကောင်းသော အဘိုးကြီးတစ်ယောက်  ထောင်ထဲတွင် ကျွန်တော်နှင့် ညီအလတ် ကိုကျော်တို့ တည်းခိုခဲ့စဉ် ညီအငယ်ဆုံး ကိုဇွဲထံ သို့ စာအုပ်တစ်အုပ် လက်ဆောင် ရောက်လာသည်။


မြန်မာပြည်ကိုလာမည် ဆီတင်ယာဉ် လုယက်သူများ သည် အင်ဒိုဓါးပြများ ဖြစ်

အင်္ဂါနေ့ နံနက် ၁နာရီ အချိန်တွင် စင်ကာပူ နိုင်ငံ Pulau Ketam မှ ဆီတင်သင်္ဘော အား ပစ်စတို သေနတ် နှင့် မိးခြစ် များ ဖြင့် လုယက်
သူ ပင်လယ် ဓါးပြ ၁၀ဥိးခန့်တို့သည် အဆိုပါသင်္ဘော သားများ ပင်ဖြစ်နိုင်ကြောင်းရဲတပ်ဖွဲ့မှ ပြောကြားပါသည်။

တောင်ကိုးရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ နိုင်ငံခြားသားတွေ ပတ်စ်ပို့ စစ်ဆေးရာမှာ ရုပ်မတူတဲ့အတွက် ဒုက္ခရောက်နေ

တောင်ကိုရီးယားနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့ ပလတ်စတစ် ဆာဂျရီ မြို့ တော်လို့  တာင်သတ်မှတ်ခံ ထားရ ပါတယ်။ တောင် ကိုရီးယားရဲ့ ပလတ်စတစ်ဆာဂျရီ အရည်အသွေးဟာ
မြင့်မားလွန်းတဲ့အတွက် တခြားနိုင်ငံက လာရောက်ခွဲစိတ်ပြုပြင်တဲ့ ဧည့်သည်တွေ ဒုက္ခတွေ့ နေရ တယ်လို့  ဆိုပါတယ်။

အရွယ် မရောက် သေးသော သမီးဖြစ်သူ ကိုမုဒိမ်းမှု ကျုးလွန် သဖြင့် ဖခင် ဖြစ်သူ ထောင်၁၀နှစ် ကျ

အခင်းကို အမေရိကန်နိုင်ငံ၊ ဖို့ဝန်းမြို့၊ အင်ဒီယားနားပြည်နယ် စက်တင်ဘာလ ၂၀၁၃ ခုနှစ် တွင် မြန်မာမိသားစုတစ်ခုမှဖြစ်ပွားခဲ့သည်။ အသက် ၅၅နှစ် အရွယ် ရှိ ဖခင်ဖြစ်သူ ထားကြူ ဆိုသူမှာ သမီးဖြစ်သူကို

ဘင်္ဂါလီ အမည်ခံမည်ဆိုကာ ဆက်သွယ် သန်းခေါင်စာရင်းကောက်ခံသည့် အိမ်ထောင်စု ခြောက်ထောင်ကျော်ရှိပြီဖြစ်


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဟု အမည်ခံကာ သန်းခေါင်စာရင်း အကောက်ခံသည့် အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနညွှန်ချုပ် ဦးမြင့်ကြိုင်က ပြောသည်။ အကောက်ခံသူများတွင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့မှ အိမ်ထောင်စုများ ပါဝင်ပြီးသက်ဆိုင်ရာ နယ်မြေသန်းခေါင်စာရင်းရုံးသို့ ဆက်သွယ်ကာ အကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဖာချယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို RCSS/SSA က ဖမ်းဆီးခြင်း မဟုတ်ကြောင်း တရားဝင်ငြင်း



ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကို ဧပြီလ ၁၉ ရက် ည ၈ နာရီခွဲခန့်က အမည်မသိ လက်နက်ကိုင် လူအင်အား ငါးယောက်က နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားမှုတွင် RCSS/SSA အနေနှင့် လုံးဝပတ်သက်ခြင်း မရှိသည်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဗိုလ်မှူးချုပ်စိုင်းလူးက ရှမ်းပြည်နယ်အစိုးရထံ တရားဝင် စာပို့ ငြင်းဆိုလိုက်ကြောင်း RCSS/SSA မိုင်းတုံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစိုင်းလွန့်ဆန် က ပြောကြားသည်။

မြန်မာသင်္ဘောသားများပါဝင်သောဆီတင်သင်္ဘော မာလက္ကာရေလက်ကြားတွင်ဓားပြတိုက်ခံရ

မြန်မာသင်္ဘောသားများပါဝင်သောဆီတင်သင်္ဘော မာလက္ကာရေလက်ကြားတွင်ဓားပြတိုက်ခံရ
=============================
ပြည့်ဖြိုးနိုင်
ရန်ကုန် ဧပြီ ၂၃
=============================

စင်ကာပူနိုင်ငံမှ ပိုင်ဆိုင်ပြီး မြန်မာသင်္ဘောသားများ ပါဝင် သော ဆီတင်သင်္ဘောတစ်စင်းကို  ယနေ့နံနက်ပိုင်းက မာလက္ကာရေ လက်ကြားတွင် လက်နက်ကိုင် ပင်လယ်ဓားပြများက ဓားပြတိုက် ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ပင်လယ်ဓားပြခြောက်ဦးသည်   မလေးရှားနိုင်ငံအနောက်ဘက်ပိုင်း ရှိ ကမ်းခြေတစ်ခုဖြစ်သော နာနင် ဝါမာယူကမ်းခြေအနီး၌  ယနေ့ နံနက်ပိုင်းက စက်တပ်လှေငယ်များ ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည်ထွက်ခွာလာသည့် ဆီတင်သင်္ဘောကို ချဉ်းကပ်ကာ  ဓားပြတိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘာ့ရေကြောင်းသွားလာရေး ဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ  အက်ဘ်ဒယ်အဇစ်
ယူဆွတ်ဖ်က  ပြောသည်။ 

မလေးရှားရေကြောင်း သွားလာရေးဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ ရာဟင်အဗ္ဗဒူလာက ''ကျွန်တော်တို့စုံစမ်းမှုတွေအလျင် အမြန်ပြုလုပ်နေပါတယ်။ ပြန်ပေး ဆွဲတယ်လို့ ယူဆထားပေမယ့် ဘယ်လိုတောင်းဆိုမှုမျိုးမှ ပေါ် ထွက်မလာသေးပါဘူး''ဟု ပြော သည်။ 

ထို့အပြင် ¤င်းကသင်္ဘော ပေါ်ရှိ  အင်ဒိုနီးရှားလူမျိုးများ ဖြစ်သောကပ္ပတိန်၊  အင်ဂျင်နီယာ ချုပ်နှင့် သင်္ဘောသားတစ်ဦးတို့ သည် နိုင်ငံကူးလက်မှတ်များနှင့် အတူ  ပျောက်ဆုံးနေသည်ဟု အတည်ပြုခဲ့သည်။ ပင်လယ်ဓားပြ များသည် အသင့်စောင့်ဆိုင်းနေ သော ဆီတင်သင်္ဘောငယ်များ ပေါ်သို့ဓားပြတိုက်ခံရသည့်သင်္ဘော ပေါ်၌
တင်ဆောင်လာသော ဒီဇယ် ဆီလီတာငါးသန်းကို ရွှေ့ပြောင်း သယ်ဆောင်သွားခဲ့သည်ဟုမလေး ရှားရေကြောင်းသွားလာရေးဆိုင်ရာ  ရဲတပ်ဖွဲ့မှ အတည်ပြုခဲ့သည်။

သင်္ဘောပေါ်တွင် ထိုင်း၊မြန်မာ နှင့်အိန္ဒိယနိုင်ငံမှသင်္ဘောသားများ  ပါဝင်နေပြီးအဆိုပါသင်္ဘောသားများ နှင့်ပတ်သက်သောသတင်းအချက် အလက်အတိအကျကို သက်ဆိုင် ရာအဖွဲ့အစည်းများက ထုတ်ပြန် ခြင်းမရှိသေးပေ။ မာလက္ကာရေ လက်ကြားနှင့်ဆက်စပ်နေသည့် နိုင်ငံများမှ ရေကြောင်းသွားလာ
 ရေးဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့မှထုတ်ပြန် သောသတင်းထုတ်ပြန်ချက်တွင်  မာလက္ကာရေလက်ကြား၌ဖြစ်ပွား သော ဓားပြတိုက်မှုများနှင့်လုယက် မှုများမှာ သင်္ဘောပေါ်တွင်ပါဝင် သောဝန်ထမ်းများနှင့်ဆက်စပ်နေ လေ့ရှိပြီး ယခုဖြစ်စဉ်သည်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ဖွယ်ရှိ သည်ဟုဖော်ပြထားသည်။ အင်ဒိုနီး ရှား၊ မလေးရှားနှင့်စင်ကာပူရေ
 ကြောင်းသွားလာရေးဆိုင်ရာ ရဲ တပ်ဖွဲ့ဝင်များသည် ဓားပြတိုက်ခံ ရမှုအတွက် တိကျသောသတင်း အချက်အလက်များရရှိ
ရန်ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဘီဘီစီက ဖော်ပြသည်။
စင်ကာပူနိုင်ငံမှ ပိုင်ဆိုင်ပြီး မြန်မာသင်္ဘောသားများ ပါဝင် သော ဆီတင်သင်္ဘောတစ်စင်းကို ယနေ့ နံနက် ပိုင်းက မာလက္ကာရေ လက်ကြားတွင် လက်နက်ကိုင် ပင်လယ်ဓားပြများက ဓားပြတိုက် ခဲ့ကြောင်း ဘီဘီစီ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။
ပင်လယ်ဓားပြခြောက်ဦးသည် မလေးရှားနိုင်ငံအနောက်ဘက်ပိုင်း ရှိ ကမ်းခြေတစ်ခုဖြစ်သော နာနင် ဝါမာယူကမ်းခြေအနီး၌ ယနေ့ နံနက်ပိုင်းက စက်တပ်လှေငယ်များ ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ သို့ ဦးတည်ထွက်ခွာလာသည့် ဆီတင်သင်္ဘောကို ချဉ်းကပ်ကာ ဓားပြတိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘာ့ရေကြောင်းသွားလာရေး ဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ အက်ဘ်ဒယ်အဇစ် ယူဆွတ်ဖ်က ပြော

ဦးဝင်းတင်ဟာ နိုင်ငံရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ကြာင်း ဦးလှဆွေ ပြော

Photo: ဦးဝင်းတင်ဟာ နိုင်ငံရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ကြာင်း ဦးလှဆွေ ပြော

Thursday, April 24, 2014

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ (NLD ) နာယက လည်း ဖြစ်သူ၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် တို့အကြား ပြီးခဲ့တဲ့လ အနည်းငယ်က အပြန် အလှန် ဝေဖန်မှု စွပ်စွဲ ပြောဆိုမှုတွေကြောင့် တရားစွဲမယ် ဆိုတဲ့ အခြေအနေ အထိ ဖြစ်ခဲ့ကြပါတယ်။

NLD မှာ ဒေါ်အောင်ဆန်းစုကြည် က လွဲရင် တယောက်မှ သုံးစားလို့ မရဘူးလို့ ပြောတာရယ်၊ ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တရားစခန်းပဲ သွားနေသင့်တယ် ဆိုတာမျိုးတွေကို မီဒီယာတွေ က တဆင့် ပြောဆိုတာတွေကို ဦးလှ ဆွေ က လုပ်ခဲ့ပါတယ်။

ဦးလှဆွေကို တရားစွဲမယ် ဆိုတဲ့အချက်တွေထဲမှာ ဒီချုပ် ကို ဒီရှုပ်လို့ ပြောတာလည်း ပါ ပါတယ်။ အဲဒီ အပေါ်မှာ NLD ပါတီ ကိုယ်စား သတင်းစာ ဆရာကြီး ဦးဝင်းတင် ကို မီဒီယာတွေ က လည်း မေးမြန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

ဦးလှဆွေရဲ့ ပြောဆိုမှုဟာ ပါတီကို ထိခိုက်စေတဲ့ အတွက် တရားစွဲမယ်လို့ NLD က ပြောတဲ့ အခါ ဦးလှဆွေကလည်း တရား ပြန်စွဲမယ်လို့ ပြောပါတယ်။ ဦးဝင်းတင် ဟာ ဒီလှိုင်း စာစောင်ကနေ ကြံ့ဖွံ့ပါတီ ကို ကြံ့ဖွတ် ဆိုတဲ့အထိ ရေးတယ်လို့ ဦးလှဆွေ က တုံ့ပြန်တာမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီလို တင်းမာမှုတွေ ရှိခဲ့ပေမယ့် ဦးဝင်းတင် ဆုံးသွားတဲ့အပေါ်မှာတော့ နှမျောတသ ဖြစ်မိတယ်လို့ ဦးလှဆွေ က ဧရာဝတီ ကို ပြောပါတယ်။

“သူက ဒီမိုကရေစီ သူရဲကောင်းပဲဗျ၊ လူ့အခွင့်အရေး၊ သတင်းစာ လွတ်လပ်ခွင့်တွေ လုပ်ခဲ့တယ်၊ ဒီမိုကရေစီ အတွက် နိုင်ငံရဲ့ စံပြ ပုဂ္ဂိုလ်ပါ၊ ဦးဝင်းတင် မဆုံးခင်က ဆေးရုံကို သွားပြီး သ တင်းမေးခဲ့သေးတယ်ဗျ၊ စကားမပြောနိုင်တော့ စကား မပြော ခဲ့ ရဘူး၊ လက်ဆောင်တော့ သူ့ကို စောင့်နေသူကို ပေးခဲ့တယ်” လို့ ဆိုပါတယ်။

ဦးဝင်းတင် အနေနဲ့ စစ်အာဏာရှင်တွေကို ဝေဖန် တာဟာလည်း သူ့ရဲ့ လွတ်လပ်ခွင့် ဖြစ်တယ်၊ သူဟာ သေတဲ့ အထိလည်း စိတ်ဓာတ် မယိုင်းမယိုင်ဘဲ သူ့ယုံကြည်ချက်အတိုင်း ရပ်တည်သွားတယ်၊ ဒေါ်အောင်ဆန်းစု ကို တောင် အလွတ်မပေးဘဲ ဝေ ဖန် စရာရှိရင် ဝေဖန် တတ်တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဒီမိုကရေစီ သူရဲ့ကောင်း အဖြစ် သတ်မှတ် တယ်လို့ ဦးလှဆွေ က ပြောပါတယ်။
The Irrawaddy (Burmese Version)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ (NLD ) နာယက လည်း ဖြစ်သူ၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် တို့အကြား ပြီးခဲ့တဲ့လ အနည်းငယ်က အပြန် အလှန် ဝေဖန်မှု စွပ်စွဲ ပြောဆိုမှုတွေကြောင့် တရားစွဲမယ် ဆိုတဲ့ အခြေအနေ အထိ ဖြစ်ခဲ့ကြပါတယ်။

NLD မှာ ဒေါ်အောင်ဆန်းစုကြည် က လွဲရင် တယောက်မှ သုံးစားလို့ မရဘူးလို့ ပြောတာရယ်၊ ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တရားစခန်းပဲ သွားနေသင့်တယ် ဆိုတာမျိုးတွေကို မီဒီယာတွေ က

စတုတ္ထမြောက် နျူစမ်းသပ်ဖောက်ခွဲမှု မြောက်ကိုရီးယား ပြုလုပ်နိုင်ဖွယ်ရှိ

အမေရိကန်သမ္မတ အိုဘားမား၏ တောင်ကိုရီးယားခရီးစဉ်မတိုင်မီ မြောက်ကိုရီးယား နျူ စမ်းသပ် နယ်မြေအတွင်းလှုပ်ရှားမှုများ ထောက်လှမ်းတွေ့ရှိထားရာ စတုတ္ထအကြိမ် နျူ ကလီးယားဖောက်
ခွဲစမ်းသပ်မှုပြုလုပ်ရန်အတွက် မြောက်ကိုရီးယားအစိုးရက ပြင်ဆင်နေ ခြင်းဖြစ်နိုင်ကြောင်း ဧပြီ ၂၂ ရက် သတင်းများ၌ ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပန်ကျေးရီ နျူ ကလီးယား စမ်းသပ်ဇုန်အတွင်းနှင့် ဇုန်ပြင်ပလုပ်ရှားမှု များကို ထောက် လှမ်းတွေ့ရှိထားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့သော်လည်း မည်သည့်လှုပ်ရှား မှုမျိုးဖြစ်ကြောင်းအသေးစိတ် သတင်းထုတ်ပြန်မှုမရှိခဲ့ပေ။

တည်ဆဲဥပဒေ ၂၀၀ ခန့်ကို လွှတ်တော်သက်တမ်းမကုန်မီ ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုမည်ဟု သူရဦးရွှေမန်းပြော

Photo: တည်ဆဲဥပဒေ ၂၀၀ ခန့်ကို လွှတ်တော်သက်တမ်းမကုန်မီ ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုမည်ဟု သူရဦးရွှေမန်းပြော
Thursday, April 24, 2014

ဆက်လက်ကျင့်သုံးရန် မသင့်တော့သည့် တည်ဆဲဥပဒေ ၂၀၀ ခန့်ကို ၎င်း၏လွှတ်တော် သက်တမ်းမကုန်မီ ၂၀၁၅ အောက်တိုဘာနောက်ဆုံးထား၍ အပြီးသတ် ပြင်ဆင်၊ ပယ်ဖျက်၊ အ တည်ပြုမှုများ ဆောင်ရွက်သွား မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော သည်။

ပြည်ထောင်စုလွှတ်တော် တွင် ဆောင်ရွက်ဆဲဥပဒေများ နှင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ အစည်းအဝေးကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ကျင်းပစဉ်သူရဦးရွှေမန်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

တည်ဆဲဥပဒေများ ပြင်ဆင် ရေးအတွက် လွှတ်တော်ကော်မ တီကော်မရှင်များနှင့် ညှိနှိုင်းပြီး တည်ဆဲဥပဒေ ၁၃၄ ခုကို အစိုးရ အဖွဲ့သို့ ပေးပို့ထားကာ ပြည် ထောင်စုတရားလွှတ်တော်ချုပ် သို့ ဥပဒေနှစ်ခု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ဥပဒေ တစ်ခုစသဖြင့် ဥပဒေပေါင်း ၂၀၀ ခန့်ရှိ နေကြောင်း သူရဦးရွှေမန်းက ပြောသည်။

ယင်းဥပဒေ ၂၀၀ ခန့်ကို ကျန်ရှိနေသည့် လွှတ်တော်သက် တမ်းတစ်နှစ်နှင့် ခြောက်လအ တွင်း အတည်ပြုပြင်ဆင်ရန်မှာ များပြားသည့်ကိစ္စဖြစ်သော်လည်း မိမိ၏လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း မလုပ်နိုင်ခဲ့ပါက တာဝန်ကျေမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဥပဒေတစ် ခု ပြင်ဆင်ပယ်ဖျက်ရန်နှင့် အ တည်ပြုပြဋ္ဌာန်းရန်မှာ အချိန်အား ဖြင့် အနည်းဆုံး သုံးလမှခြောက် လအထိ ကြာမြင့်တတ်ပြီး ဥပဒေ ပြုပြီး သုံးလအတွင်း နည်းဥပဒေ ကို ရေးဆွဲရမည်ဆိုသော်လည်း အချို့နည်းဥပဒေများမှာမူ သုံးလ ကျော်သည်အထိ ထွက်ပေါ်လာ ခြင်း မရှိပေ။

ဆက်သွယ်ရေး ဥပဒေကို အောက်ဆိုဘာ ၈ ရက်က အတည်ပြုလိုက်သော်လည်း နည်းဥပဒေမှာ ယခုငါးလကျော်သည်အထိ ထွက်ပေါ်ခြင်းမရှိသေးဘဲ ရှေ့နေချုပ်ရုံးတွင်သာရောက်ရှိနေသည်။

‘‘သူပြောတာ လုံးဝမဖြစ်နိုင် ဘူး။ ဥပဒေဆိုတာ မြန်ဖို့မလိုဘူး။ တိကျဖို့၊ ပြည့်စုံဖို့ပဲလိုတာ။ အခု တောင် ရှေ့နေချုပ်ရုံးမှာ ဥပဒေ တွေ အရမ်းထပ်နေပြီ’’ ဟု ဥပဒေ ပညာရှင်ဦးမင်းတေဇညွန့်တင်က ပြောသည်။

ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ စီမံခန့်ခွဲမှုကလည်း အဓိကကျပြီး ၀န်ကြီးဌာနများက လုပ်နိုင်ခြေရှိ ဖို့သာလိုကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဆန်းက ပြောသည်။

‘‘လွှတ်တော်က ဒီလိုလျာ ထားတယ်ဆိုရင်တော့ ရည်မှန်းချက်ထားပြီးလုပ်ပေါ့။ ၀န်ကြီးဌာနတွေ လုပ်နိုင်၊ မလုပ်နိုင်ပေါ် ပဲ မူတည်တယ်။ အခုတစ်လကို ဥပဒေ ၃၀ လောက် ရှေ့နေချုပ် ရုံးက စိစစ်ပေးနေတယ်။ ဒါ တခြား ဘာသာပြန်တာတို့၊ အမိန့် ကြော်ငြာစာတို့၊ နည်းဥပဒေတို့ မပါသေးဘူး။ ရှေ့နေချုပ်ရုံးမှာ ဥပဒေတွေ ပုံနေတာတော့ အမှန် ပဲ’’ ဟု ၎င်းက ပြောသည်။

လက်ရှိလွှတ်တော်သက် တမ်း သုံးနှစ် နှစ်လကျော်အတွင်း ဥပဒေပေါင်း ၉၈ ခုကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော်နှစ်ရပ် တွင် ဆက်လက်ဆွေးနွေးဆဲ ဥပဒေ ၅၄ ခု ကျန်ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ))
7Day Daily
ဆက်လက်ကျင့်သုံးရန် မသင့်တော့သည့် တည်ဆဲဥပဒေ ၂၀၀ ခန့်ကို ၎င်း၏လွှတ်တော် သက်တမ်းမကုန်မီ ၂၀၁၅ အောက်တိုဘာနောက်ဆုံးထား၍ အပြီးသတ် ပြင်ဆင်၊ ပယ်ဖျက်၊ အ တည်ပြုမှုများ ဆောင်ရွက်သွား မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော သည်။

ပြည်ထောင်စုလွှတ်တော် တွင် ဆောင်ရွက်ဆဲဥပဒေများ နှင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ အစည်းအဝေးကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ကျင်းပစဉ် သူရဦးရွှေမန်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း ပါဝင်နေသည့်လယ်ယာမြေများ တစ်ဧကလျှင် သိန်း ၇ဝနှုန်း လျော်ကြေးပေးမည်

သီလဝါရေနက် ဆိပ်ကမ်းစီမံ ကိန်းအတွင်းပါဝင်နေသည့် လယ်ယာ မြေများအတွက် တစ်ဧကလျှင် သိန်း၇ဝ နှုန်းဖြင့်လျော်ကြေးပေးချေရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဘက်မှ သဘော တူ လိုက်ပြီဖြစ်ကြောင်း ဒေသခံများစုဖွဲ့ ထားသည့် သီလဝါလူမှုဘဝဖွံ့ဖြိုးရေး အဖွဲ့မှအဖွဲ့ဝင်တစ်ဦးထံမှ သိရ သည်။
သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် ဖယ်ရှားခံရမည့်ဒေသခံများကို နစ်နာလျော်ကြေးပေး ရာတွင် ဒေသခံ များတောင်းသည့်နှုန်းထားနှင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဘက်မှကမ်းလှမ်း သည့် နှုန်း ထားများကွာဟမှုကြောင့် ကာလ ရှည်ကြာ မြေယာအငြင်း ပွားမှုဖြစ်ပေါ် နေရာမှ မြန်မာ့ ဆိပ်ကမ်း

လာမည့်ပညာသင်နှစ် ရှစ်တန်းနှင့်ကိုးတန်း စာမေးပွဲကျဆုံးမှု ယခုနှစ်ထက်ပိုများနိုင်

အရည်အသွေးရှိကျောင်းသား၊ ကျောင်းသူများမွေးထုတ်ရန် ရည်ရွယ် ပြုလုပ်နေခြင်းကြောင့် လာမည့်ပညာ သင်နှစ်တွင် ရှစ်တန်းနှင့် ကိုးတန်း ကျောင်းသား၊ ကျောင်းသူများ ကျရှုံး မှုသည် ယခုနှစ်ထက်ပို ဆိုးလာမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဆို သည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် အတွင်း ရှစ်တန်း၊ ကိုးတန်းအောင် ချက်ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးအ တိုင်းအတာအရ ရာခိုင်နှုန်း ၉ဝ ကျော် ရှိခဲ့ပြီး ကျောင်းတစ်ကျောင်းချင်းအ လိုက်တွက်ချက်ကြည့် ပါက အောင် ချက်ရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၉ဝပင် ပြည့်မီခြင်း မရှိ ကြောင်း အမှတ်(၃)

ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု တစ်နှစ်ပြည့်သည့်တိုင် ဖော်ထုတ်ပေးနိုင်ခြင်း မရှိ၍ မိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ချစ်သူစုံတွဲကို လုယက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့်သည့်တိုင်အောင် အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့် အတွက် သေ ဆုံးသူ ကိုဇော်မင်းဦး၏ မိသားစုများက သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည်ဖြစ်ကြောင်း မိသားစုထံက သိရသည်။

“အခုချိန်ထိ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပေးတာ မရှိသေးဘူး။ ကိုဇော်မင်းဦးရဲ့ ဈာပနတုန်းက တပ်မတော်အရာရှိတွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာမှစိတ်မပူဖို့၊ သူတို့တပ်သားတွေ မဟုတ်ဘူး ဆိုရင်လည်း အမြန်ဆုံးတရားခံကို ဖော်ထုတ်ပေးမှာပါလို့ ကတိခံသွားကြတယ်။ CID ကလည်း လာစစ်သွားပြီး သုံးလေးလကြာတော့ ရဲမှူးမိုးအောင်က ဖုန်းတောင်မကိုင်တော့ဘူး သတင်းစာ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ရန်ကုန်ရွှေ့မည်



ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် အဓိက တာဝန်ယူ လုပ်ဆောင်နေ သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးကို နေပြည်တော်မှ ရန်ကုန်သို့ ပြောင်းရွှေ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြော ကြားသည်။
“ရန်ကုန်ကို ပြောင်းဖို့က လက်ရှိမှာတော့ ဆောင်ရွက်နေဆဲပါ။ လာမယ့် မေလ လယ်လောက်မှာ ရွှေ့ဖြစ် မယ်။ အရင်ကတည်းက MIC အစည်းအဝေးတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ တစ်လှည့်စီ လုပ်ပေးနေတာပါ” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ရုံးရွှေ့ပြောင်းရန် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေ

ရေကန်အတွင်းသို့မြေစာပုံပြိုကျကာ ရေလျှံတက်၍ ရေချိုးနေသူ(၃)ဦး မျောပါပျောက်ဆုံး

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ “ကံပွင့်ဦး”ကုမ္ပဏီလုပ်ကွက်တွင် အမြင့်ပေ(၃၀၀)ခန့်ရှိမြေစာပုံဟောင်း ရုတ်တရက် ပြိုကျကာ မြေစာ ပုံအောက်ခြေမှ အလျား ပေ(၅၀၀)၊ အနံ ပေ(၁၀၀)၊ အနက်(၂၀)ပေရှိ ရေကန် အတွင်းသို့ မြေစာများရောက်ရှိသွားခဲ့ပြီး ရေလျှံတက်မှုကြောင့် ရေကန်အနီးတစ်ဝိုက်တွင် ရေချိုးနေသည့် ဖားကန့်မြို့၊ မြို့မရပ်ကွက်နေ မောင်အောင်တူး(၄)နှစ်ပါ ကျား ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့မှာ လျှံတက်လာသော ရေများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့သည်။ အဆိုပါ ပျောက်ဆုံးနေသူများအား

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ရှင်း



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရာတွင် အစိုးရက ဖက်ဒရယ်ကို လက်မခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှားယွင်းကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို VOA သတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် အစိုးရက ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံ လိုသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အချို့ ကြန့်ကြာနေကြောင်း ပြောဆို မှုကို နိုင်ငံတော်

ရှင်ပြု အလှူပွဲ ပြုလုပ်နေစဉ် မီးစက်မှ တစ်ဆင့် ကူးစက် လောင်ကျွမ်း၍ နေအိမ် ၂၂လုံး မီးလောင်ဆုံးရှုံး

Photo: ရှင်ပြု အလှူပွဲ ပြုလုပ်နေစဉ် မီးစက်မှ တစ်ဆင့် ကူးစက် လောင်ကျွမ်း၍ နေအိမ် ၂၂လုံး မီးလောင်ဆုံးရှုံး

ဧပြီ ၂၂ရက် ည ၁ဝနာရီ ၁၅မိနစ်က မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် တောပု ကျေးရွာနေ ဦးဟန်ညွန့်၏ နေအိမ်တွင် ရှင်ပြုအလှူပွဲ ပြုလုပ်နေစဉ် အလှူမဏ္ဍပ်တွင် အသုံးပြုနေသော ဓာတ်ဆီသုံး မီးစက်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အလှူမဏ္ဍပ်မှ တစ်ဆင့် အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက် လောင်ကျွမ်းခဲ့မှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်မှုအား မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ည ၁၁နာရီခွဲတွင် မီးညွန့်ကျိုးပြီး ဧပြီ ၂၃ရက် နံနက် ၄နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ၎င်းရွာနေ မောင်ဖိုးသား ၆နှစ်တွင်   ခန္ဓာကိုယ် တစ်ခုလုံး မီးဟပ် ခံရသည့် ဒဏ်ရာ ရရှိခဲ့သဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် ၁၉လုံး၊ မြေစိုက်၊ ထရံကာ၊ သွပ်မိုး နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၂၂လုံး တန်ဖိုးငွေကျပ်သိန်း ၁၁ဝခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၂၃စုမှ လူဦးရေ ကျား ၅၂ဦး၊ မ ၄၇ဦး စုစုပေါင်း ၉၉ဦးအား ကျေးရွာ ဘုန်းကြီးကျောင်း များနှင့် အခြေခံပညာ မူလတန်း ကျောင်းတို့တွင် ယာယီနေရာချ ထားပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဦးဟန်ညွန့်အား ဆီမီးခုံ နယ်မြေ ရဲစခန်း(ပ)၆၇/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။                   

(ရဲပြန်ကြား)
ဧပြီ ၂၂ရက် ည ၁ဝနာရီ ၁၅မိနစ်က မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် တောပု ကျေးရွာနေ ဦးဟန်ညွန့်၏ နေအိမ်တွင် ရှင်ပြုအလှူပွဲ ပြုလုပ်နေစဉ် အလှူမဏ္ဍပ်တွင် အသုံးပြုနေသော ဓာတ်ဆီသုံး မီးစက်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အလှူမဏ္ဍပ်မှ တစ်ဆင့် အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက် လောင် ကျွမ်းခဲ့မှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်မှုအား မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များ နှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ည ၁၁နာရီခွဲတွင် မီးညွန့်ကျိုးပြီး ဧပြီ ၂၃ရက် နံနက် ၄နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ၎င်းရွာနေ မောင်ဖိုးသား ၆နှစ်တွင် ခန္ဓာကိုယ် တစ်ခုလုံး မီးဟပ် ခံရသည့် ဒဏ်ရာ ရရှိခဲ့သဖြင့်

ယာဉ်စီးခ ပိုမိုတောင်းခံသော ခရီးသည်တင် ယာဉ်များကို ကွင်းဆင်းစစ်ဆေး အရေးယူမည်

ခရီးသွား ပြည်သူများထံမှ ယာဉ်စီးခ ပိုမိုတောင်းခံသည့် ခရီးသည်တင် ယာဉ်များကို ကွင်းဆင်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ သိရသည်။

ယာဉ်လုပ်သားများ၏ လုပ်ရပ်များအပေါ် မကျေနပ်၍ ခရီးသွား ပြည်သူများက မ-ထ-သ (ဗဟို) သို့ တိုင်ကြားသော ပြစ်မှုများတွင် ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်မှာ ၅ဝ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း မ-ထ-သ (ဗဟို) စာရင်းဇယားများ အရ သိရသည်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်


Thit Htoo Lwin blog's photo.
ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက် မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိ လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂ ရိတ်သို့ ရောက်ခဲ့သည်။ အပူချိန် မှာ ယခုနှစ် နှစ်စမှ လက်ရှိအချိန် အထိ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မှာမူ စံချိန်တင်

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည်

အလုပ်သမားများအ တွက် အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေး အတွက် တိုင်းနှင့်ပြည် နယ်အား လုံးတွင် အခြေခံလူနေ မှု ကုန်ကျ စရိတ်များကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘စစ်တမ်း ကောက်ယူနိုင်ဖို့ အတွက် ဆာဗေးဖောင်တွေပြင် ဆင်ထားပြီးပြီ။ မိသားစုတစ်စုရဲ့

မြန်မာနိုင်ငံ အလယ်ပိုင်း အပူချိန် မြင့်

နေပူထဲ ထွက်တာ သတိထားဖို့လို

အခုရက်ပိုင်း မြန်မာနိုင်ငံ အလယ် ပိုင်း ဒေသ တွေ မှာ အပူဒဏ်ကြောင့် ဆေး ရုံ ရောက်သူတွေ များလာ သလို သက်ကြီး ရွယ်အို တွေ သေဆုံးမှု တိုးလာ နေ ပါတယ် ။

အပူချိန်က ၄၃ ဒီဂရီ စင်တီဂရိတ် အထက် မြင့် တက်ပြီး မိုးကလည်း မရွာတာ ကြောင့် ဆေးရုံ တက်ရောက် ကုသရတဲ့ လူနာတွေ တိုးလာပြီး သက်ကြီးရွယ်အို သေဆုံးမှု များလာတယ်လို့ နာရေးကူညီမှု

ပေ ၄၀ ရှည်ကမ္ဘာ့အလေးဆုံး မြွေ - Anaconda










အနာကွန်ဒါမြွေလို့ လူသိများတဲ့ စပါးကြီးမြွေတစ်မျိုးဟာ တောင်အမေရိကမှာပဲ ရှိပါတယ်။ သူ့ကို စပါးကြီးမြွေ အမျိုးအစားထဲတောင် မထည့်ပါဘူး။ Anaconda (အနာကွန်ဒါ)မြွေ ဆိုပြီးတောင် သီးသန့် အမျိုးအစား မျိုးဆိပ်တစ်ခု ခွဲထားပါတယ်။ သူ့ထဲမှာမှ အနည်းဆုံး ၇ မျိုးအထိ ထပ်ကွဲသွားပြီး အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး ကတော့ အစိမ်းရောင် အနာကွန်ဒါ ဖြစ်ပါတယ်။

စားသုံးမှု

တပ်မတော်နှင့် TNLA တအာင်း (ပလောင်) တပ်တို့ လေးရက်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွား



တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့ လေးရက် အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးကြိမ်စလုံးသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ အနီးဝန်းကျင်များ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တအာင်း (ပလောင်) တပ်များက မူးယစ်ဆေးဝါး ရှင်းလင်းရေးများ ပြုလုပ်စဉ် အစိုးရတပ်များနှင့် ထိပ်တိုက်တွေ့ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းTNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ဧပြီ ၂၃ ရက် မွန်းလွဲ ပိုင်းက ပြောကြားသည်။
ပထမအကြိမ်အဖြစ် ဧပြီ ၂၀ ရက် ညနေပိုင်းက နမ့်ခမ်းမြို့နှင့် ကိုးမိုင်ခန့်အကွာ မန်အောင်ရွာနှင့် ဆာလူရွာကြားတွင် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။